ပြန်လည်မွေးဖွားလာခြင်း
Vol. 40 Ch. 592
အေးမြသော ရေများက သူ့အစာအိမ်ထဲသို့ ရောက်သွားချိန်တွင် ဆူဇီမိုသည် ပို၍ လန်းဆန်းသွားသည်ဟု ခံစားလိုက်ရ၏။
ချွင်.. ချွမ်..
ချိန်းကြိုးသံများက ထပ်မံထွက်ပေါ်လာလေသည်။
ရုတ်တရက် သူ့ခန္ဓာကိုယ်က ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရ၏။ အစက သူ့ကို ချုပ်နှောင်ထားသည့် ချိန်းကြိုးများကို ဗလတောင့်တောင့်လူက ပြန်သိမ်းလိုက်လေပြီ။
“မွေးနီတစ္ဆေက ဘာလုပ်ချင်နေတာပါလိမ့်.. သူက ငါ့ကို ဒီတိုင်းပဲ အလွယ်တကူ လွှတ်ပေးလိုက်တာလား”
ဆူဇီမိုသည် မျက်မှောင်ကြုတ်ပြီး ဗလတောင့်တောင့်လူကို မသင်္ကာသလို ကြည့်လိုက်၏။
ဗလတောင့်တောင့်လူသည် မြေပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်ချ၍ သူ့လက်ထဲရှိ သံချေးတက်နေသော ချိန်းကြိုးကို ကစားနေပြီး ဆူဇီမိုကို သွားဖြီးပြလိုက်၏။
“ဟမ့်”
ရုတ်တရက် ဆူဇီမို၏ အမူအယာက ပြောင်းလဲသွားပြီး သူ့အစာအိမ်ထဲမှ ညောင်းညောင်းညုန်းညုန်း အသံများက ထွက်လာ၏။
ချက်ချင်းပင် အလွန်တရာကိုမှ များပြားကြွယ်ဝလှသော အသက်ဓါတ်များက တလိပ်လိပ်တက်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ လျှင်မြန်စွာ စီးဝင်လာ၏။
ဖောက်.. ဖောက်.. ဖောက်..
ဆူဇီမို၏ အရေပြားက ကွဲထွက်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများက ကြောက်စရာကောင်းစွာ ပေါ်လာ၏။
အထဲတွင်ရှိသော အသက်ဓါတ်အဆီအနှစ်များက ပေါကြွယ်ဝလွန်းလှ၏။
ဆူဇီမို၏ အသားများက တစ်လက်မ မခြားဘဲ ကွဲထွက်လာ၏။
နောက်ခဏ၌ သူ့ခန္ဓာကိုယ်တစ်ခုလုံးက သွေးအလိမ်းလိမ်းနှင့် စိုရွှဲနစ်သွားလေသည်။ သူ့မျိုးဆက်သွေးက ထကြွလာပြီး ကြွယ်ဝသော သားရဲချီများက ဖြာထွက်လာ၏။
“အား...”
