ရှေးဟောင်း နယ်မြေ
Vol. 7 Ch. 94
''ငါကိုယ်တော် သူတို့ကို မတိုက်ခိုက်ခိုင်းခဲ့သင့်ဘူး။ခုတော့......''
ယောင်ရီဧကရာဇ်သည် သူ၏လက်ရုံးများဖြစ်ကြသည့် အမတ်နှစ်ဦးကို မှုန်မှိုင်းနေသော မျက်နှာထားနှင့် ကြည့်ကာ ပြောခဲ့သည်။
ရှန်ရှန့်ကျုံဂိုဏ်း ထွက်ပေါ်လာခြင်းသည် သူ၏ တပ်ဖြန့်ထားခြင်းကို ပျက်စီးစေခဲ့သည်။ သူသည် ရှန်ရှန့်ကျုံဂိုဏ်းမှ သူတို့၏ ခန္ဓာကိုယ်များကို အပိုင်းအစပေါင်း ထောင်သောင်းချီကာ နုတ်နုတ်စင်းချင်နေခဲ့သည်။ သို့သော်လည်း ရှန်ရှန့်ကျုံဂိုဏ်း၏ အင်အားသည် ယောင်ရီဧကရာဇ်ကို အံ့အားသင့်သွားစေခဲ့သည်။ ဤအင်ပါယာကြီးတစ်ခုလုံးတွင် သူနှင့် သူ၏ လက်ရုံးနှစ်ဦးမှလွဲ၍ ရှန်ရှန့်ကျုံဂိုဏ်းနှင့် ရင်ဆိုင်နိုင်သူ မရှိခဲ့ပေ။
နိုင်ငံတော်ရဲ့ အာဏာတွေကို ရှန်ရှန့်ကျုံဂိုဏ်းနဲ့ ရင်ဆိုင်ဖို့ အသုံးပြုနိုင်ပါ့မလား?
ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ?
ယောင်ရီဧကရာဇ်သည် ရှန်ရှန့်ကျုံဂိုဏ်းနှင့် ရင်ဆိုင်နိုင်ဖို့အတွက် သူ၏ တိုင်းပြည်အာဏာအစား အခြားဝှက်ဖဲများကိုသာ ထုတ်ဖော်ချင်ခဲ့သည်။
နိုင်ငံတော်၏ အင်အားကိုသာ အသုံးပြုခဲ့ပါက ဤတိုက်ပွဲအဆင့်သည် ပြောင်းလဲသွားခဲ့မည်ဖြစ်သည်။ ဤတိုက်ပွဲသည် နိုင်ငံ စစ်ပွဲတစ်ခုဖြစ်သွားခဲ့ပေသည်။
ရှန်ရှန့်ကျုံဂိုဏ်းသည် ဆန်းကြယ်ပြီး ခက်ခဲနက်နဲသည်ဆိုသော်လည်း ယောင်ရီဧကရာဇ်သည် ရှန်ရှန့်ကျုံဂိုဏ်းနှင့် နိုင်ငံတော်အဆင့်စစ်ပွဲ စတင်ရန်အတွက် ထိုဂိုဏ်းသည် အင်အားမကြီးဟု ယုံကြည်နေဆဲဖြစ်လေသည်။
ဤရှေးဟောင်းနယ်မြေတွင် သူနှင့်ယှဉ်ကာ နိုင်ငံတော်အဆင့် စစ်ပွဲစရန် အင်အားကြီးသည့် အင်ပါယာနှစ်ခုသာရှိနေခဲ့သည်။ သို့သော် ယောင်ရီအင်ပါယာဖြစ်စေ အခြားသော အင်ပါယာနှစ်ခုပင်ဖြစ်စေ သူတို့အားလုံးသည် ထိုအခြေအနေအတွက် ပြင်ဆင်ထားခဲ့ကြရပေသည်။ နိုင်ငံတော်အဆင့် စစ်ပွဲတစ်ခုစတင်ရန်မှာ မည်သို့ လွယ်ကူနိုင်ပါမည်နည်း?
