မထွက်ခွာမီ.....
Vol. 53 Ch. 731
မင်းသမီးနှင့် ဧကရာဇ်တို့ကို နှုတ်ဆက်ပြီးနောက် လော့လန်အိမ်တော်သို့ ဧည့်သည်တစ်ဖွဲ့ရောက်လာခဲ့ပြန်သည်။
ဒီဧည့်သည်တွေက ရင်းနှီးပြီးသားလူတွေပင်..... ဒုကျောင်းအုပ်စုရှင်းနှင့်အတူ လုချင်းအာ၊ ယုလန်၊ ပိုင်မျန်မျန်၊ ပိုင်တုတုနှင့် ကျောက်ခွော်တို့ပါ လိုက်ပါလာခဲ့သည်။
လီလော့ကိုတွေ့လိုက်ရတော့ အားလုံး၏မျက်နှာပေါ်တွင် ရှုပ်ထွေးသောအမူအရာများပေါ်လာသည်။ ကျန်းချင်းအာ ၏ အခြေအနေနှင့် လီလော့ ခံစားနေရသော ဝေဒနာကို သူတို့ကြားသိပြီးဖြစ်သည်။
ဒုကျောင်းအုပ်စုရှင်းက ...."လီလော့..ငါ နန်ဖန်းကျောင်းတော်ကို သွားပြီး ဌာနမှူးဝေနဲ့ စကားပြောပြီးပြီ....နန်ဖန်းကျောင်းတော်က တကယ့်ကို ပြုပြင်မွမ်းမံဖို့ သင့်တော်တဲ့ နေရာတစ်ခုဖြစ်ပြီး အနာဂတ်မှာ ကြယ်တာယာခရီးရှည်ကောလိပ်က နန်ဖန်းမြို့မှာပဲ အခြေတည်တော့မယ်...."
သို့သော်လည်း လီလော့နှင့်ကျန်းချင်းအာ တို့ကြောင့် ထိုသို့သောဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။ထိုသို့မဟုတ်ပါက ရှပြည်ထောင်စု၏တောင်ပိုင်းဒေသတွင် မရေမတွက်နိုင်သောမြို့များနှင့် ကျောင်းတော်များရှိခဲ့ပြီး ဤနေရာကို အတိအကျရွေးချယ်ရန်မလိုအပ်ပေ။
"ဌာနမှုးဝေတော့ပျော်နေမှာပဲ..."
လီလော့က ကျေနပ်စွာ ပြုံးပြလိုက်သည်။ ကြယ်တာယာခရီးရှည်ကောလိပ်ကနန်ဖန်းကျောင်းတော်ကို ရွေးချယ်လိုက်ခြင်းသည် နနန်ဖန်းမြို့အတွက် သတင်းကောင်းတစ်ခုဖြစ်သည်။ ဆိုလိုတာက နန်ဖန်းမြို့တော်ဟာ လော့လန်အိမ်တော် ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိမယ့် တောင်ပိုင်းဒေသရဲ့ ချိတ်ဆက်မှုဖြစ်လာမှာပင်..... တစ်ချိန်တည်းမှာပင် အနီးနားပတ်ဝန်းကျင်တွင် အမှောင်စွမ်းအင်ကူးစက်မှု လက္ခဏာများ ပြသပါက နန်ဖန်းမြို့ကို ကောလိပ်မှ အကာအကွယ်ပေးမည်ဖြစ်သည်။
"လီလော့၊ မင်း မကြာခင် ထွက်သွားဖို့စီစဉ်ထားတယ်ဆို...."
ဒုကျောင်းအုပ်စုရှင်းက အရင်မင်းသမီးမေးဖူးတဲ့ အလားတူမေးခွန်းကို မေးရင်း သက်ပြင်းချလိုက်သည်။
ဤစာကြောင်းကို ပြောလိုက်သောအခါ၊ လုချင်းအာ၊ ယုလန်၊ ပိုင်မျန်မျန် နှင့် ကျန်လူများက လီလော့ကို စိတ်ခံစားမှုများ ရောနှောနေသောအကြည့်ဖြင့် စိုက်ကြည့်နေကြသည်။
လီလော့သည် သူတို့ဘက်သို့ ဦးစွာ အာရုံစိုက်ကာ တည်ငြိမ်စွာ ခေါင်းညိတ်ပြပြီး ပြုံးလိုက်သည်။
"ရက်အနည်းငယ်ကြာရင်သွားဖို့စီစဉ်ထားတယ်.... လော့လန်အိမ်တော်ရဲ့ကိစ္စတွေကို ပြေလည်အောင်ဖြေရှင်းပြီးတာနဲ့ ဒေါ်လေးယွင့်နဲ့အတူ မူလကောင်းကင်တိုက်ကြီးဆီ လိုက်သွားမယ်........"
