← Chapters

နဂါးစွယ်တောင်တန်း......

Vol. 53 Ch. 738

နဂါးစွယ်တောင်တန်း......

Vol. 53 Ch. 738

လီလော့ တဲလေးထဲမှ ထွက်လာသောအခါ ပျံသန်းနေသော လှေပျံသည် အရှိန်နှေးကွေးပြီး ကောင်းကင်ကို ဖြတ်ပျံနေသည်။ အတော်အတန် ကြီးကျယ်ခမ်းနားသော မြို့ကြီးတစ်မြို့ ပေါ်လာသဖြင့် သူ့အကြည့်က အောက်ဘက်သို့ ဦးတည်သွားခဲ့သည်။ အဆုံးကို မမြင်နိုင်လောက်အောင် ကျယ်ပြောလှပြီး မြို့၏အထက်တွင် မရေမတွက်နိုင်သော အလင်းတန်းများ လွင့်ပျံနေသည်။ထိုအလင်းအတန်းများက တစ်မြို့လုံးကို လွှမ်းခြုံထားသည့် ခံစစ်အစီအရင်တစ်ခုအဖြစ် အတူတကွ ချိတ်ဆက်နေသည်။

အခုအချိန်အထိ သူမြင်ဖူးသမျှ အထင်ကြီးလောက်စရာ အခမ်းနားဆုံးမြို့ကတော့ ရှမြို့တော်ပင်....

သို့သော်လည်း ရှမြို့တော်သည် သူ့ရှေ့မှ မြင်ကွင်းနှင့် ယှဉ်လျှင် သေးငယ်သောမထင်မရှား မြို့တစ်မြို့လိုပင်.....

"ဒါက နဂါးစွယ်ကိုယ်ပိုင်နယ်မြေရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့နဂါးစွယ်မြို့တော်ပါ... ဒါပေမယ့် ဒါက ငါတို့သွားရမယ့်နေရာမဟုတ်ဘူး" လို့ လီရုန်ယွင့်က ရှင်းပြပြီး လီလော့က သူမညွှန်ပြတဲ့ဘက်ကို လှည့်ကြည့်လိုက်သည်။

အလွန်ကြီးမားသော တောင်တန်းကြီးတစ်ခုက ကောင်းကင်ထိအောင်မြင့်မားပြီး တောင်ထွတ် တစ်ခုစီသည် မီတာထောင်ပေါင်းများစွာ မြင့်သည်။

ထို့အပြင် ဤတောင်တန်းများသည် အလွန်မတ်စောက်ပြီး အဝေးမှကြည့်လျှင် ကောင်းကင်နှင့်မြေကြီးကြားတွင် ရောနှောနေသော ဧရာမနဂါးကြီး၏ အစွယ်နှင့်တူသည်။ ဖော်မပြနိုင်သော ရက်စက်သော ခံစားမှုများ တဟုန်ထိုး လှိုင်းထနေကာ ၎င်းကို ကြည့်နေသူတိုင်းသည် ကြက်သီးဖြန်းဖြန်းထစေနိုင်သည်။

"မ နဂါးစွယ်တောင်တန်းက ကြိုဆိုပါတယ်" လီရိုယွင်က ပြုံးပြလိုက်သည်။

လီလော့တို့စီးနင်းလာသော လှေပျံသည် တောင်များဆီသို့ ရွေ့လျားသွားသည်။ လီလော့သည် ရေကန်၏မျက်နှာပြင်ကိုဖြတ်၍ ဖြတ်ကူးနေသကဲ့သို့ သူ့ရှေ့ရှိလေဟာနယ်များ လှုပ်ခါသွားသည်ကို မြင်နိုင်သည်။ လှေပျံ ဖြတ်ကျော်လာစဉ် မရေမတွက်နိုင်သော ကျောက်စိမ်းအိမ်အမိုးများ ပေါ်လာကာသူ့ရှေ့မှ ရှုခင်းများ အသွင်ပြောင်းသွားပုံရသည်။ တောင်ပေါ်ရှိ စိမ်းလန်းစိုပြေသော တောအုပ်များ၏ အရိပ်အာဝါသကြားတွင် အဖြူရောင် ကျောက်စိမ်းမဏ္ဍပ်များ တန်းနေသည်မှာ သရဖူအတွင်း မြှုပ်နှံထားသော ရတနာများကဲ့သို့ တောက်ပနေပါသည်။ အဆောက်အဦများကြားတွင် ကြီးမားသော ရေပေါ်ကျောက်တုံးကြီးများက ၎င်းတို့ကြားမှ သွားလာရန် ပေါင်းကူတံတားများအဖြစ်တည်ရှိနေကြသည်။