ဆူဇီမိုသည် လည်ပင်းကြောများ ထောင်ထလာပြီး မျက်လုံးများက နီရဲလာကာ အပေါ်မော့၍ အော်ဟစ်ပြီးနောက် မြွေတစ်ကောင်လို တွန့်လိမ်သွားပြန်၏။
သူ့ခန္ဓာကိုယ်က အထိန်းအကွပ်မဲ့စွာ ပြန့်ကားလာ၏။ သူ့အသားများက ကျယ်ပြန့်၊ သူ့အရွတ်များက လှုပ်ရှား၊ သူ့အရိုးများမှ အသံများက ထွက်ပေါ်လာပြီး သူ့အင်္ဂါများက တဆတ်ဆတ် လှုပ်လာ၏။
အဲ့ဒါက အရမ်းကို နာကျင်ရလေသည်။
သူ့ခန္ဓာကိုယ်တွင်းတွင် ရုတ်တရက် ထွက်ပေါ်လာသည့် အသက်ဓါတ်များ၏ ရုန်းကန်ပေါက်ကွဲအားက အရမ်းကို ကြောက်စရာကောင်းပြီး သူ့ကို ပေါက်ကွဲစေတော့မည့်မတတ်ပင်။
ဆူဇီမို၏ ကိုယ်တစ်လျှောက် နာကျင်မှုက အတောမသတ် ဖြတ်သန်းနေပြီး သူ့ကိုယ်ကို ကိုင်းညွှတ်ကာ တဆတ်ဆတ်နှင့် အကြောဆွဲလာ၏။ သူ့အမြင်အာရုံက မှောင်မိုက်လာနေပြီး အချိန်မရွေး သတိလစ်မေ့မြောသွားနိုင်လေသည်။
မသိလိုက်မသိဘာသာနှင့်ပင် ဘုန်းကြီအိုက စိုးရိမ်ပူပန်နေသော မျက်လုံးများနှင့် နောက်ဖေးခြံဝန်းထဲသို့ ရောက်ချလာ၏။
ဗလတောင့်တောင့်လူသည်လည်း စိုးရိမ်ထိတ်လန့်နေဟန်ရပြီး စောစောတုန်းကလို အူမြူးရွှင်ပျနေဟန် မရှိတော့ပေ။
“ဂါး”
ဆူဇီမို၏ လည်ချောင်းအနက်ပိုင်းထဲမှ ခြောက်ကပ်အက်ကွဲသည့် အသံနက်ကြီးက ထွက်ပေါ်လာ၏။ ဒဏ်ရာအပြင်းအထန် ရရှိသွားသော တောရိုင်းကောင်ကြီးက သေခါနီးဆဲဆဲ ရုန်းကန်နေသလိုပင်။
အသက်ဓါတ်အဆီအနှစ်များ၏ ပမာဏက တစ်ကယ့်ကို များပြားလွန်းပြီး ကြောက်စရာကောင်းလှလေသည်။
အဲ့ဒါက ဆူဇီမို၏ ကိုယ်တွင်းမှာ ဆိုင်ကလုန်းမုန်တိုင်းတစ်ခုလို မွှေနှောက်ဖျက်ဆီးပစ်နေ၏။
ဆူဇီမို၏ အသိစိတ်က တဖြည်းဖြည်း မှိန်ဖျော့လာ၏။
သူ့ဘေးပတ်လည်မှ အရာရာတိုင်းကို ဆက်လက်ပြီး ခံစားနိုင်ခြင်း မရှိတော့ပေ။
သူ့မှာ ကျန်ရှိနေသေးသော အသိစိတ်သေးသေးလေး တစ်ခုဖြင့် ပင်ပန်းသည်းထန်စွာနှင့် ကြိုးစားရုန်းကန်နေ၏။
အရိပ်တစ်ခုက ဖျတ်ကနဲ ပေါ်လာ၏။
ဘုန်းကြီးအိုက ဆူဇီမို၏ ဘေးသို့ ရောက်ချလာပြီး ဗလတောင့်တောင့်နှင့်လူကို ဒေါသစွက်နေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်၏။
ထို့နောက် သူသည် ဆူဇီမိုဘက်သို့ လှည့်၍ အာရုံစိုက်ကြည့်လိုက်ပြန်၏။
သူသည် ဗုဒ္ဓတရားတော်တစ်ခုကို ထပ်တလဲလဲ ရွတ်ဖတ်လိုက်၏။ သူ့ပုံစံက ဣန္ဒြေရနေသည်ဟု ထင်ရသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပုတီးစိပ်နေသော သူ၏ အမြန်နှုန်းက တိုးလာ၏။ သူ၏ စိတ်ထဲတွင် တင်းကျပ်နေသည်မှာ သိသာလေသည်။
ဗလတောင့်တောင့်လူက သူ့ဆံပင်များကို ဆုပ်ကိုင်ထားပြီး သူ့နဖူးတွင် ချွေးများက စို့လာ၏။
ခဏနေပြီးနောက် ဆူဇီမိုသည် ဆက်လက်တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ မြေကြီးပေါ်သို့ ဘုန်းကနဲ လဲကျကာ ဖုန်များလူး၍ သတိလစ်သွားတော့၏။
ဖောက်..