တဖွဲ့လုံး တခဏတာ တိတ်ဆိတ်သွားသည်။
ဒုကျောင်းအုပ်စုရှင်းက သူ့ဆုံးဖြတ်ချက်ကို နားလည်သည့်အနေဖြင့် အနည်းငယ် ခေါင်းညိတ်ပြသည်။
" ရှပြည်ထောင်စုကအခုအချိန်မှာ မင်းအတွက် အကောင်းဆုံးနေရာ မဟုတ်ဘူး..... မင်းနဲ့ ချင်းအာက ပိုမြင့်မားတဲ့အဆင့်တွေထိရောက်နိူင်တဲ့သူတွေပါ...."
ကြယ်တာယာခရီးရှည်ကောလိပ်သည် မကြုံစဖူးသော ပျက်စီးမှုများကို ခံစားခဲ့ရပြီးဖြစ်သည်။ ကောလိပ်၏ အခြေခံအုတ်မြစ်ဖြစ်သော ရှန်းလိသစ်ပင်ကြီးလည်း ဖျက်ဆီးခံလိုက်ရသည်။ ကောလိပ်သည် မူလက ကျင့်ကြံရန် နေရာကောင်းဖြစ်ရခြင်း အကြောင်းရင်းမှာ ရှန်းလိသစ်ပင်နှင့် များစွာသက်ဆိုင်ပါသည်။
ယခုအခါ ကောလိပ်ကို အစကနေ
ပြန်လည်တည်ဆောက်ရမည်ဖြစ်ပြီး ၎င်း၏ယခင်ဂုဏ်သိက္ခာကို ပြန်လည်ရရှိရန် အချိန်နှင့် ရင်းနှီးမြှုပ်နှံမှုများစွာ လိုအပ်မည်ဖြစ်သည်။
"ရှပြည်ထောင်စုမှာ အရာအားလုံး ကမောက်ကမ ဖြစ်နေမှာ သေချာတယ်.... တော်ဝင်နန်းတွင်းမှာတောင် သဘောထားကွဲလွဲမှုတွေနဲ့အဖွဲ့နှစ်ဖွဲ့ကွဲနေပြီ...နောက်ဆို ကမ္ဘာခြားသက်ရှိတွေ ပေါက်ဖွားလာပါလိမ့်မယ်... အရာအားလုံးဟာ ရှေ့ဆက်လျှောက် ငြိမ်းချမ်းနေတော့မှာ မဟုတ်ဘူး...." ဒုကျောင်းအုပ်စုရှင်း သက်ပြင်းချလိုက်သည်။
"ဒီအကြောင်းတွေကို ဗဟိုကျောင်းသားသမ္မဂ္ဂဆီ အစီရင်ခံလို့ မရဘူးလား.....သူတို့ရဲ့သြဇာအာဏာနဲ့ ဘုရင်အဆင့်တစ်ပါးကို ရှပြည်ထောင်စုကို စေလွှတ်လိုက်ရင် အခြေအနေကို အလွယ်တကူ ဖြေရှင်းနိုင်မှာပါ" ဟု လီလော့က မေးလိုက်သည်။
ဒုကျောင်းအုပ်စုရှင်းက ခေါင်းယမ်းလိုက်ပြီး.... "ဗဟိုကျောင်းသားသမ္မဂ္ဂမှာလည်း လက်ရှိမှာ အတွင်းရေးပြဿနာတွေနဲ့ ရှုပ်ယှက်ခတ်နေတယ်....မင်း အလယ်ပိုင်းကုန်းမြေကိုရောက်ရင် သူတို့တွေလက်ရှိကြုံတွေ့နေရတဲ့ အန္တရာယ်ကို နားလည်လာလိမ့်မယ်...သူတို့ရင်ဆိုင်နေရတဲ့ပြသာနာက ရှပြည်ထောင်စုနှင့် နှိုင်းယှဥ်ယှဉ်ရင်ပိုကြီးမားတယ်...အကယ်၍ ဘုရင်အဆင့် ကျွမ်းကျင်ပညာရှင်အသစ်ကို ဒီနေရာကို စေလွှတ်မယ်ဆိုရင်တောင် အချိန်ယူရဉီးမယ်..."
