← Chapters

ကျောက်စိမ်းပျိုမလေး၏ အကျဥ်းခန်း?

Vol. 8 Ch. 101

ကျောက်စိမ်းပျိုမလေး၏ အကျဥ်းခန်း?

Vol. 8 Ch. 101

ရှန်ရှန့်ကျုံဂိုဏ်း၏ ခန်းမကြီးအတွင်းတွင်။

ဂိုဏ်းချုပ်ဝမ်သည် သူ၏ဂိုဏ်းဆီ ပြဿနာလှိုင်းလုံးကြီးတစ်ခု ရောက်လာပြီဖြစ်ကြောင်း သိမထားပါချေ။ လက်ရှိအချိန်တွင် ဝမ်ဖုန်းသည် သူ့ရှေ့က စွမ်းရည်ဇယားကို ကြည့်လျက် တွေးတောနေသည်။

''ဒင်၊ရှန်ရှန့်ကျုံဂိုဏ်း၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။

ဂိုဏ်း: ရှန်ရှန့်ကျုံဂိုဏ်း။

အဆင့်: ဒုတိယအဆင့်။

ဂိုဏ်းချုပ်(တစ်ဦးတည်းသာ) : ဝမ်ဖုန်း(ဆန်းကြယ်အဓိပတိအစောပိုင်း အဆင့်)။

ဂိုဏ်းအစောင့်အရှောက် အကြီးအကဲများ(ငါးယောက်အထိ) : ကျန်းစန်ဖုန်း( ဆန်းကြယ်အဓိပတိ အထွတ်အထိပ်) ၊တင်းဖန်း (ဆန်းကြယ်အဓိပတိအစောပိုင်းအဆင့်၏ အထွတ်အထိပ်) ၊တုံ့ဖန်းပုပိုင် (ဆန်းကြယ်အဓိပတိနှောင်းပိုင်းအဆင့်၏ အထွတ်အထိပ်)။

အကြီးအကဲများ (ဆယ်ယောက်အထိ): ယဲ့ကူချန်( ဆန်းကြယ်အင်ပါယာအထွတ်အထိပ်) ၊ ချီမိန်ချွေရွှယ်( ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်)၊ယောင်ယွဲ့(ဆန်းကြယ်အင်ပါယာ အစောပိုင်းအဆင့်)၊ ယင်ဧကရီကျူးယုယန်( ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်)၊ရှောင်းရှီရိလင် (ဆန်းကြယ်အင်ပါယာ)၊ ဘုန်းတော်ကြီး ဝူရှန်း(ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်)။

ဂိုဏ်းတပည့်များ(အယောက်တစ်ရာအထိ): လီချင်း( ရွှမ်လင်းလိပ် မသေမျိုးရုပ်ခန္ဓာပိုင်ရှင်)၊ လင်းဖေးဝူ(အပြောင်းအလဲသို့ ဝင်ရောက်ခြင်း အထွတ်အထိပ်အဆင့်)၊ လီဟေး(ဆန်းကြယ်အင်ပါယာ လူဝင်စား)၊ မုယွင်ဖေး၊လီထျန်းရှင်း၊ ဝူနျာန်၊ယန်ရှန်း၊ရှောင်းယွင်ဖုန်း၊ မဟာနတ်ဆိုး ရွှမ်ရှ၊ ချုံဖုံး၊ယန်တောက်။

ဂိုဏ်းခန်းမ: တာဝန်ခန်းမ။

ဂိုဏ်းတည်နေရာ: ရှင်းယောင်တောင်တန်း အစွန်အဖျား တောင်ကြား!''

ဂိုဏ်းစွမ်းရည်ဇယားကို ငေးစိုက်ကြည့်ရင်း ဝမ်ဖုန်း၏မျက်လုံးများသည် တောက်ပသွားသည်။ ယခု သူ၏ရှန်ရှန့်ကျုံဂိုဏ်းက အလွန်သန်မာနေသော်လည်း ဂိုဏ်းသား အရေအတွက် နည်းနေသေးသည်။ ဂိုဏ်းအတွင်းရှိ နန်းတော်ကြီးများမှာလည်း မပြည့်စုံသေးပေ။

