← Chapters

ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဧကရာဇ်သွေးမျိုးဆက်.....

Vol. 53 Ch. 734

ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဧကရာဇ်သွေးမျိုးဆက်.....

Vol. 53 Ch. 734

ကောင်းကင်နဂါး၏ အစိတ်အပိုင်းတစ်ခုစီကို ၎င်းတို့၏မျိုးနွယ်စုအမည်အဖြစ် ရွေးချယ်ခဲ့ကြသည်။

လီရုန်ယွင့် ဖော်ပြသောအချက်အလက်များကို နားထောင်လိုက်ခြင်းဖြင့် လီလော့ အလွန်အံ့သြသွားခဲ့သည်။ ကောင်းကင်ဧကရာဇ်လီ ၏သွေးမျိုးဆက်သည် ရိုးရှင်းသောမျိုးနွယ်မဟုတ်ကြောင်း သူသိသော်လည်း သီးခြားမျိုးရိုးငါးခုရှိမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

"မျိုးနွယ်စုငါးခုထဲက နဂါးသွေး၊ နဂါးအစွယ်နဲ့ နဂါးကြေးခွံမျိုးနွယ်စုတို့က တိုက်ရိုက်သွေးမျိုးဆက်တွေဖြစ်ကြတယ်.... အခြားမျိုးရိုးနှစ်ခုကတော့ ငါတို့နဲ့ယှဉ်ရင် နည်းနည်းအလှမ်းဝေးတယ်.... ကောင်းကင်ဧကရာဇ်က နှစ်ပေါင်း ရှစ်ထောင်ကြာ ရှင်သန်နေထိုင်ခဲ့တာမို့ တိုက်ကြီးတစ်ခုလုံးမှာ မျိုးစေ့တွေ ကြဲချခဲ့မှာပဲလေ....ပြီးတော့ သူ့ကို ကောင်းကင်ဧကရာဇ် တန်ခိုးရှင်တွေထဲမှာတောင် အဓိကကျတဲ့သူအဖြစ်သတ်မှတ်နိုင်တယ်...." ဟု လီရုန်ယွင့်က ရှင်းပြခဲ့သည်။

"ကောင်းကင်ဘုံရှင်ဧကရာဇ်ရဲ့အသက်က နှစ်ပေါင်းရှစ်ထောင်ကျော်ပြီ..."

လီလော့ အသက်ပြင်းပြင်းရှူလိုက်မိသည်။ ဒါက ကြောက်စရာကောင်းတဲ့ အယူအဆတစ်ခုပင်။ နှစ်ရှစ်ထောင်ကြာလျှိ တောင်တန နှင့်မြစ်များပင်လျှင် သဘာဝအလျောက်ရွေ့လျားနေပေလိမ့်မည်။

"ဒါပေမယ့် ဘိုးဘေးတွေက ကမ္ဘာ့နယ်နိမိတ်ကို စောင့်ကြပ်နေရတာမို့ ဆယ်စုနှစ်အနည်းငယ်ကြာမှသာ ပြန်လာနိုင်ကြတယ်....အရှင်းဆုံးပြောရရင် ကောင်းကင်ဧကရာဇ်တန်ခိုးရှင်အများစုက လူသားမျိုးနွယ်ကို ကာကွယ်ပြီး ကြောက်မက်ဖွယ်ရာ တားမြစ်နယ်မြေကနေ ရန်သူတွေကျူးကျော်မလာအောင်တားဆီးဖို့ ကြီးမားတဲ့တာဝန်တွေ ထမ်းဆောင်နေကြရတယ်...."