လူတိုင်းက အလယ်ပိုင်းကုန်းမြေကို ကျင့်ကြံခြင်း၏သုခဘုံဟု ခေါ်ဆိုကြသော်လည်းထင်မြင်ရသလောက် အေးချမ်းမှုမရှိသည်မှာ ထင်ရှားပါသည်။ တစ်နည်းအားဖြင့်ဆိုသော် ဒါဟာလည်း အဓိပ္ပါယ်ရှိပေသည်။ ဗဟိုကျောင်းသားသမ္မဂ္ဂ၏ ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်ကြည့်လျှင်ပင် အရိပ်ကမ္ဘာမှ ကမ္ဘာခြားသက်ရှိများကလည်း အလားတူ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူတို့ဟာ အင်အားအရ အချင်းချင်း တန်းတူဖြစ်နိုင်သည်။ ဒီလိုမှမဟုတ်ရင်၊ကမ္ဘာခြားသက်ရှိတွေ ဒီနှစ်တွေအကုန်လုံးမှာ မျိုးသုဉ်းသွားသည်အထိ အမဲလိုက်ခံရမည်သာ။
"သူတို့က ဘုရင်အဆင့် ကျွမ်းကျင်သူကို ကူညီဖို့ မစေလွှတ်နိုင်ရင်တောင် အဆင့်မြင့်ရှန်စလိသစ်ပင် တစ်ပင်တောင်းလိုက်လို့မရဘူးလား...” ဟု လီလော့က ဆက်မေးသည်။
သူ့ရဲ့ အဆင်အခြင်မဲ့ စကားတွေကြောင့် ဒုကျောင်းအုပ်စုရှင်း မချိပြုံးသာ ပြုံးနိုင်ရှာတော့သည်။
"အဆင့်မြင့်ရှန်းလိ သစ်ပင်တစ်ပင်ရဲ့တန်ဖိုးက တွေးကြည့်ဖူးတာထက် ပိုအဖိုးတန်တယ်....ဗဟိုကျောင်းသားသမ္မဂ္ဂက ရှန်းလိသစ်ပင်ကို ပြုစုပျိုးထောင်ဖို့အတွက် သိသာထင်ရှားတဲ့ အဖိုးအခကို ပေးဆောင်ရမှာ.... ရှေးခေတ်ကတည်း ကြယ်တာယာခရီးရှည်ကောလိပ်မှာရှိတဲ့ အဆင့်မြင့် ရှန်းလိသစ်ပင်ဟာ ကျောင်းအုပ်ကြီးအသနားခံထားလို့ဂထားတဲ့သစ်ပင်ပါ....အခုဆို ရှန်းလိသစ်ပင်ပျက်စီးသွားပြီမို့ ကျောင်းအုပ်ကြီးဖန်ကို ဗဟိုကျောင်းသားသမ္မဂ္ဂရဲ့ စည်းမျဉ်းအရ အပြစ်ပေးကြတော့မယ်..... အနာဂတ်မှာ အဖွဲ့ချုပ်ကနေ အရင်းအမြစ်တွေရဖို့ အခက်အခဲတွေ ပိုများလာမယ်....ငါတို့က တိုက်ရိုက် ငြင်းပယ်ခံရနိုင်တယ်ဆိုတော့ ဒီနေ့ ဒီကို ရောက်ရတဲ့ အကြောင်းရင်းက မင်းကို ဒီအကြောင်းကို ပြောဖို့ပဲ....."
