← Chapters

အခန်း (၂)

Vol. 1 Ch. 2

အခန်း (၂)

Vol. 1 Ch. 2

လီချန်ချင်းသည် သူ့သားအကြောင်းကို များများစားစား မသိခဲ့ပေ။မူလခန္ဓာကိုယ်ပိုင်ရှင်၏ စာများထဲတွင်လည်း အနည်းအကျဉ်းသာ ဖော်ပြထားခဲ့လေသည်။သူသိသည်မှာ သူ့သား၏ အမည်မှာ လီဟမ်ရှန်း ဖြစ်သည်ဆိုသည်ကိုပင် ဖြစ်၏။

“ကျေးဇူးတင်ပါတယ်” လီချင်ချန်းသည် ခရမ်း‌ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားကို ပြောလိုက်ခြင်းပင် ဖြစ်လေသည်။

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသားသည် လီချန်ချင်းအား အံ့ဩစွာနှင့် ကြည့်လိုက်လေတော့၏။ဘယ်အချိန်ကတည်းက ပန်းချီဆရာလီက ယဉ်ကျေးသွားခဲ့ရတာလဲ။သူက သာမန်စာပို့သမားလေးတယောက်ပါပဲ။လီချန်ချင်းအနေနဲ့ ပုံမှန်ဆို သူ့အား အဖက်မလုပ်ပေ။ဒီနေ့မှာ လီချန်ချင်းက တခုခုကို ထူးဆန်းနေတယ်။

“ပန်းချီဆရာလီက အရမ်းယဉ်ကျေးနေပါပြီ” စာပို့သမားသည် ခပ်မြန်မြန်ပြောကာ အခြားနေရာများကို စာပို့ရန်အတွက် သုတ်သုတ်ပင် ထွက်သွားတော့လေသည်။

လီချန်ချင်းသည် စာကိုဖွင့်ဖောက်လိုက်ရာ အတွင်းတွင် စာတစောင်နှင့် ငွေလက်မှတ်တခု ထွက်လာတော့လေသည်။စာမှာ တိုတိုတုတ်တုတ်သာ ဖြစ်၏။

အိမ်တွင်လည်း လီချန်ချင်းသည် သားဖြစ်သူထံမှ ရောက်လာသော စာများကို ဖတ်ထားဖူးလေ၏။စာတိုင်းလိုလိုပင် အကြောင်းအရာမှာ အတူတူသာ ဖြစ်လေသည်။

“အဖေ ကျွန်တော် ရှေးဟောင်းတာအိုတောင်ဂိုဏ်းမှ နေရတာ အဆင်ပြေပါတယ်။ဒီလ ဂိုဏ်းက‌ထောက်ပံ့တဲ့ ငွေကို လွှဲပေးလိုက်ပါတယ်။ဒီလမှာ ဂိုဏ်းကပေးတဲ့ တာဝန်ကို သား အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တယ်။အကြီးအကဲက ကျွန်တော့်ကို ဆုပေးခဲ့တယ်လေ။အဲ့ ဆုကနေရတဲ့ အပို ငွေလက်မှတ် အစောင်နှစ်ဆယ်ကိုပါ တပါတည်းထည့်ပေးလိုက်ပါတယ်။

ဒီငွေတွေကို ချွေချွေတာတာနဲ့ သုံးပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်ပြီးတော့သာ နေပါ။ကျွန်တော့ကို စိတ်မပူပါနဲ့”

လီချန်ချင်းသည် ငွေလက်မှတ်များကို ကြည့်ရှုလိုက်လေတော့သည်။ထိုလက်မှတ်များသည် ငွေစ ၇၀နှင့်ညီမျှပေသည်။ထိုငွေပမာဏမှာ မနည်းလှကြောင်းကို သူကောင်းကောင်းသိပေသည်။

