← Chapters

ဂိုဏ်းချုပ်ဝမ်က နှစ်ပြည်ထောင်ရဲ့ဂိုဏ်းဝင်ခွင့်သတ်မှတ်ဖို့အခွင့်အရေးကိုရယူလိုတယ်။

Vol. 9 Ch. 114

ဂိုဏ်းချုပ်ဝမ်က နှစ်ပြည်ထောင်ရဲ့ဂိုဏ်းဝင်ခွင့်သတ်မှတ်ဖို့အခွင့်အရေးကိုရယူလိုတယ်။

Vol. 9 Ch. 114

ဝမ်ဖုန်း၏စကားအဆုံးတွင် ကောင်းကင်ခွဲဖြာအရှင်သည် နောက်တစ်ကြိမ်အရိုအသေပေး၍ စကားဆိုမလာခဲ့ချေ။

ဂုဏ်သရေကြီးမြင့်စွာသော သတ်ဖြတ်သူမျိုးဆက်သည် တံမြက်လှည်းသည့်လူအိုကြီးတစ်ဦး ဖြစ်သွားခဲ့ရသည်။ ကောင်းကင်ခွဲဖြာအရှင်မှာ စိတ်မကောင်းဖြစ်မိသော်ငြား ကံကောင်းပါ၏။ အနည်း‌ဆုံးတော့ မိမိမှာ သေဆုံးရမည်မဟုတ်ပေ။

ဝမ်ဖုန်းမှ ကောင်းကင်ခွဲဖြာအရှင်ကို အားဖြင့်ထူမတ်ပေးလိုက်ပြီး ဝမ်ဖုန်း၏ဘေးတွင်ရပ်နေသည့် ကောင်းကင်ခွဲဖြာအရှင်သည် ပါးကွက်အာဏာသားကိုကြည့်၍ သက်ပြင်းချမိရသည်။

ပါးကွက်အာဏာသားသည် သတ်ဖြတ်သူလောကတွင် မိမိအား ပြိုင်ဘက်ကောင်းတစ်ယောက်ဟု သတ်မှတ်ထားသည်ဖြစ်ရာ မိမိသည်လည်း ထိုသို့ အပြန်အလှန်သတ်မှတ်ခဲ့မည် မဟုတ်ပါလော။

ဒီနေ့တစ်နေ့တာကျော်လွန်ပြီးနောက်တွင် ထိုပြိုင်ဘက်ကောင်းကြီးမှာ ပျောက်ကွယ်သွားတော့မည်ဖြစ်ပြီး မိမိမှာ တံမြက်လှည်းသည့်လူအိုကြီးအဖြစ် ကျဆင်းသွားရသည်မှာ နှမြောတသဖွယ်ကောင်းလှသည်။

ကံကြမ္မာသည် ဘယ်လိုတောင် ကျီစယ်နောက်ပြောင်လိုက်ပါသနည်း။

ထိုအခိုက်အတန့်တွင် ပါးကွက်အာဏာသားသည် ကောင်းကင်ခွဲဖြာအရှင်၏ မကြာမီက အကြည့်နှင့် ယခုလေးတင်ကြည့်လိုက်သည့် နှမြောတသဟန်သော အကြည့်တို့ကြောင့် အလွန်အမင်း စိတ်မသက်မသာဖြစ်နေရ၏။

ခေါင်းပြတ်အဖွဲ့အစည်းသည် ကြီးမြတ်သောလေအင်ပါယာ၏ နံပါတ်တစ်သတ်ဖြတ်သူအဖွဲ့အစည်းဖြစ်ပြီး အရှင့်သား၏ နံပါတ်တစ်အဖွဲ့အစည်းဖြစ်သည်။

သို့ဖြစ်ရာ အဘယ်ကြောင့်များ ဒီအဖွဲ့အစည်းခေါင်းဆောင်အား သေလူကဲ့သို့အကြည့်ဖြင့် ကြည့်၍ နှမြေတသဟန်အကြည့်တို့ဖြင့် ကြည့်ဝံ့ရသနည်း။

“သွားကြမယ်!”

