← Chapters

ကောင်းကင်ဘုံအား အံတုခြင်း။

Vol. 9 Ch. 126

ကောင်းကင်ဘုံအား အံတုခြင်း။

Vol. 9 Ch. 126

သစ်သားသေတ္တာအတွင်းတွင်ရှိနေသောအရာသည် ရတနာအမှန်တကယ်ဖြစ်ရမည်ဟု လေဧကရာဇ်သည် သိရှိထားသော်ငှားလည်းပဲ သူသည် ထိုပစ္စည်းက်ိုအချိန်အတော်ကြာအောင် လေ့လာခဲ့သည်တိုင်အောင် မည်သည့်အရာမှန်းတပ်အပ်မပြောနိုင်ခဲ့ပေ။ဖြစ်နိုင်တာက ဒီရတနာသည် သူနှင့်ကံစပ်မှုမရှိပါပေ။

သူသည် ဒီသစ်သားသေတ္တာကိုအသုံးပြု၍ သူ၏အသက်အားကယ်တင်နိုင်သည်ဆိုပါက ဤသည်မှာထိုက်တန်သောလဲလှယ်မှုဖြစ်ပါပေသည်။ ဤသစ်သားသေတ္တာမှတစ်ပါးလည်း လေအင်ပါယာတွင် မှော်ဆေးဝါးနှင့်လှဲလှယ်နိုင်သည်အထိ တန်ကြေးရှိသော ရတနာပစ္စည်းများလဲရှိမနေပါ။

"အဲဒီအတွက်တော့စိုးရိမ်မနေပါနဲ့အရှင်မင်းကြီး။ ဒီဂိုဏ်းချုပ်ကအရှင်မင်းကြီးကို ချီကံတရားနှင့်အရင်ဦးဆုံးကုသပေးပါ့မယ်။ ဒါကအရှင်မင်းကြီးကို အပြည့်အဝသက်သာအောင်ကုသမပေးနိုင်ပေမယ့်လည်း အရှင်မင်းကြီးရဲ့အသက်ကို တခဏတာဆွဲဆန့်ထားပေးနိုင်မှာပါ။သည်အချိန်အတောအတွင်းမှာ ဒီဂိုဏ်းချုပ်ကခန္ဓာသန့်စင်ခြင်း မှော်ဆေးဝါးကို ရှာဖွေပြီးအရှင်မင်းကြီးကို အပြည့်အဝကုသပေးနိုင်အောင် ကြိုးစားပေးပါ့မယ်။

ဝမ်ဖုန်းသည် လေဧကရာဇ်ကိုစိုက်ကြည့်ကာ ခပ်ဖွဖွရယ်မောလျက်ပြောဆိုလိုက်သည်။

ဝမ်ဖုန်းသည် သူ၏ကိုယ်ပိုင်ကံတရားကိုအသုံးပြုပြီး လေဧကရာဇ်၏အသက်ကို တခဏတာဆွဲဆန့်ပေးနိုင်မည်ဆိုတော့အချက်ကို သိရှိထား၍ဖြစ်သည်။ ထိုသို့သာမဟုတ်ပါက ဝမ်ဖုန်းသည်လည်း လေဧကရာဇ်ကို ကုသပေးရမည့်တာဝန်အား လက်ခံရဲမည်မဟုတ်ပါ။

သူတွင် နတ်ဘုရားကဲ့သို့သိမြင်ခြင်းချီကျင့်စဥ်နှင့် စနစ်၏စစ်ဆေးရေးလုပ်ဆောင်ချက်ကိုပိုင်ဆိုင်ထားသော်လည်း မှော်ဆေးဝါးများဆိုသည်ကား အလွယ်တကူရှာတွေ့နိုင်သော အရာများမဟုတ်ပါပေ။ ထိုကြောင့် ဤကဲ့သို့သောသေရေးရှင်ရေးအချိန်တွင် မှော်ဆေးဝါးများကိုအလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပါမည်ဟု သူကိုယ်တိုင်လဲအာမခံ၍မရနိုင်ပါ။

