သေမျိုးနှင့်မတူ
Vol. 7 Ch. 91
တောက်ပသော ဓားအလင်းနှင့် ပြင်းထန်သည့် လက်သီးတို့သည် အရှိန်အဟုန်ဖြင့် တိုက်မိသွားရာ ၊ ကမ္ဘာတစ်ခုလုံး၌ စွမ်းအားမုန်တိုင်းတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိအရာအားလုံးကို ဂယက်ထစေခဲ့သည်။
၎င်းသည် မရေမတွက်နိုင်သည့် ချီဓားချက်များနှင့် လက်သီးများ၏ ပေါင်းစည်းမှုကြောင့် ဖြစ်ပေါ်လာသည့်မုန်တိုင်းဖြစ်သည်။ထိုမုန်တိုင်း ရိုက်ခတ်သည့်နှင့်တစ်ပြိုင်နက် အနားရှိ လူတိုင်း တုန်လှုပ်သွားခဲ့ကြသည်။
"မလုပ်နဲ့"
ရုတ်တရက် ဩဥငှက်၏ငိုကြွေးသံကဲ့သို့ ညည်းတွားငိုကြွေးသံတစ်ခုသည် တစ်ကမ္ဘာလုံးတွင် ပဲ့တင်ထပ်လာခဲ့သည်။
စွမ်းအားမုန်တိုင်းကြောင့်တုန်လှုပ်နေကြသော စွမ်းအားကြီးပုဂ္ဂိုလ်များသည် ဤငိုကြွေးသံကြောင့် ကြောက်လန့်သွားကြကာ အသံလာရာဆီသို့ကြည့်လိုက်ကြသည်။
မိုက်မဲလိုက်ကြတာ!
သူတို့အားလုံးက ဓားစွမ်းအင်နှင့် လက်သီးချက်များ၏ မုန်တိုင်းကို အာရုံစိုက်နေကြစဉ်တွင် ၊ ဓားအလင်းတန်းသည် ချန်းလီ ဆီသို့ တည့်တည့်တိုးဝင်လာခဲ့သည်။
ဤဓားအလင်းက မည်သို့ ထွက်လာမှန်းကို မည်သူမှ မသိသလို ချီဓားမုန်တိုင်း၏ တိုက်ခိုက်မှုကို ခံနေရသော ချန်းလီပင် မသိပေ။
သူ၏ရှေ့မှ ဓားအလင်းတန်းသည် သူ့ရှေ့ရောက်လာမှသာ သူသည်အံ့အားသင့်စွာ တုံ့ပြန်နိုင်ခဲ့သည်။
ထိုဓားတွင်ပါရှိသော ကြောက်မက်ဖွယ် စွမ်းအားသည် ချန်းလီ ၏ ဝိညာဉ်တစ်ခုလုံးအား တုန်လှုပ်သွားစေခဲ့သည်။ သူသည် ထိုအရာကို ခုခံရန် သူ၏စွမ်းအားကို အပြင်းအထန် အသုံးပြုခဲ့သော်လည်း သူ၏ စွမ်းအားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုဓားအလင်း၏စူးရှမှုကြောင့် စွမ်းအားများအားလုံး ပျက်စီးသွားခဲ့သည်။ဤဓားအလင်းရှေ့တွင် သူ၏ စွမ်းအားသည် ရေပူဖောင်းတစ်ခုကဲ့သို့ ဖြစ်သွားပြီး ထိလိုက်သည်နှင့် အစိတ်စိတ်အမြွာမြွာဖြစ်သွားခဲ့သည်။
ဤဓားသည် အလွန်ပြင်းထန်လာခဲ့သည်။
ချန်းလီသည် အဘယ်ကြောင့် သူ၏ခန္ဓာကိုယ် အပေါ်သို့မြောက်တက်လာသည်ကိုပင် မသိခဲ့ပေ။ သူသည် ခုခံရန် ကြိုးစားသောအခါ၌ ထိုဓားအလင်း၌ရှိသည့် မရေမတွက်နိုင်သော ချီဓာတ်သည် သူ၏ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်သဖြင့် လှုပ်ရှားရန်ပင် အချိန်မရလိုက်ချေ။
