← Chapters

ကိုယ်တော် ကျမကို မှတ်မိလား

Vol. 41 Ch. 602

ကိုယ်တော် ကျမကို မှတ်မိလား

Vol. 41 Ch. 602

မဟာချွမ်အပျက်အစီးတွင် ထူးခြားသော လူသုံးယောက်က ပေါ်လာ၏။

ခေါင်းဆောင်မှာ လက်ထဲတွင် ဆုတောင်းပုတီးကုံးကို ကိုင်စွဲထားသည့် သက်လတ်ပိုင်းရွယ်ဘုန်းကြီးတစ်ပါး ဖြစ်၏။ သူ့အမူအယာက တည်ငြိမ်နေပြီး ကျင့်ကြံမှုအဆင့်ကို မမြင်ရကာ သာမန်မော်တယ်တစ်ယောက်နှင့် မခြားပေ။

သူ့နောက်မှာတော့ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် လိုက်ပါလာပြီး နှစ်ဦးစလုံးက ဒဏ်ရာအပြင်းအထန် ရထားကြ၏။

ဤလူသုံးယောက်က မဟာချွမ်အပျက်အစီးမှာ တိုက်ခိုက်မှုနှင့် ကြုံတွေ့ရဖို့ များ၏။

ဤနေရာတွင် လူများသည် ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအတွက် တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ကြသည်မှာ ဖြစ်ပျက်နေကျပင်။

သို့သော်လည်း လမ်းတစ်လျှောက်တွင် သူတို့ကို မြင်သော ကျင့်ကြံသူများစွာသည် ရန်မစရဲဘဲ ခပ်လှမ်းလှမ်းကနေ ရှောင်ကွင်းသွားကြ၏။

ဘာကြောင့်ဆိုသော် နန်းတော်ဝန်းထဲတွင် အစက တမလွန်စစ်သားများ မရေမတွက်နိုင်အောင် ရှိကြ၏။ သို့သော်လည်း သူတို့သုံးယောက် ဖြတ်သန်းသွားရာတစ်လျှောက်တွင် တမလွန်စစ်သားများအားလုံးက ကြောက်လန့်တကြား ဖေးဖယ်ပေးကြရ၏။

သူတို့သုံးယောက်သည် လမ်းတစ်လျှောက်တွင် တမလွန်စစ်သားများ၏ နှောင့်ယှက်ဟန့်တားမှု တစ်စုံတစ်ရာ မရှိဘဲ ဖြတ်သန်းလာနိုင်ခဲ့ကြ၏။

ပကတိအရှင်မင်းကျီသည် တိတ်တဆိတ် အထင်ကြီးမိသွား၏။

တမလွန်စစ်သားများ စိုးရိမ်ထိတ်လန့်နေသည်က သူ မဟုတ်တာ သေချာလေသည်။

သူလာတုန်းကဆို သူက နိုးထဝိညာဉ်တစ်ယောက် ဖြစ်နေတာတောင် တမလွန်စစ်သားများက အကြောက်အလန့် ကင်းမဲ့စွာနှင့် တိုးဝင်လာခဲ့ကြ၏။

ယခု သက်လတ်ပိုင်းရွယ်ဘုန်းကြီး ပါလာသောအခါ တမလွန်စစ်သားများက တစ်ကောင်မှ အနားမကပ်ရဲကြတော့ပေ။

မည်သူ့မှ မသိနိုင်သည့် လျှို့ဝှက်ချက်များဖြင့် မမြင်နိုင်သည့် မြူခိုးတစ်လွှာက သက်လတ်ပိုင်းရွယ်ဘုန်းကြီးကို လွှမ်းခြုံထားပုံရ၏။

အထူးဆန်းဆုံးအချက်မှာ ဤဘုန်းကြီး၏ သွင်ပြင်လက္ခဏာပင်။

သူ့ခန္ဓာကိုယ်မှ မည်သည့်စိတ်ဝိညာဉ်စွမ်းအင် အတက်အကျမှ မရှိသည့်အတွက် သူ့ကို ကျင့်ကြံသူတစ်ယောက်အဖြစ် မမှတ်ယူနိုင်ပေ။

သို့သော် သူက နိုးထဝိညာဉ်အဆင့်များကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသောကြောင့် သူ့ကို မော်တယ်တစ်ယောက်ဟုလည်း သတ်မှတ်လို့ မရနိုင်ပေ။