ပါးကွက်အာဏာသားသည် ‌ကောင်းကင်ကိုစူးရဲစွာကြည့်၍ လက်ကိုဝှေ့ယမ်းလိုက်သည်။

မိမိသည် ဤတစ်ကြိမ်တာဝန်ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသောကြောင့် ပြန်ရောက်သည့်အခါတွင် အိမ်ရှေ့မင်းသား၏ ပြစ်တင်ကြိမ်းမောင်းခြင်းကို ခံရပေတော့မည်။

အိမ်ရှေ့မင်းသား၏ ပြစ်တင်ကြိမ်းမောင်းခံရမည်ဟူသောအတွေးတွင် ပါးကွက်အာဏာသားမှာ မထိန်းချုပ်နိုင်စွာ တုန်ရီလာခဲ့ရသည်။

ဝမ်ဖုန်းသည်တော့ ပါးကွက်အာဏာသားသည် ပြန်လည်ထွက်ခွာလိုသည်ကို မြင်လိုက်ရ၍ ရယ်မောမိလေ၏။ ဤလူကြီးသည် တကယ်ကြီး သူ၏ကိုယ်ပိုင်အိပ်မက်ကမ္ဘာတွင် နေထိုင်နေပုံရသည်။

ဝမ်ဖုန်းသည် ဒေါသတကြီးဖြင့် ဟစ်အော်ပြောဆိုခြင်းမပြုခဲ့။ တုံ့ဖန်းပုပိုင်ကိုသာ မျက်လုံးတစ်ဖက်မှိတ်ပြလိုက်၏။

တုံ့ဖန်းပုပိုင်သည် ခေါင်းငြိမ့်လိုက်ပြီးနောက် သူ၏ပုံရိပ်သည် အနည်းငယ်လှုပ်ရှားသွားခဲ့သည်။ ထို့နောက် ပါးကွက်အာဏာသားနှင့် အခြားသူများရှေ့တွင် ကောင်းကင်ဘုံမှဆင်းသက်လာသည့် အမတတစ်ပါးအလား ရုတ်ချည်းပေါ်ထွက်လာခဲ့၏။

ထွက်ခွာရန်ပြင်နေသည့် ပါးကွက်အာဏာသားသည် တုံ့ဖန်းပုပိုင်ကို မြင်လိုက်ရသည်တွင် အကြီးအကျယ်တုန်လှုပ်သွားခဲ့သည်။

သူသည် တုံ့ဖန်းပုပိုင်ကို ရှောင်လွှဲသွားလိုပါသော်ငြား မည်မျှပင် လှည့်ပတ်ရှောင်ကွင်းနေစေကာမူ တုံ့ဖန်းပုပိုင်သည် သူ၏ရှေ့တွင် ပေါ်ထွက်လာမြဲဖြစ်လေသည်။

ပါးကွက်အာဏာသားမှာ ဒေါသထွက်လာခဲ့၏!

သူသည် ဝမ်ဖုန်းကိုလှည့်ကြည့်၍ ဒေါသတကြီးဖြင့် ပြောတော့သည်။

“မင်းဒါဘာအဓိပ္ပာယ်လဲ!”

“ဒီအဖွဲ့အစည်းခေါင်းဆောင်ရဲ့နောက်မှာ ဘယ်သူရှိနေလဲရော သိရဲ့လား။ ငါပြောလိုက်ရင် မင်းသေအောင်ကြောက်သွားမှာ သိရဲ့လား။ ကြီးမြတ်သောလေအင်ပါယာရဲ့ မင်းသားတစ်ပါးကွ! မြန်မြန် ငါခေါင်းဆောင်ကို သွားခွင့်ပေးစမ်း! မဟုတ်လို့ အရှင့်သားက မင်းကိုအပြစ်တင်လာရင် မင်းအတွက် မကောင်းနိုင်ဘူးနော်”

ဝမ်ဖုန်းမှာ လက်ခံယုံကြည်သွားရသည်။ ဤပါးကွက်အာဏာသားကို မည်သို့ဖော်ပြရမည်ကို သူမသိတော့ချေ။ ဤပါးကွက်အာဏာသားသည် သတ်ဖြတ်သူများအပေါ် ဝမ်ဖုန်း၏အတွေးအမြင်တို့ကို ဖြိုဖျက်သွားခဲ့၏။

