← Chapters

ဂိုဏ်းချုပ်ဝမ်က တကယ်ကို အနတ္တတန်ခိုးရှင်ပဲ

Vol. 9 Ch. 124

ဂိုဏ်းချုပ်ဝမ်က တကယ်ကို အနတ္တတန်ခိုးရှင်ပဲ

Vol. 9 Ch. 124

သူ့တွင် ရှင်သန်ရန်အခွင့်အရေး အနည်းငယ်ရှိမည်ဆိုရင်တောင် အင်ပါယာအကြီးအကဲများက သူ့အားကယ်တင်ရန် အစွမ်းကုန်လုပ်ဆောင်မည်ဆိုတာကို လေဧကရာဇ်ကသိရှိထားသည်။ သို့သော်လည်း သူ့တွင်ရှင်သန်ရန်အခွင့်အရေးမရှိတော့ဘူးဆ်ိုပါက အင်ပါယာအကြီးအကဲများက အိမ်ရှေ့မင်းသားကိုသာ ထောက်ခံကြမှာဖြစ်သည်။

လေအင်ပါယာရှိတော်ဝင်မင်းသားများကြားက အချင်းချင်းတိုက်ခိုက်မှုများကိုတော့ အင်ပါယာအကြီးအကဲများက လုံးဝစိတ်မဝင်စားကြပါ။

''ဒီကြင်ယာတော်ကထွက်မသွားချင်ဘူး။ ယွင်အာကိုသာ သွားခိုင်းလိုက်ပါ။ အရှင်မင်းကြီးသာ သေဆုံးသွားမယ်ဆိုရင် ဒီကြင်ယာတော်ကလဲ အရှင်မင်းကြီးနောက်ကို အဖော်လိုက်ခဲ့ပေးမှာပါ။'' ဧကရီသည် မျက်ရည်များကြားထဲမှ တင်းမာသောလေသံဖြင့်ပြောဆိုလိုက်သည်။

"မင်း..."

လေဧကရာဇ်သည် မာန်မဲဖို့အတွက် သူ၏နှုတ်ခမ်းများကို ဖွင့်ဟချင်ခဲ့သော်လည်း သူ၏နှုတ်ဖျားမှ မည်သည့်စကားမှ ထပ်မထွက်ပေါ်လာတော့ပေ။

ဤသည်မှာ သူနှင့်အတူနှစ်ရာပေါင်းစွာ အတူတကွရှိနေခဲ့သော သူ၏ဇနီးသည်ပင်ဖြစ်ပါသည်။ သူ၏အခြားသောကြင်ယာတော်များမှာ သူနေထိုင်မကောင်းဖြစ်သည်ဟု ကြားရသည့်အခါ အကြီးအကျယ်အော်ငိုကြခဲ့သော်လည်း သူတို့သည် သူတို့၏သားများကိုလွှတ်၍ အိမ်ရှေ့မင်းသားနှင့် ဆက်ဆံရေးအဆင်ပြေစေရန် တဖက်တလှမ်းကလည်း ကြိုးစားနေခဲ့သည်။ ဧကရီဘုရင်မကြီးတစ်ဦးတည်းကသာ အစကနေအဆုံးထိ သူ့ကိုဝတ်ကြီးဝတ်ငယ် ပြုစုခဲ့သူဖြစ်ပါသည်။

