← Chapters

ရုပ်အလောင်းဝိဉာဉ်

Vol. 7 Ch. 98

ရုပ်အလောင်းဝိဉာဉ်

Vol. 7 Ch. 98

ယောင်ရီအင်ပါယာစစ်တပ်များကြားတွင် လျှို့ဝှက်ဆန်းပြားဆုံးသော ပရလောက၏ တစ္ဆေ‌စစ်တပ်သည် စတင်ထွက်ပေါ်လာချိန်မှစ၍ ကြောက်စဖွယ်ကောင်းပေသည်။ တစ္ဆေစစ်တပ်ကို ယခုလက်ရှိ အသက်ရှင်နေထိုင်နေကြသူ မည်သူမျှ မမြင်တွေ့ဖူးကာ တွေ့မြင်ဖူးကြသူတိုင်းသည်လည်း ဆုံးပါးသွားခဲ့ကြပြီဖြစ်သည်။

ထို့ကြောင့် ပရလောက တစ္ဆေစစ်တပ်ကို သေခြင်းတရားစစ်တပ်ဟူ၍လည်း ခေါ်ကြသေးသည်။ အဘယ့်ကြောင့်ဆိုသော် ထိုစစ်တပ်ပေါ်ထွက်လာခဲ့ပါက ရန်သူဘက်မှ သေဆုံးရတော့မည်ဟု အဓိပ္ပာယ်ရှိသောကြောင့်ပင် ဖြစ်သည်။

မြေအောက်ကမ္ဘာ၏ တစ္ဆေစစ်တပ်ပေါ်ပေါက်လာချိန်မှစ၍ ထိုတပ်အား နှစ်ကြိမ်သာ အသုံးပြုခဲ့ရသေးသည်။ ပထမတစ်ကြိမ်သည် ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းကို တားဆီးရန်ဖြစ်ပြီး တစ်ညတည်းတွင်ပင် ထို ထိပ်တန်းဂိုဏ်းသည် သေကြေပျက်စီးသွားခဲ့လေသည်။ ကျန်သောတစ်ကြိမ်သည် အခြားအင်ပါယာကြီးနှစ်ခုကို ဟန့်တားရန်ဖြစ်သော်ကြောင့် အခြားအင်ပါယာကြီးနှစ်ခု၏ ထိပ်တန်းစစ်တပ်များနှင့် တိုက်ခိုက်ခဲ့ရချိန်ဖြစ်ပေသည်။

ယခုတွင် မြေအောက်ကမ္ဘာ၏ တစ္ဆေစစ်တပ်သည် တတိယအကြိမ် အသုံးပြုခံခဲ့ရလေပြီ။

ထိုစစ်တပ်၏ အစောင့်တစ်ဦးတွင်ပင် နှိုင်းယှဉ်၍မရနိုင်သော ကြောက်စဖွယ်စွမ်းအားရှိနေခဲ့သည်! ထိပ်တန်းဂိုဏ်းအား တိုက်ခိုက်ဖျက်ဆီးခဲ့ချိန်ဆိုလျှင် ပရလောက တစ္ဆေစစ်တပ်သည် အစောင့်တစ်ဦးကိုသာ အသုံးပြုခဲ့လေသည်။ သို့သော် မည်သူမျှ ထိုအကြောင်းမသိခဲ့ကြချေ။

“ဟုတ်ကဲ့ပါ!”

ဤသို့ကြားခဲ့ရသည့်အခါတွင် အနက်ရောင်ပုံရိပ်သည် တုန်လှုပ်သွားခဲ့သည်။

“ထွက်သွားတော့!”

ယောင်ရီ ဧကရာဇ်သည် အေးတိအေးစက်နှင့်ပြောခဲ့လေသည်။

ထို့နောက်တွင် ထိုအနက်ရောင်ပုံရိပ်သည် တကယ်ပင် ခန်းမကြီးမှ ထွက်သွားခဲ့သောကြောင့် ယောင်ရီဧကရာဇ်သည် အင်အားကြီးလှကြောင်း ပေါ်လွင်လေသည်။

“အစ်မကြီး ယုရွှမ်း ၊ မင်း ငါ့လက်ထဲက မလွတ်နိုင်ပါဘူး!”

