← Chapters

မိဘများ၏ပြသာနာ....

Vol. 53 Ch. 735

မိဘများ၏ပြသာနာ....

Vol. 53 Ch. 735

"အခြား ကောင်းကင်ဧကရာဇ်သွေးမျိုးဆက်တွေကလည်း စေ့စပ်ပွဲရဲ့အရေးပါပုံကိုနားလည်ကြတယ်...ဒါ့အပြင် သူတို့ဆီမှာ ခွန်အားရော၊ရုပ်ရည်အရပါပြိုင်ဘက်ကင်းတဲ့သတို့သမီးလောင်းရှိနေခဲ့တယ်....အဲ့မိန်းကလေးက အဆင့်အတန်းနှင့် အရည်အချင်းကို ပိုင်ဆိုင်ထားတာကြောင့် နှစ်ဖက်စလုံးကို အကျိုးရှိစေမည့် မဟာမိတ်ဖွဲ့ဖို့နည်းလမ်းကို နဂါးသွေးမျိုးနွယ်စုကြိုးကိုင်ချယ်လှယ်ခဲ့ကြတယ်.... အဲ့အချိန်တုန်းက နဂါးသွေမျိုးနွယ်စုက တောင်သခင်တွေဆိုတော့ အာဏာရှိနေခဲ့တာပေါ့...ဒါ့အပြင် နင့်အဖိုးကလည်း မကန့်ကွက်ခဲ့ဘူး....ဒါပေမယ့်ပြသာနာကအခုမှစမှာ...."

"မင်းအဖေက ဒီသတင်းကိုကြားတော့ မပျော်ဘူး.. အကြောင်းရင်းကို နင်လည်း ခန့်မှန်းမိမှာပါ.... သူက မျိုးနွယ်စုပြင်ပမှာ ကျင့်ကြံနေရင်း နင့်အမေနဲ့တွေ့ပြီးပြီ....နင့်အမေက မူလကောင်းကင်တိုက်ကြီးရဲ့ ကျော်ကြားသူတစ်ယောက်ပါ...ဒါပေမယ့် သူ့ရဲ့နောက်ခံအသိုင်းအဝိုင်း၊သွေးမျိုးဆက်တွေကို ဘယ်သူမှ မသိခဲ့ကြဘူး...ဒါပေမယ့် နှစ်အနည်းငယ်အတွင်းမှာ သူ့ရဲ့ ဂုဏ်သတင်းကထိပ်တန်း တန်ခိုးရှင်အချို့ကိုတောင် ဖိနှိပ်န်ိုင်တဲ့အထိကျော်ကြာလာခဲ့တယ်...သာမာန်နောက်ခံအသိုင်းအဝိုင်းကနေ လာခဲ့တာတောင် နင့်အမေက ပါရမီရှင်တွေကို အနိုင်ယူပြီး မျိုးဆက်သစ်တွေထဲမှာ ထိပ်ဆုံးမှာရပ်တည်နိုင်ခဲ့တယ်... ဒါတွေကြောင့် မူလကောင်းကင်တိုက်ကြီးမှာရှိတဲ့ အင်အားစုတွေက နင့်အမေကို မကျေမနပ်ဖြစ်လာကြတယ်...အဲ့ထဲမှာ နဂါးသွေးကလန်ကပါရမီရှင်တစ်ယောက်ကိုအနိုင်ယူလိုက်တဲ့အချိန်ကတော့ တကယ်ကိုမှတ်မှတ်ရရပဲ...ကြည့်ရတာ တန်တိုင်လန် အတော်စိတ်ဆိုးသွားပုံရတယ်...ကောင်းကင်ဧကရာဇ်လီရဲ့သွေးမျိုးဆက်တွေက ထင်သလောက်လဲမဟုတ်ကြပါလား...လို့ပြောလိုက်တယ်လေ...အဲ့စကားကြောင့် မျိုးနွယ်စုတစ်ခုလုံး ဒေါသပုန်ထပြီး နင့်အဖေကို လှုပ်ရှားဖို့ဖိအားပေးခဲ့ကြတယ်....ပြသာနာဖြစ်တာက နဂါးသွေးကလန်နဲ့ဆိုပေမယ့် လီတိုင်ရွှမ်က မျိုးဆက်တစ်ခုလုံးမှာ အထူးချွန်ဆုံးသူဆိုတော့ ထုံးစံအတိုငးရှေ့ထွက်ခဲ့ရတာပေါ့...အဲ့လိုနဲ့ နင့်မိဘတွေစတွေ့ကြတာ....."

