← Chapters

အခန်း (၂၅၆)

Vol. 23 Ch. 256

အခန်း (၂၅၆)

Vol. 23 Ch. 256

“ဒုတိယမြောက်ရွှဲ့ယီ၊ ငါ့ကို တာဝန်တွေပေးနေတဲ့ သူလျိုက…သတ်ဖြတ်သူတသောင်းတောင်ထိပ်ကပဲ။ သူမရဲ့နာမည်က လုချောင်းချောင်းလို့ ခေါ်တယ် ညီ၄”

ထိုစကားလုံးများမှာ လီဟမ်ရှန်း၏ နားထဲသို့ မိုးကြိုးအတောင့်လိုက်ပစ်ချလိုက်သည့်နှယ်ပင် ဖြစ်ပါသည်။

လီဟမ်ရှန်း၏ ပထမဦးဆုံးသော တုန့်ပြန်မှုမှာ လုံးဝ မယုံကြည်နိုင်ခြင်းပင်။

လုချောင်းချောင်းကို တစ္ဆေမျိုးနွယ်တွေက ခေါ်သွားတာလေ။ ဘယ်လိုဖြစ်ပြီးတော့ ထာဝရရှင်သန်ခြင်းဂိုဏ်းဝင် ဖြစ်နိုင်မှာလဲ။ ဘယ်လိုဖြစ်ပြီးတော့ ရွှဲ့ယီဖြစ်နိုင်မှာလဲ

ကျိုးကျွင်းက ပေါက်ကရတွေ ပြောနေတာပဲ ဖြစ်ရလိမ့်မယ်။

နောက်ထပ်ကျိုးကျွင်းပြောလိုက်သည့် စကားများမှာ လီဟမ်ရှန်း၏ နှလုံးသားထဲသို့ သံသယများစွာတို့ တိုးပွားလာခဲ့ပြန်ပါသည်။

“အချို့သောကစားပွဲတွေက ဟိုးအရင်ကတည်းကိုက စတင်နေခဲ့ပြီ။ ဒီကစားပွဲထဲမှာ မင်းက ကျားစေ့သာသာလေးပဲ၊ ဘာမှကို မဟုတ်နေခဲ့ဘူး။ လုချောင်းချောင်းကို တစ္ဆေမျိုးနွယ်တွေက ပြန်ပေးဆွဲတာလို့ မင်းက ထင်နေခဲ့တယ်။ တကယ့်တကယ်က လုချောင်းချောင်းက အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတော်ကိုသွားဖို့အတွက် အစောကြီးကတည်းက ကြိုတင်အကွက်ချစီစဉ်ထားတာပဲ။ သူ့ရဲ့အစီအစဉ်ထဲမှာ ကံကြမ္မာကြယ်နန်းတော်နဲ့ ယင်တန်မျှော်စင်တို့တောင် မလွတ်ခဲ့ဘူး။ ယန်ဒေါင်ချန်တောင်မှ သူ့အစီအစဉ်ထဲက အကွက်ချထားတဲ့အတိုင်း မသိလိုက်မသိဘာသာ ဝင်ကခဲ့ရတာ”

“မင်းက အရင်တုန်းက ဘာမှအရေးမပါတဲ့ ကျားစေ့လေးပဲ။ ဒါပေမယ့် မမျှော်လင့်ထားတာက နောက်ပိုင်းရောက်လာတော့ မင်းက ကျားစေ့ဘဝကနေ သော့အဖြစ်ကို ပြောင်းလဲလာနိုင်ခဲ့တာပဲ။ ရွှဲ့ယီရဲ့ တာဝန်က မင်းရဲ့ ဝိဉာဉ်ကို ရယူဖို့ပဲ။ ငါသာမင်းကို တစ္စေစားကောင်းကင်နွားအဆိပ်နဲ့ တစ္ဆေအရှင်သွေးစက်တို့ကို သုံးပြီး သတ်ဖို့မကြိုးစားခဲ့ရင်တောင်မှ မင်းက လုချောင်းချောင်းရဲ့ လက်ထဲမှာ ဟိုးအရင်ကတည်းက သေဆုံးရမှာပဲ”

“ဂိုဏ်းချုပ် ဘာတွေဖြစ်နေတာလဲဗျာ”

သူ၏ နှလုံးသားမှာ သေဆုံးသွားသလိုမျိုး လီဟမ်ရှန်းက ခံစားနေခဲ့ရပါသည်။ သူ၏ နောက်ဆုံးမျှော်လင့်ချက်မှာ အငွေ့ပျံကာ ပျောက်ဆုံးသွားသလို ခံစားနေခဲ့ရ၏။