လေဧကရာဇ်တွင် ကြင်ယာတော်မည်မျှရှိပါသနည်း။

တကယ်ကိုများပြားလှပါသည်။ လေဧကရာဇ်တွင် ကြင်ယာတော်ပေါင်း မြောက်များစွာရှိသော်လည်း ဆယ်ဦးထက်နည်းသောကြင်ယာတော်များကသာ သားရတနာများမွေးဖွားပြောနိုင်ခဲ့ပါသည်။ သူ၏ကျင့်ကြံဆင့်မှာ အလွန်အင်မတန်မြင့်မားသည်။ ဧကရီဘုရင်မကြီးတောင်မှ မုယွင်ဖေးအား မွေးဖွားပေးနိုင်ဖို့အတွက် နှစ်ရာပေါင်းများစွာ ကြိုးစားခဲ့ရသည်။ ဒါတောင်မှ သူတို့၏သားက မွေးဖွားလာသည့်အခါ အမှိုက်ဖြစ်နေဆဲပင်။ ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်က ကောင်းချီးပေးခဲ့ပါသည်။ နောက်ဆုံးမှာ မုယွင်ဖေးသည် ခိုနားရာနေရာတစ်နေရာကို ရှာတွေ့ခဲ့သည့်အပြင် ကျင့်ကြံရေးကိုလည်း ပြုလုပ်နိုင်ခဲ့သည်။

လေဧကရာဇ်သည် မုယွင်ဖေးကို ချစ်ခြင်းမေတ္တာများပြည့်ဝနေသောမျက်လုံးဖြင့် စိုက်ကြည့်လိုက်သည်။ ဤသားတော်မှာ ယခင်ကအမှိုက်ဖြစ်ခဲ့ဖူးသည်။ သို့သော်လည်း သူသည် မုယွင်ဖေးအား အခြားသောသားတော်များထက်ပို၍ ချစ်ခင်ပါသည်။ အိမ်ရှေ့မင်းသားထက်တောင် မုယွင်ဖေးအား မျက်နှာသာပေးပါသေးသည်။

''ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ်မှာအဖြေရှိရမယ် ဟုတ်တယ်မလား။''

မျက်ရည်လည်ရွှဲဖြစ်နေသော မုယွင်ဖေးသည် ဝမ်ဖုန်း၏ဘေးနားကို လမ်းလျှောက်လာပြီး ဒူးထောက်ချလိုက်ကာ ဝမ်ဖုန်း၏ပေါင်ကိုဖက်တွယ်လျက် တောင်းဆိုလိုက်သည်။

လေဧကရာဇ်သာ သေဆုံးသွားပါက သူတို့၏ဘဝ မည်သို့မည်ပုံဖြစ်သွားမည်ကို သူသည် လုံးဝတွေးတောနိုင်ဝံ့ခြင်းမရှိပါပေ။

သူ့တွင် ရှန်ရှန့်ကျုံဂိုဏ်းရှိနေသောလည်း ရှန်ရှန့်ကျုံဂိုဏ်းမှာဂိုဏ်းတစ်ဂိုဏ်းသာဖြစ်နေဆဲပင်။ သူ၏ဆွေမျိုးသားရင်းများမဟုတ်ပါပေ။

"ယွင်အာ၊ ဂ်ိုဏ်းချုပ်ဝမ်ကို အခက်အခဲဖြစ်အောင်ဆက်မလုပ်နဲ့တော့။ အားလုံးက ကံတရားပါပဲကွယ်။ "

ဧကရီဘုရင်မကြီးက မုယွင်ဖေးအား စိုက်ကြည့်ကာ တီးတိုးပြောဆိုလိုက်သည်။

ဝမ်ဖုန်းသည် မုယွင်ဖေးပုခုံးကို ခပ်ဖွဖွပုတ်လိုက်ကာ သက်ပြင်းချလျက်ပြောလိုက်သည်။

"တကယ်တော့ ဒီဂိုဏ်းချုပ်က ကယ်တင်ပေးနိုင်ပါတယ်။"

ဝမ်ဖုန်း၏စကားသံက မိုးခြိမ်းသံအလား။ ဧကရီဘုရင်မကြီး၊မုယွင်ဖေး၊အနက်ရောင်ဝတ် လူငါးယောက်တို့၏ ခန္ဓာကိုယ်များ တုန်ယင်သွားကြသည်။ သူတို့သည်ဝမ်ဖုန်းအား အတူတကွ လှည့်ကြည့်မိလိုက်ကြသည်။ သူတို့၏မျက်လုံးသူငယ်အိမ်များက ပြူးကျယ်လာလေသည်။ သူတို့၏မျက်နှာအမူအရာများကလည်း ထိတ်လန့်သောအမူအရာများကို ပြသနေကြသည်။ ဤတစ်ကြိမ်တွင် သူတို့သည်မည်သို့မည်ပုံ စကားပြောဆိုရမှန်း မသိတော့ပါပေ။

