← Chapters

ဂိုဏ်းသားစုဆောင်းခြင်းညီလာခံ

Vol. 7 Ch. 97

ဂိုဏ်းသားစုဆောင်းခြင်းညီလာခံ

Vol. 7 Ch. 97

ဝမ်ဖုန်းသည် ဂရုမစိုက်ပဲ ပြုံးနေခဲ့သည်။ ထိုလူသည် လက်စားချေခြင်း မပြုသည့်အတွက် အနည်းငယ် အံ့အားသင့်ခဲ့ရသော်လည်း အနားယူရမည်ဖြစ်သဖြင့် အလွန်ပျော်ရွှင်နေခဲ့သည်။

ထို့အပြင်၊ ပကတိစွမ်းအားနှင့်ရင်ဆိုင်ရလျှင် လျှို့ဝှက်ပူးပေါင်းကြံစည်မှုမှန်သမျှသည်လည်း အချည်းနှီးဖြစ်သွားလိမ့်မည်။

" ရွှမ်ရှ၊ ဆယ်ရက်အကြာမှာ ငါ့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းကနေ ဂိုဏ်းသားအသစ်တွေကို တရားဝင် စုဆောင်းမယ်။ဒါကြောင့် ဘယ်လိုကျင့်ကြံမှုမျိုးပဲဖြစ်ဖြစ်၊ ဘယ်လို အရည်အချင်းမျိုးပဲ ရှိရှိ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ စစ်ဆေးမှုကို ကျော်ဖြတ်နိုင်တဲ့ ဘယ်သူမဆို ဂိုဏ်းထဲ ဝင်နိုင်တယ်လို့ ကြေညာလိုက်ပါ"

ဝမ်ဖုန်းသည် မျက်လုံးကို အနည်းငယ်မှိတ်ကာ ပြောလိုက်သည်။

ယခု၊ သူ၏ ရှန်ရှန့်ကျုံဂိုဏ်းသည် စစ်သူကြီးနှင့် အဓိကစစ်တပ်ကြီးနှစ်ခုကို ဖျက်ဆီးခဲ့သည့် အရှိန်အဟုန်ဖြင့် ဂုဏ်သတင်းကျော်ကြားလာသည်။ အင်ပါယာမှ လက်စားချေမည့် လျှို့ဝှက်အန္တရာယ်တစ်ခုရှိ‌‌နေပင်လျှင် ဤအချိန်သည် သူ၏ ရှန်ရှန့်ကျုံဂိုဏ်းအတွက် ဂိုဏ်းသားများစုဆောင်းရန် အကောင်းဆုံးအချိန်ဖြစ်သည်။

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်"

ထိုစကားကိုကြားသောအခါ မဟာနတ်ဆိုးရွှမ်ရှသည် လျှင်မြန်စွာ ပြန်ဖြေခဲ့သည်။

မဟာနတ်ဆိုးကြီး ရွှမ်ရှသည် ဧကရာဇ်အား အလွန်လေးလေးနက်နက်ရှိ‌သော်လည်း ဝမ်ဖုန်း ၏ ဆုံးဖြတ်ချက်ကိုသာ ထောက်ခံလိမ့်မည်ဖြစ်ပြီး သံသယလည်းရှိမည်မဟုတ်‌ပေ။

ဤကာလအတောအတွင်းတွင် ဝမ်ဖုန်းသည် ဆန်းကြယ်အဓိပတိအဆင့်ရှိ စစ်သူကြီး ချန်းလီ ကို အလွယ်တကူ သတ်ပစ်နိုင်သည့်အတွက် မဟာနတ်ဆိုးရွှမ်ရှသည် ဝမ်ဖုန်းအား နက်နက်နဲနဲ ယုံကြည်သွားခဲ့သည်။

ထို့နောက် မဟာနတ်ဆိုးရွှမ်ရှသည် ကြာမြင့်စွာဆက်မနေတော့ဘဲ ကျင်းပတော့မည့် ဂိုဏ်းသားစုဆောင်းရေးညီလာခံအတွက် ပြင်ဆင်ရန် ထွက်သွားခဲ့သည်။

