အခန်း (၃၁၈)
Vol. 28 Ch. 318
ဒီအခွင့်အရေးကို လက်လွှတ်မခံဖို့အတွက်
ငါမျှော်လင့်ပါတယ်။ အသံမှာ
တည်ငြိမ်စွာဖြင့်ပြောလိုက်ပါ၏။ ထိုအသံထဲတွင်
မည်သည့်စိတ်ခံစားချက်မျှ မပါဝင်ပါ။
“ မေးခွန်းတစ်ခု
ဟုတ်လား။ ဘယ်မေးခွန်းမဆိုလား”
လီဟမ်ရှန်းက
မျက်မှောင်ကျုံ့ကာပြောလိုက်၏။
“ဘယ်မေးခွန်းမဆို
ငါဖြေမယ်” ထိုအသံက ဖြေလိုက်ပါသည်။
“မင်းဘယ်အရာမဆို သိချင်တာပဲဖြစ်ဖြစ် မင်းဘာပဲ
မေးမေးငါအကုန်သိတယ်။ ငါဖြေနိုင်တယ်”
ထိုစကားကို
ကြားသော် လီဟမ်ရှန်းက အနည်းငယ်အံ့ဩသွားပါ၏။
ဘယ်လောက်တောင် မာနကြီးလိုက်လဲ ဟင်။
သူဘာမေးမေး ဒီအင်မော်တယ်က ဖြေနိုင်တယ်ပေါ့လေ။
ဘယ်မေးခွန်းမဆို သူ့မှာအဖြေရှိတယ်ဆိုတော့…
လတ်တလော၌ လီဟမ်ရှန်းက ဘယ်အရာကို
မေးရမလဲဆိုတာ သူမသိပါ။
“ မင်းဆုံးဖြတ်ပြီးပြီလား”
အသံက ဆက်လက်၍ လွင့်မြောနေခဲ့ပါ၏။
“ဘာမေးရမလဲဆိုတာ မသိဘူးဆိုလို့ရှိရင်တော့ မင်းကိုငါ
နည်းနည်းပါးပါး အကြံပေးနိုင်တယ်”
“ ဟင်”
သူ့ကို
ဘယ်လိုအကြံပေးမလဲဆိုတာကို
လီဟမ်ရှန်းကသိချင်သွားပါ၏။
“ မင်းက
အင်မော်တယ်အရှင်သခင်လှံသိုင်းကို ကျင့်ကြံထားတာကို
ငါတွေ့ခဲ့တယ်။ အဲ့တာဆိုလို့ရှိရင် အစစ်အမှန်
အင်မော်တယ် အရှင်သခင်လှံက ဘယ်နေရာမှာ
ရှိတယ်ဆိုတာကို ငါမင်းကို ပြောပြနိုင်တယ်။ မင်းသာ
အင်မော်တယ်အရှင်သခင်လှံကို အသုံးပြုပြီးတော့
အင်မော်တယ်အရှင်သခင်လှံသိုင်းကို
တွဲဖက်လိုက်မယ်ဆိုလို့ရှိရင် မင်းရဲ့ ခွန်အားက အရမ်းကို
တဟုန်ထိုး ထိုးတက်သွားမှာပဲ။ အာ့ကြောင့်မလို့ မင်းက
ဒီအခွင့်အရေးကို မလွဲချော်ချင်ဘူးလို့ ငါယုံကြည်တယ်”
အသံကပြောလိုက်ပါ၏။
အင်မော်တယ်အရှင်သခင်လှံတဲ့လား။ ဒါပေါ့။
လီဟမ်ရှန်းက အရမ်းလိုချင်တာပေါ့။
အင်မော်တယ်အရှင်သခင်လှံ၊ နတ်ဘုရားလက်နက်တွင်
အဆင့် ခုနစ်ဝင်သောလက်နက်၊
လောကကြီးတွင်
နံပါတ်တစ် လှံလက်နက်
လီဟမ်ရှန်းက
မလိုချင်ပဲနေပါ့မလား။ သူတတ်မြောက်ထားသော
အင်မော်တယ်အရှင်သခင်လှံသိုင်းနဲ့ဆိုလျှင် လုံးဝကို
တစ်ထပ်တည်း ဖြစ်သွားပါလိမ့်မည်။ ဒါပေမဲ့
အချိန်တော်တော်ကြာအောင် တွေးပြီးသည့်နောက်တွင်
