← Chapters

ထျန်းရှင်းဂိုဏ်းက တုန်လှုပ်သွားခဲ့သည်

Vol. 7 Ch. 92

ထျန်းရှင်းဂိုဏ်းက တုန်လှုပ်သွားခဲ့သည်

Vol. 7 Ch. 92

ထိုလူ၏ အသံတိတ်သွားသည့်အခါတွင် လူထုသည် သူ့အား ထပ်ကြည့်နေခဲ့ကြသည်။

အစ်ကို‌ကြီးပြောတာ ကောင်းသားပဲ။

ဆက်ပြောနိုင်ရင် ပြောပါဦး။

ဝမ်ဖုန်းသည်ပင် ပြောဆိုခဲ့သူအား အံ့အားသင့်စွာ ကြည့်နေခဲ့မိပေသည်။ ဝမ်ဖုန်းသည် ထိုစွမ်းအားကြီးပုဂ္ဂိုလ်များအနက် ဤမျှထူးချွန်သော ပါရမီရှင် (ဖိနပ်လျက်သူ)များ ရှိနေမည်ဟု မထင်ထားခဲ့ပေ။

ထိုသို့ သိခဲ့ရခြင်းသည် ဝမ်ဖုန်းအား တကယ်ပင် စိတ်အေးသွားစေခဲ့သည်။

ဒီကမ္ဘာထဲက ဒီလူလို အားထားရသူရှိနေလို့ တော်သေးပါရဲ့။ နတ်သားလေးရောက်လာသလိုပဲ။ ကြည့်ကြစမ်းပါဦး၊ စကားပြောတယ်ဆိုတာ ဒီလိုပြောကြရတာလေ။

“ထျန်းရှင်းဂိုဏ်းက လွဲပြီး တခြားလူတွေ သွားလို့ရပြီ!” ဝမ်ဖုန်းသည် အင်အားကြီးဂိုဏ်းများစွာကို ကြည့်ပြီး လေးလေးနက်နက်နှင့် ပြောခဲ့သည်။

ကလဲ့စားချေခြင်းကို တစ်ညအတွင်း လုပ်ဆောင်၍ မရပေ။ သူသည် ယခင်က ထျန်းရှင်းဂိုဏ်းသို့ မသွားဘဲ ယောင်ရီအင်ပါယာကို ရင်ဆိုင်ရန်သာ အတတ်နိုင််ဆုံးလုပ်ဆောင်ခဲ့သည်။ယခုတွင် ဝမ်ဖုန်းသည် ယောင်ရီအင်ပါယာကို အနိုင်ပိုင်း နိုင်ခဲ့လေပြီ။ ထို့ကြောင့် ထျန်းရှင်းဂိုဏ်းကို အလွှတ်မပေးထားနိုင်ပေ။

အခြားဂိုဏ်းများအပေါ်တွင်တော့ ဝမ်ဖုန်းသည် မကျေနပ်ချက်များ၊ မုန်းတီးခြင်းများ မရှိခဲ့ပေ။ ဝမ်ဖုန်းသည်လည်း အပြစ်မရှိသူများအား လက်လွတ်စပယ် သတ်ဖြတ်တတ်သူတစ်ဦး မဟုတ်ပေ။

“ဟုတ်ကဲ့, ဒါဆိုရင် သွားပါတော့မယ်။”

ဝမ်ဖုန်းပြောသည်ကို ကြားခဲ့ရသည့်အခါတွင် ထိုဂိုဏ်းချုပ်တို့သည် ရုတ်တရက် ပြုံးပျော်သွားခဲ့ကြပြီး မြန်မြန်ဆန်ဆန် ဖြေကြားခဲ့ကြသည်။ ထို့နောက်တွင် သူတို့သည် ငှက်နှင့် သားရဲများ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးခဲ့ကြသကဲ့သို့ ထွက်သွားခဲ့ကြပေသည်။