ယောင်ရီဧကရာဇ်သည် အနည်းငယ် မျက်လုံးမှေးခဲ့ကာ သူ၏မျက်လုံးများသည် အရာရာများကို ဖြတ်ကျော်ပြီး ရှန်ရှန့်ကျုံဂိုဏ်းရှိရာဘက်ကို ကြည့်ရှုနေခဲ့သည်။ သူသည် သိမ်မွေ့စွာ တီးတိုးပြောဆိုခဲ့ကာ သူ၏စကားလုံးများသည် အလွန်မင်း အေးဆက်လှပေသည်။

………….

ရှန်ရှန့်ကျုံဂိုဏ်းသည် ဂိုဏ်းသားအသစ်စုဆောင်းခြင်းညီလာခံ ဆောင်ရွက်မည်ဟူသော သတင်းပျံ့နှံ့လာခဲ့သည့်အချိန်မှာစ၍ ယောင်ရီအင်ပါယာကြီးတစ်ခုလုံးသည် ပွက်လောရိုက်နေခဲ့သည်။ မရေမတွက်နိုင်အောင်ပင်များပြားလှသော လူအရေအတွက်သည် ထိုအကြောင်းအရာကို ပြောဆိုနေခဲ့ကြသော်လည်း မည်သူမှ ရှန်ရှန့်ကျုံဂိုဏ်းကို မသွားရဲကြပေ။

ရှန်ရှန့်ကျုံဂိုဏ်းမှ ခြိမ်းခြောက်ခံခဲ့ရဖူးသည့် စွမ်းအားကြီးဂိုဏ်းများသည်ပင် လူတစ်ဦးမျှ မပို့ပေးခဲ့ပေ။

အင်ပါယာကြီးတစ်ခုလုံးသည် ရုန်းရင်းဆန်ခတ်သည့် အခြေအနေသို့ ရောက်နေခဲ့ကြလေသည်။

ယခုတွင် ရှန်ရှန့်ကျုံဂိုဏ်းသည် မြင့်မြတ်လှသည့်ပုံ ပေါက်နေခဲ့သော်လည်း စင်စစ်တွင် ထိုဂိုဏ်းသည် ငရဲကျတော့မည်ဖြစ်သည်။ ရှန်ရှန့်ကျုံဂိုဏ်းသို့ သွားသူတိုင်းသည် သေဆုံးသွားကြရမည်သာဖြစ်ပေသည်။

အင်ပါယာထဲရှိ မြိုတော်ကြီး ငါးမြို့မှ တစ်မြို့ဖြစ်သည့် ယောင်လဲ့ မြို့တော်အပြင်ဘက်တွင် ရိုးရှင်းစွာ ဝတ်ဆင်ထားသည့် သူတစ်ဦးအား ရက်စက်သော ပုဂ္ဂိုလ်များစွာသည် ဝန်းရံထားခဲ့ပြီး ဓားများထုတ်ပြီး တိုက်ခိုက်နေခဲ့ကြသည်။

ထို ရိုးရှင်းသော အဝတ်အစားများဝတ်ဆင်ထားသူသည် အသက် နှစ်ဆယ့်သုံး သို့မဟုတ် နှစ်ဆယ့်လေးအရွယ်သာဖြစ်ပြီး ထိုသူသည် ဖိုသီဖတ်သီဖြစ်နေသည့် ဆံနွယ်များနှင့် လောကဓံကိစ္စများများစွာ ကြုံခဲ့ရသည့် မျက်နှာထားရှိနေခဲ့သည်။ သူ၏အနောက်တွင် အလွန် ထူးဆန်းပုံပေါ်သော ရှည်လျားသည့် အနက်ရောင် အခေါင်းတစ်ခုရှိနေခဲ့သည်။

“ရုပ်အလောင်းဝိဉာဉ် မင်းက ငါရဲ့ ယောင်လဲ့မြို့တော်မှာ ဂိုဏ်းမရှိတဲ့ နာမည်ကြီးကျင့်ကြံသူတစ်ယောက်ပဲ။ မင်းက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားအသစ်စု‌ေဆာင်းခြင်းညီလာခံကို သွားရဲ‌တယ်ပေါ့လေ။ ငါတို့ ယောင်လဲ့မြို့တော်ကို မျက်နှာပျက်စေရတာပဲ။”

