အားနည်းခြင်းသည် ပကတိဒုစရိုက်။
Vol. 8 Ch. 109
ကြီးမားသော ဗုဒ္ဓရုပ်ပုံတော်ကြီးနှင့် ရင်ဆိုင်ရသည့်အခါ တစ္ဆေဘုရင်ချင်ကွမ်း၏လက်ဝါးချက်နှင့် သူ့လူအယောက်နှစ်ဆယ်တို့၏တိုက်ခိုက်မှုသည် ရေပူပေါင်းလုံးလေးတစ်ခုလို အလွယ်တကူပေါက်ကွဲကျေပျက်သွားရသည်။
ထိုနေရာတွင် ရှောင်းရှီရိလင်တို့လို အခြားသောဆန်းကြယ်အင်ပါယာ အထွတ်အထိပ်စွမ်းအားရှင်သာဖြစ်ပါက တစ္ဆေဘုရင်ချင်ကွမ်းနှင့်သူ့လူများ၏ တိုက်ခိုက်မှုကို ဒီလိုမျိုးသေသေသပ်သပ် ချေပနိုင်မှာမဟုတ်ပါ။
သို့သော် ဘုန်းတော်ကြီးဝူရှန်းကတော့ အလွယ်တကူပဲလုပ်ပြခဲ့သည်။ ဗုဒ္ဓဝါဒသည် ယန်ဓာတ်ဆောင်သော ကျင့်စဥ်တစ်ခုဖြစ်ပြီး၊ မကောင်းဆိုးဝါးလမ်းစဥ်ဖြစ်သော ယင်ဓာတ်ကျင့်စဥ်များ၏ သဘာဝရန်သူကြီးဖြစ်သည်။
ထို့အပြင် ဘုန်းတော်ကြီးဝူရှန်းမှာ ရှောင်လင်ကျောင်း၏ဆရာတော်ကြီးတစ်ပါးဖြစ်ပြီး အစစ်အမှန်ဗုဒ္ဓလမ်းစဥ်ကျင့်ကြံသူဖြစ်ကာ သူ့ကို မတောက်တခေါက် ဗုဒ္ဓဝါဒကျင့်ကြံသူများနှင့် လုံးဝနှိုင်းယှဥ်၍မရနိုင်ပါ။
မျှော်လင့်ထားသည့်အတိုင်းပင်။ သူတို့၏တိုက်ခိုက်မှုကြီးအလွယ်တကူ ကျေပျက်သွားတာကို မြင်ရသည့်အခါ တစ္ဆေဘုရင်ချင်ကွမ်းနှင့်သူ့လူများသည် ထိတ်လန့်သွားကြသည်။
ချင်ကွမ်းအပါအဝင် ချင်ကွမ်းတပ်အဖွဲ့သားများအားလုံးတို့သည် ဒီနေရာက ထွက်ပြေးချင်နေကြလေပြီ။သို့သော် သူတို့၏ခြေထောက်များကို တစ်စုံတစ်ရာက ချုပ်နှောင်ထားပုံပေါ်ကာ လှုပ်ရှားမရကြပေ။
သူတို့အပေါ် မော့ကြည့်လိုက်သည့်အခါ ကြီးမားသောဗုဒ္ဓရုပ်ပွားတော်ကြီးသည် သူတို့၏ဦးထိပ်၌ ပေါ်လာခဲ့ပြီးဖြစ်ကာ မြင့်မြတ်သောဗုဒ္ဓရောင်ဝါများသည် မြစ်တစ်စင်းကဲ့သို့သော အရှိန်အဟုန်ဖြင့် သူတို့အပေါ်ပြိုဆင်းလာသည်။
ရွှေဝါရောင် ရောင်ခြည်များကျဆင်းလာသည့်အခါ သူတို့၏အနက်ရောင်ကမ္ဘာကြီးလည်း ပျက်စီးသွားရတော့သည်။
''မလုပ်နဲ့!''