ပြီးပြည့်စုံသော ဂိုဏ်းတစ်ဂိုဏ်းတွင် အဂ္ဂိုရိတ်ခန်းမ၊လက်မှုပစ္စည်းသန့်စင်ခန်းမ၊ လေ့ကျင့်ရေးခန်းမ၊ စစ်ဆေးရေးခန်းမ စသော ခန်းမများပါရှိသင့်သည်။

ယခုတော့ သူ၏ရှန်ရှန့်ကျုံ့ဂိုဏ်းတွင် တာဝန်ခန်းမ တစ်ခုသာရှိသေးသည်။ ရှန်ရှန့်ကျုံဂိုဏ်းကြီး တကယ့်ကို ပြီးပြည့်စုံဖို့အတွက် အများကြီး လိုအပ်နေပါသေးသည်။

''ဒီတစ်ကြိမ်မှာ ဂိုဏ်းသားတချို့ စုဆောင်းမိဖို့ ငါ မျှော်လင့်တယ်။'' ဝမ်ဖုန်းက သက်ပြင်းဖွဖွချကာ ပြောလိုက်သည်။

ယောင်ရီအင်ပါယာက အဓိကမြို့ကြီးငါးမြို့ရှိ လူငယ်ပါရမီရှင်များကို သွားလာခွင့် ပိတ်ပင်ထားကြောင်း သူ မသိခဲ့ပါ။ ထို့ကြောင့် အဆိုပါလူငယ်ပါရမီရှင်များသည် ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းသားစုဆောင်းခြင်း ညီလာခံသို့ ရောက်မလာနိုင်ခဲ့ကြပေ။

သို့သော်ငြားလည်း ရှန်ရှန့်ကျုံဂိုဏ်းဆီ ရောက်လာမည့် လူငယ်တချို့တော့ ရှိပါသေးသည်။ ပြောရလျှင် ရှန်ရှန့်ကျုံဂိုဏ်းမှာ တကယ့်ကို စွမ်းအားကြီးပြီး ကျော်ကြားနေပြီဖြစ်သည်။ သူတို့သည် အဆုံးမဲ့ပြဿနာများကို ရင်ဆိုင်နေရသည်မှာ မှန်သော်လည်း မျှော်လင့်ချက်ပျောက်ဆုံးနေသော လူတစ်ချို့ကတော့ ရှန်ရှန့်ကျုံဂိုဏ်းဆီ အရောက်လာပြီး ကံစမ်းကြဦးမှာသာဖြစ်သည်။

''ဒင်၊တာဝန်အသစ်ရရှိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ဂိုဏ်းသားစုဆောင်းခြင်း ညီလာခံတွင် တပည့်ဆယ်ယောက် စုဆောင်းရရှိပါက အောက်ပါဆုလာဒ်များကို ရရှိပါမယ်။

ကျပန်းဆင့်ခေါ်ခွင့် သုံးကြိမ်။

ဂိုဏ်း အဂ္ဂိရိတ်ခန်းမ( အဂ္ဂိရိတ် မီးလင်းဖို၊ မီးသွေးကြော စသည့်လိုအပ်သော အရာများ အပြည့်အစုံပါရှိပြီး)

ဂိုဏ်းစစ်ဆေးရေးခန်းမ (လိုအပ်သည်များကို အပြည့်အစုံ တပ်ဆင်ထားပြီး)''

ဝမ်ဖုန်းသည် တိုးညှင်းစွာ အာမေဋိတ်ပြုလိုက်မိသည်။ အေးစက်သောအသံက ဝမ်ဖုန်းကို အံ့သြသွားစေခဲ့သည်။အနှီစနစ်က တကယ့်ကို အချိန်ကိုက်ပါပင်။

ရှန်ရှန့်ကျုံဂိုဏ်းကြီး၏ လိုအပ်ချက်များကို သူတွေးပူနေတုန်းရှိသေးသည်။ စနစ်က လိုအပ်သည်များကို ဆုအဖြစ်ပေးနေလေပြီ။

ဂိုဏ်းခန်းမများကို တည်ဆောက်ရန်ဆိုသည်က မလွယ်ကူပါပေ။ အဂ္ဂိရိတ်ခန်းမကိုပဲ ကြည့်ပါလေ။ ယင်းတွင် အဂ္ဂိရိတ်ဆေးမီးဖို လိုအပ်ရုံသာမက မီးအရင်းအမြစ် စသည်တို့ကိုလည်း လိုအပ်သေးသည်။