မုယွင်ဖေးသည် ဝမ်ဖုန်းကို တောင်းပန်တောင်းဆိုခဲ့သော်လည်း မျှော်လင့်ချက်များများစားစား မထားရှိခဲ့ပါ။နောက်ဆုံးတွင် ကံတရားဆိုသည်မှာ မမြင်မတွေ့နိုင်သော ဆန်းကြယ်သည့်အရာပင် မဟုတ်ပါလော။ ရုပ်ခန္ဓာကို သန့်စင်ပေးမည့် ခန္ဓာသန့်စင်ဆေးရှိခဲ့မည်ဆိုရင်တောင် ကံတရားကိုတော့ သူတို့ဘယ်ပုံဘယ်နည်းဖြင့် သွားရှာရမည်နည်း။

ဂိုဏ်းချုပ်ဝမ် သူကတကယ်ကို အနတ္တတန်ခိုးရှင်ပဲ။

''အရှင်မင်းကြီးကို ကုသပေးဖို့ ဂိုဏ်းချုပ်ဝမ်ကို ကျွန်မ တောင်းဆိုပါတယ်။ ဂိုဏ်းချုပ်ဝမ်မှာတောင်းဆိုစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောပါ။ ကျွန်မတို့ရဲ့ လေအင်ပါယာက ဂိုဏ်းချုပ်ဝမ်ကို ဘာမဆိုပေးဖို့အဆင်သင့်ပါပဲ။ ''လေဧကရီသည် မတ်တပ်ရပ်လိုက်ပြီး ကိုးဆယ်ဒီဂရီ ခါးကိုင်းဦးညွှတ်လိုက်ကာ ဝမ်ဖုန်းအားပြောလိုက်သည်။

"အရှင်မင်းကြီးကို ကုသပေးဖို့ ဂိုဏ်းချုပ်ဝမ်ကို တောင်းဆိုပါတယ်။"

အနက်ဝတ်လူငါးယောက်ကလည်း ဝမ်ဖုန်းကို တညီတညာတည်း ဦးညွှတ်ဂါရဝပြုလိုက်ပြီး ကျယ်လောင်သောလေသံဖြင့်တောင်းဆိုလိုက်သည်။

လေဧကရာဇ်သည် အင်ပါယာကြီးတစ်ခုလုံး၏ အစစ်အမှန်ထောက်တိုင်ကြီးတစ်ခုဖြစ်ပါသည်။ သူသာရှိနေပါက အင်ပါယာကြီးသည် မည်သည့်အန္တရာယ်ကိုမဆို

ရင်ဆိုင်တွန်းလှန်နိုင်ခဲ့သည်။ လေဧကရာဇ်သာသေဆုံးသွားပါက အင်ပါယာကြီးတစ်ခုလုံးသည် မငြိမ်မသက်သော မုန်တိုင်းကြီးတစ်ခုအတွင်းသို့ ကျရောက်သွားမှာဖြစ်သည်။ ကြောက်စရာအကောင်းဆုံးအရာမှာ လေဧကရာဇ်၏သေဆုံးခြင်းကို အခွင့်ယူ၍ အခြားသောအင်ပါယာကြီးနှစ်ခုက လေအင်ပါယာအား တိုက်ခိုက်လာမှာပဲဖြစ်သည်။

အခွင့်အရေးအနည်းငယ်သာ ရှိမည်ဆိုပါက မည်သည့်အဖ်ိုးအခကိုပဲ ပေးရပေးရ ဤအင်ပါယာအကြီးအကဲများသည် လေဧကရာဇ်ကို ကယ်တင်လိုကြသည်။

"ဒီဂိုဏ်းချုပ်မှာ တောင်းဆိုစရာသုံးချက်ရှိတယ်။"

