နန်ဖန်းသို့အပြန်.....
Vol. 53 Ch. 729
ကျန်းချင်းအာ ထွက်ခွာသွားပြီးနောက် ရထားလုံးပေါ်တွင် လီလော့တစ်ယောက်တည်း ကောင်းကင်ယံကို နေ့တစ်ဝက်ကျော် တိတ်တဆိတ် ကြည့်နေခဲ့သည်။
ထို့နောက် သူသည် နောက်ထပ်နှစ်ရက်ကို အဓိပ္ပါယ်မဲ့စွာ ငူငူငိုင်ငိုင် ကုန်ဆုံးခဲ့သည်။ အားလုံးက သူ့ကို နားလည်ကြတဲ့အတွက် ထူးဆန်းတယ်လို့ ဘယ်သူမှ မခံစားရကြပေ။ ကျန်းချင်းအာ ထွက်ခွာသွားမှုက သူတို့ကိုတောင် ဒီလိုဝမ်းနည်းမှုတွေ ခံစားစေခဲ့မယ်ဆိုရင် လီလော့ကတော့ ပိုဆိုးနေပေလိမ့်မည်။
ဤသို့ဖြင့် လော့လန်အိမ်တော်သားများသည် စိတ်ပျက်ဖွယ်ကောင်းသော လေထုကြားတွင် နန်ဖန်းမြို့အနီးသို့ ရောက်လာခဲ့ကြသည်။
တဖြည်းဖြည်းနှင့်နန်ဖန်းမြို့ကိုသဲသဲကွဲကွဲမြင်နေရသောကြောင့် ယာဉ်တန်းရှိ လူတိုင်း၏ စိတ်ဓာတ်များ ကြွတက်လာသည်။ ထိုအချိန်တွင် စိတ်ဓာတ်ကျနေသော လေထု လျော့ပါးသွားပုံရပြီး လူတိုင်း၏ အမူအရာများ ပြေလျော့သွားသည်။
လီလော့ ရထားလုံးထဲမှထွက်လာပြီး အဝေးက မြို့ကို ငေးကြည့်ရင်းကနေ စိတ်ထဲမှာ တမျိုးတမည်ခံစားနေရသည်။
သူသည် လွန်ခဲ့သည့်တစ်နှစ်ခန့်ကပင် စည်ကားနေသောရှမြို့တော် သို့သွားရန်အတွက် နန်ဖန်းမြို့မှ ထွက်ခွာခဲ့သည်။
ထိုအချိန်တုန်းက သူသည် ဗလာနန်းတော်ပြဿနာကို ဖြေရှင်းပြီးကာစဖြစ်ပြီး အိမ်တွင်းရှိလူများအပါအဝင် အားလုံးက သူ၏စွမ်းရည်ကို သံသယဝင်ခဲ့ကြသည်။
ထို့နောက် အံ့ဖွယ်အမှုများကို ဆောင်ကြဉ်းလာသောအခါ ဤသံသယများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားခဲ့သည်။
လီလော့ ရှမြို့တော်သို့ရောက်လာပြီး ပြသာနာများကိုဖြေရှင်းရန် အကောင်းဆုံးလုပ်ဆောင်ခဲ့သည်။ သူသည် ရှီးယန်စံအိမ် ကို အားကောင်းစေပြီး လော့လန်အိမ်တော် ၏ စီးပွားရေးအခြေအနေကို တည်ငြိမ်စေကာ ၎င်းတို့ကို အချိန်ပေးခဲ့သည်။ ကောလိပ်တွင် သူ၏ကျော်ကြားမှုသည် ကျန်းချင်းအာထက်သာလွန်ခဲ့ပြီး ရှန့်ပိန်းတွေ့ဆုံပွဲအတွင်း အရှေ့ပိုင်းနတ်ဘုရားကုန်းမြေ၏အသန်မာဆုံးကြယ်တစ်ပွင့်ခန်းမ ကျောင်းသားဖြစ်လာခဲ့သည်။
ယခု သူသည် မြေနတ်ဆိုးခန္ဓာအဆင့် ယတွင်ရှိနေပြီဖြစ်သည်။
သူသည် လွန်ခဲ့သည့်နှစ်တွင် အသွင်ပြောင်းခဲ့ပြီး ယခုတော့ မွေးရပ်မြေကို ပြန်လာခဲ့ရပြန်ပြီ......
