အပြောင်းအလဲ
Vol. 40 Ch. 596
နဂါးသင်္ချိုင်းတောင်ကြားထက်တွင်..
ကျိယောင်ရွှယ်နှင့် ပကတိအရှင်မင်းကျီသည် ကမ်းပါးစွန်းမှာ ရပ်နေကြပြီး နောက်ဆုတ်စရာ နေရာ မရှိတော့ပေ။
ပကတိအရှင်မင်းကျီ၏ အမူအယာက သုန်မှုန်နေ၏။
ကြောက်လန့်စရာအော်ရာနှင့် ထက်ရှသော အကြည့်များကို ပိုင်ဆိုင်ထားသည့် နိုးထဝိညာဉ်နှစ်ယောက်က လေထဲမှာ မတ်တပ်ရပ်နေ၏။ သူတို့နှစ်ယောက်က ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းမှ ကျင့်ကြံသူများ ဖြစ်ကြလေသည်။
မျက်နှာရှည်ရှည်နှင့် ဘယ်ဘက်ကလူသည် ကူစုချီဖြစ်ပြီး သူက ဓါးနှစ်လက်တိုက်ခိုက်ခြင်းမှာ အထူးပြုလေသည်။
ညာဘက်ရှိ ပိန်ပိန်ပါးပါးနှင့်လူကတော့ ပကတိရှိအရှင် ထျန်ချန်ဖြစ်၏။ သူက ဖုန်မှုန့်တောင် ပြေးမလွတ်သော ထိပ်တန်းအဆင့်ဓါးနည်းစနစ်ကို ကျင့်ကြံလေသည်။
သူတို့နှစ်ယောက်သည် မြောက်ပိုင်းဒေသမှာ သူ့ထက်နာမည်ရှိသော ပညာရှင်များ ဖြစ်ကြ၏။
တစ်ယောက်-တစ်ယောက်ချင်းသာဆိုလျှင် မင်းကျီသည့် သူ့လမ်းတစ်လျှောက် ဖောက်ထွက်ဖို့ ယုံကြည်မှု ရှိလေသည်။
သို့သော်လည်း သူတို့နှစ်ယောက်စလုံးက တစ်ပြိုင်တည်း တိုက်ခိုက်ကြမည်ဆို သူက သေချာပေါက် ရှုံးနိမ့်ပေတော့မည်။
စစ်ကျွင်းယု၏ နောက်တွင် နောက်ထပ် ရွှေအမြုတေ အယောက် ၂၀ က ရှိနေပြန်၏။
မဟာရှအင်ပါယာ၏ ထိပ်သီးအစောင့်အရှောက်များအပြင် အဲ့ဒီမှာ ကောင်းကင်ထိုးဖောက်ဓါးဖောက်ဓါးဂိုဏ်းမှ ဓါးသမားဆယ်ယောက်လည်း ရှိနေ၏။ သူတို့အားလုံးက နောက်ပိုင်း သို့မဟုတ် ပကတိရွှေအမြုတေများ ဖြစ်ကြ၏။
ထိုအယောက် ၂၀ ထဲမှာ ကြိုက်သည့်လေးငါးယောက် ခွဲထွက်လာလျှင်တောင် ကျိယောင်ရွှယ်ကို ဖိနှိမ်ဖို့ လုံလောက်လေသည်။
တစ်ဖက်အဖွဲ့က သူတို့ကို မည်သည့်အခွင့်အရေးမှ မပေးလိုဘဲ အပိုင်ရိုက်ဖို့ ပြင်ဆင်လာသည်မှာ သိသာလေသည်။
ပကတိအရှင်မင်းကျီသည် မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်ထားပြီး သူ့စိတ်ထဲမှာ ယောက်ယက်ခတ်နေလေသည်။
လက်ရှိအခြေအနေအရ သူ့မှာ ကျိယောင်ရွှယ်ကို ဒီနေရာကနေ ခေါ်ထုတ်သွားဖို့နေနေသာ.. သူ့ကိုယ်သူ ကာကွယ်ဖို့ပင် မလွယ်တော့သည့် အခြေအနေပင်။
ကျင့်ကြံရေးလောကတွင် ဓါးကျင့်ကြံသူများက သတ်ဖြတ်စွမ်းအား အမြင့်ဆုံး ဖြစ်လေသည်။
ဓါးကျင့်ကြံသူနှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံရလျှင် မထိမခိုက် ရုန်းထွက်နိုင်မည်ဟု မည်သူမှ အာမခံနိုင်လိမ့်မည် မဟုတ်ပေ။
ကျိယောင်ရွှယ်က တည်ငြိမ်သော အမူအယာဖြင့် စစ်ကျွင်းယုကို အေးစက်စွာ စိုက်ကြည့်လိုက်၏။ သူမ၏ မျက်လုံးများထဲမှာ မည်သည့် အားနည်းမှု သို့မဟုတ် ကြောက်ရွံ့မှု လက္ခဏာကိုမှ မပြပေ။
ဖျောင်း.. ဖျောင်း.. ဖျောင်း..
