← Chapters

တော်၀င်မိသားစုက ရက်စက်ကြမ်းကြုတ်သည်ဟု မည်သူပြောသနည်း?

Vol. 9 Ch. 121

တော်၀င်မိသားစုက ရက်စက်ကြမ်းကြုတ်သည်ဟု မည်သူပြောသနည်း?

Vol. 9 Ch. 121

စစ်သူကြီးလန်လင်းသည် ထိတ်လန့်သွားပြီး မုယွင်ဖေးကို လေးလေးနက်နက်စိုက်ကြည့်လိုက်သည်။နောက်ပိုင်း သူသည် မုယွင်ဖေးနှင့်ရင်းနှီးခြင်းမရှိသော်လည်း မုယွင်ဖေး၏ အမည်ကိုတော့ မကြာခနကြားဖူးလေ့ရှိပါသည်။

ဒီလိုအမှိုက်ကောင် တော်ဝင်မိသာစုမှာရှိနေခြင်းက တော်ဝင်မိသားစုကိုမျက်နှာပျက်စေသည်။

ပဥ္စမမြောက်မင်းသားသည် ခနသာပျောက်ကွယ်သွားပြီးနောက် ပြန်အလာတွင် အလွန်သန်မာနေလိမ့်မည်ဟု သူထင်မထားခဲ့ပါ။

အဆုံးတွင်တော့ စစ်သူကြီးလန်လင်းသည် လမ်းဖယ်ပေးလိုက်သည်။ဤသည်က သူကြောက်လန့်နေ၍တော့မဟုတ်ပါ။မင်းသားတစ်ပါးနှင့် သူအတိုက်အခံပြုလုပ်၍ မဖြစ်နိုင်ပါပေ။ထိုမင်းသားက အမှိုက်ကောင်တစ်ကောင် ဆိုလျှင်တောင်မှပေါ့။

သူသည် မုယွင်ဖေးက ယခင်ကနှင့်မတူညီတော့သည်ကို သတိမထားမိလိုက်ပါ။ဂိုဏ်းချုပ်ဝမ်နှင့်တုံဖန်းပုပိုင်တို့၏ လွှမ်းမိုးမှုအောက်တွင် မုယွင်ဖေးသည် အလွန်သန်မာလာခဲ့ပြီး ယခင်ကနှင့်လုံးလုံးမျှမတူတော့ပါပေ။

မုယွင်ဖေးသည် စစ်သူကြီးလန်လင်းကို တစ်ခဏမျှစိုက်ကြည့်လိုက်ပြီး ဘာစကားမျှထုတ်မပြောခဲ့ပဲ ဝမ်ဖုန်းနှင့် အခြားသူများကို နန်းတော်အတွင်းသို့ တိုက်ရိုက်ခေါ်ဆောင်သွားသည်။သူသည်ကြီးမြတ်သော လေအင်ပါယာ၏ တော်ဝင်မင်းသားတည်းဟူသော ဂုဏ်ပုတ်ကို အပြည့်အဝ အသုံးချလိုက်သည်။

မုယွင်ဖေးနှင့်အခြားသူများ နန်းတော်အတွင်းသို့ ဝင်ရောက်သွားသည့်အခါ စစ်သူကြီးလန်လင်းသည် နန်းတော်အရှေ့တွင် တာဝန်ကျေပွန်စွာ စောင့်ကြပ်နေခဲ့သည်။သို့သော်လဲ အစောင့်တပ်သားအချို့က အရပ်မျက်နှာ အသီးသီးသို့ တိတ်တဆိတ်ထွက်ခွာသွားကြလေသည်။

ထိုအစောင့်များ၏လှုပ်ရှားသွားလာမှုကို စစ်သူကြီးလန်လင်းက သိမြင်လိုက်သော်လည်း မသိဟန်ဆောင်ကာ ပြုမှုလိုက်လေသည်။

......

