← Chapters

အကြီးဆုံးအစ်ကိုနှင့် ဒုတိယအစ်မ........

Vol. 53 Ch. 739

အကြီးဆုံးအစ်ကိုနှင့် ဒုတိယအစ်မ........

Vol. 53 Ch. 739

စိတ်အားထက်သန်သော လီကျင်းထောင်နှင့် ရင်ဆိုင်ရသောအခါ လီလော့ အနည်းငယ် ရှက်ရွံ့သွားသည်။ လီကျင်းထောင်ရဲ့ ပွေ့ဖက်

မှုကနေ လွတ်မြောက်ချင်ပေမယ့် အရမ်းတင်းကျပ်လွန်းနေသည်။

"တွေ့ရတာဝမ်းသာပါတယ် အစ်ကိုကြီးကျွန်တော်က လီလော့ပါ..."

ဝါစဉ်အရဆို လီကျင်းထောင်က တကယ်ပဲ သူ့အကြီးဆုံးအစ်ကိုဖြစ်သည်။

"ဟားးဟားးးး မင်းက တတိယဦးလေးရဲ့သားပီသတယ်.....မင်းအဖေရဲ့ရုပ်ရည်ချောမောမှုကို ပိုင်ဆိုင်ထားတာ တကယ်ကံကောင်းတယ်..... တတိယဦးလေးက ငါ့အဖေမဟုတ်တာအတော်ကံဆိုးတာပဲ.....ဒါကြောင့်မို့ဒီရုပ်ရည်ဖြစ်နေတာ...."

လီကျင်းထောင်က လီလော့၏ ပခုံးကို စိတ်အားထက်သန်စွာ ပုတ်လိုက်သည်။

ထိုအခါ လီလော့ မျက်နှာပေါ်က အပြုံးများ အေးခဲသွားသည်။

"လီကျင်းထောင် နင် တည်တည်တံ့တံ့နေလို့မရဘူးလား...."

မိန်းမပျို၏ အသံက အေးစက်စွာ ထွက်ပေါ်လာသည်။

အားအင်လွန်ကဲလွန်းသော လီကျင်းထောင် ကို ငုံ့ကြည့်ရင်း လီဖန်းရီ၏ မိုးမခသဏ္ဍာန် မျက်ခုံးများ မှိတ်ထားသည်။

"အခုမှတွေ့ဖူးတဲ့သူကို အတင်းကာရောပခုံးဖက်နေတာ မရှက်ဘူးလား.... ”

လီဖန်းရိ၏သတိပေးချက်ကိုကြားတော့ လီကျင်းထောင်က လက်တွေကိုအမြန်ပြန်ရုတ်လိုက်သည်။ အစအကြီးဆုံးအစ်ကိုဖြစ်

သော်လည်း ပြင်းထန်ပြီး ပြတ်သားသော ဒုတိယညီမကို အနည်းငယ်ကြောက်နေပုံရသည်။

"ဖန်းရိ.... နင် ဒီနေရာကို ငါ့ထက်အရင်ရောက်နေတာ မဟုတ်ဘူးလား..နင်လည်း တတိယဉီးလေးကို လေးစားအားကျခဲ့တာပဲလေ...."

လီကျင်းထောင်က ငြီးတွားလိုက်သည်။

လီဖန်းရိက အံကြိတ်ရင်း လီကျင်းထောင်ကို စိုက်ကြည့်ကာ.... "ပါးစပ်ပိတ်ထား....ငါကိုးကွယ်တဲ့သူက တတိယဦးလေး.. သူ့သားမဟုတ်ဘူး!"

ထို့နောက်တွင်၊ သူမသည် လီကျင်းထောင်ကိုလျစ်လျူရှုကာ လီလော့ကို စိုက်ကြည့်ရင်း ရှေ့သို့ လျှောက်လာခဲ့သည်။

"နင်က တတိယဦးလေးနဲ့တကယ်တူတယ်..... ငါက လီဖန်းရိပါ... 'ဒုတိယအစ်မ' လို့ ခေါ်နိုင်တယ်" လို့ အေးအေးဆေးဆေး ပြောလိုက်သည်။

လီလော့ ပြုံးလိုက်ကာ.... "လီလော့က ဒုတိယအစ်မကို နှုတ်ဆက်ပါတယ်...."

