ရှပြည်ထောင်စုမှ ထွက်ခွာခြင်း.....
Vol. 53 Ch. 732
ထွက်သွားဖို့အချိန်တန်ခဲ့ပြီ......
အိမ်ဟောင်း၏ခြံဝင်းထဲတွင်......
လီလော့သည် ချိုင်ဝေ၊ယွမ်ချင်း၊ယန်လင်းချီ၊လဲ့ကျန်းနှင့် လော့လန်အိမ်တော်၏အကြီးအကဲများကို စိုက်ကြည့်နေသည်။
ယနေ့သည် လီလော့ ထွက်ခွာမည့်နေ့ဖြစ်သည်ကို သူတို့သိသောကြောင့် အနည်းငယ် အုံ့မှိုင်းနေခဲ့သည်။ နောက်တစ်ကြိမ် ဆုံတွေ့ကြဖို့ အချိန်ဘယ်လောက်ကြာဉီးမည်နည်း......
လော့လန်အိမ်တော်သည် ၎င်းတို့၏ ပင်မထောက်တိုင်ဖြစ်သည့် ကျန်းချင်းအာကို ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ ယခု လီလော့ပါ ထွက်သွားတော့မည်ဆိုသောကြောင့် တစ်အိမ်လုံး စိတ်ဝိညာဉ် ဆုံးရှုံးသွားပုံရသည်။
ဒါဟာ အိမ်တော်သားတို့ရဲ့ စိတ်ဓာတ်ကို အတော်လေး ထိခိုက်စေခဲ့သည်။
သို့သော် ဤအရာသည် မလွှဲမရှောင်သာသော အခြေအနေတစ်ခုဖြစ်ကြောင်း သူတို့သိသည်။ရှပြည်ထောင်စုသည် အိမ်တော်သခင်နှစ်ပါးအတွက် သင့်တော်သောနယ်မြေမဟုတ်တော့ပေ။ သူတို့သည် ရေအိုင်ငယ်အတွင်းပုန်းအောင်းနေမည့်နဂါးများမဟုတ်ပေ။ အချိန်တန်သောအခါ နဂါးများသည် ကျယ်ပြောသောပင်လယ်ပြင်တွင်သာ ကျက်စားပျော်မွေ့ကြပေမည်။
"လော့လန်အိမ်တော်ကို အားလုံးရဲ့လက်ထဲအပ်ခဲ့မယ်နော်..... ခက်ခဲမယ်ဆိုတာသိပေမယ့် အားလုံး တည်တည်ငြိမ်ငြိမ်နဲ့ ခံနိုင်ရည်ရှိမယ်လို့ မျှော်လင့်ပါတယ်....သန်းခေါင်ထက်ညဉ်မနက်တော့ဘူးဆ်ိုပေမယ့် ဒါဟာလည်းအချိန်ကာလတစ်ခုပါပဲ......ကျွန်တော်ပြန်လာတဲ့အခါ လော့လန်အိမ်တော်ကိုအရှေ့ပိုင်းကုန်းမြေတခွင်မှာကျော်ကြားလာစေရမယ်လို့ကတိပြုပါတယ်....."ဟု လီလော့က စိတ်ရင်းမှန်ဖြင့် ကတိပေးခဲ့သည်။
ချိုင်ဝေ၏ ချစ်စရာကောင်းသော မျက်နှာသည် ယခုအခါ ဝမ်းနည်းမှုများ ပြည့်နှက်နေသော်လည်း အားတင်း၍ပြုံးကာ....
"လော့လန်အိမ်တော်ကို ငါတို့ ကောင်းကောင်း ဂရုစိုက်မယ်ဆိုတာ စိတ်ချထားပါ..... အိမ်တော်ကို ငါတို့ ပိုအားကောင်းအောင် မစွမ်းဆောင်နိုင်ပေမယ့် မင်းရဲ့ ရန်သူတွေ လျော့ပါးသွားပြီမို့ ဆက်လက်ရှင်သန်ဖို့စိုးရိမ်နေစရာမလိုတော့ဘူး...." ယန်လင်းချီ နှင့် ကျန်သူများကလည်း အလားတူ ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်မချိုင်ဝေ....ကျွန်တော် အစ်မတို့ကိုဒုက္ခများစေမိပြီ......"