ဝမ်ဖုန်းနှင့်အခြားလူများသည် မုယွင်ဖေး၏ ဦးဆောင်မှုအောက်တွင် နန်းတော်ကြီးအတွင်းသို့ ဝင်သွားကြသည်။သူတို့သည် ခမ်းနားသော ခန်းမကျယ်ကြီးကို တွေ့လိုက်ရသည်။ဤခန်းမကျယ်ကြီးသည် အလွန်တရာ ရှည်လျားပြီး ခန်းမကြီး၏အဆုံးတွင်တော့ ကြီးကျယ်ခန်းနားသောအနက်ရောင် နန်းဆောင်ကြီးတစ်ခု ရှိနေပါသည်။

ကြီးမြတ်သောလေအင်ပါယာ၏ နန်းတော်များမှာ ဝမ်ဖုန်းထင်ထားသကဲ့သို့ အလွန်တရာတောက်ပြောင်နေခြင်း မရှိပေ။ထိုအစား ၎င်းတို့သည် နက်မှောင်နေပြီး ထူးခြားဆန်းပြားသော သင်္ကေတ များကို အဆိုပါနန်းဆောင်များ၏ နံရံများပေါ်တွင် ရေးထွင်းထားသည်။

ဝမ်ဖုန်းသည် အဆိုပါ သင်္ကေတများမှ တဆင့် ထူးခြားဆန်းပြားသော စွမ်းရည်တစ်ခုကို ခံစားရရှိနေသည်။ဤသင်္ကေတများသည် နန်းတော်အတွင်း သာမန်အလှဆင်ထားခြင်းမဟုတ်ပေ။မဟာလေအင်ပါယာကြီး၏ အခြေခံအုတ်မြစ်ပင် ဖြစ်နေနိုင်ပါတော့သည်။

နန်းတော် တစ်ခုချင်းဆီတွင် အမည်မသိစွမ်းအားတစ်မျိုးကိန်းအောင်းနေလေသည်။

လမ်းတစ်လျှောက်တွင်အစောင့်တပ်သားများ၏ အဆင့်များက တဖြည်းဖြည်း မြင့်သည်ထက် မြင့်လာကြသည်။သို့သော်ဝမ်ဖုန်းနှင့်အခြားသူများက ဆက်လက်လျှောက်လှမ်းသွားဆဲသာ။

ဝမ်ဖုန်းသည် အထဲသို့ဝင်သွားလေလေ ပိုထူးခြားသောလေထုကို ခံစားရလေလေဖြစ်သည်။လေထုတစ်ခုလုံးတွင် ထူးခြားဆန်းပြားသော အရှိန်၀ါများဖြင့်ပြည့်နှက်နေလေသည်။

ဤနေရာသည် လေအင်ပါယာတွင် စွမ်းအင်များ အမြင့်ဆုံးနှင့် အသိပ်သည်းဆုံးနေရာဖြစ်နေသည်။ဤနေရာတစ်၀ိုက်ကို အစောင့်တပ်သားများက ထူထူထည်းထည်း ဝန်းရံစောင့်ကြပ်ထားကြသည်။

ခြေငါးလှမ်းစာ အကွာဝေးတိုင်းတွင် အစောင့်တပ်သားတစ်ယောက် စောင့်ကြပ်လျှက်ရှိပြီး အစောင့်တပ်သားတိုင်းသည် ဆန်းကြယ်အင်ပါယာနှောင်းပိုင်းအဆင့်သို့ ရောက်နေပြီဖြစ်သည်။ဝမ်ဖုန်းသည် အမှောင်ရိပ်အတွင်း၌ ဖုန်းကွယ်နေသော ထူးခြားဆန်းပြားသောအရှိန်ဝါတစ်ချို့ကိုလဲ ထောက်လှမ်းသိရှိလိုက်ပါသည်။ကြည့်ရသာ မငြိမ်မသက်မှုကြီးတစ်ခု ဖြစ်ပေါ်တော့မည့်ပုံပင်။

