← Chapters

သို့သော် ငါ၏လက်နှင့်ပင် ဝိဉာဉ်ကို မြှပ်ပြီး ‌အခေါင်းကို ပိတ်စေ။

Vol. 8 Ch. 99

သို့သော် ငါ၏လက်နှင့်ပင် ဝိဉာဉ်ကို မြှပ်ပြီး ‌အခေါင်းကို ပိတ်စေ။

Vol. 8 Ch. 99

အသံတိတ်သွားပြီးနောက်တွင် ယောင်လဲ့မြို့၏ ခေါင်းဆောင်သည် တုံ့ဆိုင်းနေခြင်းမရှိဘဲ ချွန်ထက်သော ဓားကို ချက်ချင်း ဆွဲထုတ်ခဲ့ပြီး ရုပ်အလောင်းဝိဉာဉ်ဘက်သို့ ခုတ်ချခဲ့သည်။

အခြားသော ယောင်လဲ့မြို့မှ စွမ်းအားကြီးပုဂ္ဂိုလ် လေးဦးတို့သည်လည်း သူတို့၏ ခေါင်းဆောင်ကဲ့သို့ပင် ချွန်ထက်သော ဓားများကို ဆွဲထုတ်ပြီး ရုပ်အလောင်းဝိဉာဉ်ဘက်သို့ လွှဲခုတ်လိုက်ကြသည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံ၌ရှိသည့် အလွန်ပူပြင်း တောက်ပလှသော နေလုံးကြီးကဲ့သို့ပင် ဓားရှည်ကြီး ငါးခုသည် အလွန်အမင်း ပြင်းထန်စွာ တောက်ပသည့် ရောင်ခြည်ဖြင့် လင်းထိန်နေလေသည်။

ပြောစရာရှိသမျှကို ပြောပြီးပြီသာဖြစ်သည်။ ရုပ်အလောင်းဝိဉာဉ်သည် သူ့ဘာသာပင် သေဆုံးချင်နေခဲ့သည်ဖြစ်သောကြောင့် သူတို့ဘက်မှ စိတ်ပူနေစရာမရှိတော့ပေ။

မြို့စားသည် ရုပ်အလောင်းဝိဉာဉ်ကို သဘောကျသော်လည်း ထိုသူသည် အမိန့်မနာခံသော လက်အောက်ငယ်သားမျိုးကို အလိုမရှိပေ။

ရုပ်အလောင်းဝိဉာဉ်သည် တကယ်ပင် သန်မာလှပေသည်။ သို့သော် သူသည် အပြောင်းအလဲသို့ ဝင်ရောက်ခြင်း အဆင့်သာ ရှိနေသေးသည်။ ထိုသို့သော ရုပ်အလောင်းဝိဉာဉ်သည် တော်ဝင်မင်းသားအဆင့်ရှိသူ ငါးဦးကို မည်သို့ပင် တိုက်ခိုက်နိုင်ပါ့မည်နည်း?

ထိုသို့သော တိုက်ကွက်ဖြစ်ပေါ်လာခဲ့ပြီးနောက်တွင် ယောင်လဲ့မြို့မှ စွမ်းအားကြီးပုဂ္ဂိုလ်ငါးဦးသည် နောက်ထပ် တိုက်ကွက်တစ်ခု မပြုလုပ်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုသူတို့ တွေးနေခဲ့သည်မှာ ရုပ်အလောင်းဝိဉာဉ်သည် သူတို့ငါးဦးမှ တိုက်ခိုက်ခဲ့သည့် ဤတိုက်ကွက်တစ်ကွက်နှင့်ပင် ဝမ်းနည်းဖွယ်ရာ သေဆုံးသွားမည်ဟူ၍ပင် ဖြစ်သည်။

ယောင်လဲ့မြို့မှ တော်ဝင်မင်းသားအဆင့်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်ပင် သူတို့ငါးဦးထံမှ ဤသို့ တိုက်ခိုက်ခြင်းကို ရင်ဆိုင်ရပါက ချက်ချင်းပင် စိတ်ပြောင်းပြီး ထွက်ပြေးရမည်ဖြစ်ပေသည်။ ရုပ်အလောင်းဝိဉာဉ်သည် အပြောင်းအလဲသို့ ဝင်ရောက်ခြင်းအဆင့်သာ ရှိသေးပေသည်။