ဤပုဂ္ဂိုလ်က အသံလျှို့ဝှက်ပညာရပ်ကိုလည်း ကောင်းကောင်းတတ်ကျွမ်းထား၏။

အသံလျှို့ဝှက်ပညာရပ်တစ်ခုခုကို အမွေဆက်ခံနိုင်သည့် မည်သူမဆို ထိပ်သီးဂိုဏ်း သို့မဟုတ် ထိပ်တန်းအဖွဲ့အစည်းတစ်ခုခုမှ ဖြစ်ရပေမည်။

သို့သော်လည်း ဗုဒ္ဓကျောင်းတောင် ခြောက်ကျောင်းစလုံးက မြောက်ပိုင်းဒေသမှာ မတည်ရှိပေ။

ဒါဆို.. ဤလူက ဘယ်နေရာကနေ ရောက်လာတာလဲ..

လမ်းတစ်လျှောက် ပကတိအရှင်မင်းကျီ၏ ခေါင်းထဲတွင် သူနားမလည်နိုင်သော မေးခွန်းများဖြင့်သာ ပြည့်နှက်နေခဲ့၏။

ကျိယောင်ရွယ်က နောက်ကနေ ကပ်ပါလာပြီး သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ နောက်ကျောကို ဝေခွဲမရ ရှုပ်ထွေးစွာဖြင့် ကြည့်နေ၏။ သူမသည် စကားပြောချင်သော အချိန်များစွာ ပေါ်လာခဲ့သော်လည်း နောက်ဆုံး မပြောဖို့သာ ဆုံးဖြတ်ခဲ့၏။

ထိုသို့နှင့်ပင် သူတို့သုံးယောက်သည် နန်းတော်ကို ဖြတ်ကျော်၍ အပျက်အစီးနယ်မြေအစပ်သို့ မသိလိုက်မသိဘာသာနှင့်ပင် ရောက်ရှိလာကြ၏။

ရုတ်တရက် ဆူဇီမိုက ရပ်တန့်၍ လှည့်ကြည့်ပြီးနောက် ခေါင်းငုံ့ကာ ပြောလိုက်၏။

“ဒကာနဲ့ ဒကာမတို့.. ဒီနေရာကနေ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားကြပါ.. ကျုပ် ဒီနေရာကနေ နှုတ်ဆက်ပါရစေ”

ကျိယောင်ရွှယ်က သူမ၏ နှုတ်ခမ်းနီနီကို ညင်သာစွာ ကိုက်လိုက်၏။

“ကျုပ်တို့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်.. မြင့်မြတ်တဲ့ကိုယ်တော်.. ဒီနေ့ရဲ့ ကျေးဇူးတရားကို ကျုပ် အမြဲတမ်း အမှတ်ရနေမှာပါ” ပကတိအရှင်မင်းကျီက လက်သီးဆုပ်လေးစားဟန်ပြကာ နှုတ်ဆက်လိုက်၏။

ဆူဇီမိုက ခေါင်းညိတ်၍ လက်တစ်ဖက်မြှောက်ကာ ပြန်လှန်လေးစားမှုပြပြီး လှည့်ထွက်လိုက်၏။

ဘာပဲဖြစ်ဖြစ်.. သူသည် ကျိယောင်ရွှယ်နှင့် မျက်လုံးချင်း ဆုံမကြည့်ရဲပေ။

အတန်ကြာ တုံ့ဆိုင်းနေပြီးမှ နောက်ဆုံး ကျိယောင်ရွှယ်က စကားပြောလိုက်၏။

“ကိုယ်တော်.. တ-တစ်ခုခုပြောချင်တာ မရှိတော့ဘူးလား”

“ဒီနေရာက အရမ်းအန္တရာယ်များတယ်.. အခုကစပြီး ဒီနေရာကို နောက်ဘယ်တော့မှ ပြန်မလာပါနဲ့တော့ ဒကာမ”

ဆူဇီမိုသည် ကျိယောင်ရွှယ်ကို ကျောပေး၍ ပြန်လှည့်မကြည့်ဘဲ တည်ငြိမ်စွာ ဆက်လျှောက်သွား၏။

“ကျမ ကိုယ်တော့်ကို နောက်တစ်ခါ ဘယ်အချိန်မှာ ပြန်တွေ့နိုင်မလဲ”

ကျိယောင်ရွှယ်က ထပ်မေးလိုက်၏။

ဆူဇီမိုက သူ့ခြေလှမ်းကို ရပ်တန့်၍ ခဏကြာ စဉ်စားပြီးမှ ပြန်ဖြေပေးလိုက်၏။

“ရေစက်ရှိသေးရင်တော့ ကျုပ်တို့ နောက်တစ်ခေါက် ပြန်တွေ့ရဦးမှာပေါ့”

