← Chapters

လီလော့၏ပန်းတိုင်....

Vol. 53 Ch. 736

လီလော့၏ပန်းတိုင်....

Vol. 53 Ch. 736

"လီတိုင်ရွှမ်ကို ကာကွယ်ပြီး... တန်တိုင်လန် ကိုစွန့်လွှတ်လိုက်ပါ....."

လီရုန်ယွင့် ဒီစကားတွေကို ပြောပြီးချိန်မှာတော့ လှေပျံတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

လီလော့က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး....

"ကောင်းကင်ဘုံဧကရာဇ်လီရဲ့သွေးမျိုးဆက်အကြောင်း အမေ သိပ်ဂရုမစိုက်တာ အံ့သြစရာမဟုတ်တော့ဘူး...."

တန်တိုင်လန်တွင် မည်သည့်နောက်ခံမျိုးမှ မရှိနိုင်သော်လည်း လီလော့အနေဖြင့် သူ့အမေကို ကောင်းစွာနားလည်သည်။ သူမ၏ နှလုံးသားထဲတွင် ထင်ရှားကျော်ကြားသော နောက်ခံသမိုင်းကြောင်းရှိသည့် အခြားသော ပါရမီရှင်များထက် မနည်းသော မောက်မာမှုတစ်ခု ပိုင်ဆိုင်ထားသည်။ သူမသည် ကောင်းကင်ဧကရာဇ်လီ၏သွေးမျိုးဆက်ကို မထီမဲ့မြင်ပြုသည့်နည်းလမ်းဖြင့် မြင်နိုင်သည်။

သူတို့ရဲ့ အကာအကွယ်ကိုလည်း သူမ ဂရုမစိုက်ခဲ့ပေ။

လီရုန်ယွင့်က ဘာမှ မပြောပေမယ့် ဖြစ်ပျက်ခဲ့သမျှတွေကြောင့် တန်တိုင်လန် မျိုးနွယ်စုအပေါ် ရန်ငြိုးထားသည်ကိုနားလည်နိုင်သည်။

"အဖေကတော့ မျိုးနွယ်စုရဲ့ သဘောထားကို အရမ်းစိတ်ပျက်နေမှာပဲ" ဟု လီလော့က ဆက်ပြောသည်။ မျိုးနွယ်စုသည် လီတိုင်ရွှမ်တို့နှစ်ယောက်ကို ခွဲပစ်ဖို့ ထိုပြသာနာကို အကြောင်းပြချက်အဖြစ် ရှင်းရှင်းလင်းလင်း သုံးစွဲချင်သော်လည်း လီတိုင်ရွှမ်၏ သဘောထားအရ သူမကို မည်သို့ စွန့်လွှတ်နိုင်မည်နည်း။ ထို့ကြောင့် သူသည် နှစ်ယောက်သား ထွက်ပြေးလာခဲ့ကြပြီး နောက်ဆုံးတွင် ရှပြည်ထောင်စုသို့ရောက်လာခဲ့ကြသည်။

လီရုန်ယွင့် သက်ပြင်းချလိုက်သည်။ လီတိုင်ရွှမ်သာ မျိုးနွယ်စုအပေါ် စိတ်ပျက်ခြင်း မရှိခဲ့ပါက ဤနှစ်များတစ်လျှောက်လုံး သူဘာကြောင့် ဘာမှ မပြောဖြစ်ခဲ့သနည်း။ လီလော့ ကို လုံခြုံအောင် ထိန်းသိမ်းထားရန် တစ်ခုတည်းသော အကြောင်းအရင်းကြောင့်သာမဟုတ်ပါက မျိုးနွယ်စုဆီသို့ သတင်းပို့ဖို့ ကောင်းကင်ဧကရာဇ်စာချွန်တော်ကိုလည်းချန်ခဲ့မည်မဟုတ်ပေ။