ဒုကျောင်းအုပ်စုရှင်းက ဆက်လက်၍..... "မင်း မကြာခင် မူလကောင်းကင်တိုက်ကြီးဆီသွားတော့မယ်မလား...အဲ့မှာ ကောင်းကင်ဘုံ မူလရှေးဟောင်းကောလိပ်လို့ ခေါ်တဲ့ ရှေးဟောင်း ကောလိပ်တစ်ခု ရှိတယ်.... တကယ်တော့ ဒါဟာမြင့်မြတ်သောအလင်းတော်ရှေးဟောင်းကောလိပ်နဲ့ တန်းတူပဲ.... မင်း အဲ့ကိုရောက်ရင် လန်လင်းဇီလို့ခေါ်တဲ့ လူတစ်ယောက်ကိုသွားရှာပေးလို့ရမလား.....သူက ကျောင်းအုပ်ကြီးရဲ့မိတ်ဆွေဟောင်းပါ....သူ့ကိုတွေ့ရင် ကြယ်တာယာခရီးရှည်ကောလိပ်ကို ဒဏ်ခတ်ခြင်းကနေ လွတ်ငြိမ်းခွင့်ရဖို့အတွက်အကူအညီ တောင်းခံပေးပါ......ဒါ့အပြင် ကြယ်တာယာခရီးရှည်ကောလိပ်ကို ပြန်လည်တည်ဆောက်ဖို့အတွက် ကျင့်ကြံမှု အရင်းအမြစ်များ လိုအပ်သေးတယ်.... အစက ငါ ကိုယ်တိုင် သူ့ကို ကိုယ်တိုင်သွားရှာချင်ပေမယ့် လက်ရှိအခြေအနေအရ ကောလိပ်ကနေ ထွက်ဖို့ အချိန်မရှိတော့ဘူး...."
စုရှင်း၏ ရိုးသားသောတောင်းဆိုမှုကို နားထောင်ရင်း လီလော့ အနည်းငယ် တွေဝေနေမိသည်။ သို့သော်လည်း သူသည် “လန်လင်းဇီ” ဟူသော အမည်ကို လျင်မြန်စွာ အလွတ်ကျက်ထားခဲ့သည်။စုရှင်း ဒီနာမည်ကို ပြောပြီးချိန်မှာ သူမဆီကနေ ခံစားချက်တွေ ရောထွေးနေသောအရိပ်အမြွက်ကိုခံစားနေရသည်။
“လန်လင်းဇီက ကျောင်းအုပ်ကြီးရဲ့ မိတ်ဆွေဟောင်းလား.. ရည်းစားဟောင်းလား"
လီလော့က ဒုကျောင်းအုပ်စုရှင်းကို ငေးကြည့်နေသည်။
“အင်း… ကျောင်းအုပ်ကြီးအတွက် ခံစားချက်တွေကို သူအမြဲတမ်း ချုပ်နှောင်ထားပုံရတယ်......အခုတော့ ကျောင်းအုပ်ကြီးရဲ့ မိတ်ဆွေဟောင်းကို အကူအညီတောင်းရတော့မှာပဲ.... ဒါက ကိစ္စတွေကို နည်းနည်းရှုပ်ထွေးစေတယ်......”
"ဒုကျောင်းအုပ်.....ကောလိပ်ကျောင်းသားတစ်ယောက်အနေနဲ့ စိတ်ချယုံကြည်စွာ ပေးအပ်ထားတဲ့တာဝန်ကို ဘယ်တော့မှ မမေ့ပါဘူး..... ကျွန်တော်တတ်နိုင်သရွေ့ ကောလိပ်ကို အစွမ်းကုန်ကူညီပေးမှာပါ...."