လီလော့၏ နှလုံးသား အနည်းငယ် တုန်ခါသွားသည် ။ ကောင်းကင်ဧကရာဇ်ပင် ကိုယ်တိုင်ကိုယ်ကျ ကာကွယ်ရန် လိုအပ်သည့် ခြိမ်းခြောက်မှုမှာ ကြောက်မက်ဖွယ်ကောင်းသော အရာဖြစ်ပေလိမ့်မည်။၎င်းတို့သည် အရိပ်ကမ္ဘာမှ ကြောက်စရာကောင်းသော ကမ္ဘာခြားသက်ရှိ အချို့ဖြစ်ဖွယ်ရှိသည်။

"ကောင်းကင်နဂါးမျိုးနွယ်စုငါးခုမှာ မျိုးနွယ်စုအကြီးအကဲတစ်ယောက်စီရှိကြတယ်...လက်ရှိနဂါးအစွယ်မျိုးနွယ်စုရဲ့အကြီးအကဲက နင့်ရဲ့ အဘိုး လီကျင်းဇယ်ပဲ....သူလည်း ဘုရင်အဆင့်ကျွမ်းကျင်သူပဲလေ....."

“လီကျင်းဇယ်” ဟူသောအမည်ကို ထုတ်ပြောနေစဉ် လီရုန်ယွင့်၏ မျက်နှာပေါ်တွင် လေးစားမှုနှင့် ကြောက်ရွံ့မှုတစ်ခု ပေါ်လာသည်။

"ကျွန်တော့်အဘိုး... လီကျင်းဇယ်က ဘုရင်အဆင့်လား...."

လီလော့စကားတွေထစ်ကုန်ပြီ။ တစ်ချိန်က သူကိိုယ်သူ သာမာန် ချမ်းသာသော သခင်ငယ်တစ်ဦးမျှသာ ဖြစ်သည်ဟု ထင်ခဲ့ဖူးသည်။အခုတော့ သူ့ကိုယ်သူ လျှော့တွက်ထားပုံရသည်။ အံ့သြဖွယ်ကောင်းသော မိသားစုဝင်စာရင်းတွင် စွဲမက်ဖွယ်ကောင်းသော ဖခင်တစ်ဦး၊ ထို့နောက်တွင် အံ့သြဖွယ်ကောင်းသော ဘုရင်အဆင့်အဖိုးတစ်ဦးမှ စတင်ကာ၊ နောက်ဆုံးတွင် လူသားများ၏သူရဲကောင်း၊ ကောင်းကင်ဧကရာဇ်ဘိုးဘေးတစ်ဦးပင်ရှိနေသေးသည်။

"မျိုးနွယ်စုခေါင်းဆောင်ငါးယောက်စလုံးက ဘုရင်အဆင့် ကျွမ်းကျင်သူတွေ ဖြစ်နိုင်ပါ့မလား" ဒီအတွေးက လီလော့ စိတ်ထဲမှာ ရုတ်တရက် ပေါ်လာခဲ့သည်။

လီရုန်ယွင့်က ဂုဏ်ယူစွာ ပြုံးကာ ခေါင်းညိတ်ပြရင်း... "ကောင်းကင်ဧကရာဇ်လီရဲ့သွေးမျိုးဆက်တွေက သိသာထင်ရှားတဲ့ အချိန်ကာလတစ်ခုအတွင်းမှာ အခြေခံအုတ်မြစ်ကို စုဆောင်းထားကြတယ်....ဒါ့ကြောင့် မျိုးရိုးလိုက်သူတိုင်းက ဘုရင်အဆင့်ထိရောက်နိုင်ကြတယ်.....အထင်ကြီးစရာကောင်းတယ်မလား....."

လီလော့ အနည်းငယ် ထုံကျင်သွားသည်။ ဘုရင်ငါးပါး?ဒါက ဘယ်လို အယူအဆမျိုးကို ကိုယ်စားပြုတာလဲ....အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံးတောင် ဘုရင်အဆင့် ရှားပါလှသည်။ဤအတိုင်းသာဆို အလယ်ပိုင်းနတ်ဘုရားတိုက်ကြီးများ၏အခြေခံအုတ်မြစ်သည် အနည်းငယ်ကြောက်စရာကောင်းသည်မဟုတ်လော။