“အဲဒီအချိန်မှာ တခြားသွေးမျိုးဆက်တွေ ဒေါသထွက်နေကြတာမို့ နဂါးသွေးကလန်က သိပ်တင်းတင်းကျပ်ကျပ် မလုပ်ချင်ကြဘူး....ဒါကြောင့် နဂါးစွယ်ကလန်ကို သူတို့ ငးကူညီပေးရတဲ့ အကြောင်းရင်းက တန်တိုင်လန်နဲ့ ဘာမှမဆိုင်ဘူးဆိုတဲ့သဘောမျိူးဖြစ်စေခဲ့ချင်တာ.... လီတိုင်ရွှမ်ကို ကာကွယ်တာက သဘာဝကျပေမယ့် အပြင်လူတစ်ယောက်အတွက်ကျတော့ သူတို့အတွက် မျက်နှာပျက်စေမည့် အခြေအနေမျိုးမှာ ဘယ်လိုကာကွယ်ချင်ပါ့မလဲ....နင့်အဖိုးကတော့ လီတိုင်ရွှမ်ရဲ့ ပင်ကိုယ်စရိုက်ကို သူနားလည်တာကြောင့် သူတို့ကို ကယ်တင်ချင်ခဲ့တာ...."

"ကံဆိုးတာက နင့်အဘိုးက တောင်သခင်မဟုတ်ခဲ့ဘူး..... ဒါ့ကြောင့် တောင်သခင်ရဲ့ စီရင်ချက်ကို စိတ်ပျက်စွာနဲ့သာလက်ခံခဲ့ရတယ်....ဒါပေမယ့် အရာအားလုံးဖြစ်ပြီးနောက်ပိုင်းကတည်းက ဘယ်တော့မှာအစည်းဝေးသွားမတက်တော့ဘူး.... လွန်ခဲ့တဲ့ဆယ်နှစ်က မူလကောင်းကင်တိုက်ကြီးမှာ သိုင်းပြိုင်ပွဲတစ်ခုစီစဉ်ခဲ့တယ်... အဖိုးက အဲ့ပြိုင်ပွဲမှာ တခြားသွေးမျိုးဆက်က အကြီးအကဲတစ်ယောက်နဲ့လက်ရည်ယှဉ်ရင်း အားလုံးကိုမျက်စိပွင့်စေခဲ့တယ်"

ထိုအချိန်တွင် လီရုန်ယွင့်၏ အမူအရာ ရှုပ်ထွေးလာသည်။

"ဘုရင်အဆင့်တွေ လက်ရည်ယှဉ်ကြရာကနေ သေခြင်းရှင်ခြင်းတိုက်ပွဲအဖြစ်ဘယ်လိုပြောင်းသွားလဲမသိဘူး.....အဖိုးရဲ့ပြိုင်ဘက်က လူရှေ့သူရှေ့ထွက်မလာတာ ဆယ်နှစ်ကျော်လောက်ရှိပြီ....ကြည့်ရတာဒဏ်ရာအပြင်းအထန်ရသွားပုံရတယ်....အဖိုးလည်း အဲ့ကတည်းက ယနေ့ထိတိုင် အေးအေးဆေးအေး ကျင့်ကြံဖို့ပဲအာရုံစိုက်ခဲ့တယ်... အဖိုးက ဒုက္ခရောက်နေတဲ့အချိန် ဝါးကူထိုးခဲ့သူကိုတဖက်လှည့်နဲ့ပညာပေးလိုက်တာပဲ...."

လီလော့ အနည်းငယ် ထိတ်လန့်သွားသည်။ သူတစ်ခါမှမတွေ့ဖူးတဲ့ ဒီအဘိုးက တော်တော် ဒေါသကြီးတဲ့သူလို့ ထင်ရသည်။ ခဏလောက်ကြာတော့ သူ့အမေအတွက် မကျေနပ်မှုတွေ လျော့ပါးသွားခဲသည်။

"လီလော့၊ နင့်အမေရဲ့အခြေအနေအတွက် မနင့်အဘိုးကို အပြစ်တင်လို့ မရဘူး..

သူ့အကျင့်စရိုက်က ရိုးရိုးရှင်းရှင်းပဲ၊ သူက ပုံမှန်အားဖြင့် စာအုပ်ကြီးအတိုင်းဆိုပေမယ့် ကိုယ့်ကိုကိုယ်ထက် မျိုးနွယ်စုကို ဦးစားပေးတယ်....နင် ပြန်လာတော့မယ်ဆိုတော့ လေးစားထိုက်တဲ့အကြီးအကဲတစ်ယောက်အနေနဲ့ တောင်သခင်ကိုသွားတွေ့ပြီး အရှေ့ပိူင်းမျိုးဆက်ရဲ့ပြသာနာတွေကိုနောက်ပိုင်းမျိုးဆက်တွေဆီအပြစ်ပုံမချဖို့ သွားပြောခဲ့တယ်....အကယ်၍သာ အရင်မျိုးဆက်ကလူတွေ နင့်ကိုလာထိရင် နဂါးစွယ်ကလန်တစ်ခုလုံးနင့်နောက်မှာရှိနေမယ်လို့ကြေငြာထားတယ်...."

