← Chapters

ငါ့သားက စာတစ်စောင်ပို့ခဲ့တယ်

Vol. 7 Ch. 62

ငါ့သားက စာတစ်စောင်ပို့ခဲ့တယ်

Vol. 7 Ch. 62

လှံကို တစ်ခါပြန်ပြီးကြည့်တယ်။

လှံရဲ့ထိပ်ဖျားက လွှသွားပုံဖြစ်ပြီး အရိုးက ရှည်ကာ ၎င်း၏ အရှိန်အဝါက နဂါးတစ်ကောင် ဟိန်းဟောက်နေသကဲ့သို့ အားလုံးကို လွှမ်းခြုံနေခဲ့သည်။

လှံအတွင်း၌ ကြမ်းကြုတ်သည့် သားရဲအချို့အား ချိပ်ပိတ်ထားပြီး လွတ်မြောက်ရန်ရုန်းကန်လှုပ်ရှားနေကြသကဲ့သို့ပင်။

အကြည့်တစ်ချက်ဖြင့်ပင် လီဟမ်ရှန်း က ဤလှံ အား သဘောတွေ့ခဲ့ပေသည်။

"ဒီလှံရဲ့ ကိုယ်ထည်အစစ်က ဘယ်မှာလဲဆိုတာ သိချင်လိုက်တာ" လီဟမ်ရှန်း က တီးတိုးရေရွတ်လိုက်သည်။

ဤလှံက ကမ္ဘာကြီးထဲက တစ်နေရာ၌ ရှိကိုရှိရမည်ဟု သူသိပေသည်။ ထိုသို့မဟုတ်ပါက ဤလှံကို ဆွဲနိုင်သည့်သူ တစ်ယောက်မှ ရှိမည်မဟုတ်ပေ။

လီဟမ်ရှန်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ နတ်ဘုရား စိတ်ဝိဉာဉ် ကို ပန်းချီကား အား နားလည်သဘောပေါက်ရန် ပို့လွှတ်လိုက်သည်။

သူ၏ ဤလှံအား ချစ်မြတ်နိုးစိတ်က သူ့အား အလိုအလျောက် ခံစားရစေခဲ့သည်။

သူသည်လည်းပဲ အင်မော်တယ်အရှင်သခင် လှံသိုင်းက ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာကို မြင်တွေ့ချင်ပေသည်။

ကျင့်ကြံသူလေးယောက်လုံးသေဆုံးသွားခြင်းကို လီဟမ်ရှန်းက နက်နက်ရိုင်းရိုင်း အံ့ဩနေခဲ့သည်။

အင်မော်တယ်အရှင်သခင် လှံသိုင်း၏ လွှမ်းမိုးထားမှု၌ လီဟမ်ရှန်း သည် သူက လှံရှည်အား ဆုပ်ကိုင်ထားပြီး ကမ္ဘာကြီးတစ်ခုလုံးက သူ၏ ခြေဖဝါးအောက်၌ရှိနေသကဲ့သို့ ခံစားခဲ့ရသည်။

ထို့နောက် သူ၏လက်ထဲ၌ရှိသည့် လှံဆီမှ ကြောက်မက်ဖွယ်ရာစွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့သည်။

ရုတ်တရက်စွမ်းအားပေါက်ကွဲခြင်းက လီဟမ်ရှန်းအား ထိတ်လန့်သွားစေခဲ့သည်။

သူက ထိန်းချုပ်ရန် ကျရှုံးသွားပုံပင် !

သူ၏ သွေးချီစွမ်းအားက တိုးများလာပြီး လှံရှည်က ကြီးမားသည့် ထွက်ပေါက်တစ်ခုကဲ့သို့ပင်။ လီဟမ်ရှန်းက လှံအား ဆုပ်ကိုင်လိုက်သည့် အချိန်၌ !

