← Chapters

မောက်မာသော ပါးကွက်အာဏာသား။ မောက်မာသော ပါးကွက်အာဏာသား။

Vol. 8 Ch. 110

မောက်မာသော ပါးကွက်အာဏာသား။ မောက်မာသော ပါးကွက်အာဏာသား။

Vol. 8 Ch. 110

လတ်တလောတွင် ရှန်ရှန့်ကျုံဂိုဏ်း၏ ဂုဏ်သိက္ခာသည် အကြီးအကျယ်မြင့်တက်လာခဲ့ပြီး အင်ပါယာကြီး ၃ ခု၏ ဂုဏ်သတင်းများသည် ညှိုးနွမ်းသွားသည်။ ဤအချင်းအရာကို ကြားသိသည့်အခါ ပါးကွက်အာဏာသားသည် လှောင်ရယ်လိုက်မိသည်။

ဤကမ္ဘာပေါ်ရှိလူများသည် တစ်စိတ်ကို တစ်အိတ်လုပ်၍ ပြောဆိုတတ်ကြပြီး အမှန်တရာများကို ချဲ့ကားပြောဆိုတတ်ကြသည်။

ရှန်ရှန့်ကျုံဂိုဏ်းသည် ယောင်ရီအင်ပါယာ၏ စစ်သူကြီးဖြစ်သော ချန်းလီနှင့် ထိပ်တန်းစစ်တပ် ၂ တပ်ကို သုတ်သင်ပစ်လိုက်သည်မှာ အမှန်ပင်ဖြစ်နိုင်သော်လည်း ဤသည်ကို ရှန်ရှန့်ကျုံဂိုဏ်းတစ်ဂိုဏ်းတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်ကိုတော့ ပါးကွက်အာဏာသားသည် အယုံအကြည်မရှိပါပေ။

သူသည် ယောင်ရီ အင်ပါယာ၏ စစ်သူကြီးချန်းလီနှင့် ကိုယ်တိုင်ရင်ဆိုင်တိုက်ခိုက်ခဲ့ရဖူးခြင်း မရှိသော်လည်း စစ်သူကြီးချန်းလီ၏ ခွန်အားကိုတစိတ်တဒေသအားဖြင့် နားလည်ပါသည်။ သူသည် သူ၏ကိုယ်ပိုင်ခွန်အားအပေါ် ယုံကြည်ချက်ရှိသော်လည်း စစ်သူကြီးချန်းလီနှင့် ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုပါက အနိုင်ရရှိရန် အခွင့်အရေး ၅၀ ရာခိုင်နှုန်းသာ ရှိပါသည်။

သူ့ကိုပို၍ အယုံအကြည်ကင်းမဲ့လာစေသော အချက်မှာ စစ်သူကြီးချန်းလီသည် ဆန်းကြယ်အဓိပတိ အဆင့်သို့ အဆင့်ချိုးဖျက်တက်ရောက်သွားတာတောင်မှ ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ဝမ်ဖုန်း၏ အလွယ်တကူသတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ဆိုသော သတင်းပင်ဖြစ်သည်။

ဤသည်ကား တကယ့်ကို ရယ်ဖွယ်ကောင်းလှပေသည်။

ဆန်းကြယ်အဓိပတိအဆင့်- ထိုအဆင့်သည်ကား မည်သို့သော တည်ရှိမှုကြီးဖြစ်ပါသနည်း။

ဆန်းကြယ်အဓိပတိအဆင့်ဆိုသည်မှာ သုံးပြည်ထောင်တွင် ပြိုင်ဘက်ကင်းသော တည်ရှိမှုကြီး ဖြစ်ပါပေသည်။

ရှန်ရှန့်ဂိုဏ်းနှင့် စစ်သူကြီးချန်းလီ၏ တိုက်ပွဲအကြောင်းကို လူအများက ချဲ့ကားပြောဆိုကြခြင်းသာ ဖြစ်ပါပေလိမ့်မည်။