အပြင်ပန်းတွင် မြင့်မြတ်သောလေမြို့တော်သည် သက်ဝင်လှုပ်ရှားနေပုံ ပေါ်သော်လည်း နန်းတော်အတွင်းတွင်တော့ အပြောင်းလဲကြီးတစ်ခု စတင်တော့သည့် အရိပ်ရောင်များကို တွေ့မြင်နေရပါသည်။

ဝမ်ဖုန်းနှင့် အခြားသူများသည် မရေမတွက်နိုင်အောင်များပြားသော နန်းတော်ကြီးများကိုဖြတ်သန်းလမ်းလျှောက်လာကြပြီး အဆုံးတွင် နက်မှောင်သောနန်းတော်ကြီး တစ်ခု၏အဆုံးတွင် မတ်တပ်ရပ်လိုက်ကြသည်။

အဆိုပါနန်းတော်ကြီးသည် အလွန်တရာနက်မှောင်သော အရောင်အသွေးရှိပြီးလူအများကို ၀ါးမြှိုတော့မည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်အထိ နက်မှောင်လွန်းလှပါသည်။

ထိုနန်းတော်ကြီး၏ အရှေ့တွင်လူအိုကြီးနှစ်ယောက် မတ်တပ်နေကြပြီး ထိုလူအိုကြီးနှစ်ယောက်က ဝမ်ဖုန်းကိုမျက်မှောင်ကြုတ်မိသွားစေသည်။ဆန်းကြယ်အဓိပတိအလယ်လတ်ရှိသော စွမ်းအားရှင်များသည် နန်တော်ဂိတ်တံခါးဝကို စောင့်ကြပ်နေကြသည်။ ကြည်ရသာလေအင်ပါယာမှ စွမ်းအားရှင်များသည် လက်ရှိလေအင်ပါယာကြီး၏ လက်ရှိအခြေနေအား သုံးသပ်သိရှိမိပုံပင်။

မုယွင်ဖေးသည် နန်းတော်ကြီး၏ အရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး လူအိုကြီးနှစ်ယောက်ကို လေးလေးစားစား ဂါရဝပြုလိုက်သည်။သူသည် ထိုလူအိုကြီးနှစ်ယောက်ကို မည်သူမည်ဝါ ဖြစ်မှန်းသိမထားတာကြောင့် ဘာစကားတစ်ခွန်းမျှတော့ ထုတ်ပြောမလာပေ။

"ဒီနေရာကို အရှင်မင်းသားတစ်ယောက်ပဲ ဝင်လာနိုင်တယ် ကျန်တဲ့သူတွေကတော့ အရှင်မင်းကြီးရဲ့ဆင့်ခေါ်ခြင်း အမိန့်ကိုရမှသာ ဝင်ရောက်နိုင်လိမ့်မယ်"။

လူအိုကြီးနှစ်ယောက် အနက်မှတစ်ယောက်သည် မုယွင်ဖေးကို စိုက်ကြည့်ကာ ပျော့ပျောင်းသောလေသံဖြင့် ပြောလိုက်သည်။

မုယွင်ဖေးသည် ၀မ်ဖုန်းကို လှည့်ကြည့်လိုက်သည် ဝမ်ဖုန်းကလဲ ခေါင်းငြိမ့်ပြလိုက်သည်။ထို့နောက် မုယွင်ဖေးသည် အသက်ကို ပြင်းပြင်းရှုရှိုက်လိုက်ကာ တံခါးကိုဖွင့်၍ အထဲသို့ ဝင်သွားပါတော့သည်။

မုယွင်ဖေး အထဲကိုဝင်သွားပြီးမှ ဝမ်ဖုန်းသည်သူ၏အကြည့်များကို ရုတ်သိမ်းလိုက်သည်။သူသည် သူ့ရှေ့ကလူအိုကြီးနှစ်ယောက်ကို စိုက်ကြည့်လိုက်ပြီး ပြုံးကာပြောလိုက်သည် ။

