မင်းသမီးကို နှုတ်ဆက်ခြင်း.....
Vol. 53 Ch. 730
အရင်အိမ်တော်ဟောင်းသည် ယခုအခါလော့လန်အိမ်တော်၏ဌာနချုပ်ဖြစ်လာခဲ့ပြီဖြစ်သည်။ ယင်းက နန်ဖန်း မြို့တော်တစ်လျှောက်တွင် သိသိသာသာ လှုပ်ခတ်စေပြီး နန်ဖန်းမြို့ခံလက်ရှိ တပ်ဖွဲ့များအားလုံး စိုးရိမ်မှု အရိပ်အယောင်ကို ခံစားခဲ့ရသည်။မည်သို့ပင်ဆိုစေ... အိမ်တော်ကြီးငါးခုသည် ၎င်းတို့နှင့် နှိုင်းယှဉ်၍မရသော အရာများဖြစ်သည်။
ထို့ကြောင့် လော့လန်အိမ်တော် ပြန်လာခြင်းသည် ထျန်ရှုပြည်နယ်အတွင်း အာဏာချိန်ခွင်လျှာကို ပြောင်းလဲစေခဲ့သည်။
နန်ဖန်းမြို့တွင် လော့လန်အိမ်တော် ကို ပထမဆုံး တည်ထောင်ခဲ့သည့် အချိန်တွင် လီတိုင်ရွှမ်နှင့်တန်တိုင်လန်တို့ရှိနေသဖြင့် ထိုအချိန်ကို ခေါင်းဆောင်အများအပြားက အမှတ်ရနေခဲ့သည်။
သူတို့နှစ်ယောက် အိမ်မှ ထွက်သွားသော်လည်း လက်ရှိအိမ်တော်သည် ဆုတ်ယုတ်မသွားဘဲ ပို၍ပင်တိုးတက်လာသည်။ထို့အပြင် အိမ်တော်စုဝေးပွဲတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲသတင်းသည်လည်း ရှပြည်ထောင်စုတစ်ခွင်သို့ ပျံ့နှံ့သွားခဲ့သည်။
ပို၍အရေးကြီးသည်မှာ လီတိုင်ရွှမ်နှငိ့တန်တိုင်လန်တို့ အသက်ရှင်နေခြင်းပင်.....
ဆိုလိုသည်မှာ လော့လန်အိမ်တော်၏အဃြေံ အုတ်မြစ်များ ခိုင်ခံ့နေဆဲဖြစ်သည်။
ထို့ကြောင့် လော့လန်အိမ်တော် ပြောင်းရွှေ့လာသောအခါ ထျန်ရှုပြည်နယ်၏ များပြားလှသော အင်အားစုများအားလုံး အထိမ်းအမှတ်လက်ဆောင်များ အမြန်ပေးပို့ခဲ့ကြပြီး တစ်ချိန်က လူဦးရေကျဲပါးသော အိမ်ကြီးသည် ယခုအခါ ယာဉ်ကြောပိတ်ဆို့မှုများဖြင့် စည်ကားလျက်ရှိသည်။
သို့သော်လည်း လီလော့က ဧည့်သည်များနှင့်လက်ခံတွေ့ဆုံခြင်းကို ချိုင်ဝေနှင့်သာလွှဲ ထားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် အိမ်တော်ကို အချိန်အတော်ကြာအောင်ထိန်းသိမ်းပေးရမည့်သူဖြစ်သောကြောင့် သိသင့်သိထိုက်သူများနှင့် ယခုကတည်းက ပြောဆိုဆက်ဆံရပေတော့မည်။
လော့လန်အိမ်တော် နန်ဖန်းမြို့သို့ပြောင်းရွှေ့ပြီးနောက် သုံးရက်မြောက်သောနေ့တွင် ကြယ်တာယာခရီးရှည်ကောလိပ်မှအဖွဲ့များရောက်ရှိလာသောကြောင့် တစ်မြို့လုံး စိတ်လှုပ်ရှားနေကြသည်။