ထို့အပြင် ဂိုဏ်းလေး တစ်ဂိုဏ်းကပင် ယောင်ရီဧကရာဇ်အား ကြောက်ရွံ့စေပြီး နိုင်ငံတော်စစ်ပွဲအဆင့်ရှိ စုံစမ်းစစ်ဆေးရေးတစ်ခုကို လုပ်ဆောင်စေနိုင်ခဲ့ပါက အခြား အင်ပါယာ၏ ဧကရာဇ်နှစ်ဦးသည့် သူ့အား မည်သို့ ထင်မြင်ကြမည်နည်း? ယောင်ရီဧကရာဇ်သည် မျက်နှာပျက်ရတော့မည်ဖြစ်သည်။
“ဧကရာဇ် ၊ ကျွန်တော် ဒီဖြစ်ရပ်ကို နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့တယ်ဆိုပေမဲ့လည်း ဒီလို အပြောင်းအလဲကြီးတစ်ခုရှိလာခဲ့တာကြောင့် ကျွန်တော် ပြောပြလို့ရမယ်ထင်ပါတယ်။”
ယောင်ရီဧကရာဇ်၏ စကားကိုကြားသည့်အခါတွင် နဉ်ချန်ကုန်း နှင့် ကျုံးယုံတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ခဲ့ကြပြီး သူတို့၏ မျက်နှာများသည် လေးနက်လာခဲ့ပြီး နဉ်ချန်ကုန်းသည် ချက်ချင်းပြောခဲ့လေသည်။
အင်ပါယာကြီးတစ်ခုလုံးတွင် သူတို့နှစ်ဦးကသာ ယောင်ရီဧကရာဇ်က မည်မျှပင် ကြောက်မက်ဖွယ်ကောင်းသည်ကို သိရှိထားခဲ့ကြသည်။ အခြားသူများဖြစ်ကြသည့် မင်းသားနှင့် ဧကရီသည်ပင် ဧကရာဇ်၏ တကယ့်စရိုက် အသေးစိတ်ကို မသိရှိထားကြပေ။
“ချန်းလီက ကျဆုံးသွားပြီ! နှင်းမြူ နဲ့ မီးလျှံ စစ်တပ်နှစ်တပ်လုံးလည်း ပျက်စီးသွားခဲ့ကြပြီ!”
ယောင်ရီဧကရာဇ်၏ မျက်လုံးများသည် အနည်းငယ် အေးစက်သွားခဲ့ကြပြီး သူသည် အေးတိအေးစက်နှင့် ပြောခဲ့ပေသည်။ ယောင်ရီဧကရာဇ်ကြီး၏ စကားသံများ တိတ်ဆိတ်သွားချိန်တွင် အေးစက်လှသော အအေးဓာတ်တစ်ခုသည် ခန်းမကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။
ကံကောင်းထောက်မစွာနှင့် ဤအမတ်နှစ်ဦးသည် ခန်းမထဲသို့ ဝင်ရောက်လာခဲ့သည့်အခါတွင် မိန်းမစိုးများနှင့် အစေခံများသည် ထွက်သွားခဲ့ကြပြီဖြစ်ပေသည်။ ထိုသို့သာမဟုတ်ပါက ထိုအစေခံများအားလုံးသည် ဤအအေးဓာတ်ကြောင့် ရေခဲရုပ်ထုများအဖြစ်သို့ အေးခဲသွားခဲ့မည်ဖြစ်ပေသည်။
“ဘယ်လို?”
နဉ်ချန်ကုန်းနှင့် ကျုံးယုံတို့သည် ရုတ်တရက် တုန်လှုပ်သွားခဲ့ကာ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်တကြားကြည့်ခဲ့ကြသည်။
ဘယ်သူပြောတာလဲ? ! !
