← Chapters

စီနီယာ အကိုက မင်းကို ကြက်ရှာဖို့ ခေါ်သွားမယ်

Vol. 8 Ch. 74

စီနီယာ အကိုက မင်းကို ကြက်ရှာဖို့ ခေါ်သွားမယ်

Vol. 8 Ch. 74

ထိုနားလည်ရခက်သည့် အပြုံးက လီဟမ်ရှန်းက ကြက်သီးထသွားစေခဲ့သည်။

ဒီအပြုံးက ဘာအဓိပ္ပါယ်လဲ။

သို့သော်လည်း ရှမူဟိုင် ဘာကိုပဲ ပြောသည်ဖြစ်စေ စိန်ခေါ်ရန် ဆုံးဖြတ်လိုက်သည့် လီဟမ်ရှန်း၏ စိတ်ဓာတ်အား ပိုမိုခိုင်မာလာခဲ့စေတော့သည်။

" ကျွန်တော် နောက်မှပဲ ကြိုးစားကြည့်ပါတော့မယ် " လီဟမ်ရှန်းက မစဉ်းစားဘဲ ကမူးရူးထိုးလုပ်တဲ့သည့် သွေးဆူတတ်သူတစ်ယောက်မဟုတ်ပေ။ အနည်း‌ဆုံးတော့ သူ၏ အကို ၃ ကျိုးကျွင်း၏ ထင်မြင်ချက်ကို အရင်ဆုံး တောင်းပေလိမ့်မည်။

" ကောင်းပြီ ၊ ကောင်းကောင်းလေ့ကျင့် ။ တကယ်လို့ မေးစရာတစ်ခုခုရှိလာခဲ့ရင် ငါ့ဆီကိုလာခဲ့ "

ရှမူဟိုင်က ပြောပြီးသည့်နောက်တွင် ထွက်သွားခဲ့သည်။

အရင်က ရှမူဟိုင် သည် သူ၏ တပည့်အပေါ်၌ မျှော်လင့်ချက် ကြီးကြီးမားမား ဆုပ်ကိုင်မထားပေ။ သို့သော်လည်း ယနေ့တွင် လီဟမ်ရှန်းက ' အင်မော်တယ်တပါးကို ကျောက်တောင်ပေါ်မှ ငေးကြည့်ခြင်း ပန်းချီကား ' ကို နားလည်သဘောပေါက်ခဲ့ပြီး ' အင်မော်တယ် အရှင်သခင် လှံသိုင်း ' အား ကျင့်ကြံနေခဲ့သောကြောင့် ရှမူဟိုင်က အနည်းငယ် စိတ်ဝင်စားလာခဲ့သည်။

လီဟမ်ရှန်း က ဘယ်လောက်ဝေးဝေးထိ သွားနိုင်မလဲဆိုသည်ကို သူသိချင်ပေသည်။

အစွမ်းထက်သည့် သူ့အဖေ လီချန်ချင်း ၏ ပံ့ပိုးမှုနှင့် ဆိုလျှင် အနာဂါတ်၌ ပြန်လည်မွေးဖွားခြင်းအဆင့်ကို ရောက်ရှိရန် အလားအလာကောင်းနေပေသည်။

ရှမူဟိုင်ထွက်သွားပြီးသည့်နောက်တွင် လီဟမ်ရှန်းက ပြန်လာခဲ့ပြီး တောင်အနောက်ရှိ ဝါးရုံတောထဲ၌ အင်မော်တယ် ပုံဖော်ခြင်း လှံနှင့်လေ့ကျင့်နေခဲ့သည်။

အင်မော်တယ် ပုံဖော်ခြင်းလှံ၏ ခံစားချက် ကိုစကားလုံးများဖြင့် မဖော်ပြနိုင်ပေ။

လီဟမ်ရှန်း က ၎င်းအား အလွန် သဘောကျပေသည်။

ခိုင်ခံ့သော်လည်း ပျော့ပျောင်းပေသည်။ ၎င်းက " အင်မော်တယ် အရှင်သခင် လှံသိုင်း " နှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ညီသည့် လှံတစ်ချောင်းဖြစ်သည်။