"ခဏနေပါဦး... အရင်မျိုးဆက်တွေပဲလား..? မျိုးဆက်သစ်လူငယ်တွေ ပြဿနာရှာရင် လီလော့ ကိုယ်တိုင်ဖြေရှင်းရမှာလား.... လီလော့က အရည်အချင်းရှိပေမယ့် သူ့ရဲ့အစောပိုင်းနှစ်အများစုမှာ ဗလာနန်းတော်ပြသာနာကြောင့် မကျင့်ကြံနိုင်ခဲ့ဘူး.... အဲ့တော့ မွေးကတည်း အရင်းမြစ်တွေပုံအောပြီးကျင့်ကြံခဲ့တဲ့သူတွေနဲ့ဘယ်လိုယှဉ်နိုင်မှာလဲ...."

နွားသိုးကြီးပေါင်းပေါင်ကမျက်မှောင်ကြုတ်လိုက်သည်။

လီရုန်ယွင့်က... "ပေါင်ပေါင်.... ကောင်းကင်ဧကရာဇ်လီရဲ့သွေးမျိုးဆက်က ငြိမ်းချမ်းနေတာဟုတ်ဘူး....လီလော့လည်း သူ့အဖေလို ကိုယ်ပိုင်ခွန်အားနဲ့ယှဉ်ပြိုင်နိုင်မှဖြစ်မယ်.... သူ့မှာ အံ့သြဖွယ်ကောင်းတဲ့ မိဘနှစ်ပါးရှိတာမို့ မျိုးနွယ်စုကို ပြန်ရောက်တဲ့အခါ မျိုးနွယ်စုရဲ့ အရင်းအမြစ်များကို အလွယ်တကူ ရနိုင်မှာပါ...."

ဒါကိုကြားတော့ လီလော့ ပြုံးလိုက်မိသည်။ သူသည် ပြဿနာကို နှိုးဆော်လိုခြင်းမရှိသော်လည်း၊ တစ်စုံတစ်ဦးက သူ့အတွက် ပြဿနာဖြစ်စေရန်အတွက် ယခင်မျိုးဆက်များ၏ပြသာနာကို အကြောင်းပြချက်ကို အသုံးချလိုလျှင် ဒီအတိုင်းငြိမ်နေမည်မဟုတ်ပေ။

သူသည် အလယ်ပိုင်းကုန်းမြေ၏ အံ့ဩဖွယ် ပါရမီရှင်များ မည်မျှ အံ့သြဖွယ်ကောင်းသည်ကို သူ အမှန်တကယ် မြင်ချင်သည်။

အရှေ့ပိုင်းနတ်ဘုရားကုန်းမြေ၏ အသန်မာဆုံး ကြယ်တစ်ပွင့်ခန်းမချန်ပီယံဖြစ်သော လီလော့သည် အရင်မျိုးဆက်များနှင့် ပြသာနာဖြစ်ရန် စိတ်မ၀င်စားခဲ့ပေ... သို့သော် မျိုးဆက်တူ တစ်စုံတစ်ယောက်ကသာ အသားယားပြီး ပြသာနာလာရှာလျှင်သွေးထွက်အောင်ရိုက်ပေးရလိမ့််မည်။

သူ့အမေက အရင်မျိုးဆက်တွေကို ရိုက်နှက်ဆုံးမခဲ့တာမို့ သားဖြစ်သူကလည်း အမေ့ခြေရာနင်းရလိမ့်မည်။

"လီလော့ ဟိုကိုရောက်တဲ့အခါ၊ မျိုးနွယ်စုက စည်းမျဉ်းတွေနဲ့အညီ စမ်းသပ်မှုတွေ ဆက်တိုက်လုပ်လိမ့်မယ်...ဒါကို ငြင်းလို့ မရဘူး....နင့်ရဲ့ အရည်အချင်းကို အပြည့်အ၀ သရုပ်ပြလိုက်တာ အကောင်းဆုံးပဲ.... ဒါမှ နင့်ကိုအရင်းအမြစ်တွေပိုပေးဖို့အဖိုးအတွက် အကြောင်းပြချက်ခိုင်လုံမှာ....."