ကြယ်တာယာခရီးရှည်ကောလိပ်သည် လော့လန်အိမ်တော်ထက် များစွာကျော်ကြားပြီး လေးစားခံရသည်။
နိုင်ငံတော်၏ မရေမတွက်နိုင်သော လူငယ်များသည် ၎င်းတို့၏ မိသားစုကိုဂုဏ်တက်စေရန်နှင့်အနာဂတ်ဖြောင့်ဖြူးအောင် ကောလိပ်သို့ ဝင်ရောက်ရန် ရည်ရွယ်ချက်ရှိခဲ့ကြသည်။
ကြယ်တာယာခရီးရှည်ကောလိပ်မှကျောင်းသားများသည် နိုင်ငံတော်တွင် အထူးခြားဆုံးနှင့် အရည်အချင်းအရှိဆုံးသူများဖြစ်သည်။
စတုတ္ထနေ့တွင် ရှမြို့တော်၏ တော်ဝင်နန်းတွင်းမှ တပ်သားများ နန်ဖန်းမြို့တော်သို့ ရောက်ရှိလာပြီး မင်းသမီးနှင့် ဧကရာဇ်ငယ်လေးတို့လည်းအတူလိုက်ပါလာကြောင်း ကောလာဟလများ ထွက်ပေါ်နေပါသည်။
နန်ဖန်းဟူသော မြို့ငယ်လေးတွင်ဤမျှ စိတ်လှုပ်ရှားဖွယ်ရာများ ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
တော်ဝင်နန်းတွင်းနှင့် အပြန်အလှန် ကူးလူးဆက်ဆံရန် အခွင့်အလမ်းရရှိဖို့ မျှော်လင့်ချက်ဖြင့် မင်းသမီးနှင့် တွေ့ဆုံရန် ကြိုးပမ်းခဲ့ကြသည်။သို့သော် သူတို့အားလုံးလက်ဆောင်များကိုတံခါးဝမှာ ချန်ထားခဲ့ဖို့ တွန်းအားပေးခံခဲ့ရသည်။
ထိုစဉ် အားလုံး၏အကြည့်အောက်တွင် အစောင့်ရှောက်များ ဝန်းရံထားသော တော်ဝင်ရထားလုံးတစ်စင်းသည် လော့လန်အိမ်တော်အိမ်ဟောင်းဆီသို့ ဦးတည်သွားသည်ကို သတိပြုမိကြသည်။
ထို့နောက် ဧကရာဇ်ငယ်နှင့် မင်းသမီးတို့ နှစ်ယောက်စလုံး ရထားပေါ်မှဆင်းကာ လော့လန်အိမ်တော်ထဲသို့ တိုက်ရိုက်ဝင်သွားကြသည်ကို မြင်လိုက်ရသဖြင့် အားလုံး အံ့အားသင့်ကုန်ကြသည်။
ထိုမြင်ကွင်းက ထျန်ရှု ပြည်နယ်ရှိ အင်အားစုများကြား တုန်လှုပ်သွားစေသည်။ သူတို့ရဲ့ ခိုင်မာတဲ့ဆက်ဆံရေးအကြောင်း ကောလာဟလတွေက အခြေအမြစ်မရှိတာမျိုးမဟုတ်ကြောင်း လူတိုင်း သဘောပေါက်ခဲ့ကြချေပြီ......
.........
လော့လန်အိမ်ဟောင်း၏တိတ်ဆိတ်သော ခြံဝင်းအတွင်းရှိ ရေကန်နံဘေးတွင်....
"ကျွန်တော်တို့ရဲ့ နုံချာတဲ့အိမ်တော်ဆီ မင်းသမီးကြွရောက်လာတာ တကယ့်ကိုဂုဏ်ယူစရာပါပဲ....."
