နဂါးခေါင်းလောင်း......
Vol. 53 Ch. 742
ချောက်ကမ်းပါးထိပ်ရှိ ကွဲအက်နေသော ရှေးဟောင်းနဂါးခေါင်းလောင်းဘေးတွင် ရပ်နေသော လူငယ်ကို မျက်လုံးများစွာ စူးစိုက်ကြည့်နေသည်။
နေရောင်ခြည်အချို့က တိမ်များကိုဖြတ်၍ လီလော့အပေါ်ကို နွေးထွေးစွာ ဖြာကျနေသည်။ လူငယ်၏ ဖြူဖွေးသော ဆံပင်များက နေရောင်ကို ရောင်ပြန်ဟပ်ကာ သူ့အဖေထံမှ အကောင်းဆုံးသော အသွင်အပြင်များကို အမွေဆက်ခံထားသည့် သူ့မျက်နှာသည် နုပျိုလတ်ဆတ်သောခံစားချက်ကိုပေးစွမ်းနေသည်။
လီဖန်းရိက သူမ မောင်လေး၏
အသွင်အပြင်ကို အလွန်သဘောကျခဲ့ပြီး လီကျင်းထောင်ဘက်သို့လှည့်ကာ မှတ်ချက်ပေးခဲ့သည်။
"နဂါးခေါင်းလောင်းကိုတီးခတ်ဖို့ အရည်အချင်း မလိုအပ်ဘဲ ရုပ်ရည်ပေါ် မူတည်နေမယ်ဆို ငါတို့မောင်လေးက ထွေထွေထူးထူးအားထုတ်နေစရာတောင်မလိုဘူး ခေါင်းလောင်းနားမှာ ရပ်နေရုံနဲ့ သူ့အလိုလို အသံမြည်လာလိမ့်မယ်..."
လီကျင်းထောင်က စိတ်အားထက်သန်စွာဖြင့် ပြုံးကာ.... "ဖန်းယီ... အဆင်းလှတာကိုပဲကြည့်မနေနဲ့....အရည်အချင်းရှိဖို့လဲလိုသေးတယ်...."
လီဖန်းရိက "လီကျင်းထောင်...နင် ရုပ်မချောတိုင်း သူများကို မနာလိုဖြစ်မနေနဲ့.... လူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန် ဘယ်လောက်ထိ အသုံးဝင်မလဲဆိုတာ နင်မသိဘူးမလား...."
"ဟေးးးး ငါ အဲ့လောက်ကြီးလဲရုပ်မဆိုးပါဘူးဟာ....."
"ဒါက နင်ကိုယ်နင် ဘယ်သူနဲ့ နှိုင်းယှဉ်မလဲ ဆိုတာ မူတည်တယ်"
လီကျင်းထောင်သည် ဤစကားဝိုင်းကို ဆက်ရန် အဓိပ္ပါယ်မရှိတော့သလို ခံစားရသောကြောင့် ခေါင်းစဉ်ကို ချက်ချင်းပြောင်းလိုက်သည်။
"ညီလေး အောင်မြင်မယ်ထင်လား"
လီဖန်းရိ၏ မိုးမခသစ်ရွက်နှင့်တူသော မျက်ခုံးများသည် မျက်မှောင်ကြုတ်သွားကာခေါင်းယမ်းလိုက်သည်။ "မသိဘူး... အဆင့်ခြောက်ပဲ့တင်ထပ်သံနဲ့ဆို မအောင်မြင်မှာပဲစိတ်ပူတယ်...
"ဒါပေမယ့်၊ သူအဲ့လောက်တော့ တုံးအမှာမဟုတ်ဘူး.... သူနဲ့တွေ့တဲ့အချိန်ကတည်းက ဉာဏ်ရည်ထက်မြက်တယ်ဆိုတာ သိခဲ့တယ်" ဟု လီကျင်းထောင်က ပြောကြားခဲ့သည်။
"သူ့အစွမ်းကို ဖုံးကွယ်ထားတယ်လို့ ပြောချင်တာလား..." လီဖန်းရိ အံ့သြစွာမေးလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် အဆင့်ခြောက်ပဲ့တင်ထပ်သံ ရှိတယ်လို့ ပြောတယ်....သူ လိမ်မယ် မထင်ဘူး...." လီကျင်းထောင်က သူ့သံသယတွေကို ထုတ်ပြောရင်း ခေါင်းယမ်းလိုက်သည်။
"စောင့်ကြည့်ရမှာပေါ့...."
