ဧကရာဇ်ကိုတုန်လှုပ်စေပြီ! အင်ပါယာ နှစ်ခု၏ အပြောင်းအလဲ
Vol. 7 Ch. 93
ဓားရောင်ခြည်သည် ဝင်းလက်သွားခဲ့ပြီး ထျန်းရှင်း ဂိုဏ်း၏ ဂိုဏ်းချုပ်အပါအဝင် အင်အားကြီး ပုဂ္ဂိုလ်များစွာတို့၏ ယဦးခေါင်းများသည် လေပေါ်သို့ မြောက်တက်သွားကြသည်။
ဤမြင်ကွင်းသည် ဘောလုံးများ လွင့်ထွက်သွးကဲ့သို့ အံ့အားသင့်စရာကောင်းလှသည်။
ပေါက်ကွဲသံနှင့်အတူ ထျန်းရှင်း ဂိုဏ်းမှ အင်အားကြီးပုဂ္ဂိုလ်များများစွာ၏ ရုပ်အလောင်းများသည် မြေပြင်ပေါ်သို့ ပြုတ်ကျကာ ဖုန်မှုန့်များ ထွက်ပေါ်လာခဲ့သည်။
သေသွားသည့်တိုင်အောင် ထျန်းရှင်းဂိုဏ်းချုပ်၏ မျက်လုံးများသည် စိတ်ချလက်ချ မမှိတ်နိုင်ပဲ ဝမ်ဖုန်းကို စိုက်ကြည့်နေဆဲဖြစ်သည်။
ဤရှန်ရှန့်ကျုံဂိုဏ်းသည် ဘယ်လို တည်ရှိမှုမျိုးပါလဲ။ထွက်ပေါ်လာသည့် မည်သူမဆို ထျန်းရှင်းဂိုဏ်းအား သတ်ဖြတ်နိုင်ပေသည်။
ဤသည်က အလွန်ရက်စက်ရာကျပေသည်။
"ဒင်၊ ဆန်းကြယ်အင်ပါယာအဆင့်ရှိ အင်အားကြီး ပုဂ္ဂိုလ် ခြောက်ဦးအား သတ်ဖြတ်ပြီး ဂိုဏ်းတန်ဖိုး ၅၀၀၀၀ ရရှိသည့်အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါတယ်။"
ဝမ်ဖုန်း ၏ စိတ်ထဲတွင် စနစ်၏ အသံ ထွက်ပေါ်လာသည်။
"ရွှမ်ရှ၊ သေချာရှင်းလိုက် ငါ့တို့ရှန်ရှန့်ကျုံ ဂိုဏ်းရဲ့ လေထုထဲမှာ သွေးနံ့တွေ မရစေနဲ့။" ဝမ်ဖုန်းသည် မီတာရာနှင့်ချီ ကွာဝေးသော နေရာရှိ သွေးနီရောင်မြေကို လှမ်းကြည့်ကာ သူ၏နောက်မှ မဟာနတ်ဆိုးရွှမ်ရှအား ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်"
မဟာနတ်ဆိုးကြီးရွှမ်ရှ သည် လျစ်လျူမရှုဝံ့သဖြင့် လျင်မြန်စွာ ပြန်ဖြေခဲ့သည်။
ထို့နောက် ဝမ်ဖုန်းသည် လူစုခွဲရန်အတွက် သူ၏လက်ကို ဝှေ့ယမ်းကာ အချက်ပြခဲ့သည်။ သူသည် ယဲ့မုချင် ကိုခေါ်ကာ ဂိုဏ်းချုပ်ခန်းမ သို့ တိုက်ရိုက်သွားခဲ့သည်။သူသည် ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့်ရှိ အင်အားကြီးပုဂ္ဂိုလ်ကို သတ်ဖြတ်လိုက်ပြီးဖြစ်ရာ ဤတစ်ခေါက်ရရှိသော တာဝန်ပြီးမြောက်မှု ဆုလာဘ်များကို စစ်ဆေးရန် အပြေးအလွှား သွားခဲ့သည်။
ဒီ့နောက်မှာ သူရက်အနည်းငယ်လောက် အနားယူပါဦးမည်။
............