သို့သော်၊ အရာအာလုံးက ကြီးမားစွာ ပြောင်းလဲခဲ့ချေပြီ......
ကြယ်တာယာခရီးရှည်ကောလိပ် ပျက်စီးသွားခဲ့ပြီး ရှပြည်ထောင်စု၏ လှုပ်ရှားမှုဗဟိုချက်ဖြစ်သော ရှမြို့တော်သည် ၎င်းတို့၏ဘဝအတွက် ပြေးလွှားနေသော လူများ၏ စွန့်ပစ်ခြင်းခံခဲ့ရသည်။ သေခြင်းတရားလှိုင်းလုံးကြီးက တစ်မြို့လုံးကို လွှမ်းခြုံနေခဲ့ချေပြီ....
လာမည့်နှစ်အနည်းငယ်အတွင်း ရှပြည်ထောင်စု မည်မျှ တုန်လှုပ်ချောက်ချားဖွယ်ကောင်းမည်ကို စိတ်ကူးကြည့်နိုင်သည်။
“ဟေးးးး”
အတွေးများထဲကနေရုန်းထွက်ပြီး လီလော့လက်ကို ဝှေ့ယမ်း၍ အမိန့်ပေးကာ ပေါ့ပါးစွာ အသက်ရှူသွင်းလိုက်သည်။
"အရှိန်မြှင့်ပြီး မြို့ထဲကိုဝင်ဖို့ ပြင်ဆင်ပါ...."
လော့လန်အိမ်တော်သားများက သူ့အမိန့်ကို အသိအမှတ်ပြုပြီး သားရဲများကို အသော့နှင်ပါ ဖုန်မှုန့်များကို ဖြိုခွင်းလိုက်သည်။
မိနစ်အနည်းငယ်ကြာသည့်အခါ လော့လန်အိမ်တော်ယာဉ်တန်းက မြို့တံခါးကို ရောက်နေခဲ့ချေပြီ။
မရေမတွက်နိုင်အောင်များပြားလှသာလူအများက လမ်းမများပေါ်တွင် စုဝေးနေပြီစပ်စုသော မျက်လုံးများဖြင့် လော့လန်အိမ်တော် ၏ယာဉ်တန်းကို အာရုံစိုက်နေကြသည်။ရှမြို့တော်မှာ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေဟာ တစ်ပြည်လုံး ပြန့်နှံ့နေပြီဖြစ်သည်။
လူများစွာ ပြောင်းရွှေ့နေထိုင်မှုကြောင့် ရှပြည်ထောင်စုတစ်ခုလုံး ပရမ်းပတာအခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
အရိပ်လှိုဏ်ဂူကို အလုံပိတ်ထားသောစည်းတံဆိပ်ကျိုးပျက်ပြီး နေရာတိုင်းတွင် အမှောင်စွမ်းအင်များ ပေါက်ကြားနေသည်ဆိုသော သတင်းများသည် ယခုအခါတွင် လျှိူ့ဝှက်ချက်မဟုတ်တော့ပေ။ ဒါကလည်း သာမန်ပြည်သူတွေကြားထဲမှာ တုန်လှုပ်ချောက်ချားစရာ ခံစားချက်ကို တိုးပွားလာစေသည်။
သာမာန်လူများအနေဖြင့် ကမ္ဘာပေါ်ရှိကြောက်မက်ဖွယ်ကောင်းသော သဘာဝအန္တာရယ်ကပ်ဘေးမျာမှလွဲ၍ ကမ္ဘာခြားသက်ရှိများအကြောင်း များများစားစားမသိခဲ့ကြပေ။
တပ်စွဲထားသော အင်အားစုများစွာရှိနေသည့်တိုင် ကြီးကျယ်ခမ်းနားသော ရှမြို့တော် ကိုပင် စွန့်လွှတ်လိုက်ရသည်ကို သူတို့ မြင်နေရသောကြောင့် မည်သူမကြောက်ဘဲနေနိုင်မည်နည်း။