သာမန်မိသားစုအတွက်ဆိုလျှင် ထိုမျှ ငွေပမာဏမှာ လွန်စွာမှကို များပြားနေခဲ့လေပြီ။သို့ပေမယ့် ကြွယ်ဝသော ဘဝနေထိုင်မှုပုံစံနှင့် အသားကျနေပြီးသား ဖြစ်သော လီချန်ချင်းအဖို့ ထိုငွေမှာလုံးဝကို မလုံလောက်ပေ။သူလိုအပ်သော ပန်းချီစုတ်တံများနှင့် ကားချပ်စက္ကူများသည်လည်း လွန်စွာမှကို ဈေးကြီးလှပေသည်။

မူလခန္ဓာကိုယ်ပိုင်ရှင် ရေးသားထားသော ဒိုင်ယာရီစာအုပ်ထဲတွင် သူ့သားဖြစ်သူမှ တလကို ငွေစအနည်းငယ်သာ ပို့သဖြင့် ကျိန်ဆဲနေသည့်အပြင် သားဖြစ်သူအား ငွေများများ ပို့ရန်အတွက် အကြိမ်ကြိမ်စာရေးကာ လှမ်းတောင်းခဲ့လေ၏။သို့ပေမယ့် လီဟမ်ရှန်းက စာပြန်မပို့ခဲ့သလို့ တောင်းသော ငွေများကိုလည်း မပေးခဲ့ပေ။

လီဟမ်ရှန်းက လတိုင်းလိုလို ဖခင်ဖြစ်သူအား စာများပို့သော်လည်း မူလခန္ဓာကိုယ်ပိုင်ရှင်မှာ သားဖြစ်သူကို တနှစ်နေလို့ စာတစောင်ပင် ပြန်မပို့ချေ။

“ဒီလီချန်ချင်းဆိုတဲ့ကောင်က တကယ့်ကို လူ့အမှိုက်ပဲ” လီချန်ချင်းသည် စာကိုကိုင်ထားရင်း ကျိန်ဆဲလိုက်လေသည်။သူ၏ သားအရင်းမှာ လီဟမ်ရှန်း၏ ဆယ်ပုံတစ်ပုံသာ ကောင်းပါစေဦး။အဲ့လောက်နှင့်ပင် သူက ဝမ်းသာမျက်ရည်ကျနေမည် ဖြစ်သည်။

သူ့မှာ သားလိမ္မာတစ်ယောက်ရှိတာတောင် ဘယ်လို တန်ဖိုးထားရမလဲဆိုတာကို မသိဘူးပဲ။

ဒီလူက တကယ့်ကို လူ့တိရစ္ဆာန်ပဲ။

လီချန်ချင်းသည် သူ့သားဖြစ်သူမှ သူ့အား ပို့သော ငွေများသည် သူ့သား တလလုံး ခြစ်ကုပ်ကာ စုဆောင်းထားသော ငွေကြေးများဖြစ်သည်ကို သူကောင်းကောင်းသိနေပါသည်။ကျင့်ကြံသူတစ်ယောက်အနေနှင့် ဂိုဏ်းမှ တလတခါထောက်ပံ့သော စားရိတ်များမှာ ကျင့်ကြံခြင်းအရင်းအမြစ်များကို ဝယ်ယူအသုံးပြုရန်အတွက် ဖြစ်သည် မဟုတ်ပါလား။လီဟမ်ရှန်းကိုယ်တိုင်ပင် ထိုအရာများကို ဝယ်ယူပြီး လောက်ငှအောင် မသုံးနိုင်သည့်အပြင် သူက တိရစ္ဆာန်လိုဖခင်ဖြစ်သူကို လတိုင်း ပြန်ပို့ပေးနေရသေးသည်။

လီချန်ချင်းသည် သားဖြစ်သူပို့လိုက်သော ငွေလက်မှတ်များကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားရင်း အသက်ပြင်းပြင်း ရှုလိုက်လေသည်။သူ့စိတ်ထဲတွင်လည်း ခံစားချက်များစွာတို့သည် ရှုပ်ထွေးလာခဲ့တော့လေသည်။