လီလော့ သည် သူ့ရှေ့တွင် ထိုင်နေသူနှစ်ယောက်ကို ကြည့်ရင်း ပြုံးလိုက်သည်။
မင်းသမီးသည် လက်ရှိတွင် ခရမ်းရောင်တော်ဝင်ဝတ်စုံ ၀တ်ဆင်ထားပြီး ၎င်း၏ရှည်လျားသောဆံပင်ကို လိပ်ထားကာ သွယ်လျပြီး ဖြောင့်စင်းသောလည်တိုင်ကို ပေါ်လွင်စေသည်။ သူမ၏ ဖီးနစ်နှင့်တူသော မျက်လုံးများသည် တောက်ပပြီး လှပနေပေသည်။ အံဝင်ခွင်ကျရှိသော ၀တ်စုံသည် သူမ၏ လှပသောရုပ်သွင်ကို ပိုမိုကျက်သရေရှိစေပြီး စိတ်လှုပ်ရှားဖွယ်ရာ ကောက်ကြောင်းများကို ကောင်းစွာပေါ်လွင်စေကာ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ၏ မွန်မြတ်ပြီး ကျက်သရေရှိသော စိတ်နေသဘောထားကို ပြသပေးနေသည်။
သူ့ဘေးနားရှိ ဧကရာဇ်ငယ်လေးကလည်း လီလော့ကို အနည်းငယ် အံ့သြသွားစေခဲ့သည်။ သူမသည် ယောင်္ကျားတစ်ယောက်လို မ၀တ်ဆင်တော့ဘဲ ပေါ့ပေါ့ပါးပါး ၀တ်ထားသော်လည်း သူမ၏မျက်နှာသည် ပို၍ပင် လှပလာပုံရသည်။ သူမသည် ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်မထားတော့ဘဲ သူမ၏အသွင်အပြင်ကို ကမ္ဘာကိုပြသခဲ့သည်။
သို့သော်လည်း လီလော့အနေဖြင့် ဧကရာဇ်ငယ်လေး၏ အသက်အစစ်အမှန်မှာ ဆယ်နှစ်ဝန်းကျင်သာရှိသေးကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ သို့သော် သူမ၏ ခန္ဓာကိုယ်သည် သိသိသာသာဖွံ့ထွားနေပြီး လှပသော အစ်မတစ်ယောက်ဟုပင်ထင်ရစေသည်။
မင်းသမီးသည် အရပ်ရှည်ပြီး ထူးထူးခြားခြား ချောမောသော လူငယ်ကို အလားတူ ကြည့်နေ၏။ ဦးခေါင်းပေါ်တွင် ငွေမှင်ရောင်ဆံသားမျာပြည့်နှက်နေသော်လည်း သူ၏အသွင်အပြင်မှာ ငယ်ရွယ်နုပျိုသောပုံစံဖြစ်ပြီး သူ့မျက်နှာကို ကြည့်လိုက်ရုံဖြင့် စိတ်နှလုံးကို အေးချမ်းစေနိုင်သည်။ သို့သော်လည်း လီလော့၏ အတွင်းစိတ်ထဲတွင်ပူလောင်နေကြောင်း သူမ သိနေသည်။
"လီလော့...ချင်းအာရဲ့ အခြေအနေကို ငါကြားပြီးပြီ ... အဲဒီတုန်းက မင်းကို မကူညီနိုင်ခဲ့ဘူးလို့တကယ် စိတ်မကောင်းပါဘူး" လို့ မင်းသမီးက တောင်းပန်စကားဆိုလိုက်သည်။
ထိုအချိန်တွင်၊ တော်ဝင်နန်းတွင်းရှိ ရတနာတိုက်မှ ရှားပါးရတနာများစွာကို သိမ်းယူရန် ကိုယ်စားအုပ်ချူပ်သူက တပ်ဖွဲ့များ စေလွှတ်လိုက်သောကြောင့် ရှမြို့တော် ၏အခြေအနေ အလွန်ရှုပ်ထွေးနေခဲ့သည်။ ထို့ကြောင့် သူမသည် ၎င်းတို့၏ ပစ္စည်းများကို အပြင်းအထန် လုယက်ခြင်းမှ ရပ်တန့်ရန် သူမ၏ တပ်ဖွဲ့ဝင်များအားလုံးကို ဖြန့်ကျက်ထားခဲ့ရသည်။ အချိန်ပိုကြာပြီးမှသာ အခြေအနေ ပြေလည်သွားခဲ့သည်။
ထိုတိုက်ပွဲပြီးဆုံးသွားသောအခါတွင် ရှန်ကျင်းရှောင်၏ချုံခိုတိုက်ခိုက်ခြင်းကို ခံရသော လော့လန်အိမ်တော်၏သတင်းကို သိရှိခဲ့ရသည်။
ထို့နောက် ကျန်းချင်းအာသည် သူမ၏ အလင်းနှလုံးသားကို ယဇ်ပူဇော်သည့် သတင်းကို သူမသိခဲ့ပြီး ကျန်းချင်းအာကို ကုသရန်အတွက် လင်းကျောက်ယင်နှင့်အတူ အလယ်ပိုင်းကုန်းမြေသို့ထွက်ခွာသွားကြောင့် သတင်းရခဲ့သည်။
လီလော့ ခေါင်းယမ်းပြီး သက်ပြင်းချလိုက်ကာ....
