ကျွန်တော် တိတိပပကို ဒူးထောက်ထားပါတယ်
Vol. 8 Ch. 112
တုံ့ဖန်းပုပိုင်မှ ပစ်လွှတ်လိုက်သော ပန်းထိုးအပ်လက်နက်များသည် ပြိုင်ဘက်ကင်းအမြန်နှုန်းဖြင့် သတ်ဖြတ်သူများ၏ကိုယ်တွင်းသို့ ထိုးစိုက်ဝင်သွားကြ၏။
ထိုသတ်ဖြတ်သူများ၏ ကျင့်ကြံမှုအခြေအားဖြင့် ပန်းထိုးအပ်လက်နက်များ ကိုယ်တွင်းသို့စိုက်ဝင်သွားကြခြင်းမှာ မဖြစ်သင့်ပေ။ သို့သော် တုံ့ဖန်းပုပိုင်၏ပန်းထိုးအပ်လက်နက်များသည် သတ်ဖြတ်သူများ၏မျက်ခုံးနှစ်ခုကြားသို့ ချွင်းချက်မရှိ စိုက်ဝင်သွားခဲ့ကြလျက် သူတို့၏ဝိဉာဉ်များကို ထိုးဖောက်စိုက်ဝင်သွားခဲ့သည်။
ကနဦးတွင် သတ်ဖြတ်လိုစိတ်ပြင်းထန်နေကြသည့် သတ်ဖြတ်သူများသည် ရုတ်ချည်းရပ်တန့်သွားရလျက် အလျင်စလိုသတ်ဖြတ်ရန်ဟန်အနေအထားကိုပင် ပြန်လည်ထိန်းသိမ်းလိုက်ကြသည်။
“ဟမ်? ဘာဖြစ်နေကြတာလဲ? အဲဒီ့ပုရွက်ဆိတ်တစ်သိုက်ကို မြန်မြန်သတ်လိုက်ကြစမ်း! ငါ့မှာ အဲဒီ့ပုရွက်ဆိတ်တွေနဲ့ ကစားနေဖို့အချိန်မရှိဘူးကွ!
ကောင်းကင်ခွဲဖြာအရှင်နှင့် စကားစမြည်ေပြာဆိုေနသည့် ပါးကွက်အာဏာသားမှ သတ်ဖြတ်သူများ၏ မူမမှန်သည့်ပုံစံကို သတိထားမိသွားခဲ့၍ မျက်မှောင်ကြုတ်သွားကာ ကြိမ်းမောင်းလိုက်၏။
စိတ်မကြည်လင်စွာသောအသံသည် လောကတစ်ခွင် ပဲ့တင်ထပ်သွား၏။
ထိုအသံကိုကြားလိုက်ရသည်တွင် သတ်ဖြတ်သူများသည် ထိတ်လန့်သွားကြပုံရ၏။ လဲပြိုကျတော့မည်ကို ထိန်းထားသည့်ကိုယ်နေဟန်ထားမှ ရုတ်ချည်း ပြိုလဲကျသွားကြလေသည်။
ကျင့်ကြံသူတစ်ရာကျော်ခန့်မှာ ဖက်ထုပ်လုံးများကဲ့သို့ မြေပြင်သို့ ဒလိမ့်ခေါက်ကွေးပြုတ်ကျကုန်ကြလေသည်။
မြေပြင်ထက်တွင် လူငယ်များစွာတို့သည့် ဒုတိယစစ်ဆေးမှုကို အောင်မြင်သွားခဲ့ကြပြီဖြစ်သည်။ သူတို့သည် တတိယစစ်ဆေးမှုအတွက် ခဏတာအနားယူနေကြပေသည်။
ဘုန်း! ဘုန်း!