စစ်ကျွင်းယုက လက်ခုတ်တီးပြီး ခေါင်းမော့ကာ ပြုံးလိုက်၏။
“ခင်ဗျားက အင်ပါယာတစ်ခုရဲ့ ဧကရီဖြစ်လာတာ အံ့ဩစရာ မရှိတော့ပါဘူးလေ.. ဒီလိုအခြေအနေမျိုးမှာတောင် ဣန္ဒြေရ တည်ငြိမ်နိုင်နေသေးတယ်ဆိုတော့လဲ.. ကျုပ်လက်ထဲကို သက်ဆင်းလာတဲ့အခါမှာလဲ အဲ့လိုလေး တည်တည်ငြိမ်ငြိမ်လေးပဲ နေပေးပေါ့ဗျာ”
“ခွိခွိ.. ကျုပ်တော့ မစောင့်နိုင်တော့ဘူးဗျို့.. ခင်ဗျားတစ်ကိုယ်လုံးကို ကျုပ်လက်နဲ့ ထိခွင့်ရချင်နေပြီ”
ချွင်.. ချွမ်..
ဓါးထုတ်သံများက ထွက်ပေါ်လာ၏။
စစ်ကျွင်းယု၏ ဘေးတွင် အစောင့်ငါးယောက်နှင့် ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းမှ ကျင့်ကြံသူငါးယောက်က တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြပြီး ကျိယောင်ရွှယ်ဆီသို့ ချီတက်လိုက်ကြ၏။
အခြားလူဆယ်ယောက်ကတော့ စစ်ကျွင်းယုကို စောင့်ရှောက်၍ ကျန်ခဲ့ကြ၏။
ကျိယောင်ရွှယ်၏ အကြည့်က အေးစက်လာပြီး သူမ၏ ရွှေအမြုတေကို လှည့်ပတ်ကာ သိုလှောင်အိတ်ကို ပုတ်လိုက်၏။
ရွှစ်..
သူမ၏ ရှေ့မှာ ဓါးပျံနှစ်လက်က ရစ်ဝဲလာလေသည်။
“အို့ ဘုရားရေ”
စစ်ကျွင်းယုက အံ့အားသင့်သွားဟန်ဆောင်၍ အော်လိုက်၏။
“ထိပ်တန်းအဆင့် ဓါးပျံနှစ်လက်တောင်မှ.. အထင်ကြီးစရာပါပဲလား”
“ဟမ်း”
ချပ်ဝတ်များ ဆင်ထားသည့် မဟာရှအစောင့်ငါးယောက်က အေးစက်စက် အမူအယာများဖြင့် ရှေ့သို့ တက်လာကြ၏။ သူတို့သည် ပြင်းထန်ကြမ်းကြတ်သော အဟုန်ဖြင့် တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြ၏။
ချွမ်း..