မျိုးဆက်သစ်လူငယ်နှစ်ယောက် စကားစမြည်ပြောဆိုစဉ် လီချင်းဖန်က လီကျင်းပန်၏လက်ကို ဖမ်းကိုင်လိုက်ပြီး
"လွန်ခဲ့တဲ့ အနှစ်တစ်ရာက နဂါးခေါင်းလောင်းကို အဆင့်ခြောက် ပဲ့တင်ထပ်သံနဲ့အသံမြည်အောင်လုပ်ဖူးတယ်မလား..." လို့ စိုးရိမ်တဲ့အရိပ်အမြွက်နဲ့ မေးလိုက်သည်။
လီကျင်းပန်က ခေါင်းယမ်းကာ ရယ်မောလိုက်ပြီး.... "ဘာတွေပြောနေတာလဲ....အဆင့်ခြောက် ပဲ့တင်ထပ်သံရှိသူက ဘယ်လိုမျိုး အရည်အချင်းပြည့်မီနိုင်မှာလဲ"
ကောင်းကင်ဧကရာဇ်လီ၏သွေးမျိုးဆက်မှ မည်သူမဆို ခေါင်းလောင်းတီးရန် ကြိုးပမ်းနိုင်သည်ဟု စည်းမျဉ်းများ ပြဋ္ဌာန်းထားသော်လည်း အဆင့်ခြောက်ပဲ့တင်ထပ်သံသံပိုင်ဆိုင်သူတစ်ဦးက ဤစိန်ခေါ်မှုကို လက်ခံလိုပါက မျိုးနွယ်စုအကြီးအကဲများကို စည်းရုံးရမည်ဖြစ်သည်။ ထိုမှသာနည်းလမ်းအချို့အတွက်အကြံဉာဏ်ရနိုင်ပေမည်။
လီချင်းဖန်က အေးအေးလူလူ လက်နောက်ပစ်နေသည့် လီကျင်းဇယ်ကို တစ်ချက် တစ်ချက် လှမ်းကြည့်ကာ သက်ပြင်းချလိုက်သည အဘိုးအိုသည် အလွန်ငြိမ်သက်နေပုံရပြီး သူ့ပုံစံက စိုးရိမ်စိတ်များကို သက်သာစေသည်။ အဘိုးကြီးသည် သူ၏တတိယညီအပေါ် မည်သို့ခံစားရသည်ကို သိခဲ့ပြီး လီလော့သည် တတိယညီငယ်၏သားဖြစ်သည်။ ထုံးစံအတိုင်း သားအချစ်၊မြေးအနှစ်ဆိုသကဲ့သို့ လီလော့ကိုလည်းချစ်ခင်မည်မှာသေချာသည်။ အဘိုးအိုသည် မီးထဲသို့ လောင်စာထည့်ခဲ့သူဖြစ်သောကြောင့် အလွန်အမင်း ပူပန်နေစရာ မလိုတော့ပေ။
ထိိုသို့တွေးလိုက်သောအခါ အတော်လေးစိတ်သက်သာရာရခဲ့သည်။
သူ့ညီရဲ့သားက အရည်အချင်းကို အခုထိ မဖော်ပြသေးတာလည်း ဖြစ်နိုင်တယ်...
