← Chapters

အခန်း (၁၈၂)

Vol. 18 Ch. 182

အခန်း (၁၈၂)

Vol. 18 Ch. 182

တစ္ဆေနတ်ဆိုးစမ်းသပ်မှုသည် သာမန်လူများ သွားလာ၍မရတဲ့ သီးခြားနေရာတစ်ခုဖြစ်ပြီး ဆယ်နှစ်တစ်ကြိမ်သာ ဖွင့်လှစ်ကာ တစ်နှစ်ပတ်လုံး ပိတ်ထားလေသည်။

ဤကျောက်စိမ်းဆွဲသီးကို ဖြိုခွဲလိုက်မည်ဆိုလျှင်ပင် လုံးဝ အသုံးဝင်မည်မဟုတ်ပေ။ အဲ့ဒါက အမှိုက်တစ်ခုသာသာပဲ မဟုတ်ဘူးလား။

သို့သော် လက်ရှိအခြေအနေအရ အားလုံးကို စွန့်စားဖို့ကလွဲ၍ တခြားရွေးချယ်စရာမရှိတော့ချေ။

"သေလိုက်တော့…."

အတောင်ပံတစ္ဆေနှင့် အနက်ရောင်ဝတ်ရုံသွေးတစ္ဆေတို့သည် နှစ်ဦးစလုံး ဒဏ်ရာရခဲ့ကြသော်လည်း ၎င်းတို့၏ ဒဏ်ရာများမှာ အလွန်ပြင်းထန်ခြင်းမရှိပေ။ လုရှီရန်မှာ နှစ်ယောက်တစ်ယောက် တိုက်နေရပေ၏။ အကယ်၍ သူမသည် ၎င်းတို့ထဲမှ တစ်ဦးကိုသာ တိုက်ခိုက်ရန် ရွေးချယ်နိုင်ခဲ့ပါက သူမသည် တစ်ဦးကို သတ်နိုင်မည်ဖြစ်သည်။

ယခုမူ….. သူတို့သည် လုရှီရန်ကို သူတို့ရှေ့မှာ သတ်ပစ်ပေတော့မည်။

သူတို့လည်း လုရှီရန်ထံမှ ခြိမ်းခြောက်မှုကိုလည်း ခံစားခဲ့ရသည်။ ဤမိန်းကလေး၏ လက်ဖဝါးတိုက်ကွက်သည် အမှန်တကယ်ပင် ကြောက်စရာကောင်းလှပေ၏။

သို့သော် ဤအခိုက်အတန့်တွင် မြေပြင်သည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းသော သားရဲသည် မြေပြင်မှ ပေါက်ထွက်လာတော့မည့်အတိုင်း ထိတ်လန့်တုန်လှုပ်ဖွယ် ကြွေးကြော်သံနှင့်အတူ မြေပြင်မှ ပြင်းထန်သော အရောင်အဝါတစ်ခု ထွက်ပေါ်လာသည်။

ကြီးမားသော ခေါင်းလောင်းကြီး မြည်လာသကဲ့သို့ အရာအားလုံးကို ကွဲကြေတော့မည်နှယ် လူတို့၏ နှလုံးသားကို တုန်လှုပ်စေကာ မိမိတို့ နားရွက်များကိုပင် အလိုလို ဖုံးထားမိချင်စေသည်။

ထိုအချိန်တွင် လုရှီရန်သည်လည်း နားရွက်များကို အုပ်ထားရုံမှတစ်ပါး မတတ်နိုင်ဘဲ အမြန်ပြန်ဆုတ်လိုက်ရသည်။

ပတ်ဝန်းကျင်နံရံများပင် အက်ကွဲစပြုလာကာ မြေပြင်ပေါ်ရှိ အပျက်အစီးအချို့ ပေါက်ကွဲထွက်လာပြီး ဤအသံလှိုင်းသည် စိတ်ကူးဖြင့် တွေးကြည့်နိုင်သည်ထက်ပင် မည်မျှအားကောင်းသည်ကို ပြသနေပေသည်။