ပကတိအရှင်မင်းကျီသည် မျက်မှောင်ကြုတ်၍ သက်လတ်ပိုင်းရွယ်ကိုယ်တော်၏ နောက်ကျောကိုတစ်လှည့်၊ ကျိယောင်ရွှယ်ကို တစ်လှည့်.. ဇဝေဇဝါနှင့် ကြည့်လိုက်၏။

ကျိယောင်ရွှယ်သည် သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ ပုံရိပ် လုံးဝ ပျောက်ကွယ်သွားမှသာ သက်ပြင်းရှည်ကြီး ချလိုက်၏။

“ဦးလေးမင်း.. သွားကြရအောင်”

ပကတိအရှင်မင်းကျီက မနေနိုင်တော့ဘဲ မေးလိုက်၏။

“ဧကရီအရှင်မက သူ့နဲ့ သိတာလား”

“မင်းရှင်လား” ကျိယောင်ရွှယ်က ပြုံးရင်း ခေါင်းခါလိုက်၏။

“ကျမ မသိပါဘူး”

ပကတိအရှင်မင်းကျီသည် ပိုလို့တောင် နားရှုပ်သွား၏။

ဤနေရာက မဟာကျိုးအင်ပါယာ၏ ပိုင်နက် မဟုတ်ဘဲ သူတို့နှစ်ယောက်သည် ဒဏ်ရာ ရထားသောကြောင့် ကြန့်ကြာမနေရဲဘဲ သူတို့၏ ဓါးပျံများကို ထုတ်စီးကာ ပျံသန်းထွက်ခွာလိုက်ကြ၏။

. . .

ဆူဇီမိုသည် ပြန်လာရင်း ခံစားချက်က ရှုပ်ထွေးနေ၏။

နောက်ဆုံးအချိန်ထိ.. သူသည် ကျိယောင်ရွှယ်နှင့် ပတ်သတ်ဆက်နွယ်မှုကို ထုတ်မပြမိဖို့ ရွေးချယ်ခဲ့၏။

သူ ဘယ်က စပြောသင့်သလဲ မသိခဲ့ပေ။

ကျိယောင်ရွှယ်နှင့် ဘယ်လိုရင်ဆိုင်ရမလဲ သူ မသိခဲ့ပေ။

သူမက သူ့အတွက် အလွန်အရေးပါသည်ဆိုတာကို သူ မငြင်းနိုင်ပေ။ သို့သော်လည်း သူသည် မြောက်ပိုင်းဒေသကနေ ထွက်ခွာရတော့မည်ဖြစ်ပြီး နောက်ဆုံးတစ်နေ့မှာ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကနေတောင် ထွက်ခွာမည်ဖြစ်၏။

ကျိယောင်ရွှယ်ကတော့ မဟာကျိုး၏ ဧကရီအရှင်မတစ်ပါးဖြစ်ပြီး အင်ပါယာ၏ စည်ပင်ဝပြောမှု တာဝန်များနှင့် တိုင်းသူပြည်သားများ၏ မျှော်လင့်ချက်များကို ထမ်းပိုးထားရ၏။

သူတို့နှစ်ယောက်က မတူညီသည့်လမ်းများကို လျှောက်လှမ်းနေကြခြင်းပင်။

ထိုစဉ်မှာပင် ဆူဇီမိုသည် သူ့ခြေလှမ်းကို ရပ်တန့်ပြီး မျက်မှောင်ကြုတ်လိုက်၏။

သူသည် တစ်ချိန်လုံး အတွေးရေယာဉ်ကြောမှာ မြောပါနေခဲ့သည့်အတွက် သူ့နောက်သို့ လူတစ်ယောက် လိုက်လာနေသည်ကို သတိမထားမိခဲ့ပေ။

တစ်ကယ်တော့ ထိုသူက သူ့အပေါ် မည်သည့် မကောင်းကြံစိတ်မှ မရှိသောကြောင့်လည်း ဖြစ်တန်ရာ၏။

မဟုတ်ပါက သူက သတိကပ်မနေဘူးဆိုလျှင်တောင် သူ့အာရုံခံသတိစိတ်က သူ့ကို သတိပေးပေလိမ့်မည်။

“ဘယ်သူလဲ.. ထွက်ခဲ့ပါ”