မီးအရင်းအမြစ် သွေးကြောများသည် ဝိညာဥ်ကျောက်သွေးကြောများကဲ့သို့ပင် ကောင်းကင်နှင့်မြေကြီးက သဘာဝအတိုင်းမွေးဖွားပေးလိုက်သော အရာများဖြစ်သည်။ မီးအရင်းအမြစ်သွေးကြောများအပေါ်၌ အဂ္ဂိရိတ်ခန်းမကို တည်ဆောက်မှသာလျှင် အကောင်းဆုံးအကျိုးအာနိသင်ကို ရရှိစေမှာဖြစ်သည်။ အခြားသော အကျိုးသက်ရောက်မှုကောင်းများလည်း ရှိပါသေးသည်။

မှန်ပေသည်။သုံးပြည်ထောင်တွင် အဂ္ဂိရိတ်ပညာရှင်များက ရှားပါးသည်။ မီးသွေးကြောပေါ်တည်ဆောက်ထားသော အဂ္ဂိရိတ်ခန်းမများက ပိုလို့တောင် ရှားပါးပါသေးသည်။ အဂ္ဂိရိတ်ဆရာများအတွက်တော့ မီးသွေးကြောပါရှိသော အဂ္ဂိရိတ်ခန်းမဆိုသည်က နတ်ဘုံနတ်နန်းပင်ဖြစ်၏။ သူတို့၏အဂ္ဂိရိတ်ပညာအပေါ် အတော်လေး အထောက်အကူပြုသည်လေ။

အဂ္ဂိရိတ်ပညာရပ်အပေါ် အထောက်အကူပြုရုံသာမက မီးသွေးကြောများက ကျင့်ကြံမှုကိုပါ အထောက်အကူပြုပါသည်။

ထိုသို့သော အကြောင်းအရင်းများကြောင့် ဝမ်ဖုန်းသည် ဂိုဏ်းခန်းမများကို လွယ်လင့်တကူ မတည်ဆောက်ခြင်း ဖြစ်သည်။ သူ၏ရှန်ရှန့်ကျုံဂိုဏ်းကို တစ်လောကလုံးတွင် အံ့ဖွယ်အကောင်းဆုံးဖြစ်အောင် ကြိုးစားမည်ဖြစ်ရာ သာမန်ပြုလုပ်လိမ့်၍ ဘယ်ဖြစ်မည်နည်း?ဂိုဏ်းရှိ အရာအားလုံးကို အကောင်းဆုံးဖြစ်စေရမည်။

ဂိုဏ်းသားစုဆောင်းခြင်း ညီလာခံရောက်ဖို့ ငါးရက်လိုသေးသည်။ဝမ်ဖုန်းသည် မတ်တပ်ထရပ်လိုက်ကာ မင်းသမီးကြီးယုရွှမ်းကို ဖမ်းဆီးထားသော ထပ်ခိုးနန်းဆောင်ဆီ ထွက်ခွာသွားသည်။

......

ယုရွှမ်းအတွက်တော့ ရှန်ရှန့်ကျုံဂိုဏ်းအတွင်း နေထိုင်ရသော ဒီနေ့ရက်ကလေးများမှာ သူမဘဝ၏ သက်တောင့်သက်သာ အရှိဆုံးနေ့ရက်များဖြစ်သည်။

အတိတ်တွင် သူမသည် အင်ပါယာ၏အကြီးဆုံးမင်းသမီးဖြစ်တာကြောင့် မျက်နှာဖုံးကို အစဥ်အမြဲ ဝတ်ဆင်ထားရသည်။ သို့ပေသိ ဤရှန်ရှန့်ကျုံဂိုဏ်းအတွင်းမှာတော့ ယုရွှမ်းသည် သူမနေချင်သလို နေခွင့်ရခဲ့ပြီး၊ဒါက သူမကို ပျော်ရွှင်စေသည်။သူမသည် အဖမ်းခံထားရသည့်အပေါ် နည်းနည်းလေးတောင် စိတ်မသက်မသာမဖြစ်ဘဲ ရှန်ရှန့်ကျုံဂိုဏ်းကို ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားနေသည့်အတိုင်းပင်။