သူမသည် အမှန်တကယ်ပင် လော့လန်အိမ်တော်အပေါ် ထူးထူးခြားခြား စေတနာထားသူတစ်ဦးဖြစ်သည်။ လူတိုင်းက လော့လန်အိမ်တော်ရဲ့ ရှင်သန်မှုကို သူနဲ့ ကျန်းချင်းအာကြောင့်ဟု သတ်မှတ်ကြပေမယ့် အမှန်က ချိုင်ဝေရဲ့ ပံ့ပိုးကူညီမှုနဲ့ သူမရဲ့ စီမံခန့်ခွဲမှုစွမ်းရည်မရှိရင် သူတို့မှာ ကျင့်ကြံနိုင်ဖို့ အချိန်ရှိနိုင်မည်မဟုတ်ပေ။
ချင်းပါက ဒီလိုအဖိုးတန်ကျောက်မျက်ရတနာကို ဘယ်လိုရှာတွေ့ခဲ့လဲ......
လီလော့သည် လီရုန်ယွင့်နှင့်အတူထိုင်နေသော နည်းပြ ချီချန်းဘက်သို့ လှည့်ကာ.....
"ဆရာ.... လော့လန်အိမ်တော်ကို အနာဂတ်မှာ စောင့်ကြည့်ဖို့ အပူကပ်ပါရစေ....."
ချီချန်းသည် လော့လန်အိမ်တော်တွင် ခေတ္တနေထိုင်ခဲ့သော်လည်း သူမ၏ နှလုံးသားသည် ကောလိပ်ကျောင်းတွင်သာ ရှိနေခဲ့သည်။ ထို့ကြောင့် ကောလိပ်ကို ပြန်လည်တည်ဆောက်ပြီးနောက်တွင် သူမ၏အချိန်နှင့် အားစိုက်ထုတ်မှုအများစုကို ထိုနေရာတွင် ကုန်ဆုံးစေမည်ဖြစ်သည်။ လီလော့ ဤအချက်ကို နားလည်သည်။သို့သော် လော့လန်အိမ်တော်ကို ရံဖန်ရံခါ ကြည့်ရှုနေသရွေ့ လုံလောက်ပါသည်။
ချီချန်းက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး.... "မင်း စိတ်ဖြောင့်ဖြောင့်သွားပါ.... ငါ လော့လန်အိမ်တော်ကို စောင့်ရှောက်ပေးပါ့မယ်....."
ထို့နောက် ချောမောသောတပည့်လေးကို ကြည့်နေမိသည်။ လွန်ခဲ့သည့်တစ်နှစ်ခန့်က နည်းပြများရွေးချယ်ရာတွင် လီလော့သည် ကလေးဆန်ပြီး အရွယ်မရောက်သေးသော ပျိုးပင်ငယ်လေးဖြစ်ကြောင်း မှတ်မိနေသေးသည်။ ယခုဆို ထိုပျိုးပင်ငယ်လေး ရင့်ကျက်လာခဲ့ပြီး သူတို့၏ နောက်တွေ့ဆုံမှုတွင် သူ၏ လုပ်ရပ်များကြောင့် ကမ္ဘာကြီးကို တုန်လှုပ်သွားစေမည် ဖြစ်သည်။
သူမသည် ထိုနေ့ကို စောင့်မျှော်နေမိတော့သည်။
ကျန်ကိစ္စများစီစဉ်ပြီးနောက် လီလော့ အသက်ပြင်းပြင်းရှူလိုက်ကာ တုံ့ဆိုင်းမနေတော့ဘဲ လီရုန်ယွင့်နှင့် နွားသိုးကြီးပေါင်ပေါင် ဆီသို့ လှည့်ကြည့်လိုက်သည်။
"ဒေါ်လေးယွင့်.. ဉီးလေးပေါင်....သွားဖို့ အချိန်တန်ပြီ......."