စွမ်းအားက တောင်တန်းများနှင့် မြစ်ချောင်းများကို ချိုးဖျက်သွားခဲ့သည်။

သူက ဤလှံအား အသုံးပြုလိုက်သည်နှင့် လီဟမ်ရှန်းသည် သူ၏ သွေးများက သူ၏ ခန္ဓာကိုယ်အနှံ့သို့ လှည့်ပတ်နေသည်ကို ခံစားရပြီး ၎င်းအား ခက်ခက်ခဲခဲဖြင့် ဖိနှိပ်နိုင်ခဲ့ပေသည်။

ချက်ချင်းပင် လီဟမ်ရှန်းသည် အင်မော်တယ်အရှင်သခင် လှံသိုင်းအား အသုံးပြုပြီးသည့်နောက်၌ လူများက အဘယ်ကြောင့် ခြေကုန်လက်ပမ်း ကျကာ သေဆုံးသွားရသည်ကို နားလည်သွားခဲ့သည်။

ဤအရာက တကယ်ကို အတော်လေးခြေကုန်လက်ပန်းကျပေသည်။

လှံ၌ ပေါက်ကွဲစေတတ်သည့် စွမ်းအားတစ်ခုပါဝင်သော်လည်း ကုန်ဆုံးသည့် ပမာဏ ကလည်း ကြောက်မက်ဖွယ်ကောင်းပေသည်။

ထိုသည်သာမက သွေးချီစွမ်းအားအတော်များများ ပေါက်ကွဲခြင်းက မရီဒျာန် များပင် သည်းခံနိုင်မည်မဟုတ်ပေ။ ကျင့်ကြံသူ၏ ရုပ်ခွန်အားကသာ အလုံအလောက်သန်မာမှုမရှိပါက မရီဒျာန်များသည် အဆင့်ဆင့် အသုံးပြုပြီးပါက ပေါက်ကွဲနိုင်ပေသည်။

လီဟမ်ရှန်းသည်လည်း သူလေ့ကျင့်ခဲ့သည့် နေလအင်မော်တယ်နတ်ဆိုးနတ်ဘုရားခန္ဓာ အား ကျေးဇူးတင်နေပေသည်။ အကယ်၍ သာမန် တက်လှမ်းခြင်းအဆင့် ခြောက် သာဖြစ်ပါက ထိုလှံက လီဟမ်ရှန်းအား အဘယ်ကြောင့် ပန်းပွင့်များက နီရဲနေရသလဲဆိုသည်ကို အခုချက်ချင်း နားလည်စေရန် လုံလောက်ပေသည်။

(ပန်းပွင့်တွေက နီရဲတယ်ဆိုတာက တင်စားပြီး သုံးထားတာပါ။ ဒီလှံသိုင်းက နက်နဲလွန်းတာကြောင့် ကျင့်ကြံရုံနဲ့ သေသွားနိုင်တာကို ပြောတာပါ)

နာရီဝက်ခန့်ကြာပြီးနောက်တွင်။

လီဟမ်ရှန်းသည် ဤပန်းချီကားမှ အင်မော်တယ်အရှင်သခင် လှံသိုင်း၏ စစ်မှန်သည့် အဓိပ္ပါယ်ကို အပြည့်အဝ နားလည်ခဲ့ပြီးဖြစ်သည်။

ဤတစ်ကြိမ်တွင် လီဂမ်ရှန်းသည် ရှမူဟိုင်မှ သူ့အား ပေးခဲ့သည့် သစ်သားလူရုပ်က တကယ် အသုံးဝင်သည်ကို သေချာသွားပေသည်။

သူက အင်မော်တယ်အရှင်သခင် လှံသိုင်း ကို တစ်ခါတည်းနဲ့ အမှန်တကယ် နားလည်ခဲ့သည်။

အင်မော်တယ်အရှင်သခင် လှံသိုင်းက အမှန်တကယ်ကို အလွန်ကြောက်မက်ဖွယ်ကောင်းသည့် သိုင်းကျင့်စဉ်တစ်ခုဖြစ်ပြီး အဆင့် 33 ဆင့် ပါဝင်သည်။

တောင်များနှင့် ပင်လယ်များ၏ အလွှာတစ်ခု ၊ တိုက်ပွဲများ၏ အလွှာတစ်ခု ။

အဆင့် 33 ဆင့် ၏ လှိုင်းများကို လှံသိုင်း 33 ခု ဖြင့် ဖော်ပြ‌နိုင်ပေသည်။

လှံသိုင်း တစ်ခု စီ၏ စွမ်းအားက တိကျသည့် ပေါက်ကွဲမှုရှိကြသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ရုပ်ခန္ဓာ၏ လိုအပ်ချက်များကလည်း အလွန်ကတ်သီးကတ်ဖဲ့နိုင်လှသည်။ အဘယ်ကြောင့်ဆိုသော် ပထမ လှံသိုင်း ၏ အစွမ်းက အလွန်အမင်း အံ့အားသင့်ဖွယ်ကောင်းပြီး ဒုတိယလှံသိုင်း က ပို၍ အားအင်ကုန်ခမ်းပေသည်။

