← Chapters

ဧကရီအား လေ့ကျင့်ပေးမည်။

Vol. 8 Ch. 103

ဧကရီအား လေ့ကျင့်ပေးမည်။

Vol. 8 Ch. 103

''ဘယ်လို?'' ဝမ်ဖုန်းက စိတ်ဝင်တစား မေးလိုက်သည်။

သူသည် အဆိုပါ ကျင့်စဥ်အပေါ် စိတ်ဝင်စားခြင်းမရှိဘဲ သမားရိုးကျ သိလိုစိတ်ဖြင့်မေးလိုက်ခြင်းဖြစ်သည်။

ဟာသပဲ။ သူက ခွန်အားတိုးဖို့ နတ်ဆိုးနည်းစနစ်အပေါ် အားကိုးစရာလား!?

ဤသည်ကိုကြားတော့ ယုရွှမ်းသည် ဖုံးကွယ်မထားချင်တော့ပါ။ဝမ်ဖုန်းက ထိုကျင့်စဥ်ကို ကျင့်ချင်နေရင်တောင် ကျင့်လို့မှ မရဘဲလေ။ ယောင်ရီမျိုးနွယ်စုဝင်များသာ ထိုကျင့်စဥ်ကို ကျင့်၍ရသည် မဟုတ်ပါလော။

သူမသည် တည့်တိုး ပြောပြလိုက်သည်။

'' ဒီနေကြတ်ခြင်းမှော်ပညာရပ် ကျင့်စဥ်ကို ကျင့်မယ့်လူတွေက သူတို့ရဲ့ဆွေမျိုးတွေကို အစေ့အဖြစ်အသုံးချရပြီး၊ကိုယ့်ကိုကိုယ် အသီးအဖြစ် ကျင့်ကြံကြရတယ်။သူတို့သာ အောင်မြင်သွားမယ်ဆိုရင် ဒီကျင့်စဥ်နဲ့အဆင့်ချိုးဖျက်တက်ရောက်နိုင်လိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့အမျိုးအဆွေတွေကတော့ မြေမြှပ်စရာတောင်မရှိဘဲ ကျင့်စဥ်ရဲ့ဝါးမြိုသတ်ဖြတ်ခြင်းကို ခံရလိမ့်မယ်!''

ရက်စက်လိုက်တာ!

ယုရွှမ်း၏စကားများကိုကြားတော့ ဝမ်ဖုန်းတစ်ယောက် မထိတ်လန့်ပဲ မနေနိုင်တော့ပါ။ ဒါက သူတစ်ယောက်အဆင့်တက်ဖို့အတွက်နဲ့ ဆွေမျိုးတွေရဲ့အသက်ကို စတေးလိုက်တာပဲမဟုတ်လား? ဤသည်က တကယ့်ကို အကြင်နာမဲ့ရက်စက်လွန်းသည်!

မှန်ပေသည်။ဝမ်ဖုန်းသည် ယောင်ရီမျိုးနွယ်စုရဲ့ ထိုစီနီယာကို အပြစ်မတင်ရက်ပါ။ သူ ချစ်ရသောအမျိုးသမီးကို သူ့ဆွေမျိုးများက သူ့မျက်စိရှေ့မှာတင် သတ်ပစ်ခဲ့သည်။ဒီလိုဖြစ်ရပ်မျိုးတွေ့ကြံရမှတော့ ရူးသွပ်သွားတာ သာမန်သာဖြစ်သည်။

ဝမ်ဖုန်း မနှစ်မြို့ဆုံးလူများမှာ အပြင်ပန်းတွင် အမှန်တရားဘက်တော်သားယောင် အရေခြုံ၍ နတ်ဆိုးထက်တောင် ဆိုးယုတ်သည့်အလုပ်မျိုး ပြုလုပ်သူများပဲဖြစ်သည်။

ဝမ်ဖုန်း၏အမြင်တွင် ယောင်ရီမျိုးနွယ်စု၏ အနှီစီနီယာမှာ ကြင်နာတတ်ပါသေးသည်။သူ၏ကျင့်စဥ်မှာ နတ်ဆိုးဆန်သော်လည်း၊ တစ်စုံတစ်ယောက်သာ ကျင့်ကြံရဲပါက ကျင့်ကြံရေးတွင် ထွန်းပေါက်ပြီး ဒုံးပျံစီးသလို အမြင့်ရောက်သွားမှာ ဖြစ်သည်။

