အခန်း (၁၄၆)
Vol. 15 Ch. 146
ယန်အိမ်တော်အဓိကခန်းမ၌ ယန်ပါးထောင်သည် အခြေအနေကို ထိန်းသိမ်းထားသည်။ ဧည့်သည်မှာ ယင်ရှုယွီဖြစ်ပြီး ဟွမ်ရှမ်းလည်း သူမနှင့်အတူပါသည်။
သို့သော် အခန်းထဲ၌ ယင်ရှုယွီဘေးတွင်ထိုင်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ရှိနေပေသည်။ ထိုလူ၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့နေသော်လည်း စိတ်သဘောထားကောင်းပုံပေါ်သည်။
ထိုအမျိုးသားသည် မတ်မတ်ထိုင်နေကာ ဓားရှည်အသွင် မျက်ခုံးများနဲ့ မဟူရာမျက်ဝန်းတို့သည် သူ၏ တည်ငြိမ်လှသည့် ရောင်ဝါကိုပေါ်လွင်စေသည်။
ထိုအမျိုးသားထိုင်နေရုံဖြင့်ပင် လေးစားမှုအငွေ့အသက်များကို ခံစားမိစေပေသည်။ ယန်ပါးထောင်သည် မျက်နှာအမူအရာမှာ တည်ငြိမ်နေသော်လည်း လီချန်ချင်းအဘယ်ကြောင့် မပြန်လာသေးသနည်းဟု တွေးကာ ရင်တွင်း၌ အလွန်စိုးရိမ်နေလေသည်။သူတစ်နေလည်လုံး ဤနေရာတွင် ထိုင်နေခဲ့ရပေသည်။ ယင်ရှုယွီတယောက်ထဲသာဆိုပါက မိသားစုခေါင်းဆောင်ဖြစ်သော သူက ထိုင်ကာ ဧည့်ခံပြီး အဖော်ပြုပေးစရာ မလိုအပ်ပါချေ။ သို့သော် သူ့ရှေ့တွင်ရှိသောထိုအမျိုးသားကြောင့် ဤနေရာ၌ သူ နေနေခဲ့ရတော့သည်။
စီမာယန်....။ ကျန်းဟဲအိမ်တော်၏ သခင်။ အထူးအဆင့်စွမ်းအားရှင်တစ်ယောက်။ ယန်ပါးထောင်သည် ဤနေရာ၌ထိုင်ပြီး အထူးအဆင့်တစ်ဦးနှင့် လက်ဖက်ရည်အတူသောက်ရမည်ဟု စိတ်ကူးပင် မယဉ်ခဲ့ဖူးပေ။
သို့သော် နေ့ခင်းတစ်ခင်းလုံး ကုန်ဆုံးသွားသော ဤလက်ဖက်ရည်သောက်ပွဲသည် သူ့တွင် လုံလောက်နေပြီ ဖြစ်၏။ ယန်ပါးထောင်သည် မူလအဆင့်သို့ရောက်ပြီ ဖြစ်သော်ငြားလည်း အထူးအဆင့်တစ်ဦး၏ရှေ့တွင် လွှမ်းမိုးမှုကို ခံခဲ့ရပေသေးသည်။"
"ဂါရဝပြုပါတယ် မဟာအကြီးအကဲ။"" အစောင့်တစ်ယောက်၏ အသံသည် ယန်အိမ်တော် အဓိကခန်းမအပြင်ဘက်မှ ထွက်ပေါ်လာသည်။ ၎င်းကိုကြားသောအခါ ယန်ပါးထောင်၏မျက်လုံးများ တောက်ပလာလေ၏။နောက်ဆုံး၌ လီချန်ချင်း ပြန်လာပေပြီ။
စီမာယန်လည်း သူ့လက်ဖက်ရည်ခွက်ကိုချပြီး အပြင်ကိုကြည့်ဖို့ ထရပ်လိုက်သည်။ ဆိုးရွားသည့် အခြေအနေများကြောင့်သာမဟုတ်လျှင် လီချန်ချင်းကို သူကိုယ်တိုင် လာရှာမည်မဟုတ်ပေ။
တစ်ခါမှမတွေ့ဖူးသည့် လူတစ်ယောက်ဆီကနေ အကူအညီတောင်းရမည့် အခြေအနေဖြစ်နေခြင်းကြောင့်ပင်။