သူနှင့်အရင်းနှီးဆုံးသော လူနှစ်ယောက်က သူ့အားသတ်ဖြတ်ရန်အတွက် ကြိုးပမ်းနေခဲ့ကြသည်။

ယခုအချိန်အထိပင် လုချောင်းချောင်းက ရွှဲ့ယီဖြစ်နေသည်ကို လီဟမ်ရှန်းက မယုံကြည်နိုင်သေးပါချေ။

လုချောင်းချောင်းက အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတွင် ရှိနေသည်မဟုတ်ပါလား။ ထိုမျှ အကွာအဝေးတွင် သူမက ကျိုးကျွင်းအား တာဝန်များ မည်ကဲ့သို့ ပေးနိုင်လိမ့်မည်နည်း

လုချောင်းချောင်းက သူနှင့်ပတ်သက်သည့်အချက်အလက်များကို မည်သို့ရပြီး သူ့ကိုဆန့်ကျင်သည့် လှုပ်ရှားမှုများကို မည်သို့ ဆောင်ရွက်ခဲ့သနည်း

လီဟမ်ရှန်းမှာ လုံးဝလုံးဝ လုံးဝကို နားမလည်တော့ပါချေ။

လီဟမ်ရှန်းတစ်ယောက် စိတ်ဖောက်ပြန်လုဆဲဆဲ အခြေအနေသို့ ရောက်နေပြီကို မြင်သောကြောင့် လောရှောင်ချွမ်က အရှေ့သို့ တလှမ်းတိုးလိုက်ပြီး သူ၏ လက်ဖဝါးကို လီဟမ်ရှန်း၏ နဖူးပေါ်တွင် တင်လိုက်လေသည်။

ချက်ချင်းဆိုသလို နွေးထွေးသော စီးကြောင်းတခုက လီဟမ်ရှန်း၏ ကိုယ်တွင်းသို့ စီးဝင်လာခဲ့ပါသည်။

ထိုခံစားချက်မှာ သူ၏ စိတ်ခံစားမှုများကို တည်ငြိမ်သွားစေသည်ဟု လီဟမ်ရှန်းက ခံစားလိုက်ရပါတော့သည်။

“ဘဝက အခုမှစတာပါ။ တချို့သောအရာတွေက အနာဂတ်ရောက်ရင် ပိုရှင်းလင်းလာလိမ့်မယ်”

လောရှောင်ချွမ်က တည်ငြိမ်စွာဖြင့်ပြောလိုက်ပါသည်။

“တချို့လူတွေက အပြစ်ကင်းစင်တဲ့ပုံပေါက်ပေမယ့် သူတို့ရဲ့နောက်ကျောမှာ မင်းရင်ဝကို ထိုးစိုက်ဖို့အတွက် ဝှက်ထားတဲ့ ဓားတလက်ရှိတယ်။ တချို့သောလူတွေက ရက်စက်တတ်တဲ့ ပုံပန်းသွင်ပြင်ရှိပေမယ့် မင်းကို အန္တရာယ်လုံးဝမပြုဘူး။ မင်းရဲ့ စီနီယာအကိုကြီးက ကျန်းကောတောင်မှာ မနေတော့ဘူး။ သူ့ရဲ့ လစ်လပ်နေတဲ့ နေရာကို မင်းတာဝန်ယူသင့်တယ်”

“ဟင်”

ထိုစကားကြောင့် လီဟမ်ရှန်းက အံ့အားသင့်သွားပြန်သည်။

“ကျန်းကောစံအိမ်မှာ စစ်ဆေးရေးမှုးအဖြစ်တာဝန်ယူဖို့က ကျင့်ကြံမှုအဆင့်က မူလအဆင့်ဖြစ်နေရမှာလေ မဟုတ်ဘူးလား”

လီဟမ်ရှန်းက လောရှောင်ချွမ်ကို မသင်္ကာစွာ ကြည့်လိုက်၏။

ဘာလို့ ကျန်းကောတောင်ကို သွားခိုင်းရတာလဲ

“ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှာ ဆက်နေတာထက် အတွေ့အကြုံရအောင် အပြင်ထွက်တာက မင်းအတွက်ပိုကောင်းတယ်။ ဒီနေရာက လောလောဆယ်မှာ မင်းအတွက် မသင့်တော်တော့ဘူး။ ဒီနေရာကနေ ခဏတဖြုတ်ထွက်သွားတာက မင်းကို မကောင်းတာ ဘာမှ မဖြစ်စေဘူး။ မူလအဆင့်ကျင့်ကြံမှုရောက်မှ သွားရမယ်ဆိုပေမယ့်လည်း မင်းသာသေချာဂရုစိုက်မယ်ဆိုရင်တော့ ပြသနာမရှိပါဘူး”