လီဟမ်ရှန်းက သူ၏ဦးခေါင်းကို
မြှောက်ကာမေးလိုက်ပါ၏။
“ကျုပ်ခင်ဗျားကို
မေးစရာတော့ရှိတယ်။ ဒါပေမဲ့ ခင်ဗျားဖြေတဲ့အဖြေက
တစ်ရာရာခိုင်နှုန်းလုံးမှန်တယ်ဆိုတာကို ခင်ဗျား
အာမခံနိုင်လား”
“ ဟမ်း အင်မော်တယ်ကို
သံသယဝင်တယ်ပေါ့လေ” အသံက
ပထမဦးဆုံးအကြိမ်အဖြစ်ခံစားချက်ပါလာပြီး
ရယ်မောလိုက်ပါသည်။
“ ဘာမဟုတ်တဲ့
စန်းယွမ်နယ်မြေမှာရှိတဲ့
လျှို့ဝှက်ချက်တွေလောက်ကများ မင်းရဲ့အမြင်က
အရမ်းကို ကျဉ်းမြောင်းလွန်းသေးတယ်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ငါက
လောကကြီးတစ်ခုလုံးနဲ့ ကောင်းကင်ဘုံမှာဖြစ်တဲ့
အရာတွေအကုန်လုံးကို ငါသိနိုင်တယ်”
လီဟမ်ရှန်းက
သောက်မြင်ကပ်လာပြီး ပြန်ပြီးတော့
ရွဲ့ချင်စိတ်ပေါ်လာပါ၏။
ခင်ဗျားက
သောက်ရမ်းစွမ်းအားကြီးတယ်ဆိုလို့ရှိရင် ဘာလို့ အခု
ဒီနေရာမှာ ချိတ်ပိတ်ခံရတာလဲဟု သူကပြန်၍
မေးချင်ခဲ့ပါ၏။ ဒါပေမဲ့ လီဟမ်ရှန်းက နှုတ်မှ ထုတ်၍
မမေးရဲပါ။ ထိုအင်မော်တယ်က
ဘယ်လောက်စွမ်းအားကြီးလဲဆိုတာကို သူမသိပါ။
ချိတ်ပိတ်ခံထားရသည့်တိုင် သူ့အား အဝေးမှလှမ်း၍ သူ့အား
သတ်နိုင်လား မသတ်နိုင်လားဆိုတာကို
မသေချာသောကြောင့် မမေးရဲခြင်းလဲဖြစ်ပါသည်။
မှန်ပါ၏။ လီဟမ်ရှန်းတွင်
မေးချင်သောမေးခွန်းတစ်ခုရှိပါ၏။ ထိုမေးခွန်းမှာ
လီဟမ်ရှန်း၏နှလုံးသားထဲတွင် ရှိနေသည်မှာလဲ
လွန်စွာကြာမြင့်နေခဲ့ပါပြီ။ သူကထိုမေးခွန်းကို
မတွေးမိအောင်ကြိုးစားသော်လည်း
ယခုအချိန်တွင်တော့ အကြောင်းအခွင့်က ကြုံသည်
မဟုတ်ပါ့လား။
“ မေးစမ်း”
“ ကဲ အင်မော်တယ်ကြီး
ခင်ဗျားကို ကျုပ်မေးမယ်” လီဟမ်ရှန်းက
အသက်ပြင်းပြင်းရှူလိုက်ပါ၏။
“ကျုပ်အဖေက တကယ်ပဲ
ကျုပ်ရဲ့အဖေလား” လီဟမ်ရှန်း၏မေးခွန်းမှာ
တစ်ဖက်တွင် ရှိသော အင်မော်တယ်အား
ဆွံ့အသွားစေမည်မှာ အမှန်ပင်ဖြစ်ပါသည်။
“မင်းအဖေက
မင်းအဖေ မဟုတ်ဘူးဆိုလို့ရှိရင် မင်းအဖေက
မင်းအမေကြီးများလား”
“ အမ်း မဟုတ်ဘူး။ မဟုတ်ဘူး။
ကျုပ်ပြောချင်တာက သူက ကျုပ်အဖေဟုတ်သေးလား။
ဒါမှ မဟုတ်ရင်သူ့ကို တစ်ခုခုက ဝင်ပူးထားတာလား”
လီဟမ်ရှန်းက အထစ်ထစ် အငေါ့ငေါ့နဲ့