သူအရင်ကသုံးခဲ့သည့် သာမန်လှံများနှင့် လုံးဝ မတူညီပေ။

ယခု လီဟမ်ရှန်းက သွေးမျိုးဆက် နှစ်ခုအား ကျင့်ကြံနေခဲ့သည်။

သူက အင်မော်တယ် အရှင်သခင် လှံသိုင်း အား ခွန်အားအလုံးစုံ၌ သုံးသည့်အခါတွင် သူက 4 ခုမြောက် လှံသိုင်း ကို ထုတ်ဖော်နိုင်ခဲ့သည်။

သို့သော်လည်း ဤသည်က အကန့်အသတ်ရှိပေသည်။

အကယ်၍ သူ၏ အသက်အား စွန့်စားရန် ဆန္ဒရှိပါက 5 ခုမြောက်လှံသိုင်းကို ထုတ်ဖော်နိုင်ဖို့ ဖြစ်နိုင်သည်ဟု လီဟမ်ရှန်းက ခံစားခဲ့ရသည်။

သို့သော်လည်း ထိုသို့ လုပ်ခဲ့ပါက သူ က အမှန်တကယ် သေဆုံးသွားပေလိမ့်မည်။

အင်မော်တယ်ညအရှင်သခင် လှံသိုင်း ၏ လှံသိုင်းတစ်ခုချင်းဆီက တစ်ခုထက် တစ်ခု ပို၍ ပေါက်ကွဲနိုင်စေသည်။ လီဟမ်ရှန်း ၏ ခန္ဓာကိုယ်ခွန်အားနှင့် သွေးချီ က သန်မာသော်လည်း ၎င်းက အကန့်အသတ်ရှိပေသည်။

" အင်မော်တယ် ပုံဖော်ခြင်း လှံ က ထုတ်ဖော်နိုင်တဲ့ အင်မော်တယ် အရှင်သခင် လှံ သိုင်း ရဲ့ အစွမ်းက အဆင့်တစ်ခုကို ရောက်ရှိသွားပြီပဲ " လီဟမ်ရှန်း က သူ၏ ခန္ဓာကိုယ်အတွင်းမှ အမောတကောဖိနှိပ်ဖို့ရာ မဖြစ်နိုင်လုနီးပါး တစ်ဟုန်ထိုး တိုးတက်နေသည့် သွေးချီများကို ခံစားရပြီး " ဒါပေမယ့်လည်း ဒီ လှံကျင့်စဉ်က လေ့ကျင့်ဖို့ တကယ်ခက်ခဲတယ်"

" ဒါက အစပဲရှိသေးတယ်။ နောက်ပိုင်း လှံသိုင်းတွေက ရှေ့ကဟာတွေထက် ပိုပြီးခက်ခဲမှာ။ ငါ့ရဲ့ လေ့ကျင့်မှုကို ပိုပြီးကောင်းကောင်းလေ့ကျင့်သင့်တယ် " လီဟမ်ရှန်း က တစ်ကိုယ်တည်းတွေးနေခဲ့သည်။

အကယ်၍ လီဟမ်ရှန်း က တက်လှမ်းခြင်း အဆင့် ၇ ဖြင့် ၄ ခုမြောက်လှံသိုင်းအား ထုတ်ဖော်နိုင်သည်ကို မျောလွင့်ပုံရိပ် ခန်းမသခင်နှင့် ရှမူဟိုင် သာ သိခဲ့ပါက သူတို့က အလွန်အံ့အားသင့်ကာ ပြောစရာစကားမရှိ ဖြစ်သွားကြပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် "အင်မော်တယ် အရှင်သခင် လှံသိုင်း " အား လေ့ကျင့်ပြီး သေဆုံးသွားကြသည့် တပည့်လေးဦးအနက် တစ်ဦးသာလျှင် လှံသိုင်း နှစ်ခု ကို ထုတ်ဖော်နိုင်ခဲ့ပေသည်။