လီလော့ ထိုဇာတ်လမ်းကိုကြားသောအခါ သူ့အမေအပေါ် လေးနက်သောခံစားချက်များတိုးပွားလာသည်။ သူမသည် အမှန်တကယ်ပင် ရက်စက်သူတစ်ယောက်ဖြစ်သည်။ သြဇာကြီးသော နောက်ခံသမိုင်းကြောင်းကို မပိုင်ဆိုင်ထားသေးသော်လည်း အရင်းအနှီးများသွန်းလောင်းကာကြီးပြင်းခဲ့သော တိုက်ကြီးမှ ချမ်းသာသော လူငယ်သခင်အားလုံးကို နင်းချေနိုင်ခဲ့သည်။သူမသည် လူတိုင်းအတွက် အထင်ကြီးလေးစားစရာ အတုယူစရာစံပြတစ်ဦးဖြစ်သည်။

သူ့အဖေကို အိမ်မှာ ဘယ်လို နှိပ်ကွပ်ခဲ့သလဲဆိုတာ သိနေပေမယ့် ဒီဇာတ်လမ်းက သူ့အတွက် ပိုလို့တောင် ချီးကျူးစရာတွေ ရှိလာခဲ့သည်။

"ဒါကြောင့် မျိုးနွယ်စုထဲမှာ နင့်အမေကိုသဘောမကျတဲ့သူတွေအများကြီးပဲ...ဒါက သူ့ရဲ့နောက်ခံသိုင်းဝိုင်ချို့တဲ့မှုကြောင့် သက်သက်မဟုတ်ပေမယ့် နင့်အမေက ငါတို့

မိသားစုနဲ့ ဆန့်ကျင်ဘက်ဖြစ်ဖို့အတွက် မွေးဖွားလာခဲ့တာမို့ပါ...." လီရုန်ယွင့်က ရှုပ်ထွေးတဲ့အမူအရာနဲ့ ပြောလိုက်သည်။

"ဘာကိုဆိုလိုတာလဲ?"

လီလော့ အနည်းငယ် အံ့သြသွားသလို ခံစားလိုက်ရသည်။ မည်သို့သော ထူးဆန်းသည့် အကြောင်းပြချက် ဖြစ်နိုင်သနည်း။

"နင့်အမေရဲ့ ပထမဆုံးပဲ့တင်ထပ်သံကို သိလား" လီရုန်ယွင့်က မေးသည်။

လီလော့က "အဆင့်ကိုး ရွှေတောင်ပံဂဠုန် ပဲ့တင်ထပ်သံ မဟုတ်လား...."

နွားသိုးကြီးပေါင်ပေါင်က ရယ်မောလိုက်ပြီး...

"ရွှေတောင်ပံဂဠုန်တွေက ကမ္ဘာပေါ်မှာ အထွတ်အထိပ် တည်မှုတွေလို့ပြောလို့ရတယ်....သူတို့တွေက နဂါးတွေအတွက်တော့သေမင်းတွေပဲ..... ရွှေဂဠုန်တွေရဲ့အစာက နဂါးပေါက်လေးတွေလေ....

ကောင်းကင်ဧကရာဇ်လီရဲသွေးမျိုးဆက်တွေမှာ ကောင်းကင်နဂါးရဲ့ ဝိညာဉ်စွမ်းအား အချို့ကို အမွေဆက်ခံထားတာကြောင့် မင်းအမေအပါအဝင် ဒီလိုပဲ့တင်ထပ်သံရှိသူတိုင်းကိုနဂါးမျိုးဆက်တွေက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြတယ်...."

လီလော့ ရယ်ရမလား ငိုရမလား မသိတော့ပေ။ ဒါက သူဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ အရာတစ်ခုပင်.....