ပြန်ရှင်းပြလိုက်၏။ သူ၏ဖြေလျော့ထားသော
လက်ဖဝါးများမှာ ယခုအချိန်တွင်တော့
လက်သီးတင်းတင်းဆုပ်ထားသည့် အနေအထားသို့
ရောက်သွားပါပြီ။
ယခုအချိန်တွင် လီဟမ်ရှန်းက
သူမေးလိုက်သည့် မေးခွန်းကို နောင်တရနေခဲ့ပါ၏။
ဘာလို့များ သူက မေးမိတာလဲ။ သူ၏အသက်ရှူသံများမှာ
လေးလံလာခဲ့ပါသည်။ သူနှလုံးသားမှာလဲ တဖြေးဖြေးနဲ့
လျင်မြန်စွာ ခုန်လာပါ၏။
လီဟမ်ရှန်းက စတင်၍
ကြောက်ရွံ့လာခဲ့ပါသည်။ ထိုအဖြေကို သူမသိလိုပါ။
သူသိရန်ကြောက်ရွံ့နေခဲ့၏။ မေးခွန်းကို
ပြောင်းလဲပြီးမေးလို့ရပါသလားဟု လီဟမ်ရှန်းက
မေးရန်အတွက် ပါးစပ်ဟလိုက်သည့် အချိန်မှာပင်
အင်မော်တယ်ထံမှ အသံတစ်သံထွက်လာပါသည်။
“ဟုတ်တယ်” ထိုအသံမှာ တည်ကြည်ကာ ခိုင်မာပါ၏။
“ဟင်”
လီဟမ်ရှန်းက
ဘာဆက်ပြောရမယ်မသိဖြစ်သွားပါသည်။ ထိုအဖြေမှာ
လီဟမ်ရှန်း မမျှော်လင့်ထားသောအဖြေဖြစ်ပါ၏။ ဒါပေမဲ့
လီဟမ်ရှန်းကြားချင်သော အဖြေလဲဖြစ်ပါသည်။
“သူက
ကျုပ်အဖေ အစစ်တဲ့လား။ မပြောင်းလဲဘူးလား”
လီဟမ်ရှန်းက မယုံကြည်နိုင်လောက်အောင်ဖြစ်နေပါ၏။
လီဟမ်ရှန်း၏ စိတ်ထဲတွင် သူ့ဖခင်မှာ တစ်စုံတစ်ဦးက
ဝင်ပူးထားသည်ဟု တိတိကျကျကို ခံစားနေခဲ့ရပါ၏။
အဘယ်ကြောင့်ဆိုသော် သူ့ဖခင်မှာ
တစ်ခြားလူတစ်ယောက်ကဲ့သို့ပင် အပြုအမူ၊
အပြောအဆို၊ အနေအထိုင်နှင့်
အတွေးအခေါ်များအားလုံးပြောင်းလဲသွားသောကြောင့်ဖြ
စ်ပါသည်။ ထို့အပြင် သူ့ဖခင်တွင် သူမသိနိုင်သော
ထူးခြားဆန်းကြယ်သည့် လျှို့ဝှက်ချက်များစွာလဲ
ရှိနေခဲ့ပါသည်။
များစွာသော အစီအစဉ်များ၊ များစွာသော
အဖြစ်အပျက်များမှာ သူ့ဖခင်မှ နောက်ကွယ်မှ
တိတ်တဆိတ်ကြိုးကိုင်ကာ ထိန်းချုပ်ထားသော
အဖြစ်အပျက်များစွာရှိနေခဲ့ပါ၏။
အထူးသဖြင့် သူ့ဖခင်နဲ့
လုချောင်းချောင်းတို့နှစ်ဦးက အဆက်အသွယ်ရှိသော
အချက်များပင်ဖြစ်ပါသည်။
လီဟမ်ရှန်းက ချန်ထင်မြို့၌
သူ့အဖေနှင့် နောက်ဆုံးတွေ့သည့် အကြိမ်တွင်
သူ့ဖခင်အားတစ်စုံတစ်ဦးက ဝင်ပူးထားသည်ဟု
သံသယဝင်ခဲ့ပါ၏။ သူ့ဖခင်မှာ မူရင်းအကျင့်စရိုက်များနဲ့ကွဲပြားနေသည်ကို ထိုအချိန်တွင် သူကောင်းမွန်စွာ သိခဲ့ခြင်းဖြစ်ပါသည်။