ထိုသို့သော် ပြင်းထန်လှသည့် တိုက်ကွက်ငါးကွက်ကို ရင်ဆိုင်ရသည့်အခါတွင် ရုပ်အလောင်းဝိဉာဉ်၏ မျက်ခုံးများသည် အနည်းငယ် လှုပ်ရှားနေခဲ့ပြီး သူ၏မျက်နှာထားသည် ကြောက်ရွံ့နေပုံ မပေါ်ဘဲ လုံးဝ စိတ်မဝင်စားသော မျက်နှာထား ရှိနေခဲ့သည်။

“ငါ့အခေါင်းမှာ မင်းတို့ အလောင်းတွေပါတယ်!”

“လင်းဖန်ချန်း၊ အခေါင်းဆီ လာခဲ့!”

လာနေပြီ၊ လာနေပြီ!

ရုပ်အလောင်းဝိဉာဉ်၏ အသံအောအော ထွက်ပေါ်လာသည့်အခါတွင် သူ၏အနောက်မှ အနက်ရောင်အခေါင်းသည် ပြင်းထန်စွာ တုန်လှုပ်နေခဲ့သည်။ ထို့နောက်တွင် ထိုအခေါင်းသည် ချက်ချင်းပြုတ်ကျသွားခဲ့သောကြောင့် မြေကြီးပေါ်သို့ကျသွားချိန်တွင် ပင့်ကူအိမ်နှင့်တူသော အပ်ကွဲရာများ ပေါ်သွားစေခဲ့သည်။

ထို့နောက်တွင် အနက်ရောင်အခေါင်းသည် ချက်ချင်းပင် မြေကြီးပေါ်မှ မြင့်တက်လာခဲ့ပြီး ချွန်ထက်သော ဓားငါးချောင်းဘက်သို့ ပစ်ထွက်လာခဲ့သည်။

ဗုံး!

အနက်ရောင်အခေါင်းနှင့် ချွန်ထက်သော ဓားငါးချောင်းသည် လေထဲတွင် တိုက်မိသွားခဲ့ကြပြီး မိုးခြိမ်းသံကဲ့သို့သော အသံမှိန်မှိန် ထွက်ပေါ်လာစေခဲ့သည်။ ထို့နောက်တွင် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်သည် ချက်ချင်း ပရမ်းပတာဖြစ်လာခဲ့သည်။

မတွေ့မြင်နိုင်သော စွမ်းအင်လှိုင်းများသည် အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့ပြီး ဟင်းလင်းပြင်ကြီးတစ်ခုလုံးသည် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

ဖောက်!

ရုပ်အလောင်းဝိဉာဉ်သည် ထိုမတွေ့မြင်နိုင်သည့် စွမ်းအင်လှိုင်းကြောင့် ချက်ချင်း တုန်လှုပ်သွားခဲ့ကာ အနောက်ဘက်သို့ တွန်းထွက်သွားခဲ့သည်။ သူ၏ပါးစပ်မှ သွေးများအန်လာခဲ့ပြီး သူ၏မျက်နှာသည်လည်း ချက်ချင်းပင် ဖြူဖျော့သွားခဲ့တော့သည်။

သို့သော် ရုပ်အလောင်းဝိဉာဉ်သည် စိတ်မဝင်စားသေးဘဲ လုံးဝ မလှုပ်မရှားနှင့် အနည်းငယ်မျှပင် နာကျင်နေပုံ မပြ‌ခဲ့ပေ။

ဤမြင်ကွင်းသည် ယောင်လဲ့မြို့၏ မြို့စား စံအိမ်မှ ခေါင်းဆောင်ဖြစ်သော လင်းဖန်ချန်း၏ မျက်ဆံများကို ကြုံ့သွားစေပြီး သူ၏မျက်နှာတွင် အံ့အားသင့်နေပုံ ပေါ်နေခဲ့သည်။

အခြားသော ယောင်လဲ့မြို့၏ စွမ်းအားကြီးပုဂ္ဂိုလ် လေးဦးသည်လည်း ရုပ်အလောင်းဝိဉာဉ်အား မယုံကြည်နိုင်စွာ ကြည့်နေခဲ့ကြသည်။

