← Chapters

စက္ခုနည်းစနစ်၏ စွမ်းပကား

Vol. 41 Ch. 610

စက္ခုနည်းစနစ်၏ စွမ်းပကား

Vol. 41 Ch. 610

“ဟမ့်.. သူက မသေသေးဘူးလား”

ထောင်ဝူ၏ ခေါင်းက မြေကြီးထဲ နစ်ဝင်နေသော်လည်း သူ့ခန္ဓာကိုယ်မှ အသက်ဓါတ်ကို ခံစားမိပြီး ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

ဤကြမ်းကြုတ်တောကောင်က တစ်ကယ်ကို ကြောက်စရာကောင်းလှပေသည်။

သူက အလွန်တရာ ခွန်အားကြီးရုံမက.. သူ့ခန္ဓာကိုယ်ကလည်း အရမ်းကို မာကြော၏။ သူ့မျက်နှာက စုတ်ပြတ်သတ်သွားတာတောင် သူက မသေသေးပေ။

ဆူဇီမိုသည် ဘာမှ မပြောတော့ဘဲ သူ့လက်ချောင်းများဆီသို့ ခွန်အားကို ပို့လွှတ်ကာ ထောင်ဝူ၏ ဦးခေါင်းကို ခြေမွှဖို့ လု်လိုက်၏။

ရုတ်တရက်..

ဆူဇီမို၏ စိတ်အာရုံထဲမှာ အန္တရယ်သတိပေးချက်က မြည်လာ၏။

အလွန်တရာ အန္တရာယ်များသည့် အော်ရာတစ်ခုကို သူခံစားမိလေသည်။

ဆူဇီမိုသည် အလိုလို လှည့်ကြည့်လိုက်၏။

မလှမ်းမကမ်းတွင် ခရမ်းရောင်ဝတ်ကျင့်ကြံသူက သူ့ခေါင်းကို မော့၍ သူ့ကို မမှိန်မသုန် စိုက်ကြည့်နေ၏။ ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ အမူအယာက အေးစက်နေပြီး သူ့အကြည့်က ရေခဲတမျှပင်။

ခရမ်းရောင်ဝတ်ကျင့်ကြံသူက လုံးဝ မလှုပ်ရှားသေးပေ။

သူ့လက်တစ်ဖက်က နောက်မှာပစ်ထားပြီး လက်တစ်ဖက်က ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်ကို ကိုင်ထားကာ သူက တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိသလိုပင်။

သို့သော်လည်း ဆူဇီမိုသည် ကျောရိုးတစ်လျှောက် စိမ့်တက်သွား၏။

ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ သူငယ်အိမ်နှစ်ဖက်က ကျုံ့ဝင်ကာ တင်းကျပ်သွား၏။

လူတစ်ယောက်၏ သူငယ်အိမ်များ တင်းကျပ်သွားခြင်းသည် သဘာဝအလျောက် တုံ့ပြန်မှုတစ်ခုပင်။

မည်သည့်မျိုးနွယ်မဆို.. ဒေါသူပုန်ထတာ၊ ကြောက်လန့်တာ၊ ရန်လိုတာ စသည်ဖြင့် စိတ်ခံစားချက် မြင့်တက်လာသည့်အခါ သူတို့၏ သူငယ်အိမ်က ကျုံ့ဝင်ကာ တင်းကျပ်သွားတတ်လေသည်။

သို့သော် သာမန် တင်းကျပ်ခြင်းမှာဆို လုံးဝန်းသော သူငယ်အိမ်က အနည်းငယ် မစိုစလောက်လေးသာ ကျုံ့ဝင်ပေလိမ့်မည်။

ယခုက ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ သူငယ်အိမ်များကို လပြည့်ဝန်းများက ဝါးမျိုသွားသလိုပင်။ ဖြစ်စဉ်တစ်ခုလုံးက လကြတ်ခြင်းနှင့် ဆင်တူလေသည်။

နောက်ဆုံးမှာတော့ ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ မျက်လုံးများထဲမှာ လခြမ်းကွေးနှစ်ခုက မကောင်းဆိုးဝါးဆန်ဆန် ရောင်ပြန်ဟပ်လာ၏။