အတောင်ပံတစ္ဆေနှင့် အနက်ရောင်ဝတ်သွေးတစ္ဆေတို့လည်း အကျပ်အတည်းကို ခံစားခဲ့ရပြီး အမြန်ပြန်ဆုတ်သွားခဲ့သည်။

သို့သော် ဤအခိုက်တွင် လှံအလင်းသည် မြေကြီးကို ချက်ခြင်း မှောက်ချည်လှန်ချည်လုပ်လိုက်ပြီး လီဟမ်ရှန်း၏ရုပ်သွင်သည် မြေပြင်မှ ပေါက်ထွက်လာသည်။ သူ၏လှံသည် အတောင်ပံတစ္ဆေ၏အတောင်ပံများကို တိုက်ရိုက်ဖြတ်တောက်လိုက်လေသည်။

အတောင်ပံတစ္ဆေသည် နာကျင်မှုဖြင့် ဟိန်းဟောက်လိုက်သော်လည်ညး သူ့စိတ်ထဲတွင် အလွန်တုန်လှုပ်သွားမိသည်။ ဤလှံ၏စွမ်းအားသည် လီဟမ်ရှန်း၏ ယခင် လှံတိုက်ကွက်နှင့် မတူတော့ပေ။

မြေပြင်သည် တဟုန်ထိုး တုန်ခါနေပြီး နက်ရှိုင်းသောတွင်းကြီးသည် တိုက်ရိုက်ကွဲသွားကာ လီဟမ်ရှန်းသည် မြေတွင်းမှ ထွက်လာ၍ သူ၏ သတ်ဖြတ်လိုစိတ်များမှာလည်း မိုးသည်းထန်စွာ ရွာနေသကဲ့သို့ အုံကြွနေလေတော့သည်။

လီဟမ်ရှန်း၏အသွင်အပြင်သည် လုရှီရန်၏မျက်လုံးများကိုတောက်ပသွားစေသည်။ ဤအခိုက်အတန့်တွင် လုရှီရန်၏ အရောင်အဝါသည်လည်း ဒီရေကဲ့သို့ တဟုန်ထိုး တက်လာပြီး ပြန်လည်မွေးဖွားခြင်းအဆင့်မှ ပြန်လည်မွေးဖွားခြင်းအဆင့် အထွတ်အထိပ်သို့ ကျော်ဖြတ်သွားနိုင်ခဲ့လေသည်။

သို့သော်လည်း လီဟမ်ရှန်းသည် ရင်ဘတ်ဗလာဖြင့် သွေးများပေကျံဖုံးလွှမ်းနေပြီး အထူးသဖြင့် ဘီလူးတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်ပုံပေါ်သည်။ သူ့နောက်တွင်မူ ဘယ်သောအခါမျှ ချုပ်ငြိမ်းမည်မဟုတ်သည့် နေနှင့်လ ပေါ်ထွက်နေပေ၏။

ဖိနှိပ်ချုပ်ချယ်သော အရောင်အဝါများ ကျဆင်းသွားပြီးနောက် လီဟမ်ရှန်း၏ အမူအရာမှာ အနည်းငယ် နာကျင်နေဆဲပင် ဖြစ်သည်။

ရတနာခုနစ်ပါး သလင်းကျောက်ဆေးလုံး၏ စွမ်းအားသည် အနည်းငယ်ကြောက်စရာကောင်းပြီး လီဟမ်ရှင်းသည် သူ့ခန္ဓာကိုယ်ရှိ အရိုးများအားလုံး နာကျင်နေသကဲ့သို့ ခံစားရပေသည်။

"သူ့ကိုသတ်…."

