← Chapters

စိတ်ဝိညာဉ်ရင်းမြစ်၏ လျှို့ဝှက်ချက်

Vol. 40 Ch. 586

စိတ်ဝိညာဉ်ရင်းမြစ်၏ လျှို့ဝှက်ချက်

Vol. 40 Ch. 586

ရုတ်တရက်.. ဆူဇီမိုသည် ပြီးခဲ့သည့်နှစ်လလောက်က ကျမ်းစာတိုက်ထဲမှာ သူဖတ်ခဲ့ရသော ရှေးဟောင်းကျမ်းစာအုပ်တစ်အုပ်ကို သွားပြီး သတိရလိုက်၏။

အဲ့ကျမ်းထဲမှာ စိတ်နှလုံးထိုးထွင်းသိမြင်ခြင်းဟုဆိုသော ဂမ္ဘီရစွမ်းရည်တစ်ခုအကြောင်း မှတ်တမ်းတင်ထားလေသည်။

အဲ့ထဲမှာ ပြောထားသည်က မည်သူမဆို စိတ်နှလုံးထိုးထွင်းသိမြင်ခြင်းကို အတိုင်းအတာတစ်ခုထိရောက်အောင် ကျင့်ကြံထားမည်ဆိုလျှင် ပြောဆိုထိတွေ့ဆက်ဆံခြင်း မရှိဘဲနှင့်ကို အနီးနားမှာရှိသည့် လူများ၏ စိတ်အတွေးအကြံကို အာရုံခံသိမြင်နိုင်သည်ဟု ဆိုလေသည်။ အဲ့ဒါက အရမ်းကို ဆန်းကြယ်ပြီး အံ့ဩဖို့ ကောင်းလေသည်။

ထိုပညာရပ်၏ အထွတ်အထိပ်သို့ ရောက်သွားပြီဆိုလျှင် အတွေးတစ်ချက်နှင့်ပင် လောကမှာရှိသည့် သက်ရှိအားလုံး၏ အတွေးအကြံများ ဖတ်နိုင်လာမည်ဖြစ်ပြီး အဲ့ဒါက အရမ်းကို ကြောက်ဖို့ကောင်းသည့် အချက် ဖြစ်လေသည်။

ဘုန်းကြီးအို၏ ကျင့်ကြံမှုက အံ့မခန်းဖြစ်ပြီး ဆူဇီမို ခန့်မှန်းမိသည်မှာ သူက အနည်းဆုံး ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက် ဖြစ်ရပေမည်။

ဒါမှမဟုတ် သူက ထိုထက် ပိုကြောက်စရာကောင်းသည့် တည်ရှိမှုတစ်ခုလည်း ဖြစ်နိုင်လေသည်။

ခဏမျှ စဉ်စားချင့်ချိန်ပြီးနောက် ဆူဇီမိုက မေးလိုက်၏။

“ဆရာတော်.. အဆုံးစွန်ရတနာက ဘာကို ပြောတာလဲ.. အဲ့ဒါက ကျတော်ခန္ဓာကိုယ်ထဲမှာ ရှိတယ်လို့ စောစောက ပြောခဲ့တယ်မလား.. ကျတော်တော့ အဲ့ဒါကို မခံစားမိပါလား”

ဘုန်းကြီးအို၏ အကြည့်က ဉာဏ်ပညာထက်မြက်မှုကို ပြသနေပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဗုဒ္ဓဝါဒီမှာ.. ဗောဓိ၊ အသောက(သော်က)နဲ့ အင်ကြင်းဆိုတဲ့ မဟာအထွတ်အမြတ် အပင်သုံးမျိုး ရှိတယ်ကွဲ့.. အဲ့ဒီအထွတ်အမြတ် အပင်သုံးပင်က လက်ရှိဒီလောကမှာ မရှိဘူး.. သူတို့က သန့်စင်လောကမှာပဲ ပေါက်ကြတာ”

“သန့်စင်လောက”