သို့သော် ထိုအခိုက်တွင် ဟိန်းဟောက်သံကြီးတစ်ခုသည် ထိုလူငယ်လေးများကို ထခုန်လုမတတ် ထိတ်လန့်သွားစေခဲ့သည်။ သူတို့သည် မတ်တပ်ထရပ်လိုက်ကြပြီး ကောင်းကင်သို့မော့ကြည့်ရင်းဖြင့် အံ့အားမင်သက်နေကြပေသည်။
အလောင်းများ တစ်လောင်းပြီးတစ်လောင်း မြေပြင်သို့ပြုတ်ကျနေခဲ့ပြီး ပြုတ်ကျသည့်နေရာတိုင်းတွင် တွင်းနက်ကြီးများဖြစ်သည်အထိ ထုရိုက်ခံလိုက်ကြရသည်။ ထို့နောက်တွင် အရေအတွက်တစ်ရာကျော်မျှသော အလောင်းများ စုပုံသွားခဲ့သည်မှာ တောင်ကုန်းတစ်ခုအလား ဖြစ်နေတော့သည်။
ဤသည်မှာ ထိုလူငယ်များအတွက် ပထမဆုံးအကြိမ်အဖြစ် ထိုမျှချောက်ချားဖွယ်မြင်ကွင်းကို မြင်တွေ့ဖူးခြင်းဖြစ်သည်။ သို့သော် ထူးဆန်းစွာဖြင့် ထိုလူငယ်များမှာ ကြောက်ရွံ့ခြင်းမရှိဘဲ စိတ်လှုပ်ရှားနေကြလေသည်။
ထိုအလောင်းတစ်ရာကျော်တွင် ရှန်ရှန့်ကျုံဂိုဏ်းသား တစ်ဦးပင် မပါရှိချေ။ ဆိုလိုသည်မှာ ရှန်ရှန့်ကျုံဂိုဏ်းသည် အင်အားကြီးမားသည့်တပ်ဖွဲ့တစ်ဖွဲ့ကို ထပ်မံတွန်ူလှန်ချေမှုန်းခဲ့ပြန်ပြီဟူ၍ ဖြစ်၏။
အင်ပါယာကိုဆန့်ကျင်နိုင်သည့် အင်အားကြီးဂိုဏ်းသည် မျှော်လင့်ထားသည့်အတိုင်းပင်!
လူငယ်လေးများသည် သူတို့၏နုနုနယ်နယ်လက်တို့ကို လက်သီးဆုပ်လျက် စိတ်လှုပ်ရှားနေသည့်မျက်နှာအမူအရာတို့ဖြင့် ရှန်ရှန့်ကျုံဂိုဏ်းသို့ဝင်ရောက်ရန် ဆုံးဖြတ်ချက်သည် ပိုမိုခိုင်မာလာခဲ့ကြသည်။
အင်ပါယာရှိဂိုဏ်းကြီးများသည် သူတို့အား အမှိုက်သရိုက်များကဲ့သို့ သဘောထားကြသည်။ ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုတည်းသာ သူတို့အား အခွင့်အရေးပေးရန် ဆန္ဒရှိခဲ့၏။ ထို့ပြင် အရေးပါသောအချက်မှာ ရှန်ရှန့်ကျုံဂိုဏ်းသည် ဂိုဏ်းငယ်လေးတစ်ခုမဟုတ်သည့် အင်ပါယာကြီးသုံးခုလုံးတွင်ကျော်ကြားသည့် ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်နေခြင်းပင်။
ထိုကဲ့သို့သောဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့လျှင် မိမိတို့မှာ ကံကောင်းလွန်းလှသည်မဟုတ်ပါလော။ နောက်ဆုံးတွင်တော့ အထုံပါရမီကို အလေးမထားလွန်းသည့် အင်အားကြီးဂိုဏ်းတစ်ဂိုဏ်း ပေါ်ထွက်လာခဲ့ပေပြီ။ ထိုအခွင့်အရေးကို မဆုပ်ကိုင်ခဲ့ပါလျှင် သူတို့၏ကျန်ရှိသည့် ဘဝသက်တမ်းတစ်လျှောက်လုံးတွင် နောင်တရကြပေလိမ့်မည်။