ဝမ်ဖုန်း၏စကားများကို ကြားလိုက်ရသည့်အခါ ဧကရီဘုရင်မကြီးရော အင်ပါယာ၏အကြီးအကဲငါးယောက်ကပါ ထိတ်လန့်သွားကြပြီး သူတို့၏မျက်နှာများတွင် အပျော်များဖြင့်ပြည့်နှက်လာကြပေသည်။

အထူးသဖြင့် ဧကရီဘုရင်မကြီးပဲဖြစ်သည်။ ဤအချိန်အတောအတွင်းတွင် ဧကရာဇ်ဘုရင်ကြီးသည် သေမင်းနှင့်ခြေတလှမ်းသာ ကွာဝေးသောအနေအထားသို့ရောက်ရှိနေခဲ့သည်။ သူမသည် အများဆုံးဝမ်းနည်းကြေကွဲရသူဖြစ်ပါသည်။ ယခုလက်ရှိ ဝေဒနါခံစားနေရသောသူမှာ

သူမ၏ခင်ပွန်းသည်ပင်မဟုတ်ပါလော။

သို့သော် ယခုအချိန်မှာတော့ လေဧကရာဇ်ကို နောက်ဆုံးမှာကယ်တင်နိုင်တော့မှာဖြစ်သည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် စိတ်သက်သာရာ ရသွားသည်။ တင်းမာထားသမျှစိတ်ဓာတ်တွေကို လျှော့ချလိုက်တာကြောင့်

သူမ၏ခန္ဓာကိုယ်သည် ရုတ်ချည်းအားနည်းသွားသလိုဖြစ်သွားပြီး လဲပြိုလုမတက်ဖြစ်သွားသည်။

အရှင်မင်းကြီး သူမ၏ယောကျာ်း သူသည်လုံးဝသေဆုံးတော့မည်မဟုတ်ပါ။

လေဧကရာဇ်သည်လည်း တုန်လှုပ်သွားသည်။

ဤဆယ်ရက်တာ ကာလသည် သူ နှင့် သေမင်းအလွန်နီးကပ်တည်ရှိနေသောကာလများဟုပင် ပြောဆို၍ရပါသည်။သူသည်ယခင်က သေမင်းနှင့်ရင်ဆိုင်တွေ့ကြုံရသည့်အခါ တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်နိုင်ခြင်းရှိလိမ့်မည်ဟုတွေးထင်ခဲ့သည်။ သို့သော်လည်း အမှန်တကယ် သေမင်းအားရင်ဆိုင်ရသောမည်ဆိုပါက သူကိုယ်တိုင်ပင်ကြောက်ရွံ့နေမိသည်ဖြစ်ကြောင်းကို ဒီရက်ပိုင်းအတွင်းသိခဲ့ရသည်။

"ဂိုဏ်းချုပ်ဝမ် ကျေးဇူးပြုပြီး အရှင်မင်းကြီးကို ကယ်တင်ပေးပါ။"

"ဂိုဏ်းချုပ်ဝမ် ကျေးဇူးပြုပြီး အရှင်မင်းကြီးကို

ကယ်တင်ပေးပါ။"

ထို့နောက် လေဧကရီ နှင့် လေအင်ပါယာအကြီးအကဲငါးယောက်တို့သည် ဝမ်ဖုန်းအား လေးလေးစားစားဂါရဝပြုကာ တောင်းဆိုလိုက်ကြပါတော့သည်။

သူတို့အားလုံးသည် လေဧကရာဇ်မှာ ယခုအချိန်၌ သေမင်းနှင့် ခြေတလှမ်းစာအကွာအဝေးတွင် ရှိနေပြီဖြစ်ကြောင်းကို သိရှိထားကြသည်။အနည်းငယ်သာ ကြန့်ကြာသွားပါက လေဧကရာဇ်သည် ဝမ်ဖုန်းကုသမပေးခင်သေဆုံးသွားနိုင်ပါသည်။

ဝမ်ဖုန်းသည် ခေါင်းကို ဖြေးဖြေးသာသာညိမ့်လိုက်ပြီး လေဧကရာဇ်ရှိရာသို့ တဖြည်းဖြည်း လမ်းလျှောက်သွားလိုက်သည်။