ဒါဟာ ရင်သပ်ရှုမော အံ့သြစရာ မြင်ကွင်းတစ်ခုပင်.....

လီလော့ အတုန်လှုပ်ဆုံးအရာက ဧရိယာအတွင်း စီးဆင်းနေတဲ့ စွမ်းအင်များပင်ဖြစ်သည်။ ဤနေရာရှိ သဘာဝစွမ်းအင်သည် အလွန်သိပ်သည်းပြီး ယခင်က သူမြင်ဖူးသမျှထက် သာလွန်သည်။

သဘာဝစွမ်းအင်များ ဤတောင်များတစ်လျှောက် စီးဆင်းနေသည်မှာ မြူခိုးများရစ်သိုင်းနေသည်နှင့်ပင်တူနေသည်။

အောက်တွင် မရေမတွက်နိုင်သော လူများ ရှိပြီး မရေမတွက်နိုင်သော လှေပျံများသည် ဧရိယာကို ဖြတ်သွားကာ အပြန်ပြန်အလှန်လှန် ဖြတ်သန်းနေကြသည်။ သို့သော်လည်း လီလော့ အမြင် မမှားပါက၊ သူစီးနေသည့် ပျံသန်းနေသော လှေပျံဆီသို့ ဦးတည်နေသော အကြည့်များစွာ ရှိနေသည်။

လီရုန်ယွင့်သည် လှေပျံအား တောင်များကို ဖြတ်ကျော်ရန် ပဲ့ကိုင်ခဲ့ပြီး ခဏအကြာတွင် ဧရာမတောင်ကြီးတစ်ခု ပေါ်လာသည်။၎င်းသည် ကမ္ဘာပေါ်တွင်အမြင့်မားဆုံးသောတောင်ဟုပင်ဆိုနိုင်လောက်အောင် အလွန်ကြီးမားပြီး ထက်မြက်သော သွားတစ်ချောင်းနှင့်တူသည်။ တောင်ထိပ်ပေါ်တွင် စွမ်းအင်တစ်မျိုးဖြင့် ထိုးဖောက်လိုက်သကဲ့သို့ အလယ်တွင် အပေါက်တစ်ခုပါသည့် တိမ်တိုက်တစ်ခုရှိသည်။

"ဒါက နဂါးစွယ်တောင်ပါ...နဂါးစွယ်ကလန်ရဲ့ အမြင့်ဆုံးအာဏာပိုင်တွေ ဆုံးဖြတ်ချက်တွေချတဲ့ နေရာပဲ.... အဘိုးက နင့်ကို အထဲမှာ စောင့်နေတယ်.... ဒါ့အပြင် နင့်ဉီးလေးနှစ်ယောက်နဲ့ ခန်းမသခင်တွေလည်းရှိနေလိမ့်မယ်....."

လီလော့ ခေါင်းညိတ်လိုက်သည်။ လမ်းတစ်လျှောက်တွင် လီရုန်ယွင့်က သူ့အဘိုး လီကျင်းဇယ်တွင် သားသုံးယောက်ရှိခြင်းအပါအဝင် နဂါးစွယ်ကလန်၏ အတွင်းရေးကိစ္စအချို့ကိုလည်း ရှင်းပြခဲ့သည်။ အသက်အကြီးဆုံးမှာ လီချင်းဖန်ဖြစ်ပြီး ဒုတိယအကြီးဆုံးမှာ လီကျင်းပန် ဖြစ်သည်။သူ့အဖေကတော့ တတိယမြောက်သား လီတိုင်ရွှမ် ဖြစ်သည်။

