နတ်ဘုရားတွေရဲ့ရှင်ဘုရင်ဟာ ငါ့ကိုမြင်တဲ့အချိန်မှာ ပြုံးရယ်ခဲ့လေတယ်
Vol. 9 Ch. 115
ရှန်ရှန့်ကျုံတောင်ကြား၏အပြင်ဘက် စင်မြင့်ထက်တွင် မဟာနတ်ဆိုးရွှမ်ရှသည် မိန်းကလေးငယ်လေးများကိုကြည့်နေရင်းမှ ကျယ်လောင်စွာပြော၏။
“ဒုတိယရုပ်ခန္ဓာစစ်ဆေးမှုရဲ့ရလဒ်တွေက မျှော်လင့်ထားတာထက် ကောင်းမွန်တယ်။ တစ်ယောက်မှ ထုတ်ပယ်မခံရဘူး။ ဒါပေမဲ့ တတိယဥာဏ်ပညာစွမ်းရည်စစ်ဆေးမှုမှာတော့ ဆယ်ယောက်ထုတ်ပယ်ခံရမယ်”
ယနေ့တွင် ယောက်ျားလေး၊ မိန်းကလေး၊ ရုပ်အလောင်း စုစုပေါင်း၁၃ယောက်ကျန်ရှိ၏။
မဟာနတ်ဆိုးရွှမ်ရှ၏စကားအဆုံးတွင် လင်းဖေးဝူသည် စစ်ဆေးမှုစာရွက်တစ်အုပ်ကို သယ်ဆောင်၍ လူငယ်များကို ဝေပေးခဲ့သည်။
ထိုစစ်ဆေးမှုစာရွက်များမှာ ဂိုဏ်းချုပ်ဝမ်ကိုယ်တိုင် ရေးသားထားခြင်းဖြစ်သည်။
ရုပ်အလောင်းဝိဉာဉ်သည် စစ်ဆေးမှုစာရွက်ကို ရရှိသောအခါ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏မျက်နှာအမူအရာမှာ အနည်းငယ်ပြောင်းလဲသွား၏။
စစ်ဆေးမှုစာရွက်တွင် မေးခွန်းသုံးခုသာ ပါရှိသည်။
ပထမမေးခွန်း: ရှန်ရှန့်ကျုံဂိုဏ်းကိုဝင်ပြီးရင် ဘာလုပ်ချင်သလဲ။
ဒုတိယမေးခွန်း: မင်းရဲ့ပတ်ဝန်းကျင်က မိတ်ဆွေသူငယ်ချင်းတွေကို ရှန်ရှန့်ကျုံဂိုဏ်းကိုဝင်ဖို့ အကြံပြုမှာလား။ အကြံပြုမယ်ဆိုရင် အကြောင်းပြချက်ပေးပါ။
တတိယမေးခွန်း: ‘ရှန်ရှန့်ကျုံ’စကားလုံးသုံးနဲ့ ကဗျာတစ်ပုဒ်စပ်ပါ။
အမှန်အတိုင်းပြောရပါလျှင် မဟာနတ်ဆိုးရွှမ်ရှသည် ထိုမေးခွန်းစာရွက်ကိုရရှိချိန်တွင် လုံးဝကြောင်အ,သွားခဲ့ရပါ၏။ ဂိုဏ်းချုပ်၏အတွေးကို သူမသိပါ။ စစ်ဆေးမှုစာရွက်တွင် မေးခွန်းသုံးခုပါရှိပြီး တတိယမြောက်မေးခွန်းသည်လည်း ဉာဏ်ပညာရှိခြင်းနှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုရန်မှာ ခက်ခဲပေသည်။
သို့သော် အချိန်ခဏမျှ ကြောင်အ,နေခဲ့ပြီးနောက်တွင် စစ်ဆေးမှုစာရွက်ကို လက်ခံရရှိသည့်လူငယ်များမှာ ပျော်ရွှင်သွားကြပေသည်။
သူတို့သည် ဉာဏ်ပညာစစ်ဆေးမှုသည် အလွန်ခက်ခဲလိမ့်မည်ဟုသာ တွေးထားခဲ့ကြပြီး ထိုမျှရိုးရှင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါ။