လီလော့က သူမ၏ တောင်းဆိုချက်ကို သဘောတူရန် တွန့်ဆုတ်မနေပေ။ သူသည် ကောလိပ်ကျောင်းအပေါ် အမြဲကျေးဇူးတင်ရှိပြီး ၎င်းကို ဖြည့်ဆည်းပေးနိုင်မည့်အခွင့်အရေးကိုလည်း လက်လွတ်ခံမည်မဟုတ်ပေ။
သူ့တွင် ဗလာနန်းတော်များရှိစဉ်ခါက ကျန်းချင်းအာသည် လော့လန်အိမ်တော်၏ အခြေအနေကို တစ်ယောက်တည်း တည်ငြိမ်အောင် လုပ်ဆောင်ခဲ့သည်။ ကောလိပ်၏ အကာအကွယ်ပေးမှုကြောင့် ကျန်းချင်းအာကို အန္တာရယ်ပေးနိုင်သော အမှောင်ထဲမှယ လုပ်ကြံသူများ နောက်ပြန်ဆုတ်သွားခဲ့သည်။ ထို့ကြောင့် ကောလိပ်သည် သူမကို ကြီးပွားချမ်းသာလာစေရန် ခွင့်ပြုပေးခဲ့သော ကောလိပ်ဖြစ်ခဲ့ပါသည်။
အိမ်တော်စုဝေးပွဲ ကာလအတွင်း ကောလိပ်၏ ဘက်မလိုက်သော ရပ်တည်ချက်ရှိသော်လည်း ချီချန်းက ၎င်းတို့အတွက် ဆောင်ရွက်ပေးခဲ့သည်။ ဒုကျောင်းအုပ်ကြီး စုရှင်း ၏ တိတ်တဆိတ် ခွင့်ပြုချက်မရှိဘဲ မည်သို့ဖြစ်နိုင်မည်နည်း။
ကောလိပ်ကျောင်းသည် လီလော့ကို ကြီးမားသော ကြင်နာမှုဖြင့် ကျေးဇူပြုခဲ့ပြီး ယခု ကောလိပ်တွင် အကူအညီ လိုအပ်လာသောကြောင့် ငြင်းပယ်မည်မဟုတ်ပေ။
လီလော့၏ လျင်မြန်ပြီး ပြတ်သားသော တုံ့ပြန်မှုကို မြင်လိုက်ရသဖြင့် ဒုကျောင်းအုပ် စုရှင်း ဝမ်းသာအားရပြုံးလိုက်မိသည်။ ထို့နောက် သူမသည် အခြားသူများကို တစ်ချက်ကြည့်လိုက်ပြီစ နှစ်ကိုယ်ကြား ကြားရုံအသံဖြင့်......
"မင်းထွက်သွားတဲ့အခါ မင်းသူငယ်ချင်းတွေအတွက် ကောလိပ်က ကျောင်းစရိတ်ကင်းလွတ်ခွင့်ပေးမယ်.... ဒါကလည်း ကျေးဇူးဆပ်တဲ့နည်းလမ်းဖြစ်လိမ့်မယ်....."
ဤအရာက ကျေးဇူးဆပ်သောနည်းလမ်းမှန်း သိသောကြောင့် လီလော့၏ မျက်လုံးများ လင်းလက်သွားသည်။ သူက ပြုံးပြီး ခေါင်းညိတ်တယ် ဒါက တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ အရာပင်။ ယုလန် နှင့် ကျောက်ခွော်တို့သည် သြဇာရှိသော နောက်ခံမရှိသော်လည်း ခံနိုင်ရည်ရှိပြီး စိတ်ပိုင်းဖြတ်ထားကြသည်။ အကယ်၍ ကောလိပ်ဘက်ကသာ ၎င်းတို့အား ပိုမိုဂရုစိုက်လျှင် အလျင်အမြန်ကြီးထွားလာကြမည်မှာသေချာပါသည်။
သူထွက်သွားတော့မည်ဖြစ်သောကြောင့် သူ၏နောက်ဆုံးဆန္ဒမှာ သူ့သူငယ်ချင်းများကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ရန်ဖြစ်သည်။
"ကောင်းပြီ.... နင့်သူငယ်ချင်းတွေကိုနှုတ်ဆက်လိုက်ဉီး..."
ဒုကျောင်းအုပ်စုရှင်းက သူမလက်ကို ဝှေ့ယမ်းကာ လှည့်ထွက်သွားသည်။ ကျန်တဲ့သူတွေက လီလော့ ကို ခါးသီးတဲ့ အမူအရာတွေနဲ့ ကြည့်နေကြသည်။
"လီလော့! ပိုကောင်းတဲ့အရာတွေအတွက် ညီအစ်ကိုတွေကိုစွန့်ပစ်တော့မလို့လား...!"
ယုလန်က သူ့ကိုစွပ်စွဲတဲ့အကြည့်နဲ့ကြည့်ပြီး ခေါင်းယမ်းလိုက်သည်။
လီလော့ သက်ပြင်းချလိုက်ကာ...
"ငါ့မှာ ရွေးချယ်စရာ မရှိဘူး... အစက ငါ့ကိုယ်ငါ သာမန် ချမ်းသာတဲ့ မိသားစုရဲ့ ချောမောတဲ့သခင်လေးလို့ပဲ ထင်ခဲ့တာ... ဖြစ်ချင်တော့ မဟာအင်အားစုမျိုးနွယ်ကအနွယ်တော်တွေပေါ်လာပြီး ငါ့မျိုးနွယ်ဆီကို ပြန်ရမယ်လို့ ပြောခဲ့တယ်...သူတို့ကငါ့ကို အသိအမှတ်ပြုပြီးလာခေါ်နေတော့ ငါလည်းဘယ်ငြင်းနိုင်ပါ့မလဲ......"