နောက်တစ်ဦးက ၃ ခုမြောက် လှံသိုင်းကို ထုတ်ဖော်နိုင်ခဲ့သည်။

အသန်မာဆုံးဖြစ်သည့် နောက်ဆုံးတစ်ယောက်က ၅ခုမြောက် လှံသိုင်းကိုသာ ထုတ်ဖော်နိုင်ခဲ့သည်။

(လေးယောက်ဆိုပြီးတော့ သုံးယောက်ပဲတွေ့တယ် တစ်ယောက်က မထုတ်ဖော်နိုင်တာလားမသိဘူး)

သို့သော်လည်း သူတို့လေးယောက်လုံးက ပြန်လည်မွေးဖွားခြင်း အဆင့်ကို ဝင်ရောက်နေကြပြီးဖြစ်သည်။

အထူးသဖြင့် 5ခုမြောက် လှံသိုင်းအားထုတ်ဖော်နိုင်ရုံမျှသာဖြစ်သည့် တပည့်မှာ ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ရောက်နှင့် နေနှင့်ပြီးဖြစ်သည်။

" တကယ့်တိုက်ပွဲတွေမှာ ဒီလှံသိုင်း 4 ခု အပေါ်မှာ လုံးဝဉဿုံ မှီခိုတာက တကယ်ကို အန္တာရာယ်များတာပဲ"

ယခုတွင် လီဟမ်ရှန်း က မျောလွင့်ပုံရိပ်ခန်းမသခင် ပြောသည်ကို နားလည်သွားပြီဖြစ်သည်။

ဒီလှံသိုင်း က တကယ်ကို ကြီးစိုးနိုင်ပြီး အင်အားကြီးလှပေသည်။

တစ်ဦးချင်းတိုက်ပွဲ၌ ခွန်အားကွာခြားမှုက အရေးမပါဘဲ သေချာပေါက် အထက်စီးက ရှိနေမည်ဖြစ်ကာ အဆင့်ပိုမြင့်သည့် ရန်သူများကိုပင် သတ်နိုင်မည်ဖြစ်သည်။

သို့သော်လည်း ရန်သူက ပို၍ များလာပါက အန္တရာယ်ဖြစ်လာပေလိမ့်မည်။

ညနေခင်း၌။

လီဟမ်ရှန်းသည် တောင်အနောက်ဘက်မှ ပြန်ရောက်လာခဲ့သည့်အခါ၌ ရှုခွေအားပြောလိုက်သည် " ဦးလေးရှု ၊ ဒီနေ့ည ကျွန်တော် အိမ်မှာ စားမှာမဟုတ်ဘူး။ ကျွန်တော် အပြင်သွားမလို့"

" ကောင်းပါပြီ ၊ ကျွန်တော်လိုက်ပေးဖို့လိုသေးလား " ရှုခွေက မေးခဲ့သည်။

" မလိုပါဘူး ၊ ကျွန်တော် တောင်တံခါးပေါက်ကနေ မ‌ထွက်ပါဘူး။ အကို ၃ ဆီကို အလည်သွားမလို့ပါ " လီဟမ်ရှန်း က အပြုံးနှင့်ပြောလိုက်သည်။

" ကောင်းပါပြီ " ရှုခွေက ခေါင်းညိမ့်ခဲ့သည်။

အကယ်၍ လီဟမ်ရှန်း က ရှေးဟောင်းတာအိုတောင်နယ်မြေမှ ထွက်ခွာပြီး အပြင်သွားမည်ဆိုပါက ရှုခွေက သေချာပေါက်လိုက်ရမည်ဖြစ်သည်။ အဖိုးတန်သည့် တိုက်ရိုက်တပည့်အသီးသီးအား မည်သည့်မတော်တဆမှုမျိုးမှ အဖြစ်မခံနိုင်ပေ။