နဂါးစွယ်နယ်မြေတွင်ရှိနေသော်လည်း ထိတ်လန့်မှုအနည်းငယ်မရှိဘဲတည်ငြိမ်သော လီလော့၏အမူအရာကို ကြည့်ရင်း သူမ၏မျက်လုံးထဲတွင် ကြည်နူးမှုများ ပေါ်လာသည်။ သူသည် ဝေးလံခေါင်သီသောဒေသမှရောက်လာ လာသော်လည်း မာနကြီးပြီး ယုံကြည်ချက် ရှိနေသည်။ သူဘယ်လောက် အရည်အချင်းရှိတယ်ဆိုတာ မသိပေမယ့် တတိယဦးလေးရဲ့ ရင်သွေးမို့အများကြီးမျှော်လင့်ထားမိသည်။

ရုပ်ရည်ကလည်း တော်တော်ကြည့်ကောင်းသည်။သူမသည် မူလကောင်းကင်တိုက်ကြီးတွင်မွေးဖွားကြီးပြင်းခဲ့သောကြောင့် မရေမတွက်နိုင်သော ဆွဲဆောင်မှုရှိသည့် လူငယ်များကို မြင်တွေ့ခဲ့ရသော်လည်း သူမ၏ မောင်လေးကတော့ အချောတကာ့အချောဆုံးပင်.....

"လီလော့က သူ့မိဘတွေဆီ ရုပ်ရည်ချောမောတာကို အမွေဆက်ခံနိုင်ခဲ့တာပဲ...."

ထိုကဲ့သို့ ချောမောသော ငယ်ရွယ်နုပျိုကောင်လေးဆီက 'ဒုတိယအစ်မ' ဟု ခေါ်သံကို ကြားလိုက်ရသောအခါတွင် သူမ၏ နှလုံးသားထဲတွင်ပျော်ရွှင်မှု အရိပ်အမြွက် များပွင့်လန်းလာသည်။ အရင်တုန်းကတော့ သူမမှာ မောင်နှမသားချင်းဆိုလို သာမန်ရွက်ကြမ်းရေကျို ကျင်းထောင်တစ်ယောက်သာရှိခဲ့သည်။ အခု သူ့မှာ မောင်လေးတစ်ယောက်ရှိလာပြီဆိုသောကြောင့် မျက်နှာပွင့်လာပေတော့်မည်။ နောက်တစ်ကြိမ်တွင် အခြားမျိုးနွယ်စုလေးခုမှ ခွေးမများနှင့်တွေ့သောအခါ သူမ၏ မောင်လေးကို ဝိုင်းလုကြမည်ကိုမြင်ယောင်နေပြီ.....

"မောင်လေး... ခရီးကြမ်းလို့ပင်ပန်းနေပြီလား.... အဘိုးနဲ့ ငါ့အဖေတို့တွေစောင့်နေကြတာမို့ လောလောဆယ် ခဏတော့သည်းခံပေးဉီးနော်..... သိပ်စိုးရိမ်နေစရာ မလိုပါဘူး.... နင် ပြန်လာတာကို အားလုံးက စောင့်မျှော်နေကြတာ...."

"သွားကြမယ်...ဒီအစ်ကိုကြီးက လမ်းပြပေးမယ်..."

လီကျင်းထောင်က လီလော့၏ လက်ကို ဆွဲကိုင်လိုက်ပြီး ကျောက်သားလမ်းဆီ ဉီးဆောင်သွားခဲ့သည်။

လီဖန်းရိက ကျယ်လောင်စွာဖြင့်...

"နင်တို့ ဘာကြည့်နေတာလဲ.... ဒါက ငါ့ရဲ့ တတိယဦးလေးရဲ့သား....သူ့နာမည်က လီလော့....သူက ငါတို့ထဲက တစ်ယောက်မို့ တောသားဆိုပြီးလှောင်ပြောင်ရဲတဲ့သူ ငါနဲ့တွေ့မယ်...."

သူမ၏ ကြေငြာချက်ကြောင့် တချို့က ရယ်မောနေသော်လည်း လီလော့ ကို အာရုံစိုက်နေသည့် အကြည့်များ ကွယ်ပျောက်ပြီး လူအုပ်ကြီး တဖြည်းဖြည်း လူစုကွဲသွားသည်။ သို့သော် တီးတိုးသံအချို့ကို ကြားနိုင်သေးသည်။

"ဒါ တတိယသခင်ကြီးရဲ့သားလား...."

"သူက ချောတယ်နော်...."