ဒီအင်ပါယာကြီးကို ဘယ်သူက ဒီလောက်တောင် မုန်းတီးနေရတာလဲ? ဘာလို့များ ဒီလို အန္တရာယ်ပေးရဲရတာလဲ?
အမတ်နှစ်ဦးသည် နောက်ကွယ်မှသာ လုပ်ဆောင်သူများဖြစ်သောကြောင့် အင်ပါယာကြီးတစ်ခုလုံးထဲတွင် အင်အားအကြီးဆုံးသူသည် ချန်းလီပင်ဖြစ်ပေသည်!
အင်ပါယာကြီးတစ်ခုလုံးထဲတွင် စစ်သူကြီး ချန်းလီသည် အလွန်အားကောင်းသည့် အင်အားရှိနေခဲ့ပြီး အင်ပါယာကြီး၏ အရေးပါသူတစ်ဦးဖြစ်ပေသည်။ စစ်သူကြီး ချန်းလီကိုပင် သတ်ဖြတ်ရန် မည်သူက သတ္တိရှိနေနိုင်ပါမည်နည်း?
ထို့အပြင် ယခုခေတ်တွင် အင်ပါယာကြီးသုံးခု၏ နယ်မြေများအနက် စင်စစ် အင်အားကြီးပုဂ္ဂိုလ်များသည် ထိုဖြစ်ရပ်အတွက် ပြင်ဆင်နေခဲ့ကြပြီး စစ်သူကြီးချန်းလီကိုပင် သတ်နိုင်သူ ရှိနေသေးသည်တဲ့လား?
စစ်သူကြီးများ ပေါ်ထွက်လာပြီးနောက်တွင် သူတို့နှစ်ဦးသည် နောက်ကွယ်တွင် ပုန်းကွယ်နေခဲ့ကြသော်လည်း သူတို့နှစ်ဦးသည် တစ်ခါတစ်ရံတွင် အင်ပါယာအား အာရုံစိုက် သတိပြုခဲ့ကြပေသည်။
ဤသူနှစ်ဦးသည် ချန်းလီသည် သူတို့ကဲ့သို့သော နောက်တစ်ယောက် ဖြစ်လာခဲ့မည်ဟု ထင်ထားခဲ့ကြသော်လည်း ချန်းလီသည် ဆုံးပါးသွားခဲ့မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ကြပေ?
“ဧကရာဇ် , ဒီ ရှေးဟောင်းနယ်မြေထဲမှာတော့ အဲ့ဒီအဆင့်ရှိနေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်အားလုံးက အဲ့ဒီဖြစ်ရပ်အတွက် ပြင်ဆင်နေခဲ့ကြပါတယ်။ ဘယ်သူကများ ချန်းလီကို သတ်နိုင်ခဲ့ ပြီး တချိန်တည်းမှာပဲ စစ်တပ်ကြီးနှစ်တပ်ကို ဖျက်ဆီးနိုင်ခဲ့တာလဲ?''
နဉ်ချန်ကုန်းသည် တွေးတောနေမိခဲ့သည်။
နဉ်ချန်ကုန်းဖြစ်စေ ကျုံးယုံဖြစ်စေ၊ ဤအချိန်တွင် သူတို့သည် အံ့အားသင့်နေခဲ့ကြသော်လည်း ဒေါသထွက်မနေခဲ့ကြပေ။
“ရှန်ရှန့်ကျုံဂိုဏ်း ! အခုတလောမှ ပေါ်လာတဲ့ ဂိုဏ်းလေ။ ပြီးတော့ ချန်းလီက ဆန်းကြယ်အဓိပတိအဆင့် ကျော်ဖြတ်သွားနိုင်ခဲ့တာတောင်မှ အဲ့ဂိုဏ်းက သူ့ကို လွယ်လွယ်ကူကူနဲ့ပဲ သတ်နိုင်ခဲ့ကြတာ။”
ယောင်ရီဧကရာဇ်သည် မှုန်မှိုင်းစွာဖြင့် ပြောခဲ့သည်။ ဤအကြောင်းသာ ပျံ့နှံ့သွားခဲ့ပါက အခြား အင်ပါယာ၏ဧကရာဇ်နှစ်ဦးသည် သူ့အား မည်သို့ လှောင်ရယ်နေကြမည်ကိုတွေးတောကြည့်နိုင်နေလေပြီ။
ချန်းလီအတွက် ကလဲ့စားချေပေးရန် ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်ဆီးသည်ဖြစ်စေ မဖျက်စီးနိုင်သည် မဖြစ်စေ သူသည် မျက်နှာပျက်ရပြီး ဖြစ်လေသည်။
“ဘယ်လို?”