"ပါးထောင်...ဧည့်သည့်တွေရောက်နေတာလား။" လီချန်ချင်းဝင်လာပြီး ထိုနေရာတွင် ရပ်နေသော သုံးယောက်ကို ချက်ခြင်း သတိထားမိသည်။
"စီနီယာ ချန်ချင်း။" ယင်ရှုယွီက သူ့လက်သီးများကို ဆုပ်ပြီး အရိုအသေပြုရင်း ပြုံးကာ ရှေ့သို့တိုးလာလေသည်။ "စီနီယာ့ကို ထပ်ပြီး စိတ်အနှောင့်အယှက် ဖြစ်မိတဲ့အတွက် တောင်းပန်ပါတယ်။"
"ဟမ်။" လီချန်ချင်းသည် ယင်ရှုယွီကို တစ်ချက်ဝှေ့ကြည့်လိုက်သော်လည်း နောက်ဆုံး၌ သူ့အကြည့်များက စီမာယန်ဆီသို့ ရောက်သွားလေ၏။
အထူးအဆင့်လား.... လီချန်ချင်းသည် စီမာယန်မှာ အထူးအဆင့်ဖြစ်သည်ကို တစ်ချက်ကြည့်ရုံဖြင့်ပင် သိပေသည်။
(အထူးအဆင့်၊အဆင့်မြင်ဆရာသခင်အဆင့်ဆိုတာက အတူတူပါပဲ။ သူတို့က မူလအဆင့်ရဲ့ အထွတ်အထိပ်ပြီးပြည့်စုံခြင်းနယ်ပယ်ရောက်နေတဲ့ ကျင့်ကြံသူတွေပါ။ သာမန် မူလအဆင့််တွေထက် စွမ်းအားပိုကြီးကြပါတယ်။ အထူးအဆင့်မှာကိုက အတွင်းအား အတိမ်အနက်၊ နိယာမတွေကို သဘောပေါက်နားလည်နိုင်စွမ်းပေါ်မူတည်ပြီး အဆင့်ကွာခြားပါသေးတယ်။ အဲ့ဒါကြောင့်မို့လို့ အထူးအဆင့်ချင်းအတူတူတောင်မှ နတ်ဆိုးအိုကြီးရှန်းကို ရွှယ်ချမ်းပိုင်က အနိုင်တိုက်နိုင်ခဲ့တာပါ)
"တာအိုရောင်ရင်း ချန်ချင်း..." စီမာယန်က ရှေ့ကို လှမ်းလာသည်။ "ရှုယွီဆီက ခင်ဗျားအကြောင်းကြားပြီးပါပြီ။ ကျွန်တော် ခင်ဗျားကို တွေ့ချင်နေတာကြာပြီ။ ဒါကြောင့် လာလည်တာပါ။"
"ခင်ဗျားက အကြီးအကဲစီမာဖြစ်ရယ်။" လီချန်ချင်းသည် ကျန်းဟဲအိမ်တော်တစ်ခုလုံး၌ အထူးအဆင့်တစ်ဦးတည်းသာရှိပြီး ထိုသူမှာ အိမ်တော်သခင် စီမာ ဖြစ်ပေ၏။
အကျဉ်းချုံးလေ့လာပြီးနောက် စီမာယန်သည် ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း လီချန်ချင်းပြောနိုင်ပေသည်။ သို့သော် ထိုအရာသည် သူနှင့် ဘာမျှမဆိုင်သမျှ လီချန်ချင်း ထုတ်ဖော်မပြောပဲ နေလိုက်သည်။
"ကျုပ်က စီမာယန်ပါ။ ကျုပ်ရုတ်တရတ်လာလည်တာကို စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်။။" စီမာယန်က ကိုယ်ကို ကိုင်းကာ အရိုအသေပြုလိုက်သည်။
အကြောင်းမှာ စီမာယန်သည် လီချန်ချင်း၏ ကျင့်ကြံဆင့်ကို မမြင်နိုင်သောကြောင့်သာ ဖြစ်သည်။ ထိုသို့ မမြင်နိုင်ရခြင်းမှာလည်း အချက်နှစ်ချက်သာ ရှိလေသည်။ ပထမအချက်မှာ ထိုလူက နတ်စွမ်းအားလုံးဝမရှိသော သာမန်လူတယောက် ဖြစ်လိမ့်မည်။ ဒုတိယအချက်မှာမူ ထိုလူ၏ ကျင့်ကြံခြင်းမှာ သူ့ထက် အဆမတန်မြင့်မားနေခြင်းကြောင့် ဖောက်မမြင်နိုင်ခြင်း ဖြစ်မည်။