"မင်းသမီး ....ဒီလောက်စိတ်မကောင်းဖြစ်စရာ မလိုပါဘူး...မင်းသမီးကိုယ်တိုင်လည်း အဆုံးမဲ့ပြဿနာတွေ ကြုံတွေ့နေရတာပဲလေ.... ကျွန်တော့်ရဲ့ပြင်ဆင်မှုတွေ လုံလောက်ပြီလို့ထင်ခဲ့ပေမယ့် သူ့ကို လျှော့တွက်မိမယ်လို့ ဘယ်သူ ထင်ထားမှာလည်း...ချင်းအာက အကျပ်အတည်းကြုံခဲ့ရပေမယ့် အချိန်တိုအတွင်းဖြေရှင်းဖို့နည်းလမ်းရှာနိုင်ခဲ့တယ်....သိပ်မကြာခင် သက်သာလာမှာပါ...."
မင်းသမီးက ခေါင်းညိတ်လိုက်သည်။ နောက်ထပ်မေးခွန်းများက လီလော့အတွက် နာကျင်မှုကိုသာ ယူဆောင်လာပေးမည်ကို သိသောကြောင့် စကားစဖြတ်လိုက်သည်။
တစ်ဖက်တွင်၊ ကုန်းကျင်ယောင်က လီလော့ ကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ ချောမောသော မျက်နှာပေါ်တွင် ဝမ်းနည်းမှု အရိပ်အယောင်များ ဖုံးလွှမ်းသွားတိုင်း သူမ အမြန်အကြည့်လွှဲလိုက်သည်ယ
ဒါတောင် ပြုံးနေတဲ့ လီလော့ က သူ့ရဲ့ လျှို့ဝှက်တဲ့ လုပ်ရပ်တွေကို သတိထားမိနေသည်။
"အဆိပ်ကို ချေဖျက်ပြီးပြီလား အရှင်မင်းကြီး....."
အဆိပ်အကြောင်းမေးသောအခါ ကုန်းကျင်ယောင်၏မျက်နှာလေး နီရဲလာပြီး ခေါင်းငုံ့ကာ ခြေချောင်းများကိုသာ ငုံ့ကြည့်နေသည်။
လီလော့ တစ်စုံတစ်ခုကို နားလည်လိုက်တာကြောင့် အနည်းငယ် ထိတ်လန့်သွားပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ဟိူယခင်တုန်းက သူမရဲ့၀တ်စုံတွေကို ချွတ်ခဲ့ပြီး ကြာနက်အဆိပ်ကို ချေချက်ဖို့ သူမနဲ့ အနီးကပ်နေထိုင်ခဲ့ဖူးသည်မဟုတ်လော.... အဲ့အချိန်တုနိးကတော့ ဒါကိုပြဿနာတစ်ခုလို့ သူတို့နှစ်ယောက်လုံးက မခံစားခဲ့ကြပေ။
ယခုတွင်မူ... သူမ၏ လိင်အမျိုးအစားအစစ်အမှန်ကြောင် ပြန်တွေးကြည့်သောအခါတွင် သူ၏ လုပ်ရပ်များ အနည်းငယ် မသင့်လျော်သလိုဖြစ်ခဲ့သည်ဟုခံစားနေရသည်။
မင်းသမီးက ဒါကိုမြင်တော့ ရယ်မောနေသည်။
"အဟမ့် အဟမ့်....!"
လီလော့ကအရှက်ပြေချောင်းဟန့်လိုက်ပြီး.....
"အခုဆို ချုပ်နှောင်ထားတာတွေမရှိဘဲလွတ်လပ်သွားတဲ့အရှင်မင်းကြီးကို ကျွန်တော်မနာလိုဖြစ်မိတယ်.."..