တစ္ဆေဘုရင်ချင်ကွမ်း၏အသံနက်ကြီးဖြင့် အော်ဟစ်သံကြီးအဆုံးမှာ ဗုဒ္ဓဝါဒနှင့်တာအိုဝါဒပေါင်းစပ်ထားသော အရှိန်အဝါကြီးက ထိုသူတို့ကို ဖိချေပစ်လိုက်တော့သည်။
ဤသို့ဤပုံနှယ် ချင်ကွမ်းအဖွဲ့သည် ကမ္ဘာမြေပေါ်မှပျောက်ကွယ်သွားလေပြီ။
အဝေးတစ်နေရာမှ စောင့်ကြည့်နေသော ဝမ်ဖုန်းသည် ခေါင်းခါလိုက်သည်။ သူတို့သည် သေဆုံးသွားချိန်အထိ ဘာဆိုဘာမှ မပြောနိုင်ခဲ့ပေ။တကယ့်ကို အားနည်းလွန်းလှသည်။
ဘုန်း!
ကြီးမားသော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။တောင်ကြီးတစ်တောင်လုံးသည် လေထုအတွင်း တုန်ခါသွား၏။တောင်ထိပ်ကွင်းပြင်တွင် ဧရာမချိုင့်ခွက်ကြီးဖြစ်လာလေသည်။
''နာမို အမိတ္တဘ ယဲ့ဒေါင် တာ့ကတိုရီ''
တစ္ဆေဘုရင်ချင်ကွမ်းတို့ကို သတ်ဖြတ်ပြီးနောက် ဘုန်းတော်ကြီးဝူရှန်းသည် ထွက်ခွာမသွားသေးဘဲ လေထုအတွင်း တင်ပုလ္လင်ချိတ်ထိုင်လိုက်သည်။သူ၏နှုတ်ဖျားမှ ဆန်စကစ်ဘာသာ စကားလုံးတစ်ချို့ထွက်ပေါ်လာလေသည်။
(ဆန်စကစ်ဘာသာဆိုတာ ပါဠိဘာသာလိုမျိုး ရှေးအိန္ဒိယ၊တိဘက်ဘက်တွေမှာ သုံးတဲ့ဘာသာစကားတစ်မျိုးပါ။အထူးသဖြင့် မဟာယာနဗုဒ္ဓဘာသာ၊ဟီနယာနနဲ့ ဇင်ဗုဒ္ဓဘာသာကျမ်းဂန်တွေကို အဲ့ဘာသာစကားနဲ့မှတ်တမ်းတင်ခဲ့ကြပါတယ်)
တစ္ဆေဘုရင်ချင်ကွမ်းနှင့်သူ့လူများသည် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီးကြောင်း ဘုန်းတော်ကြီးဝူရှန်းက အကြည့်တစ်ချက်နှင့်တင် သိလိုက်သည်။ထို့အပြင် ထိုသူတို့ထံမှ တစ္ဆေအရှိန်အဝါများလည်း ရရှိနေခဲ့သည်။
ထို့ကြောင့် ဘုန်းတော်ကြီးဝူရှန်းသည် ဒေါသထွက်နေခဲ့သည်။
မကောင်းသူကို သုတ်သင်ခဲ့ပြီးဖြစ်သည်။ယခုအချိန်တွင် သူသည် မတရားခံခဲ့ရသော ဝိညာဥ်တို့ကို ကယ်တယ်ဆောင်မပြီး ချမ်းသာရာသို့ပို့ဆောင်ပေးအံ့။
ဘုန်းတော်ကြီးဝူရှန်း၏ ကျမ်းစာရွတ်ဖတ်သံများအကြားတွင် ဤနေရာအနီးဝန်းကျင်ကို နွေးထွေးသောဗုဒ္ဓရောင်ခြည်များက လွှမ်းခြုံသွားသည်။ လေထုအတွင်းတွင် မရေမတွက်နိုင်သော ဝိညာဥ်များက သူတို့ကို လက်ပြနှုတ်ဆက်နေသည်ကို ဝမ်ဖုန်းတို့တွေ့မြင်လိုက်ရသည်။
အားနည်းခြင်းသည် ပကတိ ဒုစရိုက်ဖြစ်ပါ၏။
(ဆိုလိုချင်တာက အားနည်းတာက အပြစ်တစ်ခုပဲ)
ဝမ်ဖုန်းသည် သက်ပြင်းဖွဖွချလိုက်ကာ ကျန်းစန်ဖုန်းတို့နှင့်အတူ ထွက်ခွာသွားသည်။ဘုန်းတော်ကြီးဝူရှန်းကတော့ ပြန်လည်မွေးဖွားခြင်း မန္တာန်ကိုရွတ်ဆိုလျက် ကျန်ရစ်တော့သည်။
........