"အစ်ကိုလော့... မင်းရဲ့စကားတွေက နည်းနည်းလွန်တယ်လို့ မထင်ဘူးလား?"
လုချင်းအာနှင့် ပိုင်မျန်မျန်တို့က သူ့စကားကြားတော့ ပြုံးလိုက်ကြသည်။
နှစ်ယောက်သား ရန်ဖြစ်နေကြသည်နှင့်အမျှ လေထုက ပိုမိုနွေးထွေးလာပြီး သက်တောင့်သက်သာဖြစ်လာသည်။ ထိုအချိန်တွင် ပိုင်မျန်မျန်သည် သူမ၏ ကြည်လင်သော မျက်လုံးများဖြင့် လီလော့ကို အပြစ်ကင်းစွာ ကြည့်လိုက်သည်။
"ခေါင်းဆောင်.... ဘယ်တော့ပြန်လာမှာလဲ"
" အနည်းဆုံး နှစ်အနည်းငယ်လောက်တော့ကြာမယ်ထင်တယ်...."
နားမလည်နိုင်သော ဝမ်းနည်းမှု အရိပ်အယောင်များက သူမ၏ မျက်လုံးများထဲတွင် ပေါ်လာသည်။ ဤလူငယ်သည် နှစ်အနည်းငယ်အတွင်း ကြီးပြင်းလာမည်ဖြစ်ပြီး၊ အရင်ကလို တူညီနေဦးမလားကို မည်သူသိမည်နည်း။ ကောလိပ်မှာ အေးအေးဆေးဆေး နေခဲ့ရတဲ့ ဘဝကို သူမ အလွန် နှစ်သက်ခဲ့သည်။ သူမ တန်ဖိုးထားရတဲ့ အချိန်တွေဟာ မျှော်လင့်ထားတာထက် ပိုလို့တောင် တိုတောင်းနေခဲ့သည်။
"ခေါင်းဆောင်.... ဝိညာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းဖော်မြတောအသစ်တွေ သုတေသနလုပ်ပြီးရင် ရှီးယန်စံအိမ်ကို ပေးမယ်...." ဟု ပိုင်မျန်မျန်က ပေါ့ပေါ့တန်တန် ကတိပေးခဲ့သည်။
"မင်းအဲ့လိုလုပ်စရာ မလိုပါဘူး..... လော့လန်အိမ်တော်ကို အနာဂတ်မှာ အများကြီး ဖွံ့ဖြိုးတိုးတက်လာမယ်လို့ မျှော်လင့်မထားဘူး...ဖော်မြူလာအသစ်တွေရှိရင် မင်းမိသားစုကိုပဲ ပေးသင့်တယ်...."
လော့လန်အိမ်တော်၏ သြဇာလွှမ်းမိုးမှုသည် ခံစစ်ရပ်ကွက်၏စွမ်းအားကို တိုက်ရိုက် မြှင့်တင်ပေးသောကြောင့် သူမ၏ဖော်မြူလာများက ယခင်က အရေးပါခဲ့သည်။ အခုတော့ ခံစစ်အစီအရင်ကိုဖျက်သိမ်းထားသည့်အပြင် သူထွက်သွားတော့မှာမို့ ရှီးယန်စံအိမ်ရဲ့ အောင်မြင်မှုက အရေးမကြီးတော့ပေ။
ပိုင်မျန်မျန်က ခေါင်းခါလိုက်ပြီး.... "မဟုတ်ဘူး၊ ဒါကအရင်က သဘောတူခဲ့တဲ့အတိုင်းပဲ... !"