ဝမ်ဖုန်းသည် လေဧကရာဇ်ရှိရာကို လမ်းလျှောက်လာသည့်အခါ ဧကရီဘုရင်မကြီး နှင့် တော်ဝင်အကြီးအကဲငါးယောက်တို့သည် အလျင်အမြန်ပင် လမ်းဖယ်ပေးလိုက်ကြသည်။ သူတို့သည် မုယွင်ဖေးကိုလဲ အတူတကွဆွဲခေါ်သွားခဲ့ကြပါသည်။

အင်ပါယာအကြီးအကဲငါးယောက်သည် သူတို့ကိုယ်တွင်းရှိစွမ်းအားများကို အရှုးအမှုးလှည့်ပတ်လျက် ဧကရီဘုရင်မကြီး နှင့် မုယွင်ဖေး တို့ကို ကာကွယ်ပေးထားကြပါသည်။

သူတို့သည် အသက်ကိုတောင် ပြင်းပြင်းမရှုဝံ့တော့ဘဲ

ဝမ်ဖုန်းကိုသာ လေးလေးနက်နက် စူးစိုက်ကြည့်လိုက်မိတော့သည်။

ဤသည်မှာ ကောင်းကင်ဘုံချို့ယွင်းချက်ကြီး ငါးခုက်ိုရင်ဆိုင်တွန်းလှန်နိုင်သည့် စွမ်းအားပင်ဖြစ်သည်။ ဤသည်မှာ မိုးကောင်းကင်ကို အံတုခြင်းဖြစ်ပါသည်။ ဤစွမ်းအားမှာ မြေကမ္ဘာတုန်လောက်သည်အထိ စွမ်းအားကြီးလှပါသည်။ သူတို့သာကြိုတင်ပြင်ဆင်မထားပါက သူတို့သည် ဤစွမ်းအား၏ရိုက်ခတ်ခြင်းကို အပြင်းအထန် ခံရပေလိမ့်မည်။

ယခုအချိန်တွင် အင်ပါယာ၏အကြီးအကဲငါးဦးသည်ပင်လျှင် မလုံမခြုံခံစားနေရသည်။ ထိုကြောင့်သူတို့သည် ရတနာပစ္စည်းများကို ထုတ်ယူလိုက်ပြီး နောက်ထပ်အကာအကွယ် အလွှာတစ်ခုကိုပါ ထပ်မံတည်ဆောက်လိုက်ကြပါသည်။

ထို့အပြင် အပြင်ဘက်တွင် စောင့်ကြပ်နေကြသော မုယီနှင့် မုအာတို့သည်လည်း ရွှမ်ယိ၏ အသံလှိုင်းဖြင့် သတင်းပို့ခြင်းကို လက်ခံရရှိလိုက်ကြသည်။ သူတို့သည် ချက်ချင်းပင် စွမ်းအားများကို အပြင်းအထန် လှည့်ပတ်လိုက်ပြီး ခန်းမကြီးတစ်ခုလုံးကို အကာအကွယ်ပေးလိုက်တော့သည်။

ကောင်းကင်ဘုံ၏ချို့ယွင်းချက် ငါးချက်နှင့်ရင်ဆိုင်ရတော့မည်ဖြစ်ရာ မည်သူတစ်ဦးတစ်ယောက်ကမှ ပေါ့ပေါ့တန်တန်သဘောမထားရဲပါပေ။ ဂိုဏ်းချုပ်ဝမ်သည် ကောင်းကင်ဘုံ၏ချို့ယွင်းချက်ကြီး ငါးချက်၏ စွမ်းအားများကို ရင်ဆိုင်အံတုတော့မည်ဖြစ်သည်။ ဤသည်မှာ ထူးခြားဆန်းပြားသော ဖြစ်ရပ်ကြီးတစ်ခုကို ဦးတည်နေပေသည်။

ဝမ်ဖုန်းသည် အဝေးတစ်နေရာမှာ ရှောင်ပုန်းကြည့်ရှုနေသော အကြီးအကဲငါးဦး၊ လေဧကရီတို့ကို လှည့်ကြည့်လိုက်သည်။ သူ၏မျက်နှာက ကြောင်အနေသောအမူအရာကိုဖော်ကြူးနေပေသည်။