" ရုပ်ရည်ချောတာ ဘာလုပ်ရမလဲ၊ ဒါက အလှမယ်ပြိုင်ပွဲ မဟုတ်ဘူး....အရည်အချင်းရှိမရှိကြည့်ရမှာ....အပြင်ဘက်နတ်ဘုရားကုန်းမြေမှာ အရင်းအမြစ်တွေ နည်းပါးတဲ့အတွက် ကျင့်ကြံမှု နှေးကွေးတယ်လို့ ငါကြားဖူးတယ်.... ဒါကြောင့် လီလော့က ထင်သဆလောက်အရည်အချင်းရှိမှာမဟုတ်ဘူး..."

"စောင့်ကြည့်ရမှာပေါ့.... ငါတို့ ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ အခွင့်အရေး ရှိမှာပါ... ပထမသခင်ကြီး ပြောခဲ့သလိုပဲပေါ့ နဂါးစွယ်ကလန်မှာ အရည်အချင်းရှိသူတွေအတွက်ပဲနေရာရှိတယ်....ကျန်တာတွေ အရေးမကြီးဘူး...."

လီဖန်းရိက လီလော့ဘက်သို့ လှည့်လိုက်ပြီး...

"မောင်လေး... နဂါးစွယ်ကလန်မှာ လူတွေအများကြီးရှိတယ်...နင့်ကိုတစ်ယောက်ယောက်အနိုင်ကျင့်ရင် ငါ့ကိုလာပြော...."

လီလော့ က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ်.... ဒုတိယညီမ၊ ဒါပေမယ့် တောင်းဆိုစရာတစ်ခုရှိတယ်..."

"ပြောလေ...."

"ကျွန်တော့်ကို 'လီလော့' ဒါမှမဟုတ် ရှောင်လော့လို့ခေါ်ပါလား... 'မောင်လေး'ဆိုတာကြီးကတမျိုးကြီးဖြစ်နေသလားလို့......"

လီဖန်းရိ ခေါင်းညိတ်လိုက်ကာ... "ကောင်းပြီ... 'မောင်လေး' မှာ တခြား တောင်းဆိုစရာ ရှိသေးလား...."

လီလော့ ဘာပြောရမှန်းတောင်မသိတော့ပေ။

“မရှိပါဘူး....…” ထို့နောက် ခေါင်းယမ်းကာ ကျင်းထောင် နောက်သို့ လိုက်သွားခဲ့တော့သည်။

လီဖန်းရိက လီရိုယွင်နှင့်အတူ ပေါ့ပေါ့ပါးပါး ရယ်မောရင်း ဘေးချင်းကပ် လမ်းလျှောက်နေသည်။

"ဘာတွေထူးလဲ?"

လီဖန်းရိက လီရုန်ယွင့်၏လက်ကို ဆုပ်ကိုင်လိုက်ကာ နှစ်ယောက်သားသာ ကြားနိုင်သည့် အသံတိုးတိုးဖြင့် "မဆိုးပါဘူး... သူက ရုပ်ချောတယ်ဆိုတော့ ပင်ကိုယ်စွမ်းရည်က မဆိုးဘူးပဲမျှော်လင့်ရမယ်...အပြင်ဘက်နယ်မြေမှာအချိန်အတိုင်းအတာတစ်ခုအထိ အချိန်ဖြုန်းနေခဲ့ရပေမယ့် အခြေနေကောင်းသားပဲ ”

