← Chapters

အလွန် ရယ်ရခြင်း

Vol. 40 Ch. 594

အလွန် ရယ်ရခြင်း

Vol. 40 Ch. 594

ရဲ့လင်းချန် ရယ်လိုက်သည်။

“ဟုတ်တယ်”

ရှောင်ယွဲ့ယွဲ့ စိတ်တိုသွားသည်။

“ငါက ဘာဖြစ်နေလို့လဲ၊ ငါ မင်းကို ရန်လုပ်မိလို့လား”

ရဲ့လင်းချန် ဘာလုပ်ရမှန်းမသိသလို ခံစားလိုက်ရပြီး သူ့လေသံကို ခပ်မြန်မြန် ပြောင်းလိုက်သည်။

“မင်းက အဆင်ပြေပါတယ်၊ မင်းက အဆင်ပြေပါတယ်”

ရှောင်ယွဲ့ယွဲ့ စိတ်အနှောင့်အယှက် ဖြစ်သွားသည်။

“အဲ့လို ပြောနေတာကို တော်လိုက်တော့”

ရဲ့လင်းချန်က ရှောင်ယွဲ့ယွဲ့ကို လက်ညှိုးထိုးလိုက်သည်။

“မင်းက လူပြက် ဟုတ်တယ်မလား၊ ဖက်တီး”

ရှောင်ယွဲ့ယွဲ့, “အဲ့ဒါ ဘာဖြစ်လဲ”

ရဲ့လင်းချန်, “ဒီနားလာရပ်ပြီး မင်းဗိုက်ကို စားပွဲပေါ် တင်လိုက်လေ၊ အဲ့ဒါက ပိုပြီး နေလို့ အဆင်ပြေလောက်တယ်”

ပရိသတ်များ ထပ်မံ၍ ရယ်မောလာသည်။

ရှောင်ယွဲ့ယွဲ့ သွေးအန်လုမတတ် ဖြစ်သွားသည်။

“မင်းရဲ့ ဘယ်မျက်လုံးက ငါ စားပွဲပေါ် တင်တာကို မြင်လဲ”

ရဲ့လင်းချန်က သူ့ကို စိုက်ကြည့်နေသည်။

“နောက်ဆုတ်လိုက်”

ရှောင်ယွဲ့ယွဲ့က မကျေမနပ်နှင့် နောက်ဆုတ်လိုက်သည်။

“နောက်ဆုတ်လိုက်တော့ ဘာဖြစ်လဲ”

ထိုအခါ ရဲ့လင်းချန်က သက်ပြင်းချသည်။

“မင်း ကြည့်လေ၊ နည်းနည်း စောင်းနေတယ်”

ရှောင်ယွဲ့ယွဲ့: “ငါက နည်းနည်းလေး ဝနေရုံလေးပါ”

ရဲ့လင်းချန်: “မင်းက ဘာလို့ အဲ့လောက် ဝရတာလဲ၊ ဒါ မင်းရဲ့ မိသားစုနောက်ခံက ကောင်းလို့ဖြစ်မယ်၊ မင်းက မျိုးဆက် ခြောက်ဆက်အထိ ချမ်းသာတာပဲ”

ရှောင်ယွဲ့ယွဲ့က ဝင်ပြောသည်။

“ငါ့မိသားစုက မျိုးဆက် ခြောက်ဆက်ထိထိ တည်တံ့လာတာကွ”

ရဲ့လင်းချန်က ထပ်ပြောလိုက်သည်။

“မျိုးဆက် ခြောက်ဆက်ရဲ့ ချမ်းသာမှုတွေအားလုံးက သူ့ဆီ ရောက်သွားတာပဲ”

ရှောင်ယွဲ့ယွဲ့: “ငါက အားလုံးကို အမွေဆက်ခံထားတာလေ”

ရဲ့လင်းချန်က လက်ခါလေသည်။

“ပြီးတော့ သူက အဲ့ဒါတွေ အားလုံးကို ဖြုန်းပစ်လိုက်တာပဲ၊ မြို့တော်ရဲ့ ခရိုင်တိုင်းမှာ အိမ်တစ်လုံးစီ ဝယ်ထားတာ”

ရှောင်ယွဲ့ယွဲ့က ဘဝင်ခိုက်သော မျက်နှာထားမျိုး ဖြစ်သွားသည်။

“တွေ့တယ်မလား၊ ငါက ခရိုင်တိုင်းမှာ အိမ်တစ်လုံးစီ ရှိတယ်”