မင်းတို့ဘာဖြစ်လို့ ဒီလောက်ဝေးဝေးကိုပုန်းသွားရတာလဲ။

ဝမ်ဖုန်းသည် အတော်လေးကို စိတ်ရှုပ်ထွေးသွားသည်။

ဝမ်ဖုန်းသည် ကောင်းကင်ဘုံ၏ချို့ယွင်းချက်ကြီး ငါးချက်ကို ပြန်လည်တွန်းလှန်ပြင်ဆင်ရာ၌ အာရုံစူးစိုက်မနေဘဲ သူတို့ဘက်ကိုလှည့်ကြည့်တာကို မြင်လိုက်ရသည့်အခါ လေဧကရီ နှင့် အင်ပါယာအကြီးအကဲငါးယောက်တို့၏ မျက်လုံးများသည် ပြူးကျယ်သွားသည်။ သူတို့သည် ဝမ်ဖုန်းကို လုပ်စရာရှိဆက်လုပ်ဖို့လက်ဟန်ခြေဟန်ဖြင့် ပြလိုက်ကြသည်။

ဝမ်ဖုန်းသည် ပိုလို့တောင်ကြောင်အသွားတော့သည်။ လေဧကရီက သူ့ကို စိတ်ဆိုးနေတာလား။ မင်းတို့လူအိုကြီးငါးယောက်ကလဲ ငါ့ကိုစိတ်ဆိုးနေကြတာလားဟ။ ဘာတွေများဖြစ်နေကြတာလဲ။

ဟမြ့

ဝမ်ဖုန်းသည် လေဧကရီ နှင့် အင်ပါယာအကြီးအကဲငါးယောက်တို့ကို တခဏတာစိုက်ကြည့်လိုက်ပြီး ထိုထိတ်လန့်နေသောလူတစ်စုကို လုံးဝလျစ်လျူရှု့လိုက်တော့သည်။ ထို့နောက်သူသည် လေဧကရာဇ် ရှိရာသို့

လှည့်လိုက်ပြီး တီးတိုးပြောဆိုလိုက်သည်။

"စနစ်ရေ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ချီကံတရားကို အသုံးပြုပြီး လေဧကရာဇ်ကို ကယ်တင်မယ်။"

"ဒင်၊နတ်ဘုရားများ၏ကောင်ချီးအား အသုံးပြု၍ ပိုင်ရှင်၏လက်အား ကောင်းချီးပေးလိုက်ပါပြီ။ ယခုအချိန်မှာပိုင်ရှင်သည် နတ်ဘုရားများ၏ စွမ်းရည်ကို ငှားရမ်းအသုံးပြုလျက် ရှန်ရှန့်ကျုံဂိုဏ်း၏ ကံတရားစွမ်းရည်များကို အသုံးပြု၍ လေဧကရာဇ်အား ကယ်တင်နိုင်ပါပြီ။"

အေးစက်စက်အသံက ဝမ်ဖုန်း၏နားတွင် ပဲ့တင်ထပ်လာသည်နှင့်အတူ ထူးခြားဆန်းပြားသော စွမ်းရည်တစ်ခုသည် ဝမ်ဖုန်း၏ ညာဘက်လက်အတွင်း၌ ဖြစ်ပေါ်လာသည်။

ဤစွမ်းအင်သည် အလွန်တရာထူးခြားပြီး အကောင်အထည်ပြနိုင်သော ပုံရိပ်လည်းရှိမနေပေ။ ယင်းသည် ပျောက်လိုက်ပေါ်လိုက် တခဏအတွင်းရုတ်ချည်းပြောင်းလဲနေပြီး အလွန်အမင်းကိုဆန်းပြားလှသည်။

ဝမ်ဖုန်းသည် သူ၏ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး ကြည့်ရှုလိုက်သည်။ သူဘာက်ိုမှ မခံစားရပါ။ သူသည် ထူးခြားဆန်းပြားသော စွမ်းအားတစ်ခုက သူ၏ညာဘက်လက်အတွင်း လှည့်ပတ်နေသည်ဟု ခံစားရသော်လည်း

