← Chapters

အခန်း (၅)

Vol. 1 Ch. 5

အခန်း (၅)

Vol. 1 Ch. 5

ယန်ပါးထောင်တယောက် ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်သောကြောင့် လူခြောက်ယောက်၏ မျက်လုံးများသည် အရောင်တောက်သွားခဲ့လေ၏။

ယန်ယွီရှစ် ငယ်ရွယ်စဉ်ကတည်းကနေ ယခုအသက်အရွယ်‌ေရာက်ရှိသည်အထိ သူတို့မျက်စိအောက်မှ ကြီးပြင်းလာခဲ့ခြင်းပင် ဖြစ်ပေသည်။သူတို့သည် ယန်ယွီရှစ်အပေါ် သံယောဇဉ် ရှိသည့်တိုင် ယန်ယွီရှစ်မှာ တာအိုကို မဆုပ်ကိုင်နိုင်ခဲ့ပေ။

ကုန်လွန်ခဲ့သော နှစ်ပေါင်းများစွာတွင် ယန်မိသားစုသည် သူ ကျင့်ကြံရန်အတွက် ငွေကုန်ကြေးကျများစွာ အကုန်ခံပြီး အရင်းအမြစ်များစွာကို သုံးစွဲခဲ့လေသည်။ကံဆိုးစွာနှင့် ထိုအရာများအားလုံးသည် ဖြုန်းတီးလိုက်သကဲ့သို့ပင် ဖြစ်သွားခဲ့လေသည်။

ထို့ကြောင့် သူတို့သည် နောက်တက်မည့် မိသားစုခေါင်းဆောင်အတွက် အခြားတယောက်ကို ‌‌ရွေးချယ်မှသာ ဖြစ်ရပေတော့မည်။

ယန်ပါးထောင်တွင် ငယ်ရွယ်စဉ်ကတည်းက မွေးစားထားသည့် သားသုံးယောက်ရှိလေသည်။၎င်းတို့မှာ သန်မာသော စွမ်းအားများ ရှိကြပြီး ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့လည်း ရောက်နေခဲ့ချေပြီ။

ထိုလူများထဲမှ တယောက်သည် ခေါင်းဆောင်ငယ်အဖြစ်ဆက်ခံရန် အလားအလာအရှိဆုံးဖြစ်လာတော့သည်။

ယန်ယွီရှစ်နှင့် ယန်မိသားစု၏ အနာဂတ်ကို ရွေးရတော့မည့်အချိန်တွင် မိသားစု၏ အနာဂတ်ကိုသာ မတတ်သာစွာနှင့် ‌‌ရွေးချယ်ရတော့မည် ဖြစ်လေသည်။

လမ်းတလျှောက်တွင် ယန်ပါး‌ထောင်၏ စိတ်အခြေအနေမှာ လွန်စွာမှကို လေးလံနေခဲ့တော့လေသည်။သူသည် ယန်ယွီရှစ်တယောက် ဘယ်လောက်ကြိုးစားကာ ဖိအားများနေသလဲဆိုသည်ကို ဖခင် တယောက်အနေနှင့် မြင်ခဲ့၊သိခဲ့ပါသည်။

သူနောက်ထပ် သိတာတခုက ဤနှစ်များတွင် ခေါင်း‌ေဆာင်ငယ်ဟူသော ရာထူးကြောင့် သူသားမှာ မည်မျှကို ဖိအားများနေခဲ့ရခြင်းဆိုသည်ကိုပင်။သို့ပေမယ့် သူ့သားသည် လုံးဝကို အရှုံးမပေးခဲ့ပါချေ။

တကယ်တန်း အရှုံးပေးကာ လက်လျော့ရသူမှာ ဖခင်ဖြစ်သူ မိမိဖြစ်နေရမည်ဟု သူလုံးဝကို မမျှော်လင့်ခဲ့ပါချေ။