''အရှင်မင်းကြီးက ပဉ္စမမြောက်မင်းသားကို ပြန်ခေါ်ခဲ့ဖို့ပဲ ငါ့ကို ခိုင်းခဲ့ပေမယ့် ငါ..တစ်ခါတည်း ရှန်ရှကျို့ဂိုဏ်းကိုပါ ဖျက်စီးပစ်ရမယ်ကွ… ဒီလိုဆိုရင် …. ငါတို့ အဖွဲ့အစည်းရဲ့ ဂုဏ်သတင်းကလည်း သုံးပြည်ထောင်မှာ ကျော်ကြားလာလိမ့်မယ်…''

ပါးကွက်အာဏာသားသည် ရှန်ရှန့်ကျုံဂိုဏ်း တည်ရှိရာတောင်ကြားကို ငုံ့ကြည့်လိုက်သည်။ သူ၏ အကြည့်များမှာ အေးစက်မာကျောနေပြီး သူသည် အေးစက်သော လေသံဖြင့် ပြောဆိုလိုက်ပါသည်။

ပါးကွက်အာဏာသားသည် ရှန်ရှန့်ကျုံဂိုဏ်းနှင့် အမုန်းတရားရန်ငြှိုးများ ရှိပါသည်လော ….

ဟင့်အင်း….မရှိပါပေ။

သူသည် ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိမှုအကြောင်းကို ဘယ်တုန်းကမှ ကြားခဲ့ဖူးခြင်းမရှိပါပေ။ သို့သော်လည်း ယခုတော့ သူသည် ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်ဆီးပစ်ချင်နေသည်။ အဘယ့်ကြောင့်နည်း…

အဘယ့်ကြောင့်ဆို့သော် ရှန်ရှန့်ကျုံဂိုဏ်းက သူ့ကိုမပျော်မရွှင်ဖြစ်လာစေသောကြောင့်ပင်ဖြစ်သည်။

ပါးကွက်အာဏာသားဆိုသည်မှာ မည်သို့သော လူဖြစ်ပါသနည်း…. သူဖန်တီးခဲ့သော အဖွဲ့အစည်းသည် ဂိုဏ်းပေါင်းများစွာသာမက လေအင်ပါယာ၏ စွမ်းအားရှင်ကြီးများကိုပါ ထိတ်လန့်စေနိုင်ခဲ့သော အဖွဲ့အစည်းကြီးတစ်ခု ဖြစ်ပါသည်။

သို့ဆိုရင်တောင်မှ သူတို့၏ အဖွဲ့အစည်းသည် သုံးပြည်ထောင်တွင် ကျော်ကြားခြင်းမရှိပါပေ။ အခုတော့ ဘယ်ချောင် ကမှန်းမသိ ထွက်လာသည့် ရှန်ရှန့်ကျုံဂိုဏ်းသည် သုံးပြည်ထောင်တွင် ဂုဏ်သတင်းကျော်ဇောနေသည်။ ရှန်ရှန့်ကျုံဂိုဏ်းသည် ယောင်ရီ အင်ပါယာ၏ စစ်သူကြီးချန်းလီကို ကံကောင်းထောက်မစွာဖြင့် သတ်ဖြတ်နိုင်ခဲ့ပြီး သုံးပြည်ထောင်အတွင်း ဂုဏ်သတင်းကျော်ဇောခဲ့လေသည်။ ဤသည်ကား ပါးကွက်အာဏာသားကို အလိုမကျ ဖြစ်လာစေသည်။

တွေးကြည့်စမ်းပါ…မည်မျှရယ်ဖွယ်ကောင်းပါသနည်း။

ပါးကွက်အာဏာသား၏ အနောက်တွင်ရပ်နေကြသော ဝတ်ရုံအနက်နှင့် လူများသည်လည်း ဘာစကားတစ်ခွန်းမှ မပြောခဲ့ကြပေ။ သို့သော်လည်း သူတို့ထံမှ အေးစက်သော သတ်ဖြတ်ငွေ့အရှိန်အဝါများ ထုတ်လွှတ်လျက်ရှိသည်။