မဟာနတ်ဆိုး ရွှမ်ရှ ထွက်သွားပြီးနောက် ဝမ်ဖုန်း သည် ယဲ့မုချင် နှင့် သူ၏ဆက်ဆံရေးကို ပို၍နက်ရှိုင်းစေရန်အတွက် အဆောက်အဦးသို့သွားခဲ့သည်။

ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ရှိ အင်ပါယာ၏အကြီးဆုံး မင်းသမီးအား ဖမ်းမိခဲ့သည်ကို သူ မေ့နေဟန်တူသည်။သူမသည် အကျဉ်းချခံထားရသည့် အခန်းထဲတွင် နေခဲ့ရကာ သူမအား စောင့်ကြပ်မည့်သူ တစ်ဦးမျှ မရှိလျှင်ပင် သူမသည် မလွတ်မြောက်နိုင်ပေ။

အင်ပါယာ၏အကြီးဆုံးမင်းသမီးသည် သူမလွတ်မြောက်နိုင်မည့် အခွင့်အရေး လုံးဝမရှိသည်ကို သိထား၏။ ချန်းလီနှင့် အဓိကတပ်ကြီးနှစ်ခုအားဝမ်ဖုန်းမှအလွယ်တကူသတ်လိုက်သည့် သတင်းကို သူမ ကြားလိုက်ရသည်။

ထိုသတင်းသည် အင်ပါယာ၏အကြီးဆုံးမင်းသမီးကို ထိတ်လန့်စေခဲ့ပြီး သူမသည် ရှန်ရှန့်ကျုံဂိုဏ်းတွင် ဆက်၍ နေရန် စီစဉ်ခဲ့ရသည်။

..........

"ကြားပြီးပြီလား ရှန်ရှန့်ကျုံဂိုဏ်းက ဂိုဏ်းသားတွေကို‌ ‌ေပါ်‌ပေါ်ထင်ထင် စုဆောင်းရဲတယ်ဆိုတာ"

"တကယ်ပါပဲ။ အရှင်မင်းကြီးရဲ့ မျက်နှာကို ဖြတ်ရိုက်ပြီးတာတောင် သူတို့က မကြောက်မလန့် ဂိုဏ်းသားစုဆောင်းရဲသေးတယ်ဟ!''

"ရှန်ရှန့်ကျုံဂိုဏ်းကို အခု ဘယ်သူ‌တွေ ဝင်ရဲမှာလဲ။ ဒါက သေဖို့ ရွေးလိုက်တာဘဲ မဟုတ်ဘူးလား၊ အရှင်မင်းမြတ်က လက်စားချေရင် ရှန်ရှန့်ကျုံဂိုဏ်းမှာ သေခြင်းတစ်ခုပဲ ကျန်ရှိလိမ့်မယ်။"

"ဒါပေမဲ့၊ အရှင်မင်းမြတ်ရဲ့ စရိုက်အရဆိုရင် ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်ဆီးပစ်ဖို့ ကြီးမားတဲ့စစ်တပ်ကို စေလွှတ်သင့်တယ်။ အခုတော့ လှုပ်ရှားမှု လုံးဝ မရှိ‌‌ဘူး"

"အရှင်မင်းမြတ်က ငြိမ်နေတာကြောင့် ရှန်ရှန့်ကျုံဂိုဏ်းက အရမ်း ထောင်လွှားဝံ့နေတာဖြစ်နိုင်တယ်။မဟုတ်ဘူးလား"

"ဒါက အလင်းတန်းပေါ် ခုန်ပေါက်နေတဲ့ လူရွှင်တော်တစ်ယောက်လိုပါပဲ။ သိပ်မကြာခင်မှာပဲ ရှန်ရှန့်ကျုံဂိုဏ်းက ပျက်စီးမှုတွေနှင့် ကြုံရတော့မှာပါ"

မဟာနတ်ဆိုးရွှမ်ရှသည် ရှန်ရှန့်ကျုံဂိုဏ်းမှ ဂိုဏ်းသားများကို စုဆောင်းတော့မည့်သတင်းအား လက်ဆင့်ကမ်းလိုက်သည့်အခါ အင်ပါယာတစ်ခုလုံး တုန်လှုပ်သွားပြီး လူတိုင်း ထိုအကြောင်းကို ပြောနေကြသည်။