“ရှန်ရှန့်ကျုံဂိုဏ်းက ပျက်စီးတော့မှာ။ ပုံမှန်အတိုင်းသာဆိုရင် မင်းက သေချင်နေတာဆိုရင်လည်း ငါဘာမှ ဂရုစိုက်နေမှာမဟုတ်ဘူး။ ဒါပေမဲ့ အခုကကျတော့ ငါတို့ အင်ပါယာကြီးရဲ့ မြို့တော်ကြီးငါးမြို့က ဘယ်သူကိုမှ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားစုဆောင်းခြင်းညီလာခံမှာ မပါဝင်ခိုင်းဘူးလို့ ဆုံးဖြတ်ထားပြီးကြပြီ ။ အဲ့လိုဆိုရင် အဲ့ဂိုဏ်းလည်း မျက်နှာပျက်ပြီး ရှက်ရမှာပေါ့။ မင်းက ဂိုဏ်းမရှိတဲ့ ကျင့်ကြံသူဆိုရင်တောင်မှ သွားခွင့်မပေးနိုင်ဘူး။”

“မင်းက ယောင်လဲ့မြို့တော်က ဖြစ်နေသရွေ့ သွားခွင့်မပေးနိုင်ဘူး။ မဟုတ်ရင်တော့ ငါ့ကို ရက်စက်လို့ဆိုပြီး အဆိုးမဆိုနဲ့!”

ခေါင်းဆောင်ဖြစ်သူသည် အေးတိအေးစက်မျက်နှာထားနှင့် အော်ဟစ်ခဲ့သည်။

ရှန်ရှန့်ကျုံဂိုဏ်းမှ ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကျင်းပမည့် သတင်းထွက်ပေါ်လာပြီးနောက်တွင် ‌အင်ပါယာ၏ မြို့တော်ကြီး ငါးမြို့ကြားတွင် ဆက်သွယ်စုံစမ်းကြခြင်း လုံးဝမရှိခဲ့ပေ။ သို့သော် အပြန်အလှန် နားလည်မှုတစ်ခုသည် သဘာဝကျစွာဖြင့် ပေါ်ပေါက်လာခဲ့သည်။ ထိုအချက်သည် မြို့တော်အတွင်းရှိ ထိပ်တန်း ပါရမီရှင်များကို ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းသားစုဆောင်းခြင်းညီလာခံတွင် မပါဝင်ရန် တားဆီးခြင်းပင်ဖြစ်သည်။

အရှင်မင်းကြီးသည် ဤသို့ ပြုလုပ်ရန် အမိန့်မပေးခဲ့သော်လည်း နန်းတွင်းသူ နန်းတွင်းသားများအနေနှင့် လူငယ်မျိုးဆက်သည် အခြေခံအကျဆုံးသော အစိတ်အပိုင်းဖြစ်ကြောင်း သိရှိနေခဲ့ကြလေသည်။ သူတို့၏ မြို့တော်မှ လူငယ်မျိုးဆက်များကို ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းသားစုဆောင်းခြင်းညီလာခံတွင် ပါဝင်သည်ကို ခွင့်ပြုနိုင်ပါ့မည်နည်း?

အရှင်မင်းကြီးသာ အပြစ်တင်ခဲ့ပါက မည်သူ အပြစ်တင်ခံနိုင်မည်နည်း?

ရုပ်အလောင်းဝိဉာဉ်သည် ဂိုဏ်းမရှိသည့် လေလွင့်ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း ယောင်လဲ့မြို့တော်တွင် အကျော်ဇေယျတစ်ဦးပင်ဖြစ်ပေသည်။

ကောလဟာလများအရ ထိုသူသည် ရှေးခေတ်ချိန်များမှ ထူးဆန်းပြီး ဆန်းကြယ်သော စွမ်းအင်များ ရရှိထားသောကြောင့် သူ၏ နောက်ကျောပေါ်တွင် အနက်‌ရောင် အခေါင်းကို နေ့စဉ်နေ့တိုင်း သယ်ယူထားသည်ဟု ပြောကြလေသည်။

