အရှေ့ဖက်၌ နေထွက်လာပြီ။ကျုပ် တစ်ယောက်သာ ရှုံးနိမ့်မှုမရရှိခြင်း။
Vol. 7 Ch. 95
ဤသည်ကိုကြားတော့ နဥ်ချန်ကုံးနှင့်ကျုံးယုံတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။သူတို့သည် အရှင်မင်းကြီး၏ယူဆချက်မှာ မှန်ကန်သည်ဟုတွေးထင်လိုက်ကြသည်။ အရှင်မင်းကြီးသည် အင်အားမည်မျှသုံးစွဲခဲ့ကြောင်း သူတို့မသိခဲ့သော်လည်း လင်းမိသားစုနှင့်ထိုဖြစ်ရပ်ကြီးကြားက ပတ်သက်ဆက်နွယ်မှုကို အရှင်မင်းကြီး ရှာတွေ့ခဲ့သည်။
အနှီဖြစ်ရပ်ကြောင့် ကြောက်မက်ဖွယ်စွမ်းအားရှင်များ လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ကြသည်။သို့သော်လည်း အရှင်မင်းကြီးကလွဲ၍ ဘယ်သူကမှ လင်းမိသားစုနှင့်ထိုအဖြစ်အပျက်ကြား ဆက်စပ်မှုကိုရှာမတွေ့ခဲ့ကြပါ။
"ဧကရာဇ်၊ ဒီကိစ္စနှင့် ပတ်သက်ပြီး အခုအချိန်မှာ ရှန်ရှန့်ကျုံဂိုဏ်းကို အရေးမယူသေးဖို့အတွက်အကြံပြုချင်ပါတယ်" ထိုအကြောင်းကို စဉ်းစားပြီးနောက် ကျုံးယုံက ပြောခဲ့သည်။
"ဘာလို့လဲ"
ယောင်ရီဧကရာဇ်သည် ကျုံးယုံအားကြည့်ကာ မေးလိုက်သည်။
အင်ပါယာတစ်ခုလုံး၌ သူ့ရှေ့က ပုဂ္ဂိုလ်နှစ်ဦးကသာလျှင် သူ့ကို ညင်သာစွာစကားပြောဆိုလာအောင် စွမ်းဆောင်နိုင်ပါပေ၏။
တခြားလူတစ်ဦးတစ်ယောက်ကသာ ထိုစကားများကို ပြောကြားဝံ့ပါက ဧကရာဇ်၏အမျက်တော်ရှခြင်းကို ကျိန်းသေပေါက် ခံရမှာပဲဖြစ်သည်။
ရှန်ရှန့်ကျုံဂိုဏ်းက သူ၏ပါးကို အကြိမ်ကြိမ်အခါခါ ဖြတ်ရိုက်ခဲ့သည်။ဒါတောင် သူ လက်တုံ့မပြန်ရဘူးတဲ့လား?
ဒါဆို သူဆိုတဲ့ဧကရာဇ်က ဘာကောင်ကြီးဖြစ်သွားမလဲ?
"ပထမ အချက်အနေနဲ့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့အသေးစိတ်အချက်အလက်တွေ ကို မသိနားမလည်သေးပါဘူး၊ အဲ့ဒီဂိုဏ်းက ဆန်းကြယ်အဓိပတိအဆင့်ရှိတဲ့ ချန်းလီကိုတောင် အလွယ်တကူသတ်ပစ်နိုင်တယ်။
''ရှန်ရှန့်ကျုံဂိုဏ်းကို အရေးယူဖို့ဆိုရင် ပေးဆပ်ရမှာတွေများလွန်းနေတယ်။ အဲ့ဒီအရာကလည်း မကြာခင် ရောက်လာတော့မှာ။ ကျွန်တော်တို့ရဲ့ အင်အားတွေကို အဲ့ဒီအရာအပေါ်မှာပဲ အာရုံစိုက်သုံးစွဲသင့်တယ်။အဲ့ဒါကမှ တကယ့် အရေးပါတဲ့ကိစ္စကြီးပါအရှင်။''
''ဒုတိယအချက်အနေနဲ့ ရန်သူကို သတ်ဖြတ်ဖို့အတွက် အရှင်ကိုယ်တိုင် လုပ်ဆောင်စရာမလိုပါဘူး။ ဓားကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တတ်ရင်ရန်သူကို အရှင်ကိုယ်တိုင်တောင် မလှုပ်ရှားရဘဲ သတ်ဖြတ်ပစ်နိုင်ပါတယ်။''
''အဲ့ဒီဖြစ်ရပ် နီးကပ်လာရင် အရိပ်ထဲမှာ ပုန်းကွယ်နေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း ထွက်မလာပဲ နေနိုင်ကြမှာ မဟုတ်ဘူး"