ယင်းသည် လီဟမ်ရှန်းဖြစ်ကြောင်း တွေ့သောအခါ အနက်ရောင် ဝတ်ရုံသွေးတစ္ဆေနှင့် အတောင်ပံတစ္ဆေတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ ပစ်မှတ်သည် သူတို့ရှေ့တွင် ရှိနေပြီ ဖြစ်လေ၏။

သို့ဖြစ်၍ သူတို့နှစ်ယောက် တုံ့ဆိုင်းမနေဘဲ အတူတူ တိုက်ခိုက်ကြလေသည်။

၎င်းသည် လီဟမ်ရှန်းကိုသတ်ဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်ပေ၏။

အနက်ရောင်ဝတ်ရုံသွေးတစ္ဆေ၏လက်သီးသည် မြစ်တစ်စင်းကဲ့သို့လှုပ်ရှားသွားပြီး လီဟမ်ရှန်း၏ လှံချက် ဖြင့်အတောင်ပံကျိုးသွားသော အတောင်ပံတစ္ဆေသည် လီဟမ်ရှန်းအား မသေမချင်း သတ်လိုစိတ်များ ပြည့်နှက်နေပေ၏။ သူ၏ ကြီးမားသော လက်သည်းသည် ကောင်းကင်တခွင်ဖြတ်၍ လီဟမ်ရှန်းဆီသို့ ချိန်ရွယ်လာသည်။

လီဟမ်ရှန်းကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်မိပေသည်။

သို့သော်လည်း ထိုစဉ် လီဟမ်ရှန်း၏နောက်ကွယ်ရှိ နေနှင့်လသည် လှုပ်လှုပ်ရွရွဖြစ်လာသည်။

လီဟမ်ရှန်း၏ ခန္ဓာကိုယ်မှ နေနှင့် လ၏ ရောင်ခြည်များ ထွက်ပေါ်လာပြီး အလင်းရောင်သည် တကယ့်နေအစစ်ကဲ့သိုပင် လူတစ်ကိုယ်လုံးကို လွှမ်းခြုံထားလေသည်။

လီဟမ်ရှန်းသာမက အတောင်ပံတစ္ဆေနှင့် အနက်ရောင် ၀တ်ရုံ သွေးတစ္ဆေတို့ပင် သူတို့ရှေ့ရှိ ဘာကိုမှ မမြင်နိုင်ဟု ခံစားခဲ့ရသည်။

"ဘာတွေဖြစ်နေတာလဲ…"

နှစ်ယောက်သား အနည်းငယ် အံ့သြသွားကြသည်။

ဤအခိုက်တွင် လီဟမ်ရှန်း၏ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ် စွမ်းအားများအောက်တွင် သွေးများ ပေါက်ထွက် လာပြီး လက်တစ်ဖက်ကို အပေါ်ဘက် နောက်လက်တစ်ဖက်ကို အောက်ဘက်ထားကာ ချိပ်ပိတ်ခြင်းပုံစံကို ဖွဲ့စည်းလိုက်သည်။

အပေါ်လက်က နေကို ဆုပ်ကိုင်ထားပြီး အောက်လက်က လကို ဆုပ်ကိုင်ထားလေ၏။ လီဟမ်ရှန်း၏ မျက်ဝန်းများမှာ မင်ရောင်ကဲ့သို့ မည်းနက်နေပြီး စကြဝဠာကြီးကို စောင့်ကြည့်နေသကဲ့သို့ သူ့အကြည့်များက နက်နဲလှပေသည်။

"နေနဲ့လ အတူတကွ ထွန်းလင်းခြင်း…."

လီဟမ်ရှန်း ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။

ထိုအသံသည် ကောင်းကင်တေးသံသဖွယ် ကမ္ဘာတစ်ခုလုံးကို ပြောင်းလဲလိုက်လေ၏။

အနက်ရောင်ဝတ်ရုံသွေးတစ္ဆေနှင့် အတောင်ပံတစ္ဆေတို့သည် စက်လုံးပုံထောက်ချောက်ထဲတွင် ပိတ်မိနေပြီဖြစ်ကြောင်း သိလိုက်ကြရသည်။

သူတို့ ပတ်ဝန်းကျင်မှာ မှောင်နေပြီး ဘာမှ မမြင်ရချေ။ မတူ ခြားနားသည့် နေရာတစ်ခုကို ရောက်သွားသကဲ့သို့ ရှိလေ၏။