ဆူဇီမိုက နဝေတိမ်တောင် ဖြစ်သွား၏။

ဘုန်းကြီးအိုက အဲ့ဒါကို ရှင်းမပြဘဲ ပြုံးရုံသာပြုံး၍ ဆက်ပြောလိုက်၏။

“အသောကသစ်ပင်ကနေ အသောကပန်းကို ပွင့်တယ်.. ရှေးဟောင်းခေတ်မှာတုန်းက အသောကပန်းတစ်ပွင့်က ထျန်ဟွမ်းကုန်မြေတိုက်ကြီးပေါ်ကို ပြုတ်ကျလာခဲ့တယ်.. အဲ့ဒါကို ဖာဟွားကျောင်းတော်ကို တည်ထောင်သူဆရာသခင်က ရရှိခဲ့ပြီးတဲ့နောက် ဗုဒ္ဓဂိုဏ်းများရဲ့ အထွတ်အမြတ် ပစ္စည်းတစ်ခုအနေနဲ့ ထိန်းသိမ်းခဲ့ကြတယ်.. အဲ့ချိန်ကထဲက အဲ့ဒါကို မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြပြီး နောက်ဆုံးမှာတော့ ဟိုဒကာမက အဲ့ဒါကို ဒီကနေ ယူသွားခဲ့တာပဲ”

ဘုန်းကြီးအိုသည် သူ့စကားကနေ သတင်းအချက်အလက်တစ်ခုကို သွယ်ဝိုက်၍ ထုတ်ပြခဲ့၏။ ဤုဘုရားကျောင်းအိုသည် လွန်ခဲ့သည့်နှစ်တစ်သောင်းက ဖာဟွားကျောင်းတော်နှင့် ဆက်စပ်နေတာပင်။

“အသောကပန်းလား”

ဆူဇီမိုသည် အလေးအနက်ထား၍ စဉ်းစားကြည့်သော်လည်း တျဲယွဲ့သူ့ကို ပေးခဲ့ဖူးသော ပစ္စည်းများထဲမှာ ပန်းနှင့်ပတ်သတ်တာ ဘာမှ မရှိခဲ့ပေ။

ဘုန်းကြီးအိုက ပြောလိုက်၏။

“ဒကာလေး.. သင်က စိတ်ဝိညာဉ်ရင်းမြစ် မရှိတဲ့ လူတစ်ယောက်မလား”

“ဟုတ်ကဲ့”

ဆူဇီမိုက ခေါင်းညိတ်ဝန်ခံလိုက်၏။

သူက စိတ်ဝိညာဉ်ရင်းမြစ်မပါဘဲ မွေးလာခဲ့သည်မှာ အမှန်ပင်။ တျဲယွဲ့နှင့် တွေ့ပြီးမှသာ သူသည် ကျင့်ကြံရေးလမ်းကြောင်းပေါ်သို့ ခြေချလာနိုင်ခဲ့ခြင်း ဖြစ်လေသည်။

သူမ ထွက်မသွားခင်က.. သူသတိလစ်မေ့မြောနေတုန်းက သူမသည် ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်တစ်ခုထက်ပင် အားမနည်းသော စိတ်ဝိညာဉ်ရင်းမြစ်တစ်ခုကိုတောင် သူ့ကိုယ်ထဲမှာ မျိုးစေ့ချပေးခဲ့သေး၏။

ဆူဇီမို၏ စိတ်ကို ဖတ်နိုင်သည့်အလား ဘုန်းကြီးအိုက ခေါင်းခါလိုက်၏။

“စိတ်ဝိညာဉ်ရင်းမြစ်ဆိုတာ မွေးဖွားလာတဲ့ လူတစ်ယောက်နဲ့အတူ ပါလာတဲ့ စိတ္တဇပစ္စည်းတစ်ခုပဲ.. သင့်မှာ အဲ့ဒါက ရှိရင် ရှိတယ်.. မရှိရင် မရှိဘူးပေါ့.. စိတ်ဝိညာဉ်ရင်းမြစ်ကို မျိုးစေ့ချတယ်ဆိုတာမျိုးက မရှိဘူး”

ဆူဇီမိုသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။

ဘုန်းကြီးအို ပြောချင်သည့် အဓိပ္ပါယ်ကို သူကောင်းကောင်း နားမလည်ပေ။

စိတ်ဝိညာဉ်ရင်းမြစ်ကို မျိုးစေ့ချလို့ မရဘူးဆို.. သူ့စိတ်ဝိညာဉ်ရင်းမြစ်ကရော ဘာက ရလာတာလဲ..