ယခုအချိန်အထိ သူ့ဖခင်နဲ့ သူ အဆက်အသွယ်ရှိနေသည့်တိုင် ထိုသို့အဆက်အသွယ်ရှိနေခြင်းမှာ လီဟမ်ရှန်းက သူ၏နှလုံးသားကို သူကိုယ်တိုင်ပင် လိမ်ညာကာ သူဖခင်က ဖခင်အရင်း အစစ်အမှန်ဖြစ်သည်ဟု တွေးကာဆက်သွယ်နေခြင်းကြောင့်ဖြစ်ပါသည်။
ဒါပေမဲ့ ထိုမေးခွန်းက သူ့နှလုံးသားထဲတွင် တောင်ကြီးတစ်တောင်ကဲ့သို့ လေးလံနေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပါ၏။ ဒါပေမဲ့ ယခုသူကိုယ်သူအင်မော်တယ်ဟုခေါ်သော တည်ရှိမှုက ဟုတ်သည်ဟု ဖြေခဲ့သည်မဟုတ်ပါ့လား။ ထိုအဖြေက လီဟမ်ရှန်းအတွက် လောကအသစ်တစ်ခုကို တံခါးဖွင့်ပေးလိုက်သည့်အလားဖြစ်ပါသည်။
သူ့အဖေက သူ့အဖေအစစ်ပဲ ဖြစ်နေသေးတယ်တဲ့။ သူ့အဖေကို ဘယ်သူကမှ ဝင်မပူးထားဘူးတဲ့။
“ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” လီဟမ်ရှန်းက တီးတိုရေရွတ်လိုက်ပါ၏။ လီချန်ချင်းက တကယ့်လီချန်ချင်းအစစ်ဟုသူမျှော်လင့်ခဲ့ပါသော်လည်း လီချန်ချင်း၏ အပြုအမူများ လုပ်ရပ်များအားလုံးကအဓိပ္ပာယ်မရှိ ဖြစ်နေသည်က လွန်စွာများပြားလှပါသည်။
လီချန်ချင်း၏ ပြောစကားများအပြုအမူများစွာကို ကောက်ချက်ချပြီးသည့်နောက်တွင် လီချန်ချင်းမှာ လီဟမ်ရှန်း၏အတိတ်အကြောင်းကို လုံးဝနားမလည်ပါဟု လီဟမ်ရှန်းက ကျိန်းသေသိနေခဲ့ပါ၏။
“ဘာလို့လဲ”
တစ်ခဏကြာမြင့်သည်အထိ လီဟမ်ရှန်း၏ ခေါင်းထဲတွင် အတွေးများက ရောက်ယှက်ခတ်နေပါ၏။
“မင်း မေးတဲ့ မေးခွန်းကို ငါဖြေပြီးသွားပြီ။ အခု ဒီနေရာကနေ ထွက်သွားလိုက်တော့” အင်မော်တယ်၏ အသံမှာ ထပ်မံပေါ်ထွက်လာပါ၏။ ချက်ချင်းပင်လျှင် လီဟမ်ရှန်း၏အရှေ့တွင်ရှိသော လောကကြီးက ယိုယွင်းပျက်စီးလာ၏။ လီဟမ်ရှန်းက တစ်စုံတစ်ခုကိုမေးရန် ပါးစပ်ဟလိုက်သည့် အချိန်မှာပင် သူက အိပ်ယာထဲမှ ချက်ချင်းနိုးထလာခဲ့ပါ၏။
သူက လေကို အငမ်းမရရှူလိုက်ပါ၏။ သူ့တစ်ကိုယ်လုံးတွင် ချွေးအေးများကလဲ စိုရွှဲနေခဲ့ပါ၏။
“ ငါ အိပ်မက်မက်နေတာလား” လီဟမ်ရှန်းက မသေမချာဖြစ်နေခဲ့ပါ၏။
အိပ်မက်ဆိုလို့ရှိရင် ဘာလို့အရမ်းကြီးကို အစစ်အမှန်နဲ့တူနေရတာလဲ။ အိပ်မက်ထဲမှာ သူရလိုက်တဲ့မေးခွန်းကရော အမှန်တရား ဟုတ်လို့လား။ လီဟမ်ရှန်းက တစ်ချက်ရယ်လိုက်ပါ၏။