ထိုသူသည် သူ့ကိုယ်သူ အလောင်းဟု ခေါ်ကာ သူသည် နေရာတိုင်းသို့ သွားပြီး လူများကို စိန်ခေါ်တတ်သည့် အရူးဖြစ်သည်။ ထို့အပြင် သူသည် ယောင်လဲ့မြို့တော်ရှိ ပါရမီရှင်များ အားလုံးနီးပါးကို စိန်ခေါ်ဖူးပေသည်။

ထိုသူတိုက်ခိုက်ချိန်တိုင်းတွင် သူသည် ထိုစာသားများကို သီဆိုနေတတ်သည်။

ငါ့အခေါင်းနဲ့၊ မင်းအလောင်းကိုမြှုပ်မယ်။

ဘယ်သူက ဘယ်သူလဲ၊ အခေါင်းဆီလာခဲ့ပါ!

ဝိညာဥ်များ ၊ ကြီးစိုးကြလေတယ်!

ယောင်လဲ့ မြို့တော်၏ ပါရမီရှင်တိုင်းသည် ထိုစာကြောင်း နှစ်ကြောင်းကို ကြားခဲ့ရသည့်အခါတွင် အားလုံး ကြောက်ရွံ့သွားခဲ့ကြပေသည်။

ရုပ်အလောင်းဝိဉာဉ်မှ စိန်ခေါ်ခဲ့သည်ဆိုလျှင် နောက်ခံအင်အားနည်းပါက ထိုသူသည် ရုပ်အလောင်းဝိဉာဉ်၏ အခေါင်းထဲတွင် ထာဝရ လဲလျောင်းကြရပေမည်။ နောက်ခံ အင်အားကြီးသူများဖြစ်ပါက ထိုသူသည် ဆုံးပါးသွားမည်မဟုတ်သော်လည်း စွမ်းအားနည်းပါးသွားခဲ့မည်ဖြစ်သည်။

ရုပ်အလောင်းဝိဉာဉ်၏ ကျင့်ကြံမှုအဆင့်သည် သိပ်မမြင့်ဘဲ အပြောင်းအလဲသို့ဝင်ရောက်ခြင်း အဆင့်သာ ရှိပေသည်။ သို့သော် အပြောင်းအလဲသို့ဝင်ရောက်ခြင်း အဆင့်၌ရှိသူများကြားတွင် သူသည်ပြိုင်ဘက်ကင်းသူတစ်ပင်ဖြစ်သည်။ အနည်းဆုံးတော့ ယောင်လဲ့မြို့တော်အတွင်းရှိ အပြောင်းအလဲသို့ဝင်ရောက်ခြင်း အဆင့်ရှိသော ပါရမီရှင်များအားလုံးသည် သူနှင့်မယှဉ်နိုင်ကြပေ။

ရုပ်အလောင်းဝိဉာဉ်သည် တော်ဝင်မင်းသားအဆင့်ရှိ ကျင့်ကြံသူနှင့် တစ်ခါမျှပင် မတိုက်ခိုက်ခဲ့ဖူးသော်လည်း ဤသို့ တော်ဝင်မင်းသားအဆင့်ရှိ ကျင့်ကြံသူများသည်လည်း ရုပ်အလောင်းဝိဉာဉ်အပေါ်တွင် ကြောက်ရွံ့နေခဲ့ပြီး မနာလိုဖြစ်နေခဲ့ကြသည်။ ထို့အပြင် ထိုအရူးသည် သူတို့အိမ်တံခါးအထိ လာပြီး စိန်ခေါ်မည်ကို ကြောက်ကြသောကြောင့် တမင်သက်သက်ပင် ရှောင်တိမ်းနေခဲ့ကြသည်။

သို့သော် ယောင်လဲ့မြို့တော်မှ ကျင့်ကြံသူများသည် စိန်ခေါ်ဖို့သာ သိသော ဤအရူးသည် ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကို တုံ့ဆိုင်းနေခြင်းမရှိဘဲ ချက်ချင်း တတ်ရောက်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