ကနဦးတွင် မဟာနတ်ဆိုးရွှမ်ရှသည် သေကြေပျက်စီးသည့်မြင်ကွင်းကြောင့် လူငယ်လေးများ ထိတ်လန့်မသွားကြစေရန် နှစ်သိမ့်ပေးလိုခဲ့သည်။ သို့သော် မဟာနတ်ဆိုးရွှမ်ရှမှာ အချိန်ခဏမျှ မင်သက်သွားခဲ့ရ၏။ လူသေအလောင်းများကို မြင်တွေ့ဖူးခြင်းမရှိသည့် လူငယ်များ၏ လူသေအလောင်းတစ်ရာကျော်ခန့်ကို တွေ့မြင်လိုက်ရပြီးနောက် ပထမဆုံးတုံ့ပြန်မှုသည် ထိတ်လန့်ချောက်ချားခြင်းမဟုတ်ဘဲ စိတ်လှုပ်ရှားမှုဖြစ်နေခဲ့သည်။
ယနေ့ခေတ်လူငယ်များသည် ထိုမျှထိ ထောင်လွှားတတ်ကြသည်လော။
တစ်ဖက်ရှိ ရုပ်အလောင်းဝိဉာဉ်သည် အလောင်းတစ်ရာကျော်ခန့်ကို မြင်တွေ့ပြီးနောက်တွင် ခန္ဓာကိုယ်မှာ လှုပ်ရှားရန်အသင့်အနေအထား ဖြစ်နေတော့သည်။ သူ၏မျက်လုံးများမှာ အလောင်းတစ်ရာကျော်ကို မလွှဲတမ်းစူးစိုက်ကြည့်နေလျက် ပြင်းပြသည့်အလင်းတစ်ခု ဖြတ်ပြေးသွားခဲ့သသည်မှာ ထိုအလောင်းတစ်ကျော်သည် လူသေအလောင်းများမဟုတ်ဘဲ စားကောင်းသောက်ဖွယ်များအလား ဖြစ်သည်။
ရုပ်အလောင်းဝိဉာဉ်၏ မူမမှန်မှုသည် စင်မြင့်ထက်တွင် တိတ်ဆိတ်စွာရပ်နေသည့်ယောင်ယွဲ့ကို သတိထားမိသွားစေခဲ့သည်။ ယောင်ယွဲ့သည် ရုပ်အလောင်းဝိဉာဉ်ကို သေချာစူးစိုက်ကြည့်ရှုလျက် ထိုရုပ်အလောင်းဝိဉာဉ်၏နောက်ရှိ အနက်ရောင်ခေါင်းတလားကိုကြည့်ရင်းဖြင့် သူမ၏စိတ်ထဲတွင် ခန့်မှန်းချက်အချို့ ဖြစ်ပေါ်လာခဲ့သည်။
အထက်ကောင်းကင်၌…
သုသာန်တစပြင်အလား တိတ်ဆိတ်နေ၏!
ပါးကွက်အာဏာသား၊ ကျိုးပျက်ဝိဉာဉ်အစောင့်အရှောက်၊ ကျိုးပျက်သက်တမ်းအစောင့်အရှောက်နှင့် ကောင်းကင်ခွဲဖြာအရှင်တို့ အားလုံးမှာ အံ့ဩထိတ်လန့်ကုန်ကြ၏။
သူတို့မှာ တုံ့ပြန်မှုပင် မလုပ်နိုင်ကြချေ။ တစ်ကိုယ်လုံးမှာ နေရာ၌ပင် မလှုပ်မယှက် ကြက်သေသေနေကြ၏။
“မင်း… မင်း ဘယ်လိုစုန်းအတတ်တွေ သုံးလိုက်တာလဲ”
ပါးကွက်အာဏာသားသည် သူ၏နှလုံးအိမ်ကို ခုန်လှုပ်စေခဲ့သည့် လှပသည့်အမျိုးသမီးအား ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြည့်လာခဲ့သည်။
သူသည် တိုက်ပွဲကို ဂရုတစိုက် ကြည့်ရှုနေခဲ့သည်မဟုတ်သော်ငြား တုံ့ဖန်းပုပိုင်၏တိုက်ကွက်ကြောင့် သူ၏လက်အောက်ငယ်သားများနှင့် ကောင်းကင်ခွဲဖြာအဖွဲ့အစည်းမှ စွမ်းအားမြင့်ကျင့်ကြံသူများ ထူးဆန်းစွာ သေဆုံးသွားရသည်ဖြစ်ကြောင်းကို သိနေခဲ့ပါ၏။
ပါးကွက်အာဏာသားမှာ တုန်လှုပ်သွားရသည်!
