← Chapters

ကမ္ဘာသန့်စင်အစိမ်းရောင်ကြာပန်း’

Vol. 41 Ch. 611

ကမ္ဘာသန့်စင်အစိမ်းရောင်ကြာပန်း’

Vol. 41 Ch. 611

ကျင့်ကြံသူအများစုအတွက်တော့.. အဲ့ဒါက လျှပ်တစ်ပြက်ဟာကွက်တစ်ခုသာ ဖြစ်ပြီး အမြတ်ထုတ်နိုင်ဖို့အတွက် ခဲယဉ်းပေလိမ့်မည်။

သို့သော်လည်း ယခု သူရင်ဆိုင်နေရသည်က ဆူဇီမို ဖြစ်၏။

ဆူဇီမိုသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ သတ်ဖြတ်ကွက်နှင့်အတူ ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ လက်ကို ခါထုတ်ပစ်လိုက်၏။ ထို့နောက် သူက လုံးဝ ရပ်တန့်သွားခြင်း မရှိဘဲ အစက ကွေးညွှတ်ထားသော သူ၏ ခန္ဓာကိုယ်ကို ရုတ်တရက် ဆန့်ထုတ်လိုက်၏။

ဖျောက်..

သူ့အရွတ်များက ရွေ့လျား၍ အရိုးများက လှုပ်ခါသွား၏။

ဘုန်း..

မြေပြင်ကို ပြင်းထန်စွာ ဆောင့်နင်းချလိုက်၍ ပြင်းထန်စွာ တုန်ခါသွား၏။

ထိုကန်အားနှင့်အတူ ဆူဇီမိုသည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်၏။ သူ့လက်ချောင်းများကို ဖြန့်ပြီး ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ ပုခုံးနှစ်ဖက်ကို လှမ်းဆွဲလိုက်၏။

တစ်ချိန်တည်းမှာပင် ကွေးညွှတ်ထားသော သူ့ဒူးဖြင့် ပစ်တိုက်ချလိုက်လေသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးက နတ်မြင်းတစ်ကောင် ဒေါမာန်အဟုန်ဖြင့် ကစုန်ပေါက်လာသည်နှင့် တူလေသည်။

မျှော်လင့်ချက်မျောက်ဝံသစ်သီးကမ်းလှမ်းခြင်းပြီးနောက် သူသည် ကောင်းကင်ထယ်သွားခြေလှမ်းဖြင့် ရုန်းကန်ထွက်ကာ သူ့ကိုယ်ဟန်ကို နတ်မြင်းချေမှုန်းခြင်းပုံစံသို့ ကူးပြောင်းလိုက်၏။

ဖြစ်စဉ်တစ်ခုလုံးက အဖုအထစ် လုံးဝ မရှိဘဲ ရေကဲ့သို့ ပြေပြစ်နေ၏။

ချက်ချင်းပင် ထိုလှုပ်ရှားမှုမှ အလွန်တရာကြောက်စရာကောင်းသည့်အော်ရာက ထွက်ပေါ်လာ၏။

သူ့လမ်းကြောင်းမှာ မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ကောင်က ပိတ်ရပ်နေလျှင်တောင် ဆူဇီမိုကို သူ့ကို အပိုင်းပိုင်း စုတ်ပြဲသွားအောင် ပစ်တိုက်လိုက်မည် ဖြစ်လေသည်။

ထိုပစ်တိုက်ချက်အပြင် ဆူဇီမို၏ လက်နှစ်ဖက်ကလည်း နောက်ထပ် သတ်ဖြတ်ကွက်ဖြစ်၏။ သူသည် ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ ပုခုံးကို ဆုပ်ကိုင်ထားနိုင်လျှင် အဲ့ဒါက ချက်ချင်း စုတ်ပြဲသွားမည် ဖြစ်လေသည်။

အစက ခရမ်းရောင်ဝတ်ကျင့်ကြံသူသည် အရေးသာနေ၏။

သို့သော်လည်း ဆူဇီမိုက မျှော်လင့်ချက်မျောက်ဝံသစ်သီးခူးခြင်းနှင့် ခုခံပြီးနောက် သူ့မှာ ဟာကွက်တစ်ခု ပေါ်သွားပြီး အလှည့်အပြောင်း ဖြစ်လာလေသည်။