“ဒါကတော့…”

လီဟမ်ရှန်းက စကားသေချာမပြောနိုင်ခင်မှာပင် လောရှောင်ချွမ်က ပြောလိုက်၏။

“မနက်ဖန်နေထွက်တာနဲ့ မင်းသွားတော့။ မင်ဟုန်ခရိုင်ကနေ မထွက်သွားခင်မှာ ချန်ထင်မြို့ကိုပြန်ပြီးတော့ မင်းအဖေကို ဝင်တွေ့လိုက်ဦး”

“အာ”

လီဟမ်ရှန်းက ကြောင်တက်တက်နှင့် ခေါင်းညိတ်လိုက်ပါသည်။

“သွားတော့”

လောရှောင်ချွမ်၏ လက်တချက်အဝှေ့တွင် လီဟမ်ရှန်း၏ ဘေးပတ်ပတ်လည်မှာ တွန့်လိမ်ကောက်ကွေးသွားခဲ့ပါသည်။ သူအသိပြန်ဝင်လာသည့်အချိန်တွင် သူက ရေတံခွန်အပြင်ဘက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ထိုစွမ်းအားက လီဟမ်ရှန်းကို အလွန်တရာကို ကြောက်ရွံ့သွားစေခဲ့ပါ၏။

“ဂိုဏ်းချုပ်က မင်းကို ဘာပြောခဲ့လဲ”

လီဟမ်ရှန်း ပြန်ထွက်လာသည်ကို မြင်သော ရှမူဟိုင်က မေးလိုက်ပါသည်။

“ဂိုဏ်းချုပ်က စီနီယာအကိုကြီးအစား စစ်ဆေးရေးမှုးအဖြစ် ကျန်းကောတောင်ကို ကျွန်တော့်ကို သွားခိုင်းခဲ့ပါတယ်”

“မင်းက စစ်ဆေးရေးမှုးလုပ်ရမှာလား”

ရှမူဟိုင်က အမှန်တကယ်ပို ဆွံ့အသွားခဲ့ပြန်သည်။

“မင်းကအခုမှ ပြန်လည်မွေးဖွားခြင်းရဲ့ နောက်ဆုံးအဆင့်မှာပဲ ရှိနေသေးတာလေ။ စစ်ဆေးရေးမှုးရဲ့ တာဝန်တွေကို မင်းက ကိုင်တွယ်နိုင်လို့လား။ ကျန်းကောတောင်က လွယ်လွယ်ကူကူ ကိုင်တွယ်လို့မရတဲ့နေရာကွ။ မင်းရဲ့ ခွန်အားက မလုံလောက်ရင် တခြားလူတွေ စားသုံးတာကို မင်းခံရလိမ့်မယ်”

“ဒါပေမယ့် ဂိုဏ်းချုပ်က ကျွန်တော့်ကို သွားခိုင်းနေတယ်လေ”

သူ ဘာတတ်နိုင်ဦးမည်နည်း။

လီဟမ်ရှန်းက ခါးသက်စွာဖြင့် ပြုံးလိုက်ပါသည်။

“ဂိုဏ်းချုပ်အမိန့်ဆိုတော့လည်း သူကဒီအမိန့်ပေးရတာ ရည်ရွယ်ချက်တော့ရှိမှာပေါ့လေ” ရှမူဟိုင်ကလည်း ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်ပါသည်။

“ဆရာ ကျွန်တော်က ဆရာ့ကို မေးစရာရှိတယ်။ အမှန်အတိုင်းဖြေပေးပါ”

လီဟမ်ရှန်းက ရှမူဟိုင်အား လေးနက်စွာဖြင့် ကြည့်လိုက်ပါသည်။

“မေးပါ”

လီဟမ်ရှန်းက မေးစရာရှိသည်ဆိုသောကြောင့် ရှမူဟိုင်က အံ့အားသင့်သွားသလို လေးလဲလေးနက်သွားခဲ့ပါသည်။

“ဘာလို့ တစ္ဆေမျိုးနွယ်တွေက လုချောင်းချောင်းကို ခေါ်သွားကြတာလဲ”

All Chapters