လီလော့ သူမ၏စိတ်ပိုင်းဖြတ်ထားသောတုံ့ပြန်မှုကြောင့် ကူကယ်ရာမဲ့ ခေါင်းညိတ်လိုက်ရသည်။
ထို့နောက် စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်နေသော လုချင်းအာဆီသို့ လှည့်ကြည့်လိုက်သည်။
သူမသည် ပေါ့ပါးသော အသွင်အပြင်ကို ပြသထားသည့် အစိမ်းရောင် ၀တ်စုံကို ၀တ်ထားသည်။ သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာအသွင်အပြင်သည် ပွင့်လန်းနေသော ပန်းပွင့်တစ်ပွင့်ကဲ့သို့ ဆွဲဆောင်မှုရှိပြီး မြင်သူတိုင်းကိုအေးချမ်းစေသည်။
လီလော့၏ အကြည့်များနှင့် ရင်ဆိုင်ရသောအခါ သူမ ဘာမှထပ်မပြောဘဲ သူ့ကို ပြုံးရုံသာ ပြုံးပြနေသည်။
သို့သော်လည်း လီလော့သည် ထိုအပြုံးအောက်တွင် လွမ်းဆွေးသောနှလုံးသားကို ဖုံးကွယ်ထားသည်ဟု ခံစားနိုင်သည်။
ထို့နောက် ကျန်သူများထံ ပြန်လှည့်လာခဲ့သည်။ "မင်းတို့အားလုံးရောက်လာကြပြီမို့ ဒီည အိမ်တော်မှာ နှုတ်ဆက်ပွဲကြီး တစ်ခု လုပ်မယ်...."
ပျော်ရွှင်မှုအရိပ်အမြွက်ကို သူတို့အားလုံး၏ မျက်နှာတွင် မြင်နိုင်သည်။
လီလော့ ၏ ညွှန်ကြားချက်ဖြင့် ဧည့်ခံပွဲတစ်ခုအလျင်အမြန်စီစဉ်လိုက်လေသည်။
ယုလန်နှင့် ကျောက်ခွော်တို့က ခေါင်းမထောင်နိုင်တော့သည့်အထိ သောက်ခဲ့ကြသည်။
"အစ်ကိုလော့.... မင်းစိတ်မပူဘဲ တိုက်ပွဲဝင်ဖို့ အလယ်ပိုင်းကုန်းမြေကိုသွားပါ..... အဲ့ဒီက ဉာဏ်ကြီးရှင်တွေကို ကြယ်တာယာခရီးရှည်ကောလိပ်က လူတွေ ဘယ်လောက်တောင် အံ့သြစရာကောင်းလဲဆိုတာ သိအောင်ပြခဲ့.... ငါတို့က သူတို့နဲ့ ယှဉ်ရင် ဘယ်နေရာမှမှချို့တဲ့မနေဘူး...!"
ကျောက်ခွော်က နီမြန်းသော မျက်နှာဖြင့် အော်လိုက်သည်။
"လီလော့..... ကောလိပ်ကို ပြန်လည်တည်ဆောက်ပြီးရင် ငါလည်း တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားလေ့ကျင့်မယ်.... မင်းပြန်လာတဲ့အခါ ငါ့ရဲ့နာမည်ဂုဏ်သတင်း ရှပြည်ထောင်စုတစ်လျှောက်ကျော်ဇောနေပြီဆိုတာ မင်းသိလာလိမ့်မယ်....ငါက နိုင်ငံကိုကယ်တယ်မယ့် သူရဲကောင်းယုလန်ပဲ....”
ယုလန်က စားပွဲကိုအားပါပါရိုက်ချပြီး ကြေငြာချက်ထုတ်လိုက်သဖြင့် လီလော့ ပြုံးပြီး ခေါင်းညိတ်ပြရင်း နှစ်ယောက်စလုံးကို ထပ်ခါထပ်ခါပွေ့ဖက်လိုက်သည်ယ
လုချင်းအာ၊ ပိုင်မျန်မျန် နှင့် ပိုင်တုတု တို့သည် အရက်အလွန်အကျွံ မသောက်ဘဲ မူးရူး ငိုယိုနေကြသော ယုလန်တို့ကို တိတ်တဆိတ် ကြည့်နေကြသည်။
ညနက်ပိုင်းတွင်......