လီရုန်ယွင့်သည် လီလော့၏ သုံးဆပဲ့တင်ထပ်သံသုံးခုအကြောင်းကို တွေးပြီးစိတ်ထဲကနေ ရယ်မောလိုက်သည်။ ဤသည်မှာ အဆင့်ကိုး ပဲ့တင်ထပ်သံနှင့်ယှဉ်နိုင်သော အရည်အချင်းတစ်ခုဖြစ်သည်။ ပဲ့တင်ထပ်သံသုံးခုအသုံးပြုသူများသည် အလယ်ပိုင်းနတ်ဘုရားတိုက်ကြီးများတွင်ပင် ရှားပါးပြီး လီလော့၏ မွေးရာပါစွမ်းရည်ကို သံသယဝင်ဖို့မလိုပေ။ သို့တိုင် သူသည် ခြေတစ်လှမ်း နောက်ဆုတ်နေခဲ့သည်။ ဥပမာ လီကျင်းထောင် နှင့် လီဖန်းရိ သည် လီလော့ထက် တစ်နှစ်သာ အသက်ကြီးသော်လည်း နတ်ဆိုးခန္ဓာအဆင့် တွင် ရှိနေပြီဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ အသက်အရွယ် ကွာခြားချက်ဖြစ်သည်။ သူတို့နှစ်ယောက်က လီလော့ရဲ့ အသက်အရွယ်တုန်းကဆို နတ်ဆိုးနန်းတော်အဆင့်တွင်သာရှိခဲ့သည်ကို ယောင်ဝါးဝါး မှတ်မိနေခဲ့သည်။ နှိုင်းယှဥ်မယ်ဆိုရင် လီလော့က သူတို့နဲ့ ယှဉ်ရင် ပိုထူးချွန်သည်ဟုဆိုရမည်။ အထူးသဖြင့် အရင်းမြစ်ချို့တဲ့သောနေရာတွင်ကြီးပြင်းခဲ့ရသော်လည်း လီဖန်းရိနှင့်လီကျင်းထောင်တို့ကိုအမှီလိုက်နိုင်သည်။ဤသည်မှာ ထူးခြားသောအရည်အချင်းဟုဆိုရပေမည်။

ကျင့်ကြံခြင်းဟူသည် နောက်တစ်ဆင့်ကို ဖြည်းဖြည်းချင်း ချီတက်တဲ့ လုပ်ငန်းစဉ်တစ်ခုပင်။ပါရမီရှိခြင်းသည် ပိုမိုကျယ်ပြန့်သော အယူအဆတစ်ခုလည်းဖြစ်သည်။ အထူးသဖြင့်မြို့စားအဆင့် သို့ရောက်သောအခါတွင် ၎င်းသည် ပဲ့တင်ထပ်သ၏အဆင့်ပေါ်တွင် မှီခိုနေမည်မဟုတ်တော့ပေ။အရည်အချင်းရှိပြီးအခြေခိုင်သူတစ်ယောက် ပြသနိုင်သည့် ခွန်အားသည် အလားတူ ပဲ့တင်ထပ်သံအဆင့်ရှိသော တစ်စုံတစ်ဦးထက် အဆပေါင်းများစွာ သာလွန်နေပေလိမ့်မည်။

လန်လန်သည် ပဲ့တင်ထပ်သံအဆင့်နိမ့်သော်လည်း ကုန်းရှန်ကျွင်းနှင့်မင်းသမီးတို့လို အဆင့်မြင့် ပဲ့တင်ထပ်သံပိုင်ဆိုင်ထားသူများကို မင်ဘုရင်ကျမ်းစာဖြင့်နှိမ်နှင်းနိုင်ခဲ့သည်။ထိုဖြစ်ရပ်က ရှန့်ပိန်းတွေ့ဆုံပွဲ အထင်ရှားဆုံးဖြစ်ခဲ့သည်။

...............

လီကျင်းထောင်က လီလော့လက်ကိုဆွဲ၍ ခေါ်ဆောင်သွားစဉ် လမ်းတလျှောက်က ပရိတ်သတ်များကို မောင်းထုတ်မေသည်။ထို အသံများကို နားထောင်ရင်း လီလော့ နောက်တစ်ကြိမ် လုံးဝ အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။ သူ၏ စျေးပေါသော အကြီးဆုံးအစ်ကိုသည် လူတိုင်းကိုအထင်ကြီးစေသည်။ သို့သော် သူ့သဘောထားက စစ်မှန်သောပုံပေါက်သည်။

လီဖန်းရိလည်း အလားတူပင်။ တိုတောင်းသောတွေ့ဆုံမှုတွင် သူမသည် စူးစမ်းလိုစိတ်အချို့ကို ဖော်ပြခဲ့သော်လည်း အလွန်ကြင်နာတတ်သူဖြစ်ကြောင်း ခံစားနေရသည်။

ထို့ကြောင့် လီလော့အနေဖြင့် လီရုန်ယွင့် ကြိုပြောခဲ့သော စကားများကို ယုံကြည်ရပေတော့မည်။

ဒါတွေအားလုံးက လီလော့ စိတ်သက်သာရာရစေခဲ့သည်။ သူသည် မိသားစုရန်ငြိုးများကိုဘေးဖယ်ပြီးဒီနေရာတွင် အေးအေးဆေးအေး ကျင့်ကြံနိုင်ပေတော့မည်။