ထိုသူငယ်အိမ်များကို မြင်သောအခါ မင်းကျန်၏ အမူအယာက ရုတ်ချည်း ပြောင်းလဲသွား၏။

ဆူမို၏ စိတ်အာရုံထဲတွင် စကားလုံးနှစ်လုံးက ပေါ်လာလေသည်။ လကြတ် မျက်လုံး။

လကြတ်မျက်လုံးက ကျင့်ကြံရေးလောကတွင် အရက်စက်ဆုံး၊ အကျော်ကြားဆုံး စက္ခုနည်းစနစ်တစ်ခု ဖြစ်၏။ အဲ့ဒါက ကမ္ဘာဦးခေတ်ကတည်းက နာမည်တစ်လုံးနှင့် ဆင်းသက်လာခဲ့လေသည်။

ဤစက္ခုနည်းစနစ်က အလွန်တရာ သန်မာလှသလို ၎င်းကို ကျင့်ကြံရခြင်းကလည်း အလွန်တရာ အန္တရာယ်များလေသည်။

သမိုင်းတစ်လျှောက်မှာ အဲ့ဒါကို ကျင့်ကြံခဲ့သူက သိပ်မရှိဘဲ ထိုအထဲတွင် အဲ့ဒါကို အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့သူက လူအယောက်တစ်သောင်းမှာ တစ်ယောက်တောင် မရှိပေ။ သူတို့အများစုက အဲ့ဒါကို ကျင့်ကြံရင်း မျက်စိကွယ်သွားခဲ့ကြ၏။

ယခုအခါ ကျင့်ကြံသူများက လကြတ်မျက်လုံးနည်းစနစ်ကို မတော်တဆ ရရှိလာခဲ့လျှင်တောင် အဲ့ဒါကို ကျင့်ကြံရဲကြလိမ့်မည် မဟုတ်ပေ။

ဤခရမ်းရောင်ဝတ်ကျင့်ကြံသူက အဲ့ဒါကို အောင်မြင်အောင် ကျင့်ကြံထားနိုင်သည်ဆိုတော့..

အစကတည်းက စက္ခုနည်းစနစ်များကို ကျင့်ကြံနိုင်သည့်သူက မရှိသလောက်ပင်။

လကြတ်မျက်လုံးကို ကျင့်ကြံနိုင်သူက ပိုတောင် ရှားပါးသေး၏။ သူတို့သည် အနှိုင်းမဲ့ ပြိုင်စံရှားများ ဖြစ်ကြရုံသာမက.. သူတို့ကိုယ်သူတို့လည်း လွန်ကဲစွာ ယုံကြည်မှု ရှိကြလေသည်။

ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ သူငယ်အိမ်များမှ ပြောင်းလဲမှုကို မြင်ရပြီးနောက် ဤလူက ထျန်ဟွမ်ကုန်မြေတိုက်မှာ ပါချည်ပါချဲ့လူတစ်ယောက် သေချာပေါက် မဟုတ်ကြောင်း ဆူဇီမို နားလည်လာ၏။

ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ မျက်လုံးနှစ်ဖက်မှ အေးစက်စက် အလင်းတန်းနှစ်ခုက ပျံသန်းထွက်ပေါ်လာ၏။

နောက်ခဏ၌ သူ့သူငယ်အိမ်က ပုံမှန် ပြန်ဖြစ်သွားလေသည်။

သို့သော်လည်း ထွက်လာသော အလင်းတန်းနှစ်ခုက အလွန်တရာ ထက်ရှသော လခြမ်းကွေးဆေဘာနှစ်လက်လို ဆူဇီမိုရှေ့သို့ တိတ်တဆိတ်နှင့် လျှင်မြန်စွာ ရောက်ရှိလာ၏။

မင်းကျန်နှင့် မြေခွေးလေးအတွက်တော့...

ဆူဇီမိုနှင့် ခရမ်းရောင်ဝတ်လူအကြားရှိ လေထုက အေးစက်စက်အလင်းတန်းနှစ်ခုကြောင့် အပိုင်းပိုင်း စုတ်ပြဲသွားသော ပိုးထည်တစ်စလို ဖြစ်သွား၏။

ခြံဝန်းထဲရှိ အပူချိန်က လုံးဝ ထိုးကျလာလေသည်။

“သတိထား”

မင်းကျန်က လှမ်းအော်လိုက်၏။

ရုတ်တရက်..

ညအမှောင် လွှမ်းခြုံထားသော အနိဋ္ဌာရုံဆန်ဆန် ခြံဝန်းထဲမှာ တဖျတ်ဖျတ်တလက်လက် အလင်းရောင်ခြည်များက ပေါက်ကွဲထွက်ပေါ်လာ၏။

ခြစ်ခြစ်တောက် ပူပြင်းသော နေတစ်စင်းက ရုတ်တရက် ဆင်းသက်လာသလိုပင်။

မီးပဒေသာမျက်လုံး..