ဖြစ်နိုင်တာက သူ့စိတ်ထဲမှာ ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ မသိစိတ်က ကြီးကြီးမားမားစိုးမိုးနေလို့ အခုလိုမျိုး အိပ်မက်တွေမက်နေတာဖြစ်မယ်။ အိပ်မက်ထဲမှာ ရတဲ့အဖြေကလဲ သူလိုချင်တဲ့အဖြေမျိုးရခဲ့တယ် မဟုတ်ဘူးလား။
လီဟမ်ရှန်းက ရယ်မောလျက် ခေါင်းခါလိုက်ပါ၏။
“ဟမ်း မသိစိတ်ကနေ မက်နေတဲ့အိပ်မက်ပဲ”
လီဟမ်ရှန်းက အိပ်ယာထဲမှ ထွက်လိုက်ပါသည်။ ထို့နောက်တွင် သူကပြတင်းပေါက်တံခါးကိုဖွင့်ပြီး အပြင်သို့ငေးမာ ကြည့်လိုက်ပါသည်။ အရှေ့အရပ်တွင် နေထွက်စပြုနေပါ၏။ နေမှာ ဖြေးညင်းစွာထွက်လာပြီး လီဟမ်ရှန်းက နေထွက်သည့် မြင်ကွင်းကို တိတ်ဆိတ်စွာ အကြာကြီးထိုင်ကြည့်နေခဲ့ပါ၏။ သူ့ခေါင်းထဲတွင်တော့ လတ်တလော မက်ထားသည့် အိပ်မက်ကနေရာယူထားပါသည်။
“ အင်မော်တယ်တဲ့လား။ ဟာသပဲ။ ဒီလောကကြီးမှာ အင်မော်တယ် ဘယ်လိုလုပ်ရှိမှာလဲ” လီဟမ်ရှန်းက အနောက်သို့လှည့်ပြီး အခန်းထဲတွင်ရှိသော ကျောက်စားပွဲဝိုင်းလေးသို့ သွားလိုက်ပါသည်။ ကျောက်စားပွဲဝိုင်းလေးတွင် ရေနွေးကရားတစ်လုံးနဲ့ အကြမ်းပန်းကန်လုံးများရှိပါသည်။ သူက ရေနွေးကရားမှ ရေနွေးများကို အကြမ်းပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်ပြီး ရေနွေးတစ်ခွက်သောက်ရန်အတွက် ဟန်ပြင်လိုက်ပါသည်။ ဒါပေမဲ့ လီဟမ်ရှန်းက ရေနွေးကြမ်းကရားကိုယူရန်အတွက် လက်လှမ်းလိုက်သည့်အချိန်တွင် သူ့တစ်ကိုယ်လုံးကို မိုးကြိုးပစ်လိုက်သလိုမျိုး တောင့်တင်းသွားပါ၏။
သူ့နှလုံးသားထဲတွင် ဖော်ပြ၍မရသော ထိတ်လန့်မှုများ ချက်ချင်းထွက်ပေါ်လာခဲ့ပါသည်။
“ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ်”
သူ့နှလုံးမှာ ကျယ်လောင်စွာ တုန်ဟီးနေခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် လီဟမ်ရှန်းက ရေနွေးကရားကိုလှမ်းယူလိုက်သည့် သူ၏လက်ထဲတွင် ကြွေလုဆဲဆဲ ခရမ်းရောင်ပန်းပွင့်လေးက လေအဝှေ့တွင် လှုပ်ရမ်းကာရှိနေသည်ကို သူတွေ့လိုက်ရသောကြောင့်ပင်ဖြစ်၏။