သူတို့သည် ထျန်းရှင်းဂိုဏ်းက ဒုက္ခရောက်တော့မည်ကို သိရှိနေခဲ့ကြလေသည်။

သူတို့သည် ယောင်ရီအင်ပါယာ၏ ထိပ်တန်း ဂိုဏ်းများပင်ဖြစ်သော်လည်း ထျန်းရှင်းဂိုဏ်းကို ကူညီရန် လုံးဝမစဉ်းစားခဲ့ပေ။ ထိုသူတို့အတွက် ဤကဲ့သို့ အလွန်ဆိုးယုတ်သည့် နေရာမှ လွတ်မြောက်လာတာကပင် အလွန်ကံကောင်းလှလေပြီ။ သူတို့သည် ဝမ်ဖုန်းအား နောက်တစ်ကြိမ် ရန်စပြီး ဒုက္ခပြန်ခံရမည်လား?

ထို့အပြင် ဂိုဏ်းချုပ် ဝမ် မှ ထျန်းရှင်းဂိုဏ်းကို တကယ် ဖျက်ဆီးခဲ့ပါက သူတို့အတွက် ကောင်းကျိုးတစ်ခုသာဖြစ်ပေမည်။

ထျန်းရှင်းဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ထိုဂိုဏ်းမှ ကျွမ်းကျင်သူအများအပြားသည် ဝမ်ဖုန်း၏စကားကို ကြားခဲ့သည့်အခါတွင် တုန်ရီသွားခဲ့ကြပြီး သူတို့၏မျက်လုံးတို့တွင် အကြောက်တရားများ ဖြတ်သန်းသွားခဲ့သည်။

ယခင်က အလွန် မာနကြီးခဲ့ပြီး ရှန်ရှန့်ကျုံဂိုဏ်းကို ကဲ့ရဲ့ခဲ့သည့် ထျန်းရှင်းဂိုဏ်းချုပ်၏ခန္ဓာကိုယ်တစ်ခုလုံးသည်ပင် လုံးဝ တုန်လှုပ်နေခဲ့သည်။

ရှန်ရှန့်ကျုံဂိုဏ်းက ပျက်စီးမှုအား မှော်ပညာအဖြစ်သို့ ပြောင်းလဲ့ခဲ့ပြီး အခြေအနေကို ပြောင်းပြန်ဖြစ်စေခဲ့ကာ အင်ပါယာကြီး၏ စွမ်းအားကိုပင် အနိုင်ယူနိုင်ခဲ့သည်ကို ထျန်းရှင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် သူ၏မျက်လုံးများနှင့် ကိုယ်တိုင်တွေ့ခဲ့ရပေသည်။ ထိုကဲ့သို့သော လူသည် သူတို့၏ ထျန်းရှင်းဂိုဏ်းကို ဒုက္ခပေးချင်နေခဲ့သည်။ သူတို့က ဘယ်လိုလုပ် မတုန်ရီဘဲနေနိုင်ပါ့မည်နည်း?

ထျန်းရှင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် ရုတ်တရက် နောင်တရသွားခဲ့သည်။ သူ့ကြောင့်ပင် ယခုအချိန်တွင် ထျန်းရှင်းဂိုဏ်းပေါ်သို့ ဒုက္ခများစွာ ကျရောက်လာပြီဖြစ်ပေသည်။

“ဂိုဏ်းချုပ် ဝမ်က ကျုပ်ကို ဘာကြောင့်များ စောင့်နေခိုင်းတာလဲမသိဘူး၊ ဘာပြောမလို့ပါလဲ?”