''တတိယအချက်အနေနဲ့ ဒီအရေးကြီးတဲ့အချိန်မှာ အရှင်ရဲ့ဂုဏ်ကျက်သရေ ညှိုးနွမ်းနေရတာကလည်း မကောင်းတာတော့မဟုတ်ပါဘူး။ဝက်ယောင်ဆောင်တဲ့ကျားဆိုတဲ့ စကားပုံကို အရှင်လည်းကြားဖူးနေတာပဲလေ။''
ကျုံးယုံ၏ မျက်လုံးများသည် အလင်းရောင်တစ်ခု တောက်ပလာပြီး နက်နဲသော အသံဖြင့် ပြောလိုက်သည်။
သူသည် ရှင်းရှင်းလင်းလင်း မပြောခဲ့သော်လည်း ယောင်ရီဧကရာဇ် နှင့် လက်ယာအမတ် နဉ်ချန်ကုန်း တို့သည် သူ ဆိုလိုသည့်အဓိပ္ပာယ်ကို နားလည်ခဲ့ကြသည်။
"အမတ်ချုပ်ကြီး ပြောတာက ကျိုးကြောင်းဆီလျော်တယ်၊ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ မင်းကို ကိုယ်တော် တာဝန်ပေးလိုက်ပြီ"
မဟာဧကရာဇ်ယောင်ရီ ၏မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု လင်းလက်သွားပြီး သူသည်ခေါင်းညိတ်၍ ကျယ်လောင်စွာ ပြောလိုက်သည်။
ရှန်ရှန့်ကျုံဂိုဏ်းသည် ယောင်ရီဧကရာဇ်အား အလွန်အမျက်ဒေါသထွက်စေသော်လည်း ကျုံးယုံ ပြောသည့်အတိုင်း ရှန်ရှန့်ကျုံဂိုဏ်း အပေါ် တိုက်ခိုက်ကာ အင်အားဖြုန်းတီးမည့်အစား ဖြစ်လာတော့မည့် ထိုအရာအတွက်သာ ယောင်ရီအင်ပါယာ၏အင်အားများကို အသုံးချသင့်ပေသည်။
"အမိန့်ကို လိုက်နာပါ့မယ်အရှင်"
ကျုံးယုံသည် လက်အုပ်ချီကာ ဦးညွှတ်ဂါရဝပြုပြီး လေးလေးစားစား ပြောလိုက်သည်။
"ဒီအမတ်က အခုပဲ ပြင်ဆင်ရပါတော့မယ်။"
" အမတ်ချုပ်ကြီးတို့ သွားလို့ရပါပြီ!''
ယောင်ရီဧကရာဇ် သည် သူ၏လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
ထို့နောက် ကျုံးယုံ နှင့် နဉ်ချန်ကုန်း တို့သည် ယောင်ရီ ဧကရာဇ်အား ထပ်မံ ဂါရဝပြုပြီးနောက်ခန်းမထဲမှ ထွက်လာခဲ့သည်။
ယောင်ရီဧကရာဇ်နှင့် နဉ်ချန်ကုန်း တို့သည် ကျုံးယုံ၏ စွမ်းရည်ကို ကောင်းစွာ သိနေကြသဖြင့် ကျုံးယုံအား သံသယမ၀င်ခဲ့ကြပေ။ ရှန်ရှန့်ကျုံဂိုဏ်းသည် လျှို့ဝှက်ဆန်းကြယ်ပြီး မှန်းဆ၍မရသော်လည်း ကျုံးယုံ၏အရှေ့တွင်တော့ ရှန်ရှန့်ကျုံဂိုဏ်းဆိုတာ ဘာကောင်မှမဟုတ်ပေ။
ဤလက်ယာအမတ်ကျုံးယုံသည် အင်မတန်ထက်မြက်သူဖြစ်၍ ရန်သူပေါင်းများစွာကို သုတ်သင်ခဲ့ဖူးသည်။ ယောင်ရီအင်ပါယာ၏ အောင်မြင်မှုတစ်ဝက်ကို ဤလက်ယာအမတ်ကြောင့် ရရှိခဲ့သည်ဟု ဆိုနိုင်ပေသည်။
မရေမတွက်နိုင်သော လျို့ဝှက်စွမ်းအားရှင်ကြီးများအားလုံးသည် ဤရှေးဟောင်းနယ်မြေအတွက် ပြိုင်ဆိုင်နေကြသော်လည်း နောက်ဆုံးတွင် ၎င်းတို့၏ အဓိကအင်ပါယာကြီး သုံးခုကသာ ဤရှေးဟောင်းနယ်မြေတွင် အောင်မြင်စွာ ခြေကုပ်ယူနိုင်ခဲ့သည်။ ထိုသို့ အောင်မြင်ရန်အတွက် မည်မျှပေးဆပ်ခဲ့ရသည်ကိုလည်း သူတို့ကိုယ်တိုင်သာ အသိဆုံးဖြစ်ပါသည်။
………….
