ကောင်းကင်လား....ငရဲလား?
Vol. 9 Ch. 123
သူ၏အရှေ့တွင်ရှိနေသော လေဧကရာဇ်ကို
စိုက်ကြည့်လိုက်သည့်အခါ ဝမ်ဖုန်းသည်ကောင်းကင်နှင့်မြေကြီး၏ ကြောက်မက်ဖွယ်စွမ်းအားကြီးတစ်ရပ်ကို ခံစားသိရှိလိုက်ရသည်။ကောင်းကင်နှင့်မြေကြီး၏ရှေ့မှောက်တွင် လူသားတို့သည် ပိုးမွှားသာသာ သာဖြစ်ပါတော့သည်။
ဤမြင့်မြတ်လှပါသည်ဆိုသော လေအင်ပါယာကြီး၏ဧကရာဇ်သည်ပင် ကောင်းကင်နှင့်မြေကြီး၏ ရိုက်ခတ်မှုဒဏ်ကြောင့် ယခုအခြေအနေထိတိုင်အောင် ဆုတ်ယုတ်ပျက်စီးသွားရပေသည်။
ယခုအချိန်တွင် လေဧကရာဇ်သာ တိုင်းခန်းလှည့်လည်မည်ဆိုပါက မည်သူကမှ သူ့ကိုမှတ်မိကြတော့မည်မဟုတ်ပါ။
''စနစ်ရေ လေဧကရာဇ်ကို စစ်ဆေးကြည့်လိုက်ပါ''
ဝမ်ဖုန်း၏စကားဆုံးသွားသည့်အခါ အေးစက်စက်အလင်းတန်lတစ်ခုသည် သူ့မျက်ဝန်းများအတွင်းဖြတ်သန်းသွားပြီး ပုံရိပ်ယောင်ဖန်သားပြင်ကြီးတစ်ခုက ဝမ်ဖုန်း၏အရှေ့၌ ပေါ်ထွက်လာခဲ့လေသည်။
''အမည်: ကြီးမြတ်သောလေဧကရာဇ်။
အဆင့်အတန်း: ကြီးမြတ်သောလေအင်ပါယာကြီး၏အုပ်ချုပ်သူ။
ကျင့်ကြံဆင့်: ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့်
လက်တလောအခြေအနေ: ကောင်းကင်ဘုံချို့ယွင်းခြင်းငါးခုနှင့်ရင်ဆိုင်နေရပြီး လက်ရှိတွင်ဒုတိယမြောက်ချို့ယွင်းခြင်းဖြစ်သော ချီချို့ယွင်းခြင်းနှင့်ရင်ဆိုင်တွေ့ကြုံနေရသည်။''
လေဧကရာဇ်၏ စွမ်းရည်ဇယားကိုတွေ့မြင်ရသည့်အခါ ဝမ်ဖုန်းသည် စိတ်သက်သာယာရစွာသက်ပြင်းချလိုက်ပါသည်။ကံကောင်းထောက်မစွာဖြင့် လေဧကရာဇ်သည် ဒုတိယမြောက်ချို့ယွင်းခြင်းအခြေအနေတွင်သာရှိနေသေးသည်။လေဧကရာဇ်သာ ပဉ္စမမြောက်ချို့ယွင်းခြင်းအခြေအနေတွင် ရှိနေမည်ဆိုပါက ဝမ်ဖုန်းကတောင် ကယ်တင်နိုင်မှာ မဟုတ်တော့ပါ။
''စနစ်ရေ လေဧကရာဇ်ကိုဘယ်လိုကယ်တင်ရမလဲ?''