နွားသိုးကြီးပေါင်ပေါင်သည်လည်း လီလော့နှင့်အတူ မူလကောင်းကင်တိုက်ကြီးဆီအတူလိုက်ပါမည်ဖြစ်သည်။ အဓိကအကြောင်းအရင်းမှာ သူ၏ဒဏ်ရာကို ကုသရန် နည်းလမ်းရှာဖွေရန်နှင့် ဖျက်ဆီးခံခဲ့ရသော မြို့စားရဲတိုက်များကို ပြန်လည်ကောင်းမွန်လာအောင်ကုသပေးရန်ဖြစ်သည်။
နွားသိုးကြီးပေါင်ပေါင်သည် ရှပြည်ထောင်စု သို့ ထွက်ပြေးလာစဉ်က သူ့မိဘများကို အကာအကွယ်ပေးခဲ့ပြီး ပြင်းထန်သော ဒဏ်ရာများကြောင့် ဌာနချုပ်တွင် အထီးကျန်စွာ နေထိုင်ခဲ့ရသည်။ အရင်တုန်းကတော့ ကုသဖို့ အချိန်မရှိသလို အခွင့်အလမ်းလည်း မရှိပေမယ့် အခုတော့ အခြေအနေတွေ ပြောင်းလဲသွားခဲ့ပြီ။ လီလော့ အလယ်ပိုင်းကုန်းမြေဆီသို့ သွားရမည်ဖြစ်သောကြောင့်၊ သူသည် သဘာဝအတိုင်း နွားသိုးကြီးပေါင်ပေါင်ကို ခေါ်ဆောင်ကာ သူ့ကိုကူညီရန် နည်းလမ်းရှာမည်ဖြစ်သည်။
ပေါင်ပေါင်သည် မိသားစုအတွက် ကြီးမားသော အဖိုးအခကို ပေးဆောင်ခဲ့ပြီး ဤကျေးဇူးသည် တောင်ကဲ့သို့ လေးနက်သည်။ ထို့ကြောင့် လီလော့အနေဖြင့် နွားသိုးကြီးပေါင်ပေါင် ပြန်လည်ကောင်းမွန်လာစေရန် နည်းလမ်းရှာဖို့ သူ၏ အစွမ်းအစဖြင့် အရာအားလုံးကို လုပ်ဆောင်ခဲ့သည်။
လီရုန်ယွင့် ထိုစကားကိုကြားသောအခါ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမ၏ အိတ်ဆောင်စက်လုံးထဲမှ အလင်းတန်းတစ်ခု ထွက်လာပြီး ခြံဝင်းအပေါ်သို့ ပျံဝဲသွားသည်။ မီတာများစွာ ရှည်လျားသော ပျံသန်းနေသောလှေငယ်လေးတစ်စင်း အလင်းတန်းများကြားတွင် ပေါ်လာသည်။ ၎င်းကို အမည်မသိပစ္စည်းတစ်မျိုးဖြင့်ပြုလုပ်ထားကာ မရေမတွက်နိုင်သော ရှေးဟောင်းမှော်စာလုံးများဖြင့် ထွင်းထုထားသည်။
"ဒီလိုလှေပျံမျိုးကိုအဝေးကြီးကို အမြန်ဖြတ်သန်းဖို့ သုံးကြတယ်....အလယ်ပိုင်းကုန်းမြေရဲ့ အကွာအဝေးက ကျယ်ပြောတဲ့အတွက်၊ ဖြတ်ကျော်လို့မရနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဒေသတချို့ကို ဖြတ်ကျော်ဖို့ နေရာကူးပြောင်းရေးအစီအရင်အချို့ သုံးရဉီးမယ်....ဒါပေမယ့်၊ အများစုကတော့ ဒီပျံသန်းနေတဲ့ လှေပျံကို အားကိုးနေရသေးတယ်....မဟုတ်ရင် ငါတို့သွားမယ့်နေရာကို အချိန်မီရောက်ဖို့ဆို မြို့စားအဆင့်တွေတောင် အိပ်ဖို့အချိန်ရှိမှာမဟုတ်ဘူး....."