လက်ရှိအချိန်တွင် ယုရွှမ်းသည် စားပွဲခုံတစ်ခုမှာထိုင်နေပြီး စာအုပ်ဖတ်နေသည်။သူမဖတ်နေသော စာအုပ်မှာ ယောင်ရီအင်ပါယာအကြောင်း ရေးသားထားသော ပုံပြင်စာအုပ်တစ်အုပ်ဖြစ်သည်။ သူမသည် စိတ်ဝင်စားမှုအပြည့်ဖြင့် ဖတ်ရှုနေသည်။

သူမသည် သူမ၏ချပ်ဝတ်တန်ဆာများကို ချွတ်ထားသည်။ လက်ရှိသူမ၏ပုံစံက ကြီးကျယ်ခမ်းနားသော မင်းသမီးတစ်ပါးနှင့် လားလားမျှ မသက်ဆိုင်နေပါ။

သူမသည် ဇာချည်အပါးလေးကိုသာ ဝတ်ဆင်ထားပြီး၊ ပါးလှပ်သော ဇာသားလေးက သူမ၏ကျောက်စိမ်းလိုဖွေးဖြူသော အသားအရေလေးကို လှစ်ဟပြနေသည်။

ခရက်

ရုတ်တရက်ဆိုသလို တံခါးဖွင့်သံတစ်သံကို သူမ ကြားလိုက်ရသည်။

သူမသည် ခေါင်းမော့ကြည့်လိုက်သည့်အခါ ဝမ်ဖုန်း၏ချောမောခန့်ညားသော မျက်နှာကလေးကို မြင်လိုက်ရသည်။ထိုသူ၏မျက်ဝန်းများသည် ညကောင်းကင်ယံရှိ ကြယ်ပွင့်လေးများအလား နက်ရှိုင်းတောက်ပနေကာ သူမကို ထူးမခြားနားစွာ စိုက်ကြည့်နေခဲ့သည်။

''ဒီဂိုဏ်းချုပ်မှာ မင်းနဲ့ဖြုန်းစရာအချိန်မရှိဘူး။ မင်းဘယ်သူလဲ? ရှန်ရှန့်ကျုံဂိုဏ်းကိုရောက်လာတာ ဘာရည်ရွယ်ချက်နဲ့လဲ? မြန်မြန်ဖြေ!''

''မင်းမဖြေရင် သေရမယ်!''

ထူးမခြားနား အေးစက်သော အသံက ဝမ်ဖုန်း၏နှုတ်ဖျားမှ ထွက်ပေါ်လာသည်။ထိုအသံသည် ယုရွှမ်း၏ခန္ဓာကိုယ်လေးကို တုန်ရင်လာစေခဲ့သည်။

ဝမ်ဖုန်းက အမှန်အတိုင်းပြောနေခြင်းဖြစ်ကြောင်း သူမသိသည်။ထိုသူ၏ အေးစက်ခက်ထန်သော လေသံက သူမကို တုန်လှုပ်သွားစေခဲ့သည်။

ဝမ်ဖုန်းထံမှ မည်သည့်သတ်ဖြတ်မှုအရှိန်အဝါမှ ထွက်ပေါ်မနေသော်လည်း သူမသာ ကောင်းကောင်းမဖြေပါက အမှန်တကယ် သေဆုံးရမည်ဖြစ်ကြောင်း ယုရွှမ်း သိနေသည်။

''ဒီမင်းသမီးက အင်ပါယာရဲ့အကြီးဆုံးမင်းသမီး ယုရွှမ်းပါ!''

ယုရွှမ်းသည် စာအုပ်ကို အောက်ချကာ လှပသောမျက်ဝန်းတစ်စုံဖြင့် ဝမ်ဖုန်းကို ငေးစိုက်ကြည့်လျက် အဖြေပေးလိုက်သည်။ သူမ၏အသံက နှိမ့်ချခြင်း မောက်မာခြင်း မရှိပါ။

သူမသည် နှလုံးသားအတွင်း၌ ကြောက်လန့်နေသော်လည်း အပြင်ပန်းတွင်တော့ တည်ငြိမ်သယောင် ပြုမူနေသည်။

ဝမ်ဖုန်း၏မျက်လုံးများ လှုပ်ရှားသွားသည်။သူဖမ်းမိထားသည့် စွမ်းအားရှင်က အင်ပါယာ၏မင်းသမီးကြီးဖြစ်နေလိမ့်မည်ဟု သူ ထင်မထားခဲ့ပါ။

သောက်ကျိုးနည်း၊ သူနဲ့ယောင်ရီအင်ပါယာက ရေစက်မကုန်နိုင်သေးပါလား!?