အမှောင်စွမ်းအင် ပိုမိုပြန့်ပွားလာပါက နိုင်ငံတော်တစ်ခုလုံး အသက်မရှိသော မြေရိုင်းအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။
လီလော့က ယာဉ်တန်းရပ်တန့်ရန် အချက်ပြခြင်းမပြုမီ မြို့တံခါးဆီသို့ လှမ်းကြည့်လိုက်သည်။ မြို့စောင့်တပ်တွေ နေရာခွဲထားတဲ့ ဧရိယာထဲမှာ ရင်းနှီးတဲ့ သူတစ်ယောက် စောင့်နေတာကိုလှမ်းမြင်နေရသည်။
၎င်းမှာ နန်ဖန်းကျောင်းတော်၏ကျောင်းအုပ်ကြီးဝေရှ ဖြစ်သည်။
သူ့ဘေးတွင် လူစိမ်းတစ်ယောက်ရှိနေသည်။ ထိုသူ၏အဝတ်အစားကိုကြည့်ရုံဖြင့် ၎င်းသည် ထျန်ရှုပြည်နယ်၏အုပ်ချုပ်ရေးမှူးအသစ်ဖြစ်နိုင်သည်။
ယာဉ်တန်းရပ်သွားသောအခါ လီလော့က ရထားလုံးပေါ်ကနေ ဆင်းလာပြီး နန်ဖန်းကျောင်းအုပ်ဝေရှနှင့် တိုက်ရိုက်တွေ့ဆုံရန် လော့လန်အိမ်တော်၏ အထက်အရာရှိများကို ဦးဆောင်ခဲ့သည်။
"မင်္ဂလာပါကျောင်းအုပ်ဝေ....ကျွန်တော်တို့နောက်ဆုံးတွေ့ခဲ့တာ တစ်နှစ်ကျော်ပြီနော်..... ဒါပေမယ့် ကျောင်းအုပ်က ပိုပိုပြီး တက်ကြွနေပုံရတယ်!"
လီလော့က ပြုံးတစ်ပွင့်ဖြင့်နှုတ်ဆက်စကားဆိုလိုက်သည်။ သူသည် ဝေရှကို အစဉ်အမြဲလေးစားခဲ့သည်။
"ဟားးဟားးးး... နန်ဖန်းကျောင်းတော်ရဲ့ချီလင်သားတော် ပြန်လာပြီပဲ.... ဒါကြောင့် ငါ မင်းကို ကိုယ်တိုင်လာကြိုနေရတာပေါ့..."
ကြယ်တာယာခရီးရှည်ကောလိပ်တွင် လီလော့၏ထူးချွန်သော ရလဒ်များကြောင့် လွန်ခဲ့သည့်နှစ်တွင် ဝေရှ များစွာချီးကျူးခံခဲ့ရသည်။
နန်ဖန်းကျောင်းတော်သည် ယခုအခါ ထျန်ရှု ပြည်နယ်ရှိ နံပါတ်တစ် ကျောင်းတော်အဖြစ် အခိုင်အမာ ရပ်တည်နေပြီဖြစ်သည်။ အခြားပြည်နယ်များရှိကျောင်းတော်များနှင့် နှိုင်းယှဉ်လျှင်ပင် ၎င်းတို့ထက် ဦးခေါင်းတစ်လုံးသာနေစမြဲပင်.....
ထို့အပြင်၊ ရှပြည်ထောင်စု၏သမိုင်းတွင် မည်သည့်ကျောင်းကမျှ နောက်ဆုံးတွင် အရှေ့ပိုင်းနတ်ဘုရားကုန်းမြေ၏အသန်မာဆုံးဟု ခေါင်းစဉ်တပ်ရမည့် ကျောင်းသားနှစ်ဦးကို မွေးထုတ်မပေးခဲ့ဖူးပေ။
"မင်းနဲ့ ကျန်းချင်းအာတို့က နန်ဖန်းကျောင်းတော်ရဲ့ စံပြပုဂ္ဂိုလ်တွေပါ.....မင်းရဲ့ လွှမ်းမိုးမှုက ကျယ်ပြန့်လာပြီး မရေမတွက်နိုင်တဲ့ ငယ်ရွယ်သူတွေလည်း မင်းကို ကိုးကွယ်လာကြတယ်....."