ဝမ်ဖုန်းကို ဧကရီဘုရင်မကြီးကို ထူမပေးလိုက်ပြီး ဧကရီဘုရင်မကြီး နှင့် လေအင်ပါယာ၏ အကြီးအကဲငါးဦးတို့အား စိုက်ကြည့်ကာ အမူအရာမဲ့သော မျက်နှာဖြင့်ပြောလိုက်သည်။

အစက ဝမ်ဖုန်းသည် လေဧကရာဇ်ကိုကယ်တင်ဖို့အတွက် ရှန်ရှန့်ကျုံဂိုဏ်း၏ ကံတရားများကို အသုံးမပြုချင်ခဲ့ပါ။ သို့သော်လည်း နောက်ဆုံးမှာ အကြင်နာတရားများ၊ ကရုဏာသက်ခြင်းတို့က သူ၏နှလုံးသားအား အနိုင်ယူသွားလေသည်။

ဟုတ်တာပေါ့၊ ကယ်တင်ရတဲ့အတွက် သူတို့ရှန်ရှန့်ကျုံဂိုဏ်းက ဆုံးရှုံးသွားသည့် ကံတရားများကို လေအင်ပါယာဆီမှ ပြန်လည်ရယူရပေလိမ့်မည်။

ညီအစ်ကိုတွေတောင် ကြွေးမှီရှိရင် ဖြေရှင်းရသေးတာပဲ။ မုယွင်ဖေးသည် သူတို့ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းသားတစ်ယောက်ဖြစ်သော်လည်း လေဧကရာဇ်ကတော့ သူတို့ရှန်ရှန့်ကျုံဂိုဏ်းအတွက် သူစိမ်းတစ်ယောက်သာဖြစ်သည်။

မုယွင်ဖေး၏ မျက်နှာကြောင့်သာ ဝမ်ဖုန်းသည် လေဧကရာဇ်အား ကယ်တင်ပေးလိုခြင်းဖြစ်သည်။

"ဂိုဏ်းချုပ်ဝမ် ကျေးဇူးပြုပြီးပြောပါ။"

လေဧကရီ နှင့် အကြီးအကဲငါးယောက်သည် ဝမ်ဖုန်းအား စူးစိုက်ကြည့်ကာ အမူအရာမဲ့သော မျက်နှာများဖြင့် ပြောဆိုလိုက်ကြသည်။ လေဧကရာဇ်သည် မျက်လုံးများကို ပြူးကျယ်စွာဖွင့်လျက် ကုတင်ပေါ်တွင် လှဲလျောင်းရင်း ဝမ်ဖုန်းအားစိုက်ကြည့်နေသည်။

အမှန်တကယ်တော့ လေဧကရာဇ်သည်လည်း မသေဆုံးချင်ပါပေ။ လေဧကရာဇ်သည် အပြင်ပန်းတွင် မည်မျှတည်ငြိမ်အောင် ပြောဆိုနေစေကာမူ သေခြင်းတရားကိုမကြောက်သောလူဟူ၍ လောက၌ရှိပါမည်လော။

အထူးအားဖြင့် အာဏာနှင့် အဆုံးအစမဲ့ကြွယ်ဝခြင်းတို့ကို ပိုင်ဆိုင်ထားသော ဧကရာဇ်တစ်ပါးဖြစ်တာကြောင့် လေဧကရာဇ်သည် သေဆုံးရမည်ကို အခြားသောသူများထက်တောင် ပိုမိုကြောက်လန့်နေပါသည်။