သူက စိတ်ဝိညာဉ်ရင်းမြစ် မရှိဘဲနဲ့ အင်မော်တယ်ကျင့်စဉ်ကို ဘယ်လိုလုပ်ပြီး ကျင့်ကြံနိုင်ခဲ့မှာလဲ..

ရုတ်တရက်..

ဆူဇီမို၏ စိတ်အာရုံထဲမှာ မြင်ကွင်းအချို့ကို ဝိုးတဝါး ပြန်မြင်ယောင်လာ၏။

သူ့ရဲ့ စိတ်ဝိညာဉ်ရင်းမြစ်က သူ့ပတ်ဝန်းကျင်မှာရှိသော လူတွေနဲ့ သိပ်မတူတာတော့ အမှန်ပင်။

သူ့ရဲ့ကျင့်ကြံမှုက သိသာထင်ရှားစွာ မြန်နေခဲ့၏။

သူ့ရဲ့ ချီစုဖွဲ့မှု အမြန်နှုန်းက ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်ရှိသော လူတွေထက်ပင် ကျော်လွန်နေခဲ့၏။

ဒါ့အပြင် သူ့စိတ်ဝိညာဉ်ချီ၏ အရည်အသွေးက အလွန်တရာ သန့်စင်ပြီး အဆင့်တူချင်းမှာ ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်နှင့် ကျင့်ကြံသူများထက်တောင်မှ ပို၍ သန်မာနေသေး၏။

အဲ့ဒီမှာ သူ့အတွက် လိပ်ပြာမလုံ ဖြစ်ခဲ့ရသော ဖြစ်ရပ်တစ်ခုလည်း ရှိခဲ့သေး၏။

ဆန်းကြယ်တောင်ထွတ်သို့ သူဝင်ရောက်တုန်းက စိတ်ဝိညာဉ်စမ်းသပ်ဂိတ်တံခါးကို ကျော်ဖြတ်သည့်အခါ ဂိတ်တံခါးမှ အားကောင်းသော ခုခံတားဆီးမှုတစ်ခုကို သူခံစားခဲ့ရ၏။

တစ်ကယ်ဆို စိတ်ဝိညာဉ်စမ်းသပ်ဂိတ်တံခါးက စိတ်ဝိညာဉ်ရင်းမြစ် မပါရှိသောသူများ သို့မဟုတ် အဆင့်နိမ့်နှင့် သာမန်စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သော သူများကိုသာ တားဆီးရမည် ဖြစ်လေသည်။

ထိုအချိန်တုန်းက ဆူဇီမိုသည် မချင့်မရဲ ဖြစ်သွားပြီး ပကတိခွန်အားကိုသုံး၍ အဟန့်အတားကို အတင်းဖြတ်ကျော်ခဲ့၏။

အဲ့ဒီနောက် စိတ်ဝိညာဉ်စမ်းသပ်ဂိတ်တံခါးက ပြိုကျသွားခဲ့လေသည်။

အဲ့ဒါက ဖြစ်နိုင်ပါ့မလား…

ကြောက်စရာကောင်းသည့် အတွေးတစ်ခုက ဆူဇီမို၏ စိတ်အာရုံထဲသို့ ဝင်ရောက်လာခဲ့၏။

ဘုန်းကြီးအိုက ခေါင်းညိတ်လိုက်၏။

“ဒကာလေး.. တစ်ကယ်တော့ ဟိုးအရင်ကထဲကနေ အခုအချိန်ထိ သင့်မှာ ဘယ်တုန်းကမှ စိတ်ဝိညာဉ်ရင်းမြစ် မရှိခဲ့ဘူးကွဲ့”

ဆူဇီမိုသည် တုန်လှုပ်သွား၏။

ဘုန်းကြီးအိုက ဆက်ပြောလေသည်။

“အဲ့ဒကာမက ဗုဒ္ဓဂိုဏ်းရဲ့ အဆုံးစွန်ရတနာဖြစ်တဲ့ အသောကပန်းကို ယူသွားခဲ့ပြီးတော့ ဒကာလေးရဲ့ ဒါန်ထျန်ထဲမှာ ချိတ်ပိတ်ထားခဲ့ပြီး စိတ်ဝိညာဉ်ရင်းမြစ်ရဲ့ လုပ်ဆောင်ချက်မျိုး လုပ်နိုင်ဖို့ အစားထိုးပေးခဲ့တာပဲ”