လီလော့သည် လီရုန်ယွင့်၏ရှင်းပြချက်ကိုနားထောင်ပြီးနောက် အစိမ်းရောင်လှေပျံကိုသေချာ စူးစမ်းလေ့လာခဲ့သည်။ ဒါမျိုးကို ရှပြည်ထောင်စုမှာ သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
လီရုန်ယွင့်သည် သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ သုံးယောက်စလုံးလှေပေါ်သို့ရောက်သွားခဲ့သည်။
လှေပျံက သိပ်မကြီးမားသော်လည်း သုံးယောက်သားချောင်ချောင်ချိချိနေထိုင်ဖို့လုံလောက်သည်။
ချိုင်ဝေ၊ ယွမ်ချင်းနှင့် ကျန်လူများက လှေပျံကို စိတ်လှုပ်ရှားစွာ ကြည့်ရှုခဲ့ကြပြီး တွန့်ဆုတ်နေသော အမူအရာများ ပြင်းထန်လာသည်။ အဆုံးတွင်၊ သူတို့သည် စိတ်ပိုင်းဖြတ်၍.....
"အိမ်တော်သခင်ကိုနှုတ်ဆက်ပို့ဆောင်ပါတယ်.....ခရီးလမ်းသာယာဖြောင့်ဖြူးပါစေ...."
လီလော့ လက်ကို ဝှေ့ယမ်းကာ မဆိုင်းမတွဘဲ နောက်ဆုံးအကြိမ် အကြီးအကဲများကို လှည့်ကြည့်လိုက်သည်။
"ဒေါ်လေးယွင့်.. သွားကြစို့...."
သူမက ခေါင်းညိတ်လိုက်ပြီး လှေဉီးပိုင်းတွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ လှေဉီးပိုင်းတွင် မီးဖိုနှင့်တူသော အရာဝတ္ထုတစ်ခု ရှိနေပြီး ၎င်းသည် ထိန်းချုပ်နိုင်သောပဲ့ထိန်းနှင့်တူသည်။ သူမ၏ သွယ်လျသောလက်ချောင်းများသည် ထိုအရာဝတ္တုများပေါ်တွင် ပွတ်တိုက်လိုက်သည်နှင့် စူးရှသော အသံကို ကြားနိုင်သည် ။ ထိုအချိန်တွင် မရေမတွက်နိုင်သော ကောင်းကင်ရွှေဒင်္ဂါးပြားများသည် သူမ၏ အိတ်ကပ်အတွင်းမှ လျှံထွက်လာပြီး လောင်စာတစ်မျိုးမျိုးကဲ့သို့ မီးဖိုထဲသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။
လှေပျံကိုမောင်းနှင်ဖို့ လောင်စာအဖြစ်
ကောင်းကင်ရွှေ အများအပြား လိုအပ်သည်။ဒါဟာ ပျံသန်းဖို့ ငွေကို မီးရှို့နေသလိုပင်....
ဝုန်းးးး
မီးဖိုထဲသို့ ကောင်းကင်ရွှေများ ပြည့်သွားသောအခါ၊ လှေပျံ၏ကိုယ်ထည် ပို၍တောက်ပလာပြီး ၎င်းပတ်လည်ရှိ သဘာဝစွမ်းအင်များ လောင်ကျွမ်းသွားလေသည်။ ခဏအကြာတွင် အသံဗလံတစ်ခုကြားရပြီး အစိမ်းရောင် လှေပျံသည် အစိမ်းရောင်အလင်းတန်းတစ်ခုသဖွယ် ကောင်းကင်ပေါ်သို့ တက်ကာ တိမ်များကို ထိုးဖောက်ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့သည်။
........................
နန်ဖန်းမြို့အတွင်းရှိ ရွှေနဂါးဘဏ်တိုက်ထဲက ကျောက်သားမဏ္ဍပ်တစ်ခုတွင်.....
လုချင်းအာသည် တစ်စုံတစ်ယောက် ထွက်ခွာသွားသည်ကို ခံစားလိုက်ရသလို ကောင်းကင်ကို စိတ်ပျက်လက်ပျက် ခေါင်းကို မော့လိုက်သည်။ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် လေးနက်သော နာကျင်ခြင်းများဖြင့် စွန်းထင်းနေပုံရသည်။
"သူသွားပြီ....."
