← Chapters

နဂါးစွယ်ကိုယ်ပိုင်နယ်မြေ....

Vol. 53 Ch. 737

နဂါးစွယ်ကိုယ်ပိုင်နယ်မြေ....

Vol. 53 Ch. 737

လီလော့သည် လှေပျံ ဖြတ်သန်းသွားခဲ့သော နိုင်ငံများ၊ တောင်တန်းများနှင့် စည်ကားသော ကမ်းရိုးတန်းမြို့များ မည်မျှရှိသည်ကို မေ့နေပြီဖြစ်သည်။ ဤခရီးတစ်ခုလုံးသည် ကြမ်းတမ်းသောပတ်ဝန်းကျင်များနှင့် ပြည့်နှက်နေကာ မြို့စားအဆင့်များတောင် ၎င်းတို့အား မကျူးကျော်ဝံ့ဘဲ လှည့်ပတ်သွားမည့်နယ်မြေအချို့ကိုပင်တွေ့ခဲ့ရသည်။

အရှိန်အဟုန်ဖြင့် ပျံသန်းနေရင်း လီလော့ နှင့် ကျန်သူများသည် နောက်ဆုံးတွင် ကြီးမားသော နေရာကူးပြောင်းခြင်းအစီအရင်ကို အသုံးပြုပြီးနောက် တစ်လအကြာတွင် မူလကောင်းကင်တိုက်ကြီးဆီသို့ ရောက်ရှိခဲ့သည်။

……..............

မူလကောင်းကင်တိုက်ကြီး၏ ကောင်းကင်မြို့တော်......

ကောင်းကင်မြို့တော်သည် ကြီးကျယ် ခမ်းနားထည်ဝါသောမြို့၏ အမည်ဖြစ်သည်။ အရှေ့ပိုင်းနတ်ဘုရားကုန်းမြေလို ပြင်ပတိုက်ကြီးများမှ ရောက်လာသူများသည် ကောင်းကင်မြို့တော်ကိုဖြတ်ကျော်ပြီးမှသာ အလယ်ပိုင်းကုန်းမြေခေါ်သော မူလကောင်းကင်တိုက်ကြီးဆီရောက်ရှိမည်ဖြစ်သည်။

ဤအမည်နာမက လီလော့ကို အနည်းငယ် စိတ်ရှုပ်သွားစေသည်။ အလယ်ပိုင်းကုန်းမြေရှိ လူများသည် သာလွန်မြင့်မြတ်မှုကို အတော်နှစ်ချိုက်ပုံရသည်။

မည်သို့ပင်ဆိုစေကာမူ လေထုထဲက သဘာဝစွမ်းအင်၏ သိပ်သည်းဆကြောင့် သူ လုံးဝ အံ့အားသင့်သွားခဲ့သည်။

လီလော့သည် ကြီးမားသော နေရာကူးပြောင်းခြင်းအစီအရင်ကို ဖြတ်ကျော်လာသောအခါတွင် သူခံစားရနိုင်သည့် ပထမဆုံးအရာမှာ သူ့အား ဝန်းရံထားသည့် အကန့်အသတ်မရှိသော သဘာဝစွမ်းအင်များဖြစ်သည်။ ထိုစွမ်းအင်များသည် လော့လန်အိမ်တော်ရှိ ကောင်းကင်ရွှေအခန်းနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

အရင်းအမြစ်များစွာကို အသုံးပြု၍ ကောင်းကင်ရွှေအခန်းကို ဖန်တီးခဲ့ကြောင်း မှတ်သားထားရမည်ဖြစ်သည်။ အခြားတစ်ဖက်တွင်၊ ဤအရာသည် နေရာတိုင်းတွင် တည်ရှိနေပါသည်။

အလယ်ပိုင်းကုန်းမြေရှိ လောကီသဘာဝစွမ်းအင်များသည် အရှေ့ပိုင်းနတ်ဘုရားတိုက်ကြီးများနှင့် နှိုင်းယှဉ်လျှင် ပို၍သိပ်သည်းသည်ဟုသာ ပြောနိုင်သည်။

လီလော့သည် မူလကောင်းကင်တိုက်ကြီး ၏ ကြီးကျယ်ခမ်းနားသော သဘာဝစွမ်းအင်ကို စွဲစွဲမြဲမြဲ စွဲလန်းနေစဉ် လီရုန်ယွင့်က လှေပျံကို မြောက်ဘက်သို့ ဉီးတည်ပျံသန်းဖို့ပြင်ဆင်နေသည်။