ယခုထိတော့ လှံသိုင်း 33 ခု ကို ဖော်ထုတ်ရန် မည်သူမျှ မတတ်နိုင်ခဲ့ပေ။

အင်မော်တယ်အရှင်သခင် လှံသိုင်း အား ကျင့်ကြံခဲ့သည့် လူလေးယောက်က လှံသိုင်း အချို့အား မဖော်ထုတ်နိုင်ခဲ့သည်မှာ ဖြစ်နိုင်ချေရှိသည်။

ဤသည်ကို သိပြီး လီဟမ်ရှန်းသည် သူတို့ မည်သို့ သေဆုံးရသည်ကို သိခဲ့လေသည်။

ဤလှံကျင့်စဉ်က တားမြစ်ကျင့်စဉ်တစ်ခုဟု အမှန်တကယ် ယူဆသင့်ပေသည်။

သာမန်လူများက ၎င်းအားအမှန်တကယ် မလေ့ကျင့်နိုင်ကြပေ။ လုံးဝ အသက်အန္တရာယ်ရှိသည့် ကျင့်စဉ်ဖြစ်သည်။

သို့သော်လည်း ထိုအခိုက်အတန့်၌ လီဟမ်ရှန်းသည် အင်မော်တယ်အရှင်သခင် လှံသိုင်းက သူ့အတွက် အံဝင်ခွင်ကျစီမံထားသည်ဟု ခံစားခဲ့ရသည်။

သူက ထိုကဲ့သို့ ကြီးစိုးခြယ်လှယ်သည့် သိုင်းကျင့်စဉ်ကို စိန်ခေါ်ရန် ကြိုးစားနိုင်‌ပေသည်။

ဒါကြောင့် လီဟမ်ရှန်းသည် အင်မော်တယ်အရှင်သခင် လှံသိုင်း အား လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့ပြီး ယာယီအားဖြင့် အခြား လှံသိုင်းများကို မတွေးတောနိုင်ပေ။

လီဟမ်ရှန်း က အခန်းတွင်းမှ ထွက်လာသည့်အခါ၌ မျောလွင့်ပုံရိပ်ခန်းမ၏ ခန်းမသခင် က လီဟမ်ရှန်း ၏ မျက်လုံးများကို မြင်သည့်အခါ၌ သူက မင်သက်နေခဲ့သည်။ သူက လီဟမ်ရှန်း၏ မျက်လုံးများမှတစ်ဆင့် လီဟမ်ရှန်း က ဆုံးဖြတ်ချက်ချထားပြီးဖြစ်သည်ကို သိခဲ့သည်။

" တကယ်ပဲ ဆုံးဖြတ်ပြီးပြီလား " မျောလွင့်ပုံရိပ်ခန်းမသခင်က ကူညီရန် မတတ်နိုင်ပေမယ့် အကြံပေးခဲ့သည် : "အင်မော်တယ်အရှင်သခင် လှံသိုင်း က တကယ်ကို သန်မာတယ်။ ဒါပေမယ့် ဆိုးကျိုးကလည်း ကြီးမားတယ်။ မင်း ဖြစ်လာမယ့် အရာတွေကို စဉ်းစားပြီးပြီလား "

" ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ" လီဟမ်ရှန်းက ခိုင်မာစွာပြောခဲ့သည်။

" ကောင်းပါပြီ ၊ မင်းက ဆုံးဖြတ်ပြီးပြီဆိုမှတော့ ငါက အများကြီးမပြောတော့ပါဘူး" ။ မျောလွင့်ပုံရိပ်ခန်းမ သခင်က ပြောလိုက်သည် "ငါတစ်သက်လုံးမှာ တစ်ယောက်ယောက်က “ကျောက်တောင်ပေါ်မှ အင်မော်တယ်တပါးကို ငေးကြည့်ခြင်း”ပန်းချီကား ကို ဖမ်းဆုပ်နိုင်တာကိုမြင်ဖို့ မလွယ်ကူဘူး။ ငါက မင်းကို အထောက်အပံ့အနေနဲ့ လက်ဆောင်သေးသေးလေးတစ်ခု ပေးဦးမယ်"

