← Chapters

အခန်း (၃၇၉)

Vol. 32 Ch. 379

အခန်း (၃၇၉)

Vol. 32 Ch. 379

လီချန်ချင်းက အိပ်မက်ဝိဉာဉ်ကျောက်တုံးကို စစ်ဆေးနေသည့်အချိန်တွင် ဆုကျန်း၏ ထောင်ကျသက်တမ်းမှာ လေးနှစ်မြောက်ဖြစ်ပါသည်။

ယခုအချိန်တွင် သူ၏ ဆံပင်များမှာ ဖြူဖွေးနေပြီး တချိန်က ဆုမိသားစုဘိုးဘေးဟူသည့် အရှိန်အဝါများလုံးဝ ကျန်ရစ်မနေပါတော့ချေ။

သူက တခြားလူတဦးကဲ့သို့ပင် ဖြစ်သွားခဲ့ပါသည်။

အနိုင်ကျင့်ခံပြီး တိတ်ဆိတ်သွားသည်။ သူက စိတ်ကျရောဂါပင် စွဲကပ်နေခဲ့၏။

ဆုရှန်းချီမှာလည်း စာကိုကြိုးစားလေ့လာနေခဲ့သော်လည်း ဖိအားများစွာကြောင့် တချိန်က ဆုမိသားစု၏ မောက်မာသော သခင်လေးအရှိန်အဝါများ ရှိမနေပါတော့ချေ။

ထိုအရာများကို မြင်ပြီးနောက်တွင် လီချန်ချင်းက ပင့်သက်ရှိုက်လိုက်ပါတော့၏။

သူက ထိုလောကမှ လာရောက်ထားသည့် လူဖြစ်သောကြောင့် များများစားစား မတွေးတောခဲ့မိခြင်းဖြစ်ပါသည်။ သူက ထိုလောကမှာမွေးခဲ့ပြီး အသားကျနေသောကြောင့်လည်းဖြစ်နိုင်ပါ၏။ ဒါမှမဟုတ် ဘဝရဲ့ ခက်ခဲမှုက သူ့နှလုံးသားကို မာကြောသွားစေတာလည်း ဖြစ်နိုင်တယ်လေ။ ဒါ‌ေပေမယ့် စန်းယွမ်နယ်မြေမှ လူများအဖို့ကတော့ ကမ္ဘာလောကတွင် နေထိုင်ရန်မှာ လွန်စွာမှကို ခက်ခဲလိမ့်မည် ဖြစ်သည်။

လီချန်ချင်း၏ မူလအစီအစဉ်မှာ လီဟမ်ရှန်းကို ခေါ်ကာ ဤလောကမှ ထွက်လာခဲ့ရန်ဖြစ်ပါသည်။ ယခုကြည့်ရသလောက်ကတော့ ထိုအစီအစဉ်မှာ ဖြစ်နိုင်ခြေမရှိတော့ဟန်ရှိသည်။

ဆုရှန်းချီက ဉာဏ်နည်းသူမဟုတ်ပေ။ သူ့လိုလူတောင်မှ ကမ္ဘာမြေက အတန်းပညာများကို မလေ့လာနိုင်ပါက လီဟမ်ရှန်းမှာ အမှန်အကန်ကို ရုန်းကန်နေပေရလိမ့်မည်။

အတန်းပညာမတက်ပါက လီဟမ်ရှန်းမှာ အစားအစာပို့ဆောင်ရေးဝန်ထမ်းလုပ်ကိုင်ရင်း ဘဝကို အသက်မွေးရပေလိမ့်မည်။

ဆုမိသားစု၏ အစမ်းသပ်ခံလူနှစ်ဦး၏ အခြေအနေကို ကြည့်ပြီးနောက်တွင် လီချန်ချင်းက သူ၏ အစီအစဉ်ကို ပြန်စဉ်းစားစပြုလာခဲ့သည်။

ဆုမိသားစုက မကြာခင်ရောက်လာတော့မည် ဖြစ်သောကြောင့် လီချန်ချင်းကလည်း စောစောစီးစီး ပြင်ဆင်ရတော့မည်ဖြစ်၏။