လီဟမ်ရှန်းမှာ သူ၏ သားအရင်းမဟုတ်သည့်တိုင် သူက ကမ္ဘာကူးပြောင်းပြီးနောက်တွင် ဤခန္ဓာကိုယ်ကို ဝင်ပူးထားပြီး သားဖြစ်သူထံမှ အထောက်အပံ့ကို ရယူနေရသူလည်းဖြစ်ပါသည်။ထို ခံစားချက်မှာ လီချန်ချင်းအား အပြစ်ရှိသလိုခံစားစေရသည်။

လီဟမ်ရှန်းတယောက် ဘယ်လိုဘဝမျိုးတွင် နေထိုင်နေသည်ဆိုသည်ကို သူမသိချေ။သို့ပေမယ့် သူခန့်မှန်းကြည့်၍တော့ ရလေသည်။နောက်ခံမရှိသော သာမန် တပည့်တယောက်အနေနှင့် ရှေးဟောင်းတာအိုတောင်ဂိုဏ်းတွင် ခက်ခဲစွာနေထိုင်နေရလိမ့်မည် ဖြစ်သည်။သူ့ကိုယ်သူပင် ကောင်းမွန်အောင် မထောက်ပံ့နိုင်သည့်အပြင် မလောက်ငှသော အရင်းအမြစ်များကို ချွေတာကာ ဖခင်ဖြစ်သူကို ပြန်ပို့နေခဲ့ရသေးသည်။

“တောက်... ငါ့အတိတ်ဘဝတုန်းက သားဖြစ်သူက အသုံးမကျဖြစ်နေလို့ ငါစိတ်ထဲမကောင်းဖြစ်ခဲ့ရတယ်။အခု ဒီဘဝမှာကျတော့ သားဖြစ်သူက သိတတ်လွန်းနေတော့လည်း ငါစိတ်ထဲ မကောင်းဖြစ်နေရပြန်တယ်”

“ဘယ်လောက်ကျလဲ” လီချန်ချင်းသည် စားသောက်ဆိုင်လေး၏ ဆိုင်ပိုင်ရှင်ကို လှမ်းမေးလိုက်လေသည်။သူက စား‌သောက်၍မဝသေးသည့်တိုင် စာကိုဖတ်ရှုပြီးနောက်တွင် အစာစားချင်စိတ် လုံးဝကို ပျောက်ဆုံးသွားခဲ့လေတော့သည်။

“ကြေးပြား၈ပြား” ဆိုင်ပိုင်ရှင်သည် သတိနှင့် ဖြေလိုက်လေ၏။လီချန်ချင်းတယောက် စိတ်အခြေအနေမကောင်းမှန်းကို သူခံစား၍ ရနေတော့လေသည်။

လီချန်ချင်းသည် သူ၏ ငွေအိတ်ထဲမှ အသေးငယ်ဆုံးသော ငွေတုံးတတုံးကို ထုတ်ပေးလိုက်လေတော့၏။ထိုကဲ့သို့ ငွေတုံးနှင့်ဆိုလျှင် သူ စားသမျှ ကြေမည်ဟု ထင်နေခဲ့၏။

“ဟင် အများကြီးပါလား။ ခနလေးစောင့်ပါဦး ပန်းချီဆရာလီ” ဆိုင်ရှင်သည် ခပ်မြန်မြန်ပင် အနောက်သို့ လှည့်ကာ လီချန်ချင်းအား ငွေပြားကိုးပြားနှင့် ကြေးပြားကိုးဆယ့်နှစ်ပြား ပြန်အမ်းပေးလိုက်‌လေ၏။