နဉ်ချန်ကုန်း နှင့် ကျုံးယုံ တို့၏ မျက်ဆံများ သည် ကြုံ့သွားခဲ့ကြသည်။ ယောင်ရီဧကရာဇ်၏ စကားများသည် ရေသေအိုင်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ကျသွားသကဲ့သို့ သူတို့၏ အေးချမ်းတည်ငြိမ်နေသည့် စိတ်နှလုံးများအား ယောက်ရက်ခတ်သည့် လှိုင်းလုံးများ ဖြစ်ပေါ်လာစေခဲ့သည်!
ထိုသူနှစ်ဦးသည် ချန်းလီဆုံးပါးသွားကြောင်း သိခဲ့ကြရသော်လည်း ထိုအချိန်တွင် အနည်းငယ်သာ အံ့ဩခဲ့ကြပြီး သိချင်စိတ်ပြင်းပြနေခဲ့သည်။ သို့သော် ယခုတွင်တော့ သူတို့၏ ခန္ဓာကိုယ်များပင် တုန်ရီလာခဲ့ပေသည်။
သူသည် မကြာသေးခင်ကမှ ကျော်ဖြတ်နိုင်ခဲ့သည်ဆိုသော်လည်း စစ်သူကြီး ချန်းလီသည် ဆန်းကြယ်အဓိပတိအဆင့်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်လေသည်!
ဆန်းကြယ်အဓိပတိအဆင့်ရှိ စွမ်းအားကြီးသူတစ်ဦးကို လွယ်လွယ်ကူကူနှင့် သတ်ဖြတ်နိုင်ခဲ့သည့်သူမှာ မည်မျှပင် ကြောက်ဖို့ကောင်းနေခဲ့ပါသနည်း?
သူတို့နှစ်ဦးသည်ပင် မကြာသေးခင်က အဆင့်တက်ခဲ့သည့် ဆန်းကြယ်အဓိပတိအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်ကို လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်သည်ဟူသော ယုံကြည်ချက်ရှိမနေခဲ့ပေ။
“ဧကရာဇ်၊ ဒီ ရှန်ရှန့်ကျုံဂိုဏ်းက….?”