ရှန်ရှန့်ကျုံဂိုဏ်း၌ ၊ ဂိုဏ်းချုပ် ဝမ် သည် ဂိုဏ်းချုပ်ခန်းမတွင် ထိုင်နေရင်း မေးခဲ့သည်။
"စနစ်၊ ဆင့်ခေါ်ခွင့်ကို အဆင့်မြှင့်လိုက်ရင် ဒီပိုင်ရှင်က အလိုရှိတဲ့ ဘယ်သူ့ကိုမဆိုဆင့်ခေါ်နိုင်လား။"
"မဆင့်ခေါ်နိုင်ပါဘူး ၊ ပိုင်ရှင်က သတ်မှတ်ထားတဲ့ ဆင့်ခေါ်ခြင်း အခွင့်အရေးကို အသုံးပြုတဲ့အခါမှာ ၊ စနစ်က စွမ်းအားကြီး ပုဂ္ဂိုလ်ငါးဦးကို စာရင်းပြုစု ပေးမှာဖြစ်ပြီး ငါးဦးထဲမှ တစ်ဦးကိုပဲ ပိုင်ရှင်က ဆင့်ခေါ်နိုင်ပါတယ်"
ဝမ်ဖုန်းသည် ထိုကန့်သတ်ချက်အပေါ် အပြည့်အဝစိတ်ကျေနပ်မှု မရှိသော်လည်း စိတ်မပျက်ခဲ့ပေ။ဤအရာသည် ကျပန်းဆင့်ခေါ်သည်နှင့်ယှဉ်လျှင် ရွေးချယ်စရာပိုများပြီး ထိုလူငါးယောက်ထဲ၌ သူနှစ်သက်သဘောကျသည့် အရည်အချင်းများ ရှိကောင်းရှိနိုင်ပါသည်။
"အဆင့်မြင့်သတ်မှတ်ဆင့်ခေါ်ခြင်းအခွင့်အရေးဖြစ်လာစေဖို့အတွက် ဒီသတ်မှတ်ထားတဲ့ ဆင့်ခေါ်ခြင်းအခွင့်အရေးကို ကျပန်းဆင့်ခေါ်ခြင်းအခွင့်အရေးငါးခုနဲ့ ပေါင်းစပ်လိုက်လို့ရနိုင်လား"
ဝမ်ဖုန်း၏ မျက်လုံးများတွင် အလင်းရောင်တစ်ခုတောက်ပသွားကာ မေးလိုက်သည်။
"ရပါတယ်"
အေးစက်သောအသံတစ်ခု ထွက်ပေါ်လာသည့်အခါ ဝမ်ဖုန်းသည် အလွန်စိတ်လှုပ်ရှားကာ လျင်မြန်စွာပြောလိုက်သည်။
"သတ်မှတ်ဆင့်ခေါ်ခြင်းအခွင့်အရေးကို ကျပန်းဆင့်ခေါ်ခြင်းအခွင့်အရေးငါးခုနဲ့ ပေါင်းစပ်လိုက်ပါ"
"ဒင်၊ အဆင့်မြင့်သတ်မှတ်ဆင့်ခေါ်ခြင်းအခွင့်အရေးကို ရရှိခြင်းအတွက် ပိုင်ရှင်အား ဂုဏ်ပြုပါတယ်"
"စနစ်၊ အဆင့်မြင့်သတ်မှတ်ဆင့်ခေါ်ခြင်းအခွင့်အရေးကို သုံးပါ" ဝမ်ဖုန်းသည် တုံ့ဆိုင်းမှုမရှိဘဲပြောလိုက်သည်။
"ဒင် ၊ ပိုင်ရှင်က အောက်ပါငါးယောက်ထဲမှ တစ်ယောက်အား ဆင့်ခေါ်နိုင်ပါပြီ။
ဓားဧကရာဇ် ရှဲ့ရှောင်ဖုန်း