တခဏချင်းမှာပဲ နေနဲ့လ ပေါ်လာလေသည်။

အလင်းသည် တိုက်ရိုက်ဖျန်းဆင်းသွားပြီး အဆုံးမရှိသောအလင်းရောင်သည် ဤကမ္ဘာကြီးကို သန့်စင်ရန် အရာအားလုံးကို ချေမှုန်းပစ်လိုသကဲ့သို့ ၎င်းတို့အား ဖုံးအုပ်ထားသည်။

သေခြင်းတရား၏ ခံစားချက်သည် သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာလေသည်။

"ချိုးဖျက်ပစ်လိုက်…."

သူတို့နှစ်ဦးသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သဘောပေါက်သွားကြပြီး အကျဉ်းထောင်ကို အလျင်အမြန် တိုက်ခိုက်ရန် ခွန်အားများ ပေါင်းစည်းခဲ့ကြသော်လည်း ကံမကောင်းစွာပဲ သူတို့၏ ကြိုးစားအားထုတ်မှုများသည် အချည်းနှီးဖြစ်ခဲ့ကာ တောင်တန်းကို တိုက်ခိုက်နေသည့် ကလေးငယ်ကဲ့သို့ ရယ်စရာကောင်းနေပေသည်။

အလင်းသည် အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ အသံသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အချိန်နှင့် နေရာများပင် မှေးမှိန်သွားပုံပေါ်လေသည်။

ဤအခိုက်အတန့်တွင် ၎င်းတို့သည် ဤကောင်းကင်အောက်ရှိ နတ်ဘုရားတစ်ပါးကဲ့သို့၊ ကမ္ဘာပေါ်တွင် အကြီးဆုံး ဧရာမဘီလူးကြီးတစ်ကောင်ကဲ့သို့ ဧရာမရုပ်သွင်ကြီးကို တွေ့လိုက်ရသည်။

ထိုရုပ်သွင်မှာ လီဟမ်ရှန်းဖြစ်ပြီး သူတို့သည် လီဟမ်ရှန်း၏ လက်ထဲတွင် ဖြစ်သည်။ လက်တစ်ဖက်မှာ ကောင်းကင်ဖြစ်ပြီး တစ်ဖက်မှာ ကမ္ဘာမြေဖြစ်လေ၏။

တစ္ဆေနှစ်ကောင်မှာ လီဟမ်ရှန်း၏ လက်ဖဝါးများတွင် အလွန်သေးငယ်သွားလေသည်။

"ဒါက တိုက်ကွက်မျိုးလဲ။"

နှစ်ယောက်လုံး အံ့ဩသွားကြသည်။

သူက ပြန်လည်မွေးဖွားခြင်းအဆင့် အထွတ်အထိပ်တင်ပဲ မဟုတ်လား။

ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ကွက်ကို သူဘယ်လို လုပ်လိုက်တာလဲ။ ဤအခိုက်အတန့်တွင် ၎င်းတို့၏ စွမ်းအားမဲ့မှု ခံစားချက်တို့သည် ၎င်းတို့၏ စိတ်ဝိညာဉ်မှ နှလုံးသားဆီသို့ပင် ထိုးဖောက်ဝင်ရောက်နေပြီ ဖြစ်သည်။

လီဟမ်ရှန်း အောက်ကိုငုံ့ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ ဘာခံစားချက်မှမရှိချေ။ ထိုအချိန်တွင် အရာအားလုံး ပျက်ပြယ်သွားသကဲ့သို့ လီဟမ်ရှန်း လက်ထဲက အလင်းဘောလုံးလေးကလည်း လီဟမ်ရှန်း၏ လက်ဖဝါးနှစ်ဖက် ထိတွေ့လိုက်သောအခါ ပျောက်ကွယ်သွားလေသည်။