သူတို့၏ စကားလုံးများသည် အထင်အမြင်သေးခြင်း၊ပုတ်ခတ်ပြောဆိုခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

အင်ပါယာနှင့် ရှန်ရှန့်ကျုံဂိုဏ်းကြား တိုက်ပွဲတွင်၊ ရှန်ရှန့်ကျုံဂိုဏ်းကို မည်သူမျှ အကောင်းမြင်ကြမည်မဟုတ်ပေ။

ရှန်ရှန့်ကျုံဂိုဏ်းသည် အံ့ချီးဖွယ်စွမ်းအားကို ပြသသော်လည်း၊ ရှန်ရှန့်ကျုံဂိုဏ်း၏ အခြေခံအုတ်မြစ်သည် မလေးနက်သဖြင့်၊ ၎င်းအား ရှေးဟောင်းအင်ပါယာနှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။

ထို့အပြင်၊ ရှန်ရှန့်ကျုံဂိုဏ်းမကျော်ကြားမှီ ထိုဂိုဏ်းကို မည်သူသိသနည်း။ ယခုတွင် ထိုအမည်မသိဂိုဏ်းသည် ရုတ်တရက် ကျော်ကြားလာကာ တိုးတက်မှု သည်လည်း အလွန်လျှင်မြန်၏။ ထိုဂိုဏ်းသည် အံ့ဩဖွယ်ကောင်းလှသော်လည်း လူအများအား မပျော်ရွှင်စေခဲ့ပေ။

အဘယ်ကြောင့်နည်း။

မနာလိုတာကြောင့်ပင်။

ယနေ့ ဤကဲ့သို့ အခြေအနေရရှိစေရန်အတွက် ရှေးဟောင်းအင်အားစုများသည် ကြိုးကြိုးစားစားဖြင့် အလုပ်လုပ်ခဲ့ကာ တစ်ဖြည်းဖြည်းနှင့် ကြိုးပမ်းတက်လာခဲ့ရသည်။

ရှန်ရှန့်ကျုံဂိုဏ်းသည် ကမ္ဘာပေါ်တွင် ဧရာမဂိုဏ်းကြီး ဖြစ်လာပြီး ထွက်ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် အထွတ်အထိပ်ဖြစ်လာမည်ကို၊ မည်သူက မနာလိုမဖြစ်ပဲ‌‌ နေမလဲ။

အထူးသဖြင့် ရှန်ရှန့်ကျုံဂိုဏ်းတွင် ပို၍အားကောင်းသည့် ရန်သူများရှိနေသည့်အခါ၌ သူတို့သည် ပိုမိုအားကောင်းသည့် တပ်ဖွဲ့များနှင့် မျက်နှာလို မျက်နှာရလုပ်ကာ ရှန်ရှန့်ကျုံဂိုဏ်းအား ဆက်လက်၍သိမ်ငယ်စေလိမ့်မည်။

အင်ပါယာသည် ပို၍အင်အားကောင်းသော တပ်ဖွဲ့ဖြစ်သည်။ သူတို့အားလုံးသည် အင်ပါယာ၏ နဂါးပေါ်တွင် နေထိုင်ကြသည်။ အင်ပါယာနှင့် ရှန်ရှန့်ကျုံဂိုဏ်းကို ရင်ဆိုင်ရာတွင် လူမိုက်များသည် မည်သို့ရွေးချယ်ရမည်ကို သိကြသည်။

နန်းတော်ထဲတွင်မူ ယောင်ရီဧကရာဇ်သည် ရှန်ရှန့်ကျုံဂိုဏ်းမှ တပည့်များကို စုဆောင်းမည်ဟူသော သတင်းကြားသည့်အခါ သူသည် လှောင်၍ ပြုံးခဲ့သည်။