ဝင်ရောက်လာသော ဆူဇီမိုကို ကြည့်ပြီး ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ အမူအယာက အနည်းငယ် ပြောင်းလဲသွား၏။ သူသည် လက်သီးနှစ်ဖက်ကိုဆုပ်၍ လက်ခလယ်အဆစ်ကို အနည်းငယ်ထုတ်ကာ ဆူဇီမို၏ လက်ဝါးနှစ်ဖက်ကို ပစ်ထိုးချလိုက်၏။

တစ်ချိန်တည်းမှာပင် ခရမ်းရောင်ဝတ်ကျင့်ကြံသူသည် ကိုယ်ကို နောက်သို့ကျုုံ့၍ သူ့ခြေထောက်ကို မြှောက်ကာ ဆူဇီမို၏ ဒူးတိုက်ချက်ကို ခုခံလိုက်၏။

ဖျောင်း.. ဖျောင်း..

သူတို့၏ လက်သီးနှင့် လက်ဝါးတို့က ထိတွေ့သွားပြီး တသိမ့်သိမ့် တုန်ခါသွားကြ၏။

ဘုန်း..

ထို့နောက် ချက်ချင်းပင် ဆူဇီမို၏ ဒူးက ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ ခြေထောက်ကို ပစ်တိုက်ချလိုက်၏။

ခရမ်းရောင်ဝတ်ကျင့်ကြံသူသည် သူတို့၏ လက်သီးလက်ဝါးတို့ ထိတွေ့ခြင်းမှ ပြန်ကန်အားကိုယူပြီး ပေါ့ပါးစွာနှင့် နောက်သို့ လှန်ချကာ အလိုက်သင့် လျှောထွက်သွား၏။

နတ်မြင်းချေမှုန်းခြင်းက မာကြောခက်ထန်သော်လည်း အဲ့ဒါက ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ ညင်သာသိမ်မွေ့မှု၏ တန်ပြန်ချေဖျက်ခြင်းကို ခံလိုက်ရ၏။

ယခုအချိန်ထိ ဆူဇီမိုသည် တိုက်ပွဲများ မရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့ဖူး၏။

သို့သော်လည်း သူသည် အနီးကပ်တိုက်ခိုက်ခြင်းမှာ သူနှင့် ယှဉ်နိုင်သူ တစ်ယောက်ကိုမှ မတွေ့ခဲ့ဖူးသေးပေ။

သူ့ရှေ့မှ ခရမ်းရောင်ဝတ်ကျင့်ကြံသူက ပထမဆုံး ဖြစ်ပေလိမ့်မည်။

ခရမ်းရောင်ဝတ်ကျင့်ကြံသူသည် လေထဲမှာ မျောလွင့်ပြီးနောက် ခဏမျှ ရပ်တန့်ကာ အားကောင်းသော သတ်ဖြတ်လိုစိတ်နှင့်အတူ တစ်ဖန် ပြန်ခုန်ဝင်လာ၏။

ဝုန်း..

ခရမ်းရောင်ဝတ်ကျင့်ကြံသူသည် တစ်ချက် ပစ်ထိုးချလိုက်၏။

လေထဲမှာ ပဲ့တင်သံက မြည်ဟည်းသွား၏။

ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ ဆံပင်များက နောက်သို့ ပြန့်ကျဲသွားပြီး သူ့မျက်လုံးများက လင်းလက်တောက်ပလာ၏။ သူက လေထုနှင့် ရောနှောသွားသလိုပင်။ ထိုထိုးနှက်ချက်က ပြိုင်ဘက်ကင်းခွန်အားကို သယ်ဆောင်လာလေသည်။

ဝေါ..

ဆူဇီမိုက ရှောင်လည်းမရှောင်၊ နောက်လည်းမဆုတ်ဘဲ သူ့မျိုးဆက်သွေးကို လှည့်ပတ်လိုက်၏။ သူ့အဟုန်က အထွတ်အထိပ်သို့ မြင့်တက်လာလေသည်။

အနီးကပ်တိုက်ခိုက်ရည်က အန္တရာယ်အများဆုံး ဖြစ်၏။

တစ်ချက်မှားသွားသည်နှင့် သေခြင်းတရားဆီသို့ ဦးတည်သွားနိုင်၏။

ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ ပြိုင်ဘက်ကင်းထိုးချက်ကို ရင်ဆိုင်ရချိန်တွင် ဆူဇီမိုက နောက်ဆုတ်ဖို့ စိတ်ကူးမရှိဘဲ သူ့မျက်လုံးထဲတွင် တိုက်ပွဲဝင်လိုစိတ်က တဖွားဖွား ပေါ်လာ၏။