"မဟာလေအင်ပါယာက တကယ့်ကိုလျှို့၀ှက်လွန်းသာပဲနော် "။

ဤသည်ကိုကြားတော့ လူအိုကြီးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြသည် ။သူတို့သည် အံ့အားသင့်ခြင်း အလျှင်းမရှိပါပေ။လူအိုကြီးနှစ်ယောက်အနက်တစ်ယောက်က လက်သီးစုပ်ဂါရ၀ပြုကာ ပြောလိုက်သည်

"အပြောင်းလဲကြီးတစ်ခုရှိနေတာကြောင့်မို့ အင်ပါယာက ဂိုဏ်းချုပ်ဝမ်ကို လူကိုယ်တိုင်မတွေ့ဆုံနိုင်တော့ပါဘူး။

ဂိုဏ်းချုပ်၀မ်ကို သည်းခံခွင့်လွှတ်ပေးဖို့ပဲ ကျုပ်တောင်းဆိုရတော့မှာပေါ့ဗျာ"။

"ကိစ္စ်မရှိပါဘူး ကျုပ်မလာခင်ကတည်းက မုယွင်ဖေးကကျုပ်ကို ရှင်းပြထားပြီးသားပဲ ယကျုပ်ကမုယွင်ဖေးကို ကူညီစရာရှိတာကူညီရအောင် အတူလိုက်လာပေးတာပါ" ၀မ်းဖုန်းသည်လက်ကို အသာအယာဝေ့ယမ်းလိုက်ပြီး အပြုံးတစ်ပွင့်နဲ့ပြောပြလိုက်သည်။

"ပဥ္စမမြောက်မင်းသာကို လိုက်လံပို့ဆောင်ပေးတဲ့အတွက် ဂိုဏ်းချုပ်ဝမ်ကိုအထူးကျေးဇူးတင်ပါတယ်ဗျာ ။ကျုပ်ကတော့အလုပ်ရှုပ်နေလို့ ဂိုဏ်းချုပ်ဝမ်ကို ကူညီပေးနိုင်တော့မှာ မဟုတ်ဘူး" လူအိုကြီးက လက်သီးဆုပ် ဂါရ၀ပြုကာ ထပ်မံပြောကြားလိုက်ပါသည်။

ဝမ်းဖုန်းနှင့်လူအိုကြီးတို့သည် အချင်းချင်း သိတတ်နားလည်လိုက်ကြသည်။မဟာလေအင်ပါယာနှင့် မြင့်မြတ်သောရှန်ရှန့်ကျုံဂိုဏ်းသည် အချိန်တိုအတွင်းရန်သူများ ဖြစ်လာနိုင်မည်မဟုတ်ပဲ မဟာမိတ်ပင်ဖြစ်လာနိုင်ပါသည်။

ဟုတ်ပါပေသည် လူအိုကြီးနှစ်ယောက်သည် ၀မ်ဖုန်း၏ ကျင့်ကြံဆင့် အတိအကျကို သိမထားသော်လည်း သူတို့သည် ၀မ်ဖုန်းမှာ သူတို့နှင့် အဆင့်တူစွမ်းအားရှင်ဖြစ်ကြောင်း ခံစားသိရှိလိုက်ရပါသည်။ဒီလိုမျှမဟုတ်ဘူးဆိုလျှင် အဆိုပါလူအိုကြီးများသည် ၀မ်ဖုန်းကိုအဖက်လုပ်ပြီးလေးလေးစားစား ဆက်ဆံနေမည် မဟုတ်ပါ။

ဤကမ္ဘာကြီးက တကယ့်ကိုလက်တွေ့ဆန် ရက်စက်လှပါပေသည်။သင်၏ စွမ်းဆောင်ရည်ကသာ လုံလောက်အောင်မြင့်မား မနေပါကအခြေခံအကျဆုံးသော လေးစားမှုကိုတောင် လက်ခံရရှိနိုင်မှာ မဟုတ်ပါပေ။