လူစိတ်မရှိသော လူတစ်ချို့အတွက်တော့ ဤသည်က မက်လောက်စရာ မက်လုံးကြီးပင်။

ထိုစီနီယာနေရာမှာ ဝမ်ဖုန်းသာဆိုပါက သူသည် ယောင်ရီမျိုးနွယ်တစ်ခုလုံးကို တိုက်ရိုက် ဖျက်စီးပစ်မိမှာဖြစ်သည်။

ဆွေမျိုးတွေတဲ့လား? သူတို့က သူ့ရဲ့အမျိုးသမီးကို သတ်ဖြတ်ပြီး သူ့ကိုလည်း စွန့်ပစ်ခဲ့မှတော့... သူတို့က ဘယ်လိုဆွေမျိုးတွေလဲ?

''သူ....ယောင်ရီဧကရာဇ်က အဲ့ကျင့်စဥ်ကို ရသွားတာလား?''

ရုတ်တရက်ဆိုသလို ဝမ်ဖုန်းသည် တစ်ခုခုကိုတွေးမိသွားသည်။သူ့မျက်လုံးများသည် ပြူးကျယ်သွားကာ မေးမြန်းလိုက်သည်။

''အင်း၊သူ အဲ့ဒီကျင့်စဥ်ကို ရသွားတယ်။သူက ကျွန်မကိုအစေ့အဖြစ်အသုံးချပြီး၊သူ့ကိုယ်သူတော့ အသီးအဖြစ်ထားပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ကျင့်ကြံနေတယ်။သူ့ရဲ့ ကြီးမြတ်တဲ့ ရည်မှန်းချက်အတွက်တဲ့လေ''

ယုရွှမ်းက မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။သူမ၏အသံက ကြေကွဲဝမ်းနည်းမှုများ ရောစွက်နေသည်။

အကိုအရင်းတစ်ယောက်ရဲ့ စတေးခံဖြစ်လာခြင်း။မည်သူမဆို ဝမ်းနည်းကြေကွဲမိမှာ အမှန်ပင်။

ယောင်ရီဧကရာဇ်သာ ယောင်ရီအင်ပါယာအတွက်၊ယုမိသားရဲ့ ဂုဏ်သရေအတွက်ဟု အကြောင်းပြချက်ကောင်းပေးနိုင်ပါက သူမသည် တုံ့ဆိုင်းခြင်းမရှိ သူမကိုယ်ကို စတေးပေးမှာဖြစ်သည်။

သို့သော် ဧကရာဇ်ယောင်ရီက ဘာတစ်ခွန်းမှ မပြောမဆိုပါဘဲ သူမ၏ခန္ဓာကိုယ်အတွင်း၌ မိစ္ဆာမျိုးစေ့ကို တိတ်တဆိတ်ထည့်သွင်းခဲ့သည်။ သူမသာ မတော်တဆမှုတစ်ခုကြောင့် ထိုအကြောင်း မသိခဲ့ရပါက ယခုအချိန်အထိ အမှောင်လမ်းမှာ ရီဝေဝေပိတ်မိနေဦးမှာဖြစ်သည်။

ရက်စက်တယ်။တကယ့်ကို ရက်စက်လွန်းတယ်!

ကိုယ့်နှမ အရင်းကိုတောင် ထိုကဲ့သို့ ပြုလုပ်ဝံ့သည်။

ယောင်ရီဧကရာဇ်က ဝမ်ဖုန်းကို မျက်လုံးပွင့်နားပွင့်ဖြစ်စေခဲ့သည်။

''ဒါဆို ငါ့ရှန့်ရှန်ကျုံဂိုဏ်းက မင်းရဲ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ မင်းဘာကြောင့် ထင်နေရတာလဲ?မင်းအခု မိစ္ဆာမျိုးစေ့ရဲ့တိုက်စားခြင်းကို ခံနေရပြီ။ ပြန်ကောင်းမလာမှာကို ငါ စိုးရွံ့မိပါရဲ့''

