← Chapters

ဖုန်းဟိုင်ဒေသငယ်ရဲ့ ပြောင်းပြန်အကြေးခွံကို ထိပါးတဲ့လူက သေရမယ်(က)

Vol. 53 Ch. 824

ဖုန်းဟိုင်ဒေသငယ်ရဲ့ ပြောင်းပြန်အကြေးခွံကို ထိပါးတဲ့လူက သေရမယ်(က)

Vol. 53 Ch. 824

အင်မော်တယ်အူခွေသစ်ပင်များ၏ ဧရိယာအတွင်းဝယ် တောက်ပသော ဖိုးလမင်းသည် ကောင်းကင်ထက်တွင် မြင့်မြင့်ချိတ်ဆွဲထားသည်။ အမှောင်အာကာသလွင်ပြင်ထဲမှာ ယင်းက ထင်ထင်ရှားရှား ထွက်ပေါ်နေဟန် ရသည်။

သို့တိုင် ရံဖန်ရံခါ တိမ်တိုက်များသည် လမင်း၏ အရှေ့သို့ ရွေ့လျားလာကြပြီး အမှောင်အာကာသလွင်ပြင်နှင့် လမင်းကြားမှ ထင်သာသော ခြားနားမှုကို တဖြည်းဖြည်း ဖုံးလွှမ်းပစ်နေသည်။

ယင်းက ယခု နန်းတော်ထဲမှာ ဖြစ်ပျက်နေသော အဖြစ်အပျက်နှင့် ဆင်တူသည်။

တချို့အရာများကို ရွှီချင်းနှင့် ခုန်းရှန်းလုံက ပြောသည့်အခါ သဘာဝကျသည်။ သူတို့သည် စစ်မြေပြင်တွင် ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့ကြပြီး ဖုန်းဟိုင်ဒေသငယ်မှ အပြောင်းအလဲအားလုံးကို ကြုံတွေ့ခဲ့ကြသည်။ သူတို့သည် ကိစ္စအားလုံးကို မျက်မြင်တွေ့ခဲ့ကြသူများလည်း ဖြစ်သည်။

သို့သော်လည်း ကျန်းချီဖန်းက ထိုအကြောင်းများကို ပြောသည့်အခါ မသင့်လျော်ပေ။

သူက ဖုန်းဟိုင်ဒေသငယ်မှဖြစ်သော်လည်း ထိုကိစ္စများကို တွေ့ကြုံခဲ့သည့်သူမဟုတ်ပေ။ ဤသည်မှာ အပြင်လူတစ်ယောက်က တခြားလူများ၏ မကျေနပ်ချက်ကို လေးနက်စွာ နားလည်သဘောပေါက်ပြီး တခြားလူများကိုယ်စား ဒေါသထွက်နေသယောင် ဟန်ဆောင်နေခြင်းနှင့် မခြားပေ။

ယင်းက တမင်ရည်ရွယ်ပြီးလုပ်ကြောင်း ပေါ်လွင်သည်။

ထို့အပြင် အဖြစ်အပျက်များ၏ ကြီးထွားလာမှုသည် အစပိုင်းတွင် ဤအခြေအနေသို့ တမင်ရောက်ရှိသွားရန် ရည်ရွယ်ခဲ့ခြင်းမဟုတ်သည်မှာ ထင်ရှားသည်။

သို့သော်လည်း ရွှီချင်း၏ မြင့်မားသော အသိဉာဏ်နှင့် သူက ခုန်းရှန်းလုံကို ဒေါသမထွက်ရန် တားမြစ်ခဲ့သောလုပ်ရပ်သည် အခြေအနေကို ပြောင်းလဲသွားစေခဲ့သည်။ ထို့ကြောင့် နောက်ကွယ်မှ ကြိုးကိုင်သူသည် အလောတကြီး အစီအစဉ်ကို ပြောင်းလဲလိုက်ပြီး အပြင်လူတစ်ယောက်ကို ရွှီချင်းနှင့် ခုန်းရှန်းလုံတို့ ပြောသင့်သော စကားများကို ဝင်ပြောစေခဲ့ခြင်း ဖြစ်သည်။

ကြိုးကိုင်သူသည် သူလိုချင်သော ပန်းတိုင်ရောက်ရန် အရာအားလုံးကို ဆက်လက်ကြီးထွားလာရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ယင်းက အခြေအနေကို ပို၍ပရမ်းပတာ ဖြစ်လာစေသည်။

ဤကိစ္စက ဖုန်းဟိုင်ဒေသငယ်အပေါ် မည်သို့သက်ရောက်လာမည်ကိုတော့ နောက်ကွယ်မှ ကြိုးကိုင်သူသည် ဂရုမစိုက်ပေ။