“ဟား”

ဆူဇီမိုသည် မြောက်များလှစွာသော ဖိအားကို ပြန်လှန်ဖိနှိမ်ဖို့ မာန်သွင်းအော်ဟစ်လိုက်၏။ ထို့နောက် သူ့လက်ကို လွှဲရမ်းလိုက်ရင်း အစိမ်းရောင်သွေးကြောများက ဖောင်းကြွလာကာ သူ့လက်သီးက အရွယ်အစားနှစ်ဆ ပြန့်ကားလာ၏။

သူ့လက်သီးက ဧရာမအစိမ်းရောင်ချိတ်စည်းကြီးကဲ့သို့ အပေါ်ကနေ ဆင်းသက်လာလေသည်။

သူတို့နှစ်ယောက်စလုံး၏ အကြည့်များက ပြတ်သားခိုင်မာ၏။

ဘုန်း..

သူတို့၏ လက်သီးနှစ်လုံးက ထိတွေ့သွား၏။

လေထုတစ်ခုလုံးက ငြိမ်သက်သွားလေသည်။

မင်းကျန်နှင့် မြေခွေးလေးသည် သူတို့၏ နားထဲမှာ တဂျစ်ဂျစ် အသံကို ကြားလိုက်ရ၏။

သူတို့နှစ်ယောက်စလုံး၏ လက်သီးများ၏ ကျိုးအက်သွားကြ၏။

နှစ်ဖက်စလုံးက ထိခိုက်ခံစားလိုက်ရလေသည်။

ခရမ်းရောင်ဝတ်ကျင့်ကြံသူသည် သူ့မျက်လုံးကို မှေးကျဉ်းပြီး အထဲမှာ ဒေါသမီးက တောက်လောင်နေ၏။

ဤနှစ်များမှာ အဆင့်တူချင်း၌ သူ့ကို ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်သည့် ကျင့်ကြံသူ တစ်ယောက်မှ မရှိခဲ့ဖူးပေ။

အမည်မရှိတော့သည့် ဤဘုရားကျောင်းအိုထဲမှာ သူက ဒဏ်ရာ ရရှိသွားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားပေ။

ဆူဇီမိုက အမူအယာ ကင်းမဲ့နေ၏။

သူသည် အစကတည်းက ထိုထိုးချက်နှင့် ခရမ်းရောင်ဝတ်ကျင့်ကြံသူကို ဖိနှိမ်နိုင်ဖို့ မျှော်လင့်မထားပေ။

ထိုးချက်ပြီးနောက် ဆူဇီမို၏ လက်ဝါးက ခွန်အားမရှိတော့သကဲ့သို့ ပျော့ပျောင်းသွားပြီး ကျွဲတစ်ကောင်၏ လျှာကဲ့သို့ အလိုက်သင့်နှင့် ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ လက်ပေါ်သို့ ဆင်းသက်သွား၏။

“ဟမ့်”

ခရမ်းရောင်ဝတ်ကျင့်ကြံသူသည် ထိတ်လန့်သွားပြီး သူ့ဦးရေပြားက ရိုးတိုးရွတ ဖြစ်လာ၏။

ဝုန်း..

နှစ်ခါမစဉ်းစားဘဲ သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များကို သူ့လက်ဆီသို့ ပို့လွှတ်လိုက်၏။

ဆူဇီမို၏ လက်ဝါးက ရစ်ပတ်.. တုန်ခါ.. ဆွဲ..

ဗျိ..

ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ ဝတ်ရုံစက လုံးဝ စုတ်ပြဲသွားပြီး အပိုင်းပိုင်းအတစ်တစ်ဖြစ်ကာ လေထဲမှာ ပြန့်ကျဲသွား၏။

သူတို့နှစ်ယောက်စလုံးသည် ထိတွေ့မှုဖြင့် ချက်ချင်း ပြန်ကန်ထွက်သွား၏။

ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ လက်က အကောင်းပကတိ ရှိနေသေးသော်လည်း ကြီးကြီးမားမား ရိုက်ခတ်ခံလိုက်ရသည့်အလား တဆတ်ဆတ် တုန်ခါနေ၏။