ဝမ်ဖုန်း နှင့် ယဲ့မုချင်တို့သည် ဂိုဏ်းချုပ်ခန်းမသို့ ပြန်ရောက်သောအခါ၌ ကျန်နေခဲ့သော ဂိုဏ်းအကြီးအကဲများသည် ယောင်ရီအင်ပါယာ နှင့် ရှန်ရှန့်ကျုံဂိုဏ်းအကြား တိုက်ပွဲ၏ ရလဒ်များကို ကြေညာလိုက်ကြသည်။
အကြီးအကဲ အစ်ကို ပြောသည့်အတိုင်း ဝမ်ဖုန်းက ထိုအရာကို မပြောလျှင်ပင် သူတို့သည် သတင်းကို ကြေညာပေးလိမ့်မည်။
ယောင်ရီအင်ပါယာ၏ ပိုင်နက်အတွင်း ဤကဲ့သို့ စွမ်းအားကြီးဂိုဏ်းတစ်ဂိုဏ်း ထွက်ပေါ်လာပေပြီ။ သူတို့မပြောချင်ရင်တောင်မှ ဒီသတင်းက အလိုလိုပျံ့သွားမှာဖြစ်သည်။
ထို့ပြင် ထိုလူ(ဝမ်ဖုန်း) ၏စကားတစ်ခွန်းကပင် သူတို့အား သတ်ဖြတ်နိုင်စွမ်းရှိလေသည်ဖြစ်ရာ ဝမ်ဖုန်းကို ရန်စမိစေမည့် အလုပ်မျိုးသူတို့ မလုပ်ရဲကြပါ။
အမှန်တော့၊ ဤအင်အားကြီးပုဂ္ဂိုလ်ကြီးများက သတင်းများကို မကြေညာခင်ကတည်းက အင်ပါယာမြို့တော်ရှိလူတစ်ဦးသည် သတင်းများကိုရရှိပြီးသားဖြစ်သည်။
ခမ်းနားသောနန်းတော်အတွင်း၌။
ယောင်ရီ ဧကရာဇ် ယွီဟောက် သည် သူ၏လက်ထဲတွင် ခရမ်းရောင်ရွှေစက္ကူတစ်ရွက်ကို ကိုင်ကာ စာရွက်ပေါ်ရှိ တလက်လက်တောက်ပနေသော စာကြောင်းများကို အထပ်ထပ်အခါခါ ကြည့်နေသည်။
ကြီးမြတ်သည့် ဧကရာဇ်၏ မျက်နှာသည် တုန်လှုပ်သွားသည်။
ဤစာသည် အင်ပါယာ၏ အဆင့်အမြင့်ဆုံးသော လျှို့ဝှက်အစီရင်ခံစာဖြစ်ပြီး၊ လျှို့ဝှက်သတင်းအဆင့်ရှိသည့် အရာရာတိုင်းကို အစီရင်ခံထားခြင်း ဖြစ်သည်။
ဤအချက်ကြောင့် ကြီးမြတ်သည့် ဧကရာဇ်သည် ဂိုဏ်းများ၏ အင်အားကြီး ပုဂ္ဂိုလ် များထံမှ သတင်းမရခင်ပင် ရှန်ရှန့်ကျုံဂိုဏ်း၏ စစ်မြေပြင်ရလဒ်များကို သိရှိပြီးသားဖြစ်သည်။
ခန်းမတစ်ခုလုံးသည် ပေါက်ကွဲတော့မည့် မီးတောင်ကဲ့သို့ ပြင်းထန်ပြီး စိတ်ပျက်ဖွယ်ကောင်းသော အခိုးအငွေ့များဖြင့် ပြည့်နှက်နေခဲ့သည်။ ခန်းမထဲမှ လူများသည် အကြောင်းပြချက်မရှိ အေးစိမ့်မှုကိုခံစား နေကြရသည်။
"ဗုန်း"
"သေသွားတာတွေ ကြည့်ပါဦး! သေသွားတာတွေကို ကြည့်ပါဦး!"