"ပထမဆုံးအနေနဲ့ လေဧကရာဇ်ကို ကယ်တင်ပြီးသွားရင် လေအင်ပါယာက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ မဟာမိတ်ဖြစ်လာရမယ်။ ရှန်ရှန့်ကျုံဂ်ိုဏ်းမှာ ပြသာနာတစ်စုံတစ်ရာရှိလာခဲ့လျှင် လေအင်ပါယာက ဘယ်အခြေအနေမှာမဆို ကူညီပေးရမယ်။ လေအင်ပါယာအနေနဲ့ ပြသာနာတစ်စုံတစ်ရာ ရှိလာခဲ့ပြီဆိုရင်လည်း ငါတို့ ရှန်ရှန်ကျုံဂိုဏ်းက အကောင်းဆုံးကူညီပေးဖို့ ကြိုးစားမှာပါ။ ဒါပေမဲ့ လေအင်ပါယာက စစ်အသုံးစရိတ်တွေကိုတော့ ပြန်လည်ပေးချေဖို့လိုအပ်တယ်။ ''

ဝမ်ဖုန်းသည် လေဧကရီနှင့် အခြားသူများကို စူးစိုက်ကြည့်ကာ သူ၏ပထမဆုံးတောင်းဆိုချက်ကို ပြောဆိုလိုက်သည်။

ဤအခြေအနေသည် လေအင်ပါယာအတွက်တော့ ဘာမှထိခိုက်နစ်နာစေခြင်း မရှိပါ။ ပထမဆုံးတောင်းဆိုချက်က်ိုကြားလိုက်ရသောအခါ လေဧကရီရော လေအင်ပါယာအကြီးအကဲ ငါးယောက်ကပါ စိတ်သက်သာရာ ရသွားကြသည်။

အစက သူတို့သည် ဝမ်ဖုန်းအနေဖြင့် ကြီးကြီးမားမားတောင်းဆိုမှာ ကြောက်လန့်နေခဲ့ကြသည်။ တကယ့်ကိုမျှော်လင့်မထားခဲ့ဘူး။

''ဒီတောင်းဆိုမှုကို သဘောတူပါတယ်။ ဂိုဏ်းချုပ်ဝမ်သာ လေဧကရာဇ်ကို ကယ်တင်ပေးမယ်ဆိုလျှင် ဧကရာဇ်က ဂိုဏ်းချုပ်ဝမ်နဲ့အတူ မဟာမိတ်စာချုပ်မှာ လက်မှတ်ထိုးပါလိမ့်မယ်။ '' လေဧကရီသည် လေဧကရာဇ်ကိုတလှည့် ဝမ်ဖုန်းကို တလှည့်အပြန်အလှန်စိုက်ကြည့်ကာ ပြောကြားလိုက်ပါသည်။

"ဒုတိယတောင်းဆိုမှုကတော့ လေအင်ပါယာအနေနဲ့ လေအင်ပါယာရဲ့ အမည်နာမက်ို အသုံးပြုပြီး အင်ပါယာအတွင်းကဂ်ိုဏ်းတွေကို ဖြောင်းဖြပေးရမယ်။ အဲဒီနောက်မှာ လေအင်ပါယာအတွင်းမှာပဲ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကို ကျင်းပပေးရမယ်။ ဒီညီလာခံက ဆန္ဒအလျှောက်တက်ရောက်သော ညီလာခံဖြစ်စေရမယ်။ ဂိုဏ်းဝင်ပြီးသား လူငယ်မျိုးဆက်တွေက ရှန်ရှန့်ကျုံဂ်ိုဏ်းကိုဝင်ရောက်ချင်တယ်ဆိုရင် လေအင်ပါယာနှင့်တကွ အင်ပါယာအတွင်းရှ်ိအခြားသောဂ်ိုဏ်းများက တားဆီးခြင်းမပြုစေရဘူး။ ''

ဝမ်ဖုန်းသည် ဒုတိယမြောက်တောင်းဆိုမှုကိုပြုလိုက်သည်။ ဒီတောင်းဆိုမှုကား ဧကရီဘုရင်မကြီးနှင့် အကြီးအကဲငါးယောက်တို့အား မျက်မှောင်ကြီးကျုံ့သွားစေသည်။ ရှန်ရှန့်ကျုံဂိုဏ်းက လေအင်ပါယာအတွင်းတွင် ဂိုဏ်းသားစုဆောင်းခြင်းညီလာခံ ကျင်းပမည်ဆိုပါက ဤသည်မှာ ပြသာနာကြီးမဟုတ်သေးပေ။ သို့သော်လည်း ဂိုဏ်းဝင်ပြီးသား လူပုဂ္ဂိုလ်များကပါ ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်နိုင်သည်ဆိုသည်ကတော့ တကယ်ကိုခက်ခဲသောအချက်ကြီးတစ်ခုဖြစ်သည်။