ရှန်ရှန့်ကျုံဂိုဏ်းက တကယ်ကို သောင်းကျန်းနေတာပဲ။

ကိုယ်တော်ရဲ့ မျက်နှာကို ပါးရိုက်ခဲ့ပြီး ဂိုဏ်းသားတွေကို စုဆောင်းရဲတယ်။

ဤသည်က သူ့၏ မျက်လုံးထဲ၌ ဧကရာဇ်အား လုံးဝ မထည့်ခြင်းဖြစ်သည်။

အကယ်၍ ယခင်အာရုံစိုက်စဉ်က ဖြစ်ခဲ့ပါက ယောင်ရီဧကရာဇ် သည် အလွန်ဒေါသထွက်နေမည်မှာ သေချာသော်လည်း ယခုအခါတွင် သူသည် ရယ်မောကာ လှောင်ပြောင်နေသည်။ ဤရှန်ရှန့်ကျုံဂိုဏ်းသည် သေခါနီးအချိန်ကိုပင်မသိသည်မှာ ဝမ်းနည်းစရာကောင်းလှသည်။

မဟာဧကရာဇ်ယောင်ရီ၏စိတ်သည် ရှန်ရှန့်ကျုံဂိုဏ်းတွင် မရှိတော့ပေ။

လက်ယာအမတ်ကြီး ထွက်ခွာသည်နှင့်၊ ရှန်ရှန့်ကျုံဂိုဏ်းကျဆုံးတော့မည်မှာ အသေအချာဖြစ်သည်။

သေခါနီးလူသည် သူ၏မျက်လုံးထဲသို့ မည်သို့ ရောက်မည်နည်း။

ယောင်ရီဧကရာဇ်၏ ပုံစံသည် အလွန်တည်ငြိမ်နေသည်။

"အကြီးဆုံး မင်းသမီးရဲ့ လှုပ်ရှားမှုကို ကြည့်ပြီးပြီလား"

ယောင်ရီဧကရာဇ်သည် မျက်လုံးမှိတ်၍ လေးနက်စွာပြောလိုက်သည်။

အကြီးဆုံးမင်းသမီး ယုရွှမ်းသည် သူ၏အစ်မဖြစ်သည်သာမက သူ၏ ကြီးမားသည့် ရည်မှန်းချက်များနှင့်လည်း သက်ဆိုင်နေသည်။

ကံကောင်းစွာဖြင့်၊ အကြီးဆုံးမင်းသမီး ယုရွှမ်း ၏ သေဆုံးမှုသတင်းမရရှိခဲ့ပေ။ မဟုတ်ပါက သူသည် အမှန်ပင် ရူးသွားလိမ့်မည်။ သူ ရူးသွားလျှင် အမှန်တကယ်ပင် သွေးချောင်းစီးသွားပေလိမ့်မည် ။

“အဲဒီနေ့က တော်ဝင်မင်းသမီးဖြစ်တဲ့ အကြီးဆုံးမင်းသမီးဟာ ရှန်ရှန့်ကျုံဂိုဏ်းရဲ့အသေးစိတ်အချက်အလက်တွေကို မသိတာကြောင့် လူကိုယ်တိုင်သွားရောက်စုံစမ်းခဲ့ပေမယ့် သတင်းမရခဲ့ပါဘူး။ စစ်သူကြီး ချန်း မရောက်ခင်မှာ ရှန်ရှန့်ကျုံဂိုဏ်းကိုရောက်လာတဲ့ ဆန်းကြယ်အင်ပါယာအဆင့်ရှိစွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦး ရှိခဲ့ပါတယ်။ အဲ့ဒီဆန်းကြယ်အင်ပါယာအဆင့်ရှိစွမ်းအားရှင်ဟာ အကြီးဆုံးမင်းသမီးကြီး ဖြစ်တယ်လို့ လက်အောက်ငယ်သားတွေကလဲ ခန့်မှန်းထားကြပါတယ်"ယောင်ရီဧကရာဇ်၏ အသံတိတ်သွားသောအခါ အနက်ရောင် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ယောင်ရီဧကရာဇ်၏ အရှေ့တွင် လေးစားစွာ ဒူးထောက်၍ ကျယ်လောင်စွာပြောလိုက်သည်။

"အတင့်ရဲလှချည်လား!"

"ရှန်ရှန့်ကျုံဂိုဏ်းက သေချင်နေတာထင်တယ် !"