"မလိုပါဘူး" ၀မ်ဖုန်းသည် ပြုံးကာခေါင်းရမ်း၍ပြောဆိုလိုက်သည် ။

မုယွင်ဖေးသည် နန်တော်ကြီးအတွင်းသို ဝင်ရောက်သွားသည့်အခါ သူ၏နှလုံးသားကြီးတစ်ခုလုံး လေးလံနေပြီး သူ၏ ခန္ဓာကိုယ်ကလဲ တဆတ်ဆတ်တုန်ရင်နေပါသည်။သူသည်ပုလင်ထက်ကို မော်ကြည့်လိုက်သည့်အခါ အမြင့်မြတ်ဆုံးသောဖြစ်တည်မှုကြီးဖြစ်သည့် သူ၏မိခင်တစ်ဖြစ်လဲ ကြီးမြတ်သောလေအင်ပါယာ၏ ဘုရင်မကြီးအား တွေ့မြင်လိုက်ရလေသည်။

ဤသည်မှာ အနက်ရောင်ဂါ၀န်ရှည်ကို ၀တ်ဆင်ထားသော ကျက်သရေရှိလှပလွန်းသော အမျိုးသမီးတစ်ယောက်ပင်ဖြစ်သည်။သူမ၏အလှက ဆွဲဆောင်မှုများပြည့်၀လျှက်ရှိသည်။

သူမသည် မုယွင်ဖေးအားတွေ့မြင်လိုက်ရသည့်အခါ သူမ၏လှပသော မျက်၀န်းများက စိတ်လှုပ်ရှားမှုများကို ပြသလာသည်။သို့သော်လည်း သူမသည် ဘာစကားတစ်ခွန်းမှမပြောပဲ ကုတင်ဘေးတွင်သာ တိတ်ဆိတ်စွာထိုင်နေပါသည်။

သူမသည် မုယွင်ဖေးကိုပေါက်ထွက်လုမတတ်မျက်၀န်းများဖြင့် အလွန်လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။ဤသည်မှာသူမ၏ သားပဲဖြစ်သည်။ငါးနှစ်အကြာမှာသူမသည် သူမ၏သားကို ပထမဆုံးအကြိမ် တွေ့ဆုံရခြင်းဖြစ်ပေသည်။

မုယွင်ဖေးသည် အဆိုပါမြင့်မြတ်သည့်ပုံရိပ်ကို တွေ့ဆုံလိုက်ရသည့်အခါမှာ သူဆက်လက်တောင့်ခံမထားနိုင်တော့ ပါပေ။သူသည် ဒူးထောက်ချလိုက်ပြီး မျက်ရည်များအဆီးအတားမရှိ ထွက်ကျလာကာ တုန်ယင်နေသောလေသံဖြင့် ပြောဆိုလိုက်သည်။ "သားတော်ကဖခမည်းတော်နှင့် မယ်တော်ကို လာရောက်တွေ့ဆုံပါတယ် သားတော်၀တ္တရားမကျေပွန်ပါဘူး သားတော်နောက်ကျသွားပါတယ်" ။

ဤအချိန်တွင် မုယွင်ဖေး၏ နှလုံးသားသည်ဓားတစ်ချောင်းဖြင့် ထောက်ထားခံရ သကဲ့သို့လေးလံနေပါပြီ။

အတိတ်တွင် အလွန်တရာမြင့်မြတ်ခမ်းနားလှပြီး သူရဲကောင်းဆန်ခဲ့သော သူ၏ဖခမည်းတော်သည် ယခုချိန်၌ ကုတင်ပေါ်တွင် သေလုမျောပါ လူအိုကြီးတစ်ယောက်အဖြစ်လဲလျောင်းနေလေပြီ။

ဤသည်မှာလူသားတို့ မဖြစ်မနေတွေ့ကြုံရသော ကောင်းကင်ဘုံ၏ချို့ယွင်းချက်ငါးချက်တို့အနက်တစ်ခုပင်ဖြစ်ပေသည်။မည်သူတစ်ဦးတစ်ယောက်ကမျှ တားဆီးနိုင်ခြင်းမရှိပါ။သေဖို့ရာသာလမ်းရှိပေတော့သည်။

