ကံကြမ္မာမျိုးစေ့။
Vol. 9 Ch. 125
" တတိယမြောက် သဘောတူညီချက်စပြီ ။ မင်းတို့သိကြတဲ့အတိုင်း ခန္ဓာသန့်စင်ခြင်းမှော်ဆေးဝါးများက အရမ်းကိုတန်ဖိုးကြီးလွန်းတယ် ။
ဒီဂိုဏ်းချုပ်က မင်းတို့အတွက် ခန္ဓာသန့်စင်ဆေးဝါးများကို ရှာဖွေပေးနိုင်တယ် ။ ဒါပေမယ့်လည်း မင်းတို့က အဲ့ဒီဆေးဝါးများနှင့်တန်ဖိုးခြင်းညီမျှလောက်တဲ့ ရတနာပစ္စည်းကိုတော့ပြန်ပေးရလိမ့်မယ် ။ "
ဂိုဏ်းချုပ်ဝမ်သည် လေဧကရီနှင့် အင်ပါယာအကြီးအကဲ ၅ ယောက်ကို ပြောလိုက်သည်။ ကျင့်ကြံသူများအတွက်တော့ ခန္ဓာသန့်စင်ခြင်းဆေးဝါးများကဲ့သို့သော ရတနာမျိုးသည် ရှာဖွေဖို့ရန်အတွက် အလွန်ခက်ခဲလှပါသည် ။ သို့သော်လည်း ဂိုဏ်းချုပ်ဝမ်အတွက်မူ သူသာအမှန်တကယ်ရှာဖွေလိုပါက တကယ့်ကိုရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဖြစ်သည် ။
နတ်ဘုရားကဲ့သို့သိမြင်ခြင်းချီကျင့်စဥ်နှင့် စနစ်၏ဆောင်ရွက်ချက်များနှင့်ဆိုပါလျှင် ခန္ဓာသန့်စင်ဆေးဝါးများက မည်မျှပင်ပုန်းကွယ်နေစေကာမူ သူမျက်လုံးများမှ လုံးဝလွတ်မြောက်နိုင်မည်မဟုတ်ပါပေ။
သူသည် မြင့်မြတ်သောခန္ဓာသန့်စင်ဆေးဝါးများကို ရှာဖွေနိုင်သော်လည်း လေဧကရာဇ်အတွက်တော့ ရက်ရက်ရောရော အသုံးပြုပေးနိုင်မည်မဟုတ်ပေ ။ မည်သူကမှ သူဆိုသည့်ဂိုဏ်းချုပ်ဝမ်ဆီက ပစ္စည်းများကို အလကာမရယူနိုင်ပါ ။
ခန္ဓာကိုယ်ကိုသန့်စင်စေနိုင်သောမှော်ဆေးဝါးများသည် အလွန်အင်မတန် တန်ဖိုကြီးမားလှပြီး ရှားပါးလှသည် ။ ထိုမှော်ဆေးဝါးများကိုအသုံးပြု၍ မှော်ဆေးလုံးများအဖြစ် သန့်စင်ရမည်ဖြစ်ပါသည် ။ ထိုကဲ့သို့သောရတနာမျိုးကို ဂိုဏ်းချုပ်ဝမ်အနေဖြင့် အဘယ်မှာ အလကားပေးနိုင်မည်နည်း ။ သူသည် လေအင်ပါယာထံမှ အချို့သော အကျိုးအမြတ်များကိုတော့ ပြန်လည်တောင်းဆိုရပေလိမ့်မည် ။
တစ်ဖန်မုယွင်ဖေးသည် သူတို့ရှန်းရှန်းကျုံဂိုဏ်း၏ ဂိုဏ်းသားတစ်ယောက်ဖြစ်သော်လည်း သူ့အနေဖြင့် အဖိုးအခတောင်းဖို့တော့လိုအပ်ပါသေးသည် ။