လုံးဝ ကျိန်းသေသည်မှာ ထိုလူသည် သာမန်လူမဖြစ်နိုင်ချေ။
"ထိုင်ပါ။" လီချန်ချင်းသည် ခံစားချက်မဲ့စွာ ပြောရင်း ထိပ်ဆုံးခုံဆီသို့ တည့်တည့်လျှောက်ကာ ထိုင်လိုက်သည်။
ထိုထိုင်ခုံသည် များသောအားဖြင့် မျိုးနွယ်ခေါင်းဆောင် ယန်ပါးထောင်ထိုင်သော်လည်း လီချန်ချင်းအတွက် ထိုင်စရာနေရာလွတ်မရှိတော့၍ ထိုနေရာတွင်သာ ထိုင်လိုက်ရသည်။
၎င်းအပေါ် ယန်ပါးထောင်မှာလည်း အထူးတလည်တွေးနေခြင်းမျိုးမရှိချေ။
"မဟာအကြီးအကဲ...ကျွန်တော် အရင်ထွက်သွားနှင့်လိုက်ပါမယ်။" ယန်ပါးထောင်သည် အခြားသူများကို ဦးညွှတ်ကာ လှည့်ထွက်ခဲ့သည်။
"ပါးထောင်....ကျောက်ရီချိုးနဲ့ ပိုင်ကျင်းဖေးတို့ကို မင်းရဲ့ ယန်အိမ်တော်ဆီ အစည်းအဝေးလာခိုင်းလိုက်ပါ။ အလုပ်ကိစ္စပြီးရင် မင်းတို့နဲ့ တွေ့မယ်။" လီချန်ချင်းက ညွှန်ကြားသည်။
"ဟုတ်ကဲ့။" ယန်ပါးထောင်ထွက်သွားပြီးနောက် လီချန်ချင်းက ပြုံးလျက်သား ပြောသည်။ "အကြီးအကဲစီမာ...လက်ဖက်ရည်သောက်ပါဦး။"
"ဟုတ်ကဲ့ပါ။" စီမာသည် လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး တစ်ငုံသောက်လိုက်သည်။ "ရောင်းရင်း ချန်ချင်း......ပွင့်ပွင့်လင်းလင်းပြောရရင် ကျုပ်ဒီကို အကူအညီတောင်းချင်လို့ လာခဲ့တာပါ။" ထိုစကားကို ကြားသောအခါ လီချန်ချင်းက မတုံ့ပြန်ဘဲ လက်ဖက်ရည်တစ်ငုံ ငုံလိုက်လေ၏။
ယန်မိသားစုနှင့် ကျန်းဟဲအိမ်တော်သည် ဆက်ဆံရေး လုံးဝမရှိပေ။ ကျန်းဟဲအိမ်တော်သည် ကျန်းကျိုးတွင်ရှိသော်လည်း ၎င်းသည် ကပ်လျက်ဖြစ်နေလျှင်တောင်မှ မင်ဟုန်ခရိုင်မှ ပြည်နယ်တစ်ခုလုံးကို ခြားထားပေသည်။
ကျန်းဟဲအိမ်တော်အနေဖြင့် လီချန်ချင်းထံမှ မည်သည်တို့ လိုအပ်ပါသနည်း။ လီချန်ချင်းသည် ယန်စီမာ သူ့ဆန္ဒကို ထုတ်ပြောရန် တိတ်တဆိတ် စောင့်ဆိုင်းချင်မိသည်။
"ရောင်းရင်းချန်ချင်းကို ဂုဏ်ထူးဆောင်အကြီးအကဲအဖြစ် အမှုဆောင်ဖို့ ကျန်းဟဲအိမ်တော်ဆီ ဖိတ်ကြားလိုပါတယ်။" လီချန်ချင်း နှုတ်ဆိတ်နေသည်ကို မြင်သောအခါ စီမာယန်က သူ့ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောလိုက်လေသည်။
"ဟင်...." လီချန်ချင်းအံ့အားသင့်သွားသည်။ စီမာယန်မှ သူ့အား ယခုကဲ့သို့ တောင်းဆိုမည်ဟု မျှော်လင့်မထားပေ။ ဂုဏ်ထူးဆောင်အကြီးအကဲ....