ဝမ်ဖုန်းက လီထျန်းရှင်းကြောင့် သူ၏ ထျန်းရှင်းဂိုဏ်းကို စောင့်ဆိုင်းခိုင်းခဲ့သည်ကို သိနေခဲ့သော်လည်း ထျန်းရှင်းဂိုဏ်းချုပ်က မေးခဲ့သေးပေသည်။

သို့သော် ဝမ်ဖုန်းမှ ဒီကိစ္စကို အရင်မပြောခဲ့လျှင် ထျန်းရှင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် သူ့ဘက်ကစ၍ အရင်ဆုံး လုံးဝ ပြောမည်မဟုတ်ပေ။ သူသည် ဝမ်ဖုန်းမှ သူ့အား ယောင်ရီအင်ပါယာအကြောင်း အချို့ကို မေးမြန်း‌ချင်နေခဲ့သည်ဟုပင် မျှော်လင့်နေခဲ့သေးပေသည်။

ထျန်းရှင်းဂိုဏ်း၏ ဂိုဏ်းချုပ်ဘေးမှ လှပတင့်တယ်သော တာအိုဝတ်ရုံ ဝတ်ဆင်ထားသည့် အမျိုးသမီး၏ ဦးခေါင်းသည့် သူမ၏ ရင်ဘက်နားလောက်ကိုပင် ငုံ့နေခဲ့ပြီဖြစ်သည်။ သူမသည် ဝမ်ဖုန်းမှ သူမရှိနေသည်ကိုပင် မသိသွားစေချင်ခဲ့ကာ သူမကိုယ်သူမ ကိုယ်ပျောက်လူတစ်ဦးကဲ့သို့ပင် ရှိနေရန် ကြိုးစားနေခဲ့သည်။ အစပိုင်းတွင် သူမသည် ရှန်ရှန့်ကျုံဂိုဏ်းအား အများဆုံး ကဲ့ရဲ့ခဲ့သူတစ်ဦး ဖြစ်သည်။

ထိုသို့သော လူတစ်ယောက်အနေနှင့် သူမက ပို၍ကြောက်နေခဲ့သည်မှာ သဘာဝကျပေသည်။

“သတ်ပစ်လိုက်!”

ဝမ်ဖုန်းသည် ထျန်းရှင်းဂိုဏ်း၏ ဂိုဏ်းချုပ်ကို စိတ်မဝင်စားစွာနှင့် ကြည့်ခဲ့ပြီး အေးတိအေးစက်ဖြင့် ပြောခဲ့သည်။ သူသည် ထျန်းရှင်းဂိုဏ်းချုပ်နှင့် စကားပြောရန်ပင် စိတ်မဝင်စားခဲ့ပေ။

ဝမ်ဖုန်းသည် လီထျန်းရှင်းအား သူမအတွက် ကလဲ့စားချေပေးရင်းပင် သူမ၏ မိသားစုကိုလည်း လုံခြုံစွာ ထားထားနိုင်မည်ဟု ကတိပေးခဲ့သောကြောင့် ထျန်းရှင်းဂိုဏ်းကို ဖျက်ဆီးခြင်းသည် ကလဲ့စားချေရန် အကောင်းဆုံးနည်းလမ်းဖြစ်‌ပေသည်။

မည်သူကမှ သူ၏ ရှန်ရှန့်ကျုံဂိုဏ်းမှ လူများအား ထိခိုက်အောင်မလုပ်နိုင်စေရ ။ ထိုသူသည် ဝမ်ဖုန်း၏ ရှန်ရှန့်ကျုံဂိုဏ်းထဲသို့သာ ဝင်ခဲ့ပါက အတိတ်၌ဖြစ်စေ၊ ပစ္စုပ္ပန်၌ဖြစ်စေ၊ သို့မဟုတ် အနာဂတ်၌ဖြစ်စေ ထိုသူ့ကို ထိခိုက်စေရဲသူ မည်သူမဆို အဆပေါင်း ရာထောင်ချီ ပြန်ပေးဆပ်ရမည်ဖြစ်သည်။

ဝမ်ဖုန်း၏အသံတိတ်သွားသည့်နောက်တွင် ဝမ်ဖုန်း၏ အနောက်တွင် ရပ်နေခဲ့သည့် ချီမိန်ချွှေရွှယ်နှင့် ယဲ့ကူချန်တို့သည် ချက်ချင်း လှုပ်ရှားသွားခဲ့သည်။