ချန်းလီ ၏ ငိုကြွေးမြည်တမ်းသံ ထွက်ပေါ်လာသည်အချိန်တွင် သူ၏ခန္ဓာကိုယ်သည် တစ်ဝက်ဖြတ်ခံလိုက်ရပြီဖြစ်ပြီး ခုတ်ပိုင်းမှုမှာ အလွန် သပ်ရပ်ပေသည်။ ချန်းလီ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လဲကျသွားသည့်တိုင် အနည်းငယ်မျှပင် သွေးထွက်သံယို မရှိခဲ့ပေ။
ဂိုဏ်းချုပ်ဝမ် သည် သူ၏လက်များကို နောက်ဆုတ်လိုက်ကာ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးဖြင့် ရပ်နေခဲ့သည်။တိုက်ပွဲဆိုသည်မှာ အတတ်ပညာနှင့် နည်းဗျူဟာလည်း လိုအပ်သေးသည်။
ပထမဓားအဖြစ် သူသည် လူတိုင်း၏အာရုံကို ဖမ်းစားနိုင်သော ဟွာကွမ်းဓားကို အသုံးပြုခဲ့သည်။ ထို့နောက် ချန်းလီကိုသတ်နိုင်သည့်ဓားဖြစ်သော ယန်ရှီစန်း၏ တစ်ဆယ့်သုံးခုမြောက် ဓားသိုင်းကို အသုံးပြုခဲ့သည်။
ဂိုဏ်းချုပ် ဝမ်သည် ချန်းလီထက် ရက်အနည်းငယ်စောပြီး ဆန်းကြယ်အဓိပတိအဆင့်သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သော်လည်း ဝမ်ဖုန်း ၏ စွမ်းအားသည် ဆန်းကြယ်အဓိပတိအဆင့်သို့ ဖြတ်ကျော်ဝင်ရောက်လာခဲ့သော ချန်းလီ နှင့် နှိုင်းယှဉ်၍ပင်မရပေ။
ဝမ်ဖုန်း သည် ယခုအချိန်တွင် သူ၏ကိုယ်ပိုင်နည်းလမ်းကို ရှာမတွေ့သေးသော်လည်း ၊ သူ၏ ဆန်းကြယ်သိုင်းကွက်များအားလုံးသည် အကြီးအကဲများအား ဆင့်ခေါ်ခဲ့ပြီး မရေမတွက်နိုင်သော လေ့ကျင့်မှုများဖြင့် ပေါင်းစည်းစေခဲ့ခြင်းဖြစ်သည်။ သူသည်ကား ထက်မြက်သော ဂိုဏ်းချုပ်ကြီးပင်ဖြစ်၏။
ချန်းလီကိုသတ်ပြီးသည့်နောက်တွင် ၊ ဝမ်ဖုန်း သည် နှင်းမြူ စစ်တပ် ကိုလည်း သတ်ပစ်ခဲ့သည်။အင်မော်တယ်တောင်ကြား တစ်ခုလုံးသည် သွေးနံ့များနှင့် ပြည့်နေပြီး ရှန်ရှန့်ကျုံဂိုဏ်း၏ မြေတစ်ခုလုံးတွင်လည်း သွေးများ စီးနေပါသည်။
သို့သော် ၊ ဝမ်ဖုန်းသည် အင်ပါယာ၏ အကြီးအကဲလေးဦးကိုပါ အခြားလက်ညှိုးတစ်ချောင်းဖြင့် ညွှန်ပြကာ သတ်လိုက်သည်။ ရှန်ရှန့်ကျုံဂိုဏ်းကို အပြစ်ကျူးလွန်ခဲ့သော အင်ပါယာ၏ စွမ်းအားကြီးပုဂ္ဂိုလ်များအားလုံး သေဆုံးရမည်ဖြစ်သည်။
ဤတဒင်္ဂတွင် မီတာတစ်ရာအကွာ တွင်ရှိသည့် ထိုအကြီးအကဲ စွမ်းအားရှင်ပုဂ္ဂိုလ်များလည်း အံ့အားသင့်သွားကြကာ သူတို့သည် အသိစိတ်လွတ်သွားပြီး ခန္ဓာကိုယ်များကလည်း အလိုအလျောက် တုန်လှုပ်သွားကြသည်။
ကြီးကြီးမားမား ကိစ္စတစ်ခုခု ဖြစ်တော့မည်ဖြစ်သည်။
အဓိကအင်ပါယာကြီးသုံးခု၏ ပိုင်နက်အတွင်းတွင် ထိုအင်ပါယာသုံးခုလုံးက မလုပ်ဆောင်နိုင်ကြသော ကိစ္စကြီးကြီးတစ်ခု ရှိသည်။
ယနေ့မှစ၍ ၊ ရှန်ရှန့်ကျုံဂိုဏ်းသည် အဓိကအင်ပါယာကြီးသုံးခုကြားတွင် ကျော်ကြားလာပေတော့မည်!
