← Chapters

တာအိုအာဏာစက်ကောင်းကင်မိစ္ဆာအတတ်… ဝိညာဉ်နတ်သူငယ်ဆယ့်သုံးကောင်(ဂ)

Vol. 53 Ch. 818

တာအိုအာဏာစက်ကောင်းကင်မိစ္ဆာအတတ်… ဝိညာဉ်နတ်သူငယ်ဆယ့်သုံးကောင်(ဂ)

Vol. 53 Ch. 818

ထို့အပြင် ယင်းသည် ကောင်းကင်မိစ္ဆာခန္ဓာကိုယ်၏ အရေးပါဆုံးအပိုင်း မဟုတ်သေးပေ။ ၎င်း၏ ရည်ရွယ်ချက်သည် ကဒ်ဘေးဒုက္ခကို အစားထိုးရန် ဖြစ်သည်။

ကောင်းကင်ကဒ်ဘေးဒုက္ခသည် တစ်ခါပြီးတစ်ခါ ပိုပြီးအားကောင်းလာလိမ့်မည်။ အကယ်၍ သူတို့ကျရှုံးသွားသည့်အခါ သူတို့၏ ဝိညာဉ်နတ်သူငယ်များသည် အပြင်းအထန် ဒဏ်ရာရသွားကြပြီး ပျက်စီးသွားကြလိမ့်မည်။

သို့သော်လည်း ကျင့်ကြံသူများ၏ ရည်ရွယ်ချက်က ကောင်းကင်အာဏာစက်များကို ရရှိရန်ဖြစ်သောကြောင့် ကောင်းကင်ကဒ်ဘေးဒုက္ခကို မလွဲမသေ ကျော်ဖြတ်ရလိမ့်မည်။

သူ၏ ကောင်းကင်မိစ္ဆာခန္ဓာကိုယ်ကို ကဒ်ဘေးဒုက္ခကျော်ဖြတ်စေခြင်းသည် တူညီသော အကျိုးသက်ရောက်မှု ရှိသည်။

အကယ်၍ တစ်ခုက ပျက်စီးသွားမည်ဆိုလျှင် ဒုတိယ၊ တတိယတစ်ခု ဆက်ရှိနေလိမ့်မည်။

သူက တစ်ကြိမ်အောင်မြင်သွားသရွေ့ ကောင်းကင်အာဏာစက်၏ စွမ်းအင်သည် ကျဆင်းလာလိမ့်မည်။ ထိုအခါ သူက တာအိုအာဏာစက်အတတ်ကိုအသုံးပြု၍ ယင်းတို့ကို ရယူနိုင်လိမ့်မည်။

ဤသည်မှာ သတ္တမတာင်ထွတ်၏ လုပ်ဆောင်ပုံဖြစ်ပြီး သတ္တမသခင်ကြီး၏ လုပ်ဆောင်ပုံလည်း ဖြစ်ပေသည်။

ရွှီချင်းသည် လက်ဝှေ့ယမ်းလိုက်ပြီး ပုလင်းသုံးပုလင်းကို ထုတ်လိုက်စဉ် သူ၏ မျက်လုံးသည် လင်းလက်သွားသည်။

တာအိုအာဏာစက်ကောင်းကင်မိစ္ဆာအတတ်ကို ကျင့်ကြံရန် အထူးရတနာများကို လိုအပ်သည်။ ဤသည်မှာ အောက်လမ်းတာအိုလုယက်အတတ်ကို ကျင့်ကြံရန် အောက်လမ်းတာအိုနှလုံးသားကို လိုအပ်သလိုမျိုး ဖြစ်သည်။

ပထမဆုံးအနေဖြင့် ကျင့်ကြံသူ၏ ဝိညာဉ်နတ်သူငယ်အားလုံးက ပေါထွက်လာကြပြီး ကောင်းကင်ကဒ်ဘေးဒုက္ခကို အနည်းဆုံး တစ်ကြိမ်ကျော်လွှားဖူးရမည် ဖြစ်သည်။ ဝိညာဉ်နတ်သူငယ်များအတွင်းမှာ ကောင်းကင်အာဏာစက်များကို အတိုင်းအတာတစ်ခုထိ ပိုင်ဆိုင်ထားရမည်။