"ရှန်ရှန့်ကျုံဂိုဏ်းက အတော်သတ္တိရှိတာပဲ!"
ယခုအချိန်တွင် ဘုန်းတန်ခိုးအာနုဘော်မရှိတော့သော ကြီးမြတ်သည့် ဧကရာဇ်သည် အမျက်ဒေါသ ထွက်ကာ သူ၏ရှေ့၌ရှိသည့် အဖိုးတန်ပစ္စည်းများဖြင့် ပြုလုပ်ထားသော စားပွဲကို ရုတ်တရက် ကန်ချလိုက်သည်။
ထိုအချိန်တွင် ခန်းမထဲ၌ တာဝန်ကျနေသောမိန်းမစိုးများနှင့် အေစခံများအားလုံးသည် အသက်မရှူဝံ့ဘဲ ချက်ချင်း ကြမ်းပြင်ပေါ်၌ ဒူးထောက်လိုက်ကြသည်။
လူသေအလောင်းတစ်သန်းကျော်ရှိသဖြင့် ကြီးမြတ်သည့် ဧကရာဇ်သည် အလွန် အမျက်ထွက်သွားခဲ့သည်။
ဤအချိန်တွင် တော်ဝင် မိသားစုကို တိုက်ခိုက်ပြီး ဧကရာဇ်အား စိတ်အနှောင့်အယှက်ပေးရဲသူသည် ထင်ရှားလာခဲ့ပေသည်။
ခရမ်းရောင်ရွှေစက္ကူကို ဆုတ်ဖြဲလိုက်ပြီးနောက် ၊ ယောင်ရီ ဧကရာဇ် သည် ကြမ်းပြင်တစ်ပြင်လုံးရှိ စက္ကူများကိုတစ်ချက်ကြည့်လိုက်ပြီး အေးစက်စက် ပြောခဲ့သည်။
"အဲ့ဒါကို ကောက်ယူကြည့်လို့ အက်ကြောင်းတစ်ခုရှိနေရင် ခေါင်းဖြတ်ပစ်မယ်!"
"ဟုတ်ကဲ့ပါ"
မိန်းမစိုးများသည် ခေါင်းငုံ့၍ ရှေ့သို့ တိုးကာ စာရွက်အပိုင်းအစများကို ဂရုတစိုက် ကောက်ယူ၍ သေချာဆက်ပေးလိုက်ကြသည်။
တစ်ခဏအတွင်းမှာပင် နဂိုကဲ့သို့ဘောင်ခတ်ထားသည့် ခရမ်းရောင်ရွှေစက္ကူတစ်ရွက်သည် ဧကရာဇ် ယောင်ရီ၏လက်ထဲသို့ ပြန် ရောက်လာသည်။
သူသည် လျှို့ဝှက်ချက်အစီရင်ခံစာကို အနည်းငယ်ထပ်ဖတ်ကြည့်ကာ ဒေါသတကြီးဖြင့် အပိုင်းပိုင်းဆုတ်ဖြဲပစ်လိုက်သည်။
"ကောင်းပြီ၊ ငါတို့အင်ပါယာထဲမှာ ဒီလို စည်းကမ်းမလိုက်နာတဲ့ သူပုန်တွေနဲ့ သူခိုးတွေ ရှိတယ်။"
"ငါ့ရဲ့ ထိပ်တန်း စစ်တပ်နှစ်ခုကို သတ်ပစ်တယ်၊ ငါရဲ့စစ်သူကြီးကို လည်းသတ်ပစ်တယ်!"
"အိုး အတော်ကောင်းတာပဲ!"