ထိုအချိန်မှသာ လီချန်ချင်းသည် ငွေတုံးတတုံးမှာ ကြေးပြားတထောင်နှင့် ညီမျှသည်ကို သိလိုက်ရလေတော့သည်။ထို့ကြောင့် သူ့သားဖြစ်သူ လီဟမ်ရှန်း ပို့လိုက်သော ငွေတုံး ၇၂တုံးမှာ လွန်စွာမှပင် များပြားနေသည်ကို သူသိလိုက်ရတော့လေသည်။

သူ၏ မူလခန္ဓာကိုယ်ပိုင်ရှင်မှာ ငွေများကို လက်လွှတ်စပါယ် သုံးစွဲနေသောကြောင့် လီဟမ်ရှန်းသည် ငွေတုံးများမှာ ထင်သလောက် တန်ဖိုးမရှိဟု ထင်နေခဲ့ခြင်း ဖြစ်ပါသည်။

တကယ့်တကယ်တန်းမှာမူ မူလခန္ဓာကိုယ်ပိုင်ရှင်မှာ အသုံးအဖြုန်းကြီးနေခြင်းသာ ဖြစ်ပါ၏။

စားသောက်ပြီးစီးသည့်နောက်တွင် လီချန်ချင်းသည် မြို့ထဲသို့ လျှောက်ပတ်ရန်ဆုံးဖြတ်လိုက်လေတော့သည်။သူ့အချိန်များကို မူလခန္ဓာကိုယ်ပိုင်ရှင်လို မဖြုန်းတီးရန်ဆုံးဖြတ်လိုက်လေတော့သည်။သားဖြစ်သူကို မှီခိုပြီး ဘဝကို ဖြတ်သန်းမည့် အဓိပ္ပာယ်မရှိသော စိတ်ကူးကို ဘေးဖယ်ထုတ်လိုက်လေ၏။

ထိုကဲ့သို့သော သားမျိုးရှိနေခြင်းသည် လီချန်ချင်းအဖို့ လွန်စွာ နှလုံးကွဲကြေမတက်ကို ခံစားနေခဲ့ရတော့သည်။

မြို့ငယ်လေးတမြို့ဖြစ်သည့်တိုင် တော်တော်ကြီးမားကာ စည်းကားလှသည်ဟု ဆိုရပေမည်။လီချန်ချင်းသည် နှစ်နာရီကျော်ကြာအောင် လမ်းလျှောက်ကာ လျှောက်ကြည့်နေမိသည်။လမ်းတလျှောက်တွင် သူ့အားနှုတ်ဆက်သော လူများစွာတို့နှင့် ကြုံတွေ့ခဲ့ရလေ၏။သို့ပေမယ့် သူသည် ထိုလူများနှင့် ပတ်သက်ပြီး မည်သည့် မှတ်ဉာဏ်မှ ရှိမနေသောကြောင့် မမှတ်မိပေ။

ကံကောင်းသွားသည်မှာ ယခင် လီချန်ချင်းမှာ သီးသန့်နေကာ မိတ်ဆွေ မပေါများသော လူဖြစ်သောကြောင့် တော်ပေသေးသည်။ထိုသို့မဟုတ်ပဲ သူနှင့် အကျွမ်းတဝင် ရှိသော လူနှင့် ဆုံရပါက ရှင်းပြရ ခက်ခဲပေလိမ့်မည် ဖြစ်သည်။

“ပန်းချီဆရာလီ” ဆိုင်တဆိုင်အရှေ့သို့ အရောက်တွင် ဆိုင်ထဲမှ တစုံတယောက်သည် သူ့အား လှမ်းခေါ်လိုက်လေသည်။

ခေါ်လိုက်သူမှာ ဝဝပုပုနှင့် လူဖြစ်ပြီး လီချန်ချင်းအား ပြုံးရင်း သူ၏ ကြီးမားလှသော လက်ဖဝါးကြီးနှစ်ဖက်ကို ပွတ်သပ်ရင်း ကြည့်နေတော့လေသည်။