"ကောင်းကင်မြို့တော်က မူလကောင်းကင်တိုက်ကြီးရဲ့ နယ်နိမိတ်အစလေ....ဒါ့ကြောင့် နောက်ထပ် မြို့ဆယ်မြို့ကိုဖြတ်ကျော်ပြီးမှ နဂါးစွယ်ကိုယ်ပိုင်နယ်မြေကိုရောက်ဖို့ နေရာကူးပြောင်းရေးအစီအရင်ထပ်သုံးရမယ်.... " ဟု လီရုန်ယွင့်က ရှင်းပြခဲ့သည်။

"ဟုတ်သားပဲ..ရှင်းပြဖို့မေ့နေတာ....နဂါးစွယ်ကိုယ်ပိုင်နယ်မြေက နဂါးစွယ်ကလန်ရဲ့ သီးသန့် နယ်မြေပါ....အဲ့ထဲမှာ နယ်မြေဆယ့်နှစ်ခုရှိပြီး တစ်ခုစီက ရှပြည်ထောင်စုထက် အဆပေါင်းမရေမတွက်နိုင်အောင်ကြီးမားတယ်..."

လီလော့ လေအေးတသုတ် ရှိုက်သွင်းရင်း ထိတ်လန့်တုန်လှုပ်သွားသည်။ နယ်မြေတစ်ခုတည်းက ရှပြည်ထောင်စုထက် ပိုကြီးသလား။ ဒါဆို နယ်မြေဆယ့်နှစ်ခုပေါင်းလိုက်ရင် အတိုင်းအတာက ဘယ်လောက်ထိ ကြောက်စရာကောင်းလိုက်မလဲ....ပြီးတော့ ဒါက နဂါးစွယ်ကလန်ရဲ့နယ်မြေပဲရှိသေးတယ်... တခြားကလန်တွေမှာလဲ ကိုယ်ပိုင်နယ်မြေတွေရှိဉီးမှာပဲ...ဒါဆို.......

လီလော့သည် ယခုအချိန်၌ တောသားတစ်ယောက်လိုခံစားနေရသည်ကို ဝန်မခံချင်သော်လည်း ဝန်ခံရပေမည်။

“တောကြိုအုံကြားမှာနေပြီး ပိုင်ဆိုင်ထားသမျှကို ဟုတ်လှပြီထင်နေခဲ့တာ အခုကျတော့ တောသူဌေးတစ်ယောက်က ချမ်းသာတဲ့ဆွေမျိုးတွေဆီလာလည်နေရသလိုပဲ...တကယ်တော့ ကျွန်တော်က ရေအိုင်ထဲကဖားသူငယ်လိုဖြစ်နေခဲ့တာ....."

လီရုန်ယွင့် ခေါင်းခါလိုက်ပြီး.... "နင်က အခု ဆွေမျိုးတွေဆီ လာလည်တာ မဟုတ်ဘူး... ဒါ နင့်ရဲ့အိမ်ပဲ.....အဘိုးက နဂါးစွယ်မျိုးရိုးရဲ့ အကြီးအကဲဖြစ်ပြီး နင့်က သူ့မြေး..... တိတိကျကျပြောရရင် နင့်မှာ နဂါးစွယ်ကိုယ်ပိုင်နယ်မြေကို အမွေဆက်ခံနိုင်တဲ့ အရည်အချင်းတွေတောင် ရှိတယ်.... ဒါ နင့်ရဲ့ကိုယ်ပိုင်အင်အားပေါ်မှာပဲ မူတည်လိမ့်မယ်....."

လီလော့ ပြုံးလိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပေ။ သူ့မျိုးရိုးက အထင်ကြီးလောက်စရာ ကောင်းပေမယ့် နှလုံးသားထဲမှာတော့ လော့လန်အိမ်တော်ကသာ သူ့အတွက် အနွေးထွေးဆုံးပင်.... သူ့မိဘတွေနဲ့ ကျန်းချင်းအာပါ အဲဒီမှာ နေထိုင်ခဲ့ကြတယ်မဟုတ်ပေလော.....

လီရုန်ယွင့်သည် သူ့အတွေးများကို ဖတ်ရှုနိုင်ပုံရသော်လည်း များများစားစား မပြောနိုင်ပေ။ကောင်းကင်ဧကရာဇ်လီရဲ့ သွေးမျိုးဆက်ဖြစ်နေသည့်တိုင် မြေးအဖိုးနှစ်ယောက်က သူစိမ်းတွေလိုပင်။ သွေးသည် ရေထက် ပိုပျစ်သော်လည်း နဂါးစွယ်ကလန်က လီလော့၏ဘ၀တွင် မည်သည့်အခန်းကဏ္ဍကမျှ ပါဝင်ခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့ကို ချက်ချင်းလက်ခံမည်ဟု မျှော်လင့်ခြင်းသည် အကောင်းမြင်လွန်းရာကျနေပေလိမ့်မည်။