သူတို့၏ ခန္ဓာကိုယ်များသည် ပျောက်ကွယ်သွားခဲ့ကြပြီး ထျန်းရှင်းဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်များစွာ ရှေ့၌ထွက်ပေါ်လာခဲ့ကြသည်။ ထျန်းရှင်းဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်များစွာဆီသို့ ကြောက်စရာကောင်းသော ဓားရောင်ခြည် နှစ်ရောင်ထွက်ပေါ်သွားခဲ့သည်။

ချွန်ထက်သော ဓားစွန်းသည် ဟင်းလင်းပြင်အား မည်းမှောင်သော အက်ကွဲရာတစ်ခုအဖြစ် ကွဲအက်သွားစေခဲ့သည်။

ဝမ်ဖုန်းပြောခဲ့ချိန်မှစ၍ ချီမိန်ချွှေရွှယ်၏ ဓားသွားနှစ်ချက် ထွက်ပေါ်လာချိန်အထိ တစ်ခဏမျှသာ ကြာခဲ့လေသည်။ ထို့ကြောင့် ထျန်ရှင်းဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်များစွာက တုံ့ပြန်ခဲ့ချိန်တွင် ချီမိန်ချွှေရွှယ်၏ တိုက်ခိုက်မှုက ကျရောက်လာခဲ့ပြီးဖြစ်ပေသည်။

ဝမ်ဖုန်းမှ ကိုယ်တိုင် တိုက်ခိုက်ခဲ့ခြင်းမဟုတ်သော်လည်း ထျန်းရှင်းဂိုဏ်းမှ ကျွမ်းကျင်သူများစွာသည် ချီမိန်ချွှေရွှယ်နှင့် ယဲ့ကူချန်တို့၏ ကြောက်စရာကောင်းသော စွမ်းအားကို တွေ့ကြုံခဲ့ကြဖူးလေသည်။

ထိုအချိန်တွင် ထျန်းရှင်းဂိုဏ်းချုပ်သည်ပင် ကြောက်ရွံ့သွားခဲ့ပြီး သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ဖြတ်သန်းသွားခဲ့သည်။ သူသည် အခြားအရာများအကြောင်း စဉ်းစားနေရန်အချိန်မရှိဘဲ သူ၏ခန္ဓာကိုယ်မှ စွမ်းအားကို ချက်ချင်း ထုတ်ဖော်ခဲ့‌လေသည်။

ထျန်းရှင်းဂိုဏ်းချုပ်သည် ဝမ်ဖုန်းဘက်မှ သူ၏ထျန်းရှင်းဂိုဏ်းကို တိုက်ခိုက်မည်ဟု တွေးတောထားခဲ့သော်လည်း ပရိယာယ်မဆင်ဘဲယခုကဲ့သို့ ချက်ချင်း တိုက်ရိုက်တိုက်ခိုက်ခဲ့မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထိုကြောင့် ထျန်းရှင်းဂိုဏ်းချုပ်သည် ရှက်ရွံ့နေခဲ့ပြီး တစ်ချိန်တည်းတွင် တုန်လှုပ်နေခဲ့သည်။

သူသည် ချီမိန်ချွှေရွှယ်နှင့် ယဲ့ကူချန်တို့၏ တိုက်ကွက်များကို ခုခံရန် အကောင်းဆုံး ကြိုးစားနေခဲ့ပြီး သူ၏အနောက်မှ ထျန်းရှင်းဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်များသည်လည်း အစွမ်းကုန်သုံးပြီး တိုက်ခိုက်လာခဲ့ပေသည်။

သူတို့သည် တကယ့်ကို ကြောက်ရွံ့နေခဲ့ကြသည်။သို့သော် သူတို့သည် တကယ်ပင် တွေ့ကြုံနေခဲ့ရချိန်တွင် မည်သူမျှ ထိုင်ကြည့်နေပြီး လုံးဝမကြိုးစားဘဲ မနေနိုင်ခဲ့ကြပေ။ သူတို့ မလုပ်နိုင်ဘူးလို့ မယုံကြည်ချင်ကြပေ။

ဗုံး!