“ခင်ဗျားရဲ့ သားတော်မောင်က ဒီနေ့ ငွေပို့လိုက်တယ်လို့ကြားတယ်။ဆိုင်ထဲဝင်ကြည့်ပါဦးဗျ။ကျုပ်မှာ ပန်းချီဆွဲဖို့ အရမ်းသင့်တော်တဲ့ တိမ်လွှာစာရွက်တွေ ရောက်နေပြီ။ခင်ဗျား ပန်းချီဆွဲဖို့ အရမ်း သင့်တော်တဲ့ ထိပ်တန်းအဆင့် ပန်းချီစာရွက်တွေပဲဗျ”

လီချန်ချင်းသည် ဆိုင်အတွင်းသို့ ဝင်ပြီး ကြည့်ရှုရာ စာရေးကိရိယာများ ရောင်းချသော ဆိုင်ဖြစ်နေသည်ကို သိလိုက်ရလေတော့သည်။

ယခင် လီချန်ချင်းသည် ဤနေရာ၌ ပန်းချီဆွဲရန်အတွက် ပစ္စည်းများ မကြာခဏ လာဝယ်လေ့ရှိဟန် တူလေသည်။

လီချန်ချင်းသည် ဆိုင်အတွင်းသို့ လှည့်ပတ် ကြည့်ရှုလိုက်ရာတွင် ဆိုင်ထဲ၌ စုတ်တံများ၊မှင်များ၊စာရွက်များနှင့် မှင်တုံးများကို တွေ့လိုက်ရလေတော့သည်။ထိုအရာများအားလုံးမှာ လှပသည့်တိုင် လီချန်ချင်း အဖို့ သာမန်လောက်မထူးဆန်းသလို ခံစားလိုက်ရတော့သည်။

“ဒီ အသစ်ရောက်လာတဲ့ စာရွက်တွေက တရွက်ကို ဘယ်လောက်လဲ” လီချန်ချင်းသည် သိလိုစွာနှင့် မေးလိုက်တော့လေသည်။

“ဟီးဟီး ဒီတိမ်လွှာစာရွက်တွေက အရမ်းကို ရှားပါးလွန်းတယ်လေ။ခင်ဗျားလိုချင်လို့ လာလာမေးနေတာ ကြာပြီပဲ။ဒီနေ့ပဲ ရောက်တယ်လေ ဒါကြောင့် များများ ဝယ်မှ ဖြစ်မယ်နော်။ဈေးနှုန်းအတွက်ကတော့ စိတ်ပူမနေနဲ့။ ပန်းချီဆရာလီက ဖောက်သည်ပဲဟာကို။တရွက်ကို ငွေပြား သုံးပြားပဲပေး”

ဆိုင်ရှင် လူဝကြီးသည် သူ၏ မျက်လုံးများကို မှေးစင်းကာ ပြောလိုက်လေ၏။

လီချန်ချင်းသည် သူ အခုလေးတင် စားခဲ့သော ဆန်ပြုတ်တစ်ပန်ကန်းလုံး ပြန်အန်ထွက်တော့မလိုပင် ဖြစ်သွားခဲ့လေသည်။

သူသည် အံ့ဩတကြီးနှင့် ပြောလိုက်လေတော့သည်။

“စာရွက်တရွက်တည်းကို ငွေပြား သုံးပြားလား”

“ဟုတ်တယ်လေ ပန်းချီဆရာလီက ဖောက်သည်ဖြစ်နေလို့ လျှော့ပေးထားတာ သူများတွေကိုဆိုရင် ငွေပြား ငါးပြားနဲ့ ရောင်းမှာဗျ” ဆိုင်ရှင် လူဝကြီးကလည်း လီချန်ချင်းကို အံ့အားသင့်စွာ ကြည့်ရင်းပြောလိုက်တော့လေသည်။