ကုန်းကျင်ယောင်က "ကျေးဇူးတင်ပါတယ်" လို့သာ ယဉ်ကျေးစွာ ပြန်ဖြေခဲ့သည်။
သူမရဲ့ ကျားမ လိင်အမျိုးအစား ပုံမှန်ပြန်ဖြစ်လာပြီးကတည်းက သူမရဲ့ ပင်ကိုယ်စရိုက် အနည်းငယ် ပြောင်းလဲသွားပုံရသည်။
မင်းသမီးက.... "လီလော့... မင်း ရှပြည်ထောင်စုကနေ မကြာခင် ထွက်တော့မယ်ဆိုတာ ငါကြားတယ်" ဟုမေးလိုက်သည်။
လီလော့က ခေါင်းညိတ်လိုက်ပြီးပြီး.... "ကျွန်တော် အလယ်ပိုင်းကုန်းမြေကိုသွားရမှာမို့ အချိန်အတော်ကြာတဲ့အထိပြန်လာနိုင်မှာမဟုတ်ဘူး...."
"မင်းရဲ့မိဘတွေက အလယ်ပိုင်းကုန်းမြေက လာတာဆိုတော့ မင်းရဲ့နောက်ခံကလည်း ထူးခြားမယ်ထင်တယ်....အလယ်ပိုင်းကုန်းမြေက ကျင့်ကြံရေးအတွက် သုခဘုံလို့တင်စားရလောက်တဲ့ ကမ္ဘာပေါ်က အခမ်းနားဆုံးနေရာတွေအဖြစ်လည်း မြင်နိုင်တယ် မင်းရဲ့ ပင်ကိုယ်စွမ်းရည်နဲ့သာဆို အမြင့်ကို ရောက်ဖို့ အချိန်သိပ်လိုမှာမဟုတ်ဘူး...."
လီလော့ ပြုံးလိုက်ပြီး....
"အလယ်ပိုင်းကုန်းမြေက စိတ်ဝင်စားစရာနေရာတွေဖြစ်နိုင်ပေမယ့် လော့လန်အိမ်တော် က ကျွန်တော့်အိမ်ပါ.... ဒါကြောင့် ကျွန်တော့်ခရီးက ယာယီပဲမို့ ဒီကိုသေချာပေါက်ပြန်လာမှာပါ....."
မင်းသမီး၏ တောက်ပသော မျက်လုံးများထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်လာပြီး တောက်ပသော အပြုံးကို ထုတ်ဖော်ခဲ့သည်။
"မင်းပြန်လာမယ့်နေ့ကိုမျှော်နေမယ်.... အဲ့အချိန်ကျရင် မင်းက ရှပြည်ထောင်စုရဲ့ အသန်မာဆုံးသူကိုတောင် နှိမ်နင်းနိုင်လိမ့်မယ်.... လီလော့..ငါတို့ရဲ့ ခင်မင်ရင်းနှီးမှုကို သတိရလိမ့်မယ်လို့ပဲ မျှော်လင့်ပါတယ်....."
လီလော့က သူ့စကားကြားတော့ တုန်လှုပ်သွားပြီး.... "မင်းသမီး ကျွန်တော့ကို သိပ်အထင်ကြီးလွန်းနေပါပြီ.... အလယ်ပိုင်းကုန်းမြေမှာ ပါရမီရှင်တွေ တိမ်တွေလိုပေါများပါတယ်... ဒီလိုမျိုး မျှော်လင့်ချက်တွေ ကြီးကြီးမားမားထားပြီးမှ ဖြစ်မလာနိုင်ရင် ဒီလိုပြန်လာရင်တောင်မျက်နှာလာပြရဲမှာမဟုတ်ဘူး....."