" ငါမင်းကိုပြန်မလာဖို့ မပြောခဲ့ဘူးလား မင့်ဘာလို့နားမထောင်သာလဲ မင်းဘာလို့နားမထောင်ရတာလဲကွာ "။

လေအင်ပါယာသည် ထမလာခဲ့ပေ။ သူသည်ထထိုင်နိုင်ခြင်း အလျှင်းမရှိတော့ပါပေ။သူ၏အသံများကတောင်အားနည်းနေပြီး အချိန်မရွေး သေတော့မည်ကဲ့သို့ ဖြစ်နေခဲ့သည်။

သူ၏လေသံတွင် အလိုမကျမှုတစ်ချို့လဲပါ၀င်နေသလို စိတ်သက်သာရာရမှု အရိပ်အယောင် တချို့လည်း ပါဝင်နေကာ အလွန်အမင်းရှုပ်ထွေးသော စိတ်ခံစားချက်တချို့ကိုလည်း သယ်ဆောင်ထားပါသည်။

" ခမည်းတော် အတိတ်မှာ သားတော်ကစွမ်းဆောင်ရည်မရှိခဲ့သလို သားသမီး၀တ်တရားလဲ မကျေပွန်ခဲ့ပါဘူး။ဒါပေ့မယ့်ဒီအချိန်မှာတော့ ဘာပဲဖြစ်ဖြစ် သားတော်ကဖခမည်းတော်ကို အဖော်ပြုပေးပါ့မယ်"။

မုယွင်ဖေးသည် ခေါင်းမော့ကြည့်လိုက်သည် ။သူ၏မျက်၀န်းမျာက စိုစွတ်နေပြီး သူသည်ခိုင်မာသောလေသံဖြင့် ပြောဆိုလိုက်ပါသည်။

"မင်း...ဟား...''

လေဧကရာဇ်သည် သူ၏လက်ကိုမြှောက်လိုက်ပြီး လက်ညိုး ငေါက်ငေါက်ထိုးကာ မုယွင်ဖေးအား အော်ဟစ်ဆူပူချင်ပါသော်လည်း သက်ပြင်းတစ်ချက်သာ ချလိုက်ပါတော့သည်။

လက်ရှိအချိန်တွင် သူသည်စိတ်သက်သာရသလိုခံစားနေရသော်လည်း မုယွင်ဖေးကို ဒီနေရာကိုရောက်မလာစေချင်ခဲ့ပါပေ။

"ကောင်းပြီး စိတ်ဆိုးမနေပါနဲ့တော့ ဒီဧကရီကလဲ ၀တ်ကြီး၀တ်ငယ်ပြုစုပေးပါ့မယ် ။ဘယ်လောက်ပဲခက်ခဲပါစေ ငါတို့မိသားစု ဖြတ်ကျော်နိုင်ရမယ်လို့ယုံကြည်တယ် ငါတို့မိသားစုဖြတ်မကျော်နိုင်ဘူး ဆိုရင်လည်း အတူတူသေကြသာပေါ့"။

ဧကရီသည် လင်ဧကရာဇ်၏ လက်ကိုဆုပ်ကိုင်လိုက်ကာ ဧကရာ၏နောက်ကျောဘက်ကို ခပ်ဖွဖွပုတ်လျှက် ညှင်သာသောလေသံဖြင့် ပြောလိုက်သည် ။

တော်၀င်မိသားစုများက အကြင်နာတရားကင်းမဲ့ကာ အညှာတာမရှိဟု မည်သူကပြောကြပါသနည်း?

မုယွင်ဖေး၏မျက်လုံးများသည် နီရဲလာသည်။ယခုချိန်တွင် သူသည်မိသားစု၏နွေးထွေးမှုကို အစစ်အမှန်ခံစားလိုက်ရပါတော့သည်။နွေးထွေးမှုများကသူ၏နှလုံးအိမ်အတွင်း စီးဆင်း၀င်ရောက်လာလေသည်။

All Chapters