ဆူဇီမို၏ ပါးစပ်က အနည်းငယ် ဟသွား၏။

ထိုအခါမှသာ သူသည့် သည့်အရင်က သူ့ရင်ထဲမှာ ရှိခဲ့ဖူးသော သံသယအချို့ကို ရုတ်တရက် နားလည်လာ၏။

အဲ့ဒါကြောင့် တျဲယွဲ့က သူ့အတွက် စိတ်ဝိညာဉ်ရင်းမြစ်တစ်ခုကို မျိုးစေ့ချပေးခဲ့သည်ဟု ပြောခဲ့တုန်းက သူမ၏ အမူအယာက တစ်မျိုးတစ်မည် ဖြစ်နေခြင်းပင်။

ဒါ့အပြင် သူမ ပြောခဲ့သည့် စကားကို သေချာပြန်စဉ်းစားကြည့်လျှင် တစ်ခုခုကို သွယ်ဝိုက်ပြောဆိုနေခဲ့သည်ကို သတိထားမိပေမည်။

တျဲယွဲ့သည် သူ့အတွက် ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်တစ်ခုကို မျိုးစေ့ချပေးခဲ့သည်ဟု ပြောရမည့်အစား ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်ထက် မနိမ့်ကျသော စိတ်ဝိညာဉ်ရင်းမြစ်တစ်ခုကို မျိုးစေ့ချပေးခဲ့သည်ဟုသာ ပြောခဲ့လေသည်။

ဘုန်းကြီးအိုက ထောက်ပြလိုက်၏။

“ဒကာလေးအနေနဲ့ စိတ်ဝိညာဉ်ချီကို အာရုံခံနိုင်ပြီး စုဆောင်းကျင့်ကြံနိုင်ခဲ့တယ်ဆိုတာ ဒကာလေးမှာ စိတ်ဝိညာဉ်ရင်းမြစ် ရှိနေခဲ့လို့ မဟုတ်ဘူး.. ဘာလို့လဲဆိုတော့ ဒကာလေးရဲ့ ဒါန်ထျန်ထဲမှာ ရှိနေတဲ့ သန့်စင်လောကကနေ ရောက်လာခဲ့တဲ့ အဲ့ဒီအဆုံးစွန်ရတနာကြောင့်ပဲ”

ဤအချက်အလက်က ဆူဇီမိုအတွက် အတော်လေး ထိချက်ပြင်းလေသည်။

ဆူဇီမိုသည် နည်းနည်းတော့ ရှုပ်သွားပြီး မျက်မှောင်ကြုတ် မေးလိုက်၏။

“ဒါဆို ဘာလို့ ကျတော်စုဆောင်းတဲ့ စိတ်ဝိညာဉ်ချီမှာ မီးဓါတ်ပါနေရတာလဲ”

“ဘာလို့လဲဆိုတော့ အသောကပန်းက မီးတောက်ပန်းဆိုပြီးတော့လဲ ကျော်ကြားလို့ပဲ.. သူ့ကို ပွင့်တဲ့အချိန်မှာ အဲ့ဒါက မီးတောက်တစ်ခုနဲ့ တူပြီးတော့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ မီးဓါတ်စိတ်ဝိညာဉ်ချီတွေကို အာရုံခံနိုင်တယ်တဲ့”

ယခုမှသာ အရာအားလုံးက အဓိပ္ပါယ် ရှိလာလေသည်။

အဆုံးစွန်ရတနာနှစ်ခုဖြစ်တဲ့ နတ်ဖီးနစ်အရိုးနှင့် အသောကပန်းကို ပေါင်းစပ်လိုက်သောအခါ သူက မီးဓါတ်များအပေါ် အာရုံခံကောင်းပြီး သူ့ကျင့်ကြံမှုအမြန်နှုန်းက ကြောက်စရာကောင်းနေခဲ့ခြင်းပင်။

အဆုံးစွန်ရတနာနှစ်ခု၏ သန့်စင်ခြင်းကို ခံရပြီးနောက် သူ့ကိုယ်ထဲရှိ စိတ်ဝိညာဉ်ချီက အခြားသူများထက် ပိုမိုသန့်စင်လာခြင်းမှာ အံ့ဩစရာတော့ မဟုတ်တော့ပေ။