မင်းသမီးက ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ အခြားသူသာဆိုလျှင်၊ပတ်ဝန်းကျင်သစ်တွင် သူတို့ရှင်သန်မည်ဟု ယုံကြည်နိုင်မည်မဟုတ်ပေ။ ဒါပေမယ့် လီလော့ကတော့ မတူပေ။ ပြီးခဲ့သောနှစ်တွင် လီလော့ ဖန်တီးခဲ့သော အံ့ဖွယ်အမှုများကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရသဖြင့် အလယ်ပိုင်းကုန်းမြေတွင်လည်း လီလော့ အောင်မြင်လာမည်ကိုသေချာပေါက်သိနေသည်။
"မင်းထွက်သွားတဲ့အခါ လော့လန်အိမ်တော် ကို မင်းအစား သေချာစောင့်ရှောက်ပေးပါ့မယ်..... လော့လန်အိမ်တော်မှာ ပြဿနာတစ်ခုခုကြုံလာရင် ငါ့ကိုရှာပါ သူတို့ကို ကူညီပေးဖို့ ငါအစွမ်းကုန်ကြိုးစားမှာပါ" လို့ မင်းသမီးက ရက်ရက်ရောရော ကတိပေးခဲ့သည်။ သူမသည် အလွန်ထက်မြက်သူတစ်ဦးဖြစ်သောကြောင့် ယခုအချိန်တွင် လီလော့ ၏စိတ်ထဲက အကြီးမားဆုံးဝန်ထုပ်ဝန်ပိုးမှာ အဓိကမဏ္ဍိုင်နှစ်ခုလုံးကို မကြာမီဆုံးရှုံးရတော့မည့် လော့လန်အိမ်တော်ဖြစ်ကြောင်း သူမနားလည်ခဲ့သည်။
လီလော့နှင့် ကျန်းချင်းအာတို့နှစ်ဦးစလုံးနှင့် သူမ၏ ခင်မင်ရင်းနှီးမှုကို နက်ရှိုင်းစေရန်အတွက် အခုလိုအကူညီလိုနေသည့်အချိန်မျိုးတွင် အစွမ်းကုန် ကူညီပေးရမည်။
ထို့အပြင် မင်းသမီးအခုလို ယုံကြည်မှုပိုရှိလာရခြင်းမှာ ကိုယ်စားအုပ်ချုပ်သူ၏.လက်အောက်ကနေရုန်းထွက်နိုင်ခဲ့ပြီး သူ့ကိုယ်သူ ရှင်သန်ခွင့်ပေးနိုင်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။
"မလိုအပ်တဲ့ စကားတွေ ပြောနေဖို့ မလိုပါဘူး.....မင်းသမီး ကျေးဇူးကို ထာဝရ အမှတ်ရနေမှာပါ"
"ဒါဆို မင်းဘယ်တော့ထွက်ဖို့စီစဉ်ထားလဲ"
"နောက်ရက်အနည်းငယ်အတွင်း ဖြစ်နိုင်တယ်။"
ကျန်းချင်းအာ ထွက်သွားပြီသနောက် ပို၍အလျင်လိုလာခဲ့ပြီဖြစ်သည်။ မြို့စားအဆင့် ကိုရောက်ဖို့ လေးနှစ်သာနှစ်အချိန်ကျန်တော့သည့်အပြင် အမှတ်အသားကိုးခု ကြာပန်းကို ရယူဖို့လဲလိုအပ်နေသည်။ဒါတွေအားလုံးအတွက် ပြင်ဆင်မှု လိုအပ်ပြီး မြန်မြန်ဆန်ဆန် လှုပ်ရှားဖို့ လိုနေပြီဖြစ်သည်။
မင်းသမီးက သူမရှေ့မှ လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်ရင်း ခေါင်းညိတ်လိုက်သည်။
"ဒါဆို ဒီအခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီး မြို့စားအဖြစ် ပြန်လာခဲ့ပါ"
သူမ ခေါင်းကို မော့ပြီး လက်ဖက်ရည်ကို ပါးစပ်ထဲ တစ်ချက်ငုံလိုက်သည်။
သူ့ရှေ့က အရပ်ရှည်ရှည် ငယ်ရွယ်နုပျိုမှုကို ကြည့်လိုက်တော့ သူပြန်လာတဲ့နေ့ဟာ သူ့ကို ဒေါသဖြစ်စေတဲ့ နတ်ဆိုးတွေရဲ့ နောက်ဆုံးနေ့ဖြစ်မယ်ဆိုတာ ရုတ်တရက် ကြိုတင်ခံစားနေမိသည်။
ထိုအချိန်တွင် ရှန်ကျင်းရှောင် သာမက ကိုယ်စားအုပ်ချုပ်သူ နှင့် ဇူချင်းဟောင်တို့လည်း ... တန်ရာတန်ကြေးကို ပေးဆောင်ကြရမည်ဖြစ်သည်။