သေသေချာချာစိုက်ကြည့်လိုက်သည့်အခါ မည်သည့်အရာကိုမှ ထပ်မံခံစားရခြင်း မရှိတော့ပေ။

ကံတရား၏စွမ်းအားများသည် လက်ရှိဝမ်ဖုန်း နားလည်နိုင်စွမ်းထက်ကို ကျော်လွန်နေပါသည်။

တုံ့ဆိုင်းမနေတော့ဘဲ ဝမ်ဖုန်းသည် သူ၏ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး လေဧကရာဇ်၏ ခန္ဓာကိုယ်အား

ထိကိုင်လိုက်သည်။ ကံတရား၏ စွမ်းအားများသည် ချက်ချင်းဆိုရင်ပဲ လေဧကရာဇ်၏ ခန္ဓာကိုယ်အတွင်း စီးဆင်းဝင်ရောက်သွားလေသည်။

ဤကံတရားစွမ်းရည်များက လေဧကရာဇ်၏ ခန္ဓာကိုယ်အတွင်းဝင်ရောက်သွားသည့်အခါ လေဧကရာဇ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည်ပြင်းပြင်းထန်ထန် တုန်ခါလာပြီး ရှင်သန်ခြင်း အရိပ်အယောင်အချို့သည် ဧကရာဇ်၏ ခန္ဓာကိုယ်အတွင်း၌ ပြန်လည်မွေးဖွားလာတော့သည်။

ဝမ်ဖုန်းသည် သိလိုက်ပါပြီ။ ကောင်းကင်ဘုံချို့ယွင်းခြင်း ငါးချက်၏ စွမ်းရည်များသည် ကံတရားစွမ်းရည်၏ဖျက်စီးခြင်းကို တဖြည်းဖြည်း ခံနေရလေသည်။

သူသည် လေဧကရာဇ်ကိုစိုက်ကြည့်လိုက်ပြီး ထို့နောက်မှတဖန် လေဧကရီနှင့်အခြားသူများကိုကြည့်ကာ ပျော့ပြောင်းသောလေသံဖြင့် ပြောဆိုလိုက်သည်။

''ကံကောင်းတာပဲ ဒီဂိုဏ်းချုပ်ကအရှက်မကွဲတော့ဘူး။ ကျုပ် လေဧကရာဇ်ကို ကုသပြီးပါပြီ။''

''အမ်''

''ဟုတ်လား....?''

ဝမ်ဖုန်း၏စကားကိုကြားသည့်အခါ လေဧကရီနှင့်အခြားသူများသည် တခဏကြာအောင် တုံ့ဆိုင်းသွားပြီးမှ ကြောင်အနေသောအမူအရာများဖြင့် တီးတိုးရေရွတ်လိုက်မိသည်။

သူတို့သည် ဝမ်ဖုန်းက လေဧကရာဇ်၏ ခန္ဓာကိုယ်အား တခဏတာထိကိုင်လိုက်သည်ကိုသာ တွေ့မြင်လိုက်ရသည်။ဟုတ်တယ်မလား။ ကောင်းကင်နှင့်မြေကြီးကိုတောင် တုန်ခါစေလောက်တယ်ဆိုတဲ့ အံဖွယ်ဖြစ်ရပ်ကြီးကရော ဘယ်မလဲ။

သူတို့ထင်ထားခဲ့ကြသည်က ဂိုဏ်းချုပ်ဝမ်သည် အလွန်တရာအမျက်ထွက်သွားပြီး ကောင်းကင်နှင့်မြေကြီးကို ရင်ဆိုင်အံတုမည်ဟု ဖြစ်သည်။

ရလဒ်ကတော့ ဘာဆိုဘာမှ ထူးထူးခြားခြားဖြစ်မသွားဘူးတဲ့လား။

လေဧကရီနှင့် အကြီးအကဲငါးဦးတို့သည် အရှက်ရနေသောအမူအရာများဖြင့် ရှိုးတို့ရှန့်တန်းဖြစ်လာကြသည်။