''ပထမဆုံး ဇွဲလုံ့လစစ်ဆေးခြင်းကို ဖြတ်ကျော်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်!''
စင်မြင့်ပေါ်တွင် မဟာနတ်ဆိုးရွမ်ရှက လူငယ်လေးအယောက်နှစ်ဆယ်နှင့် ရုပ်အလောင်းဝိညာဥ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
ပထမစစ်ဆေးပွဲတွင် လူငယ်ငါးယောက် ထုတ်ပယ်ခံလိုက်ရသည်။သူတို့တွင် ပါရမီလည်းမရှိသလို ဇွဲလုံ့လလည်းမရှိလေရာ ရှန်ရှန့်ကျုံဂိုဏ်းကို အဘယ်မှာ ဝင်ခွင့်ရမည်နည်း?မဟာနတ်ဆိုးရွှမ်ရှသည် သူတို့ငါးယောက်ကို တိုက်ရိုက်ထုတ်ပယ်ပစ်ခဲ့ပါ၏။
အစတော့ ထိုလူငယ်လေးများသည် ဒီလိုမျိုး ထွက်မသွားချင်ခဲ့ပါ။ သူတို့သည် ဒီညီလာခံကိုေရာက်လာဖို့အတွက် အကြီးအကျယ် စွန့်စားခဲ့ရသည် မဟုတ်ပါလော?
မဟာနတ်ဆိုးရွှမ်ရှက ဒီစကားတွေကို မပြောခင် အချိန်အထိပေါ့။
''မင်းတို့တွေ မစိုးရိမ်ပါနဲ့။ မင်းတို့ ငါတို့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းကို မဝင်နိုင်ခဲ့ပေမယ့်လည်း မင်းတို့သေမှာကို ငါတို့ ရပ်ကြည့်မနေပါဘူး။ ငါတို့ဂိုဏ်းရဲ့ ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကို အရောက်လာခဲ့သူမှန်သမျှကို ငါတို့ ကျိန်းသေ လုံခြုံစေမှာပါ!''
ထိုစကားလုံးများကြောင့် အနှီလူငယ်လေးငါးယောက်သည် စိတ်အေးလက်အေး ထွက်ခွာသွားကြတော့သည်။
''ဒုတိယစစ်ဆေးမှု၊ ရုပ်ပိုင်းကြံခိုင်မှုစစ်ဆေးခြင်း တရားဝင်စတင်ပါပြီ!''
''ဒီအဆင့်က မင်းတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းမှုနဲ့ ခံနိုင်ရည်ကို စစ်ဆေးတာပဲ။ မင်းတို့ရှေ့က ကျောက်တုံးကြီးကို မပြီး ဆယ်မိနစ်တောင့်ခံနိုင်ရင် မင်းတို့အောင်ပြီ!''
''မင်းတို့ဆက်မတောင့်ခံနိုင်ရင် လွှတ်ချလိုက်။ဒီလိုမှမဟုတ်ဘဲ ကျောက်တုံးပိလို့ အနာတရဖြစ်ရင် ငါတို့ရှန်ရှန့်ကျုံဂိုဏ်းနဲ့ မဆိုင်ဘူး။ ဒါ့အပြင် ဒီစစ်ဆေးမှုကို ကျရှုံးသွားရင်လည်း နောက်ထပ်စစ်ဆေးမှုတွေမှာ ဝင်ပြိုင်နိုင်သေးတယ်။နောက်ထပ်စစ်ဆေးမှုတွေကို အောင်နိုင်ခဲ့ရင် မင်းတို့ဂိုဏ်းထဲဝင်ခွင့် ရဦးမယ်!''