သူတို့သည် ထိုတိုက်ကွက်က ရုပ်အလောင်းဝိဉာဉ်ကို လွယ်လွယ်ကူကူနှင့် သတ်ဖြတ်နိုင်မည်ဟု ထင်မြင်ထားခဲ့ငြသည်။ သို့သော် ရုပ်အလောင်းဝိဉာဉ်သည် ထိုတိုက်ကွက်များကို တကယ်ပင် တားဆီးနိုင်မည်ဟု ထင်မထားခဲ့သည့်အပြင် အနည်းငယ်မျှသာ ဒဏ်ရာရသွားခဲ့မည်ဟုလည်း မမျှော်လင့်ထားခဲ့ကြပေ။

ဒါ…. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ?

ထိုသူတို့သည် တော်ဝင်မင်းသား အထွတ်အထိပ်အဆင့်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်ကြပြီး ရုပ်အလောင်းဝိဉာဉ်ကို အတူတကွ ဝန်းရံထားခဲ့သေးသည်။ သို့သော် ရုပ်အလောင်းဝိဉာဉ်သည် သူတို့အားလုံးကို တားနိုင်ခဲ့ပေသည်။

အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား?

ထိုအချိန်တွင် လင်းဖန်ချန်းသည် အနည်းငယ် ကြောက်ရွံ့သွားခဲ့သည်။ မြို့စားအပါအဝင် သူတို့အားလုံးသည် ရုပ်အလောင်းဝိဉာဉ်၏ စွမ်းအားကို လျှော့တွက်ထားခဲ့ကြသည်ကို သိရှိသွားခဲ့သည်။

ရုပ်အလောင်းဝိဉာဉ်၏ စွမ်းအားကို ကြောက်ရွံ့နေခဲ့သော်လည်း လင်းဖန်ချန်းသည် ရုပ်အလောင်းဝိဉာဉ်က သူတို့ငါးဦးလုံးကို မတားနိုင်ဟု ထင်နေဆဲဖြစ်သည်။

“ရုပ်အလောင်းဝိဉာဉ်၊ မင်းကို အရှုံးပေးပြီး ငါနဲ့အတူ ယောင်လဲ့မြို့ရဲ့ မြို့စား စံအိမ်မှာ ဝင်ဖို့ အခွင့်အရေး နောက်တစ်ခါပေးမယ်။ အဲ့လိုမှမဟုတ်ရင်တော့ မင်းသေရမှာပဲ!”

လင်းဖန်ချန်းသည် ရုပ်အလောင်းဝိဉာဉ်ကို စိုက်ကြည့်နေခဲ့ပြီး အေးတိအေးစက်နှင့် အော်ပြောခဲ့သည်။

လင်းဖန်ချန်းသည် မြို့စားသည် ရုပ်အလောင်းဝိဉာဉ်၏ စင်စစ်စွမ်းအားကို သိရှိနေခဲ့ပါက သူသည်လည်း လင်းဖန်ချန်းကဲ့သို့ပင် တွေးမိနေခဲ့မည်ဖြစ်ပြီး သတ်ဖြတ်ချင်လိမ့်မည်မဟုတ်ဟု တွေးမိခဲ့သည်။

လူငယ်မျိုးဆက်ကို လွယ်လွယ်ကူကူနှင့် ရှာဖွေရယူနိုင်သည်။ သို့သော်လည်း လူဆိုးများကိုမူ ရှာဖွေရခက်ပေသည်။

ဤရုပ်အလောင်းဝိဉာဉ်သည် တကယ်ပင် မိစ္ဆာတစ်ကောင်ကဲ့သို့ ကြမ်းတမ်းလှပေသည်။

“တိုက်မယ်!”

လင်းဖန်ချန်းမှ ထိုသို့မေးမြန်းခဲ့သည့်အခါတွင် ရုပ်အလောင်းဝိဉာဉ်သည် ချက်ချင်းပင် သူ၏ ဆန္ဒကို အလုပ်နှင့်သာပြောပြခဲ့တော့သည်။

သူသည် ချက်ချင်းပင် ထခုန်ခဲ့ပြီး အနက်ရောင် အခေါင်းကို ယူခဲ့ပြီးနောက်တွင်လင်းဖန်ချန်းအား ချက်ချင်း ရိုက်ချခဲ့ပေသည်။