ဒီစကားတွေက လီလော့ကို ပြုံးစေခဲ့သည်။ တစ်နည်းအားဖြင့် သူသည် ကျန်းချင်းအာနှင့်တန်းတူရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။ သူဒီမှာကျောင်းတက်နေတဲ့အချိန်ကိုပြန်တွေးကြည့်ရင် ကျန်းချင်းအာရဲ့တောက်ပအောင်မြင်မှုတွေကို ငေးမောကြည့်နေခဲ့ရပြီး တစ်နေ့နေ့ဒီလိုအောင်မြင်လာမယ်လို့မျှော်လင့်ခဲ့ဖူးသည်။
ဝေရှ သူ့ဘေးနားက သက်လတ်ပိုင်းလူနှင့်လီလော့ကို မိတ်ဆက်ပေးသည်။
"လီလော့...ဒါက ထျန်ရှုပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးအသစ်....အုပ်ချုပ်ရေးမှူးကျောက်ပါ..."
သူ လှည့်ကြည့်လိုက်တော့ ချောမောတဲ့ သက်လတ်ပိုင်း အမျိုးသားက ယဉ်ကျေးစွာ ပြုံးပြနှုတ်ဆက်ခဲ့သည်။
"မင်္ဂလာပါ.. လော့လန်အိမ်တော်သခင်...."
အုပ်ချုပ်ရေးကျောက်သည် လီလော့ ၏ရှေ့မှောက်တွင် နှိမ့်ချစွာ ပြုမူခဲ့သည်။ဒီကောင်လေးက အရင်ကလို ဗလာနန်းတော်ရှိနေသူမဟုတ်တော့ပေ။ထိုလူငယ်သည် အိမ်တော်တစ်ခုလုံး၏ စွမ်းအားကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားပြီး မင်းသမီးနှင့် နားမလည်နိုင်သော ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူဖြစ်သည်။ အရေးအကြီးဆုံးမှာ၊ လော့လန်အိမ်တော်သည် ယခုဆို လွန်ခဲ့သော တစ်နှစ်က စုတ်ပြတ်သတ်ခဲ့သည့်အခြေနေနှင့် လုံးဝကွဲပြားနေခဲ့ပြီဖြစ်သည်။
လီတိုင်ရွှမ်နှင့်တိုင်တန်လန်တို့ အိမ်တော်စုဝေးပွဲတွင်ပေါ်လာပြီး အမှောင်ထဲတွင်ပုန်းအောင်းနေသော ကြွက်များကို ကြောက်လန့်သွားစေခဲ့သည့်သတင်းကိုလည်းအားလုံးသိထားကြသည်။
အုပ်ချူပ်ရေးမှူးကျောက်၏အကြည့်များက လီလော့ ၏နောက်တွင်ရှိသောလူများကို လျင်မြန်စွာဖြတ်ကျော်သွားခဲ့သည်။
နွားသိုးကြီးပေါင်ပေါင်၊ချီချန်းနှင့်လီရုန်ယွင့်တို့သည် အေးစက်သောအမူအရာဖြင့် တိတ်တဆိတ် ရပ်နေကြသည်။ သူတို့တွင် စကားပြောရန် အစီအစဉ်မရှိပေ။ ဖိနှိပ်ချုပ်ချယ်သည့် အရိပ်အယောင်များမှ ထွက်ပေါ်လာသည်မှာ ၎င်းတို့အားလုံး မြို့စားများဖြစ်ကြောင်း ထင်ရှားနေသည်။
ဒါက တကယ့်ကိုကြောက်စရာပဲ... လော့လန်အိမ်တော်က ဒီလောက်များတဲ့မြို့စားတွေ ဘယ်အချိန်ကပိုင်ဆိုင်ခဲ့တာလဲ......
လီလော့ကလည်း အုပ်ချုပ်ရေးမှူးကျောက်ကို ယဉ်ကျေးပျူငှာစွာ တုံ့ပြန်ခဲ့သည်။ နောက်ဆုံးတွင်၊ လော့လန်အိမ်တော်သည် အိမ်ဟောင်းကို ၎င်းတို့၏ ဌာနချုပ်အသစ်အဖြစ် အနာဂတ်တွင် အသုံးပြုမည်ဖြစ်ပြီး အုပ်ချုပ်ရေးမှူးနှင့် ဆက်ဆံခြင်းသည် မလွှဲမရှောင်သာ ဖြစ်လာမည်ဖြစ်သည်။
ခေတ္တမျှ တိတ်ဆိတ်ပြီးနောက် ဝေရှက စိုးရိမ်သောကရောက်နေသောလေသံဖြင့်....
"လီလော့.... အခု ရှမြို့တော် ရဲ့ အခြေအနေ ဘယ်လိုရှိလဲ ပြောပြနိုင်မလား....."