သူတို့သည်မည်သူ့ကိုမဆို သတ်ဖြတ်ပစ်နိုင်သော စည်းမဲ့ကမ်းမဲ့ လူသတ်သမားများပင် ဖြစ်ပါတော့သည်။ ပါးကွက်အာဏာသားသည်ကား သူတို့၏ အရှင်ဘုရင်ဖြစ်သည်။ ပါးကွက်အာဏာသားသည် သူတို့၏ အထွတ်အထိပ်ခေါင်းဆောင် ဖြစ်ပါသည်။ ပါးကွက်အာဏာသားကသာ ရှန်ရှန့်ကျုံဂိုဏ်းမှ လူများကိုသတ်ပစ်ဖို့ ခိုင်းစေမည်ဆိုပါက သူတို့သည်လည်း ပါးကွက်အာဏာသား၏ အလိုအတိုင်းသတ်ရပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ထိုရှန်ရှန့်ကျုံဂိုဏ်းဆိုသည်ကား ပုရွက်ဆိတ်မျှသာ မဟုတ်ပါလော…

''စိတ်ဝင်စားစရာပဲ…. တစ်ယောက်ယောက်က ငါတို့ ရှန်ရှန့်ကျုံဂိုဏ်းရှေ့မှာ လာရောက် ဝံ့ကြွားရဲတယ်ပေါ့လေ။''

ထိုအချိန်မှာပဲ ရယ်မောလှောင်ပြောင်သံကြီးတစ်ခုက ကမ္ဘာအတွင်း ပဲ့တင်ထပ်သွားသည်။ ပါးကွက်အာဏာသားနှင့် သူ့ဘေးနားက အနက်ရောင်ဝတ်ဆုံဝတ်ထားသော အမျိုးသားနှစ်ယောက်သည် အသံလာရာဘက်သို့ စိုက်ကြည့်လိုက်မိကြသည်။

သူတို့၏အရှေ့ မီတာဒါဇင်အနည်းငယ်အကွာတွင် ဂိုဏ်းချုပ်ဝမ်၏ ပုံရိပ်ကလေထုအတွင်း ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်း၏ ဘေးတွင် တုံ့ဖန်းဖုပိုင်နှင့် ချီမိန်ချွှေး ရွှယ် အပါအဝင် အခြားသောသူများ မတ်တပ်ရပ်နေကြသည်။

ဒီကမ္ဘာကြီးမှာ ဒီလောက်လှတဲ့အမျိုးသမီးလေး ရှိတယ်တဲ့လား….

ပါးကွက်အာဏာသားသည် ဝမ်ဖုန်းအား လှည့်တောင်မကြည့်ခဲ့ပေ။ ထိုအစားသူ၏ မျက်ဝန်းများက တုံဖန်းပုပိုင်၏ ပြိုင်ဘက်ကင်းသော မျက်နှာလေးပေါ်တွင် ကပ်တွယ်နေကာ သူ၏ နှလုံးသားကလည်း တုန်ခါလာခဲ့သည်။

ပါးကွက်အာဏာသားသည် အလှတကာ့ အလှဆုံးဆိုသော ပန်းကလေးများအား တွေ့မြင်ဖူးသူပင် ဖြစ်ပါသည်။ သို့သော် မည်သည့်မိန်းကလေးကမှ သူ၏ နှလုံးသားအား လှုပ်ခါစေနိုင်ခဲ့ခြင်း မရှိပါပေ။ သို့သော်လည်း သူသည် တုံ့ဖန်းပုပိုင်ကို တွေ့မြင်လိုက်ရသည့် တစ်ခဏတွင် သူ၏ နှလုံးသားသည် တုန်ယင်လာခဲ့ပေသည်။

သူသည် နှစ်ရာပေါင်းများစွာ ကြမ်းတမ်းရက်စက်သော လူသတ်သမားကြီးတစ်ယောက် ဖြစ်ခဲ့သည်။ သူသတ်ဖြတ်ခဲ့သော လူများမှာလည်း ထောင်ချီ၊ ရာချီပင် ရှိနေပါပြီ။ သူသည် သူ၏နှလုံးသားမှာ ရေခဲကျောက်ဆောင်ကြီးအလား အေးစက်နေပြီဖြစ်ပြီး မည်သည့်မိန်းကလေးကမှ သူ၏ နှလုံးသားအား လှုပ်ခါနိုင်စေခြင်း ရှိလိမ့်မည်မဟုတ်ဟု တွေးထင်ခဲ့သည်။