တုတ်ခိုင်သော ဆေဘာငါးလက်က ဝင်ရောက်လာသော ဓါးပျံနှင့် ပြင်းထန်စွာ ထိတွေ့သွားကြ၏။
မီးပွားများက အဘက်ဘက်သို့ လွင့်စင်ထွက်သွားလေသည်။
ဆေဘာငါးလက်က သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်များသာဖြစ်၏။
သို့သော်လည်း သူတို့ငါးယောက်က ကျိယောင်ရွှယ်ထက် ကျင့်ကြံမှုအဆင့် မြင့်သည့်အပြင် သူတို့သည် ပူးပေါင်းတိုက်ခိုက်ခြင်းကို ကြိမ်ဖန်များစွာ လေ့ကျင့်ထားကြ၏။ ထိုဆေဘာငါးလက်၏ ခုတ်ပိုင်းချက်များက ထိပ်တန်းအဆင့် ဓါးပျံတစ်လက်ကို ချက်ချင်း လွင့်ကန်သွားစေလေသည်။
ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုရိပ်က ဖြတ်ပြေးသွား၏။ ချက်ချင်း သူက တိုက်ခိုက်လိုက်သောအခါ သူ့ဓါးက လှုပ်ခါသွားပြီး ဓါးချီတစ်ခုက ရှေ့သို့ ထွက်လာကာ နောက်ထပ် ထိပ်တန်းအဆင့်ဓါးပျံတစ်လက်ကို လွင့်စင်ထွက်သွားစေလေသည်။
ကွာဟချက်က ကြီးမားလွန်း၏။
တစ်ချီတည်းနှင့် သူမသည် သူမ၏ ထိပ်တန်းအဆင့်ဓါးပျံနှစ်လက်ကို မထိန်းချုပ်နိုင်တော့ပေ။
ရွှစ်.. ရွှစ်.. ရွှစ်..
နောက်ထပ်ဓါးချီလေးခုက ကျိယောင်ရွှယ်ထံသို့ ဝင်ရောက်သွား၏။
ဇီ..
သူမ ဝတ်ဆင်ထားသော ဝတ်ရုံက စိတ်ဝိညာဉ်အင်းကွက်လေးခုဖြင့် တဖျတ်ဖျတ်တလက်လက် လင်းလက်တောက်ပလာပြီး ဓါးချီများ၏ သတ်ဖြတ်စွမ်းအားကို ခုခံလိုက်၏။
အဲ့ဒါက ဟိုအရင်က ဆူဇီမိုကိုယ်တိုင် သူမအတွက် သွန်းလုပ်ပေးထားသော ကိုယ်ကျပ်ဝတ်ရုံ ဖြစ်လေသည်။
အဲ့ဒါက ဓါးပျံများ၏ ထက်ရှမှုကို ခံနိုင်ရည်ရှိသော်လည်း သူတို့၏ စွမ်းအားအကုန်လုံးကိုတော့ မပိတ်ဆို့နိုင်ပေ။ ကျိယောင်ရွှယ်သည် ခပ်ထိုင်းထိုင်း ညည်းညူလိုက်ပြီး သူမ၏ မျက်နှာက ဖြူလျော့သွား၏။
ပြောရမည်ဆို စစ်ကျွင်းယုကသာ သူမကို အရှင်လတ်လတ် ဖမ်းဆီးချင်တာကြောင့် မဟုတ်လျှင် ထိုဓါးသမားများအတွက် သူမကို သတ်ဖြတ်ဖို့က လွယ်ကူလွန်းလေသည်။
စစ်ကျွင်းယုက အေးဆေးပေါ့ပါးစွာဖြင့် ပြောလိုက်၏။
“ကျိယောင်ရွှယ်.. ငါ စေတနာနဲ့ အကြံပေးပါရစေ.. အသာတကြည် လက်လျှော့လိုက်ပါကွာ.. အဲ့ဒါဆို နင်လဲ မနာကျင်ရတော့ဘူး”