မိမိကဲ့သို့သော ကြမ်းကြုတ်ရက်စက်သည့်သတ်ဖြတ်သူတစ်ဦးကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်မှာ သူ၏ဘဝသက်တမ်းတစ်လျှောက်လုံးတွင် ဤအမျိုးသမီးသည် ပထမဆုံးဖြစ်ပါ၏။
ကောင်းကင်ခွဲဖြာအရှင်သည် အချိန်ခဏမျှ မင်သက်နေပြီးနောက်တွင် မြေပြင်ထက်ရှိ အလောင်းများကိုစူးစိုက်ကြည့်လျက် သူ၏မျက်လုံးများသည် အတားအဆီးအထပ်ထပ်ကို ကျော်ဖြတ်၍ အလောင်းများကို စစ်ဆေးလိုက်သည်။
ထိုအလောင်းများတွင် မျက်ခုံးနှစ်ခုကြားရှိ အနီစက်လေးမှလွဲ၍ အခြားဒဏ်ရာဒဏ်ချက် မရှိချေ။ ၎င်းအနီစက်သည် သူတို့၏လက်အောက်ငယ်သားသတ်ဖြတ်သူများကို သေဆုံးစေသည့်အကြောင်းရင်းဖြစ်ပေသည်။
သေးမျှင်သည့်လက်နက်ငယ်သည် သူတို့၏ဦးခေါင်းကို ထိုးဖောက်စိုက်ဝင်သွားခဲ့ရုံမျှမက ဝိဉာဉ်ကိုလည်း ပြိုကွဲစေခဲ့သည်။
ထိုအခြေအနေကို သတိထားမိသွားသည်နှင့် ကောင်းကင်ခွဲဖြာအရှင်သည်လည်း တုန်လှုပ်သွားရကာ စိတ်တွင်း၌ ဤနေရာမှ ထွက်ပြေးရန်ပင် တွေးလိုက်မိလေသည်။
စွမ်းအားမြင့်ကျင့်ကြံသူ အမြောက်အများကို တစ်ပြိုင်နက်တည်းသတ်ပစ်နိုင်သည့်စွမ်းအားသည် မည်မျှကြီးမားသော စွမ်းအားမျိုးဖြစ်လိမ့်မည်နည်း။
ထိုစွမ်းအားကို သူ မှန်းဆကြည့်၍မရနိုင်ပါ။ သို့သော် ၎င်းသည် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ကျင့်ကြံသူမှ လုပ်ဆောင်နိုင်မည့်အရာမဟုတ်ပေ။
သို့ဖြစ်ရာ နတ်ပြည်မှနတ်သမီးတစ်ပါးကဲ့သို့ လှပသည့်အမျိုးသမီးသည် ဆန်းကြယ်အဓိပတိအဆင့်ကျင့်ကြံသူဖြစ်သည်ဟု ဆိုလိုပေသည်။
သေစမ်း! ဓားရေယှဉ်ဖို့ကို အသာထားဦး.. တကယ့်ဆရာကြီးကို ပြစ်မှားမိပြီဟ!