ဘုန်းကြီးအို၏ အမူအယာက ပြောင်းလဲသွားပြီး စိတ်က မတည်မငြိမ် ဖြစ်သွား၍ သူ့လက်ထဲရှိ ပုတီးစေ့က ကြေမွသွားလေသည်။
ဗလတောင့်တောင့်လူက ကြောက်လန့်တကြားနှင့် ရှေ့သို့ လျှောက်လာပြီး ဆူဇီမို၏ ပါးပြင်ကို ရိုက်ကာ အော်လိုက်၏။
“ထစမ်း.. ဘုန်းကြီးလေး.. ထပါဦး.. ငါ့ကို မခြောက်နဲ့နော်”
ဆူဇီမိုက မည်သို့မှ တုံ့ပြန်ခြင်း မရှိပေ။ သူ့မျက်လုံးများက တင်းကျပ်စွာ ပိတ်နေပြီး သူ့နှလုံးခုန်သံက ပို၍ပို၍ အားပျော့လာ၏။
ဗလတောင့်တောင့်လူက စိတ်ညစ်ညူးရှုပ်ထွေးနေဟန်ဖြင့် အကြိမ်ရေ အနည်းငယ် အော်ခေါ်လိုက်၏။
ဆူဇီမိုထံမှ တုံ့ပြန်မှုက ရှိမလာဘဲ သူ့အသက်ရှူသံက အလွန်တရာ ဖျော့တော့လာလေသည်။
ခဏနေပြီးနောက် ဆူဇီမို၏ နှလုံးခုန်က လုံးလုံး ရပ်တန့်သွားပြီး သူ့နှာခေါင်းက အသက်ရှူရှိုက်ခြင်းလည်း မရှိတော့ပေ။ သူ့သွေးစီးဆင်းမှုက နှေးကွေးလာပြီးနောက် နောက်ဆုံး လုံးဝ ငြိမ်သက်သွားလေသည်။
ဆူဇီမို၏ ခန္ဓာကိုယ်က မြေကြီးပေါ်မှာ မလှုပ်မယှက် လဲကျနေပြီး တဖြည်းဖြည်း အေးစက်တောင့်တင်းလာ၏။
“သွားပြီ.. သွားပါပြီကွာ”
ဗလတောင့်တောင့်လူက ကြောက်လန့်တကြား ဖြူလျော့စွာနှင့် မြေကြီးပေါ် ပစ်ထိုင်ချလိုက်ပြီး ကြောင်တောင်တောင် ဖြစ်နေ၏။
“ငါ့ရဲ့ စွမ်းရည်တွေကို အမွေပေးဖို့အတွက် သူက အပြည့်စုံဆုံးနှင့် ပါရမီ အပါဆုံးကိုကွာ.. အခုတော့ ဒီလိုနဲ့ပဲ...” ဗလတောင့်တောင့်လူ၏ အမူအယာက ပုပ်သိုး၍ တတွတ်တွတ် ရေရွတ်နေ၏။
ဘုန်းကြီးအို၏ အမူအယာက အလွန်တရာ ကြောက်စရာကောင်းလောက်အောင် ခက်ထန်လာပြီး ဗလတောင့်တောင့်လူကို စိုက်ကြည့်ကာ မေးလိုက်၏။
“သူ့ကို မင်းရဲ့သွေး ဘယ်လောက်တောင် တိုက်ကျွေးလိုက်တာလဲကွ”
“မစိုစလောက်လေးပါကွာ.. သွေးတစ်စက်စာရဲ့ အပုံတစ်သောင်းပုံ တစ်ပုံလောက်ပါပဲ” ဗလတောင့်တောင့်လူက ဘုန်းကြီးအိုနှင့် အကြည့်ချင်း မဆုံရဲဘဲ ခေါင်းကို အနည်းငယ်ငုံ့ပြီး ပြောလိုက်၏။
ဘုန်းကြီးအိုသည် အချိန်ကာလကြာမြင့်စွာ ဗုဒ္ဓ၏ တရားတော်များကို ကျင့်ကြံ၍ နေထိုင်လာခဲ့သူဖြစ်ပြီး သူ့ကို အမူအယာ ပျက်ယွင်းစေနိုင်သည့်အရာ သိပ်မရှိပေ။
သို့သော်လည်း ထိုစကားကို ကြားသောအခါ သူသည် အမှန်တစ်ကယ်ကို ဒေါသူပုန်ထသွား၏။
“မင်းရူးသွားတာလား ဟမ့်.. အဲ့လောက် သွေးတစ်စက ဘယ်နိုးထဝိညာဉ်ကိုမဆို ဆယ်ခါပြန် သတ်လို့ ရတယ်ကွ.. မင်းက သူ့ကို အဲ့ဒါ အကုန်လုံး ပေးတိုက်လိုက်ရလားကွ”
ဗလတောင့်တောင့်လူက နှုတ်ခမ်းစူပြီး ချေပလိုက်၏။
“အဲ့ဘုန်းကြီးလေးက ငါ့ကို မွေးနီတစ္ဆေလို့ လာခေါ်တာကိုး.. ငါလဲ သူ့ကို နဲနဲလောက် ခံစားရစေချင်တာနဲ့ပဲ.. ဘယ်သူက ထင်ထားမှာလဲ.....”