ဘုန်းကြီးအိုက ပြုံးလိုက်၏။

“ဒကာလေး.. သင်အရင်တုန်းက ဗုဒ္ဓကျမ်းစာတွေကို နားမလည်ခဲ့ပေမယ့်.. အခုလေ့လာတဲ့အခါ ဗုဒ္ဓဂိုဏ်းတွေရဲ့ ရှေးဟောင်းသုတ္တန်အချို့ကိုတောင် နားလည်လွယ် သဘောပေါက်လွယ်နေခဲ့ပြီမလား”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

သူသည် ပင်ယန်းမြို့မှာ စာပေလေ့လာလိုက်စားခဲ့စဉ်က ဗုဒ္ဓကျမ်းစာအချို့ကို ဖတ်မှတ်ဖို့ ကြိုးစားခဲ့ဖူး၏။

ထိုအချိန်က ဗုဒ္ဓကျမ်းစာများသည် ကောင်းကင်ဘုံက ကျောက်စာများလို သူနားမလည်နိုင်ခဲ့ပေ။ တစ်ခါတစ်ရံ စာလုံးတစ်လုံးကတောင် သူ့ခေါင်းကို ချာချာလည်သွားစေခဲ့၏။

သူသည် တစ်နာရီပြည့်အောင်တောင် မကြည့်နိုင်ခဲ့ပေ။

အံ့ဩစရာကောင်းသည့် အချက်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက် ဆူဇီမိုသည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေရှိ ကျမ်းစာတိုက်ထဲမှ ဗုဒ္ဓဝါဒီသုတ္တန်အချို့ကို ကောက်ယူ ဖတ်ကြည့်သည့်အခါ အဲ့ဒါအတော်များများကို သူနားလည်နိုင်နေ၏။

ဘုန်းကြီးအို၏ အသံက ထပ်ပြီး ထွက်ပေါ်လာ၏။

“ဉာဏ်ပညာရင်းမြစ်တစ်ခု ပါမလာခဲ့ဘူးဆိုရင် အဲ့လူက ဗုဒ္ဓတာအိုကို ကျင့်ကြံဖို့နေနေသာ.. ဗုဒ္ဓသုတ္တန်တွေရဲ့ လျှို့ဝှက်ချက်တွေကိုတောင် သူက နားလည်သဘောပေါက်နိုင်မှာ မဟုတ်ဘူး.. ပြောရရင် သူတို့က အဲ့ဒါကို ဆက်ပြီးဖတ်ရှုနိုင်မှာတောင် မဟုတ်ဘူး.. ဒါပေမယ့် သင်ကတော့ မတူဘူး…”

တဖြည်းဖြည်းချင်း ဆူဇီမိုသည် နားလည်သဘောပေါက်လာ၏။

အသောကပန်းသည် ဗုဒ္ဓဂိုဏ်းများ၏ အထွတ်အမြတ်ပစ္စည်းတစ်ခုဖြစ်၏။

အဲ့ဒါက ဆူဇီမို၏ ဒါန်ထျန်ထဲသို့ ရောက်လာပြီး စိတ်ဝိညာဉ်ရင်းမြစ်၏ နေရာမှာ အစားထိုးနိုင်မှတော့ ဉာဏ်ပညာရင်းမြစ်၏ လုပ်ဆောင်ချက်မျိုးကိုလည်း လုပ်ဆောင်နိုင်မှာ အသေအချာပင်။

အဲ့ဒါက သူ့အတွက် တျဲယွဲ့ ချန်ထားပေးခဲ့သော လက်ဆောင် ဖြစ်၏။

အဲ့ဒါက ရိုးရိုးစိတ်ဝိညာဉ်ရင်းမြစ်တစ်ခုထက် ပိုလေသည်။

နောက်ဆုံးမှာတော့ တျဲယွဲ့၏ စိတ်စေတနာကို ဆူဇီမို နားလည်လာ၏။

အသောကပန်းဖြစ်စေ၊ နတ်ဖီးနစ်အရိုးဖြစ်စေ.. နှစ်ခုစလုံးက ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ အဆုံးစွန်ရတနာများဖြစ်၏။