ထို့ကြောင့် သူမ အခြားဘာမျှ မပြောဘဲ လှေပျံကိုသာဆက်လက်ပဲ့ကိုင်နေခဲ့သည်။

ထိုအချိန်တွင် လီလော့နှင့်နွားသိုးကြိီးပေါင်ပေါင်တို့ တစ်နေကုန် စကားပြောဆိုခဲ့ကြသည်။

လှေပေါ်တွင် ခရီးရှည်သွားလာရာတွင် အနားယူရန် သင့်လျော်သော တဲငယ်များစွာရှိသည်။

လီလော့ တဲတစ်ခုထဲတွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသည်။

နဂါးငွေ့တန်းသုံးသွယ်ကျင့်စဉ်ကိုသုံး၍ များပြားလှသော အဲ့မိုကွမ်းစွမ်းအင်များကို ဝါးမျိုလိုက်ပြီး နောက်ဆုံးတွင် ၎င်းကို ကြည်လင်ပြတ်သားသော အလင်းတန်းတစ်ခုအဖြစ် ပြန်လည်သန့်စင်ဖို့ သူ၏နတ်ဆိုးနန်းတော်ထဲသို့ စုပ်ယူလိုက်သည်။

လီလော့သည် နဂါးစွယ်ကလန်တွင် အရေးပါသော ကျောထောက်နောက်ခံရှိသော်လည်း ၎င်း၏ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု မမျှော်လင့်ထားဘဲ ခရီးတစ်လျှောက်လုံး လုံ့လဝီရိယစိုက်ထုတ်ခဲ့သည်။ လီရုန်ယွင့်ပြောခဲ့သည့်စကားအပေါ် အခြေခံ၍ အရင်းအမြစ်များ ပိုမိုလိုချင်ပါက၊ သူ့ကိုယ်ပိုင်အရည်အချင်းကို အားကိုးရပေမည်။

ထို့ကြောင့် အာရုံစိုက်ခံရဖို့ လုံလောက်သော ကိုယ်ပိုင်စွမ်းအားရှိရန် လိုအပ်သည်။

ကျင့်ကြံနေရင်း အချိန်ကုန်သွားသည်နှင့် လီလော့သည် သူ၏ နတ်နန်းတော်အတွင်း၌ မထင်မှတ်သော အလင်းတန်းတစ်ထောင်ကျော် လွင့်ပျံနေကြောင်း သတိပြုမိလိုက်သည်။

သူ၏ စိတ်အခြေအနေသည် အလင်းတန်းများနှင့်အတူ လျင်မြန်စွာ တိုးမြင့်လာသည်။

တစ်ထောင်သုံးရာ!

အမှန်ပင် အဲ့မိုကွမ်းအလင်းတန်းများ အရေအတွက် တစ်ထောင်ကျော်သွားခဲ့ပြီဖြစ်သည်။ လွန်ခဲ့သည့်တစ်လက နန်ဖန်းမြို့တွင်ရှိစဉ်ကပင် သုံးရာခန့်သာရှိသေးသည်။

"ရေအလင်းပဲ့တင်ထပ်သံနန်းတော်က အဲ့မိုကွမ်းအလင်းတန်းငါးထောင်အထိ ဖမ်းဆုပ်ထားနိုင်သင့်တယ်..."

သာမာန်လူများ၏ နတ်ဆိုးနန်းတော်တွင် အဲ့မိုကွမ်းစွမ်းအင် အမျှင်သုံးထောင်သာထိန်းသိမ်းထားနိုင်သည်။ ဒါက အမြင့်ဆုံးပမာဏ မဟုတ်ပေမယ့် ကျင့်စဉ်၏ လိုက်ဖက်ညီမှုနဲ့ ပဲ့တင်ထပ်သံအဆင့်ပေါ်မူတည်ပြီး ကွဲပြားနေပေလိမ့်မည်။ ရိုးရိုးရှင်းရှင်းပြောရရင် ကျင့်စဉ်ပိုကောင်းလေလေ ပမဏပိုထိန်းနိုင်လေလေပင်။

သာမာန်အားဖြင့်ပြောရလျှင် အစောပိုင်းနတ်ဆိုးနန်းတော်အဆင့်တွင်ရှိစဉ်တွင် အဆင့်ရှစ်အဆင့်မြင့် ပဲ့တင်ထပ်သံနှင့်ကျင့်ကြံပါက အဲ့မိုကွမ်းအလင်းတန်း ငါးထောင်အထိထိန်းသိမ်းထားနိုင်လိမ့်မည်။

လီလော့၏ ပဲ့တင်ထပ်သံသည် အဆင့်ရှစ်အထိမရောက်သေးသော်လည်း အဆင့်ခုနှစ်အဆင့်မြင့် ရေအလင်းပဲ့တင်ထပ်သံက အဆင့်ရှစ်နှင့်ပင်နှိုင်းယှဉ်နိုင်ပြီဖြစ်သည်။

"ဒီအတိုင်းသာဆို အလင်းတန်း ငါးထောင်ထိရဖို့ နောက်ထပ် သုံးလလောက် ကြာလိမ့်မယ်...."