ဧကရာဇ်မင်းမြတ်သည် နဂါးတစ်ကောင် ဟိန်းဟောက်သကဲ့သို့ ခန်းမတစ်ခုလုံး ပဲ့တင်သံထွက်သွားအောင် အော်လိုက်၏။
ခန်းမတွင်းရှိ မိန်းမစိုးများစွာနှင့် တာဝန်ထမ်းဆောင်နေသော အစေခံများ၏ နားစည်များ ကွဲအက်သွားကာ နားထဲမှ သွေးများပင် ယိုစိမ့်ကျလာသည်။ သူတို့အလွန် နေရအဆင်မပြေသည့်တိုင် လေးစားစွာဖြင့် ဒူးထောက်ခစား နေကြပြီး အသံပင်မထွက်ရဲပဲ သည်းခံနေကြသည်။
ခန်းမအတွင်း၌ရှိသည့် မိန်းမစိုးများနှင့် အစေခံများသာမက ခန်းမအပြင်ဘက်ရှိ အစောင့်များသည်လည်း ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ အသံမထွက်ရဲကြပေ။
"လက်ဝဲ အမတ် နဲ့ လက်ယာ အမတ် တို့ကို ဒီကိုလာဖို့သွားခေါ်ခဲ့"
ဧကရာဇ် ယောင်ရီသည် သူ၏စိတ်ထဲရှိ ဒေါသကို မျိုသိပ်ကာ ပြောလိုက်သည်။
မိန်းမစိုးတစ်ယောက်သည် ကြီးမြတ်သည့် ဧကရာဇ်အား တလေးတစား ဦးညွှတ်ပြီး အမြန်ထွက်လာခဲ့သည်။
ကြီးမြတ်သည့် ဧကရာဇ်သည် သူ၏စိတ်နှလုံးအတွင်းရှိကြောက်ရွံ့မှုကို ဖုံးကွယ်ရန်အတွက် သူ၏ဒေါသကို အသုံးပြုခဲ့သည်။
ဆန်းကြယ်အဓိပတိအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သော စစ်သူကြီး ချန်းလီသည် ရှန်ရှန့်ကျုံ ဂိုဏ်းချုပ်၏ သတ်ဖြတ်ခြင်းကို အလွယ်တကူ ခံခဲ့ရပေသည်။
ဤရှန်ရှန့်ကျုံဂိုဏ်း၏ ကြောက်စရာကောင်းမှုသည် ဧကရာဇ် မျှော်လင့်ထားသည်ထက် များစွာသာလွန်နေခဲ့သည်။
ဧကရာဇ်သည် ရှန်ရှန့်ကျုံဂိုဏ်းသည် အင်ပါယာ၏အာဏာအောက်တွင် ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့်ရှိ အင်အားကြီးပုဂ္ဂိုလ်ငါးဦးရှိသော်လည်း သူတို့သည် လက်ညှိုးနှင့် အလွယ်တကူ ဖိသတ်ပစ်နိုင်သည့် ဘာမျှမဟုတ်သော ပုရွက်ဆိတ်များဟုသာ ထင်ထားခဲ့သည်။
မထင်မှတ်စွာဖြင့်၊ ထိုပုရွက်ဆိတ်က မျက်စိတစ်မှိတ်အတွင်းမှာပင် ဧရာမပုရွက်ဆိတ်ကြီးတစ်ကောင် ဖြစ်သွားခဲ့သည်။
အင်ပါယာ၏ ထိပ်တန်းစစ်တပ်နှစ်ခု သေဆုံးမှုနှင့် စစ်သူကြီး ချန်းလီ၏သေဆုံးမှုတို့သည် ယောင်ရီအင်ပါယာတစ်ခုလုံးအတွက် အရှက်ရစရာဖြစ်သည်။
ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်က အကြောက်အလန့်မရှိ သူ၏မျက်နှာကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်သကဲ့သို့ ရန်စသွားခဲ့လေသည်။
ခန်းမတစ်ခုလုံးသည်လည်း တိမ်မည်းများနဲ့ ဖုံးလွှမ်းနေပြီး လျှပ်စီးလက်ကာ မိုးခြိမ်းနေခဲ့သည်။