ဝမ်ဖုန်းက သူ့မျက်ဝန်းများကို မှေးကျဥ်းလျက် ယုရွှမ်းကို စိုက်ကြည့်ကာ မေးလိုက်သည်။

''ဘာလို့ဆို ရှင့်ရဲ့ရှန်ရှန့်ကျုံဂိုဏ်းကပဲ ယောင်ရီအင်ပါယာကို ဆန့်ကျင်ရဲတဲ့တစ်ခုတည်းသော ဂိုဏ်းဖြစ်လို့ပဲ။ ပြီးတော့ ရှင်တို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ခွန်အားက လျို့ဝှက်ဆန်းပြားပြီး ခန့်မှန်းရခက်တယ်။ ဒါကြောင့် ကျွန်မကို ရှင်တို့ပဲ ကူညီနိုင်လိမ့်မယ်။''

''နေကြတ်ခြင်းမှော်ပညာရပ်က အစွန်းနှစ်ဖက်ဓါးသွားလိုပဲ။ မိစ္ဆာမျိုးစေ့ရဲ့စွမ်းအားကသာ မိစ္ဆာသစ်သီးထက်သာလွန်သွားမယ်ဆိုရင် သားကောင်နဲ့မုဆိုးဟာ ပြောင်းပြန်လည်သွားနိုင်ပြီး မျိုးစေ့ရဲ့လက်ခံကောင်ကလည်း သစ်သီးရဲ့လက်ခံကောင်ကို ဝါးမျိုပစ်နိုင်တယ်!''

ယုရွှမ်းသည် သူမ၏ဂါဝန်ကို ပြန်လည်ပြင်ဆင်ဝတ်လိုက်ကာ ဝမ်ဖုန်းကို လှပသောမျက်ဝန်းများဖြင့် စူးစိုက်ကြည့်လျက်ပြောလိုက်သည်။

ဒါကိုကြားတော့ ဝမ်ဖုန်းသည် စိတ်ဝင်စားသွားကာ ရွှတ်နောက်နောက်အပြုံးဖြင့် မေးလိုက်သည်။

''မင်း လုပ်နိုင်လို့လား?''

''သူတောင် ငါ့ကို စာနာခြင်းမရှိ ရက်စက်ရဲသေးတာပဲ။ငါ ဘာလို့မလုပ်နိုင်ရမှာလဲ!?''

ယုရွှမ်းက ပြန်မေးလိုက်သည်။သူမ၏စကားများက လုံးဝအေးစက်မာကျောနေကာ စိတ်ခံစားမှုတစ်စုံတစ်ရာမှ ပါဝင်မနေတော့ပေ။

ယောင်ရီဧကရာဇ်က သူမကို စတေးပစ်ဖို့ရည်ရွယ်ထားပြီး ကတည်းက သူမ၏နှလုံးသားထဲ၌ သူမ၏အကိုက သေဆုံးသွားနှင့်ပြီးဖြစ်သည်။

ဝမ်ဖုန်းက ခေါင်းတဆတ်ဆတ်ညိမ့်ကာ ပြောလိုက်သည်။

'' ဒီမေးခွန်းကိုပဲ ထပ်မေးမယ်။မင်းကိုလက်ခံရင် ငါတို့ရှန်ရှန့်ကျုံဂိုဏ်းက ဘာအကျိုးရမှာလဲ?''

သူဆိုသည့် ဂိုဏ်းချုပ်ဝမ်ကလည်း လူကောင်းမဟုတ်ပါ။ယုရွှမ်း၏ဇာတ်လမ်းက သနားစရာကောင်းသော်လည်း ဤလောကကြီးတွင် သနားစရာကောင်းသည့်လူများ ရေတွက်မရအောင်ရှိလေသည်။ သူသည် သနားစရာကောင်းတိုင်းသာ ကယ်တင်စောင်မနေရပါက မောလွန်း၍ သေသွားနိုင်သည်။

သူ့ရှန်ရှန့်ကျုံဂိုဏ်းကိုလည်း တိုးတက်အောင် လုပ်နိုင်မည့်အချိန်ရှိမှာ မဟုတ်တော့။သူသည်လည်း သန်မာလာမှာ မဟုတ်တော့ပါ။

''ပထမအချက်၊ ကျွန်မရဲ့ကျင့်ကြံမှုက ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ကို ရောက်ပြီးနေပြီ။ ဒါက ဘယ်လောက်မြင့်လဲ မပြောနဲ့ဦး။ ရှန်ရှန့်ကျုံဂိုဏ်းအတွက်တော့ အသုံးဝင်လောက်မှာပါ။ဟုတ်ရဲ့လား?''