ဆုကျန်းက မဟာသိုင်းဂိုဏ်းအဆင့်ဖြစ်သောကြောင့် သူ၏ ခန္ဓာကိုယ်ကိုတော့ တခြားဝိဉာဉ်က ဝင်ပူး၍ရမည်မဟုတ်ပေ။ မူချင်းကောက သူမထက် အားနည်းသူများကိုသာ ဝိဉာဉ်ဖလှယ်နိုင်စွမ်းရှိပေသည်။ ထို့ကြောင့် ဆုရှန်းချီက ပြည့်စုံသော ပစ်မှတ်ပင်ဖြစ်သည်။

သို့သော် လီချန်ချင်းအနေနှင့် ဆုရှန်းချီအား အစားထိုးရန်အတွက် ပြီးပြည့်စုံသောလူကို ရှာမတွေ့သေးပါချေ။

နောက်တနေ့နံနက်ခင်း အရုဏ်တက်ချိန်၌,,,

လီချန်ချင်းက အချက်အလက်စုဆောင်းရေးဌာနသို့ရောက်လာခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ ဆေးဘုရင်တောင်ကြားမှ အချက်အလက်များကို သိလိုသောကြောင့်ပင် ဖြစ်သည်။

ဆေးဘုရင်တောင်ကြားမှာ တဂိုဏ်းလုံးအမြစ်ပြတ်အသုတ်သင်ခံလိုက်ရသောကြောင့် ယခုအချိန်တွင် တခုခုတော့ ထူးခြားသင့်သည် မဟုတ်ပါလား။

ဒီအတိုင်းကြီး သတင်းမပြန့်တာက ဖြစ်မှ မဖြစ်နိုင်တာ

အင်အားစုများစွာတို့မှ ဤသတင်းကို ဘယ်လိုတုန့်ပြန်မလဲဆိုတာကို လီချန်ချင်းက သိလိုခဲ့ပါသည်။

ဌာနမှုးနှင့်တွေ့ပြီးနောက်တွင် လီချန်ချင်းက အကျိုးအကြောင်းမေးကြည့်လိုက်ရာ ဌာနမှုးက ရှာဖွေကြည့်ပြီးနောက်တွင် လီချန်ချင်းကို ပြောခဲ့သည်။

“ဆေးဘုရင်တောင်ကြားနဲ့ ပတ်သက်ပြီးတော့ ဘာသတင်းမှ မရှိပါဘူး”

“မရှိဘူးလား”

လီချန်ချင်းက ယုံရခက်နေခဲ့ပါ၏။

ဆေးဘုရင်တောင်ကြားက လူတိုင်းသေဆုံးသွားပြီဖြစ်သည်။ အသက်ရှိနေသူဟူ၍ တဦးမှ မရှိပါချေ။ ဆေးဘုရင်တောင်ကြားကို အခုထိ ဘယ်သူမှ မသွားကြလို့ မသိသေးကြတာများလား

အခုချိန်လောက်ဆိုရင် ဒီသတင်းက ပြန့်နေသင့်ပြီလေ။ ဘယ်လိုဖြစ်ပြီးတော့ ဘာသတင်းမှ မရှိရတာလဲ။

“ဟုတ်ပါတယ်၊ ဘာသတင်းမှ မရှိတာပါ”

ဌာနမှုးက သေချာပြောပါ၏။ သူကလည်း သေချာအောင် နောက်တခါထပ်ရှာပေးပါ၏။ ရှာဖွေပြီးသည့်နောက်တွင် ဆေးဘုရင်တောင်ကြား၏ မည်သည့်သတင်းကိုမှ တကယ်ကို မတွေ့ပါချေ။

ထိုဖြစ်ရပ်က လီချန်ချင်းကို အမှန်အကန် နားမလည်နိုင်အောင်ဖြစ်ခဲ့ရသည်။

ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ

ဒါပေမယ့် လီချန်ချင်းက ဆက်လက်၍မပြောတော့ပဲ။ သတင်းအချက်အလက်ဌာနမှသာ ပြန်ထွက်လာခဲ့ပါ၏။ထို့နောက်တွင် သူက ချန်ချင်းစံအိမ်ဝင်ပေါက်သို့ ပြန်လာခဲ့၏။

စံအိမ်တော်၏ အပေါက်ဝတွင် ဝေါယာဉ်တခုပြင်ဆင်ထားပြီး အတွင်းတွင် ယင်ချန်းလီက အသင့်စောင့်ဆိုင်းနေခဲ့ပါသည်။

