“စုတ်ချက်တိုင်းမှာ မြစ်ချောင်းနဲ့ ပင်လယ်ကို ရေးဆွဲတယ်..ပြီးတော့ စုတ်တံနဲ့ပဲ တောင်နဲ့ မြစ်တွေကို အဆုံးအဖြတ်ပေးတယ်” တချို့လူတွေကတော့ တောင်ထိပ်ပေါ်မှာ မာန်ကြွနေတဲ့ ကျွဲတကောင်ပုံကို ရေးဆွဲထားတဲ့ ပန်းချီကားချပ်ကို ကြည့်ပြီးတော့ စွမ်းအားကြီးမားလှတဲ့ “တောင်ဖြိုသိုင်း” ကို ဉာဏ်အလင်းပွင့်ခဲ့ကြတယ်။ “တောင်ဖြိုသိုင်းရဲ့ အဖျက်စွမ်းအားကြီးမားမှုဟာ ကျင့်ကြံသူကို လက်ဗလာနဲ့ တောင်တတောင်ကို ရွှေ့ပြောင်းနိုင်စွမ်းရှိတယ်” တချို့လူတွေကတော့ ပန်းချီကားထဲက အေးစက်တဲ့ လရောင်အောက်မှာ စိုက်ထူထားတဲ့ ဓားတချောင်းပန်းချီကို ကြည့်ပြီးတော့ “လစကြာဓားသိုင်း” ကို ဉာဏ်အလင်းပွင့်ပြီး ရရှိခဲ့ကြတယ်။အဲ့ဒီ့ဓားသိုင်းနဲ့အခြားကမ္ဘာက မကောင်းဆိုးဝါးတွေအားလုံးကို နှိမ်နင်းနိုင်ပြီး လောကကြီး တခုလုံးကို ဂုဏ်သတင်းပျံ့နှံ့သွားစေနိုင်တယ်။ လီချန်ချင်းသည် ပန်းပုထုရာတွင် တဖတ်ကမ်းခတ်အောင် ကျွမ်းကျင်သော လူတစ်ယောက်ဖြစ်ပါသည်။သူက သေဆုံးပြီးနောက်တွင် စန်းယွမ်ကမ္ဘာတွင် ပြန်လည် ကူးပြောင်းဝင်စားခဲ့ပါ၏။ဝင်စားပြီးနောက် သိလိုက်ရသည်မှာ သူထုလုပ်သော ပန်းပုရုပ်များမှာ သူ့အရင် ခန္ဓာကိုယ်ပိုင်ရှင် ရေးဆွဲသော ပန်းချီကားများထက် ဉာဏ်အလင်းပွင့်နိုင်စွမ်း ပိုရှိနေသည်ကို သိလိုက်ရတော့သည်။ ယခင်အခြေအနေ ဖြစ်သော စားရမဲ့သောက်ရမဲ့ ဘဝနှင့် ဆင်းရဲမွဲတေနေသော ပန်းချီဆရာ အနေအထားမှ သူသည် စန်းယွမ်ကမ္ဘာ၏ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့တော့၏။ သူ၏ အတိတ်ဘဝတွင် သူသည် ပန်းပုထုခြင်းကို အလွန်အမင်းကို စွဲလန်းသည့် အပြင် ဆိုဆုံးမ၍ မနိုင်သော သားတယောက်ရှိခဲ့ဖူးပါသည်။ သို့သော် ယခု စန်းယွမ်ကမ္ဘာတွင်မူ သူ့တွင် မိဘအပေါ်ကို သိတတ်နားလည်ပြီး လွန်စွာ လိမ္မာရေးခြားရှိသော သားတစ်ယောက်ရှိနေသည်ကို သိလိုက်ရလေတော့သည်။ထို သားမှာ ပါရမီနည်းပါးသော်လည်း ဂိုဏ်းတဂိုဏ်း၌ ကြိုးကြိုးစားစား ကျင့်ကြံကာ အင်မော်တယ်ဖြစ်ရန် ကြိုးပမ်းနေသူလည်း ဖြစ်ပါသည်။ “ငါ့သားက အင်မော်တယ်တပါး ဖြစ်ချင်တယ်ဆိုမှတော့ သူ့ အဖေဖြစ်တဲ့ ငါက အဲ့ဒီ့ဆန္ဒပြည့်ဝအောင် ဖြည့်ဆည်းပေးရမှာပေါ့” သို့ပေမယ့် သားဖြစ်သူ လီဟမ်ရှန်းကမူ သူ၏ အသုံးမကျကာ ငွေအမြဲလိုနေသော ဖခင်၏ ခန္ဓာကိုယ်ထဲသို့ တစုံတယောက်က ဝင်ပူးထားသည်ဟု စတင် သံသယ ဝင်လာလေတော့သည်။ သူ က ဘယ် သူ လဲ ?