ဟုတ်ပါတယ် ။ လေဧကရာဇ်အနေဖြင့် ဓားဧကရာဇ်ကဲ့သို့ သူတို့ရှန်းရှန်းကျုံဂိုဏ်းသို့ဝင်ရောက်လာပါက ဝမ်ဖုန်းသည် မှော်ဆေးဝါးတစ်မျိူးကိုပင်ဆိုမထားနှင့် ၊ ဆယ်မျိုးဆိုလျှင်တောင်မှ ရက်ရက်ရောရော ပေးကမ်းလိုက်မည်ဖြစ်သည်။ သို့သော်လည်း လေဧကရာဇ်ကတော့ ထိုကဲ့သို့ပြုလုပ်လိမ့်မည်မဟုတ်ပေ။
ဝမ်ဖုန်း၏စကားဆုံးသွားသည့်အခါ ဧကရီနှင့်အကြီးအကဲ၅ယောက်တို့သည် မျက်မှောင်ကြီးကျုံ့သွားကြသည် ။ သူတို့က ဝမ်ဖုန်း၏တောင်းဆိုမှုက လွန်ကဲသည်ဟုထင်၍မဟုတ်ပဲ ခန္ဓာသန့်စင်ခြင်းဆေးဝါးနှင့် နှိုင်းယှဉ်နိုင်မည့် ရတနာပစ္စည်းများကို စဉ်းစားနေကြခြင်းဖြစ်သည် ။
အမှန်အတိုင်းပြောရပါလျှင် ဝမ်ဖုန်း၏တောင်းဆ်ိုချက် ၃ချက်မှာ မတရားဟုထင်ရသော်လည်း ဤကဲ့သို့သော သေရေးရှင်ရေးကာလအတွင်းတွင်မူ တကယ့်ကို လွန်ကဲသောတောင်းဆိုမှုကြီးများမဟုတ်ပါ။ ထို့အပြင် သင့်တင့်လျောက်ပတ်သော တောင်းဆိုမှုဟူ၍တောင် ပြောဆို၍ရနိုင်ပေသည် ။
တတိယမြောက်တောင်းဆိုမှုကိုပဲကြည့်ပါလေ ။ ဝမ်ဖုန်းက ထိုကဲ့သို့တောင်းဆိုမှုမျိုးကို မတောင်းဆိုခဲ့ဘူးဆိုရင်တောင် လေအင်ပါယာအနေဖြင့် ဝမ်ဖုန်းဆီမှ မှော်ဆေးဝါးကို အလကားရယူမှာမဟုတ်ပါ။ သူတို့၏လေအင်ပါယာကြီးသည် ဂုဏ်သတင်းကြီးမားလှသောအင်ပါယာကြီးတစ်ခုပင်မဟုတ်ပါလော ။
သို့ပါသော်လည်း လေဧကရီနှင့်အင်ပါယာအကြီးအကဲ ၅ယောက်တို့သည် တွေးလေတွေးလေ အင်ပါယာတွင် ထိုခန္ဓာသန့်စင်ခြင်းမှော်ဆေးဝါးနှင့်နှိုင်းယှဉ်နိုင်သည့် မည်သည့်ရတနာမှမရှိဘူးဆိုတာ သိလာလေလေ ဖြစ်သည်။
သူတို့၏ကြီးမြတ်သောလေအင်ပါယာသည် နှစ်ပေါင်းများစွာ အုတ်မြစ်ခိုင်မာလာသည့်အင်ပါယာကြီးတစ်ခုဖြစ်ပြီး ကျယ်ဝန်းသောနယ်နမိတ်များကိုလည်း ပိုင်ဆိုင်ထားသည့်အလျောက် မရေမတွက်နိုင်သော ရတနာများကိုလည်း ပိုင်ဆိုင်ထားသည်။ သို့ပေသော်လည်း ခန္ဓာသန့်စင်ခြင်းမှော်ဆေးဝါးနှင့် နှိုင်းယှဉ်ရလောက်သည့် ရတနာမျိုးကိုတော့ ပိုင်ဆိုင်ထားခြင်းမရှိပါပေ ။