ယုရွှမ်းက ဝမ်ဖုန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။

ဝမ်ဖုန်းသည် ပုခုံးတွန့်ပြလိုက်သည်။ဒါကို သူ မငြင်းပါပေ။

ဆန်းကြယ်အင်ပါယာအဆင့် စွမ်းအားရှင်များမှာ သူ့အတွက် အင်းစက်သာသာပဲ ဖြစ်သော်လည်း ရှန်ရှန့်ကျုံဂိုဏ်းအတွက် အသုံးဝင်နေသည်ဆိုတာကတော့ မမှားပေ။

''ဒုတိယအချက်၊ အင်ပါယာရဲ့အကြီးဆုံးမင်းသမီးကြီး ဖြစ်တာကြောင့် ကျွန်မမှာ ယောင်ရီမိသားစုရဲ့ ထိပ်တန်းသွေးမျိုးဆက်ရှိတယ်။ ဂိုဏ်းချုပ်ဝမ်သာ ကျွန်မရဲ့ကံတရားကို ပြောင်းလဲပေးပြီး ယောင်ရီဧကရာဇ်ကိုဖြုတ်ချပေးမယ်ဆိုရင် ကျွန်မမှာ နန်းပုလ္လင်ပေါ် တစ်ပြိုင်တည်းတက်နိုင်မယ့် အရည်အချင်းမျိုးရှိတယ်။ အဲ့ဒီအချိန်ကျရင် ယောင်ရီအင်ပါယာရဲ့ ပြည့်ရှင်မင်းက ဂိုဏ်းချုပ်ဝမ်နောက်ကို လိုက်ပါ့မယ်။''

ယုရွှမ်း၏စကားများကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏နှလုံးသားသည် လှုပ်ရှားသွားသည်။

ဧကရီဖြစ်လာမှာလား?

ဒါက တကယ့်ကို ဖြစ်နိုင်ချေရှိတယ်!

''တတိယအချက်၊ လူတိုင်းက ကျွန်မကို နှင်းမြူစစ်တပ်ကိုပဲ ထိန်းချုပ်ထားနိုင်တယ်လို့ ထင်ကြတယ်။ ဒါပေမယ့် ကျွန်မရဲ့ကံကြမ္မာကိုသိလာပြီးနောက်မှာ ကျွန်မစတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်။အခုဆို အင်ပါယာတစ်ခုလုံးက ဆယ်ပုံတစ်ပုံသော လူတွေက ကျွန်မရဲ့ သစ္စာခံတွေပဲ။ပြီးတော့သူတို့က အစစ်အမှန်စွမ်းအားရှင်တွေနော်။ ရှန်ရှန့်ကျုံဂိုဏ်းသာ အင်ပါယာကို ဆန့်ကျင်တော့မယ်ဆိုရင် အဲ့ဒီလူတွေက ဘာလုပ်ပေးနိုင်မယ် ရှင်ထင်လဲ?ဂိုဏ်းချုပ်ဝမ် တွေးကြည့်ပါလေ''

ယုရွှမ်း၏ချိုမြိန်နူးညံ့သော အသံလေးက ခန်းမတစ်ခွင် ပဲ့တင်ထပ်သွားသည်။ ဤတစ်ကြိမ်တွင် ယုရွှမ်းသည် သူမ၏ဝှက်ဖဲအားလုံးနီးပါးကို လှစ်ဟပြခဲ့သည်။

ဒါတောင်မှ ဝမ်ဖုန်းက လက်မခံသေးရင် သူမကံလို့ပဲ သတ်မှတ်ရတော့မည်။

တစ်ဖက်မှာတော့ ဝမ်ဖုန်းသည် ယုရွှမ်းကို စိုက်ကြည့်မိနေသည်။ သူမက အင်ပါယာရဲ့မင်းသမီးကြီးဖြစ်ဖို့ ထိုက်တန်ပါပေတယ်။ ဒီလိုသတ္တိမျိုးက ရှားပါးပါပေရဲ့။