“အိပ်မက်ကမ္ဘာထဲမှာနေနေတဲ့ဒီလူကို နှိုးပေးလိုက်စမ်းပါ”

ဝမ်ဖုန်းသည် လက်ကိုဝှေ့ယမ်းလျက် ညင်သာစွာပြောလိုက်သည်။

ဝမ်ဖုန်း၏အသံအဆုံးတွင် တုံ့ဖန်းပုပိုင်မှ လှုပ်ရှားလိုက်ရာ အလင်းတစ်ဖျတ်လ လင်းလက်သွားခြင်းနှင့်အတူ ကျိုးပျက်သက်တမ်းအစောင့်အရှောက်နှင့် ကျိုးပျက်ဝိဉာဉ်အစောင့်အရှောက်တို့နှစ်ဦးသည် လေဟာပြင်မှာ တန်းတန်းမတ်မတ် ပြုတ်ကျသွားလေသည်။

သူတို့နှစ်ဦး၏မျက်ခုံးအလယ်တွင် အနီစက်တစ်စက် တည်ရှိနေခဲ့ပြီး သူတို့ပြုတ်ကျသွားသည့်အချိန်တွင် သူတို့၏ဝိဉာဉ်သည်လည်း ပြိုကွဲသွားခဲ့ပြီဖြစ်သည်။

ပါးကွက်အာဏာသားသည် အသက်ရှင်နေဆဲဖြစ်၏။ သို့သော် ထိုအခိုက်အတန့်တွင် သေဆုံးခြင်းသည်ပိုကောင်းမည်ဟု ခံစားလိုက်ရပေသည်။

ပန်းထိုးအပ်ငယ်လေးများ သူ၏ခြေလက်များထဲသို့ ထိုးစိုက်ဝင်သွားခဲ့၏။ သေချာမကြည့်ပါလျှင် ထိုးစိုက်ထားသည့် အပ်ငယ်လေးများကို မြင်တွေ့နိုင်မည်မဟုတ်ပေ။

ပါးကွက်အာဏာသားမှာ သူ၏ခြေလက်များမှ အသွေးအသားတို့ကို ပုရွက်ဆိတ်ထောင်ချီမှ စားသုံးနေသည့်အလား အလွန်ပြင်းထန်လှစွာသော ယားယံမှုနှင့်နာကျင်မှုတို့ကို မခံမရပ်နိုင်အောင် ခံစားနေရပေသည်။

ထို့ပြင် သူ၏ခြေလက်များရှိ ထိုပန်းထိုးအပ်လေးချောင်း၏စွမ်းအားများသည် သူ၏ခန္ဓာကိုယ်တွင်းသို့ အဆက်မပြတ် ချဲ့ထွင်တိုးဝင်နေခဲ့သည်မှာ သူ၏ရိုးတွင်းခြင်ဆီတို့ကို တတိတိ ကိုက်ဖြတ်နေသည့်အလား ခံစားရသည်။

“အားး!”

အလွန်ကျယ်လောင်လှသည့် အော်ဟစ်သံတစ်ခု ပါးကွက်အာဏာသားထံမှ ပေါ်ထွက်လာခဲ့သည်။

သူ၏နဖူးထက်တွင် ချွေးစေးများထွက်နေကာ မျက်နှာမှာ ဖြူဖျော့နေလျက် ခန္ဓာကိုယ်သည်လည်း အဆက်မပြတ် တုန်ယင်နေခဲ့သည်။

အတိတ်ကာလတွင် သူသည် လူတို့ကိုညှဉ်းပန်းနှိပ်စက်ရသည့် ရင်ဖိုရသောခံစားချက်နှင့် သူ၏ပစ်မှတ်ကို အစွမ်းကုန်နှိပ်စက်ညှဉ်းဆဲရသည့် ခံစားချက်တို့ကို မွေ့လျော်နှစ်ခြိုက်ခဲ့သည်။ သို့သော် ယခု၌ အခြားသူမှ မိမိအား ညှဉ်းပန်းနှိပ်စက်သည့်အလှည့်သို့ ရောက်ရှိလာခဲ့သည်တွင် လျင်မြန်စွာသေဆုံးလိုစိတ်များ ကြီးစိုးလာခဲ့ရသည်။