လီလော့သည် သူ၏ ရေအလင်းပဲ့တင်ထပ်သံ နန်းတော်အတွင်းကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ စူးစူးရဲရဲ အလင်းတန်းများ အလုံအလောက်ရှိမှသာ သူ၏ ပဲ့တင်ထပ်သော နန်းတော်သည် နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့် ရောက်ရှိနိုင်မည်ဖြစ်သည်။

သူ့တွင် အခြားသော ပဲ့တင်ထပ်သံနန်းတော်နှစ်ခုလည်း ရှိပြီး ၎င်းတို့ကို သန့်စင်ရန် အချိန်ကာလတစ်ခု လိုအပ်မည်ဖြစ်သည်။

"ငါ ဒါကို နှစ်လလောက်နဲ့ပြီးအောင်သန့်စင်ရမယ်...."

အဲ့မိုကွမ်းစွမ်းအင်များ လျင်မြန်စွာစုဆောင်းနိုင်ခြင်းသည် အသုံးပြုနေသောကျင့်စဉ်နှင့်များစွာသက်ဆိုင်သည်။ယခု သူသုံးနေသောကျင့်စဉ်သည် ရှပြည်ထောင်စုတွင် အကောင်းဆုံးဟုဆိုနိူင်သော နဂါးငွေ့တန်းသုံးသွယ်ကျင့်စဉ်ဖြစ်သည်။

သို့သော်လည်း နဂါးစွယ်ကလန်တွင် ပိူမိုကောင်းမွန်သောကျင့်စဉ်များရှိပေလိမ့်မည်။ထို့ကြောင့် နဂါးစွယ်ကလနသို့ရောက်သည်နှင့် ပိုမိုမြင့်မားသော နတ်ဆိုးကျင့်စဉ် ကိုရှာဖွေမည်ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်သည် အဲ့မိိုကွမ်းစွမ်းအင်စုပ်ယူမှုကို အရှိန်မြှင့်လိုပါက မူလနတ်ဆိုးဆေးလုံးကဲ့သို့သော ပြင်ပအကူအညီများကို အသုံးပြုနိုင်သည်။ ဤဆေးများသည် ကြယ်တာယာခရီးရှည်ကောလိပ်တွင် ဝယ်ယူရန် အရည်အချင်းပြည့်မီသောသူများမှာ ကြယ်သုံးပွင့်ခန်းမမှကျောင်းသားများသာဖြစ်ပြီး ရရှိနိုင်သောပမာဏကလည်း နည်းပါးလှသည်။ သို့သော်၊ နဂါးစွယ်ကလန်၏ အခြေခံအုတ်မြစ်များအရဆို ၎င်းတို့သည် ဆေးပြားများကို ပို၍ပင် တတ်နိုင်လိမ့်မည်။

နဂါးစွယ်ကလန်တွင် ကြောက်မက်ဖွယ်ကောင်းသော နောက်ခံရှိသောကြောင့် သူ့လိုမျှော့တစ်ကောင်ကို အလွယ်တကူ ထောက်ပံ့နိုင်ပေလိမ့်မည်။

ဤအရာကို စိတ်ထဲတွင် တွေးတောရင်း လီလော့ မျက်လုံးမှိတ်ကာ ကျင့်ကြံမှုကိုသာအာရုံစိုက်နေခဲ့သည်။

ဤသို့ဖြင့် တစ်နေ့ပြီးတစ်နေ့ မြန်မြန်ကုန်ဆုံးသွားခဲ့သည်။

နောက်ထပ်လဝက်ခန့်ကြာသောအခါ.....

လီရုန်ယွင့်၏ အနည်းငယ် သက်သာရာ ရသွားသော အသံ လီလော့၏ နားထဲသို့ တိုးဝင်လာကာ သူ့ကို နိုးထရန် သတိပေးနေသည်။

"လီလော့၊ ငါတို့ နဂါးစွယ်ကိုယ်ပိုင်နယ်မြေ ကိုရောက်ပြီ"

လီလော့သည် ကျင့်ကြံနေရာမှ ရုန်းထလာခဲ့ပြီး ထိန်းမနိုင်သိမ်းမရ စူးစမ်းလိုစိတ်နှင့် မျှော်မှန်းချက်တစ်ခု သူ့စိတ်ထဲမှာ ပေါ်လာသည်။

နောက်ဆုံးတော့ သူ့အဘိုးကို ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ရပေတော့မည်။

All Chapters