" အခုလောလောဆယ် တခြားမျိုးနွယ်စုအကြောင်း မပြောတော့ဘူး....နဂါးအစွယ်မျိုးနွယ်စုအကြောင်းပဲသေချာရှင်းပြပေးမယ်....နင့်ရဲ့ အဖိုးက မျိုးနွယ်စုအကြီးအကဲဖြစ်ပြီ...သူ့လက်အောက်မှာ အစိမ်းရောင်နယ်သာ၊ခရမ်းဝိဉာဉ်၊ကြက်သွေးတိမ်တိုက်နဲ့ရွှေရောင်အလင်းဆိုပြီး ခန်းမလေးခုရှိတယ်...... ခန်းမတစ်ခုစီတိုင်းကို ခန်းမသခင်တစ်ယောက်ဆီက ဦးဆောင်ပြီး သူ့လက်အောက်မှာ ဒုတိယခန်းမသခင် လေးဦးတယ်....ငါက အစိမ်းရောင်နယ်သာခန်းမရဲ့ တတိယမြောက် ဒုခန်းမသခင်ပါ ..."

လီလော့ ဤအရာအားလုံးကို ကြားလိုက်သောအခါ အလျင်အမြန်တွက်ချက်ကြည့်ပြီစနောက် အံ့သြမှုကို မထိန်းချုပ်နိုင်ခဲ့ပေ။ စုစုပေါင် အယောက်နှစ်ဆယ်ရှိသည်ဟု ဆိုလိုခြင်းမဟုတ်ပါလား။ လီရုန်ယွင့်၏ ခွန်အားကိုအခြေခံ၍အကဲဖြတ်ကြည့်လျှင် ခန်းမသခင်တိုင်းကမြို့စားအဆင့်ဖြစ်ပေလိမ့်မည်။

နဂါးအစွယ်မျိုးနွယ်စုတွင် ဘုရင်တစ်ပါးနှင့် မြို့စားတစ်ဒါဇင်ကျော်ရှိသည်ဟု ဆိုလိုခြင်းမဟုတ်လော။ မျိုးနွယ်စုတစ်ခုတည်းတင် ရှပြည်ထောင်စုကို နှိမ်နှင်းနိုင်သည်။

ဒါက မျိုးနွယ်စုတစ်ခုတည်းပင်.. ကျန်တဲ့ လေးခုကိုပါ ထည့်ပေါင်းလိုက်လျှင်...... ကောင်းကင်ဧကရာဇ်တစ်ပါး၊ ဘုရင်ငါးပါးနှင့် မြို့စားတစ်ရာ......

လီလော့၏ ဦးရေပြား ထုံကျဉ်သွားသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ကောင်းကင်ဧကရာဇ်လီ ၏သွေးမျိုးဆက်များက အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတိုက်ကြီးကို တစ်ယောက်တည်းအုပ်စိုးနိုင်သည်။

လော့လန်အိမ်တော်သည် ၎င်းနှင့် နှိုင်းစာလျှင် ပုရွက်ဆိတ်ပင် မဟုတ်တော့ပေ။ အမှန်မှာ ကောင်းကင်ဧကရာဇ်လီ၏ သွေးမျိုးဆက်ကသာ ၎င်းကို အလိုရှိလျှင် ရှပြည်ထောင်စုတစ်ခုလုံး စံချိန်တင်အမြန်နှုန်းဖြင့် ပျက်စီးကိန်းဆိုက်သွားနိုင်သည်။

ယခုအချိန်တွင် သူသည် အရှေ့ပိုင်းနှင့်အလယ်ပိုင်းတိုက်ကြီးများ၏ကွာဟချက် မည်မျှ ကြီးမားသည်ကို သူ အမှန်တကယ် နားလည်သဘောပေါက်လာခဲ့သည်။

ရှပြည်ထောင်စုရှိ မြို့စားများအားလုံး အတွင်းပိုင်းနတ်ဘုရားတိုက်ကြီးများသို့ သွားလိုသည်မှာ အံ့သြစရာမဟုတ်ပေ။ သန့်ရှင်းသောအခြေအမြစ်အဖြစ် သူတို့၏ဂုဏ်သတင်းကို ပုံကြီးချဲ့ခြင်းမဟုတ်ကြောင်း ထင်ရှားပါသည်။