"နင့်အဖေက တန်တိုင်လန်ကို လိုက်ရှာပြီး နှစ်ယောက်သား အသာစီးမရဘဲ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြတယ်.... တကယ်တော့ ဒါက သူ့ဂုဏ်သတင်းကို ပိုပြီးတော့ မြှင့်တင်ဖို့ပဲလေ.... နင့်အဖေက ရှုံးနိမ့်ဖို့ စိတ်ပိုင်းဖြတ်ထားသူတစ်ယောက်ပါ..... သူမကို အချိန်အတော်ကြာအောင် တော်လှန်တိုက်ခိုက်ခဲ့တာအနိုင်ယူဖို့မဟုတ်ပေမယ့် သူ့နှလုံးသားကိုပါပေးလိုက်တယ်....... နောက်ဆုံးမှာတော့ မင်းအမေကို ဒုက္ခပေးနေတဲ့ ပါရမီရှင်အချို့ကို အနိုင်ယူဖို့တောင် ကူညီပေးခဲ့တယ်... အဲဒီအထဲမှာ ငါတို့ မျိုးနွယ်ထဲက တစ်ချို့ပါပါတယ်... ..."

လီလော့ အတော်အံ့သြနေမိသည်။ သူ့အဖေက တကယ်ရက်စက်သူပင်... သူသည် အခြေခံအားဖြင့် ရန်သူကို မတိုက်ခိုက်နိုင်ဘဲ လက်နက်ချခဲ့သည်။ ရွှေတောင်ပံဂဠုန် ပဲ့တင်ထပ်သံ၏ ဩဇာလွှမ်းမိုးမှုကို ခံရသော်လည်း၊ သူသည် သူမကို ချစ်နေဆဲပင်။ ဒါ အချစ်စစ်ပဲလား။ ဒါမှမဟုတ် အရိုးကွဲအောင်အရိုက်ခံခဲ့ရလို့များ အသည်းစွဲအောင် ချစ်နေတာလား......

"ဘယ်လိုပဲဖြစ်ဖြစ်၊ ဒါက ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြီး အရာအားလုံး ရှုပ်ယှက်ခတ်နေခဲ့တယ်။ အဲ့အချိန်မှာ စေ့စပ်ကြောင်းလမ်းတဲ့သတင်းထွက်လာတယ်....တဖက်က လီတိုင်ရွှမ်နဲ့ စေ့စပ်ကြောင်းလမ်းတာကို ငြင်းဆိုခဲ့တာမဟုတ်ဘူး...... ဒါပေမယ့် မင်းအဖေက ဒီအကြံအစည်ကို ပြင်းပြင်းထန်ထန် ပယ်ချပြီး ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့အနေနဲ့ မျိုးနွယ်စုက ထွက်သွားပြီး တန်တိုင်လန်ကို ရာထူးကြီးတဲ့ပုံစံနဲ့ လက်ထပ်ခွင့်တောင်းခဲ့တယ်....တဖက်မျိုးနွယ်စုက အဖြေတစ်ခုတောင်းဖိို့ နဂါးသွေးမျိုးနွယ်စုအကြီးအကဆီရောက်လာတော့ နင့်အဖိုးကိုခေါ်တွေ့ပြီး ပြသာနာတွေအကြီးအကျယ်တက်ခဲ့ကြတယ်....အဲ့အချိန်မှာ နင့်အဖေက ဘိုးဘေးကိုတိုကိရိုက်သွားတွေ့ပြီး ကောင်းကင်ဧကရာဇ်စာချွန်တော်တောင်းလာခဲ့တယ်...ဒီလိုနဲ့အခြေနေကိုဖြေရှင်းပြီးသားဖြစ်သွားပြီး သူ့ရဲ့အနေအထားကလည်း မျိုးနွယ်စုထဲမှာအတော်လေးမြင့်မားလာခဲ့တယ်...."

"နေပါဉီး...ဒါဆို ကျွန်တော့်မိဘတွေ ဘာလို့ လိုက်ဖမ်းခံရတာလဲ.."