ဤသို့နှင့် မျောလွင့်ပုံရိပ်ခန်းမသခင်က စားပွဲအောက်မှ ပုလင်းအသေးလေးတစ်လုံးကိုထုတ်ယူလိုက်သည်။

"ဒါကဘာလဲ...." လီဟမ်ရှန်း က အနည်းငယ် သိချင်နေခဲ့သည်။

"ဒါက ကနဦး ရေရဲ့ စိတ်ဝိဉာဉ် ပဲ" မျောလွင့်ပုံရိပ်ခန်းမ သခင်က ပြောလိုက်သည် : "ဒီထဲမှာ ကနဦး ရေရဲ့ စိတ်ဝိဉာဉ် သုံးစက်ရှိတယ်။ မင်းရဲ့ လက်နက်ကို ပုံသွင်းပြီးတဲ့ နောက်မှာ မင်းလက်နက်ရဲ့ အကြမ်းခံနိုင်စွမ်းကို တိုးမြှင့်စေတဲ့ ဒီ ကနဦးစိတ်ဝိဉာဉ်ရေ သုံးစက်ကို အဲ့ထဲမှာ ထည့်ခိုင်းလိုက်"

" ခိုင်မာတဲ့လက်နက်တစ်ခုက အသွင်အပြင်တစ်ရပ်ပဲ။ အဲ့ဒီမှာ ကောင်းမွန်တဲ့ အကြမ်းခံနိုင်စွမ်းကို ထပ်ထည့်နိုင်မယ်ဆိုရင် ထိခိုက်ဖို့ရာအတွက် မလွယ်ကူတော့ဘူး"ဟု မျောလွင့်ပုံရိပ်ခန်းမ သခင်က ပြောလိုက်သည်

"ကျေးဇူးတင်ပါတယ် ခန်းမသခင် !" လီဟမ်ရှန်းက အလွန်အမင်း ပျော်ရွှင်နေခဲ့သည်။

ကြယ်အလင်းသတ္တု ၊ ကနဦး ရေရဲ့ စိတ်ဝိဉာဉ် ဖြင့် သူထုလုပ်မည့် လက်နက်က ‌သေချာပေါက် ဆိုးရွားလိမ့်မည်မဟုတ်ပေ။

အခုချိန်တွင် လီဟမ်ရှန်းက ကြိုပြီး ပြင်ဆင်ဖို့ရာလိုအပ်ပေသည်။ ထို့အပြင် သူ၏ ပထမဆုံး လှံ အား သေသေချာချာ ထုလုပ်ရန် လိုအပ်သည်။

ချန်ထင်မြို့။

လတ်တလောတွင် လီချန်ချင်း၏ ဘဝက ကောင်းစားနေခဲ့သည်။

ယန်မိသားစု၏ မဟာအကြီးအကဲ အဆင့်အတန်းက သူ့အား သူတို့၏ ဘိုးဘေးအဖြစ် ယန်မိသားစုဝင်က ကြည်ညိုလေးစားနေကြပေသည်။

ပြီးတော့ ယန်မိသားစု၏ စီးပွားရေးလုပ်ငန်းများက သူ၏လတ်တလော ဝင်ငွေကို အများအပြားရရှိစေခဲ့သည်။

လီချန်ချင်း၏ အကူအညီဖြင့် ချန်ထင်မြို့ရှိ ယန်မိသားစု၏ စီးပွားရေးလုပ်ငန်းများက အစားအသောက်လုပ်ငန်းဖြစ်စေ အခြားစက်ရုံလုပ်ငန်းများဖြစ်စေ ကြီးကြီးမားမား တိုးတက်လာခဲ့သည်။

လီချန်ချင်း သည် အစက ကျင်းဟုန်မျှော်စင်မှ အစားအစာများက သာမန်ဖြစ်ပြီး ဈေးကြီးသည်ဟု ထင်ခဲ့သည်။

ထို့ကြောင့် သူက ရိုးရှင်းစွာဖြင့် ယန်မိသားစု၏ စားသောက်ဆိုင်အား စားသောက်ဖွယ်ရာစာရင်း ကို တိုးတက်အောင် ကူညီပေးခဲ့သည်။ ထိုသည်သာမက လီချန်ချင်း သည် ယန်မိသားစုအား သူတို့၏ စီးပွားရေးကို မနက်စာလိုမျိုး ရှုထောင့်တစ်ခုအပေါ်တွင် အာရုံစိုက်စေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် လီချန်ချင်းသည် ဤနေရာ၌ မနက်စာက ‌အလွန်နည်းပါးသည့် အမျိုးအစားများနှင့် အတော်လေး ရှားပါးသည်ကို တွေ့ရှိခဲ့သောကြောင့်ဖြစ်သည်။