မဟာနတ်ဆိုးရွှမ်ရှသည် လူငယ်လေးများကို ဝေ့ကြည့်ကာ ထူးမခြားနားအမူအရာဖြင့် ပြောလိုက်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့်ရှိသော လူငယ်လေးများ၏အရှေ့တွင် သူတို့၏ခါးလောက်အထိရှိသော ကျောက်တုံးကြီးများ ရှိနေသည်။ ရုပ်အလောင်းဝိညာဥ်၏အရှေ့တွင်တော့ လူသုံးယောက်ခန့်အမြင့်ရှိသော ကျောက်တုံးကြီးရှိနေလေသည်။
မဟာနတ်ဆိုးရွှမ်ရှ၏အသံကိုကြားတော့ လူငယ်လေးများသည် စိတ်သက်သာရာရသွားကြသည်။ သူတို့အရှေ့က ကျောက်တုံးကြီးများသည် အနည်းဆုံး ငါးရာကီလိုဂရမ်လောက်လေးသည်။ သူတို့သည် အခြေခံတည်ဆောက်ခြင်းအဆင့်ရှိပြီဖြစ်ရာ ထိုကျောက်တုံးကြီးများကို မဖို့အတွက်ကတော့ မခက်ပေ။သို့သော် ဆယ်မိနစ်ကြာထိန်းထားဖို့ ဆိုသည်ကတော့.....
''စတော့!''
မဟာနတ်ဆိုးရွှမ်ရှ၏အသံကိုကြားတော့ လူငယ်လေးများသည် ကျောက်တုံးကြီးများကို အလျှိုအလျှို ကောက်မလိုက်ကြသည်။ရုပ်အလောင်းဝိညာဥ်သည်လည်း သူ့အရပ်ထက် သုံးဆခန့်ပိုမြင့်သော ကျောက်တုံးကြီးကို ကောက်မလိုက်ပါသည်။
သုံးမိနစ်ခန့်အကြာမှာ လူငယ်လေးတချို့၏မျက်နှာသည် နီရဲလာပြီး နဖူးမှချွေးစေးများထွက်လာသည်။သို့သော်သူတို့သည် အရှုံးမပေးဘဲ ဆက်လက်တောင်ံ့ခံနေလေသည်။
ဒီအဆင့်ကိုမအောင်မြင်ရင်တောင် နောက်ထပ်စစ်ဆေးမှုများမှာ ပါဝင်နိုင်မှာဖြစ်သော်လည်း သူတို့သည် သူတို့၏အကန့်အသတ်သို့ရောက်အောင်အထိ ကြိုးစားကြည့်လိုကြသည်။
ဒီမြင်ကွင်းက မဟာနတ်ဆိုးရွှမ်ရှကို စိတ်ကျေနပ်စွာ ခေါင်းညိမ့်လိုက်မိစေသည်။
ထိုကျောက်တုံးကြီးများကို မ,မနိုင်ဘဲ အရှုံးပေးလိုက်ရင်တောင်မှ နောက်စစ်ဆေးမှုကို ပါဝင်နိုင်သေးသည်ဟု မဟာနတ်ဆိုးရွှမ်ရှက ပြောခဲ့သော်လည်း အလွယ်တကူသာအရှုံးပေးသွားသောလူများကို မဟာနတ်ဆိုးရွှမ်ရှသည် တေးမှတ်ထားမှာဖြစ်ပြီး နောက်စစ်ဆေးမှုများကို အောင်မြင်လျှင်တောင်မှ အကြောင်းအမျိုးမျိုးပြ၍ ဂိုဏ်းထဲဝင်ခွင့်ပေးမှာ မဟုတ်ပါ။
မင်းရဲ့အကန့်အသတ်အထိရောက်အောင်တောင် ကြိုးစားလိုတဲ့သတ္တိမရှိမှတော့ ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ခွင့်ရဦးမယ် ထင်သလား?
ထိုအချိန်မှာပဲ မဟာနတ်ဆိုးရွှမ်ရှသည် ကောင်းကင်ကို မျက်မှောင်ကြုတ်လျက် အေးစက်သော မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။
ကောင်းကင်ပေါ်တွင် အနက်ရောင်တိမ်စိုင်ကြီးတစ်ခုက ရှန်ရှန့်ကျုံဂိုဏ်းဆီ ရွေ့လျားလာနေသည်။
မဟာနတ်ဆိုးရွှမ်ရှ၏မျက်လုံးများက တိမ်စိုင်ကိုထိုးခွင်းကြည့်ရှုလိုက်သည့်အခါ ကောင်းကင်ပေါ်တွင် မတ်တပ်ရပ်နေသော မရေမတွက်နိုင်သည့် ပုံရိပ်များကို တွေ့မြင်လိုက်ရသည်။ကြွက်တွေ ထပ်ရောက်လာပြန်တာပဲ။
သူ့ဂိုဏ်းရဲ့ ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကိုတောင် လာရောက်နှောင့်ယှက်ရဲတယ်ပေါ့လေ။ အသက်ရှင်ရမှာကို ငြီးငွေ့နေပြီထင်တယ်!