သို့ပေမယ့် သူတို့အားလုံးသည် ယန်ယွီရှစ် နေထိုင်ရာ ခြံဝင်းလေးအရှေ့သို့ ရောက်ရှိချိန်၌ သူတို့ ခုနစ်ယောက်စလုံး၏ အမူအရာများမှာ ‌ပြောင်းလဲသွားခဲ့ရတော့လေ၏။

အံ့ဩသင့်စရာ အရှိန်အဝါတရပ်မှာ ယန်ယွီရှစ်၏ ခြံဝန်းထဲမှ ရုတ်တရက် ပေါက်ကွဲထွက်လာလေတော့၏။

ပြင်းထန်သော လေပြင်းများသည် တိုက်ခတ်လာခဲ့လေတော့၏။ခြံဝန်းရှိ ခြံတံခါးများမှာ အားပြင်းသော လေကြောင့် အရှိန်ပြင်းပြင်းနှင့် ပွင့်ထွက်သွားခဲ့တော့လေသည်။တချိန်တည်းမှာပင် ကျားဟိန်းသံသည် ဘုရားကျောင်းမှ ခေါင်းလောင်းထိုးသံကဲ့သို့ ဟိန်းထွက်လာသောကြောင့် သူတို့၏ အဝတ်အစားများကို တရှပ်ရှပ်နှင့် မြည်သွားစေခဲ့၏။

“ဒါ ဘာများလဲ..” ခုနစ်ယောက်လုံး၏ အမူအရာများသည် ချက်ချင်းပင် ထိတ်လန့်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရတော့၏။

“ဒါက ကျားအရှိန်အဝါပဲ” ယန်ပါး‌ထောင်သည် မရယ်မောပဲ မနေနိုင်တော့ချေ။သူ့မျက်လုံးများတွင် ရှိသော မှုန်မှိုင်းနေသည့် အမူအရာများမှာ ချက်ချင်းပင် ပျောက်ဆုံးသွားခဲ့လေတော့သည်။သူက စိတ်လှုပ်ရှားစွာဖြင့် အရှေ့သို့ ကြည့်လိုက်တော့လေ၏။

“အဲ့ဒါ ယွီရှစ်ပဲ။သူက တာအိုကို ဖမ်းဆုပ်မိသွားပြီ”

“အရှိန်အဝါက အရမ်းကို စွမ်းအားကြီးမားလွန်းတယ်။ဒီကျား စိတ်ဆန္ဒက ယွီရှစ်ကို တက်လှမ်းခြင်းအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်စေမှာပဲ” အကြီးအကဲတဦးက စိတ်လှုပ်ရှားစွာနှင့် ပြောလိုက်လေ၏။

တက်လှမ်းခြင်းအဆင့်ရဲ့ အထွတ်အထိပ်

ယန်မိသားစုကို ထောက်ပံ့ရန် လုံလောက်သော အဆင့်ပင် ဖြစ်လေသည်။

သို့ပေမယ့် သူတို့အားလုံးသည် ကျားစိတ်ဆန္ဒကြောင့် စိတ်လှုပ်ရှားမှု မငြိမ်သက်ခင်မှာပင် ကြီးမားလှသော ကျားပုံရိပ်ကြီးမှာ ကောင်းကင်ထက်တွင် ပေါ်လာခဲ့လေတော့၏။

ကျားပုံရိပ်ကြီးမှာ မိုးနှင့်မြေအကြားတွင် တောင်ကြီးတတောင်ကဲ့သို့ ဝပ်နေခဲ့တော့သည်။ရုတ်တရက်တွင် ထိုကျားပုံရိပ်မှာ သူ၏ တဝက်ပိတ်ထားသော မျက်လုံးများကို ဖြေးညင်းစွာနှင့် ဖွင့်လိုက်တော့လေ၏။သားရဲဘုရင်တပါး၏ အရှိန်အဝါမှာ အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားလေတော့သည်။လွှမ်းမိုးထိန်းချုပ်သော အရှိန်အဝါမှာ လူတိုင်းကို အုပ်မိုးကာ အသဲထဲထိတိုင်အောင် တုန်ယင်သွားစေတော့သည်။