ဘာကြောင့်လဲ။ လီချန်ချင်း၏ မျက်နှာပေါ်တွင် ရှုပ်ထွေးနေသော အမူအရာကို မြင်လိုက်ရသောအခါ စီမာယန်က ခါးသဲ့သဲ့ ပြုံးလိုက်သည်။ "ဒီထက်တိကျအောင်ပြောရရင် ကျုပ်ရဲ့ ကျန်းဟဲအိမ်တော် တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ ပါဝင်ဖို့ ရောင်းရင်းချန်ချင်းကို ဦးဆောင်စေချင်တယ်။"
"ဟမ်...." လီချန်ချင်းအနည်းငယ် အံ့သြသွားသည်။ သူအိပ်ငိုက်နေချိန်တွင် ခေါင်းအုံးတစ်ခုရောက်လာသကဲ့သို့ ဖြစ်နေပေ၏။ လီချန်ချင်းသည် တစ္ဆေနတ်ဆိုးစမ်းသပ်မှု၌ မည်သို့ပါဝင်ရမည်ကို တွေးပူနေချိန် စီမာယန်က သူ့အား တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ ဦးဆောင်ပါဝင်ရန် အမှန်ပင် တောင်းဆိုခဲ့သည်လော....
ဘာကြောင့်လဲ။
"ဘာလို့ ကိုယ့်ဘာသာ မသွားရတာပါလဲ။" ရှင်းရှင်းလင်းလင်းမေးသည်က ပိုကောင်းမည်ဟု လီချန်ချင်း ဆုံးဖြတ်လိုက်သည်။
"ဟူး..." စီမာယန်သည် သက်ပြင်းတစ်ချက်ချကာ သူ့မျက်လုံးများတွင် လူသတ်လိုစိတ်များပြည့်လျက် လီချန်ချင်းအား ဇာတ်လမ်းတစ်ခုလုံးကို ပြောပြလေသည်။
မကြာသေးမီက စီမာယန်၏ သူငယ်ချင်းကောင်း နှင်းလင်းယုန်နန်းတော်သခင် မိုဟန်သည် ကျန်းကျူ၌ လျှို့ဝှက်နယ်မြေတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး စီမာယန်အား အတူတကွ စူးစမ်းလေ့လာရန် ဖိတ်ခေါ်လိုကြောင်း ကမ်းလှမ်းခဲ့သည်။ လျှို့ဝှက်နယ်မြေအကြောင်းကြားသောအခါ စီမာယန်ကိုယ်တိုင်လည်း စိတ်ဝင်စားမိသွားသည်။ လူများစွာသည် လျှို့ဝှက်မြေများတွင် ရတနာများတွေ့ရှိပြီး ချမ်းသာကြွယ်ဝသော ဘဝတစ်ခုကို ရရှိခဲ့ဖူးသည်။
စီမာယန်အနေဖြင့် ထိုသို့သော အခွင့်အရေးကို မည်သို့ လက်လွှတ်ခံမည်နည်း။ သို့ဖြစ်၍ စီမာယန်လည်း တိုက်ရိုက်သဘောတူပြီး မိုဟန်နဲ့ လျှို့ဝှက်နယ်မြေကို သွားခဲ့သည်။ လျှို့ဝှက်နယ်မြေမှာ အင်မတန် အန္တရာယ်များပေ၏။ သူတို့ နှစ်ယောက်လုံးမှာ အထူးအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည့်တိုင် လျို့ဝှက်နယ်မြေအတွင်း၌ အသက်ဆုံးရလုနီးနီး ဖြစ်ခဲ့ကြသည်။ ကံကောင်းထောက်မစွာပင် သူတို့သည် ဆုလာဘ်အချို့ကို ရိတ်သိမ်းနိုင်ခဲ့ပေ၏။ သို့သော် စီမာယန်သည် မိုဟန်က သူ့အား လျှို့ဝှက်နယ်မြေထဲ၌ အလစ်အငိုက် တိုက်ခိုက်လိမ့်မည်ဟု မျှော်လင့်မထားမိပေ။ ကံကောင်း၍သာ အသက်မသေပဲ လွတ်မြောက်သည်ဆိုရုံလေးသာ လွတ်မြောက်ခဲ့သည်။