အတိတ်ရှိ သူညှဥ်းပန်းနှိပ်စက်ခဲ့သူများသည် သက်သာလျင်မြန်သောသေဆုံးခြင်းနှင့် မိမိ၏ဇနီးမယားကို လဲလှယ်လိုရသည့်အကြောင်းရင်းကို နားလည်သွားခဲ့ရပေပြီ။

“ချမ်းသာ… ချမ်းသာပေးပါ”

ပါးကွက်အာဏာသားသည် ဝမ်ဖုန်းကိုကြည့်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်သည်တော့ ကွေးကျုံ့နေကာ တုန်ယင်နေခဲ့၏။

ပါးကွက်အာဏာသားသည် သွေးပင်လယ်နှင့် အလောင်းပင်လယ်တို့မှ ထွက်လာခဲ့သူဖြစ်၏။ သို့သော်ငြား တုံ့ဖန်းပုပိုင်၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ခံနိုင်ရည်မရှိချေ။ ဤသည်မှာ တုံ့ဖန်းပုပိုင်၏ အနိမ့်ဆုံးအဆင့် ညှဉ်းပန်းမှုလေးသာ ဖြစ်ပါ၏။

“မုယွင်ဖေးကို ဘာလို့ရှာနေတာလဲ? မုယွင်ဖေးဆီလာဖို့ မင်းကို ဘယ်သူစေခိုင်းလိုက်တာလဲ?”

ဝမ်ဖုန်း၏မျက်နှာမှာ တည်ငြိမ်အေးဆေးနေမြဲဖြစ်သည်။ ဝမ်ဖုန်းသည် ပါးကွက်အာဏာသားအား အရေးမထားဟန်အကြည့်တို့ဖြင့် မေးလိုက်၏။

ထိုသူသည် မည်သူဖြစ်စေ ရှန်ရှန့်ကျုံဂိုဏ်း၏တပည့်ကို ထိပါးလိုပါလျှင် ဂိုဏ်းချုပ်အား ဦးစွာကျော်ဖြတ်ရပေမည်။

ထိုမေးခွန်းကိုကြားရသည်တွင် ပါးကွက်အာဏာသားသည် တိတ်ဆိတ်သွား၏။ သူ၏ခန္ဓာကိုယ်မှာ အလွန်တရာနာကျင်နေရပါသော်ငြား စကားဆိုမလာခဲ့ပေ။

ဤကဲ့သို့သောအချိန်၌ပင် သူသည် ကြီးမြတ်သောလေအင်ပါယာ၏သားဦးဖြစ်သူ အိမ်ရှေ့မင်းသားကို သတိတရရှိနေလိုက်သေး၏။

ရည်မှန်းချက်ကြီးမားလွန်းပါဘိ!

အရိုးဟာ မာကြောစမြဲ။

ဝမ်ဖုန်းသည် တုံ့ဖန်းပုပိုင်အား နောက်တစ်ကြိမ် ကြည့်လိုက်သည်။

“အားး!”

အထက်ကောင်းကင်နှင့်ပထဝီမြေကြီး၌ ဆွဲဆွဲငင်ငင်မြည်တမ်းသံကြီး တစ်ဖန်ပေါ်ထွက်လာခဲ့ပြန်သည်။ ပါးကွက်အာဏာသားမှာ မိမိ အမှန်တကယ် သေဆုံးတော့မည်ဟု ခံစားနေရသည်။ သူသည် အချိန်တစ်ခုအထိ သေမင်းတံခါးဝသို့ ရောက်ရှိရသည့်ခံစားချက်ကို မခံစားခဲ့ရဘဲ ရှိနေခဲ့သူဖြစ်သည်။

ဤတစ်ကြိမ်တွင်တော့ သူ၏နှလုံးအိမ်တွင် မရေမတွက်နိုင်သောပိုးမွှားများ တွားသွားနေသည်ကဲ့သို့ ခံစားရပြီး သူ၏ဝိဉာဉ်အား မရေမတွက်နိုင်သောပိုးမွှားများမှ ကိုက်ဖြတ်နေသည်ဟု ခံစားနေရသည်။

ပါးကွက်အာဏာသားမှာ ကြောက်ရွံ့တုန်ယင်နေလျက် အရှုံးပေးခဲ့လေပြီ။

“ပြောပ့ါမယ်… အဲဒါက ‌ကြီးမြတ်သောလေအင်ပါယာရဲ့မင်းသားပါ။ မုယွင်ဖေးကို ခေါ်လာဖို့စေခိုင်းခဲ့တာ”

“ဘာလို့လဲ?”