ဤလုပ်ဆောင်မှုအားလုံး၏ အဓိက ဦးတည်ရာသည် ထင်ရှားသည်။ ယင်းက သတ္တမမင်းသားကို တိုက်ရိုက်ဆန့်ကျင်နေခြင်း ဖြစ်သည်။

သို့ဖြစ်၍ အဖြေသည်ကား တကယ်တော့ အတော်လေး သိသာသည်။

ရွှီချင်းတစ်ယောက်တည်း ယင်းကို နားလည်ခြင်းမဟုတ်ပေ။ ဤဂုဏ်ပြုပွဲအခမ်းအနားထဲမှာ ရှိနေကြသော လူအများစုသည် ယင်းကို ရှင်းလင်းစွာ နားလည်ထားကြသည်။

ယခင်က စကားများတွင် သတ္တမမင်းသားအပေါ် ချီးကျူးမြှောက်ပင့်သော အကြောင်းအရာများ ပါဝင်ခဲ့သော်လည်း ဘာသာစကားသည် ဤလောကတွင် ခန့်မှန်းရအခက်ခဲဆုံး အရာများအနက် တစ်ခုဖြစ်သည်။

ယင်းကို ယုံကြည်သည့်လူများသည် စကားပြောသည့်သူကို ဦးစွာအခွင့်အရေးပေးရလိမ့်မည်။

ခုန်းရှန်းလုံသည် ရွှီချင်းကို ကြည့်လိုက်သည်။ ရွှီချင်းသည် အမူအရာကင်းမဲ့စွာရှိနေလေရာ ကျန်းချီဖန်း၏ စကားများကို မကြားခဲ့သည့်အလားပင်။ သူက အနောက်လှည့်လိုက်ပြီး ထွက်သွားသည်။

ခုန်းရှန်းလုံသည်လည်း အတူတူဖြစ်သည်။ သူက ဦးနှောက်မဲ့ပြီး မည်သည့်အရာကိုမှ အလေးမထားသည့်ဟန်ထင်ရသော်လည်း အမှန်မှာတော့ သူက စေ့စပ်သေချာသည့်သူ ဖြစ်သည်။ သို့သော်လည်း သူက ရွှီချင်းကဲ့သို့ အတွေ့အကြုံမများပြားသောကြောင့် ချက်ချင်း မတုံ့ပြန်နိုင်ခြင်းသာ ဖြစ်သည်။

ဤအခိုက်အတန့်မှာ ဖုန်းဟိုင်ဒေသငယ်က သတ္တမမင်းသားကို တိုက်ခိုက်ရန် ဓားတစ်လက်အဖြစ် အသုံးချခံနေရကြောင်း သူနားလည်သွားသည်။ ထို့ကြောင့် သူသည် ပါဝင်ရန် ဆန္ဒမရှိပေ။

မည်သို့ဖြစ်ပါစေ တည်ငြိမ်အေးချမ်းမှုသည် လက်ရှိဖုန်းဟိုင်ဒေသငယ်အတွက် အဓိကအကျဆုံး လိုအပ်ချက် ဖြစ်သည်။ ထို့အပြင် တော်ဝင်မိသားစုအတွင်းမှ အင်အားပြိုင်ဆိုင်မှုသည် သွေးထွက်သံယိုများသော ကိစ္စဖြစ်ပြီး ရန်သူကိုလည်း ချက်ချင်း မိတ်ဆွေပြောင်းလဲစေနိုင်သည်။ ထိုပြိုင်ဆိုင်မှုကြားတွင် ကြားညှပ်သွားသည့်လူများသည် မည်သည့်အခါမှ အဆုံးသတ်မလှပေ။

သူတို့က လှေပေါ်သို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ခံရနိုင်သလို နောက်အခိုက်အတန့်မှာ စွန့်ပစ်ခံရနိုင်ပေသည်။

သူတို့နှစ်ယောက်သည် အားလုံးကို လျစ်လျူရှုပြီး ထွက်သွားရန် ပြင်လိုက်သည်။ ယင်းက ပွဲအခမ်းအနားထဲမှ လူတိုင်းကို မတူညီသော အတွေးများ ဖြစ်ပေါ်လာစေသည်။

မုန့်ယွင်ပိုင်က ပြုံးလိုက်စဉ် နက်နဲသော အလင်းရောင်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

မင်းသမီးအန်းဟိုင်သည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ သတ္တမမင်းသားသည် ဝိုင်ခွက်ကို ကောက်ယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။ သူ၏ အမူအရာသည် လုံးဝပြောင်းလဲမသွားပေ။