" ရွှမ်ယိ ငါကိုယ်တော် ရတနာတိုက်ရဲ့အနက်ရှိုင်းဆုံးအပိုင်းမှာသိမ်းဆည်းထားတဲ့အရာကို ထုတ်ယူလာခဲ့ပါ ။ " လေဧကရီနှင့်အင်ပါယာအကြီးအကဲ ၅ယောက်တို့ မျက်မှောင်ကြီးကျုံ့လျက်တွေးတောနေကြစဉ်မှာပင် လေဧကရာဇ်က ပါးစပ်ဖွင့်ဟမိန့်ကြားလိုက်သည် ။ သူ၏လေသံမှာကား အလွန်အမင်းအားနည်းဖျော့တော့နေသည် ။ သို့သော်လည်း ထိုလေသံများမှတစ်ဆင့် သူ၏အသက်ရှင်သန်လိုသောစိတ်ဓာတ်ကို သိရှိနိုင်ပါသည် ။
" မှန်လှပါ အရှင်မင်းကြီး ။ "
ရွှမ်ယီ ၊အင်ပါယာအကြီးအကဲငါးယောက်ထဲအနက် ဆန်းကျယ်အဓိပတိနှောင်းပိုင်းအဆင့်လူနှစ်ယောက်ထဲမှ ရွှမ်ယိဟုခေါ်သော လူတစ်ယောက်သည် လေးလေးစားစား ဂါဝရပြုလိုက်သည် ။ သူသည် လေဧကရာဇ်က တုန်တုန်ယင်ယင်ဖြင့်ပေးလာသော သော့တံလေးတစ်ချောင်းကို လေးလေးစားစားယူလိုက်ပြီး ချက်ချင်းဆိုသလိုပင် အတွင်းနန်းဆောင်ထဲဝင်ရောက်ပျောက်ကွယ်သွားပါတော့သည် ။
လေအင်ပါယာ၏ဘဏ္ဍာတိုက်အတွင်းသို့ အင်ပါယာ၏အကြီးအကဲများသည်ပင် လေဧကရာဇ်၏အမိန့်မပါဝင်ပါက ဝင်ရောက်နိုင်ခြင်းမရှိပေ ။ ထို့အပြင် ထိုဘဏ္ဍာတိုက်အတွင်းရှိ အနက်ရှိုင်းဆုံးသော အခန်းတစ်ခန်းကိုတော့ ဧကရာဇ်ကိုယ်တိုင် ချိတ်ပိတ်ထားခြင်းဖြစ်ပါသည် ။
လေဧကရာဇ်က ထိုခန်းမအတွင်း မည်သည့်ပစ္စည်းကိုထည့်သွင်းထားသည်ကို မည်သူကမျှ မသိရှိထားချေ ။
တစ်ခဏအကြာမှာပင် ရွှမ်ယိသည် ခန်းမကြီးအတွင်းသို့ပြန်လည်ထွက်ပေါ်လာသည် ။ သူ၏လက်ထဲတွင် ရိုးရှင်းလှသော သစ်သားသေတ္တာလေးတစ်လုံးကို ကိုင်ဆောင်ထားသည်။
လူတိုင်းသည် ထိုသေတ္တာလေးကို လှမ်းကြည့်လိုက်ကြသည်။ သို့သော်လည်း အကြည့်တစ်ချက်နှင့်ပင် လူတိုင်းသည် ထိုသေတ္တာလေးဆီမှအကြည့်လွှဲလိုက်ရသည် ။
ထိုအရာမှာ ရိုးရှင်းသောသစ်သားသေတ္တာလေးတစ်လုံးဖြစ်သော်လည်း ၎င်း၏အပေါ်တွင် ထူးခြားဆန်းပြားသော သင်္ကေတများကိုရေးထွင်းထားကာ ထူးဆန်းသောအရှိန်အဝါများ ထတြ်လွှတ်နေသည် ။အကြည့်တစ်ချက်နှင့်ပင် ၎င်းမှာ သာမန်ပစ္စည်း မဟုတ်ကြောင်းကိုလည်း ပြောကြားနိုင်ပါသည် ။
ဝမ်ဖုန်း၏မျက်လုံးများသည် ကျဉ်းမြောင်းသွားသည်။ သူသည်လေဧကရာဇ်ကို စူးစိုက်ကြည့်လိုက်သည် ။ ဝမ်ဖုန်းသည် ထိုသေတ္တာလေးမှာ သာမန်ပစ္စည်းမဟုတ်ကြောင်း သိထားပါသည်။