တုံ့ဖန်းပုပိုင်
ယန်ကော့
ရှောင်ဖုန်း
ကော့ကျင့်"
သူသည် သူ၏အရှေ့၌ ပေါ်လာသော ဇယားကို မြင်လိုက်သည့်အခါ ဝမ်ဖုန်းသည် ရုတ်တရက် စိတ်ရှုပ်ထွေးသွားသည်။ဖြစ်နိုင်လျှင် သူသည် ထိုငါးယောက်လုံးကို ဆင့်ခေါ်ချင် သော်လည်း မရသဖြင့်နှမြောစရာကောင်းလှသည်။
ဤငါးယောက်တွင် လေးယောက်သည် ကံကြမ္မာ၏ ဇာတ်ဆောင်များဖြစ်ပြီး ကျန်တစ်ယောက်သည်ဇာတ်ဆောင်မဟုတ်ပဲ ဇာတ်ဆောင် ထက်အများကြီးပိုပါသည်။ အရှေ့ဘက်တွင် ရှုံးပွဲမရှိသဖြင့် ဂုဏ်သတင်းကြီးမားလှသည်။
" ဒီ သောက်ကျိုးနည်း စနစ်က လူတွေကို တကယ် ညှဉ်းပန်းနှိပ်စက်နိုင်တာပဲ!"
ဝမ်ဖုန်းသည် တိတ်တဆိတ် စဉ်းစားလိုက်သည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဝမ်ဖုန်းသည် သူ၏စိတ်ကို ပြင်ဆင်လိုက်သည်။ ကံကြမ္မာ ၏ အခြားဇာတ်ကောင်လေးယောက်သည် အလွန်ကောင်းကြသော်လည်း ဝမ်ဖုန်း သည် ပြိုင်ဘက်ကင်းတုံ့ဖန်းပုပိုင် ကို ပို၍သဘောကျသည်။
တုံ့ဖန်းပုပိုင်အကြောင်း သိသူမှန်သမျှသည် တု့ဖန်းပုပိုင် မည်မှအံ့သြစရာကောင်းကြောင်းကိုလည်း သိကြပါလိမ့်မည်။
ပြိုင်ဘက်ကင်းတုံ့ဖန်းပုပိုင် သည် သူမကိုယ်သူမ ရှုံးနိမ့်ဖူးသော်လည်း အခြားမည်သူ့ကိုမျှ မရှုံးနိမ့်ဖူးပေ။
ဝမ်ဖုန်းသည် ပြိုင်ဘက်ကင်းတုံ့ဖန်းပုပိုင် အား အမြဲလိုလို အရှုံးမရှိဘဲ ပြန်လည်တောက်ပစေလိုခဲ့သည်။ ယခင်က ပြိုင်ဘက်ကင်းတုံ့ဖန်းပုပိုင် သည် နတ်ဆိုးဂိုဏ်း အရှေ့ပိုင်း၏ ပြိုင်ဘက်ကင်း ဖြစ်ခဲ့သော်လည်း ယခုမူ သူမသည် ရှန်ရှန့်ကျုံဂိုဏ်း၏ ပြိုင်ဘက်ကင်း တုံ့ဖန်းပုပိုင်ဖြစ်လာပေတော့မည်။
ထိုအကြောင်းကိုစဉ်းစားပြီးနောက် ဝမ်ဖုန်း သည် တွန့်ဆုတ်မနေဘဲ " စနစ်၊ သတ်မှတ်ထားတဲ့ ပြိုင်ဘက်ကင်း တုံ့ဖန်းပုပိုင် ကို ဆင့်ခေါ်ပါ!"