လုချင်းအာ၏ မျက်လုံးများ နီရဲလာသည်။
"ဒီကောင်စုတ်လေးကတော့ သွားခါနီး နှုတ်ဆက်ဖို့တောင် စိတ်မကူးဘူး... ငါ့မှာတော့ သူ့အတွက် အားစိုက်ပြီးကူညီလိုက်ရတာ...."
ယုဟုန်ရှီက ငြီးတွားလိုက်သည်။
လုချင်းအာက...." သူထွက်သွားဖို့ ဆုံးဖြတ်ချက်ချပြီးကတည်းက မြန်မြန်ဆန်ဆန်ပဲ စီစဉ်ခဲ့တာ...."
ယုဟုန်ရှီသည် သူ့သမီး၏ နံဘေးသို့ လာကာ သူမ၏ လက်ကလေးကို ဆုပ်ကိုင်ကာ ကူကယ်ရာမဲ့ သက်ပြင်းချလိုက်ပြီး....
" ဒီကလေးတွေ ထွက်သွားပြီးတာတောင် ဒုက္ခပေးခဲ့သေးတယ်.... ကျန်းချင်းအာက နန်ဖန်းမြို့ကိုရောက်တာနဲ့ စေ့စပ်ရေးသဘောတူညီချက်ကို ဖျက်ပစ်မယ်လို့ ပြောခဲ့ပေမယ့် နောက်ဆုံးတော့ ဒီကိုတောင် မရောက်ခဲ့ဘူး....ငါဆိုတဲ့ ယုဟုန်ရှီမှာ တကယ်ပဲ အရှုံးပေါ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး...."
လုချင်းအာက သူ့အမေကိုကြည့်ရင်း အနည်းငယ် ထိတ်လန့်သွားပုံရသည်။ "စေ့စပ်ရေးသဘောတူညီချက်ကို ဖျက်သိမ်းဖို့ဆိုတာ ဘာကိုပြောတာလဲ"
ယုဟုန်ရှီ စကားမှားသွားချေပြီ။ သူမ အကြောင်းပြချက်တစ်ခုပေးဖို့ပြင်လိုက်သော်လည်း လုချင်းအာက သူမလုပ်ခဲ့တာကို ခန့်မှန်းပြီးသားပင်....
"လီလော့ အကူအညီတောင်းဖို့ လာရှာတုန်းက လွယ်လွယ်ကူကူလက်ခံလိုကတာ..တကယ်တော့ ကျန်းချင်းအာနဲ့ သဘောတူညီမှုရပြီးသားမို့မဟုတ်လား...."
ယုဟုန်ရှီက"ကျန်းချင်းအာက ငါသာကူညီမေယ်ဆို လီလော့နဲ့ စေ့စပ်ထားတဲ့ သဘောတူညီချက်ကို နန်ဖန်းမြို့ထဲကိုရောက်တာနဲ့ဖျက်သိမ်းပေးမယ်လို့ပြောခဲ့တယ်...."
"မေမေ....ဒါက ဒုက္ခရောက်နေတဲ့လူကို အခွင့်ကောင်းယူနေတာမဟုတ်ဘူးလား...."
"ဟေးးးး.သူ့ဘက်က အရင်စပြောတာလေ...ငါနဲ့ ဘာဆိုင်လို့လဲ"
လုချင်းအာက ခေါင်းခါလိုက်ပြီး...."အဲ့ဒါက မေမေ စိတ်ဝင်စားတဲ့ တစ်ခုတည်းသော အရာမှန်း သူသိနေလို့ပဲ...."
ယုဟုန်ရှီက လက်ကို ဝှေ့ယမ်းလိုက်ပြီး ....
"ထားလိုက်တော့....ပြောနေလို့လဲဘာထူးမှာလဲ....သူဒီမှာမှမရှိတော့တာ ဒီတော့ အကြွေးတွေကို ဘယ်လိုဖြေရှင်းရမှာလဲ....ဘယ်လိုပဲဖြစ်ဖြစ်၊ ကျန်းချင်းအာက ဒီအကြံအစည်ကို သူ့ဘက်က အရင်အစပြုခဲ့တာဆိုတော့ သူနဲ့ လီလော့တို့ကြားက ဆက်ဆံရေးဟာ တခြားသူတွေ ထင်ထားသလို နက်နဲမှုမရှိဘူးလို့ ဆိုလိုတာပဲ.... ဒါက အရက်မူးနေတဲ့ လီတိုင်ရွှမ်ရဲ့စိတ်ကူးသက်သက်ပဲ ဖြစ်ရမယ်...."