အုပ်ချုပ်ရေးမှုးကျောက်ကလည်း သိချင်စိတ်ပြင်းပြစွာဖြင့် လီလော့ကိုကြည့်နေသည်။
" ရှမြို့တော်ရဲ့ အခြေအနေသတင်းကို ကျောင်းအုပ်လည်းကြားထားပြီးသားဖြစ်မှာပါ.... ကြယ်တာယာခရီးရှည်ကောလိပ် ပျက်စီးသွားပြီး အရိပ်လှိုဏ်ဂူကနေ အမှောင်စွမ်းအင်တွေ ပျံ့နှံ့နေတာကြောင့် မြို့တွင်းက လူတွေကို ရွှေ့ပြောင်းခိုင်းခဲ့ရတယ်.....အခုတို ကိုယ်စားအုပ်ချုပ်သူကမြောက်ပိုင်းကို ချုပ်ကိုင်ထားပြီး မင်းသမီးက တောင်ပိုင်းဆီကို ပွင့်ပွင့်လင်းလင်း ခွဲထွက်လာပြီ..... ဒုကျောင်းအုပ်စုရှင်းတို့လည်း ဒီကို မကြာခင် ရောက်လာတော့မှာ...လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ကျောင်းမျိုးတွေ့ရင် ကြယ်တာယာခရီးရှည်ကောလိပ်အသစ်အဖြစ်သုံးမယ်လို့ပြောဖူးတာကြောင့် ကျွန်တော် နန်ဖန်းကျောင်းတော်ကို အကြံပြုထားတယ်.....” ဟု လီလော့က ရှင်းပြခဲ့သည်။
ဒီသတင်းကိုကြားတော့ ဝေရှ အတော်ရငမခုန်နေသည်။ နန်ဖန်းကျောင်းတော်ကို ကြယ်တာယာခရီးရှည်ကောလိပ်အသစ်အဖြစ် ပြောင်းလဲနိုင်ခဲ့ပါက အံ့သြဖွယ်သတင်းဖြစ်လိမ့်မည်။ ဌာနမှူးရာထူးကို ဆုံးရှုံးလိုက်ရသော်လည်း ရွေးချယ်ခံရခြင်း၏ ဂုဏ်အသရေသည် အခြားဌာနမှူးများအားလုံးကို မနာလိုဖြစ်ကာ နှာရည်ယိုစေလောက်အောင်ပင်။ ထို့အပြင် နန်ဖန်းကျောင်းတော်ကို အသွင်ပြောင်းပြီးသည်နှင့် ကြယ်တာယာခရီးရှည်ကောလိပ်သည် ရှိပြီးသား ကျောင်းသားများကို လက်ခံရပေမည်။ဤသည်မှာ ၎င်းတို့အားလုံးအတွက် များစွာအကျိုးရှိစေမည်ဖြစ်သောကြောင့် လက်မခံနိုင်စရာအကြောင်းမရှိပေ။
"ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေအားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်...."
ပျော်လွန်းသဖြင့် ဝေရှ အသံတွေတုန်နေရှာသည်။
လီလော့က ခေါင်းညိတ်ပြပြီး နှစ်ယောက်သား စကားအနည်းငယ်ပြောခဲ့ကြသည်။ ထိုအချိန်တွင်၊ လော့လန်အိမ်တော်၏ယာဉ်တန်းသည် မရေမတွက်နိုင်သောလူများ၏အကြည့်များအောက်တွင် မြို့ထဲသို့ ဖြည်းညှင်းစွာဝင်ရောက်လာခဲ့သည်။
လီလော့ မြို့တံခါးဘေးတွင် ရပ်ကာ အချိန်ကြာလာသည်နှင့်အမျှ ပြိုကျပျက်စီးနေသော နံရံကြီးများကို ကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။
တစ်နှစ်ကျော်သွားခဲ့ပြီမို့ အရာအားလုံး ပြောင်းလဲခဲ့ပြီပဲ.....ငါတောင် နန်ဖန်းကိုနောက်တစ်ကြိမ်ပြန်ရောက်လာခဲ့ပြီ.....ဒါပေမယ့်လည်း ကြာကြာနေလို့မဖြစ်ဘူး....ကိစ္စအချို့ပြေလည်သွားတာနဲ့....ထွက်သွားရတော့မယ်......