ကျန်းချီဖန်းသည်တော့ သူ၏ အကြည့်သည် မသိမသာ လင်းလက်သွားပြီး မျက်နှာတစ်ပြင်လုံး ဒေါသဖြင့် ပြည့်နှက်သွားသည်။ သူက အင်္ကျီလက်ကို လှုပ်ခါလိုက်ပြီး ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ တည်ကြည်ဖြောင့်မတ်သူဟု သူ့ကိုယ်သူပြောကြားခဲ့သော လော့ကျင်းစုန်၏ မျက်လုံးသည် ပြူးကျယ်လာပြီး သူက အရိုင်းအစိုင်းပုံစံ ဖြစ်လာသည်။ သူ၏ လည်ပင်းသည် နီရဲလာပြီး သွေးကြောများသည် ဖောင်းကားလာကြသည်။

သူက ရုတ်တရက် ထရပ်လိုက်ပြီး သူ၏ ဝိညာဉ်နတ်သူငယ်အရှိန်အဝါကို မုန်တိုင်းတစ်ခုအသွင် ထုတ်လွှတ်လိုက်လေရာ လေကြမ်းများ ထွက်ပေါ်လာသည်။ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ဧရာမပုံရိပ်တစ်ခုသည် သူ၏ အနောက်တွင် ဘွားခနဲထွက်ပေါ်လာသည်။ ထိုပုံရိပ်ထွက်ပေါ်လာသည်နှင့်ချက်ချင်း အတိတ်နိမိတ်ဆိုးအရှိန်အဝါသည် ပေါ်လျှိုးလာသည်။

စစ်ချပ်ဝတ်ပေါ်တွင် တိုတမ်ဆေးမင်ကြောင်နှင့်တူသော အမှတ်အသား(၁၂)ခု ရှိသည်။ အမှတ်အသားတစ်ခုစီသည် လော့ကျင်းစုန်၏ မျက်နှာဖြစ်သည်။

ထို့အပြင် မျက်နှာတစ်ခုစီမှ ထုတ်လွှတ်နေသော အားလှိုင်းအတတ်အကျများတွင် ကောင်းကင်အာဏာစက်များ ပါရှိသည်။ သူတို့သည် ပထမကောင်းကင်ကဒ်ဘေးဒုက္ခကို တွေ့ကြုံပြီးပြီ ဖြစ်သည်။

ထိုအခိုက်အတန့်မှာ ရက်စက်ကြမ်းကြုတ်သော စိတ်ဆန္ဒသည် ပျံ့လွင့်ထွက်လာသည်။ သူက အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ကျန်းချီဖန်းဆီသို့ လျှပ်စီးပမာ အလျင်ဖြင့် ပြေးသွားသည်။

“ ရိုင်းစိုင်းတဲ့ကောင် ”

လော့ကျင်းစုန်သည် ဒေါသကြီးစွာ တိုက်ခိုက်လိုက်သည်။ ကျန်းချီဖန်းသည် ခေါင်းလှည့်လိုက်ပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး လေကို ဖမ်းဆုပ်လိုက်လေရာ သွေးနီရောင်ဓားရှည်တစ်လက် တိုက်ရိုက်ထွက်ပေါ်လာသည်။ သူက ဘယ်လက်ဖြင့် ချိပ်တံဆိပ်လက်ဟန်များစွာကို ဖွဲ့စည်းလိုက်ပြီး မျက်ခုံးနှစ်ခုကြားမှ နေရာကို ဖိလိုက်သည်။

ချက်ချင်းဆိုသလို မိစ္ဆာအရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး အတောင်ပံများသည် သူ၏ ကျောနောက်မှာ ချက်ချင်း ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်သည် အရိုးခြောက်ပမာ ခြောက်ကပ်သွားသည်။ သူက သွေးနီရောင်ဓားရှည်ကို ကိုင်ဆောင်လျက် လော့ကျင်းစုန်နှင့် တိုက်ခိုက်လိုက်သည်။

ထိုအခိုက်အတန့်မှာ လူသုံးယောက်သည် လူအုပ်ကြားထဲမှ ရုတ်တရက် တိုးထွက်လာပြီး ကျန်းချီဖန်းဆီသို့ ပြေးသွားကြသည်။

လေးယောက်တစ်ယောက်တိုက်ပွဲဖြစ်၍ ရလဒ်ကို ခန့်မှန်းကြည့်ရန် မလိုအပ်ပေ။ မျက်စိတစ်မှိတ်အတွင်း ကျန်းချီဖန်းသည် သွေးတစ်ပွက်အန်လိုက်ရပြီး လက်ထဲမှ သွေးနီရောင်ဓားရှည်သည် ပျက်စီးသွားသည်။ သူ၏ ခန္ဓာကိုယ်က ဒယိမ်းဒယိုင်ဖြင့် အနောက်ဆုတ်သွားလေရာ ရွှီချင်းနှင့် ခုန်းရှန်းလုံနားသို့ ရောက်ရှိသွားသည်။