ဝမ်ဖုန်းသည်စိတ်ထဲမှာ တီးတိုးပြောဆိုလိုက်သည်။စနစ်သည် ပဥ္စမမြောက်ချို့ယွင်းခြင်း အခြေအနေတွင်သာမဟုတ်ပါက ကယ်တင်နိုင်ကြောင်း ယခင်ကပြောကြားဖူးလေသည်။
"ဒင်၊ပိုင်ရှင်အနေဖြင့် ကြီးမြတ်သောလေဧကရာဇ်ကို ကယ်တင်မည်ဆိုပါက အရာဝတ္ထုနှစ်ခုကိုလိုအပ်ပါတယ်။တစ်ခုက ကံတရားဖြစ်ပြီး နောက်တစ်ခုကတော့အလွန်အစွမ်းထက်တဲ့ ခန္ဓာသန့်စင်ဆေးလုံးပါပဲ။"
"ဒုတိယမြောက်ချို့ယွင်းခြင်းကို ကံတရားချို့ယွင်းခြင်းလို့ခေါ်ပါတယ်။လေဧကရာဇ်က ကြီးမြတ်သောလေအင်ပါယာကြီးရဲ့ဧကရာဇ်ဖြစ်တာကြောင့် သူ့မှာလေအင်ပါယာကြီးတစ်ခုလုံးရဲ့ ကံတရားကိုပိုင်ဆိုင်ထားပါတယ်။ဒါပေမဲ့ သူ့ဟာ ကောင်းကင်ဘုံချို့ယွင်းခြင်းငါးချက်နဲ့ရင်ဆိုင်နေရတဲ့အခါမှာတော့ လေအင်ပါယာကြီးရဲ့ကံတရားကိုထုတ်ယူအသုံးမပြုနိုင်ပါဘူး။"
"ဘာလို့လဲဆိုတော့ ကြီးမြတ်သော လေအင်ပါယာကြီးရဲ့ကံတရားကို အသုံးပြုလိုက်မယ်ဆိုရင် ဒုတိယမြောက်ချို့ယွင်းခြင်းရဲ့ပြင်းထန်မှုအခြေအနေကလည်း ဆတိုးတိုးပွားလာမှာဖြစ်ပြီး လေဧကရာဇ်သာကျဆုံးမယ်ဆိုရင် လေအင်ပါယာကြီးတစ်ခုလုံးဟာလည်း ကောင်းကင်နှင့်မြေကြီးရဲ့ ဖျက်စီးခြင်းကို ခံလိုက်ရမှာဖြစ်ပါတယ်။"
"ကောင်းကင်ဘုံချို့ယွင်းခြင်းငါးခုအနက် ပထမဆုံးချို့ယွင်းခြင်းကို ရုပ်ခန္ဓာချို့ယွင်းခြင်းလို့ခေါ်ပါတယ်။
လေဧကရာဇ်က ပထမချို့ယွင်းခြင်းကိုတော့ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပေမယ့် ဒုတိယချို့ယွင်းခြင်းကိုတော့
ဖြတ်ကျော်မနိုင်ခဲ့ပါဘူး။ဒါကြောင့်မလို့ ဒီချို့ယွင်းချက်ကြီးနှစ်ခုဟာအတူတကွပေါင်းစုံသွားပြီး လေဧကရာဇ်ကို ဒီအခြေအနေထိတိုင်အောင် ဖြစ်ပျက်စေခဲ့တာပါ။"
"ဒါကြောင့်မလို့ လေဧကရာဇ်ကိုကယ်တင်ဖို့ဆိုရင် ပိုင်ရှင်အနေနဲ့ ချီကံတရားကိုလိုအပ်တဲ့အပြင် ရုပ်ခန္ဓာကိုယ်ကိုပြန်လည်ဖွဲ့စည်းပေးဖို့ ခန္ဓာသန့်စင်ဆေးလုံးကိုလည်းလိုအပ်ပါတယ်။ "
ဝမ်ဖုန်း၏စကားဆုံးသွားသည့်အခါ စနစ်၏အေးစက်စက်စကားသံများက တသီတတန်းကြီးထွက်ပေါ်လာသည်။စနစ်၏ရှင်းပြချက်ကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်းသည် ပျော်ရွှင်မသွားဘဲ သူ၏မျက်နှာကြီးက မဲမှောင်လာပါတော့သည်။