ထို့ကြောင့်၊ ရာထူးသက်တမ်းအရ လီချင်းဖန် သည် အကြီးဆုံးဦးလေးဖြစ်ပြီး၊ လီကျင်းပန်က ဒုတိယဦးလေးဖြစ်သည်။ မိသားစုဆက်ဆံရေးအရ လီရုန်ယွင့်ထက်ပင် သူတို့က သူနှင့်ပိုမိုနီးစပ်သည်။

လီလော့ စိတ်ထဲကနေတိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သွေးရင်းသားရင်းများ တယောက်ပြီး တယောက် ရုတ်ချည်းပေါ်လာကြသော်လည်း ထိုသူတို့နှင့်ဆက်ဆံရမည်မှာ သေချာပေါက် ခေါင်းကိုက်စရာပင်။

" ဒီကိစ္စကို စိတ်ပူနေဖို့ မလိုပါဘူး....နင့်ဦးလေး နှစ်ယောက်လုံးက တော်ကြတယ်.... အကြီးဆုံးဉီးလေးလီချင်းဖန်က ဖော်ရွေတဲ့သူဖြစ်ပြီး လီကျင်းပန်က နည်းနည်း စည်းကမ်း တင်းကြပ်ပေမယ့် ရိုးရိုးဖြောင့်ဖြောင့်သမား..... အရေးအကြီးဆုံးကတော့ သူတို့အားလုံး နင့်ကို ကြိုဆိုဖို့ စောင့်နေတယ်....." လီရုန်ယွင့်သည် လီလော့ ၏စိတ်ကို ဖတ်နိုင်ပုံရပြီး နှစ်သိမ့်ခဲ့သည်။

လီလော့က ကူကယ်ရာမဲ့ ပြုံးပြီး ခေါင်းညိတ်သည်။ ဒီအချိန်ရောက်မှ အမြီးကုပ်ပြီးလှည့်ပြေးလို့လည်းမရတော့ပေ။

စကားပြောပြီးသောအခါ လှေပျံသည် တောင်ထိပ်အနီးရှိ ကျောက်စင်္ကြံတစ်ခုပေါ်သို့ ဆင်းသက်ခဲ့သည်။ အပေါ်ထပ်သို့တက်သော ကျောက်လှေကားတစ်ခုရှိပြီး ရှေးဟောင်းမဏ္ဍပ်ဆီသို့ ဦးတည်သွားသည်ကို မြင်နိုင်သည်။

ထို့အပြင်၊ ပလက်ဖောင်း၏ နှစ်ဖက်စလုံးတွင် မရေမတွက်နိုင်သော ပုဂ္ဂိုလ်များ ရပ်နေကြသည်။ တောင်ပေါ်ရှိသစ်ပင်များပေါ်၌ပင် လှေပျံကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုသူများနှင့် ပြည့်နေသည်။

လီရုန်ယွင့်၏ လှေပျံ ဆိုက်ကပ်သောအခါတွင် လူငယ်နှစ်ဦးက လူအုပ်ကြီးကြားထဲကနေ ပြေးထွက်လာသည်။

"ဒေါ်လေးယွင့်..." တစ်ယောက်က အမျိုးသားတစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ အမျိုးသမီးတစ်ဦးဖြစ်သည်။ နှစ်ဦးစလုံးက လီရုန်ယွင့်ကို လေးစားစွာ အရိုအသေပြုနေကြသည်။

"အိုး! ကျင်းထောင် နဲ့ ဖန်းရိတို့ပါလား.."