" ဂိုဏ်းချုပ်ဝမ် ဒီသစ်သားသေတ္တာလေးကို ဒီဧကရာဇ်က ရှေးဟောင်းနယ်မြေတစ်ခုကရရှိလာခဲ့တာပါ ။ အဲ့ဒီ့ ရှေးဟောင်းနယ်မြေမှာပဲ ဒီဧကရာဇ်က ဆန်းကျယ်အဓိပတိအဆင့်ကို ချိုးဖျက်တက်ရောက်နိုင်ခဲ့တာ ။ "
" ဒီဧကရာဇ်က ဒီသေတ္တာလေးကို နှစ်ပေါင်းများစွာကြာအောင် စူးစမ်းလေ့လာကြည့်ခဲ့ပေမယ့် ဘယ်သတင်းအချက်ကိုမျှ ရရှိခဲ့ခြင်းမရှိပါဘူး ။ ပြီးတော့ ဒီပစ္စည်းကဘာလဲဆိုတာ ဒီဧကရာဇ်လည်းမသိတော့ဘူး ။ "
" ဒါပေမယ့် ဒီပစ္စည်းက ရိုးရှင်းမှုမရှိဘူးဆိုတာကိုတော့ ဒီဧကရာဇ်က ပြောနိုင်ပါတယ် ။ ဂိုဏ်းချုပ်ဝမ်ကသာ ဒီပစ္စည်းက ခန္ဓာသန့်စင်မှော်ဆေးဝါးနှင့် နှိုင်းယှဉ်နိုင်မည်လို့ထင်ရင် ဒီပစ္စည်းက ဂိုဏ်းချုပ်ဝမ်အပိုင်ပါပဲ ။ "
လေဧကရာဇ်၏ အားနည်းဖျော့တော့သောအသံက အခန်းတွင်းပဲ့တင်ထပ်သွားခဲ့သည် ။ လူတိုင်း၏မျက်နှာအမူအရာများသည်လည်း ပြောင်းလဲသွားကြသည် ။
ထိုပစ္စည်းလေးကို ဆန်းကျယ်အဓိပတိအဆင့်ရှိသောလူက နှစ်ပေါင်းများစွာ စူးစမ်းလေ့လာခဲ့သည့်တိုင် မည်သည့်အချက်အလက်ကိုမှ မသိရှိခဲ့ရပေ။ သည်ပစ္စည်းလေး၏ လှို့ဝှက်ဆန်းပြားမှုသည် လူတိုင်းတွေးတောနိုင်သည်ထက် ပိုနေပါသည်။
လူတိုင်းသည် ဤသေတ္တာလေးအတွင်း၌ ဘာရှိနေမလဲဆိုတာကို စိတ်ဝင်စားနေကြသည်။ သို့သော်လည်း လေဧကရာဇ်က ထိုသေတ္တာလေးကို မဖွင့်ခိုင်းခဲ့ပါ ။ လေဧကရာဇ်၏အမိန့်မပါဝင်ပါက ရွှမ်ယီသည်လည်း သေတ္တာလေးကို မဖွင့်ကြည့်နိုင်ပေ။
ဝမ်ဖုန်းသည် လေဧကရာဇ်၏မေးခွန်းကို တိုက်ရိုက်မဖြေဆိုခဲ့ပါ။ သူသည် နတ်ဘုရားကဲ့သို့သိမြင်ခြင်း ချီကျင့်စဉ်ကိုအသုံးပြုလျက် ထိုသေတ္တာလေးအား စူးစိုက်ကြည့်လိုက်သည် ။ ထူးဆန်းသောအလင်းတစ်ချက်သည် သူ၏မျက်ဝန်းများအတွင်း လက်ခနဲဖြစ်သွားပြီး သူသည်သေတ္တာလေးအား စူးစိုက်ကြည့်လိုက်ပါသည်။
ဖောက်ထွင်း၍မမြင်နိုင်ပေ။ သူသည် ဖောက်ထွင်း၍မမြင်နိုင်ခဲ့သော်လည်း ပထမတစ်ခါကြည့်မိစဥ်ကလို အရှိန်အဝါစူးစူးများကြောင့် မသက်မသာခံစားရခြင်းတော့ မရှိတော့ပေ။
နတ်ဘုရားကဲ့သို့သိမြင်ခြင်းချီကျင့်စဉ်ကို အသုံးပြုခဲ့သည်တောင်မှ ဝမ်ဖုန်းသည် ဤသစ်သားသေတ္တာလေးအား ဖောက်ထွင်း၍မမြင်နိုင်ခဲ့ပါ ။