“မင်း.. မင်းကွာ...” ဘုန်းကြီးအိုက ဒေါသထွက်လွန်းလို့ စကားတောင် မပြောနိုင်တော့ပေ။
“ငါ-ငါက သူ့ရဲ့ အတွင်းအမြုတေကို မြန်မြန်ပြန်ကောင်းလာအောင် ကူညီပေးချင်ရုံပါ”
ဗလတောင့်တောင့်လူက မလုံမလဲနှင့် ဗလုံးဗထွေး ပြောလိုက်၏။
ဘုန်းကြီးအိုသည် ဗလတောင့်တောင့်လူ၏ မျက်နှာပေါ်မှ နောင်တရဝမ်းနည်းနေသည့် အမူအယာကို မြင်လိုက်ရသောအခါ ထိုသူကို ဆက်လက်ပြီး အပြစ်တင်မနေတော့ပေ။
ကိစ္စက ဒီအခြေအနေထိ ရောက်ပြီးမှတော့ နောက်ပြန်လှည့်လို့ ရတော့မည် မဟုတ်ပေ။
“ဟား”
ဘုန်းကြီးအိုက လေးတွဲ့စွာ သက်ပြင်းချပြီး ညည်းတွားလိုက်၏။
“ဒါက ဒီကောင်လေး ဘဝရဲ့ ကံကြမ္မာဆိုးပဲ ထင်ပါရဲ့.. သူက ဒီနေရာထိ ရောက်လာပြီးတာတောင် အဲ့ဒီကံကြမ္မာကို မကျော်လွှားနိုင်သေးဘူးဆိုတော့..”
“သူအခုလို ဖြစ်ရတာ ငါ့ကြောင့်ပါကွာ.. ငါကြောင့်”
ဗလတောင့်တောင့်လူက စိတ်ပျက်ဝမ်းနည်းသည့် အမူအယာဖြင့် သူ့ခေါင်းကိုသူ တဘုန်းဘုန်း ထုလိုက်၏။
ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဘုန်းကြီးအိုက ပြောလိုက်၏။
“သူ့ကို ဒီနေရာမှာပဲ မြှုပ်နှံလိုက်ရအောင်.. ဒီသုသာန်ထဲမှာ မြှုပ်နှံခံထားရတဲ့သူတွေက လွန်ခဲ့တဲ့ နှစ်တစ်သောင်းက ဒိတ်ဒိတ်ကြဲ ပညာရှင်တွေချည်းပဲ.. အဲ့ဒါက သူ့အတွက် ဂုဏ်ယူစရာ ဖြစ်မှာပါ”
ဘုန်းကြီးအိုသည် ထိုသို့ပြောလိုက်သော်လည်း သေဆုံးသွားသော လူတစ်ယောက်က ငြိမ်းသေသွားသော မီးတောက်တစ်ခုလိုသာ ဆိုတာကို သူသိထားလေသည်။
အန္တိမအခြေတည်အဆင့်၊ သမိုင်းတစ်လျှောက်အသန်မာဆုံး ပြန်ဝင်စားမွန်းစတား... အဲ့ဒါတွေ အကုန်လုံးက နောက်ဆုံးမှာ ဘာမှ မဟုတ်တော့ဘဲ အချိန်ကာလရဲ့ တိုက်စားမှုနှင့်အတူ သူသေဆုံးသွားပြီးနောက် နောက်အနာဂတ်က လူတွေက မေ့လျော့သွားကြပေလိမ့်မည်။
ဘုန်းကြီးအိုက စိတ်ထဲကနေ သက်ပြင်းချပြီး သူ့အင်္ကျီစကို ဝေ့ရမ်းကာ ဆူဇီမို၏ ခန္ဓာကိုယ်ကို ရစ်ပတ်၍ သုသာန်အနက်ပိုင်းထဲသို့ လျှောက်လှမ်းသွားလိုက်လေသည်။
ရုတ်တရက်..