ရဲ့လင်းချန်က သူ့ကို လက်မထောင်ပြလိုက်သည်။

“မင်းက အိမ်တွေဝယ်ပြီး ပတ်နေရတာကို ကြိုက်တာပဲ”

ရှောင်ယွဲ့ယွဲ့က ပြုံးလိုက်သဖြင့် သူ့မျက်လုံးများ မှေးကျသွားသည်။ သူက မာန်တက်သော လေသံဖြင့် ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ ငါ့မှာ အိမ်တွေ အများကြီး ရှိတာကိုး၊ ငါ အိမ်တိုင်းမှာ နေဖို့ လိုတယ်လေ”

ရဲ့လင်းချန်: “သူ့ကို ကြည့်ပါဦး၊ ကြည့်လိုက်ကြပါ၊ သူ့အိမ်တွေတိုင်းမှာ လိုက်နေနေရတာ”

ပရိသတ်များက ရယ်မောကြသည်။ သူတို့နှစ်ယောက်သည် လိုက်ဖက်လှသည်။ စင်ပေါ်မှ သူတို့၏ ပီပြင်သော မျက်နှာ အမူအရာများက ပရိသတ်များကို ရယ်ချင်လာစေသည်။ သူတို့သည် လမ်းလျှောက်နေသော အီမိုဂျီ များလိုပင်။

ထို့အပြင် သူတို့၏ လေသံများက ထေ့လုံးငေါ့လုံးများနှင့် ပြည့်နေသည်။ သူတို့ ဘာပြောပြော လူတိုင်းအား ရယ်ချင် လာစေသည်။

ဟာသ ဇာတ်လမ်းတိုအား ဆက်လက်၍ တင်ဆက်နေဆဲပင်။

ရှောင်ယွဲ့ယွဲ့: “ဒါပေါ့၊ အိမ်ဆိုတာက လူတွေ နေဖို့ပဲလေ”

ရဲ့လင်းချန်က သူ့ကို စိုက်ကြည့်လိုက်သည်။

“မင်း မကြာသေးခင်ကမှ အိမ်ထပ်ပြောင်းထားတာ မဟုတ်လား”

ရှောင်ယွဲ့ယွဲ့က မာန်တက်သွားသည်။

“ဟုတ်တယ်”

ရဲ့လင်းချန်: “မင်း ဘယ်ကို ပြောင်းတာလဲ”

ရှောင်ယွဲ့ယွဲ့: “မြို့လယ်ခေါင်က ချမ်မန်”

ရဲ့လင်းချန်က ထိတ်လန့်သွားပြီးနောက် ရှောင်ယွဲ့ယွဲ့အား တအံ့တဩ ကြည့်၍ အော်လိုက်သည်။

“ဘယ်သူကလဲ”

ရှောင်ယွဲ့ယွဲ့က လန့်သွားသည်။

“င…င…ငါလေ”

ရဲ့လင်းချန်: “ချမ်မန်က ကောင်းတယ်”

ရှောင်ယွဲ့ယွဲ့ ပြုံးလိုက်သည်။

“ဒါပေါ့၊ အဲ့ဒါက နေလို့ကောင်းတယ်”

ရဲ့လင်းချန်: “အဲ့ဒါက နေရာကောင်းပဲ၊ ငါလဲ ချမ်မန်မှာ နေတာ”

ရှောင်ယွဲ့ယွဲ့ အံ့ဩသွားသည်။

“နေစမ်းပါဦး”

ရဲ့လင်းချန်က သူ့ဘာသာသူ ဆက်ပြောနေ၏။

“ဒါ တိုက်ဆိုင်တာပဲ မဟုတ်လား”

ရှောင်ယွဲ့ယွဲ့ အနည်းငယ် ဇဝေဇဝါ ဖြစ်နေ၏။

“မင်းလဲ ချမ်မန်မှာ နေတာလား၊ ဘယ်လိုလုပ် ငါ မင်းကို အရင်က မမြင်ဖူးရတာလဲ”

ရဲ့လင်းချန်က အသာပြုံးလိုက်သည်။

“မင်းက မနက်စောစော ထွက်သွားပြီးတော့ ငါက နောက်ကျမှ အိမ်ကို လာတာလေ၊ ငါတို့က အချင်းချင်း မတွေ့မိတဲ့ အိမ်နီးနားချင်းတွေပဲ၊ ပြီးတော့ ချမ်မန်က အကျယ်ကြီးလေ”

ရှောင်ယွဲ့ယွဲ့က ထိုအခါမှ နားလည်သွားသည်။

“ဟုတ်တယ်၊ အဲ့မှာ လူတွေ ထောင်ချီရှိနေတာ”