ဆူဇီမိုက တစ်နေရာသို့ လှမ်းကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

“မြင့်မြတ်တဲ့ကိုယ်တော်.. ကျမကို မှတ်မိသေးရဲ့လား..လို့”

ကလူတူတူနှင့် ထေ့ငေါ့ဟန်ပါသော နူးညံ့ညင်သာသည့် အသံတစ်သံက ထွက်ပေါ်လာ၏။

ဆူဇီမို ရင်ထိတ်သွား၏။

ချက်ချင်းပင် သူသည် တာမင်းမန္တန်မှ ဂါထာစာလုံးများကို စိတ်ထဲကနေ ရွတ်ဖတ်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်၏။

အဲ့ဒါက နတ်ဆိုးမကျိပင်။

ငါးနှစ်ကြာပြီးနောက် သူမ၏ ညှိုငင်ဓါတ်စွမ်းအားက များစွာပို၍ ကြောက်စရာကောင်းလာပုံရ၏။

သူသည် ပြီးခဲ့သည့်ငါးနှစ်အတွင်း ဗုဒ္ဓစာပေများကို လေ့လာပြီး သုတ္တန်များစွာကို ရွတ်ဖတ်နေခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် စောစောက စကားတစ်ခွန်းနဲ့တင် သူ့သရုပ်က ပေါ်သွားလောက်၏။

နတ်ဆိုးမကျိသည်လည်း လူသားဧကရာဇ်နန်းတော်မှ အကျိုးအမြတ်များစွာ ရရှိခဲ့ပုံပင်။

ဆူဇီမိုသည် မလှမ်းမကမ်းရှိ နတ်ဆိုးမကျိကို လှည့်ကြည့်လိုက်၏။

ငါးနှစ်ကြာပြီးနောက် နတ်ဆိုးမကျိက ပို၍ ပိန်ပါးသွားပုံရ၏။ သို့သော်လည်း တစ်ကမ္ဘာလုံးကိုပင် ညှို့ယူဖမ်းစားနိုင်သော သူမ၏ ကိုယ်လုံးနှင့် ပြိုင်ဘက်ကင်း ချောမောလှပသည့် မျက်နှာလေးကတော့ ထင်ပေါ်နေဆဲဖြစ်၏။

သူမ၏ လှပသော မျက်ခုံးနှစ်ဖက်က သနားချင့်စဖွယ်ပုံစံနှင့် အနည်းငယ် ကွေးညွှတ်နေ၏။

သူမ၏ မျက်လုံးများက ရေပြင်ကဲ့သို့ တလက်လက် တောက်နေ၏။

မကျေမနပ်ဖြင့် ညည်းညူလိုက်သလို သူမ၏ ချယ်ရီနှုတ်ခမ်းဖူးဖူးလေးကို ဖြားယောင်းသွေးဆောင်နေသလို ကိုက်လိုက်၏။

ဆူဇီမိုသည် သူမကို တစ်ချက်လှမ်းကြည့်ပြီးနောက် ချက်ချင်းမျက်နှာလွှဲကာ ခေါင်းခါပြလိုက်၏။

“ကျုပ် မသိဘူး”

“မြင့်မြတ်တဲ့ကိုယ်တော်.. ရှင်က ကျမကို မမှတ်မိလဲ.. ကျမကတော့ ရှင့်ကို မှတ်မိတယ်”

ကျိယောင်ယန်သည် ဆူဇီမိုထံသို့ ပေါ့ပါးဖျတ်လတ်သည့် ခြေလှမ်းများဖြင့် လျှောက်လှမ်းလာပြီး မွှေးပျံ့သည့်ရနံ့က ထုံသင်းလာလေသည်။ သူမက သူ့ရင်ခွင်ထဲသို့ ပစ်ဝင်တော့မည်ကဲ့သို့ပင်။

ဆူဇီမိုသည် အခက်တွေ့ရလေပြီ။

သူ့ရှေ့မှ ဤနတ်ဆိုးမက သူ့ဘဝတွင် တွေ့ဖူးသမျှထဲ ကြောက်စရာအကောင်းဆုံးလူ ဖြစ်၏။

ဆူဇီမိုသည် ဖျတ်ကနဲဆို ဘေးဘက်သို့ ရှောင်လိုက်၏။

“ဒကာမ.. ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားသမှု ထားပါဦး” ဆူဇီမိုက သူ့လက်ဝါးနှစ်ဖက်ကို ထပ်၍ လေးနက်စွာ ပြောလိုက်၏။

“အဲ့လိုလား”