ဤသည်မှာ ပိုင်ဆိုင်ထားသည့်အတွင်းစိတ်ဝိဉာဉ်၊ လျင်မြန်ဖျတ်လတ်စွာတွေးတောနိုင်စွမ်းနှင့် စိတ်ဝိဉာဉ်ထည့်သွင်း၍ရေးသားနိုင်စွမ်းကို စစ်ဆေးခြင်းသာဖြစ်သည်။
နာရီဝက်ခန့်မျှသော အချိန်အတွင်း၌ပင် လူငယ်လေးများသည် စစ်ဆေးမှုစာရွက်များကို ရေးသားဖြေဆိုပြီး၍ ပြန်လည်အပ်နှံပြီးကြလေသည်။
ဂိုဏ်းချုပ်ဝမ်သည် ထိုတပည့်များ၏ စစ်ဆေးဖြေဆိုမှုစာရွက်များကို ကိုယ်တိုင်ပြန်လည်စစ်ဆေးမည်ဟု အလေးပေးပြောဆိုထားခဲ့သည်။ မဟာနတ်ဆိုးရွှမ်ရှမှ လျစ်လျူရှုခဲ့ပါလျှင် ဂိုဏ်းချုပ်ဝမ်သို့ တိုက်ရိုက်လွှဲပြောင်းခံရမည်ဖြစ်၏။
ဂိုဏ်းချုပ်ဝမ်သည် လက်ထဲရှိအဖြေစာရွက်ကို ကြည့်ရှုရင်းဖြင့် စိတ်ကျေနပ်စွာ ခေါင်းတညိတ်ညိတ် ရှိနေခဲ့သည်။ အတိတ်ဘဝတွင် သူသည် စာစစ်တစ်ဦးဖြစ်ခဲ့ပြီး ယခုလက်ရှိ၏ အခြားကမ္ဘာလောကတွင် စာစစ်ဆေးသူတစ်ဦး ဖြစ်ရပေမည်။
စစ်ဆေးမှုစာရွက်များကို အတည်ပြုရာတွင် အတိတ်ဘဝရှိစာစစ်များသည် သံသည် စတီးမဟုတ်သောကြောင့် မုန်းတီးခဲ့ကြသည်။ ထို့ပြင် ဤမေးခွန်းကို မည်သူမျှမသိဟု ပြောလေ့ရှိကြပြီး ဆွေးမြေ့နေသည့်သစ်သားကို ပန်းပုထု၍မရနိုင်ဟု ပြောလေ့ရှိခဲ့ကြသည်။
အိုး~ တကယ်ကို လွမ်းမိပါ၏။
ဝမ်ဖုန်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဝမ်ဖုန်းမှာ ရသကို မခံစားနိုင်သည်မဟုတ်ဘဲ မိမိ၏မူရင်းဇာစ်မြစ်နှင့် တရုတ်လူမျိုးတစ်ေယာက်ဖြစ်ေကြာင်းကို မမေ့လျော့စေရန် ကိုယ့်ကိုယ်ကို သတိပေးလိုခြင်းဖြစ်ပါ၏။
အခြားကမ္ဘာလောကတစ်ခု၌ပင် သူ၏နှလုံးသားသည် တရုတ်နိုင်ငံတော်ကြီးတွင် ရှိနေဆဲဖြစ်၏။
ဝမ်ဖုန်းသည် အဖြေလွှာစာရွက်များကို သာမန်ကာလျှံကာသာ ကြည့်လိုက်သည်။ တကယ်တမ်းတွင် ထိုဆယ်ကျော်သက်လူငယ်လေးများမှ ရင်ဖိုဖွယ်အဖြေများ ရေးသားလာလိမ့်မည်ဟု ဝမ်ဖုန်း မမျှော်လင့်ထားပါ။
သေချာပေါက်ပင် ပထမမေးခွန်း၏အဖြေများသည် ကျင့်ကြံရန် သို့မဟုတ် ပို၍အင်အားကြီးသန်မာလာရန်ဟူ၍ ဖြစ်ကြပေသည်။ ရုပ်အလောင်းဝိဉာဉ်၏အဖြေတစ်ခုတည်းသာ စိတ်ဝင်စားဖွယ်ကောင်း၏။ သူရေးထားခဲ့သည်မှာ ‘မိမိကိုယ်ကိုရှာဖွေရန်'ဟူ၍။
၎င်းအဖြေသည် ဝမ်ဖုန်းကို အနည်းငယ်အံ့အားသင့်စေခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်းသို့ဝင်၍ မိမိကိုယ်ကို ရှာဖွေမည်တဲ့?