ထိုအချိန်တွင် လီလော့သည် ကြီးမားသော ခေါင်းလောင်းကြီးရှေ့တွင် ရပ်နေပြီး ခေါင်းလောင်း၏မျက်နှာပြင်ပေါ်ရှိ ရှေးဟောင်းနဂါးထွင်းစာများကို အာရုံစိုက်နေစဉ် လက်ထဲတွင် ကျောက်သားတူတစ်လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။ နဂါးပဲ့တင်ထပ်သံစွမ်းအားကို ထုတ်ပြရုံဖြင့် ခေါင်းလောင်းမြည်ရန် လုံလောက်ပြီဟု သူ ပြတ်သားစွာ ခံစားနိုင်သည်။ သို့သော် နောက်ဆုတ်ရန် မလိုအပ်ခဲ့ပေ။
အတွေးတစ်ချက်ဖြင့် ပဲ့တင်ထပ်သံနန်းတော်သုံးခုလုံးကို နှိုးဆော်လိုက်ပြီး ပဲ့တင်ထပ်သံစွမ်းအားများ လျှံထွက်လာကာ သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။
ပဲ့တင်ထပ်သံနန်းတော်မှ စူးစူးဝါးဝါး အလင်းတန်းနှစ်ထောင်ကျော်ထွက်လာပြီး ပဲ့တင်ထပ်သံစွမ်းအားသုံးမျိုးရောနှောကုန်သည်။
၎င်းတို့၏ ပံ့ပိုးမှုဖြင့် သူ၏ ပဲ့တင်ထပ်သံစွမ်းအားများ ပို၍ပြင်းထန်လာသည်။
လီလော့သည် ပဲ့တင်ထပ်သဲစွမ်းအားသုံးမျိုးကို ဧရာမစပါးအုံးမြွေကြီးသုံးကောင်အဖြစ် ပြောင်းလဲရန် တွန့်ဆုတ်မနေခဲ့ပေ။ ထိုစွမ်းအားများကတစ်ခုနှင့်တစ်ခုရောနှောပေါင်းစပ်က သူ့လက်ထဲက ကျောက်သားတူထဲကို စီးဆင်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ မူလက ခပ်မှိုင်းမှိုင်းဖြစ်နေသော မီးခိုးရောင်ကျောက်သားတူမှ လှပသော အလင်းတန်းများ ပျံ့နှံ့သွားသည်။
ပဲ့တင်ထပ်သံစွမ်းအားတွေ ထုတ်ဖော်လိုက်ချိန်မှာတော့ ရှိနေသူအားလုံးရဲ့ အကြည့်တွေ ပြောင်းလဲသွားပြီး အံ့အားသင့်ကုန်ကြသည်။
တစ်ဖက်တွင်နူ လီလော့သည် အတားအဆီးမရှိဘဲ ကျောက်သားတူဖြင့်ခေါင်းလောင်းကို ခွန်အားအပြည့်ဖြင့် ရိုက်ချလိုက်သည်။
ကျောက်သားတူ၏ ပြင်းထန်သော တွန်းအားသည် လေထုကို ကွဲကြေစေပြီး အသံဗလံများကို ဖန်တီးခဲ့သည်။
တခဏအတွင်း အားလုံးကိုထိတ်လန့်သွားစေသော ခေါင်းလောင်းသံမြည်ဟီးလာတော့သည်။
ထိုအချိန်၌ အရာအာလုံး အေးခဲသွားပုံရသည်။
အနီးနားရှိ မြို့စားအဆင့်များသည် ပဲ့တင်ထပ်သံစွမ်းအားသုံးမျိုး စီးဆင်းနေသည်ကို တွေ့နိုင်သည်။
ခေါင်းလောင်းပေါ်တွင်ရေးထွင်းထားသော နဂါးရုပ်ပုံများကခေါင်းလောင်း၏မျက်နှာပြင်ကို ဖြတ်ကျော်ကူးခတ်လာသည်နှင့်အမျှ အလင်းရောင်မှိန်ဖျော့ဖျော့ကို တိုက်ရိုက်ထုတ်လွှင့်နေသည်။
ထိုအချိန်တွင် နဂါးပါးစပ်များ ပွင့်လာသည်။
ဒေါင်!