လုချင်းအာက.... "အစ်မချင်းအာက လီလော့ ကို ကောင်းကောင်း ဆက်ဆံတယ်.... သူ့အတွက် လုပ်ခဲ့တဲ့ လုပ်ရပ်တွေက တကယ့်ကို ထိတ်လန့်စရာပါပဲ....ဒီကဏ္ဍမှာ သမီး သူနဲ့မယှဉ်နိုင်ဘူး... ဒီစေ့စပ်ရေး သဘောတူညီချက် တစ်ခုလုံးကို ပေါ့ပေါ့ပါးပါးနဲ့ အရေးမကြီးဘူးလို့ အမြဲတမ်း ထင်နေခဲ့တာ....သူတို့ကြားမှာ ရိုးရိုးရှင်းရှင်း ရင်းနှီးတဲ့ဆက်ဆံရေးမျိုးရှိမယ်ထင်ခဲ့မိိတယ်...ကြည့်ရတာ သမီးအမြင်ကျဉ်းခဲ့မိပြီထင်တယ်...."
ယုဟုန်ရှီက သူ့သမီး၏ စကားကြောင့် ထိတ်လန့်သွားသည်။
"ဒါဆို သူတို့က တစ်ယောက်ကို တစ်ယောက် ချစ်နေကြတာလား...."
လုချင်းအာ တိတ်ဆိတ်သွားသည်။
နှစ်ယောက်သား မောင်နှမချင်း ချစ်ခင်စုံမက်ခြင်းမျှသာဟု သူမ ရိုးရိုးသားသား တွေးခဲ့ပြီး တကယ်လက်ထပ်ဖို့ ရည်ရွယ်ချက်မရှိကြဘူးလို့သာထင်ခဲ့သည်။ သို့သော် များစွာသော အဖြစ်အပျက်များကို ဖြတ်သန်းပြီးနောက်တွင် သူမ၏ အမြင်များ ပြောင်းလဲလာခဲ့သည်။
ယုဟုန်ရှီက ရန်လိုတဲ့ သဘောထားကို ထိန်းထားရင်း ...."ဒီလိုသာဆို ငါ့သမီး ဘာလုပ်ချင်လဲ" လို့ ဂရုတစိုက်နဲ့ ညင်သာစွာ မေးလိုက်သည်။
လီလော့နှင့်ကျန်းချင်းအာတို့ နှစ်ဦးနှစ်ဖက် ချစ်မိသွားပါက လုချင်းအာသည် မရေရာသော အခြေအနေတွင် ရှိနေမည်ဖြစ်သည်။
ယောက်ကျားကောင်းတစ်ယောက်တွင်
ဇနီးမယားနှင့် မောင်းမမိဿံများစွာရှိခြင်းမှာ ထူးခြားသောအရာမဟုတ်ပေ။ခရီးများစွာသွားလာဖူးသူ ယုဟုန်ရှီသည် ထိုသို့သော အရာများကိုမြင်တွေ့ဖူးသည်။သို့သော် သမီးဖြစ်သူလှည့်ရောက်လာချိန်တွင် ဒါကို လက်မခံနိုင်ကြောင်း ခံစားခဲ့ရသည်။ ထို့အပြင် သူမတွင် ကြီးစိုးသောကိုယ်ရည်ကိုယ်သွေးရှိပြီး ရှပြည်ထောင်စုတွင် လီတိုင်ရွှမ် နှင့်တွေ့ဆုံစဉ်က လက်ထပ်ပြီးသူဖြစ်ကြောင်းသိလိုက်ရပြီးနောက်တွင် လီတိုင်ရွှမ်နှင့်ပတ်သက်သည့် အတွေးများကို ဖြတ်တောက်ပစ်လိုက်သည်။
လီလော့နှင့် ကျန်းချင်းအာတို့သာ အပြန်အလှန် ခံစားချက်များ ရှိခဲ့ပါက၊ ထိုကောင်လေးသည် ယခုထကိ ဆယ်ဆပို၍ အံ့သြစရာကောင်းသည့်တိုင် သူမ၏ အဖိုးတန်သမီးလေးနှင့်ကိစ္စဖြတ်ဖို့နည်းလမ်းရှာရတော့မည်။