လီရုန်ယွင့်သည် နွားသိုးကြီးပေါင်ပေါင်ကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။

"စေ့စပ်ပွဲက မီးပွားလေးတစ်ခုလိုပဲ..... နောက်ဆုံးမှာတော့ သူတို့နှစ်ဦး တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြင်နာစွာ ဂရုစိုက်တဲ့ စုံတွဲဖြစ်လာခဲ့တယ်...နင့်အဘိုးဖြစ်သူက ဒေါသထွက်ခဲ့ပေမယ့် လီတိုင်ရွှမ်ကို ချစ်ခင်တာမို့ တန်တိုင်လန်ကိုလည်း တဖြည်းဖြည်း လက်ခံလာခဲ့တယ်....တိုင်တန်လန်ကလည်း တကယ်ကို အရည်အချင်းရှိတဲ့သူပါ....."

"ဒီလိုနဲ့ ရှေးဟောင်းအကြွင်းအကျန်နယ်မြေတွေရဲ့စည်းတံဆိပ်ကျိုးပေါက်သွားတဲ့သတင်းပျံ့နှံ့လာပြီး မဟာအင်အားစုတွေက စုံစမ်းစစ်ဆေးဖို့ တပည့်တပန်းတွေ စေလွှတ်ခဲ့ကြတယ်... မင်းရဲ့မိဘတွေက ပထမဆုံးဝင်ရောက်လာသူတွေဖြစ်တယ်.....အထဲမှာ နင့်အဖေနဲ့စေ့စပ်ပွဲပျက်သွားတဲ့မိန်းကလေးနဲ့တွေ့ခဲ့ကြတယ်..... စကားများ ရန်ဖြစ်ကြရင်း နှစ်ဖက်စလုံး ထိပ်တိုက်တွေ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားတဲ့အပြင် အဲ့ဒီ့မျိုးနွယ်စုမှာ မြင့်မားတဲ့ရာထူးပိုင်ဆိုင်ထားတဲ့ ပါရမီရှင်များစွာလည်း အညှာတာကင်းစွာ အသတ်ခံခဲ့ရတယ်...."

"ဒီလိုသတင်းတွေထွက်ပေါ်ချိန်မှာ အခြားသော ကောင်းကင်ဧကရာဇ်သွေးမျိုးဆက်တွေ ဒေါသထွက်ကုန်ပြီး တန်တိုင်လန်ကို သူမရဲ့အပြစ်တွေအတွက် အသက်နဲ့ပေးချေဖို့အတွက် ကျွမ်းကျင်သူများစွာကို စေလွှတ်လိုက်တယ်..... လီတိုင်ရွှမ်က သဘောမတူခဲ့ဘဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်လေ.....သူတို့နှစ်ယောက်ဘယ်လောက်ပဲသန်မာပါစေ ရန်သူပေါင်းများစွာကိုဘယ်လိုရင်ဆိုင်နိုင်မှာလဲ...ဒါကြောင့် နင့်အဖိုးဆီအကူညီလှမ်းတောင်းကြတယ်.....နင့်အဖိုးကူညီချင်ပေမယ့် နဂါးသွေးမျိုးနွယ်စုက တောင်သခင်ဖြစ်နေတာမို့ သူတို့ဆုံးဖြတ်တာကိုပဲနာခံခဲ့ရတယ်...မဟုတ်ရင်မျိုးနွယ်စုတွေကြားမှာသွေးချောင်းစီးတိုက်ပွဲတွေဖြစ်ကုန်လိမ့်မယ်...."

လီရုန်ယွင့်သည် လီလော့ကို စိုက်ကြည့်ရင်း စက္ကန့်အနည်းငယ် ငြိမ်သက်နေခဲ့သည်။

"လီတိုင်ရွှမ်ကို ကာကွယ်ပြီး တန်တိုင်လန်ကို စွန့်လွှတ်လိုက်ပါ...."

လီရုန်ယွင့် သက်ပြင်းချရင်း သူမ၏ အသံက ပဲ့တင်ထပ်သွားသည်။

"ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှင်းပြဖို့ လိုသေးလား"

All Chapters