နတ်ဆိုးမကျိက နှာတစ်ချက်ရှုံ့၍ ရှက်ကိုးရှက်ကန်းနှင့် မကျေမနပ် ပြောလိုက်၏။

“မြင့်မြတ်တဲ့ကိုယ်တော်.. အခုတော့ ရှင်က ကျမကိုယ် လေးစားသမှုထားဖို့ ပြောပြီပေါ့.. အဲ့ဒီ ကျောက်သားခေါင်းတလားထဲမှာတုန်းကကျတော့ ရှင် ကျမအပေါ် အသားယူခဲ့တယ် မဟုတ်ဘူးလား”

ဆူဇီမို၏ နှုတ်ခမ်းက တုန်ယင်သွား၏။

ထိုစကားကို ထုတ်ပြောလာခြင်းအားဖြင့် နတ်ဆိုးမကျိက သူ့ကို မှတ်မိသွားသည်မှာ သေချာလေပြီ။

နတ်ဆိုးမကျိက အရှိန်ရသွားဟန်ဖြင့် အဆက်မပြတ် ထိုးနှက်လိုက်၏။

“ကိုယ်တော်.. ရှင်က ခေါင်းလေးတုံး ပုတီးလေးတစ်ကုံး ကိုင်လိုက်ရုံနဲ့ အဲ့ဒါအတွက် တာဝန်ယူပေးစရာ မလိုတော့ဘူးလို့ ထင်နေတာလား”

အစတုန်းကတော့ ဆူဇီမိုသည် ဝန်ခံရင်ကောင်းမလား၊ မကောင်းမလား.. စဉ်းစားချင့်တွက်နေဆဲဖြစ်၏။

ဘာပဲပြောပြော သူက ဘူးခံငြင်းနေမည်ဆိုလည်း သူမက ဘာမှ တတ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူတို့နှစ်ယောက်ကြားမှာ တစ်ခုခု မှားယွင်းခဲ့သည့်အလား နတ်ဆိုးမကျိ၏ စကားလုံးများက ပိုပို၍ ရုန့်ရင်းကြမ်းတမ်းလာ၏။ ဆူဇီမိုသည် ဆက်လက်၍ နားမထောင်ဝံ့တော့ဘဲ ညင်သာစွာ ချောင်းဟန့်လိုက်၏။

“နတ်ဆိုးမကျိ.. နင် ဘာဖြစ်ချင်နေတာလဲ”

“ဟွန့်”

သူမက မျက်နှာကိုချီ၍ နှုတ်ခမ်းစူကာ မေးလိုက်၏။

“ကိုယ်တော်.. ရှင်ပဲပြောတော့ ကျမကို မသိဘူးဆို”

ခဏမျှ အသံတိတ်နေပြီးနောက် ဆူဇီမိုက ပြောလိုက်၏။

“လွန်ခဲ့တဲ့ ငါးနှစ်က ယန်တိုင်းသူပြည်သားတွေကို ကယ်တင်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်”

ထိုစကားကို ကြားသောအခါ နတ်ဆိုးမကျိ၏ မျက်ဝန်းနှစ်ဖက်က စိုစွတ်ဝေဝါးလာပြီး ပြောလိုက်၏။

“ဆူဇီမို.. နင်တော်တော် ရက်စက်တာပဲဟာ.. နင် ကောင်းကောင်း အသက်ရှင်နေခဲ့တာတောင် ဘာလို့ ထွက်မပြခဲ့တာလဲ”

“ငါ့ရဲ့ ရွှေအမြုတေက ပျက်စီးသွားပြီ.. မြောက်ပိုင်းဒေသတစ်ခုလုံးကိုလဲ ရန်စခဲ့မိတယ်.. လူတိုင်းကလဲ ငါ့ကို သားရဲတစ်ကောင်လို့ သတ်မှတ်လိုက်ကြပြီ.. ငါ ထွက်လာရင် ငါနဲ့ ပတ်သတ်ဆက်နွယ်တဲ့လူတွေအတွက် ကောင်းတာ ဘာတစ်ခုမှ ရှိမလာနိုင်ဘူး”

ဆူဇီမိုက ခေါင်းခါပြီး ဆက်ပြော၏။

“နောက်ပြီး ငါက အမဲလိုက်ခံရတော့မှာ.. မြောက်ပိုင်းဒေသက ကျယ်ဝန်းတယ်ဆိုရင်တောင် ငါ့ကို လက်ခံပေးနိုင်တဲ့နေရာ မရှိဘူး”

All Chapters