သူ့အမူအယာက ပြောင်းလဲသွားပြီး အံ့အားတသင့် ရေရွတ်လိုက်၏။
“သူက မသေဘူးလား”
ဘုန်းကြီးအိုသည် ဆူဇီမိုကို အောက်သို့ တစ်ဖန် ပြန်ချ၍ သူ့နဖူးက ဖျတ်ကနဲ လက်သွားကာ သူ၏ စိတ်ဝိညာဉ်အသိစိတ်တစ်စက ဆူဇီမိုခန္ဓာကိုယ်တစ်လျှောက် ဖြန့်ကျက်သွား၏။
ဆူဇီမို၏ အခြေအနေက အရမ်းကို ထူးခြားလေသည်။
သူ့နှလုံးခုန်က ရပ်တန့်သွားပြီဖြစ်သော်လည်း အက်ကွဲနေသော သူ၏ အတွင်းအမြုတေက ဖြည်းဖြည်းချင်း လည်ပတ်လာ၏။
သို့သော်လည်း အဲ့ဒါက အလွန်နှေးနှေး လည်ပတ်နေသည့်အတွက် ဘုန်ကြီးအိုနှင့် ဗလတောင့်တောင့်လူ၏ စိတ်ခံစားချက်များကလည်း ယောက်ယက်ခတ်နေခဲ့သည့်အတွက် အဲ့ဒါကို အစတုန်းက သတိမထားမိခဲ့ပေ။
ဗလတောင့်တောင့်လူကလည်း အနားသို့ ရောက်လာပြီး ဆူဇီမို၏ ကိုယ်တွင်းက တစ်မူထူးခြားသည့် အခြေအနေကို သတိထားမိသွား၏။
“ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ ကျင့်ကြံခြင်းနည်းစနစ်လဲကွာ”
ဗလတောင့်တောင့်လူသည် ပင့်သက်ကို ရှိုက်ပြီး တိတ်တဆိတ် ထိတ်လန့်သွား၏။
“သူ့အသက်ဓါတ်က မရှိတော့တာတောင် ဒီကျင့်ကြံမှုနည်းစနစ်က သူ့ဘာသာသူ လှုပ်ရှားလာတုန်းပဲ.. အဲ့ဒါက အဲ့ကောင်လေးကို ငရဲဂိတ်တံခါးကနေ ပြန်ဆွဲခေါ်ဖို့ ကြိုးစားနေတာပဲ”
ဘုန်းကြီးအို၏ အမူအယာက သုန်မှုန်နေ၏။
“ဒီကလေးက အခု နှလုံးမခုန်၊ အသက်မရှူတော့ပေမယ့်.. သူက မြောနေတဲ့အခြေအနေမှာပဲ.. သူ့အတွက် မျှော်လင့်ချက် ရှိနေသေးတယ်”
အတန်ကြာ တိတ်ဆိတ်နေပြီးနောက်..
ဒုံ..
ရုတ်တရက်..
ဆူဇီမို၏ ရင်အုပ်ထဲမှ တုန်ခါလာသော အသံတစ်သံက ထွက်ပေါ်လာ၏။
ထိုအသံက တိုးညင်းသော်လည်း ဘုန်းကြီးအိုနှင့် ဗလတောင့်တောင့်လူတို့က ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။
အဲ့ဒါက နှလုံးခုန်သံပင်။
သူက ပြန်ရှင်သန်လာလေပြီ။
သူတို့နှစ်ယောက်စလုံးသည် စိတ်အားတက်ကြွလာပြီး မျက်လုံးများက ဝင်းလက်သွားကြ၏။
တဖြေးဖြေးနှင့်...