ခုန်းရှန်းလုံသည် မျက်မှောင်ကြုတ်လိုက်သည်။ ရွှီချင်း၏ အမူအရာသည် တည်ငြိမ်နေပြီး သူ့ကို ဂရုမစိုက်ချေ။ သူက အပြင်သို့ ဆက်လက်လျှောက်သွားသည်။ ယင်းက အတော်လေး ရယ်စရာကောင်းသည်ဟု သူခံစားမိသည်။ နောက်ကွယ်မှ ကြိုးကိုင်သူ၏ အစီအစဉ်သည် အလွန်ညံ့ဖျင်းလှသည်။

ထိုအခိုက်အတန့်မှာ အန္တရာယ်အရှိန်အဝါကို ထုတ်လွှတ်နေသော လော့ကျင်းစုန်သည် နှာခေါင်းရှုံ့လိုက်သည်။

“ ခုန်းလျှန်ရှို့က အကျိုးဆောင်မှု တော်တော်များများကို ပြုလုပ်ခဲ့တယ်ထင်ရပေမဲ့ တကယ်တော့ သူက လောဘကြီးလွန်းတယ်… မဟုတ်ရင် အဲ့လိုသေသွားမှာ မဟုတ်ဘူး… သူသာ တည်တည်ငြိမ်ငြိမ်နဲ့ နောက်ထပ်ဆယ့်ငါးမိနစ်ကြာအောင် တောင့်ခံထားနိုင်မယ်ဆိုရင် သတ္တမမင်းသားရဲ့ တပ်ကူတွေက ရောက်လာမှာမဟုတ်ဘူးလား ”

“ သူ့ဘာသာ သောက်သုံးမကျလို့သေတာ တခြားလူတွေကို အပြစ်မတင်သင့်ဘူး ”

လော့ကျင်းစုန်က ထိုစကားကိုပြောလိုက်သည်နှင့် အပြင်သို့ ထွက်သွားတော့မည့် ရွှီချင်း၏ ခြေလှမ်းသည် ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏ အကြည့်သည် ချက်ချင်း အေးစက်လာသည်။ သူ၏ ဘေးမှ ခုန်းရှန်းလုံသည် ပို၍ပင် ဒေါသထွက်သွားသည်။ သူက ဆတ်ခနဲ ခေါင်းလှည့်လိုက်ပြီး လော့ကျင်းစုန်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။

“ ခွေးမသား ”

ခုန်းရှန်းလုံသည် ဆက်လက်သည်းမခံနိုင်တော့ပေ။ ဤစော်ကားမှုသည် သူသည်းခံနိုင်သော အတိုင်းအတာထက် ကျော်လွန်သွားသည်။ ထို့ကြောင့် သူက အော်ဟစ်လိုက်ပြီး အမိန့်တော်ဓားကို ထုတ်လိုက်ကာ အသံပို့လွှတ်လိုက်သည်။ ထို့နောက် သူက အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

သို့သော်လည်း ရွှီချင်း၏ လက်သည် ခုန်းရှန်းလုံ၏ ပခုံးပေါ်သို့ ဖိချလာသည်။

ခုန်းရှန်းလုံသည် ယခုမှ အတုအယောင် ဝိညာဉ်နတ်သူငယ်အဆင့်မှာသာ ရှိသေး၏။ လအနည်းငယ်ကြာပြီးနောက်မှ သူက အဆင့်ချိုးဖြတ်နိုင်လိမ့်မည်။ သို့ဖြစ်၍ ပထမကောင်းကင်ကဒ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးသော လော့ကျင်းစုန်သည် ခုန်းရှန်းလုံ တိုက်ခိုက်နိုင်သောပြိုင်ဘက် မဟုတ်ပေ။

ခုန်းရှန်းလုံပေါ်သို့ ဖိချလိုက်သည်နှင့်ချက်ချင်း ရွှီချင်းသည် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ၏ အလျင်သည် လွန်စွာမှ မြန်ဆန်သောကြောင့် အစွမ်းထက် အရှိန်အဝါကို ထုတ်လွှတ်ထားသော လော့ကျင့်စုန်း၏ အရှေ့မှာ ချက်ချင်း ထွက်ပေါ်လာသည်။

အေးစက်စက် အလင်းသည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ဓားကိုင်ရုံးတော်သခင်၏ နာမည်နှင့် ဂုဏ်ကျက်သရေသည် စော်ကားနိုင်သောအရာမဟုတ်ချေ။ ယင်းက သူ၏ နောက်ဆုံးစည်းဖြစ်ပြီး ဖုန်းဟိုင်ဒေသငယ်၏ ပြောင်းပြန်အကြေးခွံလည်း ဖြစ်သည်။

All Chapters