ကျိုးကျွင်းက စန်းကျွင်း တောင်ထိပ်၌ နေထိုင်ပေသည်။

ဤသည်က လီဟမ်ရှန်း၏ ပထမဆုံး လည်ပတ်မှုဖြစ်သည်။

ထိုနေရာသို့ရောက်သည်နှင့် လီဟမ်ရှန်းသည် ချင်းကျုးတောင်ထိပ်က တကယ် ကောင်းမွန်သည်ဟု အမှန်တကယ် ခံစားလိုက်ရသည်။ တောင်တစ်ခုလုံး၏ စိတ်ဝိဉာဉ်စွမ်းအားများက အဆင့်အဆင့် ပို၍ မြင့်လာခဲ့ပေသည်။

လီဟမ်ရှန်းအား နှုတ်ဆက်ကြိုဆိုသည့်သူက ကျိုးကျွင်း စံအိမ်၏ အိမ်တော်ထိန်းဖြစ်သည်။

" ခဏစောင့်ပါဦး သခင်လေး ကို ကျွန်တော်သွားပြီး ခေါ်လိုက်ပါမယ် " အိမ်တော်ထိန်းက လီဟမ်ရှန်း အား လက်ဖက်ရည်ဖြင့်ဧည့်ခံပြီး ပြန်ထွက်သွားခဲ့သည်။

လီဟမ်ရှန်း က လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး အခန်းကို လှည့်ပတ်ကြည့်နေခဲ့သည်။

သိပ်မကြာခင်မှာပဲ အပြင်ဘက်မှ ကျိုးကျွင်း၏ အသံကို ကြားခဲ့ရသည် " ဟားဟားဟား ညီ ၄ ပါလား ။ ဘယ်လို ရှားရှားပါးပါး ဧည့်သည်လဲ ! မင်း ဒီနေ့ည ရောက်မလာရင် ငါက မင်းဆီလာလည်တော့မလို့ စီစဉ်နေတာ "

ထို့နောက် ကျိုးကျွင်း က စိတ်အားထက်သန်စွာကြည့်ရင်း အခန်းတွင်းသို့ လျောက်လာခဲ့သည်။

ကျိုးကျွင်း၏ စိတ်လှုပ်ရှားနေသည့် မျက်နှာအားကြည့်၍ လီဟမ်ရှန်း က အံ့အားသင့်နေခဲ့သည်။ အဲ့လောက် စိတ်လှုပ်ရှားစရာလိုလို့လား။

သူ့ရဲ့အကြည့်က တစ်ခုခုပဲ။

သူ့ရဲ့ အကို ၃ က သူ့အပေါ်မှာ စကားနဲ့ဖော်ပြလို့မရနိင်တဲ့ စိတ်ဝင်စားမှုမျိုးရှိနေတာဖြစ်နိုင်လား။

ဒါဆို သူက ထောက်ချောက်ထဲမှာ လမ်းလျောက်နေရတာလား။

လီဟမ်ရှန်း က အနည်းငယ် စိုးရိမ်လာခဲ့သည်။

" မင်းရောက်လာတာ အချိန်ကိုက်ပဲ ညီ ၄ ရေ ၊ ဒီအကို က ပျော်စရာ အချို့လုပ်ဖို့ သွားမလို့" ကျိုးကျွင်းက ကျယ်လောင်စွာရယ်ရင်း ပြောခဲ့သည်။

"အပြင်ထွက်မှာလား"

လီဟမ်ရှန်း က အံ့အားသင့်သွားခဲ့ပြီး " ဘယ်ကိုလဲ "

" အင်း စိတ်လှုပ်ရှားစရာတစ်ချို့ရှာဖို့ မင်း ကိုခေါ်သွားမလို့ " ကျိုးကျွင်း က ပြုံးစိစိဖြင့်ပြောလိုက်သည် " မင်း ငါတို့ဆရာရဲ့ တပည့် ဖြစ်လာပြီးကတည်းက အချိန်တိုင်းနီးပါး ချင်းကျူးတောင်မှာပဲ လေ့ကျင့်နေခဲ့တာ။ မပျင်းဘူးလား။ ကျင့်ကြံခြင်းမှာ အလုပ်လုပ်တာနဲ့ အနားယူတာကို ညီမျှအောင်ထားတာက အကောင်းဆုံးပဲ "