ယင်ချန်းလီက ယနေ့တွင် မြင့်မြတ်သောမင်းသားတပါးကဲ့သို့ ဝတ်ဆင်ထားပါ၏။ သူကနန်းတွင်းသို့ဝင်ကာ လူများစွာနှင့် တွေ့ဆုံရမည် မဟုတ်လား။

“လူကြီးမင်းချန်ချင်း ပြန်လာပြီလား။ ကျွန်တော်တို့ သွားကြမလား”

ယင်ချန်းလီက စိတ်လှုပ်ရှားစွာနှင့် မေးလိုက်၏။

“အင်း”

လီချန်ချင်းက အိပ်မက်ယောင်နေသူတဦးပမာ ဖြေလိုက်သည်။

ထို့နောက်တွင်တော့ ဝေါယာဉ်ထဲသို့ သူက ဝင်လိုက်ပါသည်။

တော်ဝင်နန်းတော်သို့ အမှုထမ်းများက ဝေါယာဉ်ကို မကာ သယ်ဆောင်လိုက်ကြ၏။

“လူကြီးမင်းချန်ချင်းခင်ဗျာ၊ ပြသနာတခုခုကြုံနေရလို့လား”

လီချန်ချင်း၏ စိတ်နှင့်လူနှင့်မကပ်မှုကို သတိပြုမိသော ယင်ချန်းလီက မေးမြန်းလိုက်၏။

“ဒီနှစ်ရက်အတွင်းမှာ ဆေးဘုရင်တောင်ကြားရဲ့ ဘာသတင်းကိုမှ မသိရဘူး။ စန်းယွမ်တိုက်ကြီးတခုလုံးက ဆေးဘုရင်တောင်ကြားက အကုန်အသတ်ခံရတာကို ဘာမှ မတုန့်ပြန်ကြဘူး”

လီချန်ချင်းက သူသိခဲ့သည်ကို ပြန်ပြောပြလိုက်၏။

“ဒါက မဖြစ်နိုင်ဘူးလေ”

ယင်ချန်းလီကလည်း တူညီစွာဖြင့် အလန့်တကြား တုန့်ပြန်ခဲ့သည်။

တပည့်သိန်းချီသေသွားတာတောင် ဘာသတင်းမှ မပြန့်တာက အဓိပ္ပာယ်မှ မရှိတာကို..

ဆေးဘုရင်တောင်ကြားက ဧည့်သည်တွေနဲ့ အမြဲပြည့်နေတတ်တာလေ။

ဆေးလာကုသူတွေ၊ တပည့်ခံချင်သူတွေ၊ နေ့တိုင်း အသီးအနှံလာပို့တဲ့လူတွေနဲ့ လူဝင်လူထွက်အမြဲရှိနေတာ။

ဆေးဘုရင်တောင်ကြားရဲ့ ထူးခြားမှု သတင်းမပြန့်တာ မဖြစ်နိုင်ဘူး

ဆေးဘုရင်တောင်ကြားလို ခိုင်မာသော ဂိုဏ်းကြီးတဂိုဏ်း၏ ပျက်သုဉ်းမှုမှာ စန်းယွမ်တိုက်ကြီးတခုလုံးကို ခြောက်ခြားသွားအောင် လုပ်နိုင်မည် ဖြစ်သည်။

“ငါလည်း နားမလည်တော့ဘူး”

လီချန်ချင်းက တကယ်ကို နားမလည်ခဲ့ပါ။

“ထူးဆန်းလွန်းတယ်”

“ဖြစ်နိုင်တာက မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ အချက်အလက်ဌာနက နှေးနေတာပဲဖြစ်ရမယ်”

ယင်ချန်းလီက ခန့်မှန်းသည်။

“မြောက်ပိုင်းအေးခဲနိုင်ငံလို နိုင်ငံကြီးက ဒီလိုသတင်းလေးရဖို့အတွက်တောင်မှ နောက်ကျနေမယ်ဆိုရင်၊ အဲ့ဒီ့ဌာနက ရှိမနေသင့်တော့ဘူး”

လီချန်ချင်းက ရယ်လျက်ပြောလိုက်သည်။

“ဒီကိစ္စကို လောလောဆယ် ခဏထားလိုက်တာပေါ့။ ကိစ္စတွေဖြေရှင်းပြီးလို့ တကယ်လိုအပ်ရင် ငါတို့ကိုယ်တိုင် သွားကြည့်ကြတာပေါ့”

All Chapters