လီချန်ချင်းသည် ယနေ့ ပုံမှန်မဟုတ်သလို သူခံစားနေခဲ့ရလေ၏။ပုံမှန် လီချန်ချင်းသည် တိမ်လွှာစာရွက်များကို မြင်သည်နှင့် သွားရည်တမျှားမျှားကျကာ ငွေပြားသုံးပြားကို ဈေးကြီးသည်ဟုပင် တွေးမနေတော့ပဲ တခါထဲ ပြေးဝယ်သွားလိမ့်မည် ဖြစ်လေသည်။

လီချန်ချင်းသည် စာရွက်များကို ကြည့်နေရင်း ဘာပြောရမှန်းမသိ ဖြစ်နေတော့လေသည်။သူသည် နောက်ဆုံးတွင် လီချန်ချင်း၏ ချမ်းသာသော မိသားစု၏ စည်းစိမ်များ မည်ကဲ့သို့ ကုန်ဆုံးသွားမှန်းကို နားလည်သွားတော့လေသည်။

ပန်းချီဆရာတယောက်ဖြစ်ရန် မလွယ်ကူနေပါချေ။

လိုအပ်သော ရင်းနှီးမြုတ်နှံမှုများမှာ အလွန်များပြားလှပေသည်။

“ကျုပ် ပြန်မှ ဖြစ်မယ်။အိမ်မှာ စွတ်ပြုတ်အိုးကို မီးမပိတ်ပဲ တည်ခဲ့မိတာ ခုမှသတိရလို့” လီချန်ချင်းသည် ချက်ချင်းပင် နှုတ်ဆက်စကားပြောလိုက်လေသည်။သူသည် ပုံဆွဲရန်အတွက် ငွေကြေးကို ထိုမျှလောက် လုံးဝ အသုံးမပြုနိုင်ခဲ့ပါချေ။ပန်းချီဆွဲခြင်းမှာ ရွှေတုံးများကို မျိုချနေခြင်းနှင့် တူညီပေသည်။

မျက်စိတမှိတ်အတွင်းမှာပင် လီချန်းချင်သည် ဆိုင်ထဲမှ လှစ်ကနဲ ပြေးထွက်ပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေတော့သည်။

ထိုအချိန်ကျမှ လီချန်ချင်းသည် တစုံတခုကို သတိပြုမိသွားခဲ့လေတော့သည်။သူသည် ဈေးပေါင်း ရှစ်ဈေးလောက်ကို ဖြတ်ကျော်လာခဲ့ပြီးဖြစ်လေသည်။ထိုဈေးများတွင် ပန်းပုရုပ်များကို ထုရောင်းသည့် ပန်းပုဆိုင်များကို လုံးလုံးပင် မတွေ့ရှိခဲ့ပေ။

ပန်းပုရုပ်တွေကို ‌ရောင်းတဲ့ နေရာကော ရှိလို့လား

ထိုအတွေးဝင်လာသည်နှင့် စမ်းကြည့်ရန် သူဆုံးဖြတ်လိုက်လေတော့သည်။အနည်းဆုံးတော့ ဝင်ငွေရအောင် သူ့ဘာသာသူ ရှာဖွေခြင်းကပဲ သူ့အတွက် အာမခံချက် ရှိပေလိမ့်မည်။သူ့သားထံမှ ငွေကြေးကို မျှော်ကိုးပြီး ဘဝတလျှောက်လုံးတွင် ထိုင်စားမနေချင်ပေ။

လီချန်းချင်သည် သူ့မျက်နှာကို ထိုကဲ့သို့ အပျက်မခံလိုပေ။

ထိုအတွေးနှင့် လီချန်းချင်သည် အနောက်သို့ ချက်ချင်းလှည့်ကာ ပန်းပဲဖိုရှိရာသို့ သွားလိုက်လေတော့သည်။

ပန်းပုထုရန်အတွက် အရင်ဆုံး ပစ္စည်းများ လိုအပ်သည် မဟုတ်ပါလား

All Chapters