"ဒင်၊ ယောင်ရီအင်ပါယာရဲ့ စစ်သူကြီး ချန်းလီနှင့် နှင်းမြူ စစ်တပ် ကို သတ်ဖြတ်ပြီး ရန်သူ့အကြီးအကဲ ပုဂ္ဂိုလ်များကို သတ်ဖြတ်နိုင်ခဲ့ခြင်းကြောင့် ဆုလာဘ်ကို ရရှိသည့်အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါတယ်။"
"ကျပန်းဆင့်ခေါ်ခွင့် ငါး ခု ၊ သတ်မှတ်ထားသော ဆင့်ခေါ်ခွင့်တစ်ခု!"
"ဒင် ၊ ပိုင်ရှင်က ယောင်ရီအင်ပါယာရဲ့ စစ်သူကြီး ချန်းလီကို သတ်ခဲ့ပြီး ယောင်ရီအင်ပါယာနဲ့တိုက်ပွဲကို အစပျိုးခဲ့တယ်။ ဒါကြောင့် ဒီဂိုဏ်းထဲက တပည့်တွေက ယောင်ရီအင်ပါယာရဲ့ အကြီးအကဲကို သတ်လိုက်တိုင်း ဆုလာဘ်တွေ ရလိမ့်မယ်"
"ယောင်ရီအင်ပါယာကို သတ်ဖြတ်ခြင်းအတွက်ပိုင်ရှင် နှင့် ဂိုဏ်း၏အကြီးအကဲများပင်လျှင် ဆုလာဘ်များ ရရှိပေမည်။ သတ်လိုက်သည့်ရန်သူ၏ အခြေခံကျင့်ကြံဆင့် မြင့်မားလေလေ ၊ ဆုကြေးမြင့်လေဖြစ်သည်"
သူ၏စိတ်ထဲတွင် ထွက်ပေါ်လာသော အေးစက်သည့်အသံသည် ဝမ်ဖုန်း၏ မျက်လုံးများကို အလင်းတန်းများ တဖျတ်ဖျတ်တောက်ပသွားစေပြီး သူ၏မျက်နှာထက်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ဤယောင်ရီအင်ပါယာအား သူ၏ ရှန်ရှန့်ကျုံဂိုဏ်းအတွက် အနင်းခံကျောက်တုံးဖြစ်လာစေရန် ရည်ရွယ်ထားခဲ့သည်။
မီတာတစ်ရာအကွာအဝေးတွင် ရှိနေသူများသည် လက်နောက်ပစ်ကာရပ်နေသော ဝမ်ဖုန်းကို ငေးငိုင်၍ စိုက်ကြည့်နေကြဆဲဖြစ်သည်။ တော်ဝင်စစ်သူကြီးသည် ထိပ်တန်းတပ်ဖွဲ့ကြီးနှစ်ခုနှင့် ဆန်းကြယ်အင်ပါယာအဆင့်ရှိထိပ်တန်းစွမ်းအားကြီး ပုဂ္ဂိုလ်ငါးဦးကို ဦးဆောင်မယ်လို့ ဘယ်သူကထင်မှာလဲ။ ဒီနေရာမှာ ငါ အဲ့ဒီ ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်စီးပစ်ချင်တယ်လို့ သူကြုံးဝါးခဲ့သည်။
ထိုသို့ဖြစ်ရမည့်အစား သူသည် ရှန်ရှန့်ကျုံဂိုဏ်းထံမှ သတ်ခံခဲ့ရပြီး ထိုတိုက်ပွဲတွင် ဆန်းကြယ်အဓိပတိအဆင့် စစ်သူကြီး ချန်းလီလည်း သေဆုံးခဲ့ေပသည်။