အတောင်ပံတစ္ဆေနှင့် အနက်ရောင်ဝတ်ရုံတတ် သွေးတစ္ဆေတို့သည် လီဟမ်ရှန်း၏ ရှေ့တွင်ပင် ပြာများအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားခဲ့ကြရလေသည်။

လီဟမ်ရှန်းအတွက်မူ ပိုးကောင်လေးနှစ်ကောင်ကို သတ်လိုက်သကဲ့သို့သာ ရှိလေသည်။

ပြန်လည်မွေးဖွားခြင်းအဆင့် အထွတ်အထိပ်တစ္ဆေမျိုးနွယ်နှစ်ဦးသည် ဤနည်းဖြင့် ၎င်းတို့၏ နောက်ဆုံးအဆုံးသတ်နှင့် ရင်ဆိုင်ခဲ့ကြရလေသည်။

"အဟွတ်….." သို့သော် လီဟမ်ရှန်းသည် အသက်အနည်းငယ် ကြီးသွားပုံရပြီး ချက်ခြင်းပင် အားနည်းလာကာ ပါးစပ်ထဲ မှ သွေးများ အန်ထွက်လာပေ၏။

ရတနာခုနစ်ပါး ဆေးလုံးဖြင့် ပြန်လည်မွေးဖွားခြင်းအဆင့်သို့ အတင်းအကျပ် တွန်းပို့ခြင်းခံခဲ့ရရုံသာမက သူ၏ နတ်စွမ်းအားကိုယ်ထည်သည်လည်း ကနဦးအဆင့်သို့ ရောက်ရှိသွားကာ နတ်စွမ်းအားကိုယ်ထည်မှ သယ်ဆောင်လာသော နတ်စွမ်းအားများကို လီဟမ်ရှန်း နားလည်ခဲ့လေသည်။

နေ-လ ရောင်ခြည်….

သို့သော် လီဟမ်ရှန်းသည် ၎င်းကိုပထမဆုံးအကြိမ်အသုံးပြုသောအခါတွင် ဤတိုက်ကွက်သည် အလွန်အစွမ်းထက်သော်လည်း ၎င်းသည် သူ၏ကိုယ်ပိုင်သွေးများကို စတေးရလေသည်။

လီဟမ်ရှန်းသည် ဤတိုက်ကွက်ကိုအသုံးပြုပြီးနောက် သူ၏ကိုယ်ပိုင်သွေးကို ပြန်လည်ကောင်းမွန်ရန် အချိန်အနည်းငယ်လိုအပ်သည်။ နေနဲ့လကြားက ရုပ်သွင်လေးသည် ခဏလောက် အားနည်းနေရန် လိုပေသည်။ ဤအခိုက်အတန့်ကို သေချာကြည့်လျှင် ရုပ်သွင်ငယ်ပေါ်ရှိ သွေးလိုင်းများ လုံးဝမှိန်သွားသည်ကို တွေ့ရမည် ဖြစ်လေ၏။

ယင်းသည် ဤတိုက်ကွက်၏ ဘေးထွက်ဆိုးကျိုးမဟုတ်ပေ။ ၎င်း၏ လက်ရှိခန္ဓာကိုယ်က ၎င်းကို မထောက်ပံ့နိုင်သေးခြင်းသာဖြစ်ပေသည်။

လီဟမ်ရှန်း၏ နတ်စွမ်းအား ကိုယ်ထည်သည် သေးငယ်သော အောင်မြင်မှုနယ်ပယ်သို့ လှမ်းသွားနိုင်ပါက ထိုပြဿနာမျိုး ရှိလာမည်မဟုတ်ပါ။ သို့မဟုတ် လီဟမ်ရှန်းသည် ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ဝင်ရောက်နိုင်ပြီး ဤလှုပ်ရှားမှုကို တွန်းအားပေးရန်အတွက် ပြန်လည်မွေးဖွားခြင်းအဆင့်၏ အနှစ်သာရကို အသုံးပြုပါကလည်း ထိုကဲ့သို့သော ပြဿနာမျိုးလည်း ရှိမည်မဟုတ်ပေ။