ဤသည်မှာ အခြေခံအုတ်မြစ်ဖြစ်သည်။

နောက်တစ်ဆင့်ကတော့ ပုလင်းသုံးပုလင်းထဲမှ ပစ္စည်းများဖြစ်သည်။

ပထမပုလင်းထဲတွင် ဆန်းကြယ်မိစ္ဆာမျိုးနွယ်မှ ဝိညာဉ်နတ်သူငယ်အဆင့်ကျင့်ကြံသူတစ်ဦး၏ ဦးခေါင်းမဲ့အလောင်း ရှိသည်။

သတ္တမသခင်ကြီးသည် ထိုတစ်ယောက်ကို ရှာတွေ့ရန် အချိန်အတော်ကြာ ရှာဖွေခဲ့ရသည်။ မည်သို့ဖြစ်စေ ဆန်းကြယ်မိစ္ဆာမျိုးနွယ်သည် အတော်လေး ရှားပါးသွားချေ၏။

ယင်းက ရွှီချင်း၏ အောက်လမ်းတာအိုစွမ်းအားကို တိုးမြှင့်ပေးနိုင်ပြီး သူ့အား ရန်သူ၏ ဝိညာဉ်နတ်သူငယ်များကို လုယက်နိုင်စေမည်။

ဒုတိယပုလင်းထဲတွင် မွန်မြတ်သောစိတ်ဆန္ဒကို ထုတ်လွှတ်နေသော သွေးလေပွေအစိုင်အခဲတစ်ခု ရှိသည်။

ယင်းသည် သတ္တမသခင်ကြီးက သန့်စင်ခဲ့သော နတ်ငါးအရိုးထံမှ ရိုးတွင်းခြင်းဆီဖြစ်သည်။ အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရား၏ သေဆုံးမှုကြောင့် ရိုးတွင်းခြင်ဆီသည် ပိုင်ရှင်မဲ့ဖြစ်လာပြီး ယင်းကို လွတ်လပ်စွာ ထိန်းချုပ်လာနိုင်သည်။

ယင်းကို အသုံးပြုရမည့်နည်းလမ်းသည်လည်း အလွန်ထူးခြားသည်။ ရွှီချင်း၏ ကောင်းကင်ဘုံတာအိုဝိညာဉ်နတ်သူငယ်သည် ယင်းနှင့် ပေါင်းစပ်ရန် လိုအပ်သည်။

ထိုမှစ၍ သူသည် ကောင်းကင်ဘုံတာအိုစွမ်းအားကို အသုံးပြုပြီး ရန်သူ၏ ဝိညာဉ်နတ်သူငယ်များထံမှ ကောင်းကင်အာဏာစက်များကို ဆွဲထုတ်နိုင်လိမ့်မည်။

တတိယပုလင်းထဲတွင် မကောင်းဆိုးဝါးဝိညာဉ်တစ်သိန်းရှိသည်။

အတိတ်တွင် ပိုင်ရှောင်ကျိုးသည် ကျစ်လွီဆဲ့ခေတ်၌ သေဆုံးသွားခဲ့သော ဝိညာဉ်များကို ပြန်လည်ဆင့်ခေါ်ရန် နတ်ငါးအရိုးသုံးချောင်းကို အသုံးပြုခဲ့ပြီး မီးစာကုန်းမြေကို ဖွင့်လှစ်ခဲ့သည်။ ယင်းက အရေအတွက်များပြားသော မကောင်းဆိုးဝါးဝိညာဉ်များကို ဖုန်းဟိုင်ဒေသငယ်ပေါ်သို့ ဆင်းသက်လာစေသည်။ သူတို့သည် ရှေးဟောင်းဝိညာဉ်လောကဆီသို့ အလျှင်အမြန် တည်နေရာပြောင်းရွှေ့ခံလိုက်ရသော်လည်း တချို့တလေသည် အပြင်မှာ ကျန်နေခဲ့ကြသည်။

ထိုမကောင်းဆိုးဝါးဝိညာဉ်များသည် ရက်စက်ကြမ်းကြုတ်ရုံသာမက သူတို့၏ အသိစိတ်ထဲမှာ သောင်းပြောင်းထွေလာအတွေးများဖြင့် ရောထွေးနေကြသည်။ အသက်ရှင်ခဲ့စဉ်က မှတ်ဉာဏ်များနှင့် သေလွန်ပြီးနောက် မှတ်ဉာဏ်များက သူတို့ကို ရူးသွပ်သော အခြေအနေသို့ ကျရောက်သွားစေသည်။