ဤသတင်း ပြန့်နှံ့သွားသည့်အခါ၌ ယောင်ရီအင်ပါယာနှင့် အဓိက အင်ပါယာကြီး (၃) ခုတွင် မည်သို့သော မုန်တိုင်းများ ကျရောက်မည်ကို ထိုအကြီးအကဲစွမ်းအားကြီးပုဂ္ဂိုလ်များကကြိုတင်ခန့်မှန်းနိုင်ပုံရသည်။
ထိုအကြီးအကဲစွမ်းအားကြီးပုဂ္ဂိုလ်များသည် စိတ်ကူးမကြည့်နိုင်ေတာ့ေပ ၊ နောက်ထပ်ကိစ္စတစ်ခုသည် ၎င်းတို့ ပါဝင်နိုင်သည့်အရာမဟုတ်ပေ။
ယနေ့သည် ရှန်ရှန့်ကျုံ နှင့် ယောင်ရီအင်ပါယာ ကြားရှိ ကစားပွဲဖြစ်သည်။ ဤစစ်တုရင် ခုံပေါ်တွင် ဤကစားသမားနှစ်ဦးသာရှိကြပြီး ကျန်သူများသည် နယ်ရုပ်များသာဖြစ်ကြသည်။
ဤကစားပွဲမှာ နှစ်ထောင်ပေါင်းများစွာအကြာမှသာ ပေါ်ထွန်းခဲ့သော အင်ပါယာသုံးခုအတွင်း တစ်ခုတည်းသော အစစ်အမှန် အထွတ်အထိပ် တိုက်ပွဲဖြစ်သည်။
လွန်ခဲ့သည့်နှစ်တစ်ထောင်က မဟာဧကရာဇ် ယောင်ရီနှင့် မဟာနတ်ဆိုး ရွှမ်ရှတို့ကြား အဆင့်ပြိုင်ဆိုင်မှု တိုက်ပွဲကပင် အနှီအဆုံးသတ်တော့မည့်ကစားပွဲနှင့် မယှဉ်နိုင်ပေ။ ဤစွမ်းအားကြီး ပုဂ္ဂိုလ်များသည် ယောင်ရီအင်ပါယာ နှင့်ရှန်ရှန့်ကျုံဂိုဏ်းတို့တွင် မည်သူက ဤတိုက်ပွဲကို အနိုင်ယူနိုင်မည်ကိုမသိကြ သော်လည်း မည်သူနိုင်သည်ဖြစ်စေ ဘယ်သူရှုံးသည်ဖြစ်စေ ဤတိုက်ပွဲကို လူတိုင်းကြည့်ရှုရမည်ဖြစ်သည်။
"သူ....."
အကြီးအကဲစွမ်းအားကြီးပုဂ္ဂိုလ်များ တုန်လှုပ်နေချိန်တွင် တစ်စုံတစ်ယောက်က ထိတ်လန့်သွားပြီး ထိုအကြီးအကဲစွမ်းအားကြီးပုဂ္ဂိုလ်များကို တုန်လှုပ်ချောက်ခြားမှုမှ ပြန်ဆွဲခေါ်လိုက်သည်။ပြီးနောက် ထိုသူက ၎င်းတို့အပေါ် စူးစူးစိုက်စိုက်ကြည့်နေသည်ကို ခံစားလိုက်ရသည်။
ထိုအကြည့်များသည် အနည်းငယ်မျှပင် အနိမ့်အမြင့် မရှိဘဲ အလွန် ပြတ်သားသဖြင့် အကြီးအကဲစွမ်းအားကြီးပုဂ္ဂိုလ် များ၏ ခန္ဓာကိုယ်များကို အေးခဲသွားစေခဲ့သည်။
ထိုအကြည့်များသည် ဂိုဏ်းချုပ် ဝမ် ၏ အကြည့်များဖြစ်သည်။