" စနစ်ရေ ဒီသေတ္တာလေးရဲ့မူလဇစ်မြစ်ကို စစ်ဆေးကြည့်ပေးနိုင်မလား ။ "
ဝမ်ဖုန်းသည် တီးတိုးပြောဆိုလိုက်သည် ။ သူသည် ဤသစ်သားသေတ္တာလေးမှာ ရိုးရှင်းခြင်းမရှိကြောင်းနားလည်ထားသည်။ ဤသစ်သားသေတ္တာလေးမှာ မှော်ဝင်ဆေးဝါးနှင့် နှိုင်းယှဉ်နိုင်ခြင်းရှိမရှိကိုတော့ ဤသစ်သားသေတ္တာလေးအကြောင်းကို တိတိကျကျသိမှသာ ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
တစ်ချို့သောအရာများသည် လှို့ဝှက်ဆန်းပြားပုံရသော်လည်း အမှန်တကယ်တွင်မူ တန်ဖိုးမဲ့နေတတ်သည်။ တစ်ချို့သောအရာများမှာ သာမန်ဟုသာထင်ရသော်လည်း ရှားပါးသောရတနာများ တစ်ခါတစ်ရံဖြစ်နေတတ်သည်။
" ရပါတယ် ။ ဒါပေမယ့် စစ်ဆေးဖို့အတွက် ဂိုဏ်းအမှတ်တစ်သောင်းလိုအပ်တယ် ။ "
သူ့စိတ်အတွင်း ပေါ်ပေါက်လာသောလေသံက ဝမ်ဖုန်းကို ထိတ်လန့်သွားစေခဲ့သည်။ ဒီသေတ္တာလေးတစ်လုံးကို စစ်ဆေးဖို့အတွက် ဂိုဏ်းအမှတ်တစ်သောင်းတောင် လိုအပ်တာတဲ့လား ။ ဒီထဲမှာဘယ်လိုတောင်ဆန်းကျယ်တဲ့အရာကတည်ရှိနေတာပါလိမ့် ။
" စစ်ဆေးလိုက် ။ "
ဂိုဏ်းအမှတ်တစ်သောင်းဆိုသောပမာဏက ဝမ်ဖုန်းကိုအနည်းငယ်နာကျဉ်စေခဲ့သော်လည်း သူကစစ်ဆေးဖို့ရန်သာ ရွေးချယ်လိုက်သည် ။ ဒီသေတ္တာလေးသည် အလွန့်ကို လျှို့ဝှက်ဆန်းပြားလွန်းသည် ။ ဒါက ဂိုဏ်းချုပ်ဝမ်ကို သိလိုစိတ်ပြင်းပြလာစေသည်။
ဟုတ်ပါသည် ။ သူကဤသေတ္တာလေးမှာ မှော်ဆေးဝါးနှင့် နှိုင်းယှဉ်နိုင်ခြင်းရှိမရှိကို သိရှိလိုခြင်းဖြစ်ပါသည် ။
" ဒင် ... စစ်ဆေးမှုရလာဒ် ရရှိပါပြီ ။ ဒီသေတ္တာလေးကို ရှေးဟောင်းမျိုးနွယ်စုတစ်စုက ပြုလုပ်ထားပြီး ကောင်းကင်ကိုချိတ်ပိတ်ခြင်းသေတ္တာလို့ ခေါ်ပါတယ် ။ သေတ္တာအတွင်း ထည့်ရှိလိုက်သည့်ပစ္စည်းတိုင်းကို အပြည့်အဝဖုံးကွယ်ထားပေးနိုင်ပါတယ် ။သေတ္တာအတွင်းမှာတော့ ကံကြမ္မာမျိုးစေ့ ရှိနေပါတယ် ။ "
" မှတ်ချက် - ဒီသေတ္တာကို ရတနာပစ္စည်းတစ်ခုလို့ ပြောနိုင်သလို ကံကြမ္မာမျိုးစေ့ကလည်း ရတနာပစ္စည်းတစ်ခုဖြစ်တယ် ။ ကံကြမ္မာမျိုးစေ့မှတစ်ဆင့် ကံကြမ္မာသစ်ပင်အဖြစ် ပျိူးထောင်နိုင်ပါသည်။