ထိုသို့သောပတ်ဝန်းကျင်တွင်၊ သာမန်လူတစ်ဦးပင်လျှင် အရှေ့ပိုင်းနတ်ဘုရားကုန်းမြေမှ မည်သူထက်မဆို သာလွန်နေပေလိမ့်မည်။ သာမန်ပုဂ္ဂိုလ်များသာ ဤကဲ့သို့ အားကောင်းပါက၊ စစ်မှန်သော ပါရမီများ၏ အရည်အချင်းများကရော မည်သို့နည်း။

"ဒါဆို ကျွန်တော့် အဖေကရော" လီလော့က စိတ်ဝင်တစား မေးလိုက်သည်။

လီရုန်ယွင့် အနည်းငယ် ပြုံးလိုက်ပြီး....

"နင့်အဖေလည်း အစိမ်းရောင်နယ်သာခန်းမကပါပဲ... တကယ်တော့ သူက အဓိကခန်းမသခင်ပါ.... ဒါပေမယ့် သူထွက်သွားခဲ့တာ ဆယ်နှစ်ကျော်သွားပြီဆိုတော့ သူ့ရာထူးကို ဖယ်ရှားသင့်ပေမယ့် ဒီအချက်ကို အဘိုးက လျစ်လျူရှုထားတာမို့ နင့်အဖေက အခုထိ အစိမ်းရောင်နယ်သာခန်းမသခင်ဖြစ်နေတုန်းပဲ....."

အခြေအနေကို တွေးကြည့်တော့ သူ့အဖိုးက သူ့အဖေကို အကာအကွယ်ပေးနေတုန်းပဲလို့ ထင်ရတယ်... ဒါမှမဟုတ် အဲဒီနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အပေါ် စွဲမြဲနေတဲ့ အပြစ်တွေကြောင့်လည်း ဖြစ်နိုင်တယ်.....

"နဂါးသွေးမျိုးနွယ်စုက အသန်မာဆုံးမျိုးရိုးဖြစ်တာကြောင့် တောင်သခင်မျိုးနွယ်စုတွေဖြစ်ကြတယ်... ဥပမာတစ်ခုအနေနှင့် ပြောရရင် တောင်သခင်မျိုးနွယ်စုက လောကီလောကရဲ့ ဘုရင်နှင့်တူပြီး အခြားမျိုးနွယ်စုတွေက သူတို့ရဲ့အုပ်ချုပ်ခံလက်အောက်ခံတွေလိုပဲ...ဒါပေမယ့် သို့သော်၊ နှစ်တစ်ရာပြည့်တိုင်း ကြီးကျယ်ခမ်းနားတဲ့ တောင်သခင်ရွေးချယ်ပွဲ အခမ်းအနားတစ်ခုကျင်းပပြီး တောင်တန်းကိုအုပ်ချုပ်မယ့်မျိုးနွယ်စုကိုရွေးချယ်ကြတယ်....နင် တွေ့ခဲ့တဲ့ လီကျူးချုံးက နဂါးသွေးမျိုးနွယ်စုကပေါ့...."

လီလော့ ထိုလူကို သတိရသောအခါ သူ့မျက်နှာပေါ်ရှိ အပြုံးများ လျော့ပါးလာပြီး သူ့အကြည့်များ အေးခဲသွားခဲ့သည်။

လီကျူချုံးသည် အန္တာရယ်ကျရောက်နေချိန်တွင် ငြိမ်ငြိမ်လေးထိုင်နေခဲ့ပြီး ကောင်းကင်ဧကရာဇ်စာချွန်တော်ကို လှည့်စားရယူဖို့ကြိုးစားပြီး ကျန်းချင်းအယ၏ အလင်းနှလုံးသား လောင်ကျွမ်းမှု လုပ်ငန်းစဉ်ကိုပင် အရှိန်မြှင့်ခဲ့သည်။ ထိုအကြောင်းအရာကျု သူ့နှလုံးသားထဲတွင် မေ့မရနိုင်လောက်အောင် မှတ်သားထားခဲ့သည်။