စီမာယန်သည် ဤစော်ကားမှုကို မျိုသိပ်မထားနိုင်ပေ။ သူ့ဒဏ်ရာများ သက်သာလာသည့်အခါ မိုဟန်ကို လက်စားချေဖို့ သူစီစဉ်ခဲ့သည်။ သို့သော် သူ့ဒဏ်ရာက သူထင်ထားသည်ထက် ပိုပြင်းထန်သည်။ ယခုပင် သူ့အတွင်းအားကို သူ ထုတ်မသုံးနိုင်ချေ။ ထိုသို့မဟုတ်ပါက ဒဏ်ရာများ ပိုဆိုးလာမည် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် နှင်းလင်းယုန်နန်းတော်မှ မိုဟန်သည် ထျန်ဟိုင်းမြို့သို့ အကြောင်းကြားပြီး သတင်းဖြန့်မည်ကို မည်သူထင်မိမည်နည်း။ စီမာယန်သည် လျှို့ဝှက်နယ်ပယ်တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင် ပါဝင်ရန် ကျန်းဟဲအိမ်တော်ကို ဦးဆောင်နိုင်ခြင်း မရှိကြောင်း မိုဟန်က ပြောကြားခဲ့သည်။ မိုဟန်သည် ကျန်းဟဲအိမ်တော်၏ တပည့်နေရာ နှစ်ဆယ်လုံးကို နှင်းလင်းယုန်နန်းတော်သို့ ခွဲဝေပေးရန် ထျန်ဟိုင်းမြို့တော်ကို တောင်းဆိုခဲ့သည်။
ထျန်ဟိုင်းမြို့တော်သည် ထိုသတင်း အမှန်တကယ် ဟုတ်မဟုတ် စုံစမ်းစစ်ဆေးရန် လူများစေလွှတ်ရန် ပြင်ဆင်နေပေ၏။ ကျန်းဟဲအိမ်တော်၌ အထူးအဆင့် ကျွမ်းကျင်သူမရှိလျှင် နေရာအရေအတွက် အလွန်လျော့ကျသွားမည်ဖြစ်သည်။ သူတို့သည် အများဆုံး ငါးနေရာသာ ပေးနိုင်တော့မည်ဖြစ်ပြီး ကျန်အရေအတွက်ကို နှင်းလင်းယုန်နန်းတော်က ရမည်ဖြစ်သည်။
ထိုသတင်းကိုကြားသောအခါ စီမာယန် သွေးအန်လုမတတ် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် စီမာယန်သည် ကျန်းဟဲအိမ်တော်အတွက် ကျွမ်းကျင်သူများကို စုဆောင်းရန် နည်းလမ်းတစ်ခုသာ စဉ်းစားနိုင်ခဲ့ပြီး နှင်းလင်းယုန်နန်းတော်အား အကျိုးအမြတ်ဖြစ်စေမည့် နေရာများ ပေးမည်မဟုတ်ဟု ကတိသစ္စာဆိုထားလေသည်။
ထို့ကြောင့် စီမာယန်သည်ကို ယင်ရှုယွီကို ရှာဖွေခဲ့ပြီး မြောက်ပိုင်းအေးခဲနိုင်ငံဆီ စာတစ်စောင်ရေးကာ အကူအညီရရန်မျှော်လင့်ခဲ့မိသည်။
သို့သော် မြောက်ပိုင်းအေးခဲနိုင်ငံသည်လည်း တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင် ပါဝင်နေပေ၏။ အဖွဲ့ခေါင်းဆောင်မှာ ကျန်းယွမ်ကျီဖြစ်သည်။ ကျောက်ပိုင်မင် မလာသည်ကို မဆိုထားနှင့် ကျောက်ပိုင်မင်သာ လာခဲ့လျှင် မြောက်ပိုင်းအေးခဲနိုင်ငံမှာ အထူးအဆင့်များ ရှားပါးသွားမည်ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့ရနိုင်သော နေရာအရေအတွက်မှာလည်း လျော့နည်းသွားမည်ဖြစ်ပြီး မြောက်ပိုင်းအေးခဲနိုင်ငံကလည်း သဘောတူမည်မဟုတ်ပေ။