နဉ်ချန်ကုန်း သည် ဖြစ်နိုင်ခြေတစ်ခုအား တွေးမိပုံပေါက်ခဲ့သည်။ သူ၏ မျက်နှာထားသည် ပြောင်းလဲသွားခဲ့ပြီး အံ့အားသင့်စွာနှင့် ပြောခဲ့သည်။
“ပုန်းကွယ်နေတဲ့ လောကဂိုဏ်းတွေကလွဲပြီး ဒီကိုယ်တော် ကတော့ ဒီလို ခဏလေးအတွင်းမှာ ဒီလောက်ထိ ကြောက်မက်ဖွယ်အင်အား ရရှိလာနိုင်တဲ့ အခြားဂိုဏ်းကို စဉ်းစားလို့ကိုမရဘူး။”
ယောင်ရီဧကရာဇ်သည် မှုန်မှိုင်းစွာ ခေါင်းညိမ့်ခဲ့သည်။
ဤရှေးဟောင်းနယ်မြေတွင် မယုံကြည်နိုင်သော အရာများစွာ ပုန်းကွယ်နေကြသော်လည်း လူများသည် ထိုအရာများ၏ အပေါ်ယံအလွှာကိုသာ တွေ့မြင်နိုင်ကြပေသည်။ စင်စစ် စွမ်းအားကြီးပုဂ္ဂိုလ်များသည်သာ ဤနေရာသည် မည်မျှ နက်နဲကြောင်းကို သိရှိနိုင်ပေမည်။
“အဲ့ဒီ အဖြစ်အပျက်ကလည်း ဖြစ်လာတော့မှာ။ ပြီးတော့ ဒီလို အကြာကြီးပုန်းနေခဲ့တဲ့ အရိပ်တွေကလည်း ထွက်ပေါ်လာကြတော့မှာ! အင်ပါယာက ဘာကြောင့်များ ရှန်ရှန့်ကျုံဂိုဏ်းအပေါ်မှာ အာဃာတတွေ ရှိနေရတာလဲ?”
လက်ယာ ဝန်ကြီးချုပ် ကျုံးယုံ သည် သက်ပြင်းချခဲ့ကာ စိတ်ရှုပ်စွာနှင့် ပြောခဲ့လေသည်။
အင်ပါယာကြီးတစ်ခုလုံးတွင် သူတို့နှစ်ဦးသာ ယောင်ရီဧကရာဇ်အား ထိုသို့ စကားပြောရဲကြပေမည်။
“ဒီရှန်ရှန့်ကျုံဂိုဏ်းက ဂုဏ်သရေရှိတဲ့ ပုန်းကွယ်နေတဲ့ လောကဂိုဏ်းလေ။သူတို့က နတ်ဆိုးချိပ်ပိတ်ခြင်း ညီလာခံကို လူလွှတ်ခဲ့တာ။ အဲ့အပြင် လင်း မျိုးရိုးက ကျန်ရစ်သူကိုပါ ဂိုဏ်းထဲဝင်ခိုင်းသေးတယ်။ ပြီးတော့ ချန်လင် မြို့စားကိုတောင် သတ်ခဲ့သေးတယ်လေ!”
''ဘယ်ပုန်းကွယ်နေတဲ့ လျို့ဝှက်ဂိုဏ်းက အဲ့လိုလုပ်ရပ်မျိုး လုပ်လို့လဲကွ!''
ကျုံးယုံ ၏စကားကို ကြားခဲ့သည့်အခါတွင် ယောင်ရီဧကရာဇ်သည် ဆက်လက်သည်းမခံနိုင်တော့ကာ ချက်ချင်း ကြိမ်းဝါးခဲ့လေသည်။
သူသည် ကျုံးယုံ အပေါ်တွင် ဒေါသထွက်နေခဲ့ခြင်း လုံးဝမဟုတ်ဘဲ ရှန်ရှန့်ကျုံဂိုဏ်းပေါ်တွင် ဒေါသထွက်နေခဲ့ခြင်းသာ ဖြစ်ပေသည်။
ငါ-ိုး!
ဂုဏ်သရေရှိသော ဖုံးကွယ်နေသည့် ဂိုဏ်းကပဲ နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံတွင် ပါဝင်ရသည်လား? ထို့အပြင် ပုန်းကွယ်နေသည့် လောကဂိုဏ်းများ အားလုံးသည် သူတို့အင်ပါယာသုံးခု၏ လျှို့ဝှက်အင်အားကို သိရှိနေခဲ့ပြီးဖြစ်ရပေ မည်။
ဒီလိုသိနေပေမယ့်လည်း ယောင်ရီအင်ပါယာကို ဒီလို ရန်စရဲတယ်လား? တကယ်ကို သေချင်နေကြတာပဲ!