စွမ်းအားကြီးတစ်ခုသည် ဟင်းလင်းပြင်ကြီးကို ဆက်တိုက် တုန်ခါ‌စေခဲ့ပြီး လင်းဖန်ချန်းသည် ထိုအနက်ရောင် အခေါင်းကြီးသည် တောင်ကြီးတစ်ခုကဲ့သို့ပင် သူ့အပေါ်မှ ဖိနှိပ်နေသည်ကို ခံစားခဲ့ရသည်။

အမယ်လေး၊ တကယ့်ကို ရူးနှမ်းတဲ့ အရူးပါလား။ သူ သဘောမတူရင်တော့လည်း သတ်ရုံပေါ့။

လင်းဖန်ချန်းသည် စိတ်ထဲတွင် ဟစ်ကြွေးနေခဲ့သည်။ သူသည် ဓားရှည်ကိုကိုင်ထားပြီး သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအားများသည် ထိတ်ထိတ်ပျာပျာ လှုပ်ရှားနေခဲ့ကြကာ သူ၏ခန္ဓာကိုယ်မှ အေးစက်သော ဓားရောင်ခြည်သည် ပေါက်ထွက်လာခဲ့သည်။ ထို့နောက်တွင် ဓားထိပ်ပေါ်မှ ရှည်လျားသော သက်တံ့ကဲ့သို့သော ဓားရောင်ခြည်သည် ထွက်ပေါ်လာခဲ့လေသည်။

မင်းက အဲ့လောက်တောင် သေချင်နေတာဆိုတော့လည်း ဆန္ဒအတိုင်း လုပ်ပေးရမှာပေါ့လေ!

လင်းဖန်ချန်း၏ မျက်လုံးများသည် အေးစက်နေခဲ့ပြီး လူသတ်ချင်စိတ်များ ပေါ်နေခဲ့သည်။ သူသည် သူ၏ဓားရှည်ကို မြှောက်ခဲ့ပြီး ခုတ်ထစ်ခဲ့သည်။ ချက်ချင်းဆိုသလိုပင် ဓားရောင်ခြည်ကြီးတစ်ခုသည် ထွက်ပေါ်လာခဲ့ပြီး အဆုံးမရှိသည့် ဓါးအလင်းကြီးတစ်ခုသည် အရပ်လေးမျက်နှာဘက်သို့ ထွက်ပေါ်သွားခဲ့သည်။

ဗုံး!

အသံကျယ်ကြီးတစ်သံပေါ်ကွဲထွက်ပေါ်လာခဲ့ပြီး စွမ်းအားများ အတက်အကျဖြစ်နေခြင်းများသည် မြေကြီးပေါ်ရှိ ကျောက်စရစ်ခဲများကိုပင် လွှင့်စဉ်သွားစေခဲ့သည်။ လင်းဖန်ချန်းနှင့် ရုပ်အလောင်းဝိဉာဉ်ကို အလယ်၌ထားပြီး မြေကြီးပေါ်တွင် ကြီးမားသော ချောက်ကြီးတစ်ခုဖြစ်သွားခဲ့သည်။

ရုပ်အလောင်းဝိဉာဉ်၏ မျက်နှာသည် နီရဲနေခဲ့ပြီး လင်းဖန်ချန်း၏ ဓားသွားရောင်ခြည်နှင့် တိုက်မိပြီးနောက်တွင် သူသည် ကြောက်စရာကောင်းလှသည့် စွမ်းအင်သည် အခေါင်းနှင့်အတူ သူ့အား ရိုက်ခက်နေခဲ့သည်ကိုသာ ခံစားခဲ့ရသည်။ ထိုသို့ခံစားခဲ့ရသည့်အခါတွင် သူ၏အတွင်းကလီစာများသည် ရွှေ့သွားသကဲ့သို့ပင် တုန်ခါနေသည်ကို ခံစားခဲ့ရပေသည်။ ထို့အပြင် သူ၏ ပါးစပ်သည်လည်း ချက်ချင်း တုန်ခါလာခဲ့သေးသည်။ လင်းဖန်ချန်း၏ ပါးစပ်သည် အပ်ကွဲသွားခဲ့ပြီး သွေးများသည် လက်ဖဝါးမှ စီးဆင်းလာပြီး အခေါင်းပေါ်သို့ တိုက်ရိုက်ကျရောက်သွားခဲ့သည်။

“ပျော်စရာကြီးပဲ။ လာစမ်းပါဦး!”