ကျိယောင်ရွှယ်က ခိုင်မာစွာနှင့် အံကိုကြိတ်ပြီး သူမ၏ ရွှေအမြုတေကို အရူးအမူး လှည့်ပတ်ကာ မဟာကျိုး၏ လျှို့ဝှက်ပညာရပ်ဖြစ်သော လက်ဟန်ချိတ်စည်းတစ်ခုကို ထုတ်ဖော်လိုက်၏။
“ဧကရာဇ် ခုခံရေး ချီ”
ကျိယောင်ရွှယ်၏ စိတ်ဝိညာဉ်စွမ်းအင်များက အရူးအမူး ရုန်းကြွလာပြီး မရီးဒါန်များမှတစ်ဆင့် သူမ၏ လက်ချောင်းများမှာ စုဝေးလာ၏။
သူမ၏ လက်ချောင်းများကို ရှေ့သို့ ညင်သာစွာ ညွှန်လိုက်သောအခါ စိတ်ဝိညာဉ်စွမ်းအင်များက ရုန်းကြွထွက်ပေါ်လာပြီး လေထဲမှာ ဓါးချီမြားမိုးများအဖြစ် ပြောင်းလဲကာ ဝင်ရောက်လာသော ရွှေအမြုတေဆယ်ယောက်ထံသို့ ပစ်ဝင်သွား၏။
ဧကရာဇ်ခုခံရေးချီက တစ်ကယ်တော့ မဟာချွမ်ဧကရာဇ်၏ လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်လေသည်။
မဟာကျိုးအင်ပါယာက ထိုလျှို့ဝှက်ပညာရပ်၏ မပြည့်မစုံသော အပိုင်းကိုသာ ရရှိထား၏။
ထိုသို့ဆိုလျှင်တောင် ထိုလျှို့ဝှက်ပညာရပ်၏ စွမ်းအားက သွားနောက်လို့ မရဘဲ ၎င်းကို ထောက်ပံ့ဖို့ စိတ်ဝိညာဉ်စွမ်းအင်အတော်များများကို သုံးစွဲရလေသည်။
ကျိယောင်ရွှယ်သည် အခုမှ ရွှေအမြုတေအဆင့်သို့ တက်လှမ်းကာစဖြစ်၍ ထိုလျှို့ဝှက်ပညာရပ်က သူမ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ခမ်းခြောက်လုနီးပါး ဖြစ်သွားစေပြီး သူမ၏ ရွှေအမြုတေက တဆစ်ဆစ်နှင့် နာကျင်လာလေသည်။
ချွမ်း..ချွမ်း.. ချွမ်း....
မဟာရှအစောင့်များဖြစ်စေ၊ ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းမှ ကျင့်ကြံသူများဖြစ်စေ.. တစ်ယောက်ကမှ ကြောက်လန့်မနေကြပေ။
သူတို့၏ ဆေဘာများနှင့် ဓါးများက ကခုန်နေပြီး ဝင်ရောက်လာသော ဓါးချီများကို လက်ခံကြိုဆိုကာ လွင့်ပြယ်သွားစေလေသည်။
ဧကရာဇ်ခုခံရေချီတောင်မှ ဝင်ရောက်လာသော ရွှေအမြုတေဆယ်ယောက်ကို မတားဆီးနိုင်ပေ။
ကျိယောင်ရွှယ်သည် ပြတ်သားသော အကြည့်ဖြင့် အံကိုကြည့်လိုက်၏။
နဂါးသင်္ချိုင်းတောင်ကြားက သူမနောက်တည့်တည့်မှာပင်။
မဟာကျိုး၏ ဧကရီတစ်ပါးအနေနှင့် သူမသည် စစ်ကျွင်းယုလက်ထဲမှာ အရှက်ခွဲခံရတာထက် သေဖို့ကိုသာ ရွေးချယ်ပေမည်။
အလွန်ဆုံး သူမက ကျိုးကြေမွကာ သေဆုံးသွားရဖို့ပင်။
လေထဲတွင်..