ကောင်းကင်ဘုံချို့ယွင်းခြင်းငါးချက်နှင့်ရင်ဆိုင်တွေ့ကြုံရသည့်အခါ ချို့ယွင်းခြင်းအဆင့်တိုင်းကိုအောင်မြင်စွာ ဖြတ်ကျော်နိုင်ဖို့ လိုအပ်ပါသည်။အကယ်၍ ချို့ယွင်းချက်တစ်ချက်၌သာ မအောင်မမြင်ဖြစ်သွားပါက ပထမအောင်မြင်ပြီးသောချို့ယွင်းချက်များကပါ တန်ပြန်ဒဏ်သက်ရောက်မှာဖြစ်သည်။ဤသည်မှာ ကောင်းကင်ဘုံချို့ယွင်းခြင်းငါခု၏ ကြောက်မက်ဖွယ်ရာကောင်းသော အချက်ပဲဖြစ်ပါတော့သည်။
ကံတရားဆိုသည်မှာ မမြင်မတွေ့နိုင်သော ဆန်းကြယ်သည့်အရာဖြစ်သည်။လေဧကရာဇ်ကို ကယ်တင်ဖို့အတွက် ကံတရားကို သူဘယ်မှာသွားရှာရမည်နည်း။
ဒုတိယမြောက်ဖြစ်သော ခန္ဓာသန့်စင်ဆေးလုံးမှာလည်း အနည်းငယ်ပိုမိုလွယ်ကူပုံပေါက်သော်လည်း တကယ်တော့ ခက်ခဲသည့်အချက်တစ်ချက်ဖြစ်နေဆဲသာ။ ခန္ဓာသန့်စင်ဆေးလုံးဆိုသည်မှာ ပြိုင်ဘက်ကင်းသောရတနာကြီးတစ်ခုပဲ ဖြစ်သည်။
"စနစ်၊ ဒီပိုင်ရှင်စုစည်းထားတဲ့ကံတရားတွေကို လေဧကရာဇ်ကို ကယ်တင်ဖို့အတွက် အသုံးပြုနိုင်မလား။"
ဝမ်ဖုန်းသည်တစ်ခုခုကိုတွေးမိသွားပြီးပြောဆိုလိုက်သည်။သူ နတ်ဆိုးချိတ်ပိတ်ညီလာခံကို တက်ရောက်ခဲ့စဥ်အခါက လူငယ်မျိုးဆက်များစွာ၏ ကံတရားကိုလက်ခံရရှိခဲ့လေသည်။ဒါ့အပြင် ထိပ်တန်းလူငယ်မျိုးဆက်များစွာက သူ၏ ရှန်ရှန်ကျုံဂိုဏ်းသို့ဝင်ရောက်လာသည့်အခါ
သူတို့ဂ်ိုဏ်း၏ကံတရားသည်လည်း အဆမတန်ထိုးတက်သွားခဲ့သည်။
ဟုတ်ပါသည်။ဒီကံတရားများမှာ ဝမ်ဖုန်းတစ်ယောက်တည်း၏ ကိုယ်ပိုင်မဟုတ်ဘဲ ရှန်ရှန်ကျုံတစ်ဂိုဏ်လုံး၏ ကံတရားများသာဖြစ်ပါသည်။
ဝမ်ဖုန်းသည်ရွေးချယ်စရာမရှိပါက ဒီကံတရားများကိုလုံးဝအသုံးမပြုချင်ပါ။ဤသည်မှာ သူတို့ရှန်ရှန်ကျုံဂိုဏ်း၏ အနာဂတ်ကံတရားဖြစ်သည်။သူအဘယ့်ကြောင့် လွယ်ကူစွာ အသုံးပြုရက်မည်နည်း။
ကြီးမြတ်သောလေဧကရာဇ်သည် သူ့တပည့် မုယွင်ဖေး၏ဖခင်ဖြစ်သော်လည်း အမှန်အတိုင်းပြောရပါလျှင်
လေဧကရာဇ်အတွက် ရှန်ရှန်ကျုံဂိုဏ်းတစ်ဂိုဏ်းလုံးရဲ့ ကံတရားများကိုအသုံးပြုရခြင်းမှာ လုံးဝမထိုက်တန်လှပါ။