"ဂိုဏ်းချုပ် ဝမ် က တကယ်ကို ပြိုင်ဘက်ကင်းတဲ့ စွမ်းအားရှင်တစ်ဦးပါပဲဗျာ။ ဂိုဏ်းချုပ် ဝမ် ကို စတွေ့တုန်းက ဂိုဏ်းချုပ် ဝမ်ဆီမှာရှိတဲ့ အရည်အချင်းကြောင့် အံ့ဩမိသွားမိတယ်။ အဲဒီတုန်းက ကမ္ဘာပေါ်မှာ ဒီလို ထူးခြားတဲ့ လူလည်း ရှိတာပဲလို့တောင် ကျွန်တော် တွေးနေခဲ့တာ"
"အခုတော့ အင်ပါယာရဲ့ စစ်သူကြီးတွေကို အလွယ်တကူ သတ်ဖြတ်နိုင်တဲ့အပြင် အင်ပါယာရဲ့ အဓိက တပ်ကြီးနှစ်ခုကိုလည်း သတ်ဖြတ်နိုင်ခဲ့တဲ့ ဂိုဏ်းချုပ်ဝမ်ရဲ့မဟာအစွမ်း ကို တွေ့မြင်လိုက်ရေတာ့ ဂိုဏ်းချုပ်ဝမ်က သေမျိုးလို မဟုတ်ဘူးပဲ။ဒီကမ္ဘာမှာ ဂိုဏ်းချုပ်ဝမ် လို အားကိုးရတဲ့လူအတွက် ထားစရာနေရာတောင် မရှိတော့ ပါဘူး။"
ကြီးမြတ်သည့် စွမ်းအားကြီး ပုဂ္ဂိုလ်တို့သည် ထိုစကားပြောသောသူကို ကြည့်လိုက်ကြသည်။
ဂိုဏ်းတော်တော်များများ၌ ဤကဲ့သို့ ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်များရှိပေသည်။(ရွဲ့ပြောတာဖြစ်နိုင်ပါတယ်။ကပ်ဖားယက်ဖားကောင်တွေကို ပြောတာပါ)
ဤသည်က ဖားယားခြင်းပေလော ? ဤသည်မှာ သာမာန်လူများလုပ်နိုင်လောက်သည့်အရာ မဟုတ်ဘဲ ထိုအစ်ကိုကြီးကဲ့သို့ တက်ကြွပြီး စကားကြွယ်မှသာ ဖားယားနိုင်မှာဖြစ်သည်။
"ဒီနေ့ ဂိုဏ်းချုပ်ဝမ် လိုမျိုး အမတစွမ်းအားရှင်တွေကိုတွေ့လိုက်ရတော့ အရမ်းလေးစားမိပါတယ်၊ ဒါပေမယ့် ဂိုဏ်းချုပ်ဝမ်ရဲ့မျက်လုံးတွေကို ညစ်ညမ်းစေမှာစိုးလို့ ကျွန်တော် အခုပဲ ထွက်သွားမှာပါ"
"ဒါပေမယ့် စိတ်မပူပါနဲ့ ဂိုဏ်းချုပ် ဝမ်၊ ကျွန်တော်က ဂိုဏ်းချုပ်ရဲ့ အောင်ပွဲခံခြင်းကို ဆက်ပြီးတော့ ဖြန့်ဝေပေးမှာပါပါ ၊ ဒါမှ ဂိုဏ်းချုပ်ဝမ် ရဲ့ အံ့ဖွယ်ပုံရိပ်တွေနဲ့ ရှန်ရှန့်ကျုံဂိုဏ်းအကြောင်းကို ကမ္ဘာကြီးက သိပြီး ကျွန်ေတာ့်လိုပဲ ဂိုဏ်းချုပ်ဝမ်ကို ကမ္ဘာကြီးက ရိုသေ လေးစားခွင့်ရလာမှာပေါ့ “
ထိုလူက ထပ်ပြောခဲ့သည်။ သူ၏ အမူအရာသည် အလွန်လေးနက်ကာ သူ၏မျက်လုံးများသည် လည်းစေတနာများတောက်ပနေပေ၏။ သူသည် စကားပြောသည့်အခါ၌ ဝမ်ဖုန်းနှင့် ရာချီဝေးသည့် နေရာမှပင် သူ၏ ခန္ဓာကိုယ်ကို ကိုင်းညွှတ်ကာ ဂါရဝပြုပြီး ရိုသေစွာပြောခဲ့သည်။