သူသည် အင်ပါယာ၏မင်းသားကို သတ်ခဲ့သည်။ဧကရာဇ်၏မျက်ခွက်ကို အကြိမ်ကြိမ်ဖျတ်ရိုက်ခဲ့သည်။ အင်ပါယာ၏ထိပ်တန်းစစ်တပ်နှစ်တပ်နှင့် စစ်သူကြီးကိုလည်း သုတ်သင်ခဲ့ပြီး အခု မင်းသမီးကိုပါ ဖမ်းဆီးထားမိပြီ။

ဒီအမုန်းတရားများကို ချေဖျက်လို့ ရတော့မည် မဟုတ်ပေ!

''အင်ပါယာရဲ့အကြီးဆုံးမင်းသမီးကြီးက ငါ့ရှန်ရှန့်ကျုံဂိုဏ်းကို တစ်ယောက်ထဲ ဝင်လာတာ တကယ့်ကို တုံးအတာပဲ။ ဒါပေမယ့်လည်း အဆင်ပြေပါတယ်လေ။ မင်းအတွက် ဧကရာဇ်က ဘယ်လိုတန်ကြေးမျိုး ပေးဆပ်မလဲဆိုတာ ဒီဂိုဏ်းချုပ်က စောင့်ကြည့်ရသေးတာပေါ့။''

ဝမ်ဖုန်းက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

''ဟင့်အင်း! ကျွန်မ ထွက်မသွားချင်ဘူး။ကျွန်မ ရှန်ရှန့်ကျုံဂိုဏ်းထဲ ဝင်ချင်တယ်!''

ဝမ်ဖုန်း၏စကားအစကို ကြားလိုက်ရသည့်အခါ ယုရွှမ်းသည် မူလက ဒေါသထွက်သွားခဲ့သည်။သို့သော် ဝမ်ဖုန်း ထပ်ပြောလိုက်သည့်စကားက သူမ၏ခန္ဓာကိုယ်လေးကို တုန်လှုပ်သွားစေခဲ့သည်။သူမ၏ မျက်ဝန်းများက ကြောက်လန့်မှုများဖြင့် ပြည့်နေသည်။

ယုရွှမ်း၏ပုံမှန်မဟုတ်သော အမူအရာကြောင့် ဝမ်ဖုန်းသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

''ငါ့မှာ မင်းနဲ့ကစားဖို့ အချိန်မရှိဘူး။ ပြီးတော့ ဒီဂိုဏ်းချုပ်က မင်းကို သတ်ဖို့လည်း ပျင်းလွန်းတယ်။မင်းရဲ့အကိုတော်သာ လုံလောက်တဲ့တန်ဖိုးနဲ့ လဲလှယ်မယ်ဆိုရင် မင်းလုံခြုံမှာပါ။''

သူမကို သတ်ရတာက လွယ်ပေသည်။သို့သော် အကျိုးအမြတ်နှင့်လဲလှယ်ရသည်က ပိုလို့တောင် အကျိုးများသေးသည်။

တစ်ခါတစ်ရံမှာ သေဆုံးခြင်းကသာ အကောင်းဆုံး အဆုံးသတ်ဖြစ်ပေသည်။

''ရှင်သိလား? ကျွန်မ အင်ပါယာရဲ့အကြီးဆုံး မင်းသမီးကြီး လုံးဝ မဖြစ်ချင်ဘူး။ အဲ့ဒီအကျဥ်းခန်းထဲက လွတ်မြောက်ဖို့ ကျွန်မအကြိမ်ကြိမ် ကြိုးစားခဲ့ပြီးမှ အခုလွတ်မြောက်လာတာ။ ကျွန်မ ပြန်သွားရမှာထက် သေသာသေလိုက်မယ်!'' ယုရွှမ်း၏လှပသော မျက်လုံးလေးများက ဝမ်ဖုန်းကို စူးစိုက်ကြည့်ကာ ဝမ်းနည်းစွာ ပြောလိုက်လေသည်။

All Chapters