"ရပါတယ်။ဒါပေမဲ့ ကံတရားတွေကိုဆုံးရှုံးရမယ်ဆိုလျှင် ပြင်းထန်တဲ့သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ဒါကြောင့်မလို့ ပိုင်ရှင့်အနေနဲ့ ကံတရားတွေကို အချိန်တိုအတွင်းပြန်လည်စုဆောင်းဖို့တော့လိုအပ်ပါလိမ့်မယ်။"
စနစ်၏ရှင်းပြမှုကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းသည် မျက်မှောင်ကြီးကျုံ့လိုက်ပြီး ငြိမ်ကျသွားသည်။
"ဒါဆိုရင်လေအင်ပါယာကြီး၏ကံတရားကိုရော အသုံးပြုလ်ို့ရမလား။"
ဝမ်ဖုန်းသည်နောက်တစ်ကြိမ်ထပ်မေးလိုက်သည်။
"ရပါတယ်။ ဒါပေမဲ့ ပိုင်ရှင့်အနေနဲ့ လေအင်ပါယာကြီးရဲ့ကံတရားကို ကိုယ်ပိုင်သဘောမျ်ိုးနဲ့ အသုံးပြုလို့မရပါဘူး။လေဧကရာဇ်က ယုံကြည်စိတ်ချလို့ခွင့်ပြုပေးမှသာ
လေအင်ပါယာကြီးရဲ့ကံတရားကို ပိုင်ရှင်ကအသုံးပြုလို့ရမှာဖြစ်ပါတယ်။"
သောက်ကျိုးနဲ တကယ်ကိုခက်ခဲတာပဲ။
ဝမ်ဖုန်းသည် သူသာလေဧကရာဇ်ကို ကယ်တင်ဖို့အတွက်လေအင်ပါယာကြီးတစ်ခုလုံးရဲ့ ကံတရားကိုသုံးစွဲဖို့လိုအပ်သည်ဟု ပြောလိုက်ပါက သူ့ကိုအင်ပါယာကြီးတစ်ခုလုံးက ရန်သူအဖြစ်သတ်မှတ်လာပေလိမ့်မည်။ဒါ့အပြင် သူ့တပည့်ဖြစ်သော မုယွင်ဖေးကတောင် သူ၏ရည်ရွယ်ချက်ကိုသံသယဝင်လာနိုင်ပါသည်။
နိင်ငံတော်ကံတရားဆိုသည်မှာ မည်သို့သောအရာဖြစ်သနည်း။ယင်းမှာ အင်ပါယာကြီးတစ်ခုလုံး၏အခြေခံအုတ်မြစ်ပင်ဖြစ်ပါသည်။ကံတရားဆိုသည်မှာ အင်ပါယာအတွင်းနေထိုင်သော ပြည်သူပြည်သားများ၏ယုံကြည်မှုများထံမှ စီးဆင်းလာသော သဘာဝအလျှောက်ဖြစ်ပေါ်လာသည့် စွမ်းအားကြီးတစ်ခုဖြစ်ပြီး ဤသည်မှာအင်ပါယာကြီး၏ တည်မြဲခြင်းနှင့်တိုက်ရိုက်သက်ဆိုင်နေပါသည်။
သူအသုံးပြုလို့မရနိုင်ပါပေ။သူမည်သို့မည်ပုံထုတ်ဖော်ပြောဆိုရပါမည်နည်း။သူသာထုတ်ဖော်ပြောဆိုလိုက်ပါက ကံတရားကြီးတစ်ခုလုံး ပြောင်းလဲသွားမှာဖြစ်ပေသည်။လေဧကရာဇ်ကို ကယ်တင်ဖို့အတွက် အင်ပါယာကြီး၏ ကံတရားကိုအမှန်တကယ်လိုအပ်သည်ဟု ဆိုစေဦးတော့ လူပုဂ္ဂိုလ်တစ်ယောက်တည်းကိုကယ်တင်ရန်အတွက် နိုင်ငံတော်တစ်ခုလုံး၏ကံတရားများကိုအသုံးချပစ်သည်ကမှန်ကန်သောရွေးချယ်မှုတစ်ခုမဟုတ်ပါပေ။