ရုပ်အလောင်းဝိဉာဉ်သည် ကြောက်ရွံ့နေခြင်း လုံးဝမရှိဘဲ ထိုအစား သူသည် ဒေါသထွက်နေခဲ့ပြီး တိုက်ခိုက်ချင်နေခဲ့သည်။ သူသည် အနက်ရောင် အခေါင်းကို သူ၏လက်နှစ်ဖက်လုံးနှင့် ကိုင်ခဲ့ပြီး လင်းဖန်ချန်းကို နောက်တစ်ကြိမ် ထုချခဲ့ပေသည်။.

ရုပ်အလောင်းဝိဉာဉ်မှ ရိုက်ချရန် အသုံးပြုခဲ့သည့် အနက်ရောင်အခေါင်းသည် အုတ်ခဲကဲ့သို့ပင် မာကြောလှပေသည်။

“သေချင်နေတယ်ပေါ့!”

လင်းဖန်ချန်းသည် တစ်ချိန်တည်းတွင် ကြောက်ရွံ့နေခဲ့ပြီး ဒေါသထွက်နေခဲ့သည်။ သူသည် ဂုဏ်သိက္ခာရှိပြီး တော်ဝင်မင်းသားအဆင့် အထွတ်အထိပ်ရှိ စွမ်းအားကြီးသူတစ်ဦး‌ဖြစ်ပေသည်။ သို့သော် သူသည် အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့်ရှိသူတစ်ဦးကိုပင် မတိုက်နိုင်ခဲ့ပေ။ ဤသတင်းသာ ပျံ့သွားခဲ့ပါက သူသည် မည်သို့ အခြေချနိုင်ပါ့မည်နည်း?

သူသည် သူ၏ဓားရှည်ကြီးကို ကိုင်ခဲ့ပြီး ထပ်ခါထပ်ခါ ခုတ်ထစ်နေခဲ့သည်။ ထို့ကြောင့် ချွန်ထက်သော ဓားရှည်ကြီးသည် ချီစွမ်းအင်များစွာသို့ ချက်ချင်းပင် ခွဲထွက်သွားခဲ့ပြီး ရုပ်အလောင်းဝိဉာဉ်ကို အုပ်ဖုံးသွားခဲ့သည်။

ဤတစ်ကြိမ်တွင် လင်းဖန်ချန်းသည် မည်သို့လုပ်ဆောင်ရမည်ကို သိသွားခဲ့ပြီး ရုပ်အလောင်းဝိဉာဉ်ကို ရင်ဆိုင်တွေ့မည့်အစား သူသည် ရုပ်အလောင်းဝိဉာဉ်ကို စွမ်းအားကြီးသည့် ချီစွမ်းအင်များနှင့် ချက်ချင်း ရိုက်ခက်တော့သည်!

လင်းဖန်ချန်းမှ အပြောင်းအလဲသို့ဝင်ရောက်ခြင်း အဆင့်ရှိသည့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးကို မရင်ဆိုင်ရဲသည်မှာ ဤအကြိမ်သည် ပထမဆုံးအကြိမ်သာဖြစ်ပေသည်။

“သတ်ကြစမ်း!”

ယောင်လဲ့မြို့၏ အခြားသော စွမ်းအားကြီးပုဂ္ဂိုလ်လေးဦးသည် တစ်ဦးကို တစ်ဦးကြည့်နေခဲ့ပြီး ပြင်းပြင်းထန်ထန်အော်ခဲ့ပြီး ရုပ်အလောင်းဝိဉာဉ်ကို ချက်ချင်း တိုက်ခိုက် ခဲ့ပေသည်။ လူတိုင်းသည် ပြင်းထန်ပြီး ကြောက်စဖွယ် အရှိန်အဝါတစ်ခုကို လွှင့်ထုတ်နေခဲ့ပြီး သူတို့၏လက်ထဲရှိ ဓားရှည်များသည် ပို၍ပင် အေးစက်လာခဲ့သည်။ အေးတိအေးစက်နိုင်သည့် ရောင်ဝါတစ်ခုသည် ထွက်ပေါ်သွားခဲ့သည်။