ထို့နောက်သူတို့သည် သံသယဝင်မိသွားကြသည်။ ဆန်းကြယ်အဓိပတိအထွတ်အထိပ်၌ရှိသော အရှင်မင်းကြီးသည်ပင်လျှင် ချီချို့ယွင်းခြင်းဟုဆိုသော

ကောင်းကင်ဘုံချို့ယွင်းခြင်း ငါးချက်အနက်မှ ချီချို့ယွင်းခြင်းအဆင့်ကို အံမတုနိုင်ခဲ့ပေ။ သို့သော်လည်း ဂိုဏ်းချုပ်ဝမ်ကတော့ လက်တချက်အဝှေ့နဲ့တင် ကုသနိုင်တယ်တဲ့လား။ ဒါက တကယ်ကိုအိမ်မက်ဆန်လွန်းပေသည်။

ဤအကြောင်းကိုတွေးမိသည့်အခါ လေဧကရီနှင့် အင်ပါယာအကြီးအကဲငါးယောက်တို့သည် လေဧကရာဇ်ရှိရာထံသို့ အလျင်အမြန်လမ်းလျှောက်သွားပြီး သေသေချာချာစစ်ဆေးလိုက်ကြသည်။ သူတို့သည် ဧကရာဇ်၏ ခန္ဓာကိုယ်အတွင်း၌ရှိသော ရှင်သန်ခြင်းစွမ်းအင်များ ပြန်လည်မွေးဖွားလာသည်ကို ခံစားသိရှိလိုက်ရသည်။ သူတို့အားလုံးစိတ်လှုပ်ရှားသွားကြသည်။

ဘာတွေဖြစ်နေတယ်ဆိုတာကို သူတို့မသိပေမယ့် နောက်ဆုံးမှာတော့သူတို့၏အရှင်မင်းကြီးကို ကယ်တင်နိုင်ခဲ့ပေပြီ။

လေဧကရီနှင့် အခြားသောသူများ အံ့အားသင့်နေကြချိန်တွင် လေဧကရာဇ်သည် အိပ်ရာပေါ်မှ တဖြည်းဖြည်းချင်းထလာခဲ့သည်။ သူ၏မျက်ဝန်းများကစူးရှတောက်ပနေပေသည်။ သူ့မှာလုံးဝအားနည်းနေပုံမပေါ်တော့ဘဲ ယခင်တုန်းကလို သေလုမျောပါးအခြေအနေနှင့် လားလားမျှမသက်ဆိုင်တော့ပေ။ သူ၏အိုမင်းရင့်ရော်နေသောမျက်နှာသည်လည်း အတော်အတန်ပြန်လည်နုပျိုလာပေသည်။

သူသည်ယခင်ကလို ခန့်ညားကြော့ရှင်းသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်၏ အသွင်အပြင်အဖြစ်သို့ အပြည့်အဝ ပြောင်းလဲ၍ ကုသပြီးမသွားသည့်တိုင်အောင်

ယခုအချိန်မှာ သူ၏မျက်နှာက ယခင်ကလောက်တော့ အိုမင်းရင့်ရော်မနေတော့ပေ။

" ဂိုဏ်းချုပ်ဝမ်ကို ကျေးဇူးအများကြီးတင်ပါတယ်။ ဂိုဏ်းချုပ်ရဲ့ ကြင်နာမှုကို ကျုပ်ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။"

လေဧကရာဇ်သည် ကုတင်ပေါ်မှထလိုက်ပြီး ဝမ်ဖုန်း၏အရှေ့တွင်မတ်တပ်ရပ်ကာ ဝမ်ဖုန်းအား ဦးညွှတ်ဂါရဝပြုလျက် အားအင်အပြည့်ဖြင့်ပြောဆိုလိုက်ပါတော့သည်။

အသက်အားကယ်တင်ပေးခြင်း၊ ဤသည်မှာ ပြန်လည်ပေးဆပ်၍မရနိုင်သော ကျေးဇူးတရားပင်ဖြစ်ပါတော့သည်။

All Chapters