မဟာနတ်ဆိုးရွှမ်ရှသည် မလှုပ်ရှားခဲ့ပါ။ဂိုဏ်းချုပ်တွင် ကိုယ်ပိုင်အစီအစဥ်ရှိထားကြောင်း သူသိသည်။ ထိုကြွက်များ ထောင်ချောက်အတွင်းတိုးဝင်လာမှာကို ဂိုဏ်းချုပ်က စောင့်နေခြင်းဖြစ်ပါ၏။ ရယ်စရာအကောင်းဆုံးအရာမှာ အနှီကြွက်များကလည်း ထောင်ချောက်အတွင်း နာနာခံခံတိုးဝင်နေကြခြင်းပင်။သူတို့တကယ့်ကို သေချင်နေတာပဲ။
မဟာနတ်ဆိုးရွှမ်ရှ မျှော်လင့်ထားသလိုပင် ဂိုဏ်းချုပ်ခန်းမသို့ပြန်ရောက်လာသော ဝမ်ဖုန်းသည် ထိုအနက်ရောင်တိမ်စိုင်ကြီးကို မြင်လိုက်ရသည့်အခါ လှောင်ပြုံးပြုံးလိုက်သည်။
သူ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းကို ဘာထင်နေသလဲ?
ဝမ်ဖုန်း၏ပုံရိပ်သည် ရုတ်ချည်းပျောက်ကွယ်သွားလေသည်။
ဤတစ်ကြိမ်တွင် ဝမ်ဖုန်းသည် ကျန်းစန်ဖုန်းနှင့်တခြားလူများကို ခေါ်မသွားခဲ့ဘဲ တုံ့ဖန်းပုပိုင်ကိုသာ ခေါ်သွားခဲ့သည်။
နတ်ဆိုးဂိုဏ်းခေါင်းဆောင်၏ နှိပ်စက်ခြင်း နိယာမများကို ထိုသူတို့အားခံစားခိုင်းလိုက်ကြပါစို့။
တစ်ချိန်တည်းမှာပဲ မူလက ရှန်ရှန့်ကျုံတောင်၏ဂိတ်တံခါးကို စောင့်ကြပ်နေသော ချီမိန်ချွှေရွှယ်၊ယန်ရှီစန်းနှင့် တင်းဖန်တို့သည်လည်း လေထုအတွင်း ထွက်ပေါ်လာကြသည်။
အနက်ရောင်တိမ်စိုင်ကြီး၏အထက်တွင် ပါးကွက်အာဏာသားသည် မတ်တပ်ရပ်နေပြီး၊သူ့ဘေးတစ်ဖက်တစ်ချပ်စီမှာတော့ မျက်နှာဖုံးတပ်ထားသော အနက်ရောင်ဝတ်ရုံနှင့်လူနှစ်ယောက် မတ်တပ်ရပ်နေကြသည်။ သူတို့၏အနောက်တွင်တော့ ကြောက်မက်ဖွယ်အရှိန်အဝါများ ထုတ်လွှတ်နေသော လူတစ်ရာကျော်ရှိနေကြသည်။
ပါးကွက်အာဏာသားသည် နတ်ဘုံတမျှခမ်းနားသော နန်းတော်ကြီးကို ငုံ့ကြည့်လိုက်သည်။ သူသည် နှုတ်ခမ်းကိုလျှာဖြင့်သပ်ကာ ရက်စက်စွာပြုံးလိုက်လေသည်။ရှန်ရှန့်ကျုံဂိုဏ်းက ထိုပုဂ္ဂိုလ်၏သွေးသည် လုံလောက်အောင် ချိုမြိန်နေဖို့မျှော်လင့်ပါရဲ့။