ဟင်းပွဲအသေးစားများ ၊ ဆန်ပြုတ် နှင့် ပဲနို့ ၊ အီကြာကွေး ၊ အစာသွပ် ပေါက်စီ ထိုကဲ့သို့ ဖြစ်သည်။

ထို့ကြောင့် လီချန်ချင်း သည် ယန်မိသားစု၏ လက်အောက်ရှိစားသောက်ဆိုင်၌ မနက်စာအသစ်ကို တိုက်ရိုက်ဖြန့်ဖြူးရောင်းချခဲ့သည်။

မနက်စာ အသစ်များက ဆန်မုန့်ခေါက်ဆွဲလိပ်များ ၊ ခေါက်ဆွဲသုပ် ၊ ပုစွန်ဖက်ထုပ် နှင့် ပန်းငရုတ်စွပ်ပြုတ် စသည်တို့ဖြစ်သည်။

သူက ရွေးချယ်စရာ မနက်စာအမျိုးအစားများစွာကို စတင်မိတ်ဆက်ခဲ့သည်။

ထို့နောက် မနက်စာနှင့် အတူတွဲ၍ သောက်သုံးရန် လက်ဖက်ရည်ကိုလည်း ပေါင်းစပ်ထားခဲ့သည်။

ထို့အပြင် သူက စားသုံးသူများကို ဆွဲဆောင်ရန်အတွက် စားသောက်ဆိုင်၌ ပုံပြောသူများကို စီစဉ်ထားခဲ့သည်။

လူများစွာက မနက်ခင်း၌ လက်ဖက်ရည်သောက်ကြ ၊ အေးအေးဆေးဆေး မနက်စာစားရင်းဖြင့် ပုံပြောသူပြောနေသော သူတို့ အရင်က တစ်ခါမှ မကြားဖူးသည့် စိတ်ဝင်စားဖွယ် ဇာတ်ဝင်စားဖွယ် ပုံပြင်များကို နားထောင်နေကြသည်။

ဟုတ်ပေသည်။ ထိုဇာတ်လမ်းများသည်လည်း လီချန်ချင်း၏ အရင်ဘဝမှ ပုံပြင်များဖြစ်သည့် "ဝူယာ အား တောင်မှ ထွက်လာဖို့ ဖိတ်ခေါ်ရန် ချောင်ချောင်၏ သက်ကယ်မိုးထားသည့် အိမ်ကလေးသို့ အလည်အပတ်သုံးခေါက် နှင့် ထျန်းလုံ ပါပီ၏ ကျိုးမော့၏ ဒေါသ ဖန်ကျင်းလျန် နှင့် နှစ်နိုင်ငံ ရန်လိုမုန်းတီးခြင်း " စသည်တို့ကိုလည်း ပုံတူပွားထားခြင်းဖြစ်သည်။

မည်သို့ဖြစ်စေ ဤကမ္ဘာ၌ ၎င်းတို့အား ကြားဖူးသူ မည်သူမျှ မရှိကြပေ။

လီချန်ချင်းသည် ဖေးအား ဖမ်းရန်ခက်ခဲသည့် အနီးနားရှိ တောင်များမှ ခရမ်းရောင် ခရစ္စတယ်ကြက် ကို ဖမ်းရန် တာဝန်ပေးခဲ့သည်။

ဤကြက်က စိတ်ဝိဉာဉ်သားရဲ တစ်ကောင်၏ ‌သွေးမျိုးဆက်နှင့် ကြက်တစ်ကောင်ဖြစ်ပြီး လျင်မြန်စွာသွားလာပြီး ဖမ်းရန်အလွန်ခက်ခဲကာ လူအများစု က ၎င်းအား မဖမ်းနိုင်သော်လည်း ဖေး၏ ရှေ့၌မူ ဘာမှမဟုတ်ပေ။