လီရုန်ယွင့်က သူတို့ကို ခေါင်းညိတ်ပြရင်း ပြုံးလိုက်သည်။

သူ့အနောက်မှာ ရပ်နေတဲ့ လီလော့ကတော့ သူ့နှလုံးသား အနည်းငယ် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။

သူ့အကြီးဆုံးဉီးလေးမှာ လီကျင်းထောင် ရှိပြီး ဒုတိယဦးလေးမှာ လီဖန်းရိ ရှိနေပြီဆိုတာ သူသိပြီးသားဖြစ်သည်။တကယ်တော့ ထိုနှစ်ယောက်သည် သူ၏ ဝမ်းကွဲမောင်နှမများဖြစ်သည်။

လီလော့သည် ငယ်ရွယ်ပြီး ကြံ့ခိုင်သန်မာသော အမျိုးသားကို ဦးစွာ အာရုံစိုက်ခဲ့သည်။ထိုလူငယ်က ဆံပင်တိုတိုနှင့်လက်မောင်းအနည်းငယ်ရှည်ကာ အနည်းငယ်ထွားကျိုင်းပုံရသည်။ သူသည် နွေးထွေးသော အမူအရာ ရှိပြီး သူ့မျက်နှာပေါ်တွင် နှစ်လိုဖွယ်အပြုံးတစ်ခုရှိနေသည်။ တစ်နည်းအားဖြင့် သူသည် အနည်းငယ်ပျင်းရိသူတစ်ယောက်၏ ခံစားချက်နှင့်မတူဘဲ သူ့ကိုယ်သူ မည်သို့ပျော်ရွင်ရမည်ကိုသိနေသူတစ်ယောက်လိုပင်...

အခြားတစ်ဖက်တွင်မူ ထိုအမျိုးသမီးသည် ပို၍ထူးချွန်ပုံပေါက်သည်။

သူမသည် အရပ်ရှည်ပြီး သွယ်လျကာ ဆံပင်ကိုခပ်မြင့်မြင့်စည်းနှောင်ထားသည်။ သူမသည် လှပသောမျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားပြီး အထူးသဖြင့် သူမ၏ခပ်ချွန်ချွန်နှာတံကြောင့် သူမ၏ပါးပြင်များကို ပိုမိုသိသာထင်ရှားစေသည်။ သူမ၏ မိုးမခလို မျက်ခုံးမွှေးနှင့် ပေါင်းလိုက်သောအခါ ဓားတစ်လက်လို ထက်မြက်သော ခံစားချက်ကိုပေးစွန်းနေသည်။

အနီရောင်ခါးပတ်ကို သူမ၏သွယ်လျသောခါးတွင် ချည်နှောင်ထားပြီး ၎င်းသည် သူ့ကိုယ်သူ တိုးတက်ရန် အမြဲကြိုးစားနေသည့် စွမ်းရည်နှင့် သန်မာသည့်ခံစားချက်ကို ပေးစွမ်းသည်။

ဤသည်မှာ သူ၏ဒုတိယဦးလေး၏သမီး လီဖန်းရိဖြစ်သည်။ လီလော့က သူတို့နှစ်ယောက်ကို အကဲခတ်နေသလို သူတို့ရဲ့ အကြည့်တွေကလည်း သူ့အပေါ်ကို ရောက်ရှိနေသည်။

ထို့နောက် တစ်ချိန်တည်းမှာပင် သူတို့၏မျက်လုံးများထဲတွင် အံ့အားသင့်မှုတစ်ခု ပေါ်လာသည်။

သူတို့ရှေ့က လူငယ်သည် အရပ်ရှည်ပြီး သွယ်လျကာ ငွေမှင်ရောင်ဆံသားများပိုင်ဆိုင်ထားသည်။ သူ့မျက်နှာအသွင်အပြင်က လီတိုင်ရွှမ် ငယ်ငယ်တုန်းကနဲ့ ဆင်တူပေမယ့် သူ့ရဲ့ချောမောတဲ့ရုပ်ရည်နဲ့ တမူထူးခြားနေသည်။

ထိုလူငယ်တွငိ တောက်ပတည်ငြိမ်တဲ့ မျက်လုံးတစ်စုံရှိပြီး ဝေးလံခေါင်သီးသောဒေသမှလာခဲ့သည်ဟုထင်ရသော်လည်း နဂါစွယ်တောင်တန်း၏ ခမ်းနားထည်ဝါမှုနှင့် ရင်ဆိုင်ရသောအခါတွင်မူ သူသည် နေမထိ ထိုင်မသာ ဖြစ်နေခြင်းမျိုး မရှိခဲ့ပေ။