ထိုအရာသည် ယောင်လဲ့မြို့တော်၏ မြို့စားကို ရုတ်တရက် ဒေါသထွက်သွားစေခဲ့သည်။ သူသာ နှစ်ပေါင်းများစွာကြာ လျှို့ဝှက်ပြီး မကာကွယ်ပေးထားခဲ့ပါက ရုပ်အလောင်းဝိဉာဉ်၏ ဟန်နေဟန်ထားနှင့်ဆိုလျှင် ယောင်လဲ့မြိုတော်ထဲမှ စွမ်းအားကြီးသူများသည် သူ့အား လုံးဝ တစ်စဆီဖြစ်သွားသည်အထိ ရန်ပြုကြမည်ပင်ဖြစ်သည်။

ရုပ်အလောင်းဝိဉာဉ် နာမည်ကြီးလာခါစတွင် ယောင်လဲ့မြိုတော်၏ မြို့စားသည် သူ့အား သတိထားမိလာခဲ့သည်။ ယောင်လဲ့ မြို့စားသည် ရုပ်အလောင်းဝိဉာဉ်ကို ချက်ချင်း မခေါ်ခဲ့ဘဲ ရုပ်အလောင်းဝိဉာဉ်အား တိုးတတ် လာစေခဲ့ပြီး ထိုသူကို ယောင်လဲ့မြိုတော်အတွင်းရှိ စွမ်းအားကြီးသူများကို ဟန့်တားရန် အသုံးပြုခဲ့လေသည်။

ယောင်လဲ့မြိုတော် မြို့စားသည် ရုပ်အလောင်းဝိဉာဉ်မှ တောာ်ဝင်မင်းသားအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဆိုပါက သူကိုယ်တိုင်ပင် လာရောက် ခေါ်မည်ဟု ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သည်။ ဂိုဏ်းမရှိသည့် ထိပ်တန်း လေလွင့်ကျင့်ကြံသူဖြစ်သော ရုပ်အလောင်းဝိဉာဉ်ကို အောင်မြင်စွာစည်းရုံးနိုင်ပြီး သူ၏ ညာလက်ရုံးသာ လုပ်ခိုင်းခဲ့မည်ဆိုပါက သူသည် ယောင်လဲ့မြိုတော်ကြီးတစ်ခုလုံးကို အုပ်ချုပ်နိုင်မည်ဖြစ်ပေသည်။

သို့သော် ယောင်လဲ့ မြို့စားသည် ဤသို့ ရူးသွပ်သည့် ရုပ်အလောင်းဝိဉာဉ်သည် တကယ်ပင် ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ချင်နေခဲ့သည်ဟု မထင်ထားခဲ့ပေ။ ထို့ကြောင့် ဤသို့ဖြစ်ပျက်သွားခြင်းသည် ယောင်လဲ့ မြို့စားဘက်မှ ရုပ်အလောင်းဝိဉာဉ်ရုပ်အလောင်းဝိဉာဉ်အား မပိုင်ဆိုင်ခဲ့ရသော်လည်း သစ္စာဖောက်ခံရခဲ့သကဲ့သို့ ခံစားနေရပေသည်။

သူသည် ရုပ်အလောင်းဝိဉာဉ်အား ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းသားစုဆောင်းခြင်းညီလာခံ၌ မည်သို့ ပါဝင်ဆင်နွဲခွင့်ပေးနိုင်ပါ့မည်နည်း?

အပြန်အလှန် နားလည်မှုဖြင့် သဘောတူထားချက်ကို ဖယ်ထားလျှင်ပင် မြို့စားသည် ရုပ်အလောင်းဝိဉာဉ်အတွက် နှစ်ပေါင်းများစွာကြာ ပေးဆပ်ထားရသည်များကြောင့် သူသည် ‌ရုပ်အလောင်းဝိဉာဉ်ကို အလွတ်မပေးနိုင်ပေ။

သူသာ ပိုင်ဆိုင်ခွင့်မရပါက ထိုအရာကို ဖျက်ဆီးရပေမည်။

ထို့ကြောင့် ယောင်လဲ့မြိုတော်၏ မြို့စားသည် ရုပ်အလောင်းဝိဉာဉ်အား ကြားဖြတ်တိုက်ခိုက်ရန် တော်ဝင်မင်းသား အထွတ်အထိပ်အဆင့်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်ငါးဦးကို စေလွှတ်ခဲ့လေသည်။