ကံမကောင်းစွာပဲ လီဟမ်ရှန်းသည် ယခုအခြေအနေများနှင့် မကိုက်ညီနေဘဲ အတင်းအကြပ်တွန်းအားပေးသလို ဖြစ်ကာ သူ့ကိုယ်သူ နာကျင်စေပေသည်။

ထို့အပြင် လီဟမ်ရှန်းသည် နေလရောင်ခြည် တိုက်ကွက်၏ သုံးစွဲမှု အလွန်ကြီးမည်ဟု မမျှော်လင့်ခဲ့ပေ။

အတောင်တစ္ဆေနှင့် အနက်ရောင်ဝတ်ရုံသွေးတစ္ဆေတို့ကို ကိုင်တွယ်ဖြေရှင်းပြီးနောက် လီဟမ်ရှန်းသည် ကပ်ဆိုးဘေးမှ လွတ်မြောက်သွားသကဲ့သို့ ပင့်သက်ရှိုက်ကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။

ရတနာခုနစ်ခုပါးဆေးလုံးသည် အမှန်တကယ်ကြီးစိုးနေသော်လည်း ကံကောင်းထောက်မစွာပင် သူ၏နေလ အင်မော်တယ်နတ်စွမ်းအားကိုယ်ထည်သည် စွမ်းရည်များကို ပြင်းထန်စွာ ပြန်လည်ရယူနိုင်စွမ်းရှိပြီး သူ့အား သေမင်းနှုတ်ခမ်းဝမှ ပြန်လည်ရှင်သန်ခွင့် ပေးခဲ့လေသည်။ လီဟမ်ရှန်းသည် သူ့ဘဝတွင် သေမင်း၏ကြိုးတန်းပေါ်တွင် လျှောက်လှမ်းရသည့် ခံစားချက်ကို ဘယ်သောအခါမျှ မခံစားချင်ခဲ့ပေ။

ထိုအချိန်တွင် ပြန်လည်သက်သာရန် လီဟမ်ရှန်း အမြန်ထထိုင်လိုက်သည်။

"ရှင့်ရဲ့ နတ်စွမ်းအားက တကယ် တန်ခိုးကြီးတယ် ယောက်ျား။" ထိုအချိန်တွင် လုရှီရန်သည် ရှေ့လှန်းလာပြီး လီဟမ်ရှန်း နံဘေးတွင် ထိုင်ကာ လီဟမ်ရှန်း၏ နတ်စွမ်းအားကိုယ်ထည်အစွမ်းကို အံ့အားသင့်နေမိပေ၏။

တူညီသောနတ်စွမ်းအားကိုယ်ထည်နှင့်အတူ လီဟမ်ရှန်း၏ နတ်စွမ်းအားသည် တစ္ဆေမျိုးနွယ်နှစ်ဦးကို အမှန်တကယ်သတ်ပစ်လိုက်နိုင်လေသည်။

လုရှီရန်၏ ကိုယ်ပိုင်နတ်စွမ်းအားသည် ဤမျှ မပြင်းထန်ချေ။

၎င်းသည် လုရှီရန်အား အံ့အားသင့်သွားစေသည်။

ထိုအချိန်တွင် လီဟမ်ရှန်းသည် ဘာမှပြန်မပြောနိုင်လောက်အောင်ပင် ပင်ပန်းနေပြီး သူ၏ခန္ဓာကိုယ်ကို အမြန်ပြန်လည်ကောင်းမွန်လာကာ အရိုးထဲသို့ ထိုးဖောက်ဝင်ရောက်နေသည့် နာကျင်မှုကို သက်သာလာစေသည်။

သူ့ဘေးနားက ခပ်တင်းတင်းအမျိုးသမီးက သူ့ကိုသတ်လုနီးပါးဖြစ်ခဲ့သော်လည်း ကံကောင်းထောက်မစွာပဲ ရလဒ်မှာ ကောင်းမွန်လှပေ၏။ သူ၏ကျင့်ကြံမှုနှင့် နတ်စွမ်းအားကိုယ်ထည် နှစ်ခုစလုံး တိုးတက်လာခဲ့လေသည်။