သို့သော်လည်း တုံ့ဖန်းပုပိုင်ကို တွေ့မြင်လိုက်ရသည့်အခါ သူ့နှလုံးသားအတွင်းရှိ ရေခဲကျောက်ဆောင်ကြီးသည်လည်း အရည်ပျော်လာရပေသည်။

ဒီအလှလေးက ငါ့အတွက်ပဲ ဖြစ်ရမယ်ကွ။

ဤသို့သော ထူးဆန်းသည့် အတွေးတစ်ခုသည် ပါးကွက်အာဏာသား၏ နှလုံးသားအတွင်း၌ ဖြစ်တည်လာသည်။

ပါးကွက်အာဏာသား၏ ဘေးတွင်ရပ်နေကြသော အနက်ရောင်ဝတ်စုံနှင့် လူနှစ်ဦးသည်ပင် တုံ့ဖန်းပုပိုင်အား တွေ့မြင်လိုက်ရသည့်အခါ ကြောင်အ, သွားသော အမူအရာများ ထုတ်ဖော်ပြသ လာပေသည်။

မင်းတို့က ဘယ်သူတွေလဲ…

ဘာလို့ ငါ့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းကို လာရောက်ကျူးကျော်ရတာလဲ…. ဝမ်ဖုန်းသည် မျက်မှောင်ကျုံ့ကာ အော်ပြောလိုက်သည်။

သူသည် အစက ရောက်လာကြသူများမှာ ယောင်ရီ အင်ပါယာ၏ စစ်တပ်ဖြစ်လိမ့်မည်။ သို့တည်းမဟုတ် ရောင်နီဧကရာဇ် ပို့လွှတ်လိုက်သော လူများသာဖြစ်လိမ့်မည်ဟု တွေးထင်ခဲ့သည်။ သို့သော်လည်း ယခုရောက်လာကြသော လူများမှာ သူတစ်ကြိမ်တစ်ခါကမျှ တွေ့မြင်ခဲ့ဖူးခြင်းမရှိသည့် လူစိမ်းများဖြစ်လိမ့်မည်ဟု ဝမ်ဖုန်းက ထင်မထားခဲ့ပါ။

ဝမ်ဖုန်းသည် ယောင်ရီ အင်ပါယာရှိ အဆင့်မြင့်သော လူပုဂ္ဂိုလ်များကို တွေ့မြင်ဖူးခြင်းမရှိသော်လည်း သူသည် အကြည့်တစ်ချက်ဖြင့်ပင် ပါးကွက်အာဏာသားနှင့် သူ့လူများမှာ ယောင်ရီ အင်ပါယာမှ မဟုတ်ကြောင်း ပြောနိုင်ပါသည်။ သူတို့တွင် ယောင်ရီ အင်ပါယာရှိ ကျင့်ကြံသူများကဲ့သိုသော အရှိန်အဝါမျိုး ရှိမနေဘဲ အဆုံးမဲ့ သတ်ဖြတ်ငွေ့များနှင့် ကြောက်မက်ဖွယ် အရှိန်အဝါများ ရှိနေသည်။ သူတို့သည်ကား လူသတ်သမားများသာ ဖြစ်ကြပါသည်။

ဖြစ်နိုင်တာကယောင်ရီ အင်ပါယာကရှန်ရှန့်ကျုံဂိုဏ်းကို တိုက်ခိုက်ဖို့အတွက် လူသတ်သမားတွေကိုတောင် ငှားရမ်းရသည့်အဆင့်အထိ လျော့ကျသွားလေသလား

ဝမ်ဖုန်း၏ စကားလုံးများကို ကြားလိုက်ရသည့်အခါ ပါးကွက်အာဏာသားသည် တုန့်ဖန်းပုပိုင်ဆီမှ အကြည့်လွှဲလိုက်သည်။