ဝမ်ဖုန်း ခေါင်းခါရမ်းလိုက်သည်။ ထိုစကား၏အဓိပ္ပာယ်ကို မရှာဖွေနိုင်လေရာ ထပ်မံစဉ်းစားမနေတော့ပေ။ မည်သို့ပင်ဖြစ်စေ ရုပ်အလောင်းဝိဉာဉ်မှ သူ၏ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်ခဲ့ပါလျှင် အနှေးနှင့်အမြန် သိရမည်သာဖြစ်၏။
ဒုတိယမေးခွန်းတွင် ဝမ်ဖုန်းမှာ ပို၍ရှုပ်ထွေးသွားရသည်။ သူ့တွင် မိတ်ဆွေသူငယ်ချင်းမရှိ ဟူ၏။
'မိတ်ဆွေသူငယ်ချင်း မရှိဘူးတဲ့? အဲဒါကြီးက အရမ်းသနားဖို့ကောင်းနေတာ မဟုတ်ဘူးလား?’
ဤလူငယ်များ၏အရည်အချင်းများအရ အနည်းငယ်ပင်ဖြစ်စေ မိတ်ဆွေဖွဲ့ရန် ဆန္ဒရှိနိုင်ကောင်း၏။
ထို့နောက် တတိယမေးခွန်း၏အေဖြကို မြင်လိုက်ရသည်တွင် ဝမ်ဖုန်းမှာ အံ့ဩထိတ်လန့်သွားတော့သည်။
လူငယ်လေးများအားလုံး၏ ကဗျာများသည် ထူးချွန်ပြောင်မြောက်ပေသည်။ အနည်းဆုံးတော့ သိပ္ပံပညာရပ်တွင် ဉာဏ်ကြီးရှင်ဖြစ်သည့်ဝမ်ဖုန်းအနေဖြင့် မရေးနိုင်မည့် အရေးအသားများဖြစ်ကြပါ၏။
‘နတ်ဘုရားတွေရဲ့ရှင်ဘုရင်ဟာ ငါ့ကိုမြင်တဲ့အချိန်မှာ ပြုံးရယ်ခဲ့လေတယ်
နတ်ဘုရားတွေမှာ ခံစားချက်များစွာရှိသတဲ့
မှူးမတ်ဝန်ကြီးတွေဟာ ဓားသွားထက်မှာ ခြေလှမ်းထောင်ချီ လှမ်းလျှောက်လိုလေရဲ့
မိုင်ထောင်ချီလေဟုန်စီးဖို့ရာတော့ မိန်းမလှလေးကို ခေါ်ဆောင်သွားခဲ့လေတယ်’
အရမ်းကောင်းတယ်!