ဆယ်ပုံတစ်ပုံဆိုသော လူပမာဏကို အထင်မသေးသင့်ပါ။ သူတို့က ယောင်ရီအင်ပါယာတစ်ခုလုံးရှိ အဆင့်မြင့်စွမ်းအားရှင် ဆယ်ပုံတစ်ပုံဖြစ်သည်။ ထိုလူများ၏လုပ်ဆောင်နိုင်မှုမှာ တကယ့်ကို များပြားလှသည်။

သူတို့တွေ ဘယ်လောက် အသုံးဝင်သလဲတော့ ဝမ်ဖုန်းမသိပါဘူး။ သို့သော် ဝမ်ဖုန်းတစ်ခုတော့သိသည်။ သူ့ရှန်ရှန့်ကျုံဂိုဏ်းက အင်ပါယာနဲဲ့စစ်ပွဲဆင်နွှဲနေတုန်း သေရေးရှင်ရေးကာလတွင် ထိုသူများသာ ထပြီးပုန်ကန်လိုက်ပါက စစ်ပွဲမျှခြေဟာ တစ်ခဏနဲ့တင် တစ်ဖက်စောင်းသွားပေလိမ့်မည်!

''ကောင်းပြီ။ဒီဂိုဏ်းချုပ်က မင်းကို ဂိုဏ်းထဲဝင်ခွင့်ပြုမယ်။ဒါပေမယ့် သာမန်ဂိုဏ်းသားအဖြစ်ပဲ နေရမယ်။'' ဝမ်ဖုန်းသည် တဒင်္ဂတွေးတောလိုက်ကာ ယုရွှမ်းကိုကြည့်လျက် အမူအရာမဲ့စွာပြောလိုက်သည်။

''ယုရွှမ်း၊ ဂိုဏ်းချုပ်ကို အရိုအသေပေးပါတယ်!''

ဤသည်ကိုကြားတော့ ယုရွှမ်း၏မျက်လုံးများသည် တောက်ပလာကာ ဝမ်ဖုန်းကို အလျင်အမြန် ဂါရဝပြုလိုက်သည်။

''ယုရွှမ်းမှာ တောင်းဆိုစရာရှိပါတယ်။ဂိုဏ်းချုပ်ဝမ် ဖြည့်ဆည်းပေးဖို့ မျှော်လင့်ပါတယ်။''

ဝမ်ဖုန်းစကားထပ်ပြောမှာကိုတောင် မစောင့်ဘဲ ယုရွှမ်းက ထပ်ပြောလိုက်သည်။

''အိုး..ပြောကြည့်ပါဦး''

ဝမ်ဖုန်းက ယုရွှမ်းကို ရွှတ်နောက်နောက် ပြုံးကြည့်လိုက်သည်။

''ယုရွှမ်းတောင်းဆိုချင်တာက အနာဂတ်မှာ ယောင်ရီအင်ပါယာနဲ့ ရှန်ရှန့်ကျုံဂိုဏ်းသာ စစ်ဖြစ်ခဲ့ရင် ရန်သူ့ကိုသာ တိုက်ခိုက်ပြီး အပြစ်မဲ့တဲ့လူတွေကို မထိခိုက်ပါစေနဲ့''

ဒါကိုကြားတော့ ဝမ်ဖုန်းသည် ယုရွှမ်းကို တလေးတစားစိုက်ကြည့်လိုက်သည်။ သူမသည် ထိခိုက်ကြေကွဲစရာ အဖြစ်အပျက်မျိုးနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ကြင်နာတတ်သောနှလုံးသားတစ်ခုကိုတော့ မပျောက်ဆုံးစေခဲ့ပေ။

ယောင်ရီအင်ပါယာရဲ့ မင်းသမီးကြီးဆိုတဲ့ဘွဲ့နဲ့ ထိုက်တန်ပါပေတယ်!

'' ဒီဂိုဏ်းချုပ် ကတိပေးပါတယ်!''

ဝမ်ဖုန်းသည် တုံ့ဆိုင်းခြင်းမရှိ ကတိပြုလိုက်သည်။

သူသည် ယနေ့မှစ၍ အမျိုးသမီးဧကရီတစ်ပါးကို ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးပြီး နန်းပုလ္လင်အား သိမ်းပိုက်စေတော့မည်!

All Chapters