ကံကောင်းထောက်မလို့ သူက မျိုးဆက်သွေးနှင့် စိတ်ဝိညာဉ်စွမ်းအင် နှစ်ခုစလုံးကို လှည့်ပတ်ကာ အချိန်မီ နောက်ဆုတ်နိုင်ခဲ့လေသည်။

မဟုတ်ပါက ထိုတိုက်ခိုက်မှုဖြင့် သူ့လက်က စုတ်ပြဲကျိုးပဲ့သွားလောက်၏။

“မင်းကတော့.. သေချင်.. နေပြီပဲ”

ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ မျက်နှာက ချက်ချင်း ညိုမည်းသွားပြီး ဆူဇီမိုကို စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ သူ့အော်ရာတစ်ခုလုံးက ရုတ်တရက် ပြောင်းလဲသွားပြီး တုန်လှုပ်ချောက်ချားစရာ စွမ်းအင်လှိုင်းများက သူ့ကို လွှမ်းခြုံလာ၏။

အဲ့ဒါက ရွှေအမြုတေနယ်မြေတစ်ခု၏ စွမ်းအားပင်။

ဆူဇီမိုသည် သူ့မှာ စိတ်ဝိညာဉ်စွမ်းအင် မရှိသော်လည်း အမြုတေနယ်မြေများ၏ စွမ်းအားနှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်လေသည်။

ခရမ်းရောင်ဝတ်ကျင့်ကြံသူသည် အနည်းငယ် ထိခိုက်ခံစားသွားရပြီးနောက် ဆက်လက်သည်းမခံနိုင်တော့ပုံပင်။ သူသည် ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ပြီး ထိုသူကို သတ်ဖို့ ကြံရွယ်လိုက်၏။

ဆူဇီမို၏ အမူအယာက တည်ငြိမ်နေဆဲဖြစ်၏။

ခရမ်းရောင်ဝတ်ကျင့်ကြံသူက သူ၏ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်မည်ဆိုလျှင်...

သူတို့နှစ်ယောက်က နောက်ပြန်လှည့်လို့ မရတော့ဘဲ အသေအကြေ တိုက်ခိုက်ရတော့မည်ဟု ဆိုလိုလေသည်။

ထိုအခါ သူကလည်း ဘာကိုမှ ထိန်ချန်နေတော့မည် မဟုတ်ဘဲ သူ၏ အတွင်းအမြုတေကို လှည့်ပတ်ကာ သားရဲသွင်ပြင်နှင့် တိုက်ခိုက်ရပေလိမ့်မည်။

သူ၏ သားရဲသွင်ပြင်မှာဆို ဆူဇီမို၏ တိုက်ခိုက်ရည်က နှစ်ဆ ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း ထိုသို့ဆိုလျှင်တောင် သူက ဤခရမ်းရောင်ဝတ်ကျင့်ကြံသူကို ဖိနှိမ်နိုင်မည်ဟု ယုံကြည်မှု အပြည့်အဝ မရှိပေ။

ဤလူ၏ ရွှေအမြုတေနယ်မြေက ကြောက်စရာကောင်းပြီး သူထင်ထားသည်ထက် ကျော်လွန်နိုင်နေလေသည်။

“ဂျူနီယာညီလေး.. ဘာမှ မစိုးရိမ်နဲ့.. ငါ မင်းကို ကူညီမယ်”

ထိုအချိန်မှာပင် မင်းကျန်က ရဲရင့်စွာနှင့် ရှေ့တက်လာပြီး ဆူဇီမို၏ ရှေ့မှာ ပိတ်ရပ်လိုက်၏။ သူ့မျက်လုံးများက ကြည်လင်နေပြီး ကြောက်စရာကောင်းသည့် အော်ရာတစ်ခုက သူ့ကို လွှမ်းခြုံလာ၏။

ဆူဇီမို၏ ဒါန်ထျန်က ထိခိုက်ဒဏ်ရာရထားပြီး စိတ်ဝိညာဉ်စွမ်းအင် မရှိသောကြောင့် ရွှေအမြုတေနယ်မြေကို ထုတ်ဖော်နိုင်ခြင်း မရှိတာကို မင်းကျန်က သိထားလေသည်။

ထို့ကြောင့် သူက အပြေးလာပြီး သူ၏ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ကာ ခရမ်းရောင်ဝတ်ကျင့်ကြံသူကို ရင်ဆိုင်ဖို့ ရည်ရွယ်လိုက်လေသည်။