မည်သူကမျှ စကားမပြောဝံ့ဘဲ ဂါရဝပြုနေ သည်။ဒါကိုတောင် မလုံလောက်သေးသည်ဟု ခံစားနေရသောကြောင့် အစေခံများသည် ခန္ဓာကိုယ်တစ်ခုလုံးမြေကြီး၌ပင်တစ်သားတည်းဒူးထောက်ကာ အရိုအသေပေးနေကြသည်။
ဤမိန်းမစိုးများနှင့် အေစခံများသည် အချိန်မရွေးသူတို့၏ဦးခေါင်းများ လွင့်ထွက်သွားစေနိုင်သည့် ဓားဖြင့် သူတို့၏လည်ပင်းကို ထောက်ထားသကဲ့သို့ ခံစားနေရသည်။
ခန်းမတစ်ခုလုံးသည် ပြင်းပြင်းထန်ထန် အေးစက်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။
ပုံရိပ်နှစ်ခုက ခန်းမအတွင်းသို့ဝင်လာခဲ့သည်။
ထိုပုံရိပ်နှစ်ခုမှာ လူလတ်ပိုင်းအရွယ် အမျိုးသား နှစ်ဦးဖြစ်ပြီး၊ဘယ်ဘက်မှလူသည် အညိုရောင် ၀တ်စုံ ဝတ်ဆင်ထားပြီး ထွားကျိုင်းသော ခန္ဓာကိုယ်နှင့် တည်ကြည်သော မျက်နှာရှိ၍၊ ညာဘက်မှ လူသည် သာမာန်၀တ်ရုံကို ၀တ်ဆင်ထားသော်လည်း သူ၏မျက်လုံးများတွင် ပညာရှိအရိပ်အယောင်များ ဝင်းလက်တောက်ပနေခဲ့သည်။
"ဧကရာဇ်ကို နှုတ်ဆက်ပါတယ်"
ဤလူနှစ်ဦးသည် ခန်းမအတွင်းသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် မဟာဧကရာဇ်ယောင်ရီထံသို့ တန်းသွားကာ ဂါရဝပြုလိုက်ကြသည်။
ထိုလူနှစ်ယောက် ခန်းမထဲသို့ ဝင်သွားပြီးနောက်တွင် ခန်းမထဲမှ မိန်းမစိုးများနှင့် အစေခံများ အနည်းငယ် စိတ်သက်သာသွားခဲ့သည်။ ဤနှစ်ယောက်ရှိနေပါက ဧကရာဇ်၏ အမျက်တော်သည် သူတို့အပေါ် မကျရောက်နိုင်တော့ပေ။
ယောင်ရီ အင်ပါယာတစ်ခုလုံးတွင် ရန်မစရမည့် သူနှစ်ဦးရှိလေသည်။
၎င်းတို့နှစ်ဦးမှာ အင်ပါယာ၏ လက်ဝဲအမတ် နဉ်ချန်ကုန်း နှင့် အင်ပါယာ၏ လက်ယာ အမတ် ကျုံးယုံ တို့ ဖြစ်ကြသည်။
ထိုနှစ်ယောက်သည် တစ်ကယ့်ကိုပင် လူပေါင်းတစ်သောင်းကျော်ထဲမှ ထူးကဲသူများဖြစ်သည်။ ဧကရာဇ်ပင် ထိုနှစ်ယောက်အား ယဉ်ကျေးစွာ ပြုမူဆက်ဆံေပသည်။ စစ်သူကြီးချန်းလီ၏ အဆင့်သည်လည်း ဤနှစ်ယောက်နှင့် မယှဉ်နိုင်ပေ။
"ဒီလူကြီးမင်းနှစ်ဦးက ကိုယ်တော့်အတွက်တော့ ဘုရားပေးတဲ့ လက်ဆောင်ပါဘဲ"
မဟာဧကရာဇ်ယောင်ရီသည် သူ၏လက်ကို ဆန့်တန်းကာ ပြုံးပြလိုက်သည်။
ဧကရာဇ်၏ စိတ်သည် ရာသီဥတုကဲ့သို့ပင် ခန့်မှန်း၍မရပေ။
"ဧကရာဇ် ကျွန်ေတာ်မျိုးတို့ကို ဆင့်ခေါ်တာ ဘာဖြစ်လို့ပါလဲ"။ လက်ဝဲ အမတ် နဉ်ချန်ကုန်း က မေးလိုက်သည်။