ထိုအချိန် ယင်ရှုယွီသည် လီချန်ချင်းကို တွေးမိသည်။ လီချန်ချင်း၏ ကျင့်ကြံမှုသည် အထူးအဆင့်သို့ ကျိန်းသေပေါက်ရောက်နေပြီဟု သူမယုံကြည်ခဲ့သည်။ သူတို့ လီချန်ချင်းကို အကူအညီတောင်းလျှင် အခွင့်အလမ်း ရှိကောင်းရှိနိုင်ပေသည်။
ဤမရင်းနှီးသေးသော အထူးအဆင့်စွမ်းအားရှင်နှင့် ပတ်သက်၍ စီမာယန် အလွန်သတိထားနေမိသည်။ မူလက မလာချင်ခဲ့သော်လည်း နောက်ဆုံးတွင် ရွေးချယ်စရာမရှိတော့သည့်အတွက် လာခဲ့ရလေသည်။ ကျန်းဟဲအိမ်တော်အတွက်နှင့် နှင်းလင်းယုန်နန်းတော်အား နေရာများမပေးရန်အတွက် လီချန်ချင်း၏အကူအညီကို ရယူရမည်ဖြစ်ပေ၏။
အမှန်တွင်မူ လီချန်ချင်းနှင့် စီမာယန်တို့သည် အကျိူးတူစီးပွားဖက်များ ဖြစ်နေလေသည်။ ယင်းသည် အရဲစွန့်ရသည့် လောင်းကစားတစ်မျိုး ဖြစ်ပေ၏။စီမာယန်၏ ပြောစကားကို ကြားပြီးနောက် စီမာယန်၏ဒဏ်ရာများမှာလည်း အမှန်ပင် ပြင်းထန်သဖြင့် စီမာယန် လိမ်နေခြင်းမဟုတ်ကြောင်း သိနိုင်ပေသည်။
"ဘာအကျိုးကျေးဇူးတွေ ရနိုင်မလဲ။" လီချန်ချင်းက နားထောင်ပြီးနောက် မေးလိုက်သည်။ လီချန်ချင်းထိုသို့မေးလိုက်သောအခါ စီမာယန်နှင့်အခြားသူများသည် လီချန်ချင်း၏ တောင်းဆိုမှုမှာ ထိုကိစ္စကို ဆွေးနွေး၍ ရနိုင်ကြောင်း လမ်းစဖြစ်သဖြင့် စိတ်သက်သာရာရသွားသည်။
လီချန်ချင်းသာ တိုက်ရိုက်ငြင်းဆိုလိုက်ပါက ညှိနှိုင်းစရာပင် မလိုတော့ပေ။
ယင်းသည် နှင်းလင်းယုန်နန်းတော်ကို အောင်မြင်စေသည်ထက် ပိုကောင်းပေ၏။
"ပထမဦးဆုံး ကျုပ်တို့ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီ ကျန်းကျူမှာ ရုံးခွဲဖွင့်လှစ်ချင်တယ်။ အခုအချိန်ကစပြီး ကျန်းဟဲအိမ်တော်ရဲ့ နေ့စဉ်လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူတာအပါအဝင် ကျုပ်တို့ ချန်ချင်းကုန်သွယ်ရေး ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ ဒါ့အပြင် ကျန်းဟဲအိမ်တော်ဘက်ကလည်း ကျုပ်ရဲ့ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီအတွက် အကာအကွယ်ပေးရမယ်။" လီချန်ချင်းသည် သူ၏ ပထမတောင်းဆိုချက်ကို ပြောပြသည်။