သူသည် ဝမ်ဖုန်းအား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူသည် ဝမ်ဖုန်းကို ညှင်းပန်းနှိပ်စက်ရန် နည်းလမ်းပေါင်းရာချီကို တွေးတောပြီးဖြစ်သည်။ ဒီခွေးကောင်က သူအလှလေးကို ငေးကြည့်နေတာကို နှောင့်ယှက်ရဲတယ်ပေါ့လေ…ဒါက ခွင့်မလွှတ်နိုင်စရာကောင်းတဲ့ ရာဇဝတ်မှုပဲကွ…

ခွင့်လွှတ်နိုင်စရာ လုံးဝမရှိဘူး။

''မင်းက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား…''

ပါးကွက်အာဏာသားသည် ခေါင်းကိုမြင့်မြင့်မော့ထားကာ သူ၏နှာခေါင်းက ကောင်းကင်ကို ထိုးထားမတတ်ဖြစ်နေပြီး မောက်မာစွာ ပြောဆိုလိုက်သည်။

ရှန်ရှန့်ကျုံဂိုဏ်းတွင် ဤကဲ့သို့သော ပြိုင်ဘက်ကင်း အလှလေးမျိုးရှိမနေပါက ရှန်ရှန့်ကျုံဂိုဏ်းသည် သူနှင့်စကားပြောဆိုရဖို့တောင် အဆင့်မှီမည်မဟုတ်ပါ။

''အတိအကျပဲ… မင်းကရော ဘယ်သူလဲ…''

ဝမ်ဖုန်းသည် သူ၏ မျက်ဝန်းများကို မှေးကျဉ်းလိုက်ပြီး မထူးမခြားနားအမူအရာဖြင့် ပြောဆိုလိုက်သည်။

အမှန်အတိုင်းပြောရပါလျှင် ပါးကွက်အာဏာသားသည် ဝမ်ဖုန်းတွေ့ဖူးသမျှလူတိုင်းတွင် အမောက်မာဆုံးသော လူသားဖြစ်ပါသည်။

ယောင်ရီအင်ပါယာ၏ မြင့်မြတ်သော စစ်သူကြီးချန်းလီတောင်မှ သူ၏အရှေ့တွင် ဤကဲသို့ မောက်မာခဲ့ဖူးခြင်း မရှိပါပေ။

''ငါဘယ်သူလဲဆိုတာ ဂရုစိုက်မနေစမ်းနဲ။ ငါတစ်ခွန်းပဲပြောမယ် …. မုယင်ဖေးကို နာနာခံခံနဲ့ ငါတို့လက်ထဲကို လွှဲပေးလိုက်

ပြီးတော့… မင်းကိုမင်း အပြစ်ပေးလိုက်''

ပါးကွက်အာဏာသားသည် သူ၏လက်များကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်ပြီး မာန်မဲပြောဆိုလိုက်သည်။

ကောင်းကင်နှင့် မြေပြင်အကြားတွင် လက်ခုပ်တီးသံတစ်သံသည် ပဲ့တင်ထပ်သွားသည်။ ဝမ်ဖုန်းသည် လက်ခုပ်တီးလိုက်ပြီး ပါးကွက်အာဏာသားကို ပြောင်စပ်စပ်အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။

တကယ့်ကို မောက်မာလွန်းတာပဲ…

ဝမ်ဖုန်းသည် သေမင်းကို ဤမျှလောက်ထိ တောင့်တနေသောလူကို ပထမဆုံးအကြိမ်‌ တွေ့မြင်ဖူးခြင်း ဖြစ်ပါပေသည်။

ဝမ်ဖုန်းသည် စိတ်ဆိုးမနေပါ။သူသည် သေရတော့မယ့်လူတစ်ယောက်ကို ဘာ့ကြောင့် စိတ်ဆိုးနေရအုံးမတုန်း…