မိနစ်အနည်းငယ်ကြာပြီးနောက် လီလော့တို့ ကျောက်လှေကားထစ်ထိပ်သို့ ရောက်ရှိလာပြီး သူ့ရှေ့တွင် ဘိုးဘေးခန်းမတစ်ခုလို ရှေးဟောင်းမဏ္ဍပ်တစ်ခုကို တွေ့လိုက်ရသည်။ ဘက်သုံးဘက်တွင် ရေများဖြင့် ဝန်းရံထားပြီး စိမ်းလန်းစိုပြေသော အရိပ်များဖြင့် ဝန်းရံထားသည့် အပြာရောင်ကျောက်တုံလမ်းကြောင်းအတိုင်း အထဲသို့ဝင်သွားခဲ့ကြသည်။

လီရုန်ယွင့်က ဦးဆောင်၍ ဘိုးဘေးခန်းမရှေ့သို့ ရောက်ရှိသောအခါ "အဖေ....ကျွန်မ .. တိုင်ရွှမ်ရဲ့မျိုးဆက်ကို ခေါ်လာခဲ့ပါပြီ....."

"ဝင်ခဲ့ပါ"

အဘိုးအိုတစ်ယောက်၏ အသံသည် တောင်တန်းကဲ့သို့ ငြိမ်သက်ခြင်းနှင့်အတူ ဘိုးဘေးခန်းမအတွင်းမှ ထွက်ပေါ်လာသည်။ ၎င်းသည် တောင်ထိပ်ပေါ်တွင် ကုပ်တွယ်နေသော ရှေးနဂါးတစ်ကောင်နှင့်တူပြီး အရာအာလုံးကို အမိန့်ပေးနိုင်သူနှင့်တူသည်။

လီရုန်ယွင့်က တံခါးမကြီးကို တွန်းဖယ်လိုက်သည့်အခါ ပွင့်လာတဲ့ အက်ကွဲကြောင်းတစ်လျှောက် အလင်းတန်းတွေ ဖြန့်ကျက်နေသည်။

လီလော့ အတွင်းထဲကို တိုက်ရိုက်ကြည့်လိုက်တော့....

များပြားလှသော အကြီးအကဲများထိုင်နေကြပြီး အားလုံးမှာ ထူးထူးခြားခြား စိတ်ထားများ ရှိသည်။ လီလော့ ဗဟိုတွင် ထိုင်နေသူကိုစိုက်ကြည့်မိသောတခဏတွင် ထိုသူ၏ မျက်လုံးများပွင့်လာခဲ့သည်။

ထိုအဖိုးအိုသည် မီးခိုးရောင် ၀တ်စုံဝတ်ဆင်ထားပြီး နွေးထွေးနှစ်လိုဖွယ်ကောင်းသူတစ်ယောက်ပင်.....

သူ့အကြည့်တွေက တံခါးနားက နေရောင်အောက်မှာ ရပ်နေတဲ့ လူငယ်ကို စူးစိုက်ကြည့်နေသည်။

ထိုလူငယ်သည် အရပ်ရှည်သွယ်လျပြီး အနည်းငယ် မရင့်ကျက်သော မျက်နှာထားရှိ သော်လည်း သူ့မျက်နှာသည် အဘိုးအိုကို ရင်းနှီးသောရုပ်သွင်ကို သတိရစေသည်။ ဤအခိုက်အတန့်၌ သူ့အတွေးထဲတွင် မှတ်ဥာဏ်ဟောင်းတစ်ခု ပေါ်လာသည်။

လီတိုင်ရွှမ် ငယ်စဉ်က ပြုံးနေသော မျက်နှာဖြင့် သူ၏ ထက်မြက်မှုကို ထုတ်ဖော်ပြသလျက် ဤတံခါးဝ၌ပင် ရပ်နေခဲ့ဖူးသည်။ ထို့နောက် သူ့လက်ကို ဝှေ့ယမ်းပြီး အကြောက်အလန့်ကင်းစွာ လူအိုကြီးဟုလည်းခေါ်ခဲ့ဖူးသည်။

အဘိုးအိုထံမှ ဆို့နစ်အက်ကွဲသော စကားသံထွက်ပေါ်လာချေပြီ.....

"တိုင်ရွှမ်... နောက်ဆုံးတော့ ပြန်လာပြီပေါ့...."

All Chapters