“အမ်”

မင်းကျန်ကို အာရုံစိုက်ကြည့်ပြီးနောက် ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ အကြည့်က တောက်ပလာ၏။

ဆူဇီမိုသည်လည်း တစ်ချက် အာရုံစိုက် ကြည့်လိုက်၏။

မင်းကျန်၏ နောက်တွင် သန့်စင်သောကျောက်စိမ်းပန်းဖူးတစ်ဖူးက ပေါ်လာ၏။ အဲ့ဒါက ကြည်လင်သန့်စင်၍ အပြစ်အနာအဆာကင်းကာ နှင်းရည်တို့ဖြင့် စိုဆွတ်နေ၏။

ပန်းဖူးက ဆန်းကြယ်သောအလင်းနှင့်အတူ ညင်သာစွာ ယိမ်းနွဲ့သွားပြီး ကမ္ဘာပေါ်ရှိ မကောင်းဆိုးဝါး မိစ္ဆာမှန်သမျှကို တွန်းလှန်ရှင်းလင်းပစ်တော့မည်ဟု ထင်ရ၏။

အစိမ်းရောင်ပန်းဖူးက အချိန်မရွေး ပွင့်လာတော့မည်ပင်။

ကမ္ဘာသန့်စင်အစိမ်းရောင်ကြာပန်း..

ပျောက်ဆုံးနေပြီဖြစ်သော ဒဏ္ဍာရီလာ ကမ္ဘာသန့်စင်အစိမ်းရောင်ကြာပန်းက နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေရှိ အမည်မသိ ဘုန်းကြီးလေးတစ်ပါးထံမှာ အမှန်တစ်ကယ်ကို ပြန်ပေါ်လာလေပြီ။

ကမ္ဘာသန့်စင်အစိမ်းရောင်ကြာပန်းသည် မပျောက်ကွယ်ခင်က အမြုတေနယ်မြေအဆင့်သတ်မှတ်စာရင်းမှာ အတော်လေး အဆင့်မြင့်မြင့် နေရာယူခဲ့ဖူးလေသည်။

ရှေးကျသော အစိမ်းရောင်ကြာပန်းက တောက်ပသောအလင်းဖြင့် ယိမ်းနွဲ့နေပြီး ကမ္ဘာပေါ်က အပြစ်သားအားလုံးကို ရှင်းလင်းပစ်နိုင်၏။ အဲ့ဒါက ထိပ်ဆုံးနံပါတ်တစ်ဆယ်အတွင်း ဝင်နိုင်သော အမြုတေနယ်မြေတစ်ခု ဖြစ်၏။

တစ်ကယ်တော့ ကျင့်ကြံမှုအဆင့်၊ စိတ်ဝိညာဉ်ပညာရပ်များအပေါ် ကျွမ်းကျင်မှုနှင့် ခွန်အားအရာတို့မှာ မင်းကျန်က အားမနည်းပေ။

ပြောရလျှင် ဆူဇီမို အရင်က မြင်ဖူးသမျှ ပြိုင်စံရှားအများစုထက် သူက ပိုသန်မာလေသည်။

သို့သော်လည်း မင်းကျန်မှာ လိုအပ်နေသည်က သေရေးရှင်ရေး အတွေ့အကြုံနှင့် ဆုံးဖြတ်ချက် ပြတ်သားမှုတို့ ဖြစ်လေသည်။

သူ၏ အချိန်အများစုကို အပြင်လောကနှင့် အဆက်ဖြတ်၍ နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာသာ ကျင့်ကြံခဲ့ရသောကြောင့် သူ့မှာ သေရေးရှင်ရေး တိုက်ပွဲအတွေ့အကြုံ မရှိပေ။

တစ်ကယ်တော့ မင်းကျန်၏ ခွန်အားက ထောင်ဝူကို ဖိနှိမ်ဖို့ လုံလောက်လေသည်။

သို့သော်လည်း ထောင်ဝူနှင့် တိုက်ခိုက်တုန်းက ဒဏ်ရာရရှိသွားခဲ့သူမှာ မင်းကျန်ဖြစ်၏။

အဲ့ဒါရဲ့ နောက်ကွယ်မှာ အကြောင်းပြချက် ရှိလေသည်။

All Chapters