နှလုံးခုန်သံက ပိုမြန်၍ အားကောင်းလာ၏။
ရွှစ်..
သူ့သွေးများက တစ်ဖန် စတင်စီးဆင်းလာပြီး ဆူဇီမိုဒီရေသံက ခပ်ဖျော့ဖျော့ ပါဝင်နေ၏။
ရွှစ်..
ဆူဇီမို၏ နှာခေါင်းက စတင်အသက်ရှူလာပြီး သွေးကဲ့သို့ နီရဲနေသော သားရဲချီများက အတောမသတ် ထွက်ပေါ်လာ၏။ ထိုသားရဲချီများက တအုန်းအုန်း ထကြွလာပြီးနောက် ကြောက်စရာကောင်းသည့် ရှေးဟောင်းသားရဲဘုရင်များအဖြစ် စုဖွဲ့လာကာ လေထဲမှာ တစ်ကောင်ပြီးတစ်ကောင် ပေါ်လာကြ၏။
ကျွဲရိုင်း၊ ကျောက်ဝက်ဝံ၊ အနာကွန်ဒါ၊ မျှော်လင့်ချက်မျောက်ဝံ၊ နတ်မြင်း၊ ငရဲကျားနှင့် တိမ်လွှာကျားသစ်...
ရှေးဟောင်းသားရဲဘုရင် ခုနှစ်ပါးက ထက်ရှသော အစွယ်များ၊ လက်သည်းများဖြင့် အသက်ဝင်နေ၏။ သူတို့သည် သွေးနီရောင်မျက်လုံးများဖြင့် စူးစိုက်ကြည့်ပြီး သတ်လိုဖြတ်လိုသော အော်ရာများနှင့်အတူ အလွန်တရာ အရိုင်းဆန်ကြမ်းကြုတ်နေ၏။
သူတို့၏ ကျင့်ကြံမှုအဆင့်အရ ဘုန်းကြီးအိုနှင့် ဗလတောင့်တောင့်လူအပေါ် အဲ့ဒါက သိပ်ပြီး သက်ရောက်မှု မရှိပေ။
နောက်ခဏ၌ သားရဲဘုရင် ခုနှစ်ပါး၏ အထက်တွင် သားရဲချီများက တဝုန်းဝုန်းထလာပြီး သွေးနီရောင်လိပ်ပြာတစ်ကောင်က ခပ်ရေးရေး ပေါ်လာ၏။
သူ၏ တောင်ပံနှစ်ဖက်ပေါ်ရှိ လပြည့်ဝန်းနှစ်ခုက အေးစက်စက် မျက်လုံးများနှင့် ဆင်တူပြီး အလွန်တရာ ကျောချမ်းစရာ ကောင်းနေလေသည်။
ဘုန်းကြီးအိုက ထိုလိပ်ပြာကို မြင်သောအခါ သူ့အမူအယာက ရုတ်ချည်းပြောင်းလဲသွားပြီး တစ်ခုခုကို အမှတ်ရသွားသည့်အလား နောက်သို့ ခြေတစ်လှမ်း အလိုလို ဆုတ်လိုက်မိ၏။
ဗလတောင့်တောင့်လူက ပိုလို့တောင် ထိတ်လန့်တကြား ဖြစ်သွားပြီး မြေကြီးပေါ်သို့ ဒုတ်ကနဲ ဒူးထောက်ချလိုက်၏။ သူသည် အကြိမ်ကြိမ် ဦးချလိုက်ပြီး သူ့မျက်နှာမှ နှပ်ရည်များနှင့် မျက်ရည်များက စီးကျလာကာ အော်ငိုလိုက်၏။
“လေးစားရပါသော အစ်မကြီးရေ.. ကျတော်မှားမှန်း သိပါပြီဗျာ.. ကျတော် အဲ့ဒါကို တမင်လုပ်တာ မဟုတ်ရပါဘူး.. အဲ့ဒါက မတော်တဆဖြစ်.....”