ကိုယ်ထင်ပြလာသော ဓါးကျင့်ကြံသူနှစ်ယောက်နှင့် ပကတိအရှင်မင်းကျီတို့အကြား တိုက်ပွဲက စတင် ဖြစ်ပွားနေပြီဖြစ်၏။
ပြောရမည်ဆိုလျှင် အဲ့ဒါက တစ်ဖက်သတ်ဆန်လွန်းလေသည်။
ပကတိအရှင်မင်းကျီက သူ၏ ခွန်အားကုန်ကို ထုတ်သုံးနေရပြီဖြစ်ပြီး သူ၏ ဝှက်ဖဲအားလုံးကိုလည်း ထုတ်ဖော်နေရလေပြီ။ အဲ့ဒါတောင် သူသည် ဓါးကျင့်ကြံသူနှစ်ယောက်၏ ထက်ရှမှုဒဏ်ကို မခံနိုင်ဘဲ သူ့တစ်ကိုယ်လုံးလိုလို ဒဏ်ရာများရကာ သူ့ဝတ်ရုံက သွေးများဖြင့် စွန်းထင်းနေပြီဖြစ်၏။
“အား”
ပကတိအရှင်မင်းကျီ၏ အကြည့်က အရောင်မှိန်သွားပြီး စိတ်ထဲကနေ သက်ပြင်းချလိုက်၏။
“သွားပြီ.. ပြီးသွားပြီ.. နှစ်ပေါင်းရာနဲ့ချီ ငါကျင့်ကြံခဲ့တာတောင် ငါဒီလမ်းကြောင်းကို ဆက်မလျှောက်နိုင်တော့ဘူးပဲ.. ကျင့်ကြံရေးလောကက တစ်ကယ် ရက်စက်တာပဲ”
“သူများတွေ ပြောသလို နဂါးသင်္ချိုင်းတောင်ကြားက တစ်ကယ်ကို ကံဆိုးမိုးမှောင်ကျတတ်တဲ့ နေရာပဲ ထင်ပါရဲ့”
ပကတိအရှင်မင်းကျီက သူ့ကံကြမ္မာကိုသူ သရော်သလို ပြုုံးလိုက်၏။
သူ့နောက်တွင် ကျိယောင်ရွှယ်ကလည်း နောက်ဆုတ်စရာနေရာ မရှိတော့ပေ။
သူမသည် နောက်ဘက်ရှိ လျှို့ဝှက်ဆန်းကြယ်သော နဂါးသင်္ချိုင်းတောင်ကြားကို လှည့်ကြည့်ပြီးနောက် သူမ၏ မျက်လုံးထဲမှာ ကြောက်ရွံ့မှု၊ ဝမ်းနည်းမှုတို့က ရှိမနေဘဲ.. ထို့အစား စိတ်သက်သာရာ ရလာ၏။
“ဇီမို.. ငါးနှစ်ကြာပြီးတဲ့နောက်မှာတော့ ငါနင့်နောက်ကို လိုက်လာပြီ”
ကျိယောင်ရွှယ်က ပြုံး၍ နဂါးသင်္ချိုင်းတောင်ကြားထဲသို့ ခုန်ချလိုက်၏။
ရုတ်တရက်..
အဖြူရောင်အလင်းတန်းတစ်ခုက လက်သွားပြီး အလွန်တရာ လျှင်မြန်စွာနှင့် သူမ၏ ခါးကို မြွေတစ်ကောင်လို လာရောက်ရစ်ပတ်လေသည်။
ပြုတ်ကျတော့မည့်ဆဲဆဲ ကျိယောင်ရွှယ်သည် အလွန်တရာ ပေါ့ပါးဖျတ်လတ်သော စိတ်ဝိညာဉ်ကြိုးဖြင့် ရစ်ပတ်ခြင်း ခံလိုက်ရပြီး ကမ်းပါးစွန်းမှ ဆတ်ကနဲ ပြန်ဆွဲယူခြင်း ခံလိုက်ရ၏။
မဟာရှအစောင့်တစ်ယောက်က စိတ်ဝိညာဉ်ကြိုးစ၏ အစွန်းတစ်ဖက်ကို ဆုပ်ကိုင်ထား၏။
ရွှစ်.. ရွှစ်.. ရွှစ်..