ချီစွမ်းအားများ သည် ထျန်းရှင်းဂိုဏ်းချုပ်နှင့် ထျန်းရှင်းဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်များစွာများ၏ ကိုယ်မှ ချက်ချင်း ထွက်ပေါ်လာခဲ့ကြပြီး ကမ္ဘာကြီးတစ်ခုလုံးအား တုန်လှုပ်သွားစေခဲ့သည်။

ထိုတစ်ကြိမ်တွင် ထျန်းရှင်းဂိုဏ်းသည် အင်ပါယာ၏ စွမ်းအားကြီးပုဂ္ဂိုလ်များမှ ရှန်ရှန့်ကျုံဂိုဏ်းကို ဝန်းရံဖိနှိပ်မှာကို လာကြည့်ခဲ့ကြသည်။ ထျန်းရှင်းဂိုဏ်းချုပ်နှင့် လှပတင့်တယ်သော တာအိုဝတ်ဆုံ ဝတ်ဆင်ထားသည့် အမျိုးသမီးနှင့်အတူ ထျန်းရှင်းဂိုဏ်း၏ အကြီးအကဲ လေးဦးလည်းပါနေခဲ့ပြီး ထိုအကြီးအကဲအားလုံးသည် ဆန်းကြယ် အင်ပါယာ အလယ်အလတ်အဆင့်နှင့် အထက် ရှိနေခဲ့ကြသူများဖြစ်ပေသည်။

ထျန်းရှင်းဂိုဏ်းတစ်ဂိုဏ်းလုံးတွင် စုစုပေါင်း ဆန်းကြယ်အင်ပါယာအဆင့်ရှိ အကြီးအကဲခြောက်ဦးရှိနေခဲ့သည်။ ထျန်းရှင်းဂိုဏ်းတွင် ကျန်ရစ်နေခဲ့သည့် အကြီးအကဲတစ်ဦးမှလွဲပြီး ထျန်းရှင်းဂိုဏ်းတစ်ခုလုံးမှ အဆင့်မြင့်သူများသည် ရှန်ရှန့်ကျုံဂိုဏ်း၏ စုဝေးကွင်း၌ စုရုံးနေခဲ့ကြပေသည်။

ဤသူများသာ ဆုံးပါးသွားခဲ့ပါက ထိုသို့ ဆုံးပါးသွားသည့်နေ့တွင်ပင် ထျန်းရှင်းဂိုဏ်းသည် ပျက်သိမ်းသွားပြီဟု ပြောနိုင်ပေသည်။ ရှန်ရှန့်ကျုံဂိုဏ်းမှ မတိုက်ခိုက်ခဲ့လျှင်ပင် ထျန်းရှင်းဂိုဏ်းအား အခြားသော ထိပ်တန်းဂိုဏ်းများမှ ဖျက်ဆီးလိုက်မှာဖြစ်သည်။

ဗုံး!

ချီမိန်ချွှေရွှယ်နှင့် ယဲ့ကူချန်တို့၏ ဓားကွက်များသည် ထျန်းရှင်းဂိုဏ်း၏ ကျွမ်းကျင်သူများစွာ၏ ဓားကွက်များနှင့် တိုက်မိသွားခဲ့ကြပြီး အရပ်ရပ်သို့ ကြောက်စရာကောင်းသော စွမ်းအားများ ပျံ့နှံ့သွားခဲ့သည်။

ထျန်းရှင်းဂိုဏ်းတွင် ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးနှင့် ဆန်းကြယ်အင်ပါယာအဆင့်ရှိ အကြီးအကဲငါးဦးရှိခဲ့သောကြောင့် ချီမိန်ချွှေရွှယ်နှင့် ယဲ့ကူချန်တို့ထက် လူဦးရေ ပိုများပေသည်။