ရဲ့လင်းချန်: “ချမ်မန်ရဲ့ ဘယ်အပိုင်းမှာ မင်း နေတာလဲ”

ရှောင်ယွဲ့ယွဲ့: “လန်ဖန့်အိမ်ရာရဲ့ ပထမဆုံးလမ်း၊ တစ်ဖက်ပိတ်လမ်းမှာ”

ရဲ့လင်းချန်က ထပ်မံ၍ အော်လိုက်သည်။

“ဘယ်သူကလဲ၊ ဒါ တိုက်ဆိုင်တာပဲလား၊ ငါလဲ လန်ဖန့်အိမ်ရာရဲ့ ပထမဆုံးလမ်းမှာ နေတာ”

ရှောင်ယွဲ့ယွဲ့ အံ့ဩသွားသည်။

“ငါတို့ နှစ်ယောက်လုံး တစ်ဖက်ပိတ်လမ်းမှာ နေတာပဲ၊ ဘယ်လိုလုပ် ငါ မင်းကို အရင်က တစ်ခါမှ မမြင်ဖူးရတာလဲ”

ရဲ့လင်းချန်: “မင်းက မနက်စောစော ထွက်သွားပြီးတော့ ငါက နောက်ကျမှ အိမ်ကို လာတာလေ၊ ငါတို့က အချင်းချင်း မတွေ့မိတဲ့ အိမ်နီးနားချင်းတွေပဲ”

ရှောင်ယွဲ့ယွဲ့က တစ်ခဏမျှ စဉ်းစားသွားသည်။

“ဟုတ်သားပဲ”

ရဲ့လင်းချန်: “လန်ဖန့်အိမ်ရာရဲ့ ဘယ်ယူနစ်လဲ”

ရှောင်ယွဲ့ယွဲ့: “ငါက ယူနစ်ရှစ်မှာ နေတာ”

ရဲ့လင်းချန်၏ မျက်လုံးများ ပြူးကျယ်လာသည်။

“ဘယ်သူက”

ရှောင်ယွဲ့ယွဲ့‌ တွေဝေသွားပြီး အထစ်အထစ် အငေါ့ငေါ့ ဖြစ်လာသည်။

“င…င…ငါများလား”

ရဲ့လင်းချန်: “ဒါ တိုက်ဆိုင်တာပဲလား၊ ငါလဲ ယူနစ်ရှစ်မှာ နေတာ”

ရှောင်ယွဲ့ယွဲ့က ရယ်သည်။

“ငါတို့ အိမ်ရာတစ်ခုတည်းမှာ နေတာတောင် ငါ မင်းကို တစ်ခါမှ မမြင်ဖူးဘူး”

ရဲ့လင်းချန်က ယခင်က စကားကိုပဲ ပြန်ပြောလေသည်။

“မင်းက မနက်စောစော ထွက်သွားပြီးတော့ ငါက နောက်ကျမှ အိမ်ကို လာတာလေ၊ ငါတို့က အချင်းချင်း မတွေ့မိတဲ့ အိမ်နီးနားချင်းတွေပဲ”

ရှောင်ယွဲ့ယွဲ့က ခေါင်းကုတ်နေသည်။

“ငါတို့ ဆုံဖြစ်တဲ့ပုံ မပေါ်ဘူးပဲ ဟုတ်တယ်မလား”

“ဟားဟားဟား ငါ မရတော့ဘူး၊ ရှောင်ယွဲ့ယွဲ့က ရိုးလွန်းတာပဲ”

ထိုသို့သောအချိန်၌ ပရိသတ်များသည် ရဲ့လင်းချန် ပြဿနာရှာရန် ကြိုးစားနေသည်ကို သတိထားမိနေလေပြီ။

ထို့အပြင် ထိုစကားတစ်ခုတည်းနှင့် ပရိသတ်များအား ခွက်ထိုးခွက်လန် ရယ်အောင် လုပ်နိုင်နေပြီ ဖြစ်သည်။

“ဘုရားရေ၊ ရှောင်ယွဲ့ယွဲ့အတွက် နောက်ထပ် ထောင်ချောက်တစ်ခု စောင့်နေတယ်လို့ ငါ ခံစားနေရပြီ”

“ဒီနှစ်ယောက်က စိတ်ဝင်စားဖို့ ကောင်းလွန်းတယ်၊ မသိရင် တကယ်ကြီးလိုပဲ”

“အထူးသဖြင့် သူတို့လေသံတွေက သိပ်ရယ်ရတယ်”