စိတ်ဝိညာဉ်ကြိုးက ဆက်လက်ရစ်ပတ်နေပြီး ချက်ချင်းပင် ကျိယောင်ရွှယ်၏ ခြေလက်များကို တုတ်နှောင်လိုက်၏။ သူမက မည်သို့မှ ရုန်းထွက်လို့ မရတော့ပေ။
စစ်ကျွင်းယုက သူ့ခေါင်းကိုမော့၍ အလွန်တရာ အားရကျေနပ်စွာနှင့် ဟားတိုက်ရယ်မောလိုက်၏။
“တာအိုရောင်းရင်းယောင်ရွှယ်ရေ.. နင် အခုလို လုပ်နိုင်တယ်ဆိုတာ ငါခန့်မှန်းမိလို့ ကြိုတင်ပြင်ဆင်လာခဲ့ပြီးသားလေ.. ငါက နင့်ကို ဘာလို့ အလွယ်တကူ ပေးသေရမှာလဲ”
ကျိယောင်ရွှယ်၏ မျက်နှာက ဖြူလျော့သွား၏။
သူမသည် သေရမှာကို မကြေက်ပေ။ အဲ့ဒါထက် သူမသည် စစ်ကျွင်းယု၏ အရှက်ခွဲစော်ကားခံရမှာကို ကြောက်လေသည်။
တစ်ချိန်တည်းမှာပင် မဟာကျိုးအင်ပါယာတစ်ခုလုံးက လူအများ ဟားတိုက်လှောင်ပြောင်စရာ ဖြစ်လာမှာကို ကြောက်လေသည်။
“အဲ့မိန်းမကို ဒီကို ခေါ်လာခဲ့ကြဟေ့”
စစ်ကျွင်းယု၏ မျက်လုံးက ဝင်းလက်လာပြီး ရယ်မောလိုက်၏။
“မဟာကျိုးရဲ့ ဧကရီက ငါ့ရှေ့မှာ ဒူးထောက်ခစားပြီးတော့ ဘယ်လိုမျိုးတွေ ဖျော်ဖြေပေးမလဲဆိုတာ ငါသိချင်လာပြီဟေ့.. ဟဟဟားဟား”
“နားလည်ပါပြီ”
အစောင့်တစ်ယောက်က ရှေ့တက်လာပြီး ကျိယောင်ရွှယ်ကို ဆတ်ကနဲ ဆွဲထူလိုက်၏။
ရုတ်တရက်..
အပြောင်းအလဲတစ်ခုက ပေါ်လာလေပြီ။
တိုက်ပွဲမြေ၏ အခြားတစ်ဖက်မှ မီးခိုးရောင်ပုံရိပ်တစ်ခုက အလွန်တရာ မြန်ဆန်စွာဖြင့် ပြေးလာနေ၏။ သူက မြောက်များကြွယ်ဝလှသော သတ်ဖြတ်လိုစိတ်နှင့်အတူ သူတို့ရှေ့သို့ ချက်ချင်းဆိုသလို ရောက်ချလာ၏။
ထိုလူ ဘယ်ကနေ ရောက်လာသလဲ မည်သူမှ မမြင်လိုက်ရပေ။
သူက လေထဲကနေ ဘွားကနဲ ပေါ်လာသလိုပင်။
“မင်း....”
ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်က ထိတ်လန့်သွားပြီး စကားပြောမလို့ လုပ်လိုက်၏။ သို့သော်လည်း သူ့ဓါးကို မထုတ်နိုင်သေးခင်မှာပင် ဝင်ရောက်လာသူက သူ့ကို လွင့်စင်ထွက်သွားအောင် ပစ်တိုက်ချလိုက်၏။
ထိုသူသည် လေထဲမှာပင် သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်သွားလေသည်။
ဓါးကျင့်ကြံသူတစ်ယောက်က ဤကဲ့သို့ပင် သေသွားရလေပြီ။