တခဏကြာအောင် လူခုနစ်ယောက်စလုံးမှာ ကြောင်တက်တက်ဖြစ်သွားခဲ့လေတော့၏။

သူတို့မှာ သူတို့မြင်နေရသည်ကိုပင် မယုံနိုင်ခဲ့တော့ချေ။

ကျားပုံရိပ်ကြီးမှာ လွန်စွာမှကို ကြီးမားလွန်းလှပေသည်။

သူတို့သည် ထိုကျားပုံရိပ်ကြီး၏ နှုတ်ခမ်းမွှေးကိုပင် ထင်ထင်ရှားရှားပင် မြင်နေခဲ့ရတော့၏။ထိုပုံရိပ်၏ ဖိအားမှာ သူတို့အား သက်ရောက်နေခဲ့ခြင်းကြောင့် သူတို့၏ ဦးခေါင်းပေါ်မှ ဆံပင်များပင်လျှင် အဆုံးစွန်အထိသို့ ‌ထောင်တက်သွားသကဲ့သို့ ခံစားနေရတော့လေ၏။သူတို့မှာ တောဘုရင်မှ စိုက်ကြည့်ခြင်းကိုခံနေရသော သားကောင်များအလားပင် သူတို့၏ သွေးများပင် အေးခဲသွားတော့လေသည်။

ဖိနှိပ်ခံရသည့် ခံစားချက်မှာ လွန်စွာမှကို သန်မာပြင်းထန်လွန်းလှပေ၏။

“အနုပညာ ရုပ်လုံးဖော်မှု” လူတိုင်း၏ မေးရိုးများမှာ ကြမ်းပြင်ထက်သို့ ပြုတ်ကျသွားလေတော့သည်။

ယန်ပါးထောင်သည်လည်း ထိုကဲ့သို့ပင် ဖြစ်၏။

“အနုပညာ ရုပ်လုံးဖော်မှု” အဲ့ဒါက ဘာကို ပြတဲ့ နိမိတ်ဖြစ်မလဲဆိုတာကို သူတို့အားလုံးသိရှိကြပေ၏။

ထိုနိမိတ်မှာ မူလနယ်ပယ်သို့ တက်လှမ်းနိုင်မည့် နိမိတ်လက္ခဏာပင် ဖြစ်ပေ၏။

သူတို့အားလုံး၏ စိတ်များမှာ လက်ရှိတွင် ဗလာဟင်းလင်းကြီးကို ဖြစ်နေခဲ့ကြချေပြီ။

ယန်ယွီရှစ်တစ်ယောက် ဘယ်ပန်းချီဆရာ ရေးဆွဲသော ပန်းချီကားကို ကြည့်ပြီးတော့ ဉာဏ်အလင်းပွင့်သွားခဲ့ရတာလဲ။

သူက မူလအဆင့်ကိုတောင်ရောက်မယ့် လမ်းကြောင်းကိုတောင် ဖမ်းဆုတ်နိုင်မိခဲ့တာလား။

ယန်မိသားစုသည် မြို့ခံတွင် ချမ်းသာသော မိသားစုကြီး ဖြစ်နေသည့်တိုင် သူတို့မိသားစု၏ ဘိုးဘေးတယောက်ကသာ မူလနယ်ပယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပေသည်။ထိုအချိန်မှစ၍ ယန်မိသားစုတွင် မူလနယ်ပယ်ကို ရောက်ရှိနိုင်သူဟူ၍ မပေါ်ထွန်းလာခဲ့တော့ပေ။