“ရှောင်ယွဲ့ယွဲ့: “ငါ့မှာ အဲ့လို အိမ်နီးချင်းမျိုး ရှိလို့လား၊ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် မဆုံဖူးဆိုတော့ ဘယ်လိုတောင် ရေစက် မပါတာပါလိမ့်”

“ရှောင်ယွဲ့ယွဲ့: ငါ့မှာ အိမ်နီးချင်း အတု ရှိနေတာပဲ ဖြစ်ရမယ်”

“ရှောင်ယွဲ့ယွဲ့: ငါ့မှာ ဆိုးရွားတဲ့ အတွေးတွေ ရှိနေတယ်၊ ငါ ထုတ်ပြောလိုက်ရင်ကောင်းမလား မသိဘူး”

ရဲ့လင်းချန်က ဆက်မေးနေသည်။

“မင်းက တောင်ဘက်အခန်းမှာ နေတာလား၊ မြောက်ဘက် အခန်းမှာ နေတာလား”

ရှောင်ယွဲ့ယွဲ့: “ငါ မြောက်ဘက်အခန်းမှာ နေတာ”

ထိုအခါ ရဲ့လင်းချန် ဘာမှမပြောနိုင်ခင်မှာပင် ပရိသတ်များက ပြိုင်တူ အော်ပြောလာသည်။

“ဘယ်သူကလဲ”

တိုက်ရိုက် ထုတ်လွှင့်ခြင်းမှ မှတ်ချက်များတွင်လည်း “ဘယ်သူကလဲ” ဟူသော စကားနှင့် ပြည့်နှက်နေကာ အားလုံးက ရယ်နေကြသည်။

ရှောင်ယွဲ့ယွဲ့ စိတ်တိုသွားသည်။

“ငါဟေ့၊ မင်းတို့က ဘာလိုချင်တာလဲ”

ရဲ့လင်းချန်က အားလုံးနှင့်အတူ ပြိုင်တူ ပြောလာသည်။

“ဒါ တိုက်ဆိုင်တာပဲမလား၊ ငါလဲ မြောက်ဘက် အခန်းမှာ နေတာ”

ရှောင်ယွဲ့ယွဲ့ သတိလစ်လုနီးပါး ဖြစ်သွားသည်။

“ဩာ ငါတို့ တစ်အိမ်တည်းမှာ နေတာတောင် ငါ မင်းကို မမြင်ပါလား”

ထပ်မံ၍ အားလုံးက ရဲ့လင်းချန်နှင့်အတူ လိုက်ပြောလေသည်။

“မင်းက မနက်စောစော ထွက်သွားပြီးတော့ ငါက နောက်ကျမှ အိမ်ကို လာတာလေ၊ ငါတို့က အချင်းချင်း မတွေ့မိတဲ့ အိမ်နီးနားချင်းတွေပဲ”

ရှောင်ယွဲ့ယွဲ့က မကျေမနပ် ပြောလာသည်။

“ငါတို့က ဘာအလုပ်တွေ လုပ်လို့များပါလိမ့်”

ရဲ့လင်းချန်: “မြောက်ဘက်အခန်းက ဘယ်အပူပေး ခုတင်မှာ အိပ်တာလဲ”

ရှောင်ယွဲ့ယွဲ့: “ငါ့ခါးက သိပ်မကောင်းဘူး၊ ငါ အပူပေး ခုတင်ကို အခန်းထဲ ရွှေ့ထားတာ”

“ဘယ်သူက”

“ငါ့ဟေ့၊ ဘာဖြစ်ချင်လဲ”

“တိုက်ဆိုင်တာပဲ၊ ငါလဲ အဲ့အပူပေး ခုတင်မှာ အိပ်တာ”

“ငါတို့ တစ်ခုတင်တည်း အိပ်ပင်မယ့် ငါ မင်းကို တစ်ခါမှ မမြင်ဖူးပါဘူး”

“မင်းက မနက်စောစော ထွက်သွားပြီးတော့ ငါက နောက်ကျမှ အိမ်ကို လာတာလေ၊ ငါတို့က အချင်းချင်း မတွေ့မိတဲ့ အိမ်နီးနားချင်းတွေပဲ”

အကြောင်းအရာက ပိုပို၍ ရယ်ချင်စရာ ကောင်းလာပြီး ပရိသတ်များအား ဆက်တိုက် ရယ်မောစေသဖြင့် သူတို့ ပါးစပ်ပင် မစေ့နိုင်တော့ချေ။

“မင်း ဘာနဲ့ အိပ်တာလဲ”