ဆူဇီမို၏ ညာဘက်မျက်လုံးက မည်သည့်အညစ်အကြေးမှ မရှိဘဲ ဆွတ်ဆွတ်ဖြူ ကြည်တောက်လာ၏။

သူ့ညာဘက်မျက်လုံးကနေ ထုတ်လွှတ်လိုက်သော အလင်းရောင်က ဘုရားကျောင်းအိုကို နေ့ဘက်အလား ထိန်လင်းသွားစေ၏။

ရုတ်တရက် ဆူဇီမို၏ ညာဘက်မျက်လုံးမှ တောက်လောင်နေသော အလင်းတန်းတစ်ခုက ပေါက်ကွဲထွက်လာပြီး ဝင်ရောက်လာသော အေးစက်စက်အလင်းတန်းနှစ်ခုနှင့် ပြင်းထန်စွာ ထိတွေရိုက်ခတ်သွား၏။

မတူညီသော စွမ်းအင်နှစ်ခုက ထိတွေ့ရိုက်ခတ်သွားသော်လည်း အသံထွက်မလာပေ။

သူတို့နှစ်ယောက်ကြားရှိ စိတ်ဝိညာဉ်စွမ်းအင်များက လုံးဝ အငွေ့ပျံ ပျောက်ကွယ်သွား၏။

မင်းကျန်နှင့် မြေခွေးလေး၏ မျက်လုံးများထဲမှာ ဆူဇီမိုနှင့် ခရမ်းရောင်ဝတ်ကျင့်ကြံသူကြားရှိ လေထုက စုတ်ပြဲသွားပြီး ပြိုကျလာသည် ထင်ရ၏။

ထိပ်တန်းအဆင့် စက္ခုနည်းစနစ်နှစ်ခု၏ ထိတွေ့စွမ်းအားက လူတိုင်း၏ အမြင်အာရုံအပေါ် ကြီးမားစွာ သက်ရောက်စေနိုင်၏။

ချပ်.. ချပ်.. ချပ်..

ဆူဇီမိုသည် နောက်သို့ ခြေသုံးလှမ်း ဆုတ်လိုက်ရပြီး သူ့ညာဘက်မျက်လုံးမှ အလင်းကလည်း ပျက်ပြယ်သွား၏။

နောက်ဆုံးမှာတော့ စက္ခုနည်းစနစ်ခြင်း အားပြိုင်မှုမှာ သူက အရေးနိမ့်နေသေး၏။

ထိုသို့ဆိုလျှင်တောင် သူက ဒဏ်ရာ မရခဲ့ပေ။ အေးစက်စက်လှိုင်းတစ်ခုက သူ့ညာဘက်မျက်လုံးထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီးနောက် မီးပဒေသာကျောက်ထဲမှာ ပျော်ဝင်ပျောက်ကွယ်သွားလေသည်။

ဆူဇီမိုက အတော်လေး တည်ငြိမ်နေ၏။

သို့သော်လည်း ခရမ်းရောင်ဝတ်ကျင့်ကြံသူကတော့ တုန်လှုပ်သွားလေသည်။

ဤုဘုန်းကြီးက ဘယ်လိုစက္ခုနည်းစနစ်ကို ကျင့်ကြံထားသလဲ သူ မသိပေ။ သို့သော် အဲ့ဒါက သူ၏ လကြတ်မျက်လုံးကို ရင်ဆိုင်နိုင်လေသည်။

သူသည် လကြတ်မျက်လုံးကို နှစ်ပေါင်း တစ်ရာကျော် ကျင့်ကြံထားခဲ့၏။

သို့သော် သူ့ရှေ့မှ ဤမီးခိုးရောင်ဝတ်ကိုယ်တော်က အသက်ဘယ်လောက် ရှိဦးမှာတုန်း..