နဂါးစွယ်တောင်တန်းတစ်လျှောက် ပြင်းထန်သော ခေါင်းလောင်းမြည်သံ ကျယ်လောင်စွာပဲ့တင်ထပ်ပျံလွင့်နေသည်။ အတားအဆီးမှန်သမျှကို ထိုးဖောက်နိုင်သော ထိုအသံသည် ကျယ်လောင်ပြီး ပြတ်သားသည်။ ထို့အပြင်၊ နဂါးကြီး၏ဟိန်ဟောက်သံသဲ့သဲ့ကိုပါ ကြားနေနိုင်သည်။
ရှေးခေတ်ခေါင်းလောင်းကြီး၏ သာယာငြိမ့်ညောင်းသော မြည်သံသည် တောင်တန်းတစ်လျှောက် လျင်မြန်စွာ ပဲ့တင်ထပ်ကာ နဂါးစွယ်တောင်တန်း တစ်လျှောက်လုံးတွင် လေပြင်းများ တိုက်ခတ်နေသကဲ့သို့ပျံ့လွင့်နေသည်။ ယင်းကြောင့် ဧရိယာအတွင်းမှ မရေမတွက်နိုင်သော လူများ ခေါင်းမော့ပြီး နဂါးစွယ်တောင်၏ ဦးတည်ရာသို့ စူးစူးစိုက်စိုက် ကြည့်နေကြသည်။
"ဒီအသံက နဂါးခေါင်းလောင်းသံပဲ!"
"တစ်ယောက်ယောက်က အသံမြည်အောင် တီးခတ်နိုင်ခဲ့တာလား..."
"ဘယ်သူလဲ?"
အဆုံးမရှိ ထိတ်လန့်တုန်လှုပ်သော အသံများ ဧရိယာအနှံ့တွင် ပေါ်ထွက်လာသည်။
အားလုံး စိတ်လှုပ်ရှားနေကြသည်နှင့်အမျှ နဂါးစွယ်ကလန်၏ အကြီးအကဲများကတော့ တိတ်ဆိတ်သွားကြသည်။ သူတို့၏မျက်လုံးများသည် ပန်းကန်ပြားများကဲ့သို့ပြူးကျယ်နေကြပြီး သူတို့၏မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပေါ်လာသည်။
လီလော့သည် နဂါးခေါင်းလောင်း ကို အမှန်တကယ် တီးခတ်နိုင်ခဲ့သည်။
ဟုတ်ပါတယ်၊ တကယ်ကို အံ့သြစရာကောင်းတာက လီလော့ဟာ ခေါင်းလောင်းသံထွက်လာချိန်မှာ သူ့ရဲ့ပဲ့တင်ထပ်သံစွမ်းအားတွေကို မဖုံးကွယ်နိုင်တော့ဘဲ အကုန်ထုတ်သုံးခဲ့သည်။
လုံးဝကွဲပြားတဲ့ ဂုဏ်သတ္တိတွေနဲ့ ပဲ့တင်ထပ်သံစွမ်းအားသုံးမျိုး.....
လူတိုင်းဟာ ခြားနားချက်ကို ရှင်းရှင်းလင်းလင်း ပိုင်းခြားနိုင်ကြသည်။
ရွှန်းလဲ့ပြီး တောက်ပသော အပြာရောင်အလင်းတန်းများသည် ရေပဲ့တင်ထပ်သံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထက်မြက်ပြီး အသက်ဓာတ်အပြည့်ရှိသော အစိမ်းရောင်အလင်းတန်းများက သစ်သားပဲ့တင်ထပ်သံမှ ထွက်ပေါ်လာခြင်းပင်....
နောက်ဆုံးတစ်ခုကတော့ ကောင်းကင်ဧကရာဇ်လီ၏ သွေးမျိုးဆက်တိုင်းပိုင်ဆိုင်ကြသည့် နဂါးပဲ့တင်ထပ်သံပင်ဖြစ်ချေတော့သည်။
ရေပဲ့တင်ထပ်သံသည် အပြင်းထန်ဆုံးဖြစ်ပြီး၊ ထို့နောက်တွင် သစ်သားနှင့် နဂါးတို့၏ ပဲမတူညီသော ပဲ့တင်ထပ်သော စွမ်းအားသုံးမျိုးရောနှောနေသည်။
ဤသည်မှာ ဘုရင်တစ်ပါးပိုင်ဆိုင်သော ပဲ့တင်ထပ်သံသုံးခုဖြစ်ပါသလား.....မဟုတ်သေးဘူး.....