ဒါ့အပြင် ဂိုဏ်းရှိပြီးသား လူငယ်မျိုးဆက်များအနေဖြင့် ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်ချင်သည်ဆိုပါက မူလကဂိုဏ်းကို စွန့်ပစ်ရပေလိမ့်မည်။ ဤတစ်ကြိမ်တွင် အင်ပါယာအနေဖြင့် လူဆိုးကြီးဖြစ်လာပေလိမ့်မည်ဟု စိုးရိမ်ရပေသည်။ ဤတောင်းဆိုမှုသည် ယောင်ရီအင်ပါယာအတွက်ဆိုပါက အဆင်ပြေပါသေးသည်။ သို့သော်လည်း လေအင်ပါယာအတွက်မူ အနည်းငယ်အခက်အခဲရှိသည်။ လေအင်ပါယာအတွင်းရှိ ဂိုဏ်းများအားလုံးက်ို လေအင်ပါယာဘက်မှ ထောက်ပံ့ထားခြင်းဖြစ်သည်။

ဤသည်က အတော့်ကို ကသိကအောင့်နိုင်သော အခြေအနေဘဲဖြစ်ပါသည်။

သို့သော်လည်း လေဧကရီနှင် အင်ပါယာအကြီးအကဲငါးယောက်တို့အား ဆယ့်ငါးမိနစ်လောက်သာ တုံ့ဆိုင်းမိသွားကြပြီး နောက်ဆုံးမှာဝမ်ဖုန်းကို သဘောတူလက်ခံကြောင်း ပြောဆိုလိုက်ပေသည်။

ရိုးရိုးသားသားပြောရပါလျှင် လေအင်ပါယာအတွင်းရှိ ဂ်ိုဏ်းများ စုပေါင်းလိုက်လျှင်တောင်မှ လေဧကရာဇ်လောက်တော့ အရေးမကြီးပါစေ။

လေဧကရီနှင့် အခြားသူများ၏သဘောတူညီသံကို ကြားလိုက်ရသောအခါ ဝမ်ဖုန်း၏ နှုတ်ခမ်းများသည် တွန့်လိမ်သွားပါတော့သည်။ အမှန်တကယ်တော့ သူ၏ဒုတိမြောက်တောင်းဆိုခြင်းသည် ရှုန်ရှန့်ကျုံဂ်ိုဏ်း၏ ကံတရားများကို ပြန်လည်ရယူပြင်ဆင်ဖို့ရာအတွက် သော့ချက်ဖြစ်ပါသည်။

ကြီးမြတ်သောလေအင်ပါယာ၏ အကူအညီအားဖြင့် အင်ပါယာအတွင်းရှိလူငယ်မျ်ိုးဆက်များ၏ ၁ရာခိုင်နှုန်းခန့်သာ ရှန်ရှန့်ကျူံဂ်ိုဏ်းအတွင်းသို့ ဝင်ရောက်မည်ဆိုရင်တောင် အဆုံးအစမဲ့သောကံတရားများကို လက်ခံရရှိမှာဖြစ်သည်။ ဆိုလိုတာက ဂိုဏ်းချုပ်ဝမ်သည် ရှန်ရှန့်ကျုံဂ်ုဏ်း၏ ကံတရားများကိုအသုံးပြုခဲ့သည်ဟုဆိုရသော်လည်း အမှန်တကယ်တွင်သူသည် လေအင်ပါယာကြီး၏ ကံတရားများကိုသာ တဖက်လှည့်နည်းလမ်းဖြင့် အသုံးပြုလိုက်ခြင်းဖြစ်လေသည်။

All Chapters