ယနေ့တွင် သူသည် ခွန်အားမဲ့နေ

သော်လည်း ဤအရာအားလုံးကို နောက်ပိုင်းတွင် အပြည့်အဝ ပြန်လည်ပေးဆပ်ရလိမ့်မည်။

သူ၏အမူအရာပြောင်းလဲမှုကို လီရုန်ယွင့် နားလည်ခဲ့သည်။

"နင့်အဖေက သူ့မျိုးဆက်တစ်ခုလုံးမှာ အတောက်ပဆုံးကြယ်တစ်ပွင့်ပဲ....ဘိုးဘေးတွေကတောင်မှ သူ့အရည်အချင်းကို တန်ဖိုးထားပြီး သူ့ကို ကြင်နာစွာ ဆက်ဆံကြတယ်.... ပိုထူးချွန်လေလေ၊ ရန်သူကို ဆွဲဆောင်နိုင်လေလေပဲပေါ့... လီကျူးချုံးက ဟိုအရင်တုန်းကဆို နင့်အဖေရှေ့မှာ သူ့ရည်ရွယ်ချက်တွေကို ဘယ်တော့မှ ထုတ်ဖော်ဝံ့မှာ မဟုတ်ဘူး၊ ဒါပေမယ့် နင့်ကိုကျတော့ စိတ််တိုင်းကျအနိုင်ကျင့်လို့ရတယ်....ဒါဟာ ကြီးနိုင်ငယ်ညှင်း

လူ့သဘာဝပဲ......"

လီလော့ ခေါင်းညိတ်လိုက်သည်။ လော့ဘန်အိမ်တော်လို အိမ်တော် သေးသေးလေးမှာတောင် ဖေဟောင်လိုစုန်းပြူးတစ်ကောင်ရှိခဲ့ဖူးသည်။

"ဒါဆို.ကျွန်တော့် မိဘတွေအကြောင်းပြောပြလို့ရပြီလား....."

လီရုန်ယွင့် သက်ပြင်းချလိုက်ပြီး....

"ကောင်းကင်ဧကရာဇ်လီရဲ့သွေးမျိုးဆက်တွေကို မူလကောင်းကင်တိုက်ကြီးရဲ့အုပ်စိုးသူအဖြစ် သတ်မှတ်ခံရပေမယ့် တိုက်ကြီးတစ်ခုလုံးက လုံးဝကိုကြီးကျယ်ခမ်းနားလှ်

..ဒါကြောင့် ငါတို့တွေချည်းကပဲ တစ်ဉီးတည်းသောအုပ်စိုးသူမဖြစ်နိုင်တော့ဘူး.... တကယ်တော့ ကောင်းကင်ဧကရာဇ်သွေးမျိုးဆက်က ငါတို့တွေတင်မကဘူး...နောက်ထပ်သွေးမျိုးဆက်လေးခုရှိသေးတယ်....ငါတို့တွေရဲ့သွေးမျိုးဆက်က ကောင်းကင်ဧကရာဇ်သွေးမျိုးဆက်ငါးခုထဲမှအောက်ဆုံးအဆင့်ရောက်နေခဲ့တယ်လေ...ဒါကြောင့် တောင်သခင်က အခြားသွေးမျိုးဆက်တွေနဲ့ ရွှေလမ်းငွေလမ်းဖောက်ဖို့စီစဉ်ခဲ့တယ်...အဲ့အချိန်မှာ နင့်အဖေရဲ့အရည်အချင်းတွေက လျှမ်းလျှမ်းတောက်ကျော်ကြားနေတာမို့ မျိုးနွယ်စုအတွက် တာဝန်တွေ သူ့ပခုံးကျရောက်လာခဲ့တယ်..."

လီလော့ တုန်လှုပ်သွားသလိုမျိုး မခံစားရမီ အံ့အားသင့်သွားသည်။

စေ့စပ်ညှိနှိုင်းရေးသဘောတူညီချက်...

ဤစကားနှစ်ခွန်းကို ပြောသောအခါတွင် သွေးထွက်သံယိုဖြစ်ရပ်များ ဆက်တိုက်ပေါ်လာတော့မည်ကို သူသိလိုက်သည်။

All Chapters