အကြီးအကဲများအားလုံး လျင်မြန်စွာ စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့ကြသည်။ ဒါဟာ ရိုးရိုးပဲ့တင်ထပ်သံစွမ်းအားသုံးမျိုးဖြစ်ပြီး ဘုရင်အဆင့်တွေပိုင်ဆိုင်ထားတဲ့ ပဲ့တင်ထပ်သံတွေကို ပေါင်းစပ်ထားခြင်းမဟုတ်ပေ။
ဤကမ္ဘာ၌ ထိုသို့သောအံဖွယ်ရာများရှိနေသေးသလား.....
စိတ်ကူးမယဉ်နိုင်ခင်မှာ သူတို့ရဲ့ အတွေးတွေ တုန်လှုပ်ခြောက်ခြားကုန်သည်။
အမှန်စင်စစ် လီလော့သည် ပဲ့တင်ထပ်သံသုံးခု အသုံးပြုသူဖြစ်သည်။
ပဲ့တင်ထပ်သံသုံးခုအသုံးပြုသူတစ်ဦးသည် မူလကောင်းကင်နတ်ဘုရားတိုက်ကြီးတွင်ပင် တွေ့ရခဲသော ပါရမီရှင်တစ်ဦးဖြစ်သည်။ အဆင့်ကိုး ပဲ့တင်ထပ်သံနှင့် နှိုင်းယှဉ်လျှင်ပင် ၎င်းသည် ထူးထူးခြားခြား နည်းပါးလှသည်။
ဒီလိုစွမ်းရည်မျိုးနဲ့သာဆို နဂါးခေါင်းလောင်းကို အသံမြည်ဖို့ အခက်အခဲမရှိသင့်ဘူး.....
လီကျင်းထောင်နှင့် လီဖုန်းရိတို့သည် လီလော့၏ ဦးခေါင်းထက်တွင် ပျံ့နှံ့နေသော ပဲ့တင်ထပ်သံစွမ်းအားသုံးရပ်ကို အံသြစွာ စိုက်ကြည့်နေကြသည်။ သူတို့တွေ ဘယ်လောက် နုံအခဲ့မှန်း မသိခင် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ရဲ့မောင်လေးက ဘာအထောက်အပံမှမပါဘဲ ဒီလိုလုပ်ဝံ့မယ်လို့ သူတို့တကယ်ယုံကြည်ခဲ့သလား.....
တကယ်တော့ လီလော့ မလိမ်ခဲ့ပေ။
သူ့မှာ တကယ်ပဲ အဆင့်ခြောက်နဂါးပဲ့တင်ထပ်သံ ရှိခဲ့ပါသည်။
သို့သော် သူ၏ အခြား ပဲ့တင်ထပ်သံ နှစ်ခုအကြောင်းကိုတော့ တခွန်းမှ မပြောခဲ့ပေ။
နှစ်ယောက်သား ထိတ်လန့် တုန်လှုပ်နေစဉ် လီချင်းဖန်က လက်ခုပ်လက်ဝါးတီးကာဟက်ဟက်ပက်ပက် ရယ်မောနေသည်။
"တူလေး.... တတိယညီငယ်ရဲ့သားပီသပါပေတယ်ကွာ....."
လီလော့ ဤစိန်ခေါ်မှုကို အေးအေးဆေးအေးလက်ခံခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။
ဒီလိုအရည်အချင်းမျိုးနဲ့ ခေါင်းလောင်းကို မတီးဘူးဆိုရင်တော့ ခေါင်းလောင်းကို ရိုက်ခွဲပစ်ဖို့ပဲကျန်ပေလိမ့်မည်။
တစ်ဖက်တွင်လည်း ကျောက်ရွှမ်းမင်က ကြောင်တက်တက်ဖြင့် မှင်သက်နေသည်။
ထို့နောက်တွင် သူသည် လီကျင်းဇယ်၏ အကြည့်ကို ခံစားလိုက်ရပြီး ပုံမှန်အားဖြင့် မျက်နှာထားတင်းမာသော ကလန်အကြီးအကဲက ပြုံးစစဖြင့်....
"ဒီလောက်ဆို.. .ငါ့မိသားစုရဲ့ လျှို့ဝှက်နဂါးလေးအတွက် ခြွင်းချက်တစ်ခု ထားပေးလို့ရပြီလား....?"