ဤသည်မှာ ပြင်ပလူတစ်ယောက်ဖြစ်သော ဝမ်ဖုန်းဆုံးဖြတ်နိုင်သည့်အရာမဟုတ်ပါ။
ဝမ်ဖုန်းသည် တိတ်ဆိတ်ငြိမ်သက်နေသည်။လေဧကရီ ၊အနက်ဝတ်လူငါးယောက်နှင့်မုယွင်ဖေးတို့သည် အသက်တောင်ပြင်းပြင်းမရှုဝံ့ကြပေ။ သူတို့သည် ဝမ်ဖုန်းကိုမတော်တဆနှောက်ယှက်မိသွားမှာကိုကြောက်လန့်နေကြသည်။
"ဂိုဏ်းချုပ်ဝမ် နည်းလမ်းများရှာတွေ့ပြီလား။"
လေဧကရီသည် တိတ်ဆိတ်ငြိမ်သက်နေမှုကို ဆက်လက်သည်းမခံနိုင်တော့ဘဲ ဝမ်ဖုန်းကိုလှည့်ကြည့်ကာ တုန်ယင်နေသောလေသံဖြင့် ပြောဆိုလိုက်သည်။
"ကယ်လို့တော့ရပါတယ်။ ဒါပေမဲ့.. "
ဝမ်ဖုန်းသည် လူအုပ်ကြီးကိုဝေ့ကြည့်လိုက်ကာ လေးလံနေသောလေသံဖြင့်ပြောဆိုလိုက်သည်။
"ဒါပေမဲ့ ဘာဖြစ်လဲ။ဂိုဏ်းချုပ်သာ ဧကရာဇ်ကိုကယ်တင်ပေးနိုင်မယ်ဆိုရင် မဟာလေအင်ပါယာကြီးအနေနဲ့ ဂိုဏ်းချုပ်ဝမ်အလိုရှိတဲ့အရာမှန်သမျှအားလုံးကို ဖြည့်စည်းပေးမယ်လို့ကတိပြုပါတယ်။"
ဝမ်ဖုန်း၏စကားများကို ကြားလိုက်ရသည့်အခါ လေဧကရီသည်ပျော်ရွှင်မှုဖြင့်ပြည့်နှက်သွားသည်။
သူမသည်ဝမ်ဖုန်းကိုစိုက်ကြည့်ကာ တုံဆိုင်းနေခြင်းမရှိဘဲပြောလိုက်သည်။
မုယွင်ဖေးသည်လဲ ဝမ်ဖုန်း၏စကားကိုကြားလိုက်ရသောအခါ မြေပြင်ပေါ်ပြိုလဲကျသွားပါတော့သည်။ဝမ်ဖုန်းသာကယ်တင်နိုင်သည်ဟုပြောပါက တကယ်ပင်ကယ်တင်နိုင်၍ ဖြစ်သည်။
သူသည်ဝမ်ဖုန်းကိုလှည့်မကြည့်ဘဲ ကုတင်ပေါ်တွင်လှဲလှောင်းနေသည့် လေဧကရာဇ်ကိုသာ စိတ်လှုပ်ရှားနေသော မျက်ဝန်းတစ်စုံဖြင့် လှည့်ကြည့်လိုက်မိပါသည်။
ကြီးမြတ်သောလေဧကရာဇ်နှင့်အနက်ဝတ်လူငါးယောက်သည်လည်း လုံးဝကြောင်အသွားကြသည်။သူတို့သည်ဝမ်ဖုန်းကိုမယုံကြည်နိုင်သော မျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်သည်။
"လေဧကရာဇ်ကိုကယ်တင်ဖို့ဆိုရင် ကံတရားနဲ့ခန္ဓာသန့်စင်ဆေးလုံးတို့ကိုလိုအပ်တယ်။မင်းတို့သာ ဒီအရာနှစ်ခုကို ယူဆောင်ပေးမယ်ဆိုရင် ဒီဂိုဏ်းချုပ်က လေဧကရာဇ်ကို ကယ်တင်နိုင်မယ့်အပြင် ဧကရာဇ်ကိုလည်းနောက်အဆင့်ကို တက်ရောက်နိုင်အောင် ပြုလုပ်ပေးနိုင်လိမ့်မယ်။"
ဝမ်ဖုန်းသည် လေသံဖျော့ဖျော့ဖြင့်ပြောလိုက်သည်။