ကံကြမ္မာသစ်ပင်ကား ကမ္ဘာဦးရှေးသစ်ပင်ကြီး ကိုးခုအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ် ။ဒီသစ်ပင်မှာ အဆုံးအစမဲ့တဲ့ မှော်စွမ်းအားများစွာပါဝင်နေပါတယ် ။ "
ထိုအေးစက်သောလေသံကား ဝမ်ဖုန်း၏နှလုံးသားကို တုပ်လှုပ်သွားစေခဲ့သည် ။
သူသည် အလွန်အမင်းစိတ်လှုပ်ရှားနေတာကြောင့် သူ၏နှလုံးသားတစ်ခုလုံး တုန်ရီလာပါတော့သည် ။ သို့သော်လည်း ဝမ်ဖုန်းသည် အပြင်ပန်း၌ မှင်သေသေအမူအရာကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည် ။
" ဧကရာဇ်က နောက်နေတာပဲဖြစ်ရမယ် ။ ဒီသေတ္တာလေးက သာမန်မဟုတ်တဲ့ပုံပေါ်နေပေမယ့် ဧကရာဇ်ကိုယ်တိုင်တောင် ဘာကိုမှရှာတွေ့ခဲ့တာမဟုတ်ဖူးလေ ။ ဒီပစ္စည်းကို ကျွန်တော်မျိုးလိုဂိုဏ်းချုပ်တစ်ယောက်ကိုပေးရတာ ဘာရည်ရွယ်ချက်နဲ့များလဲ ။ ဒီလိုလုပ်ရအောင် ဒီသစ်သားသေတ္တာလေးအပြင် လေအင်ပါယာရဲ့ဘဏ္ဍာတိုက်ထဲက ပစ္စည်း၃ခုကို ကျုပ်ကိုရွေးချယ်ခွင့်ပေးရမယ် ။ ဒီလိုဆိုရင် ဧကရာဇ်အတွက် လိုအပ်တဲ့ ခန္ဓာသန့်စင်ခြင်းမှော်ဆေးဝါးကို ဒီဂိုဏ်းချုပ်က ကိုယ်တိုင်ကိုယ်ကျ သွားရှာပေးမယ်။ဘယ်လိုလဲ ။ " ဝမ်ဖုန်းသည် လေဧကရာဇ်ကို စူးစိုက်ကြည့်ကာပြောလိုက်သည် ။
ဝမ်ဖုန်းသည် ကောင်းကင်ချိတ်ပိတ်ခြင်းသေတ္တာနှင့် ကံကြမ္မာမျိုးစေ့ကို အသေအလဲလိုချင်နေပြီဖြစ်သော်လည်း အပြင်ပန်းတွင် တည်ငြိမ်ဟန်သာဆောင်နေပြီး ထုတ်မပြခဲ့ပေ။
လေဧကရီနှင့်အကြီးအကဲ၅ယောက်သည်လည်း လေဧကရာဇ်အား လှည့်ကြည့်လိုက်ကြသည်။ သူတို့သည် ထိုသေတ္တာလေးမှာ မည်မျှတန်ကြေးရှိကြောင်း သိမထားပေ ။ ထို့ကြောင့်သူတို့သည် ထိုသေတ္တာလေး၏တန်ဖိုးကို ဆုံးဖြတ်နိုင်ခြင်းအလျဉ်းမရှိပေ။
ဟုတ်ပါပေသည် ။ ပြင်ပအသွင်သဏ္ဍန်အရဆုံးဖြတ်ရရင် ထိုသေတ္တာလေးသည် မှော်ဆေးဝါးနှင့်နှိုင်းယှဉ်နိုင်ခြင်းမရှိပါပေ ။
" ကောင်းပြီ ။ ဒီဧကရာဇ်က ကတိပေးတယ် ။ ဒါပေမယ့် မှော်ဆေးဝါးကို ရှာဖို့အတွက် ဂိုဏ်းချုပ်ဝမ် အချိန်ဘယ်လောက်ထိကြာဦးမှာလဲ ။ ဒီဧကရာဇ်မှာ အချိန်သိပ်မကျန်တော့ဘူးနော် ။ " လေဧကရာဇ်က ပြောလိုက်ပေသည် ။