လီလော့က သူ့ရဲ့အရက်မူးနေတဲ့ ညီအကိုနှစ်ယောက်ကို အိမ်ပြန်ပို့ဖို့အစေခံတချို့ကိုအမိန့်ပေးခဲ့သည်။ပိုင်တုတုနှင့်ပိုင်မျန်မျန်တို့ပြန်သွားသောအခါ တစ်ယောက်တည်း ကျန်ခဲ့သော လုချင်းအာကို အိမ်ပေါက်ဝရောက်သည်အထိ လိုက်ပို့ပေးခဲ့သည်။
လုချင်းအာသည် အိမ်အိုကြီး၏ အဝင်ဝတွင် ရုတ်တရက် ရပ်တန့်သွားပြီး အလင်းရောင်မှိန်ပျပျ အလင်းရောင်ကြားတွင် သူမ၏ လှပသော မျက်နှာကို ဆွဲဆောင်မှု အားကောင်းစေသည်။
"လီလော့..." လုချင်းအာက လီလော့ ကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး "စိတ်မပူပါနဲ့ အစ်မချင်းအာ နေကောင်းသွားမှာ သေချာပါတယ်...."
လီလော့ ခေါင်းညိတ်ပြီး ပြုံးလိုက်ကာ... "ငါလည်း ဒီလိုပဲ ခံစားရတယ်...."
လုချင်းအာသည် စိတ်ဓာတ်ကျခြင်းကို ဖုံးကွယ်ထားနိုင်ခြင်းမရှိတော့ဘဲ ဤအချိန်တွင် မျက်လုံးများ နီရဲလာသည်။
"တောင်းပန်ပါတယ် လီလော့.....ငါ နင့်ကို လုံးဝမကူညီနိုင်ခဲ့ဘူး....."
လီလော့သည် ရုတ်တရက် တောင်းပန်မှုကြောင့် အံ့အားသင့်သွားပြီး ခေါင်းယမ်းလိုက်ကာ.....
"မင်းငါ့ကိုအများကြီးကူညီပြီးသွားပြီ...မင်းကြောင့်သာမဟုတ်ရင် ဒေါ်လေးယုက ငါ့ကိုဘယ်ကူညီပါ့မလဲ.... လော့လန်အိမ်တော်ရဲ့ နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် မင်းတို့ပဲကူညီပေးခဲ့တာပါ..."
လုချင်းအာက ခေါင်းခါလိုက်ပြီး.... "ငါက အားနည်းလွန်းတယ်...ငါသာ မြို့စားအဆင့် ဖြစ်ခဲ့မယ်ဆိုရင် နင့်ဘေးမှာ ရပ်တည်ပြီး ကူညီနိုင်လိမ့်မယ်.... တကယ်တော့ ကြယ်တာယာခရီးရှည်ကောလိပ်ကိုရောက်ပြီးတးကတည်းက ငါ တော်တော်လေး ပေါ့လျော့နေခဲ့မိတယ်...."
"လီလော့၊ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ ..မူလကောင်းကင်တိုက်ကြီးထဲမှာ ပါရမီရှင်တွေ တိမ်တိုက်တွေလို ပေါများတယ်ဆိုပေမယ့် နင် ဘယ်ကိုသွားသွား နင့်ရဲ့တောက်ပမှုကို ဘယ်တော့မှ ထိန်းထားနိုင်မှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်.... အလယ်ပိုင်းကုန်းမြေမှာ နင့်နာမည်ကျော်ကြားလာမယ့်နေ့ကို ငါစောင့်နေမယ်....."
သူမစကားပြီးသောအခါတွင် လီလော့၏
အဖြေကို မစောင့်တော့ဘဲ ရွှေနဂါးဘဏ်ရထားလုံးပေါ်ကို ချက်ချင်းတက်သွားခဲ့သည်။
ရထားလုံး ဖြည်းညှင်းစွာ ရွေ့လျားသွားပြီး လမ်းများကြားတွင် ညအမှောင်ထုထဲသို့တိုးဝင်ပျောက်ကွယ်သွားချေပြီ....
လီလော့သည် ထွက်ခွာသွားသော ရထားလုံးကို ဆက်လက်ကြည့်ရှုခဲ့ပြီး အချိန်အတော်ကြာမှသာ လှည့်ပြန်ခဲ့သည်။
"ဂရုစိုက်ပါ ချင်းအာ...နောက်တစ်ကြိမ်ဆုံတဲ့အခါ ပထမဆုံးကျဆင်းတဲ့နှင်းပွင့်လေးလို လှပနေလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်.....မင်းရဲ့အလှက တုနှိုင်းမဲ့တဲ့အလှတရားတစ်ခုပါ......."