သို့သော်လည်း ချီမိန်ချွှေရွှယ်နှင့် ယဲ့ကူချန်တို့ထံမှ ထွက်ပေါ်လာခဲ့သည့် ထက်မြက်သော ဓားကွက်များသည် ထျန်းရှင်းဂိုဏ်း၏ ကျွမ်းကျင်သူများစွာဘက်မှ ထွက်ပေါ်လာခဲ့သည့် တိုက်ကွက်များကို လွယ်လွယ်ကူကူနှင့်ပင် ဖျက်ဆီးနိုင်ခဲ့လေသည်။

ဆန်းကြယ် အင်ပါယာ အထွတ်အထိပ်အဆင့် စွမ်းအားကြီးပုဂ္ဂိုလ်နှင့်အတူ ဆန်းကြယ်အင်ပါယာ အလယ်အလတ်နှင့် အထက်အဆင့်၌ရှိ စွမ်းအားကြီးပုဂ္ဂိုလ်များမှ ထွက်ပေါ်လာသည့် တိုက်ကွက်များသည် ချီမိန်ချွှေရွှယ်နှင့် ယဲ့ကူချန်တို့၏ ဓားကွက်များနှင့် ရင်ဆိုင်ရချိန်တွင် ပူဖောင်းများကဲ့သို့ ပျက်စီးသွားခဲ့လေသည်။

ချွန်ထက်စွာနှင့် တောက်ပနေခဲ့သည့် ထိုဓားနှစ်ချောင်းသည် ထျန်းရှင်းဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်များစွာဘက်သို့ ဦးတည်ကျဆင်းလာသည်။

“ဒါ…ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ?”

ထျန်းရှင်းဂိုဏ်းချုပ်သည် လုံးဝတုန်ရင်နေခဲ့သည်။သူသည် မျက်လုံးပြူးသွားပြီး သူ၏မျက်နှာပေါ်တွင်လည်း မယုံကြည်နိုင်ဖြစ်နေသည်မှာ ပေါ်လွင်နေခဲ့သည်။ ဝမ်ဖုန်းက တိုက်ခိုက်နေခဲ့သည်ဆိုပါက သူ လုံးဝ အံ့သြသွားခဲ့မည်မဟုတ်ပေ။ သို့သော် ချီမိန်ချွှေရွှယ်နှင့် ယဲ့ကူချန်တို့သည် ရှန်ရှန့်ကျုံဂိုဏ်း၏ အကြီးအကဲများသာဖြစ်ကြသော်လည်း ဤကဲ့သို့ ကြောက်စဖွယ် စွမ်းအားများ ရှိနေခဲ့သည်လား?

ထျန်းရှင်းဂိုဏ်းချုပ်သည် ချီမိန်ချွှေရွှယ်နှင့် ယဲ့ကူချန်တို့၏ ကြောက်စဖွယ်စွမ်းအားအကြောင်းကို အခြားသူများထံကသာ ကြားရဖူးပေသည်။ အင်ပါယာ၏ အကြီးအကဲများနှင့် ရင်ဆိုင်ရချိန်တွင် ချီမိန်ချွှေရွှယ်နှင့် ယဲ့ကူချန်သည် သူတို့၏ စင်စစ်စွမ်အားကို ထုတ်ဖော်မပြသခဲ့ပေ။ ထို့ကြောင့် ထျန်းရှင်းဂိုဏ်းချုပ်သည် ရှန်ရှန့်ကျုံဂိုဏ်း၏ အကြီးအကဲနှစ်ဦးသည် ဤမျှလောကမ ကြောက်မက်ဖွယ်ကောင်းမည်ဟု လုံးဝ မထင်ထားခဲ့ပေ။

ထျန်းရှင်းဂိုဏ်း ကျွမ်းကျင်သူများစွာ၏ အကြည့်များအောက်တွင်ပင် နှိုင်းယှဉ်၍မရနိုင်အောင် မြန်ဆန်သည့် ဓားရောင်ခြည်သည် တည့်တည့်ကျဆင်းသွားခဲ့လေသည်။

All Chapters