ထိုခန့်မှန်းချက်သည် ကောင်းကင်ခွဲဖြာအရှင်အား စိတ်တွင်းတွင် အသည်းအသန် ဟစ်ကြွေးမိလေသည်။ ကောင်းကင်ခွဲဖြာအရှင်သည် ပါးကွက်အာဏားသားကိုစိုက်ကြည့်လျက် သူ့အား အကြိမ်ပေါင်းထောင်ချီ သတ်ပစ်လိုက်ချင်တော့၏။
ပါးကွက်အာဏာသားမှ ရှန်ရှန့်ကျုံဂိုဏ်းနှင့် ရင်ဆိုင်ရန်လာခဲ့ချိန်တွင် ကောင်းကင်ခွဲဖြာအရှင်သည် တုံ့ဆိုင်းနေဆဲဖြစ်ခဲ့သည်။ အဆုံးတွင်တော့ ရှန်ရှန့်ကျုံဂိုဏ်းသည် အင်ပါယာကြီးသုံးခုတွင် ကျော်ကြားမှုသည် အနည်းငယ်ချဲ့ကားပြောဆိုခြင်း ဖြစ်လျှင်သော်မှ အခြေအမြစ်မရှိသည်တော့ မဟုတ်ချေ။ ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားသည် သေချာပေါက် မရိုးရှင်းပါချေ။
သို့သော် ထိုခွေးကောင်ပါးကွက်အာဏာသားသည် သူ၏နားသို့ ထိုရှန်ရှန့်ကျုံဂိုဏ်းသည် ပုရွက်ဆိတ်တစ်သိုက်သာဖြစ်သည်ဟု အခိုင်အမာပြောခဲ့သည်။ ယခင်လူမသိသူမသိဂိုဏ်းလေးသည် အဘယ်သို့ဖြင့် လောကတစ်ခွင်၌ ရုတ်တရက်ကျော်ကြားလာခဲ့သည်ကို မသိသော်ငြား ၎င်းမှာ ချဲ့ကားပြောဆိုခြင်းဟုသာ ပြောခဲ့သည်။
ကောင်းကင်ခွဲဖြာအရှင်မှာ ဦးနှောက်ဆေးကြောခံလိုက်ရသည်ကဲ့သို့ ပါးကွက်အာဏာသားမှပြောခဲ့သည့် မက်မောဖွယ်ဆုလာဘ်သည် သူ့အား သဘောတူညီမိစေခဲ့သည်။
ယခုတွင်တော့ ကောင်းကင်ခွဲဖြာအရှင်မှာ နောင်တရခဲ့လေပြီ။ ဤပုရွက်ဆိတ်တစ်သိုက်မှာ အဘယ်သို့သော ထူးကဲသည့်ပုရွက်ဆိတ်တစ်သိုက်နည်း။ ဆန်းကြယ်အဓိပတိအဆင့်ကျင့်ကြံသူရှိသည့် ဂိုဏ်းတစ်ဂိုဏ်းသည် ပုရွက်ဆိတ်တစ်သိုက်ပေလော။ သေစမ်းပါတော့!
ကောင်းကင်ခွဲဖြာအရှင်သည် ပါးကွက်အာဏာသား၏ဦးခေါင်းကို နှစ်ကြိမ်ခန့်ရိုက်နှက်ပစ်လိုက်ပြီး ပုရွက်ဆိတ်ဟူသည် မည်သို့မည်ပုံဖြစ်သည်ကို ပြသပေးချင်လှသည်။
“ဂိုဏ်းချုပ်ဝမ် ကျွန်တော်က စိတ်တွေရှုပ်ထွေးနေလွန်းလို့ ပါးကွက်အာဏာသားရဲ့ လှုံ့ဆော်သွေးဆောင်မှုကိုခံခဲ့ရပြီး ရှန်ရှန့်ကျုံဂိုဏ်းကို ပြစ်မှားခဲ့မိပါတယ်။ ဂိုဏ်းချုပ်ဝမ်အနေနဲ့ ကျွန်တော့်ကိုခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ဂိုဏ်းချုပ်ဝမ်သာ ကျွန်တော့်ရဲ့ဒီအသက်ကို ချမ်းသာပေးနိုင်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် အကုန်လုပ်ပေးနိုင်ပါတယ်!”