ထိုကိစ္စသည် နီးကပ်လာခဲ့လေပြီ။ ထိုကျွဲများ၊ မိစ္ဆာများ၊ မြွေများနှင့် နတ်ဘုရားများသည်လည်း ထွက်ပေါ်လာခဲ့ကြလေပြီ။ သို့သော် ချီတတ်လာရန် ကြိုးစားသူတိုင်းကိုတော့ လုံးဝ သတ်ဖြတ်မည်ဖြစ်ပေသည်။
“အရှင်မင်းကြီး၊ ဒီရှန်ရှန့်ကျုံဂိုဏ်းက လင်းမျိုးရိုးနဲ့ အဲ့ဒီအဖြစ်အပျက်ရဲ့ ဆက်နွယ်မှုကို သိနေတာများဖြစ်နိုင်သလား။ အဲ့တာကြောင့်….?”
နဉ်ချန်ကုန်း ၏ မျက်နှာထားသည် ပြောင်းလဲခဲ့ပြီး သူသည် လေးလေးနက်နက်နှင့် ပြောခဲ့သည်။
“မဖြစ်နိုင်ဘူး။ မင်းကြီးက အားကုန်သုံးပြီး လင်း မျိုးရိုးနဲ့ အဖြစ်အပျက်ကြားထဲက ဆက်နွယ်မှုကို နှစ်တွေအများကြီးကြာအောင် ရှာနေခဲ့တာ။ ဒီပုန်းကွယ်နေတဲ့ လောကဂိုဏ်းက လူမသိအောင် ပုန်းနေခဲ့ကြတာကို။ သူတို့ ဘယ်လိုလုပ်ပြီး သိနေနိုင်မှာလဲ? ဒီတိုင်း တိုက်ဆိုင်သွားတာပါ!”
“အစပိုင်းတုန်းကတော့ ချန်လင် မြို့စားရဲ့ သားက လင်းမျိုးရိုးရဲ့ ကျန်ရစ်သူတွေကို လိုက်ရှာနေခဲ့တာ။ ပြီးတော့ အဲ့အချိန်မှာပဲ ရှန်ရှန့်ကျုံဂိုဏ်းက ပြန်ပေါ်လာခဲ့တာလေ, အဲ့တော့ ဒီလို ဖြစ်လာရတာပေါ့!”
ယောင်ရီ ဧကရာဇ်သည် ခေါင်းခါခဲ့ပြီး သေချာရှင်းပြခဲ့သည်။
သို့သော် ဤကိစ္စနှင့် ပတ်သတ်လျှင် ယောင်ရီ ဧကရာဇ်သည် ချန်လင် မြို့စား၏ သားကို ဒေါသထွက်နေခဲ့သည်။
လင်း မျိုးရိုးရဲ့ ကျန်ရစ်သူကို အစတည်းက တည့်တိုး လျှင်လျှင်မြန်မြန်ဖမ်းလိုက်ရင် ပြီးတာပဲကို။သောက်ရစ်ရှည်ပြီး ကစားနေလို့ဖြစ်ရတာ!
အောင်မြင်မှုနဲ့ ကျရှုံးခြင်းဆိုတာ တစ်ခဏအတွင်း အလှည့်အပြောင်းဖြစ်သွားနိုင်ဆယ်ဆိုတာ အဲ့ခွေးကောင် မသိဘူးလား!?
သူ သေချင်ရင်တစ်ယောက်တည်းသေပေါ့။ အခုတော့ ထို ချန်လင်မြို့စား၏ သားက ယောင်ရီ အင်ပါယာ၏ ရန်သူကြီးတစ်ဦးကို ပေါ်ပေါက်လာစေခဲ့သည့်အပြင် မတော်တဆ ရန်သူ့လက်ထဲသို့ အဓိကလျို့ဝှက်ချက်တစ်ခုကိုပါ ထည့်ပေးခဲ့သေးလေသည်။