"သဘောတူတယ်။" စီမာယန်က မဆိုင်းမတွ သဘောတူလိုက်သည်။ ထိုမှမဟုတ်လျှင် မည်သည်က ဝယ်ယူရပါမည်နည်း။ ကာကွယ်ရေးကိစ္စနဲ့ ပတ်သက်သည်မှာလည်း ပို၍ပင် လွယ်ကူပေ၏။ ကျန်းဟဲအိမ်တော်မှ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီကို ကျောထောက်နောက်ခံပြုနေသရွေ့ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီအား မည်သူက နှောက်ယှက်ဝံ့မည်နည်း။
ကျန်းကျူတွင်မူ ကျန်းဟဲအိမ်တော်သည် ဩဇာလွှမ်းမိုးထားဆဲဖြစ်သည်။
"ဒုတိယတစ်ခုအနေနဲ့ တစ္ဆေနတ်ဆိုးစမ်းသပ်မှုပြီးတာနဲ့ ကျန်းဟဲအိမ်တော်က တပည့်အားလုံး ရရှိတဲ့ ကုသိုလ်အမှတ်တွေရဲ့ ၃၀% ကို လိုချင်ပါတယ်။" လီချန်ချင်းက လျစ်လျူရှုဟန်ဖြင့် ပြောလိုက်လေ၏။
“ဒါက…” စီမာယန်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ လင်းနို့ထံမှ ၃၀% တောင်းဆိုခြင်းသည် ခြင်္သေ့ခံတွင်းဝအတွက်မူ အနည်းငယ်သာ ရှိပေလိမ့်မည်။
"ကောင်းပြီ ကျုပ်သဘောတူတယ်။" စီမာယန်က ခဏလောက် စဉ်းစားပြီး သဘောတူလိုက်လေသည်။ ဘာမှမကျန်ပေးရသည်ထက် ပိုကောင်းပေ၏။
"တတိယစ်ခုကတော့ အနာဂတ်မှာ ကျန်းဟဲအိမ်တော်ကကို အရေးတယူပြုရမယ့် ကိစ္စတွေရှိလာရင် ကျန်းဟဲအိမ်တော်ကလည်း ကျုပ်ကို အကူအညီတစ်ခါပေးရမယ်။" လီချန်ချင်း၏ တတိယတောင်းဆိုချက်သည် ကျန်းဟဲအိမ်တော်ဆီမှ ကတိတစ်ခုတောင်းခြင်းနှင့် ညီမျှသည်။
"တတိယတောင်းဆိုချက်ကိုလည်း ကျုပ်သဘောတူနိုင်ပေမယ့် ကျန်းဟဲအိမ်တော်ကို ကြီးမားတဲ့ ဆုံးရှုံးမှု မဖြစ်စေတဲ့ အကူအညီဖြစ်မယ်လို့တော့ အာမခံချက်တော့ပေးပါ။" စီမာယန်က ပြောသည်။
"ဒါပေါ့....။ အာမခံချက်ပေးပါတယ်။ ကောင်းပြီ။ ဒါကတော့ ကျုပ်ဘက်က တောင်းဆိုမှုသုံးခုပဲ။ ခင်ဗျားသဘောတူရင် အဖွဲ့ကို ဦးဆောင်ဖို့ ကျုပ်သဘောတူနိုင်တယ်။" လီချန်ချင်းက ပြောသည်။
"ကောင်းပြီ ဒါဆိုရင် ကျုပ်တို့ သဘောတူညီမှုရပြီ။" စီမာယန် မတ်တပ်ထရပ်လိုက်သည်။ "ဒီနေ့ကစပြီး ရောင်းရင်းချန်ချင်းဟာ ကျုပ်တို့ ကျန်းဟဲအိမ်တော်ရဲ့ ဂုဏ်ထူးဆောင်အကြီးအကဲပဲ။"
"မဟုတ်ဘူး။ မဟုတ်ဘူး။ ကျုပ်မဟုတ်ဘူး။" လီချန်ချင်းက ခေါင်းခါလိုက်သည်။ "ခင်ဗျားရဲ့ ကျန်းဟဲအိမ်တော်အတွက် ယုံကြည်စိတ်ချရတဲ့ အထူးအဆင့် စွမ်းအားရှင်တစ်ယောက်ကို မိတ်ဆက်ပေးမှာ။ ကျုပ်ကိုယ်တိုင်မသွားဘူး။"
"ဟမ်....." လူတိုင်း အံ့ဩသွားကြသည်။ လီချန်ချင်းမဟုတ်လျှင် ဘယ်သူများ ဖြစ်လိမ့်မလဲ။