ဝမ်ဖုန်းသည် မျက်လုံးများကိုမှေးကျဉ်းလျက် ကျယ်လောင်စွာ မေးလိုက်၏။

ဝမ်ဖုန်းသည် မုယွင်ဖေးအား ဂိုဏ်းတပည့်အဖြစ်လက်ခံခဲ့ချိန်တွင် မုယွင်ဖေး၏ ကြီးမြတ်သောလေအင်ပါယာရှိသရုပ်သည် သေချာပေါက် မရိုးရှင်းနိုင်ဟု သိနေခဲ့ပါ၏။ ၎င်းဖြစ်နိုင်ချေမှာ ကြီးမြတ်သောလေအင်ပါယာ၏ အိမ်ရှေ့မင်းသားဟု တွေးခဲ့ဖူးသည်။

“မု… မုယွင်ဖေးက ကြီးမြတ်သောလေအင်ပါယာရဲ့ ဧကရာဇ်ကြီးနဲ့မိဖုရားကြီးတို့ရဲ့သားတော်ဖြစ်ပြီး ပဉ္စမမင်းသားပါ။ သရုပ်မှန်ကိုတွက်ချက်ကြည့်ရင် မင်းသား၅ဖြစ်တဲ့မုယွင်ဖေးက အိမ်ရှေ့မင်းသားထက် ပိုပြီးအဆင့်အတန်းမြင့်ပါတယ်။ ပြီးတော့ မုယွင်ဖေးက ထီးနန်းအတွက် အိမ်ရှေ့မင်းသားနဲ့ဖက်ပြိုင်နိုင်ခြေ အရှိဆုံးမင်းသားပါ”

“အ… အစကတော့ မုယွင်ဖေးရဲ့အထုံပါရမီက နိမ့်ပါးပြီး အသုံးမကျတဲ့သူပဲမလို့ အိမ်ရှေ့မင်းသားက သူနဲ့ရင်ဆိုင်တိုက်ခိုက်ဖို့ အတွေးမရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီတစ်ခေါက်မှာ မုယွင်ဖေးက ယောင်ရီအင်ပါယာမှာ နာမည်ကျော်ကြားလာခဲ့တာကြောင့် အိမ်ရှေ့မင်းသားက ထပ်ပြီးသည်းခံမထားနိုင်တော့တာပါ”

ပါးကွက်အာဏာသားသည် ခံနိုင်ရည်မရှိတော့သောကြောင့် အကြောင်းအရာအလုံးစုံကို ပြောပြလာခဲ့သည်။

အိမ်ရှေ့မင်းသား၏ အားထားရဆုံးသော အဖွဲ့အစည်းခေါင်းဆောင် ဖြစ်နေစေဦးတော့ မိမိမှာ သေဆုံးရတော့မည်ဖြစ်ရာ အိမ်ရှေ့မင်းသားကို ဂရုစိုက်မနေနိုင်တော့ပေ။

ဝမ်ဖုန်း‌ ခေါင်းညိတ်လိုက်၏။ သူ၏မျက်နှာထက်တွင် အေးစက်မှုအချို့ တည်ရှိနေခဲ့သည်။ ခန့်မှန်းထားသည့်အတိုင်းပင် မုယွင်ဖေးသည် တော်ဝင်မျိုးနွယ်ဖြစ်နေခဲ့ပြီး မိသားစုချစ်ခြင်းမေတ္တာဟူသည် မရှိပေ။

သူ၏အစ်ကိုဖြစ်သူသည်ပင် သူ့ကိုသတ်ချင်နေခဲ့၏။

ဝမ်ဖုန်း ဒေါသမထွက်မိပါ။ ဤကဲ့သို့သောအခြေအနေသည် တော်ဝင်မိသားစုတွင် ပုံမှန်ဖြစ်ရပ်များ ဖြစ်သည်။ သို့သော်ငြား ရှန်ရှန့်ကျုံဂိုဏ်း၏တပည့်ကို အနိုင်ကျင့်လိုပါလျှင်မူ ရည်ရွယ်‌ချက်အောင်မြင်လိမ့်မည် မဟုတ်ချေ။