"ဒါပေမယ့် ထူးဆန်းတယ်။" လုရှီရန်က ထူးဆန်းစွာပြောလိုက်သည်။

"ကျွန်မရဲ့ ရတနာခုနစ်ပါးရှိသလင်းကျောက်ဆေးလုံးကို ကွမ်ကျူနန်းတော်က သေးငယ်တဲ့အောင်မြင်မှုနယ်ပယ်ကနေ အကြီးစားအောင်မြင်မှုနယ်ပယ်အထိ ရောက်အောင် အသုံးပြုဖို့ ပေးခဲ့တာ။ နိယာမတစ်ခုတော့ ရှိရမယ်။ အသေးအမွှား အောင်မြင်မှုနယ်ပယ်ကို ဖြတ်ကျော်ဖို့ ပြဿနာရှိမှာ မဟုတ်သလို ဆေးဖက်ဝင် အာနိသင်လည်း ပိုလျှံနေသင့်တယ်။ ဒါပေမယ့် ရှင့်ရဲ့နတ်စွမ်းအားကိုယ်ထည်က ဘာလို့ ကနဦးအဆင့်မှာပဲ ရှိနေရသေးတာလဲ။"

"မင်း ပါးစပ်ပိတ်ထားလို့ မရဘူးလား။ မင်းစကားမပြောရင် ငါ မင်းကို ဆွံ့အသူတစ်ယောက်ဆိုပြီး ရောင်းမစားပါဘူးကွာ။"

ရတနာခုနစ်ပါးသည် လုရှီရန်အတွက် သေးငယ်သောအောင်မြင်မှုနယ်ပယ်မှ အဓိကအောင်မြင်မှုနယ်ပယ်အထိ ဖြတ်ကျော်ရန် အမှန်တကယ်ပင် လုံလောက်ပေသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ဤရတနာခုနစ်ပါးသလင်းကျောက်ဆေးပြားကို ယူခဲ့လျှင် ၎င်းတို့သည် အသေသတ်ခြင်းခံရမည်မှာ သေချာလေသည်။

သူတို့ ရှင်သန်နိုင်လောက်အောင် ကံကောင်းခဲ့မည်ဆိုလျှင်ပင် သူတို့၏ လက်ရှိအခြေအနေကနေ အသေးအဖွဲ အောင်မြင်မှုနယ်ပယ်ကို ဖြတ်ကျော်သွားနိုင်မည်မှာ အမှန်ပင် ဖြစ်ပေ၏

သို့သော် လီဟမ်ရှန်းကမူ ထိုသို့ မဟုတ်ချေ။

သူ၏ ကျင့်ကြံမှု ပါရမီက အမှန်ပင် ညံ့ဖျင်းလွန်းလှပေ၏။

ရတနာခုနစ်ပါးသည် ဝင်ခွင့်အဆင့်သို့သာ တက်လှမ်းနိုင်စေကာမူ ဤကိစ္စ ပေါက်ကြားသွားပါက လီဟမ်ရှန်း အနည်းငယ်ရှက်ရွံ့သွားမည်ဖြစ်သည်။

ရှက်စရာကောင်းလိုက်တာ….

အမှိုက်နဲ့ ဘာကွာတော့မှာလဲ။

"အင်း…" လုရှီရန်သည် ခေါင်းသာညိတ်ပြသော်လည်း သူမ နားမလည်ပေ။ လီဟမ်ရှန်းသည် စကားမပြောချင်တော့သည်ကို တွေ့ရသဖြင့် မေးခွန်းဆက်မမေးတော့ပေ။

"ဟေး။" လီဟမ်ရှန်းက လုရှီရန်ကိုကြည့်လိုက်သည်။ "ငါ မင်းနဲ့ တစ်ခုလောက် ဆွေးနွေးချင်တယ်။"

All Chapters