တျဲယွဲ့က ထွက်မသွားခင်.. သူ့အတွက် လက်ဆောင်သုံးခု ချန်ထားပေးခဲ့သည်ဟု ပြောခဲ့၏။ အခုဆို နှစ်ခုကို ဆူဇီမို သိသွားလေပြီ။ သို့သော် နောက်ဆုံးတစ်ခုက ဘာဆိုတာကို သူ မသိသေးပေ။

ဆူဇီမိုက မေးလိုက်၏။

“အခု အဲ့ပန်းက ဘယ်ရောက်သွားပြီလဲ”

“အဲ့ဒါက သင့်ဒါန်ထျန်ထဲမှာပဲ ရှိပါသေးတယ်.. ဒါပေမယ့်လို့ သင့်ရဲ့ကျင့်ကြံမှုအဆင့်က နိမ့်သေးတဲ့အတွက် အဲ့ဒါကို မြင်နိုင်မှာ မဟုတ်ဘူး” ဘုန်းကြီးအိုက ဖြေပေးလိုက်၏။

ခဏမျှ ရပ်တန့်ပြီးနောက် သူက ဆက်ပြောလိုက်၏။

“စောစောတုန်းက ငါပြောခဲ့သလိုပဲ.. သူတို့ရဲ့ ကျင့်ကြံမှု ဖျက်ဆီးခံရပြီးတဲ့နောက် တစ်ဖန်ပြန်ကျင့်ကြံနိုင်ခဲ့တဲ့သူက သမိုင်းတစ်လျှောက်မှာ တစ်ယောက်မှ မရှိခဲ့ဖူးသေးဘူး.. ဒကာလေးရဲ့ အကျပ်အတည်းကို ဘယ်လိုဖြေရှင်းရမလဲ ငါလဲ မသိတာ အမှန်ပဲ”

“ဒါပေမယ့်လို့.. အဲ့ဒီဒကာမက တစ်ကယ့်ကို ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ပြီးတော့ အသောကပန်းကို သင့်ရဲ့ဒါန်ထျန်ထဲမှာ ချိတ်ပိတ်ပေးခဲ့သလို ဒီနေရာမှာလဲ အဲ့ဒီအဆိုအမိန့်ကို ချန်ထားရစ်ခဲ့တယ်ဆိုတာ.. အဲ့လုပ်ရပ်ရဲ့ နောက်ကွယ်မှာ ပိုပြီးတော့ လေးနက်တော့ အဓိပ္ပါယ်တစ်ခုတော့ ရှိနေလိမ့်မယ်”

ဆူဇီမိုသည် ခေါင်းညိတ်လိုက်၏။

တစ်ကယ်တော့ တျဲယွဲ့ချန်ထားရစ်ခဲ့သည့် အဆိုအမိန့်ကို မြင်ပြီးကတည်းက ဆူဇီမိုသည် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် နဂါးသင်္ချိုင်းတောင်ကြား၏ အောက်ခြေမှာ တည်ငြိမ်အေးချမ်းစွာနှင့် ကျင့်ကြံတော့မည်ဟု ဆုံးဖြတ်ချက် ချထားခဲ့ပြီးဖြစ်၏။

“ကြီးကျယ်မြင့်မြတ်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ဆိုရင်.. အရင်ဆုံး အောက်ခြေခိုင်အောင်လုပ်ပါ.. ဆင်းရဲဒုက္ခတွေကိုလဲ လက်ခံနိုင်စွမ်း ရှိပါစေ.. အခြားသူတွေကိုလဲ ကူညီစောင်မပါ”

ဒါက သူ့ရဲ့ ကပ်ဘေးစမ်းသပ်ချက်တစ်ခုပင်..

ဒါကို သူ ရင်ဆိုင်ကျော်ဖြတ်နိုင်ရမယ်..

အဲ့ဒီမှာ သူက ကြီးကျယ်မြင့်မြတ်တဲ့ လူတစ်ယောက် ဖြစ်လာပြီးတော့ သူပြန်ပေါ်လာတဲ့အချိန်မှာ တစ်ကမ္ဘာလုံးကို အံ့အားသင့်တုန်လှုပ်သွားစေတဲ့ နေ့တစ်နေ့ ရောက်ကို ရောက်လာစေရမယ်။

All Chapters