"ဒင် ၊ တုံ့ဖန်းပုပိုင်အား ဆင့်ခေါ်ခြင်းအတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ ပိုင်ရှင်အတွက်သူ၏ ပင်ကိုအရည်အချင်းဇယားကို စစ်ဆေးပေးရမလား "
သူ၏စိတ်ထဲတွင် ထွက်ပေါ်လာသော အေးစက်သည့် အသံသည် ဝမ်ဖုန်း၏ မျက်လုံးများကို တောက်ပစေခဲ့သည်။ သူသည် ထိုအရာကို စောင့်မျှော်နေခဲ့သည့်အတွက် အလျင်အမြန်ပင် ခေါင်းညိတ်ပြလိုက်သည်။
"ဒင်၊ တုံ့ဖန်းပုပိုင် ၏ပင်ကိုအရည်အချင်း ဇယားသည် အောက်ပါအတိုင်းဖြစ်သည်။
အမည်- တုံ့ဖန်းပုပိုင်
ဘွဲ့- နေနှင့်လဂိုဏ်း၏ခေါင်းဆောင်
ကျင့်ကြံခြင်း- ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့်
ထူးခြားသိုင်းကွက်များ- နေကြာပန်းစုဆောင်းခြင်း။
သဘာဝလွန်စွမ်းအားများ- ကောင်းကင်နှင့် လူသားအသွင်ပြောင်းမှု၊ အရာအားလုံး၏ ကြီးထွားမှု
လက်နက် - ပန်းထိုးအပ်များ၊ “
သူ၏ အရှေ့၌ ပေါ်လာသည့် အရည်အချင်းဇယားကို ကြည့်လိုက်သည့်အခါ ဝမ်ဖုန်းအံ့အားသင့်သွားသည်။တုံ့ဖန်းပုပိုင် သည် ကျန်းစန်ဖုန်း လောက် ကြောက်စရာမကောင်းသော်လည်း ဝမ်ဖုန်း မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။
ကျန်းစန်ဖုန်းက မည်သူနည်း။ အရှေ့အင်ပါယာ၏ ကိုယ်ခံပညာသမိုင်းတွင် ဤဒဏ္ဍာရီလာကိုယ်ခံပညာအကျော်အမော် ဖြစ်သည့် ကျန်းစန်ဖုန်းကို ကျော်လွန်နိုင်သူ အနည်းငယ်သာရှိသည်။
ပြိုင်ဘက်ကင်း တုံ့ဖန်းပုပိုင်သည် ကျန်းစန်ဖုန်းထက် အားနည်းသည်မှာ အံ့သြစရာမဟုတ်ပေ။
သို့သော် ဝမ်ဖုန်းသည် အချက်တစ်ချက်ကို အလွန်စိုးရိမ်ခဲ့သည်။ "စနစ် ၊ဆင့်ခေါ်ထားပြိုင်ဘက်ကင်း တုံ့ဖန်းပုပိုင် က ယောက်ျားလား၊ မိန်းမလား" ဟု ဝမ်ဖုန်းက မေးခဲ့သည်။
"ဒင်၊ ဆင့်ခေါ်ထားသည့် ပြိုင်ဘက်ကင်း တုံ့ဖန်းပုပိုင် ဟာသိတတ်နားလည်မှုရှိသော ပုံစံဖြစ်ပြီး လိင်ကအမျိုးသမီးဖြစ်ပါတယ်!"
စိတ်ထဲတွင် အေးစက်သောအသံကိုကြားသည့်အခါ ဝမ်ဖုန်းသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူ၏ ရှန်ရှန့်ကျုံဂိုဏ်း တွင် ယင်ယန်လူ ပေါ်ထွက်လာမည်ကို သူမလိုချင်ပါ။
Ps: ယင်ယန်လူ(ဒွိလိင် ၊ မိန်းမမဟုတ် ၊ ယောက်ျားမဟုတ်ကိုပြောတာထင်တယ်)
ဆင့်ခေါ်ထားသော ပြိုင်ဘက်ကင်း တုံ့ဖန်းပုပိုင် အပါအဝင်၊ ယခု သူ၏ ရှန်ရှန့်ကျုံဂိုဏ်းတွင် ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့်ရှိ စွမ်းအားကြီးပုဂ္ဂ်ိုလ် လေးဦးရှိနေပြီဖြစ်သည်။ ယောင်ရီအင်ပါယာသည် သူ၏ ရှန်ရှန့်ကျုံဂိုဏ်းအား တိုက်ခိုက်ရဲသည့် သတ္တိရှိမရှိကို ဝမ်ဖုန်း သိချင်နေသည်။
လာတိုက်မည်ဆိုလျှင် နောက်ထပ်အောင်မြင်မှု ဂုဏ်ဒြပ်တစ်ခု သူ့အတွက် ရစေမည်ဖြစ်သောကြောင့် ဝမ်ဖုန်းသည် ပျော်ရွှင်နေလိမ့်မည် ။
(ဘာသာပြန်အဆို: တုံ့ဖန်းပုပိုင်ကို သိကြလားဗျ? နေကြာပန်းသိုင်းကျင့်တဲ့တစ်ယောက်လေ)