လီလော့ ခေါင်းညိတ်လိုက်သည်။ သူ့ခွန်အားတွေကို ဖုံးကွယ်ပြီး အရိပ်ထဲမှာ အချိန်ကုန်ခံဖို့တွေးမထားပေ။ သူ၏စွမ်းရည်များကို အပြည့်အဝဖော်ပြပြီး သူ့ကိုယ်သူ ပိုမိုခိုင်မာစေရန်အတွက် မျိုးနွယ်စု၏အရင်းအမြစ်များကို ချေးယူမည်ဖြစ်သည်။

ထို့ကြောင့် သူ့တွင် ရည်မှန်းချက်ပန်းတိုင်များရှိနှင့်နေပြီဖြစ်သည်။

ပထမဦးစွာ အရေးကြီးဆုံးအချက်မှာ အမှတ်သားကိုးခုကြာပန်းကို ရရှိရန်နှင့် ၎င်းအား အစ်မချင်းအာထံ လွှဲပြောင်းရန်အတွက် ရှေးခေတ်ကောလိပ်၏ ရှန်းလိသစ်ပင်ကို ငှားရမ်းရန်ဖြစ်သည်။

ဒုတိယအနေဖြင့်၊ သူသည် မိမိ၏ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ပြီး မြို့စားအဆင့် ကို တတ်နိုင်သမျှအမြန်ဆုံးရောက်ရှိရန် လိုအပ်သည်။

လီလော့သည် မြို့စားအဆင့်ကို ရောက်ရန် သုံးနှစ်တာ အချိန်ဇယားကို သတ်မှတ်ခဲ့သည်။ သူ့မှာ အချိန်လေးနှစ်ကျန်ပေမယ့် အချိန်ဖြုန်းနေလို့မဖြစ်ပေ။

ထို့ကြောင့် သူသည် လွန်ကဲသော ဖိအားများအောက်တွင် ရှိနေမည်မှာ သေချာပါသည်။နတ်ဆိုးခန္ဓာအဆင့်မှ မြို့စားအဆင့် သို့ရောက်ရန် သုံးနှစ်အချိန်သည် ထူးခြားသောအမြန်နှုန်း လိုအပ်မည်ဖြစ်သည်။ လီလော့ သည် အလယ်ပိုင်းကုန်းမြေအတွင်း၌ပင် ဤအရာသည် ရှားရှားပါးပါး မြင်တွေ့ရကြောင်း ခံစားခဲ့ရသည်။

တတိယအနေဖြင့်၊ သူသည် နွားသိုးကြီးပေါင်းပေါင်၏ပျက်စီးနေသော မြို့စားရဲတိုက်များကို ကုသရန်နှင့်ခွန်အားများပြန်လည်ရရှိရန်နည်းလမ်းကိုရှာဖွေရလိမ့်မည်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့အဘိုးကို အကြံဉာဏ်တောင်းဖို့ လိုပါလိမ့်မည်။

နောက်ဆုံးအနေနဲ့ သူဒီကိုရောက်လာရသည့် နောက်ထပ်ထူးခြားတဲ့ ရည်ရွယ်ချက်တစ်ခုရှိနေသေးသည်။ သူသည် မြို့စားအဆင့်သို့ရောက်သောအခါတွင် စတုတ္ထဗလာနန်းတော်ကိုရရှိလိမ့်မည်။

ထိုအခါ ပဲ့တင်ထပ်သံတုပခြင်းပညာရပ်ကအကူအညီဖြစ်တော့မည် မဟုတ်ဘဲ ပိုကောင်းသည့် အရာတစ်ခုကို သူရှာဖွေရပေမည်။

၎င်းသည် လီတိုင်ရွှမ် ပြောခဲ့သော အဆင့်မြင့်ပဲ့တင်ထပ်သံတုပခြင်းပညာရပ် ဖြစ်ပေမည်။ ဤသည်မှာ မူလကောင်းကင်တိုက်ကြီးသို့လာရောက်ရခြင်း၏ ကြီးမားသောရည်ရွယ်ချက်ဖြစ်ပေသည်။

All Chapters