သူကြည့်ရတာ အသက် ၄၀ တောင် မရှိတတ်သေးသည့်ပုံပင်။

ဤလူက သူ့အမေဝမ်းဗိုက်ထဲမှာကတည်းက ထိုစက္ခုနည်းစနစ်ကို ကျင့်ကြံလာခဲ့လျှင်တောင် အဲ့ဒါက အလွန်ဆုံး နှစ် ၅၀ ထက် မကျော်နိုင်ပေ။

သို့သော်လည်း နှစ်ပေါင်းတစ်ရာကျော် ကျင့်ကြံလာခဲ့သော သူ၏ လကြတ်မျက်လုံးနှင့် ရင်ဆိုင်တွေ့ချိန်တွင် တစ်ဖက်လူက ခြေသုံးလှမ်းသာ နောက်ဆုတ်သွားရ၏။

အဲ့ဒီမှာ ပိုလို့ ယုတ္တိမကျသော တစ်စုံတစ်ရာ ရှိနေသေး၏။

မီးခိုးရောင်ဝတ်ကိုယ်တော်၏ ခန္ဓာကိုယ်မှ မည်သည့် စိတ်ဝိညာဉ်စွမ်းအင်ကိုမှ သူ မခံစားမိပေ။

အဲ့ဒီမီးခိုးရောင်ဝတ်ကိုယ်တော်ရဲ့ နောက်ခံက ဘာလဲ..

ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ မျက်လုံးများက အမဲလိုက်သားရဲက သားကောင်ကို စောင့်ကြည့်နေသလို ပျော်ရွှင်အားရမှုဖြင့် စုဖွဲ့အားကောင်းလာ၏။

ခရမ်းရောင်ဝတ်ကျင့်ကြံသူသည် ဖျတ်ကနဲဆို ဆူဇီမို၏ ရှေ့သို့ ရောက်လာ၏။

အဲ့ဒါက အရမ်းမြန်လွန်း၏။

သူ၏ အမြန်နှုန်းက ဆူဇီမို၏ အမြင်စွမ်းအား၏ အကန့်အသတ်ကို ကျော်လွန်လာခဲ့၏။

ဘယ်လောက် သန်မာလိုက်သလဲ..

ဆူဇီမိုသည် စဉ်းစားနေဖို့ အချိန်မရှိဘဲ.. အသက်ပြင်းပြင်းရှိုက်ကာ ဂါထာမန္တန်ကို ရွတ်ဖတ်လိုက်၏။

“ဥုံ!”

လေထုက တုန်ခါသွားပြီး အသံက ပဲ့တင်ထပ် ထွက်ပေါ်လာ၏။

ခရမ်းရောင်ဝတ်ကျင့်ကြံသူက ခဏမျှ ရပ်တန့်သွားပြီး သူ့နားရွက်က လှုပ်ခါသွားကာ ကြက်သီးထဖွယ်ရာ နားပေါက်ကို ပိတ်ကပ်သွား၏။

အဲ့ဒါက သူ့ကို အပြင်ဘက်က အသံများနှင့် ပိုင်းခြားဖြတ်တောက်ပေးလိုက်သလိုပင်။

ထိုသို့ဖြင့် တာမင်းမန္တန်၏ ရိုက်ခတ်မှုက သူ့အပေါ် အနိမ့်ဆုံးထိ လျော့ကျသွားပေလိမ့်မည်။

ထိုသည်ကို သတိထားမိပြီး ဆူဇီမိုသည် သုန်မှုန်စွာနှင့် စွေကြည့်လိုက်၏။

ခရမ်းရောင်ဝတ်ကျင့်ကြံသူက သူထင်ထားသည်ထက် များစွာပို၍ ကြောက်ဖို့ကောင်းနေ၏။

အဲ့ဒါက ရိုးရှင်းသည့် လှုပ်ရှားမှုတစ်ခု ဆိုလျှင်တောင် အဲ့ဒါကို လုပ်နိုင်ဖို့က အင်မတန် ခက်ခဲကြောင်း ဆူဇီမို ကောင်းကောင်း သိထားလေသည်။

အဲ့ဒါက သူသည် သူ့ခန္ဓာကိုယ်ရှိ ကြွက်သားမျှင်တစ်ခုစီတိုင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်ခြင်း၏ လက္ခဏာပင်။

ဝေါ..

ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ မျိုးဆက်သွေးက တလိပ်လိပ် ထကြွလာပြီး ဆူနာမီအသံက ထွက်ပေါ်လာ၏။

ဆူနာမီသွေး..