ကောင်းကင်ခွဲဖြာအရှင်သည် လေဟာပြင်တွင် ရုတ်ချည်းဒူးထောက်ချလိုက်၍ ကျယ်လောင်စွာအော်ပြော၏။
ဒူးထောက်အရှုံးပေးခြင်းဖြင့် အသက်ချမ်းသာရနိုင်သည်။ သို့မဟုတ်ပါက သေချာပေါက် သေဆုံးရပေလိမ့်မည်။
ထို့ကြောင့် ကောင်းကင်ခွဲဖြာအရှင်သည် တိပစွာဒူးထောက်လိုက်ပါ၏။
“ကောင်းကင်ခွဲဖြာညီနောင် မင်း…”
ပါးကွက်အာဏာသားနှင့် အခြားသူများသည် ကောင်းကင်ခွဲဖြာအရှင်အား ထိုသို့မြင်တွေ့လိုက်ရသည်ကြောင့် အံ့အားမင်သက်ကုန်ကြလျက် ကောင်းကင်ခွဲဖြာအရှင်အား ကြောင်အစွာ ကြည့်နေကြလေသည်။
သူတို့သည် များစွာသောလက်အောက်ငယ်သားတို့၏ သေဆုံးမှုကြောင့် တုန်လှုပ်သွားကြသည်မှန်ပါသော်ငြား မိမိကိုယ်ကိုနှိမ့်ချ၍ အသက်ချမ်းသာပေးပါရန် တောင်းပန်တိုးလျှိုးသည်အထိတော့ မဟုတ်သေးပါ။
ပါးကွက်အာဏာသားနှင့် အခြားသူများသည်လည်း ထိုအခိုက်တွင် ကြောက်ရွံ့ထိတ်လန့်နေကြပါ၏။ သို့သော်ငြား သူတို့သည် ကောင်းကင်ခွဲဖြာအရှင်ကဲ့သို့ အသက်ချမ်းသာပေးပါရန် တောင်းပန်တိုးလျှိုးလိမ့်မည်မဟုတ်ပေ။ မိမိမှာ မည်သူဖြစ်သနည်း။
မိမိမှာ ခေါင်းပြတ်အဖွဲ့အစည်းကို တာဝန်ယူထားသည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မိမိ၏နောက်တွင် ကြီးမြတ်သောလေအင်ပါယာ၏ အိမ်ရှေ့မင်းသားရှိ၏။ ထိုရှန်ရှန့်ကျုံဂိုဏ်းသည် အင်အားကြီးမားသည်ဖြစ်စေဦးတော့ သူ့ကို ထိပါးဝံ့ပါမည်လော။
“ညီနောင် မင်းရူးနေပြီ။ မင်းက ငါ့ညီနောင် မဟုတ်တော့ဘူး! ဂိုဏ်းချုပ်ဝမ် ကျွန်တော်က အဲဒီ့ခွေးကောင်နဲ့ ဘာမှမသက်ဆိုင်ပါဘူး။ သူက ကျွန်တော့်ကို အခကြေးငွေများများနဲ့ ခေါ်လာခဲ့ရုံပါ”
“ကျွန်တော့်ရဲ့ကောင်းကင်ခွဲဖြာအဖွဲ့အစည်းက လူသတ်အဖွဲ့အစည်းတစ်ခုပါ။ တစ်ယောက်ယောက်က အခကြေးငွေပေးရင် သတ်ပေးရတာပါပဲ။ သူတို့က ဂိုဏ်းချုပ်ဝမ်ကို ပြစ်မှားခဲ့မိတယ်ဆိုရင်လည်း သူတို့ရဲ့သေခြင်းနဲ့ ဂိုဏ်းချုပ်ဝမ်နဲ့ ရှန်ရှန့်ကျုံဂိုဏ်းကို တောင်းပန်ပြီးပြီလို့ သတ်မှတ်လို့ရပါတယ်။ ကျေးဇူးပြုပြီး ဂိုဏ်းချုပ်ဝမ် ကျွန်တော့်ကိုလွှတ်ပေးပါ!”
ကောင်းကင်ခွဲဖြာအရှင်သည် ပါးကွက်အာဏာသားကို ကြိမ်းဝါးပြောဆိုလိုက်ပြီးနောက် ဝမ်ဖုန်းမှ မိမိနှင့်ပါးကွက်အာဏာသားတို့၌ ပတ်သက်ဆက်နွယ်မှုရှိသည်ဟု အထင်လွဲမှားမည်စိုးသောကြောင့် ကြောက်လန့်တကြားဖြင့် ဝမ်ဖုန်းသို့ အလျင်အမြန် တောင်းပန်ပြောဆိုခဲ့သည်။