နောက်ပိုင်းတွင် သတ္တမသခင်ကြီးသည် သူတို့ကို ရှာတွေ့သွားပြီး ဤပုလင်းထဲမှာ သန့်စင်ပစ်ခဲ့သည်။

ပုလင်းထဲမှ မကောင်းဆိုးဝါးဝိညာဉ်များ၏ သောင်းပြောင်းထွေလာအတွေးများက သန့်စင်ခံလိုက်ရသည့်အခါ သူတို့သည် ကောင်းကင်မိစ္ဆာခန္ဓာကိုယ်အတွက် မျိုးစေ့များ ဖြစ်လာကြလိမ့်မည်။ မကောင်းဆိုးဝါးဝိညာဉ်အများအပြားကို သတ်ဖြတ်ခြင်းက သူ့ကို မီးစာကုန်းမြေ၏ အမှတ်အသားပြုလုပ်ခြင်း ခံရစေလိမ့်မည်။ သို့သော်လည်း ရွှီချင်း၏ ခန္ဓာကိုယ်သည် ထူးခြားသည်။ အရေအတွက်က အလွန်အကျူးမဖြစ်သရွေ့ အဆင်ပြေလိမ့်မည်။

ရွှီချင်းသည် ထိုအရာများကို ကြည့်လိုက်ပြီး စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်လေသည်။ ယခု သူသည် ‘အံဝင်ခွင်ကျပြုလုပ်ခြင်း’ဟူသော စကားလုံးကို ပိုပြီးနက်နဲစွာ နားလည်သွားသည်။

ဤတာအိုအာဏာစက်ကောင်းကင်မိစ္ဆာအတတ်သည် ရွှီချင်း၏ စွမ်းရည်အားလုံးကို အကြီးမြတ်ဆုံး အတိုင်းအတာအထိ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးခြင်းနှင့် ညီမျှသည်။ အနည်းငယ်ချိန်ညှိပြီးနောက် ယင်းသည် ပြိုင်ဘက်ကင်း အထူးကျင့်ကြံခြင်းအတတ်ပညာ ဖြစ်လာသည်။

“ ငါ့မှာ အားလုံးရှိတယ်… အခု ငါလိုအပ်နေတာက ငါ့နောက်ဆုံးဝိညာဉ်နတ်သူငယ်ကို ကဒ်ဘေးဒုက္ခကျော်လွှားခိုင်းဖို့ပဲ ”

ရွှီချင်းသည် သူ၏ တေရသဝိညာဉ်နတ်သူငယ်ကို အာရုံခံမိသည်။ ရက်အနည်းငယ်ကြာပြီးနောက် ကဒ်ဘေးဒုက္ခဆင်းသက်လာမည်ကို မသဲမကွဲ သူအာရုံရနေသည်။

“ နောက်ထပ်ကိစ္စတစ်ခုလည်း ရှိသေးတယ်… မီးစာကုန်းမြေက မကောင်းဆိုးဝါးဝိညာဉ်တွေရဲ့ မှတ်ဉာဏ်တွေနဲ့ သောင်းပြောင်းထွေလာအတွေးတွေကို သန့်စင်ပစ်ရဦးမယ် ”

ရွှီချင်းသည် မကောင်းဆိုးဝါးဝိညာဉ်ပုလင်းကို ကောက်ယူလိုက်ပြီး အထဲကို စစ်ဆေးကြည့်လိုက်သည်။ သန့်စင်ခြင်းအမြန်နှုန်းသည် အနည်းငယ် နှေးကွေးသည်ဟု သူခံစားမိသည်။

“ အဲ့ဒါက လနည်းနည်းလောက် ကြာလိမ့်မယ်… ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ မကြာမီ ဖြေရှင်းနည်းတစ်ခုကို သူတွေးတောမိသွားသောအခါ အနက်ရောင်အလင်းသည် သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။