ဤစကားကို ဝမ်ဖုန်းပြောကြားလိုက်သည်နှင့်တပြိုင်နက်
လေဧကရီနှင့်အနက်ဝတ်လူငါးယောက်တို့၏ အမူအရာများသည် ပြောင်းလဲသွားသည်။ သူတို့သည်ကောင်းကင်သို့ရောက်ရှိသွားပြီးမှ ငရဲသို့တဖန်ပို့ဆောင်ခံလိုက်ရသလို ခံစားလိုက်ရပါသည်။
ကံတရားဆိုသည်မှာ မမြင်မတွေ့နိုင်သည့်ဆန်းကျယ်သော ဖြစ်တည်မှုကြီးတစ်ခုဖြစ်သည်။ သူတို့က ကံတရားအားမည်သို့မည်ပုံရရှိအောင် လုပ်ရပါမည်နည်း။ဒါ့အပြင်ခန္ဓာသန့်စင်ဆေးလုံးဆိုသည်မှာလည်း အလွန်အမင်းရှားပါးလှသည်။သူတို့၏ ကြီးမြတ်သောလေအင်ပါယာကြီးသည်ရှေးဟောင်းနယ်မြေများကိုနှစ်ပေါင်းများစွာရှာဖွေခဲ့ဖူးသော်လည်း ခန္ဓာသန့်စင်ဆေးလုံးဆိုသည့်အရာကို တစ်ကြိမ်တစ်ခါမှ တွေ့မြင်ခဲ့ဖူးခြင်းမရှိပါ။
"ဟင့်အင်း နောက်ထပ်နည်းလမ်းများမရှိတော့ဘူးလား။"
လေဧကရီသည် တုန်ယင်နေသောလေသံဖြင့်ပြောဆိုလိုက်သည်။
ဝမ်ဖုန်းက ခေါင်းခါလိုက်သည်။
လေဧကရီသည် လုံးဝကိုထိတ်လန့်သွားသည်။သူမ၏လှပသောမျက်ဝန်းများသည် နီရဲလာကာ ပုလဲရောင်မျက်ရည်များ တသွင်သွင်စီးကျလာပါတော့သည်။ကံတရားကြီးက ဘာကြောင့်များသိပ်ရက်စက်ရသလဲ။
သူတို့ကိုမျှော်လင့်ချက်ပေးပြီးမှ ယင်း မျှော်လင့်ချက်ကို တဖန်ပြန်လည် ဖျက်စီးခဲ့လေသည်။
"အဆင်ပြေပါတယ် အဆင်ပြေပါတယ်။ဒီဧကရာဇ်က စစ်ဆေးပေးဖို့အမိန့်ပေးခဲ့တာပဲလေ။ ဂိုဏ်းချုပ်ဝမ် ငါကိုယ်တော်က ဂိုဏ်းချုပ်ဝမ်ကို တောင်းဆိုစရာတစ်ခုရှိတယ်။ ယွင်ဖေး နဲ့ ဧကရီကို ရှန်ရှန်ကျုံဂိုဏ်းကို ခေါ်ဆောင်သွားပေးပါ။ "
လေဧကရာဇ်သည် သက်ပြင်းချကာပြောလိုက်သည်။
သူသည်ဝမ်ဖုန်းကို မျှော်လင့်ချက်မျက်ဝန်းများဖြင့် စူးစိုက်ကြည့်လိုက်သည်။
သူသာသေဆုံးသွားသည် နှင့်တပြိုင်နက် အိမ်ရှေ့မင်းသား နန်းတက်မှာဖြစ်သည်။ ထိုအချိန်တွင် မုယွင်ဖေး နှင့် ဧကရီဘုရင်မကြီးတို့သည် လုံးဝရှင်သန်နိုင်မှာမဟုတ်တော့ပါ။ အင်ပါယာအကြီးအကဲများသည် အိမ်ရှေ့မင်းသား၏ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ရန် ဖြောင်းဖျနိုင်စွမ်းရှိသော်လည်း ထိုကဲ့သို့ကူညီပေးလိမ့်မည်ဟု လေဧကရာဇ်အနေဖြင့် ယုံကြည်ခြင်းအလျင်းမရှိပါပေ။