ယခုတွင် ယန်ယွီရှစ်၊မူလတုန်းက လုံးလုံး မကျင့်ကြံနိုင်သော ဤကလေးသည် မူလအဆင့်သို့ ရောက်ရှိနိုင်သော လက္ခဏာများပြသလာခဲ့ပြီ မဟုတ်ပါလား။

သူတို့ ဘယ်လိုများ ယုံကြည်နိုင်ကြတော့မှာလဲ။

ယန်ယွီရှစ်တွင် ထိုကဲ့သို့ ပါရမီမျိုး ပါရဦးမည့် အပြင် သူ တာအိုကို ဖမ်းဆုတ်ကာ လေ့လာသော ပန်းချီသည်လည်း လွန်စွာမှကို လိုအပ်ချက်မြင့်မားပြီး အဆင့်အရမ်းမြင့်သော ပန်းချီဖြစ်နေရဦးလိမ့်မည် ဖြစ်၏။သူတို့ ယန်မိသားစုတွင် မူလအဆင့်ကို တန်းရောက်နိုင်မယ့် လမ်းကြောင်းကို ပြသနိုင်မယ့် ပန်းချီကားကော ရှိလို့လား။

ဘာတွေဖြစ်နေခဲ့တာလဲ။

“ငါ့သား ယန်ယွီရှစ်မှာ မူလအဆင့်ကို ရောက်နိုင်တဲ့ လက္ခဏာတွေ ရှိနေတယ်ဟေ့” ယန်ပါးထောင်သည် ထိုအချိန်တွင် အလွန်တရာမှကို စိတ်အားတက်ကြွနေခဲ့တော့လေသည်။

ထို လက္ခဏာမျိုးနှင့် ဆိုလျှင် အနာဂတ်မိသားစုခေါင်းဆောင်မှာ ယန်ယွီရှစ်မှ လွဲ၍ မည်သူက ဖြစ်နိုင်မည်လဲ။

ဘယ်သူကကော ကန့်ကွက်ရဲမှာလဲ။

ယန်ယွီရှစ်၏ အနာဂတ်မှာ မိသားစုဘိုးဘေးနှင့် ယှဉ်ပြိုင်နိုင်လောက်သည့် အမြင့်ကို ရောက်ရှိနိုင်လိမ့်မည် မဟုတ်ပါလား။

ထိုအချိန်တွင် ကောင်းကင်ထက်ရှိ ကျားပုံရိပ်ကြီးမှာ ဖြေးညင်းစွာ ပျောက်ကွယ်သွားကာ အလင်းလုံးအဖြစ်သို့ ကူးပြောင်းကာ အခန်းတွင်းသို့ ဝင်ရောက်သွားခဲ့လေတော့သည်။

တချိန်တည်းမှာပင် တံခါးပွင့်သွားကာ ယန်ယွီရှစ်က အပြင်သို့ လမ်းလျှောက်ကာ ထွက်လာခဲ့လေတော့၏။

လက်ရှိအချိန်တွင် ယန်ယွီရှစ်မှာ မည်သည့် ကျင့်ကြံနည်းအဆင့်ကိုမှ မရောက်ရှိသေးသည့်တိုင် သူ့ကိုယ်ပေါ်ရှိ ကျားရဲ အရှိန်အဝါမှာ မပျောက်ကွယ်သေးပေ။သူ့ ဝတ်ရုံများမှာ လေမတိုက်ပဲ လွင့်ပျံနေပေ၏။ထို့ထက် ပိုအရေးကြီးသည်မှာ ယန်ယွီရှစ်၏ ဦးခေါင်းထက်တွင် လွင့်ပျံနေသော ပန်းပုရုပ်ထုမှ သတ်ဖြတ်ခြင်းအရှိန်အဝါများကို ဖောဖောသီသီနှင့် လွှင့်ထုတ်နေခဲ့ခြင်းပင်။