ဝမ်ဖုန်းသည် စိတ်ကျေနပ်အားရစွာဖြင့်ခေါင်းညိတ်လျက် လက်ကိုဝှေ့ယမ်း၍ မဟာနတ်ဆိုးရွှမ်ရှကို ရလဒ်များလွှဲပြောင်းပေးခဲ့သည်။ အတိအကျပြောရပါက ဤစစ်ဆေးမှုသုံးခုကို အောင်မြင်သည့်လူငယ်များသည် ရှန်ရှန့်ကျုံဂိုဏ်းသို့ဝင်ရောက်ရန် အရည်အချင်းပြည့်မီသည်ဟု အဓိပ္ပာယ်ရ၏။
“ဂုဏ်ပြုပါတယ်။ မင်းတို့တွေ့က စစ်ဆေးမှုကိုအောင်မြင်ပြီး ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အပြင်တပည့်ဖြစ်သွားပါပြီ”
ဝမ်ဖုန်း၏အကြောင်းကြားချက်ကို လက်ခံရရှိသည်နှင့် မဟာနတ်ဆိုးရွှမ်ရှသည် လူငယ်လေးများကိုကြည့်၍ ကျယ်လောင်စွာပြောခဲ့သည်။
မဟာနတ်ဆိုးရွှမ်ရှ၏အသံသည် လူငယ်လေးများကို စိတ်လှုပ်ရှားစေခဲ့ပြီး သူတို့၏စိတ်တွင်းမှ လေးလံလှသောကျောက်တုံးကြီးမှာ အလုံးစုံပြုတ်ကျသွားခဲ့လေသည်။ သူတို့သည် နောက်ဆုံးတော့ဖြင့် ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့လေပြီ။
အလွန်ကြီးမားလှစွာသော ဖိအားများနှင့် ဆွေမျိုးသားချင်းတို့၏ မျှော်လင့်ချက်များအောက်တွင် ရှန်ရှန့်ကျုံဂိုဏ်းသို့ဝင်ရောက်ရသည်မှာ တကယ်ကို မလွယ်ကူပါချေ။
“မနက်ဖြန်ကစပြီး အတွင်းတပည့်တွေက မင်းတို့ကို အလှည့်ကျလေ့ကျင့်ပေးလိမ့်မယ်။ အတွင်းတပည့်ဖြစ်လာမှသာ အကြီးအကဲတွေရဲ့တပည့်ဖြစ်ဖို့ အရည်အချင်းပြည့်မီမှာဖြစ်တယ်။ အဲဒါကြောင့်မို့ မင်းတို့တွေ ကြိုးစားကြပါ!”
မဟာနတ်ဆိုးရွှမ်ရှမှ ထပ်မံပြောခဲ့သည်။
မဟာနတ်ဆိုးရွှမ်ရှ၏အသံနှင့်အတူ လူငယ်များအားလုံး၏မျက်ဝန်းများတွင် ရှန်ရှန့်ကျုံဂိုဏ်း၏အတွင်းတပည့်ဖြစ်လာရမည်၊ အကြီးအကဲများ၏တပည့်ဖြစ်လာရမည်ဟူသော ဆုံးဖြတ်ချက်ခိုင်မာမှုများ ဖြတ်ပြေးသွားခဲ့လေသည်။
ရှန်ရှန့်ကျုံဂိုဏ်း၏အကြီးအကဲအားလုံးမှာ ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ သို့ဖြစ်ရာ အကြီးအကဲများ၏တပည့်ဖြစ်လာပါလျှင် သူတို့၏အဆင့်အတန်းသည်လည်း သေချာပေါက် မြင့်မားသွားမည်ဖြစ်သည်။ မိမိတို့၏ဘိုးဘေးဘီဘင်များကို ဂုဏ်တက်စေရုံမျှမက မိမိကိုယ်တိုင်သည်လည်း ပို၍အင်အားကြီးမားလာနိုင်ပေသည်။
“မုယွင်ဖေး ဒီတပည့်တွေကို နေထိုင်ဖို့နေရာရွေးဖို့ ခေါ်သွားလိုက်ပါ”
“ဟုတ်ကဲ့!”
မုယွင်ဖေးသည် တပည့်များကိုခေါ်ဆောင်သွားခဲ့ပြီး ရှန်ရှန့်ကျုံဂိုဏ်း၏ ပထမဆုံးသော ဂိုဏ်းသားစုဆောင်းခြင်းညီလာခံသည်လည်း အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။
…..