သူက ထိုအစီအစဉ်၏ အောင်မြင်နိုင်ခြေကို စဉ်းစားတော့မည့်အချိန် သူ၏ အသံပို့လွှတ်ကျောက်စိမ်းပြားသည် တုန်ယင်သွားသည်။ ရွှီချင်းက ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည့်အခါ အသံပို့လွှတ်လာသူသည် အမတ်ယောင်ဖြစ်ကြောင်း မြင်သွားသည်။

ရွှီချင်းသည် နတ်ဘုရားအသိစိတ်ကို ကျောက်စိမ်းပြားထဲသို့ မထည့်သွင်းမီ အသက်ရှူချိန်အနည်းငယ်ကြာ တိတ်ဆိတ်သွားသည်။ သူက ရိုသေလေးစားစွာ ပြောသည်။

“ နှုတ်ဆက်ပါတယ် ဒေသအကြီးအကဲ ”

အမတ်ယောင်၏ အသံသည် သူ၏ စိတ်ထဲမှာ ပဲ့တင်ထပ်လာသည်။

“ ရွှီချင်း ”

“ မူယဲ့ကို ဆက်သွယ်ပြီးပြီ ”

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။

“ အခုထိတော့ အားလုံးက အဆင်ပြေချောမွေ့တယ်… ငါတို့တောင်းဆိုတဲ့အတိုင်း ကောင်းကင်လေပြည်ထောင်က ဒေသငယ်တစ်ခုကို ဖုန်းဟိုင်ဒေသငယ်ဆီ လွှဲပြောင်းပေးဖို့ မူယဲ့က တွန်းအားပေးလိမ့်မယ် ”

“ ဒါပေမဲ့ ပြဿနာတချို့ရှိနေသေးတယ်… အဲ့ဒီဒေသငယ်က ငါတို့ဖုန်းဟိုင်ဒေသငယ်နဲ့ အနည်းငယ် အလှမ်းဝေးတယ်… ပြီးတော့ နယ်နိမိတ်မသတ်မှတ်ထားဘူး… အဲ့ဒါက ဒေသငယ်မရတာနဲ့ ဘာမှသိပ်မကွာဘူး ”

အမတ်ယောင်သည် တည်ငြိမ်စွာ ပြောသည်။ သူက အများကြီး မပြောပေ။ မူယဲ့အကြောင်းပြောပြီးနောက် သူက ရွှီချင်းကို ဖုန်းဟိုင်ဒေသငယ်၏ လက်ရှိအခြေအနေအကြောင်း ပြောပြသည်။ ထိုထဲမှာ မျိုးနွယ်ခြားများ၏ မှီခိုမှုနှင့် သတ္တမမင်းသားက ပြည်နယ်သုံးခုကို ပြန်မပေးသေးသည့်အကြောင်း ပါသည်။

အမတ်ယောင်သည် သူ့ကိုယ်ပိုင်နည်းလမ်းကို အသုံးပြုပြီး အခြေအနေအလုံးစုံအပေါ် ရွှီချင်း၏ အမြင်ကို လှုပ်ခါရန် ကြိုးစားနေခြင်း ဖြစ်သည်။

အစမှအဆုံးအထိ သူတို့သည် ခရမ်းမြေမှ အကြောင်းကို မပြောကြချေ။ ရွှီချင်းသည်လည်း ထိုကိစ္စကို မမေးမြန်းချေ။ သူတို့နှစ်ယောက်ကြားတွင် ထုတ်ပြောစရာမလိုသော အပြန်အလှန် နားလည်မှုရှိထားပြီး ရွှီချင်း၏ စကားများထဲမှာ ရိုသေလေးစားမှု ပါရှိသေး၏။

ထိုရိုသေလေးစားမှုက ယောင်ဂေဟာထဲတွင် ရှိနေသော အမတ်ယောင်ကို ပြုံးသွားစေသည်။

သူက ရွှီချင်း၏ အတိတ်ကို ပြန်အမှတ်ရသွားသည်။ အထူးသဖြင့် သူ၏ သရုပ်နှင့် အဆင့်အတန်းက ပြောင်းလဲသွားပြီး အားလုံးကို နားလည်သဘောပေါက်သွားသည့်အခါ ရွှီချင်းသည် အနည်းငယ် ပြောင်းလဲသွားဟန် ရသည်။

‘ မင်းရဲ့ မူလအခြေခံသဘောတရားကို ဆက်ထိန်းသိမ်းထားတာက ရှားတယ် ’