ယောင်ရီဧကရာဇ်၏ အော်သံကြောင့် ခန်းမတစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများဖြင့် ပြည့်နှက်သွားပြီး အနက်ရောင်ပုံရိပ်သည်လည်း ထိတ်လန့်သွားကာ နဖူးပေါ်မှ ချွေးစီးများ ထွက်ကျလာသည်။

ထိုအရာသည် ခန့်မှန်းချက်သာဖြစ်သော်လည်း အဖမ်းခံခဲ့ရသည့် ဆန်းကြယ်အင်ပါယာအဆင့်ရှိစွမ်းအားရှင်မှာ ယောင်ရီဧကရာဇ်၏အစ်မ၊ အင်ပါယာ၏အကြီးဆုံးမင်းသမီး ယုရွှမ်း ဖြစ်သည်မှာ သေချာလုနီးပါးဖြစ်သည်။

ချန်းလီသတ်ဖြတ်ခံရခြင်းနှင့် အဓိကတပ်ကြီးနှစ်ခု ဖျက်ဆီးခံရခြင်းပင်လျှင် သူ့ကို ဒေါသမထွက်စေခဲ့‌ သော်လည်း ဤအရာသည် ယောင်ရီဧကရာဇ်အား ဒေါသ‌ကြောင့်ပေါက်ကွဲလုနီးပါးဖြစ်ခဲ့သည်။

ယောင်ရီဧကရာဇ် ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် စွမ်းအားများ ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံးကို သုတ်သင်ပစ်ခဲ့သည်။

"ဗုန်း!"

ဤစွမ်းအားများ ဝင်ရောက်လာသည့်အခါ အနက်ရောင်ပုံရိပ်သည် လွှင့်ထွက်သွားပြီး တိုင်ပေါ်သို့ ပြုတ်ကျကာ နီရဲသော သွေးများ ပန်းထွက်လာခဲ့သည်။ အနက်ရောင်ပုံရိပ်သည် တစ်ကိုယ်လုံး နာကျင်မှုများဖြင့် ပြည့်နှက်နေသော်လည်းမြေပေါ်သို့ ကျလာပြီးသည့်တိုင် လေးစားစွာ ဒူးထောက်နေဆဲဖြစ်သည်။ သူသည် အံကြိတ်ကာ ညည်းတွားသံပင် ထွက်မလာခဲ့ပေ။

"ကျိုးရှန်း ဘာလုပ်နေလဲ" ယောင်ရီဧကရာဇ် သည် ဒေါသကို ထိန်းထားရင်းဖြင့် မေးလိုက်သည်။

"သခင် ကျိုးရှန်း က ဒီတိုက်ပွဲရဲ့ အသေးစိတ်အချက်အလက်တွေကို ပိတ်ပင်ဖို့ ပထမဆုံး အမိန့်ပေးခဲ့ပြီးတော့ ရှောင်းယွင်ဖုန်းရဲ့ သတင်းကို ကြီးမြတ်သောလေအင်ပါယာရဲ့ မင်းသားအား အကြောင်းကြားဖို့ တစ်ယောက်ယောက်ကို စေလွှတ်ခဲ့တယ်။"

"ကျိုးရှန်း ကိုယ်တိုင်ကိုင်တွယ်လှုပ်ရှားနေပြီဆိုတော့ ဝင်စွက်ဖက်ဖို့က ငါ့အတွက်မလွယ်ဘူး! ဒါပေမယ့် အကြီးဆုံးမင်းသမီးကို ဘေးကင်းကင်းနှင့် ပြန်ခေါ်လာရမယ်။ ရှန်ရှန့်ကျုံဂိုဏ်းက တပည့်စုဆောင်းရေးညီလာခံကို ကျင်းပတော့မှာ မဟုတ်လား။ ဒီဧကရာဇ်က သူတို့ဂိုဏ်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။

ညီလာခံကျင်းပနေစဉ်အတောအတွင်းမှာ ရှန်ရှန့်ကျုံဂိုဏ်းထဲကို ခိုးဝင်ဖို့ မြေအောက်ကမ္ဘာက တစ္ဆေစစ်တပ်ကို စေလွှတ်ပြီး အကြီးဆုံးမင်းသမီးကို ကယ်ထုတ်ပါ။ အကြီးဆုံးမင်းသမီးကို ကယ်တင်ဖို့ပဲ စိတ်ထဲထားပြီး ကျန်တဲ့အရာတွေကို‌ အာရုံမထားနဲ့!''

ယောင်ရီဧကရာဇ် က အေးစက်စွာပြောခဲ့သည်။

All Chapters