“ရုပ်အလောင်းဝိဉာဉ် ၊ မြို့စားက မင်းကို အရမ်း သဘောကျတာ။ မင်းသာ ရှန်ရှန့်ကျုံဂိုဏ်းက ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကို သွားဖို့ လက်လျှော့ပြီး မြို့စားအပေါ်မှာသာ သစ္စာရှိမယ်ဆိုရင် အခုကစပြီး ဒီ ယောင်လဲ့မြိုတော်မှာ မင်းက လူပေါင်းတစ်သောင်းထဲက အကောင်းဆုံးတစ်ယောက်ဖြစ်နေမှာပဲ!”

ဦးဆောင်နေခဲ့သည့် ယောင်လဲ့မြိုတော်၏ မြို့စား စံအိမ်မှ စွမ်းအားကြီးသူတို့သည် ရုပ်အလောင်းဝိဉာဉ်အား စိတ်အားထက်သန်စွာ ပြောခဲ့လေသည်။

မြို့စား၏ လူယုံတော်တစ်ဦးအနေဖြင့် ထိုသူသည် မြို့စား ရုပ်အလောင်းဝိဉာဉ်အပေါ်တွင် မည်မျှပင် ဂရုစိုက်ကြောင်း သိရှိထားကြသည်။ မြို့‌စားနှင့် ‌ရုပ်အလောင်းဝိဉာဉ်တို့သည် တစ်ခါမျှပင် မတွေ့ဖူးကြသော်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာမှစပြီး ရုပ်အလောင်းဝိဉာဉ်သည် ထို အင်အားကြီးသူများကို စိန်ခေါ်ခဲ့သည်မှာ မြို့စားကို တိုက်ရိုက်မဟုတ်သော်လည်း သွယ်ဝိုက်ကူညီပေးသလိုဖြစ်နေခဲ့သည်။ မြို့စားသည်လည်း ရုပ်အလောင်းဝိဉာဉ်ကို အကြိမ်ပေါင်းများစွာ လျှို့လျှို့ဝှက်ဝှက်နှင့် ကာကွယ်ပေးခဲ့ဖူးပေသည်။

ရုပ်အလောင်းဝိဉာဉ်နှင့် မြို့စား စံအိမ်တို့ကြားတွင် သံယောဇဉ်များစွာ ရှိနေခဲ့သည်ဟုလည်း ပြောနိုင်ပေသည်။

အပြင်သူများအမြင်တွင်ပင် ရုပ်အလောင်းဝိဉာဉ်သည် အမည်အားဖြင့် ဂိုဏ်းမရှိသည့် လေလွင့် ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း စင်စစ်ဆိုလျှင် ထိုသူသည် ယောင်လဲ့မြိုတော်၏ မြိုစား စံအိမ်မှ သူတစ်ဦးဖြစ်သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

“ဘေးဖယ်စမ်း”

ရုပ်အလောင်းဝိဉာဉ်သည် ခေါင်းမော့ခဲ့ပြီး မြို့စား စံအိမ်၏ အကြီးအကဲကို ပေါ့ပါးစွာ လှည့်ကြည့်ခဲ့သည်။ ထို့နောက်တွင် သူသည် စိတ်မဝင်စားစွာနှင့် အသံအောအောဖြင့် ပြောလိုက်သည်။ သူ့၌ ခံစားချက် လုံးဝ မရှိခဲ့ပေ။

“မြို့စားက မင်းကို သတ်ချင်နေတာမဟုတ်ဘူး။ ဒါပေမဲ့လည်း မင်းကိုယ်တိုင်က သေချင်နေတာဆိုရင်တော့လည်း ငါကို အဆိုးမဆိုနဲ့!"

မြို့စား စံအိမ်၏ ခေါင်းဆောင်သည် ရုပ်အလောင်းဝိဉာဉ်၏ စကားကို ကြားပြီး သူ၏မျက်လုံးများကို အနည်းငယ်မှေးခဲ့သည်။ သူ၏မျက်လုံးများသည် အေးတိအေးစက်ဖြစ်နေပြီး သူသည် မည်သည့်ခံစားချက်မျှ မဖော်ပြဘဲ ပြောခဲ့လေသည်။

All Chapters