ရှန်ရှန့်ကျုံဂိုဏ်းမှ တပည့်၁၄ဦးခေါ်ဆောင်ခဲ့သည်ဟူသော သတင်းစကားသည် ပျံ့နှံ့သွားခဲ့ပြီး တချို့မှာ ဒေါသထွက်ကြကာ တချို့မှာ လှောင်ရယ်ကြပြီး တချို့မှာ ပြက်ရယ်ပြုကြလေသည်။
အတိုချုံးလိုက်ပါက ရှန်ရှန့်ကျုံဂိုဏ်းသည် အင်ပါယာကြီးများကို ထပ်မံလှုပ်ကိုင်လိုက်သည်သာ ဖြစ်၏။
အင်ပါယာ၏မြို့အရှင်ငါးဦး၏ဖိနှိပ်မှုအောက်၌ပင် ရှန်ရှန့်ကျုံဂိုဏ်းသည် တပည့်၁၄ဦးခေါ်ဆောင်နိုင်ခဲ့လေရာ ထိုသတင်းကို ကြားသိရသူအပေါင်းမှာ နက်နက်ရှိုင်းရှိုင်း အံ့ဩထိတ်လန့်ကုန်ကြလေသည်။
ယောင်ရီအင်ပါယာ၏ဧကရာဇ်ကြီးမှာ စိတ်မချမ်းမြေ့ချေ။ ဧကရာဇ်ကြီးမှာ ထပ်မံကျရှုံးခဲ့ပြန်လေပြီ။ ရှန်ရှန့်ကျုံဂိုဏ်းတွင် မြေအောက်ကမ္ဘာတစ္ဆေစစ်တပ်ကြီးတစ်ခုလုံး ကျဆုံးသွားခဲ့ရသည်။
ဂုဏ်သရေကြီးမြတ်လှသည့်ဧကရာဇ် ယောင်ရီအင်ပါယာ၏ကြီးမြတ်လှသည့်တည်ရှိမှုသည် ရှန်ရှန့်ကျုံဂိုဏ်းကြောင့် တစ်ကြိမ်ပြီးတစ်ကြိမ် အရှက်ရခဲ့ရသည်ဖြစ်ရာ ယောင်ရီအင်ပါယာ၏ဧကရာဇ်မှာ ဒေါသမာန်ဟုန် ထကြွနေတော့သည်။
ထိုအဖြစ်အပျက်ကြောင့် မဟုတ်ခဲ့ပါလျှင် ဧကရာဇ်ကြီးသည် စစ်တပ်ကြီးတစ်တပ်စေလွှတ်၍ ရှန်ရှန့်ကျုံဂိုဏ်းအား အပြည့်အဝ ပိတ်ဆို့ဝန်းရံ၍ ဖိနှိပ်ပစ်လိုက်မည်ဖြစ်သည်။
“အရှင်မင်းကြီး မြေအောက်ကမ္ဘာတစ္ဆေစစ်တပ်ကို စေလွှတ်ဖို့ မသင့်ပါဘူး။ ရှန်ရှန့်ကျုံဂိုဏ်းရဲ့အင်အားဟာ စိတ်ကူးမှန်းဆမရနိုင်အောင် နက်နဲလွန်းပါတယ်။ အခွင့်ကောင်းကိုစောင့်ဆိုင်းပြီးမှ စစ်တပ်ကြီးကို မစေလွှတ်ရင် ရှန်ရှန့်ကျုံဂိုဏ်းကို ကိုင်လှုပ်နိုင်မှာ မဟုတ်ပါဘူး”
အမတ်ကြီးတစ်ဦးမှ သက်ပြင်းရှည်ကြီးဖြင့် လျှောက်တင်ခဲ့သည်။
“ငါအရှင်က ဘယ်အချိန်ထိ သည်းခံနေရဦးမှာလဲ!”