ခရမ်းရောင် ခရစ္စတယ် ကြက်တစ်ကောင်ကို ခုနှစ်ရက်တစ်ကြိမ် လေလံတင်ရောင်းချမည်ဖြစ်သည်။

ယန်မိသားစုကပင် ခရမ်းရောင် ခရစ္စတယ်ကြက်၏ အံ့အားသင့်ဖွယ်ရာ ကောင်းကျိုးများကို ကြေငြာပေးခဲ့ကြသည်။ ဥပမာအားဖြင့် ထိုကြက်အား စားသည့်အခါ၌ ကျောက်ကပ်အား အာဟာရဖြစ်စေသည်ဟူ၍ဖြစ်သည်။

ဤသည်က ချန်ထင်မြို့၏ အထက်တန်းလွှာအချို့အတွက် ကြီးမားသည့် ဆွဲဆောင်မှုတစ်ခုရှိခဲ့သည်။ ၎င်း၏ ကောင်းကျိုးကြောင့်သာမက ၎င်းက အဆင့်အတန်း၏ သင်္ကေတတစ်ခုဖြစ်လာခဲ့‌ခြင်းကြောင့်ဖြစ်ပေသည်။

ယန်မိသားစု၏ စား‌သောက်ဆိုင်က ချက်ချင်းကို အောင်မြင်လာခဲ့တော့လေသည်။

အဝတ်အထည်ဆိုင်၏ စီးပွားရေးလုပ်ငန်းသည်လည်း ထိုကဲ့သို့ပင်ဖြစ်သည်။

ဆိုင်၌ ရောင်းချရန်အတွက် အချောသပ်ပြီး အထည်အချို့ကို လီချန်ချင်း ကိုယ်တိုင် ဒီဇိုင်းဆွဲထားပြီး အဝတ်အစားများအား အမှတ်တံဆိပ် သက်ရောက်မှုတစ်ခုကို ပေးစွမ်းကာ ပြည့်တန်ဆာအိမ်မှ နာမည်ကြီးသည့် အထက်တန်းစားပြည့်တန်ဆာအချို့ကို ဆက်သွယ်ပြီး သူတို့အား ဝတ်ဆင်ရန်အတွက် အဝတ်အစားများကို ပေးခဲ့သည်။

ပေါ်ပင်ဖြစ်နေသည့် ကြော်ငြာခြင်းများအဖြစ်ဆောင်ရွက်ရန်ဖြစ်ပေသည်။

.

တစ်ချိန်တည်းမှာပင် သူ၏ အရင်ဘဝက ဈေးကွက်ချဲ့ထွင်ခြင်း နည်းလမ်းအချို့ဖြင့် ယန်မိသားစု၏ စီးပွားရေးလုပ်ငန်းသည်လည်း ပြန်အဆင်ပြေလာခဲ့သည်။

ယန်မိသားစု၏ ဝင်ငွေ က အလွန်လျင်မြန်စွာ မြင့်တက်လာခဲ့ပြီး လီချန်ချင်းအတွက် ကြီးမားသည့် အရာတစ်ခုဖြစ်‌သည်။

ပြီးနောက် လီချန်ချင်းက ယန်မိသားစု ၏ ဝမ်ရှုမျှော်စင်၌ စာအုပ်များဖတ်ရန် ဆက်လက်၍ ပုန်းခိုနေခဲ့သည်။

စာအုပ်ဖတ်လို့မပြီးမချင်း သူက ထိုနေရာ၌ ရှိနေမည်ဖြစ်သည်။

" မဟာ အကြီးအကဲ "

တစ်နေ့၌ လီချန်ချင် စာဖတ်နေစဉ်၌ အပြင်မှ ယန်ပါးထောင်၏ အသံကထွက်ပေါ်လာခဲ့သည်။

ယခုတွင် လီချန်ချင်းနှင့် ပတ်သက်သည့် ကိစ္စမှန်သမျှအား ယန်ပါးထောင်က ကိုယ်တိုင်ကိုင်တွယ်ပေးခဲ့သည်။

ဤသည်က လီချန်ချင်း အပေါ်၌ ထားရှိသည့် အရေးပါမှုကို ပြသခဲ့ခြင်း‌ဖြစ်သည်။

လီချန်ချင်းက ဝမ်ရှုမျှော်စင်မှ ထွက်လာခဲ့ပြီး ယန်ပါးထောင်က ပြုံးနေသည်ကို‌တွေ့လိုက်ရပြီး " မဟာအကြီးအကဲ အတွက် ရှေးဟောင်းတာအိုတောင်နယ်မြေက စာရောက်နေပါတယ်"

" အိုး ငါ့သား က စာ ပို့လိုက်တာလား"

All Chapters