" မင်း က သတ်ဖြတ်သူတစ်သောင်းတောင်ထိပ်မှာရှိနေတုန်းကလည်း အပြင်ထွက်ခဲတယ်လို့ ငါကြားခဲ့တယ်။ အဲ့လိုစိတ်ဓာတ်မျိုးက မကောင်းဘူး။ ကျင့်ကြံနှုန်း ကို ထိခိုက်စေတယ်။ မင်းကို ပျော်စရာတစ်ချို့ရှာဖို့ ငါခေါ်သွားပေးမယ်"

ကျိုးကျွင်း က လီဟမ်ရှန်း အား အပြင်ထွက်ပြီး အပျော်ရှာခြင်း၏ အကျိုးကျေးဇူးများအားပြောပြနေရင်းဖြင့် အဓိပ္ပါယ်မရှိမှုများနှင့် ပြည့်နှက်နေခဲ့သည်။

လီဟမ်ရှန်း၏ နှုတ်ခမ်းက မဲ့သွားခဲ့သည်။

ကျင့်ကြံနှုန်းကို သက်ရောက်စေတာလား။

သူ့ရဲ့ကျင့်ကြံနှုန်းက သက်ရောက်ဖို့လိုသေးတာလား။

အဲ့ဒါကို လျော့ချဖို့ နေရာရှိတယ်လား။

" စီနီယာ အကို ကျွန်တော် အကို့ ကို မေးစရာတစ်ခုရှိလို့ လာခဲ့တာ " လီဟမ်ရှန်း က စကားစလိုက်သည်။

" အခုအချိန်မှာ တခြားအရာတွေ အားလုံးကို ဘေးချထားလိုက်" ကျိုးကျွင်းက အပြင်ကိုကြည့်ပြီး ပြောလိုက်သည် " အချိန်နီးနေပြီ။ မှောင်တော့မယ်။ ငါတို့သွားဖို့ အဆင်သင့်ပြင်သင့်ပြီ။ ငါတို့ပြန်လာတဲ့အခါကျမှ တခြားအကြောင်းတွေကို ပြောကြတာပေါ့"

" ဒါဆို ကောင်းပါပြီ " ကျိုးကျွင်းက ထိုသို့ ပြောနေသည့်အတွက် လီဟမ်ရှန်း က တခြားဘာမှ မပြောနိုင်တော့ပေ။

ကျိုးကျွင်း က လီဟမ်ရှန်း ကို ခေါ်ကာ ခရမ်းမိုးကြိုး ကို စီးကာ ထွက်လာခဲ့ကြသည်။

" စီနီယာ အကို ၊ ကျွန်တော်တို့ ဘယ်ကို သွားနေတာလဲ "

" မင်း အတွက် ကြက်ပေါက်လေးတွေကို ရှာဖို့ ခေါ်သွားနေတာ " ကျိုးကျွင်းက နားလည်ရခက်စွာပြောလိုက်သည်။

" ဘယ်လို " လီဟမ်ရှန်း က အံ့အားသင့်သွားခဲ့သည်။

" ကျွန်တော်က ကလေးပဲ ရှိသေးတာလေ စီနီယာ အကို ! "

" ကလေးဖြစ်တာ ဘာဖြစ်လို့လဲ။ ကလေးတွေလည်း တစ်ချိန်ချိန်မှာ ကြီးပြင်းလာမှာပဲ " ကျိုးကျွင်းက အမှုမထားစွာပြောလိုက်သည် " အနှေးအမြန် ကြုံတွေ့လာရမယ့် အရာတစ်ချို့ရှိတယ်။ အဲ့လိုမဟုတ်ရင် နောင်ကျရင် မင်း စန်းယွမ်နယ်မြေထဲမှာ ဘယ်လိုအသက်ရှင်မလဲ "

" ဒါ ၊ ဒါပေမယ့် ..... " လီဟမ်ရှန်း က အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေခဲ့ပြီး သူ့စိတ်ထဲ၌ လုချောင်းချောင်း၏ မျက်နှာပေါ်လာခဲ့သည်။