ယောင်ရီဧကရာဇ်ကြီးမှ ဒေါသတကြီးဖြင့် အော်ဟစ်၏။ ထိုအော်ဟစ်သံကြောင့် နန်းတော်ကြီးတစ်ခုလုံးမှာ တုန်လှုပ်သွားရလျက် နန်းပြင်ရှိအစောင့်တပ်သားများပင် ဒူးထောက်ချမိရလေသည်။
“အရှင်မင်းကြီး ကျွန်တော်မျိုး ကြီးမြတ်သောလေအင်ပါယာရဲ့မင်းသားကို အကြောင်းကြားတောင်းဆိုထားပါတယ်။ မုယွင်ဖေးရဲ့သတင်းက ကြီးမြတ်သောလေအင်ပါယာရဲ့မင်းသားအတွက် ပြဿနာကြီးမဟုတ်နိုင်ပေမယ့်လည်း ရှန်ရှန့်ကျုံဂိုဏ်းအတွက် ရန်သူတစ်ဦး ပိုတိုးသွားစေမှာပါ”
“အခု သူတို့ကို ပြဿနာတွေ ချဉ်းကပ်လာနေပါပြီ။ ကျွန်တော်တို့ယောင်ရီအင်ပါယာက အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ရန်သူ ဖြစ်နေပြီးတဲ့အပြင် နောက်ထပ်ရန်သူတစ်ဦးတိုးလာတာဟာလည်း ကံကောင်းခြင်းပါပဲ။ ရှန်ရှန့်ကျုံဂိုဏ်းက ဘယ်လောက်ပဲအင်အားကြီးမားပါစေဦးတော့ သူတို့ရင်ဆိုင်ရမယ့်ရန်သူက ယောင်ရီအင်ပါယာတစ်ခုတည်း မဟုတ်တော့ပါဘူး”
“ကိစ္စတွေမပြီးဆုံးခင်မှာ ကျွန်တော်တို့အနေနဲ့ အင်အားစုဆောင်းထားရပါမယ်။ အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းက ဒီတစ်ကြိမ်ကိစ္စရပ်မှာတော့ အရေးမပါတဲ့အသေးအဖွဲဂိုဏ်းလေး ဖြစ်သွားမှာပါ”
လက်ယာအမတ်ကြီးမှ ကျယ်လောင်စွာလျှောက်တင်ခဲ့သည်။ အမတ်ကြီးသည် အဘယ်ကြောင့် ဒေါသမဖြစ်ရသနည်း။ ရှန်ရှန့်ကျုံဂိုဏ်းသည် ယောင်ရီအင်ပါယာကို အလွန်အမင်း အရှက်ရစေခဲ့၏။ ဧကရာဇ်ကြီး၏မျက်နှာကို ဖြတ်ရိုက်ခဲ့ရုံမျှမက သူတို့အားလုံး၏မျက်နှာကိုပါ ဖြတ်ရိုက်ခဲ့ခြင်းဖြစ်သည်။ သို့သော်ငြား လက်ယာအမတ်ကြီးသည် ထိုကိစ္စရပ်အတွက် အစွမ်းကုန်ပြင်ဆင်ရင်းဖြင့် သည်းခံနေခဲ့လေသည်။
“ငါကိုယ်တော် သည်းခံစောင့်ဆိုင်းမယ်! ကိစ္စတွေပြီးသွားရင် ရှန်ရှန့်ကျုံဂိုဏ်း သေချာပေါက်ကျဆုံးရမယ်!”
ယောင်ရီဧကရာဇ်ကြီးသည် အံကိုတင်းတင်းကြိတ်ထား၏။ ယနေ့ခေတ်၏လောကတစ်ခွင်တွင် ထွန်းလင်းတောက်ပစွာသော နေမင်းကြီးကဲ့သို့တည်ရှိမှုဖြစ်သော ယောင်ရီဧကရာဇ်ကြီး၏ဒေါသကို နှိုးဆွနိုင်ခဲ့သည်မှာ ရှန်ရှန့်ကျုံဂိုဏ်းသာ ရှိနိုင်ပေသည်။