အပြောင်းအလဲအဆင့်သို့ ဝင်ရောက်ခြင်း အဆင့်ရှိ သာမန်စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးသာဆိုပါက ဤသို့ ဝန်းရံထားခြင်းခံရသည့်အခါတွင် ကောင်းကင်သို့ ပြန်သွားရန်လည်း လုံးဝစွမ်းအင်ရှိမည်မဟုတ်ကာ သေဆုံးရန်လည်း မြေမြှပ်စရာနေရာမရှိပေ။

ဤကဲ့သို့သော ကြောက်စဖွယ် ဝန်းရံထားခြင်းခံရသည်ကို ရင်ဆိုင်ရသည့်အခါတွင် ရုပ်အလောင်းဝိဉာဉ်သည် ကြောက်နေမည့်အစား စိတ်လျှော့နေခဲ့ပြီး လင်းဖန်ချန်းအပေါ်ကိုပင် မတိုက်ခိုက်ခဲ့ပေ။

ဗုံး!

ရုပ်အလောင်းဝိဉာဉ်မှ ကိုင်ထားသည့် အနက်ရောင်အခေါင်းကို သူသည် ချက်ချင်း မြေပြင်ပေါ်သို့ ချခဲ့သောကြောင်ြ မြေပြင်ကြီးတစ်ခုလုံးကို ကွဲအပ်သွားစေခဲ့သည်။

“ကောင်းကင်ကြီးမှာလည်း မျက်လုံးတွေရှိတယ်။ ပြီးတော့ ကံကြမ္မာဆိုတာလည်း ရက်အနည်းငယ်အတွင်းမှာပဲ ဆုံးဖြတ်ကြတာ။ ဒါပေမဲ့ ငါ့အပေါ်ပဲကျလာတာ။ ပြီးတော့ ဝိဉာဉ်ကလည်း ဒီအခေါင်းထဲမှာပဲ မြှပ်ထားတာ!”

ရုပ်အလောင်းဝိဉာဉ်သည် တိုးတိုးတိတ်တိတ် ပြောဆိုခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှ ဆန်းကြယ်သော အရှိန်အဝါတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထို့နောက် သူ၏ စွမ်းအင်များသည် အခေါင်းကို ပံ့ပိုးထားသည့် လက်မှတစ်ဆင့် အနက်ရောင် အခေါင်းအတွင်းသို့ စီးဝင်နေခဲ့သည်။

ထိုအချိန်တွင် အနက်ရောင် အခေါင်းကြီးတစ်ခုလုံးသည် ဆက်တိုက် တုန်ရီနေခဲ့ပြီး ကြမ်းတမ်းပြီး အေးဆက်သော အရှိန်အဝါသည် ချက်ချင်းပင် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ပတ်ဝန်းကျင်အပူချိန်သည် ချက်ချင်း သုညသို့ ကျဆင်းသွားခဲ့ပြီး ရုတ်တရက်ဆိုသလို ရေခဲလွှာ များစွာပင် ပေါ်ပေါက်လာခဲ့သေးသည်။

ထို့ကြောင့် စွမ်းအားကြီးသော လင်းဖန်ချန်းနှင့် အခြားသူများသည် တုန်ရီနေခဲ့ကြလေသည်။

သူတို့သည် အနက်ရောင် အခေါင်းကို စိုက်ကြည့်နေခဲ့ပြီး ကြောက်စ‌ရာ‌ကောင်းသော တစ်စုံတစ်ခု ထွက်ပေါ်လာတော့မည့်အတိုင်း သူတို့၏ စိတ်ထဲတွင် စိုးရိမ် ပူပန်မှုများ များပြားနေခဲ့သည်။

ကျွီ။

အသံတိုးတိုးနှင့်၊ လင်းဖန်ချန်းနှင့်အခြားသူတို့၏ ကြောက်ရွံ့နေကြသော အကြည့်များအောင်တွင် အနက်ရောင်အခေါင်း၏ အဖုံးသည် သုံးပုံတစ်ပုံမျှ ပွင့်ထွက်သွားခဲ့ပြီး ထိုအနက်ရောင် အခေါင်းမှ အစိမ်းရောင် ဆံနွယ်များနှင့် ဖုံးလွှမ်းနေသည့် လက်တစ်ဖက်သည် ဆန့်ထွက်လာခဲ့လေသည်။

All Chapters