လီဟမ်ရှန်း က တုံ့ဆိုင်းနေသည်ကို တွေ့ပြီး ကျိုးကျွင်းက ရယ်လိုက်ကာ " ပထမဆုံးအကြိမ်တုန်းက ငါလည်း တုံ့ဆိုင်းနေခဲ့တာ။ ဒီလိုလုပ်ဖို့ က အတော်လေး မှားတယ်လို့ ခံစားခဲ့တာ။ ဒါပေမယ့် အတွေ့အကြုံရှိသွားပြီးတဲ့နောက်မှာ ..... "

" အာ ခံစားချက်က တကယ်ကို ဖော်ပြလို့မရနိုင်ဘူးပဲ " ကျိုးကျွင်းက ပြန်လည်တွေးတောနေပုံပေါ်ခဲ့သည်။ " မင်း ၊ ကောင်လေး မင်းရဲ့ စီနီယာ အကိုနောက်ကို လိုက်လာခဲ့ပြီး ဘဝကောင်းလေးမှာ ပျော်ပျော်နေသင့်တယ် " ကျိုးကျွင်း က လီဟမ်ရှန်း က အားပါးတရပြုံးပြနေရင်း ပြောလိုက်သည်။

လီဟမ်ရှန်း၏ စိတ်ထဲ၌ ဝရုန်းသုန်းကားဖြစ်နေခဲ့သည်။ အရွယ်ရောက်သူများ၏ ကမ္ဘာက အမှန်တကယ်ပင် ရှုပ်ထွေးပေသည်။ သို့‌သော်လည်း သူက တစ်ချိန်ချိန်၌ ထိုအရာအား ရင်ဆိုင်ရမည်ကို သူသိပေသည်။ သူက ကြီးပြင်းလာရပေမည်။

" ကျွန်တော်တို့ တောင်အောက်ကမြို့ကို သွားနေတာလား" လီဟမ်ရှန်း က သတ်ဖြတ်သူတစ်သောင်းတောင်ထိပ်၌ ရှိသည့်အချိန်က အကြီးအကဲများနှင့် ဈေးဝယ်ထွက်ရန် တောင်အောက်သို့ဆင်းရသည့် အချိန်အား တွေးနေခဲ့သည်။ သူသည် မြို့ထဲရှိ နွေးထွေးပြီး နှစ်လိုဖွယ်ကောင်းသည့် ခန်းမဆောင် နှင့် လွင့်ပျံ့နေသည့် ပန်းပွင့်များကြောင့် သူတို့၏ အလှက ဆွဲဆောင်မှုရှိနေသည့် ဆောင်ကြာမြိုင် အဝင်ဝမှ မိန်းမငယ်လေးများကို အမှတ်ရနေခဲ့သည်။

တစ်ယောက်ချင်းဆီက အရမ်း ညှို့ငင်နိုင်ပြီး ဆွဲဆောင်မှုရှိကြပေသည်။

သူတို့ဖြတ်သွားကြသည့်အကြိမ်တိုင်း သူ၏ အပေါင်းအပါတပည့်များက ကူကယ်ရာမဲ့စွာဖြင့် တစ်ခါမက ခိုးကြည့်ခဲ့ကြပေသည်။

ထိုကဲ့သို့ နေရာများက ဒီတစ်ဘဝလုံး သူနှင့် သက်ဆိုင်လာလိမ့်မည်မဟုတ်ဟု ထင်ထားခဲ့သော်လည်း ယခုတော့ မထင်မှတ်ထားဘဲ............

ဒီနေ့ သူက အရာအားလုံးကို ကြုံတွေ့ရတော့မည်ဖြစ်သည်။

" စီနီယာအကို " လီဟမ်ရှန်း က မေးဖို့ရာ အားခဲလိုက်ပြီး " ကျွန်တော် ... ကျွန်တော်ကြားဖူးတာက ပထမဆုံးအကြိမ်က နာကျင်နိုင်တယ်တဲ့ ။ အဲ့တာ အမှန်ပဲလားဟင် "

All Chapters