လုချင်းအာ၏ ကြည်လင်သော မျက်လုံးများသည် ဝမ်းနည်းပူဆွေးမှုဖြင့် ပြည့်နှက်နေသည်။ သူမသည် ခြံဝင်းအတွင်းရှိ နှင်းကြာပန်းကို တိတ်တဆိတ် စိုက်ကြည့်နေရင်း သူမ၏ အသံက အက်ကွဲနေပြီး အနည်းငယ် တုန်ရီနေသည်။
"ဒါတွေအားလုံးက အစကတည်းက စိတ်ကူးယဉ် အတွေးသက်သက်တွေပါပဲ... လီလော့က သမီးကို သူငယ်ချင်းအဖြစ်ပဲ မှတ်ယူခဲ့တယ်.... သူ့အတွက် သမီးရဲ့ ခံစားချက်တွေကို သူသတိမထားမိဘဲ ဒီလိုကိစ္စတွေနဲ့ ကြုံလာတဲ့အခါ သူ့မှာသာ အစ်မချင်းအာ အပေါ် တကယ်ပဲ ခံစားချက်ရှိနေရင် သမီးနောက်ဆုတ်လိုက်ပါတော့မယ်...."
ခေါင်းကို မော့ပြီး ကောင်းကင်ယံက မှိတ်တုတ်မှိတ်တုတ် အစိမ်းရောင်အလင်းတန်းကို လှမ်းကြည့်လိုက်သည်။ သူမ၏ ကဗျာဆန်သောခံစားချက်များသည် လမ်းခွဲသည့်နေ့တွင် အအေးဆုံးဆောင်းရာသီကဲ့သို့ မှုန်ဝါးသွားပုံရသည်။
"ချင်းအာ..." ယုဟုန်ရှီက သူ့သမီး၏လက်ကို နူးညံ့စွာဆုပ်ကိုင်ကာ ဖက်ထားလိုက်သည်။
အဆုံးတွင် သူမသည် သူ့မိခင်၏ ရင်ခွင်ထဲတွင် မျက်နှာအပ်ထားပြီး "မေမေ.....သမီးရဲ့ တစ်ဖက်သတ်ချစ်ခြင်းတွေ ကျဆုံးသွားပြီထင်တယ်...."
ယုဟုန်ရှီက.... "လောကမှာ ယောက်ကျားတွေအများကြီးပါ.... သမီးရဲ့ နောက်ခံအင်အားနဲ့သာဆို လိုက်ဖက်တဲ့သူရှာမတွေ့စရာအကြောင်းမရှိဘူး..ငါ့သမီးက ငယ်သေးတယ်....နောက်ပိုင်းလောကကြီးထဲအတောင်ဖြန့်ပျံသန်းနိုင်တဲ့အခါ.. နောင်တရစရာ ဘာမှ မရှိဘူးဆိုတာ သိလာလိမ့်မယ်...."
လုချင်းအာက တခြားဘာမှ မပြောဘဲ တိတ်တဆိတ်နေသည်။ အချိန်အတော်ကြာပြီးနောက် ဝမ်းနည်းနေသော အသံတစ်ခု ထွက်ပေါ်လာသည်။
"မေမေ... သမီး....ဆုံးဖြတ်ချက်ချပြီးပြီ....."
ယုဟုန်ရှီ၏ အမူအရာ ပြောင်းသွားပြီး သူမ နှုတ်ဆိတ်သွားသည်။
လုချင်းအာ ဘာကို ရည်ညွှန်းနေတယ်ဆိုတာ သူမ သိသည်။.. အဲ့ဒါ ရွှေနဂါးတောင်တန်းက ပေးပို့လိုက်တဲ့ စာတစ်စောင်ဖြစ်သည်။
ထိုစာကိုပေးပို့သူကတော့ လုချင်းအာ ၏ဖခင်ပင်ဖြစ်ချေသည်။