ဤခရမ်းရောင်ဝတ်ကျင့်ကြံသူကလည်း ဆူနာမီသွေးအဆင့်ကို ရောက်အောင် ကျင့်ကြံထားနိုင်လေသည်။

ထိုအခိုက်အတန့်၌ ဆူဇီမိုက ပို၍ တည်ငြိမ်လာ၏။

ခရမ်းရောင်ဝတ်ကျင့်ကြံသူက သူ့နားကို ပိတ်ချလိုက်သည်ကို မြင်လိုက်ကတည်းက ဤလူက ဆူနာမီသွေးအဆင့်ကို ကျင့်ကြံထားနိုင်သည်ဆိုတာ သူခန့်မှန်းမိပြီးသားဖြစ်၏။

ခရမ်းရောင်ဝတ်ကျင့်ကြံသူမှာ လွှမ်းမိုးခြယ်လှယ်နိုင်သော အော်ရာတစ်ခု ရှိပြီး သူ့လက်နှက်ဖက်ကို သံမဏိကျာပွတ်ကဲ့သို့ လွှဲရမ်းပြီး ဆူဇီမို၏ ဦးခေါင်းကို ပြင်းထန်ရက်စက်စွာ ရိုက်ချလိုက်၏။

မကောင်းဆိုးဝါးလေအဟုန်က ရိုက်ခတ်လာလေသည်။

ဝမ်းနည်းကြောက်မက်ဖွယ်ရာ အော်ရာက လေထုကို လွှမ်းခြုံလာ၏။

ဝေါ..

ဆူဇီမို၏ ခန္ဓာကိုယ်မှလည်း တူညီသော ဆူနာမီအသံကလည်း မြည်ဟည်းလာ၏။

မင်းကျန်နှင့် မြေခွေးလေး၏ မျက်လုံးများထဲတွင် သူတို့နှစ်ယောက်ကြား တိုက်ခိုက်မှုသည် ပင်လယ်နှစ်စင်းက တစ်ဖက်ကိုတစ်ဖက် ဝါးမျိုဖို့ ခြိမ်းခြောက်နေသလိုပင်။

သူတို့၏ မျိုးဆက်သွေးများက ကြောက်စရာကောင်းလွန်းလှ၏။

ဆူဇီမို၏ ခန္ဓာကိုယ်က ကိုင်းညွှတ်သွားပြီး ဒူးတစ်ဖက်ထောက်ကျသွားသည်ဟု ထင်ရကာ သူ့လက်နှစ်ဖက်ကိုစု၍ မြှောက်တင်လိုက်၏။ သူ့ပုံစံက ခရမ်းရောင်ဝတ်ကျင့်ကြံသူကို အညံ့ခံ ဦးညွှတ်ပြီး အင်မော်တယ်သစ်သီးကို ဆက်သနေသည်နှင့် တူလေသည်။

ခရမ်းရောင်ဝတ်ကျင့်ကြံသူထံမှ ဆင်းသက်လာသော သံမဏိကျာပွတ်နှင့် ယှဉ်လျှင် ဆူဇီမို၏ ကိုယ်ဟန်က မည်သည့်အော်ရာမှ မပါရှိဘဲ သာမန်ဟုသာ ထင်ရလေသည်။

သို့သော်လည်း ခရမ်းရောင်ဝတ်ကျင့်ကြံသူသည် အလွန်တရာအားကောင်းသည့် သတ်ဖြတ်လိုစိတ်ကို အာရုံခံမိပြီး သူ့အမူအယာက ရုတ်ချည်း ပြောင်းလဲသွား၏။

ဘုန်း..

သူ့ညာလက်က ဆူဇီမို၏ လက်ဖဝါးနှင့် ထိတွေ့ရိုက်ခတ်သွား၏။

ထိတွေ့မှုတွင် မည်သည့်တုန်ခါလှိုင်းမှ ထွက်မလာဘဲ ခပ်ထိုင်းထိုင်း အသံတစ်သံသာ ထွက်လာလေသည်။

သည့်အရင်ကဆို ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ ဤတိုက်ခိုက်မှုနှင့် ကြုံတွေ့ရသူတိုင်း မသေလျှင်တောင် သူတို့၏ အရိုးများနှင့် အရွတ်များက ကျိုးကြေကာ အပြင်းအထန် ဒဏ်ရာရရှိသွားကြမည်ဖြစ်၏။

သို့သော် ယခုအခါ ခရမ်းရောင်ဝတ်ကျင့်ကြံသူသည် ထိုရိုက်ချက်နှင့် ဆူဇီမိုကို မဖိနှိမ်နိုင်ရုံသာမက.. သူ့လက်က အပေါ်သို့ ပြန်ကန်တက်သွားပြီး သူ့ရင်ဘတ်တစ်ဝိုက်မှာ ဟာကွက်တစ်ခုက ပေါ်သွားလေသည်။

All Chapters