လီလော့သည် ဤနှစ်ယောက်၏ စိုက်ကြည့်ခြင်း ခံရသောအခါ အနည်းငယ် အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူ့အကြီးဆုံးဦးလေးနှင့် ဒုတိယဦးလေး မည်ကဲ့သို့ထင်မြင်သည်ကိုလည်းမသိနိုင်သေးပေ။ သူတို့သည် သူ့အဖေ၏ ညီအစ်ကိုများပင်ဖြစ်သော်လည်း ဤမျှကြီးမားသောမျိုးရိုးကြီးတွင် မောင်နှမအချင်းချင်း ခါးခါးသီးသီး ရန်ဆောင်နေခြင်းမျိုးရှိပေလိမ့်မည်။ဉပမာအားဖြင့်...ကိုယ်စားအုပ်ချုပ်သူနှင့် မင်းသမီးတို့၏ဆက်ဆံရေးကိုကြည့်လျှင်သိနိုင်သည်။

နဂါးစွယ်ကလန်သည် ရှပြည်ထောင်စုနှင့် နှိုင်းယှဉ်လျှင် ပို၍ပင် အရည်ရွှမ်းသော အသားပိုင်းနှင့်တူနေသည်။

ထို့ကြောင့် ဤဦးလေးနှစ်ယောက်သည် သူ့အဖေကို သတိထားလျှင် သားသမီးများက သူ့ကို ကြင်ကြင်နာနာ မဆက်ဆံကြမည်မဟုတ်ပေ။ ထို့အပြင် ထက်မြက်သော ဖခင်သည် ၎င်းတို့၏ အကြီးမားဆုံး ပြိုင်ဖက် ဖြစ်လာမည်ဖြစ်သည်။

ဒါက ကံဆိုးပေမယ့် မကြာခဏမြင်ရတဲ့ရလဒ်ပင်....

အစ်ကိုကြီးနှင့် ဒုတိယအစ်မသည် မျိုးနွယ်ထဲသို့မဝင်မီ သူ့ကို အရှက်ရစေကာ အနာဂတ်တွင် သူ့အတွက် ခက်ခဲစေမည့်အရာများကို ကြိုးပမ်းခဲ့မည်ဆိုလျှင်၊ ၎င်းသည် အာဏာအတွက်ရုန်းကန်နေရသော မိသားစုတစ်ခုအတွင်းက သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုမျှသာဖြစ်သည်။ .

လီလော့၏ အတွေးများ ဆက်လက် ပျံ့လွင့်လာသည်နှင့်အမျှ လီကျင်းထောင်က ရှေ့သို့ လှမ်းလာကာ ပြုံးလျက် လီလော့ရှေ့မှာ ရပ်လိုက်သည်။

"လီလော့?"

လီလော့က တည်ငြိမ်စွာ ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။

ထိုအချိန်တွင် သူသည် စိတ်ကြွဆေးပြားများသောက်သုံးလိုက်သလို သူ့ရဲ့ ရှည်လျားတဲ့လက်တွေကိုဆန့်ထုတ်ကာ "ညီလေး... မင်း အများကြီးဒုက္ခခံခဲ့ရပြီ...... မြန်မြန် ငါ့ကို 'အစ်ကိုကြီး' လို့ ခေါ်ပါ" လို့ အော်ရင်း လီလော့ကိုပွေ့ဖက်လိုက်သည်။

လီလော့က သူ့ဝမ်းကွဲမောင်နှမတွေကို ကိုင်တွယ်ဖို့ သူ့ခေါင်းထဲမှာ ကြိုတင်ပြင်ဆင်မှုတွေ မျိုးစုံလုပ်ထားပေမဲ့ ရယ်ချင်စိတ်ကို မနည်းထိန်းနေရသည်။

ငတုံးအစ်ကိုကြီးကို အထင်ကြီးမိတာငါ့မှားပဲ......

All Chapters