အမတ်ယောင်သည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်ပြီး သူတို့နှစ်ယောက်၏ စကားဝိုင်းကို အဆုံးသတ်လိုက်သည်။

ရွှီချင်းသည် ကျောက်စိမ်းပြားကို အောက်ချလိုက်ပြီး ယောင်ဂေဟာ၏ ဦးတည်ရာသို့ လှမ်းကြည့်လိုက်သည်။

တချို့အပိုင်းများတွင် အမတ်ယောင်၏ လုပ်ပုံကိုင်ပုံသည် အငြင်းပွားဖွယ်ဖြစ်နိုင်သော်လည်း မည်သို့ဖြစ်ပါစေ ဖုန်းဟိုင်ဒေသငယ်ကို ထိုသို့အတွေးနက်နဲသော ပုဂ္ဂိုလ်တစ်ဦးက စောင့်ကြပ်ပေးနေခြင်းသည် အခြားသူများကို တည်ငြိမ်သောခံစားမှု ပေးနေဆဲပင်။

လိုအပ်ချက်အနေဖြင့် မင်းက သူ့ကို ယုံကြည်ပေးရမည်။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သတ္တမသခင်ကြီးက ဘေးမှာရှိနေသောကြောင့် ဤကိစ္စသည် သူစိုးရိမ်ရမည့်အရာ မဟုတ်ပေ။ အပြင်လောကတွင် သူ၏ သရုပ်နှင့် အဆင့်အတန်းက အလွန်မြင့်မားသည်ဟု ကောလဟာလရှိသော်လည်း မည်သို့ဖြစ်ပါစေ သူက အတုအယောင် ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူတစ်ယောက်မျှသာဖြစ်ကြောင်း သူ့ကိုယ်သူ ရှင်းလင်းစွာ သိထားသည်။

အကယ်၍ သူက တခြားလူများကို အလေးမထားဘူးဆိုလျှင် သူ၏ မူလအခြေခံသဘောတရားကို ဆုံးရှုံးသွားလိမ့်မည်။

ရွှီချင်းသည် ထိုသို့သောလူစားမျိုး မဟုတ်ပေ။ လူမုန်းတီးသော တစ်စုံတစ်ယောက်ဖြစ်လာမည်ကိုလည်း မလိုလားပေ။

ထို့ကြောင့် သူက အားလုံးကို ယခင်အတိုင်း တူညီစွာ ဆက်ဆံသည်။ သူသည် ရိုသေလေးစားခြင်းနှင့် သတိကြီးခြင်းကို ဆက်လက်ပြုမူသည်။ သူ့ကိုယ်သူ ပုဂ္ဂိုလ်ထူးတစ်ယောက်ကဲ့သို့ သဘောမထားချေ။

သူ့ကိုယ်သူ ပိုပြီးပြည့်စုံလာစေရန် ရှုထောင့်နှင့် အသိအမြင်များမှတဆင့် ပြင်ပလောကမှ အသိပညာအားလုံးကို စုပ်ယူရန် ကြိးစားအားထုတ်ရမည်။

ရွှီချင်းသည် ကျောက်စိမ်းပြားကို ပြန်သိမ်းဆည်းလိုက်ပြီး မျက်လုံးမှိတ်ကာ တရားထိုင်လိုက်သည်။ သူက ကျင့်ကြံခြင်းထဲမှာ သူ့ကိုယ်သူ လုံးဝစိတ်နစ်မြှုပ်ထားသည်။

ထိုသို့ဖြင့် အချိန်သည် ကုန်ဆုံးသွားသည်။

သုံးရက်ကြာပြီးနောက် ကဒ်ဘေးဒုက္ခတိမ်တိုက်များသည် ဝဲကတော့တစ်ခုအသွင်ဖြင့် ဓားကိုင်ရုံးတော်၏ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ မိုးခြိမ်းသံက မြည်ဟိန်းထွက်လာသည့်အခါ ကောင်းကင်ဘုံမိုးကြိုးသွားတစ်ခုသည် ရွှီချင်းရှိနေသော သံတော်ဆင့်ခန်းမဆောင်ဆီသို့ တန်းမတ်စွာ ဆင်းသက်လာသည်။

All Chapters