“ငါက အနီရောင် အိပ်ယာခင်းပေါ်မှာ စောင်အပြာနဲ့ အိပ်တာလေ”

“ဘယ်သူက”

“ငါလို့”

“တိုက်ဆိုင်တာပဲ၊ ငါလဲ အနီရောင် အိပ်ယာခင်းပေါ်မှာ စောင်အပြာနဲ့ အိပ်တာလေ”

“မင်း ဘာတွေ ပြောနေတာလဲ၊ ငါတို့ တစ်ခုတင်တည်း အိပ်နေတာတောင် ငါ မင်းကို တစ်ခါမှ မမြင်ဖူးဘူး”

“မင်းက မနက်စောစော ထွက်သွားပြီးတော့ ငါက နောက်ကျမှ အိမ်ကို လာတာလေ၊ ငါတို့က အချင်းချင်း မတွေ့မိတဲ့ အိမ်နီးနားချင်းတွေပဲ”

“မင်း ညဆို ဘယ်သူနဲ့ အိပ်တာလဲ”

“ငါ့မိန်းမနဲ့လေ”

“ဘယ်သူက”

ရှောင်ယွဲ့ယွဲ့က ရိပ်မိသွားပြီး ခပ်မြန်မြန် ဖြတ်ပြောလိုက်သည်။

“ပါးစပ်ပိတ်ထား၊ ငါတစ်ယောက်တည်း …”

သို့သော် ရဲ့လင်းချန်က ဆက်ပြောနေသည်။

“တိုက်ဆိုင်တာပဲ၊ ငါလဲ …”

ရှောင်ယွဲ့ယွဲ့၏ မျက်နှာက နီရဲလာသည်။

“ထွက်သွားစမ်း၊ အကျင့်မကောင်းတဲ့ကောင်၊ မင်း ငါ့ကို အခွင့်ကောင်း ယူနေတာ ကြာပြီပဲ”

“ဟားဟားဟား …”

ခန်းမတစ်ခုလုံး ရယ်သံများနှင့် ပြည့်နှက်သွားသည်။ ဧည့်သည်များတောင်မှ သူတို့ကိုယ်သူတို့ ထပ်၍ မထိန်းနိုင် တော့ချေ။

ချင်ပိုင်ချွမ်းက ခေါင်းခါ၍ အောင့်သက်သက်နှင့် ရယ်နေသည်။

“ဒီကလေးက တကယ်ကို ပါရမီရှင်ပဲ”

“ဝါးဟားဟား … ငါ ထပ်ပြီး မအောင့်ထားနိုင်တော့ဘူး၊ ငါ ရယ်ရလွန်းလို့ မျက်ရည် ထွက်နေပြီ”

“ငါ ရှောင်ယွဲ့ယွဲ့ကို သနားလိုက်တာ၊ ရဲ့နတ်ဘုရားက တော်တော် ဆိုးတာပဲ”

“ဒီနှစ်ယောက်က ဟာသ ဇာတ်လမ်းတို မပြောတတ်ဘူးလို့ ဘယ်သူ ပြောတာလဲ၊ သူတို့ တော်နေတာပဲကို”

“ငါ့တစ်မိသားစုလုံး အရူးအမူး ရယ်နေတာ၊ ဟားဟားဟား … ဒါက တော်တော် ရယ်ရတာပဲ”

အင်တာနက်ပေါ်တွင်တောင်မှ ဆူညံနေ၏။

[ဒါက ကောင်းလွန်းနေတယ်]

[ရဲ့နတ်ဘုရားက အံ့ဩဖို့ကောင်းတာပဲ]

[လခွမ်း … ဒီနှစ် Gala နွေဦးပွဲတော်က သိပ်စိတ်ဝင်စားဖို့‌ ကောင်းတယ်]

[သူက နာမည်ကြီး အားကစားသမားဆိုပင်မယ့် ဟာသဇာတ်လမ်းတိုလဲ ကောင်းကောင်း ပြောတတ်တာပဲ၊ ယုံတောင် မယုံနိုင်ဘူး]

[အစက ငါ ဒါကို အစားထိုး အစီအစဉ်တစ်ခုသက်သက်ပဲလို့ ထင်နေတာ၊ သေရော … လတ်စသက်တော့ ဒါက တော်တော် စိတ်ဝင်စားဖို့ ကောင်းနေတာပဲ၊ အံ့ဩစရာပဲဟေ့]

[ရုတ်တရက်ကြီး တခြား အစီအစဉ်တွေကမှ အစားထိုး အစီအစဉ်တွေလို့ ငါ ခံစားမိသွားတယ်]

…

All Chapters