မည်သို့ပင်ဖြစ်စေ အင်ပါယာတစ်ခုတည်ထောင်ရန် အစီအစဉ်ရှိသည်ဖြစ်ရာ မုယွင်ဖေးကို ထီးနန်းရယူနိုင်ရန် ကူညီပေးနိုင်ပါ၏။

ယခုလက်ရှိတွင် ဧကရာဇ်၏သားတော်ပင် သူ၏ရှန်ရှန့်ကျုံဂိုဏ်းတပည့်တစ်ဦးဖြစ်နေလေရာ အင်ပါယာကြီးနှစ်ခုမှလူများသည် သူ၏ရှန်ရှန့်ကျုံဂိုဏ်းကို မဝင်ရောက်လိုဘဲ ရှိနိုင်ပါမည်လော။

ဝမ်ဖုန်းတွင် အင်ပါယာနှစ်ခုကို တစ်ပြိုင်နက်တည်း ခန့်အပ်နိုင်မည့်အခွင့်အရေး ရှိနေခဲ့လေပြီ။ ၎င်းမှာ ယိမ်းယိုင်ခြင်းမရှိ ခိုင်မာလွန်းသည်။ အတွေးဖြင့်ပင် ပျော်ရွှင်ဝမ်းမြောက်မိရ၏။

‘ကောင်းပြီ။ လုပ်လိုက်ကြတာပေါ့’

ဝမ်ဖုန်း၏မျက်လုံးများမှာ ခိုင်မာတည်ကြည်နေလျက် ဆုံးဖြတ်ချက်ချလိုက်လေသည်။

ဝမ်ဖုန်းသည် သေအံ့ဆဲဆဲဖြစ်နေသည့် ပါးကွက်အာဏာသားကိုကြည့်၍ လက်ဝှေ့ယမ်းလိုက်၏။

တုံ့ဖန်းပုပိုင်သည်လည်း လက်ဝှေ့ယမ်းလိုက်ရာ ပါးကွက်အာဏာသားမှာ အမှန်တကယ် သေဆုံးသွားခဲ့လေပြီ။ ကြီးမြတ်သောလေအင်ပါယာ၏ နံပါတ်တစ်သတ်ဖြတ်သူအဖွဲ့အစည်းခေါင်းဆောင်သည် ထိုမျှသနားချင့်ဖွယ် ဆိုးရွားလှသောပုံစံဖြင့် သေဆုံးသွားခဲ့ရသည်။ ဤသတင်း ပျံနှံ့သွားခဲ့ပါလျှင် ရှန်ရှန့်ကျုံဂိုဏ်းသည် အင်ပါယာကြီးသုံးခုကို တစ်ဖန် တုန်လှုပ်စေဦးမည်ပင်။

ရှန်ရှန့်ကျုံဂိုဏ်းထက်တွင် ဝန်းရံပိတ်ဆို့နေခဲ့သည့် တိမ်တိုက်မည်းကြီးများသည်လည်း ရှင်းလင်းသွားခဲ့ပြီး လှပသောကြယ်ပွင့်လေးများ ပြန်လည်ပေါ်ထွက်လာခဲ့သည်။

ဝမ်ဖုန်းသည် အထက်ကောင်းကင်ရှိ ကြယ်ပွင့်များကိုကြည့်၍ ပြုံးလိုက်၏။

ရှန်ရှန့်ကျုံဂိုဏ်း၏ကောင်းကင်ကို မည်သူမျှ မဖုံးလွှမ်းနိုင်ပေ။

ရှန်ရှန့်ကျုံဂိုဏ်းကိုဦးတည်သည့် ဤပွဲသည် ရှန်ရှန့်ကျုံဂိုဏ်းကို အနည်းငယ်မျှ ဆုံးရှုံးခြင်း မပြုစေနိုင်ခဲ့ရုံမျှမက ရှန်ရှန့်ကျုံဂိုဏ်းထံတွင် အလုံးစုံရှုံးနိမ့်သွားခဲ့ခြင်းသာ ဖြစ်ပါ၏။

All Chapters