သူနားမလည်တာက သူတို့၏ ရှန်ရှန့်ကျုံဂိုဏ်းသည် ကမ္ဘာကိုတုန်ခါစေလောက်သည်အထိ ဂုဏ်သတင်းကျော်ဇောနေတာတောင် ဘယ်အရူးတွေကများ ရှန်ရှန့်ကျုံဂိုဏ်းကို လာရောက်ရန်,စ ဝံ့သလဲဆိုတာကိုပင်…. ဒါက ရူးနှမ်းတာပဲ မဟုတ်ပေလော …

''ကောင်လေး…မင်းဘာကို ဆိုလိုချင်တာလဲကွ…''

ဝမ်ဖုန်းသည် သူမျှော်လင့်ထားသလို ကြောက်လန့်မသွားဘဲ လက်ခုပ်တီးကာ ပြောင်စပ်စပ် ရယ်မောလိုက်တာကြောင့် ပါးကွက်အာဏာသားသည် ရုတ်တရက်ဒေါသထွက်သွားပြီး စူးရှသော သားရဲတစ်ကောင်လိုမျိုး မျက်ဝန်းများက ဝမ်ဖုန်းအား စိုက်ကြည့်လိုက်ပြီး အေးစက်စွာ လှောင်ပြောင်လိုက်သည်။ ပါးကွက်အာဏာသား၏ ခန္ဓာကိုယ်မှ အလွန်တရာအေးစက်သော သတ်ဖြတ်ငွေ့ အရှိန်အဝါများလွင့်ပျံ့ထွက်ပေါ်လာသည်။

''ဒီကိစ္စကို မင်းနဲ့လွှဲပေးလိုက်မယ်။ သူတို့ကို လွယ်လွယ်နဲ့ သေခွင့်မပြုနဲ့။ နတ်ဆိုးဂိုဏ်းခေါင်းဆောင်ဆိုတာ ဘယ်လိုတည်ရှိမှုဆိုတာကို သူတို့ကို ပြလိုက်စမ်းပါကွာ….''

ဝမ်ဖုန်းသည် ပါးကွက်အာဏာသားကို ပျင်းရိပျင်းတွဲ လှမ်းကြည့်လိုက်ပြီး သူ့ဘေးနားက တုံ့ဖန်းပုပိုင်ကိုကြည့်ကာ တီးတိုးပြောဆိုလိုက်သည်။

''ဟား….ဟား…..ဟား….ဟားးး''

ပါးကွက်အာဏာသား၏ ကျင့်ကြံစဉ်မှာ မည်သို့သော ကျင့်ကြံစဉ်ဖြစ်ပါသနည်း။ ဝမ်ဖုန်း၏ စကားလုံးများမှာ အလွန်တရာတိုးညှင်းသော်လည်း ပါးကွက်အာဏာသားသည် ဝမ်ဖုန်း၏ စကားများကို ကြားနိုင်ပါသည်။ သူသည် ဒေါသထွက်သွားရမည့်အစား အော်ဟစ်ရယ်မောလိုက်သည်။ ဟက်ဟက်ပက်ပက် ရယ်မောသံကြီး တစ်သံက တောင်ကြားတစ်ခုလုံးအတွင်း ပဲ့တင်ထပ်သွားလေသည်။

''လူတစ်ချို့က နည်းနည်းလောက်ကံကောင်းတာနဲ့ သူတို့ကိုယ်သူတို့ ကမ္ဘာမှာ ပြိုင်ဘက်ကင်းပြီလို့ ထင်နေကြတာပဲ…ညီအစ်ကိုတို့ရေ…ဒီကောင်လေးတစ်သိုက်ကို ငရဲ စွမ်းအားဆိုတာ ဘာလဲဆိုတာ ပြလိုက်ကြရအောင်ကွ…''

ပါးကွက်အာဏာသားသည် လှောင်ရယ်ပြောဆိုလိုက်သည်။

ဝုန်းးးးး

သူ၏ စကားဆုံးသည်နှင့် ရာချီသော အနက်ဝတ်လူများထံမှ ကြောက်မက်ဖွယ် အရှိန်အဝါများ တစ်ဟုန်ထိုးပေါက်ကွဲထွက်လာသည်။

All Chapters