ထိုအရာကို မြင်လိုက်ရသူများမှာ မဖော်ပြနိုင်သော ဖိအားကို ခံစားနေခဲ့ရတော့၏။သူတို့သည် တကယ့်ကို တောဘုရင်ကျားရဲနှင့် ရင်ဆိုင်နေရသကဲ့သို့ပင် ခံစားနေခဲ့ရတော့သည်။

”အဲ့ဒါက ဘာကြီးလဲ”

လူတိုင်းသည် ယန်ယွီရှစ်၏ ဦးခေါင်းထက်တွင် လွင့်ပျံနေသော ပန်းပုရုပ်ထုကို စိုက်ကြည့်နေခဲ့မိတော့သည်။ယခုလိုမျိုး ယန်ယွီရှစ်တစ်ယောက် တာအိုကို ဖမ်းဆုတ်မိနေသည့်အချိန်တွင် သူ့အနားတွင် လွင့်မြောကာ လိုက်ပါနေရမည်မှာ ပန်းချီကားချပ်ပင် ဖြစ်သင့်သည်မဟုတ်ပါလား။

ဒီထူးဆန်းတဲ့ဟာကြီး ဘာလို့ဖြစ်နေရတာလဲ

“အဖေ၊ဦးလေးတို့” ယန်ယွီရှစ်သည် ရှေ့သို့ တလှမ်းတိုးကာ ရိုသေစွာ ဦးညွတ်လိုက်တော့လေသည်။သို့ပေမယ့် သူ၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန် ခက်ခဲလွန်းလှပေ၏။

“ယွီရှစ် မင်းတာအိုကို ဖမ်းဆုပ်နိုင်ခဲ့တာပဲ” ယန်ပါးထောင်သည် သူ့မျက်လုံးများနှင့် မြင်ပြီး ဖြစ်သည့်တိုင် မမေးပဲနှင့် မနေနိုင်ခဲ့ပေ။

“ကျွန်တော်ကံကောင်းပြီး အဖေ့ကို စိတ်မပျက်အောင် လုပ်နိုင်ခဲ့ပါတယ်” ယန်ယွီရှစ်သည်လည်း စိတ်လှုပ်ရှားစွာနှင့် ပြောလိုက်တော့လေသည်။

သို့ပေမယ့် ထိုအချိန်တွင် အားလုံး၏ အကြည့်မှာ ပန်းပုရုပ်ထုအပေါ်သို့ ကျဆင်းသွားခဲ့လေတော့၏။

အဲ့ဒါက ဘာများလဲ

ဘာလို့ ထိုအရာက ထွက်ပေါ်နေတဲ့ အရှိန်အဝါက အရည်အသွေးမြင့်တဲ့ ပန်းချီတွေထက် သာနေခဲ့ရတာလဲ။

“ယွီရှစ် မင်းအဲ့ဒါကို ဘယ်ကနေရခဲ့တာလဲ” အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အကြီးအကဲမှာ လျှောက်လာပြီး ထိုအရာကို လေးနက်စွာ ကြည့်ရင်းနှင့် မေးလိုက်ခြင်းပင် ဖြစ်ပါသည်။

“ဒါက..” ယန်ယွီရှစ်သည် လက်ကို ဆန့်တန်းလိုက်ရာ ပန်းပုရုပ်ထုမှာ သူ့လက်ဖဝါးထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ကျဆင်းလာခဲ့လေတော့၏။ထို့နောက်တွင် သူက ကြုံတွေ့ခဲ့ရသည်များကို အားလုံးကို ပြောပြလိုက်လေတော့သည်။

“ချန်ချင်း ပန်းချီဆိုင်က ပန်းချီဆရာ လီချန်ချင်းလား” ထိုနာမည်ကို ကြားသော် လူအချို့မှာ အံ့အားသင့်သွား‌တော့လေ၏။

“ကောလဟာလတွေအရတော့ လီချန်ချင်းက မအောင်မြင်တဲ့ ပန်းချီဆရာတယောက်ဆို၊သူ့မှာ ဘယ်လိုလုပ်ပြီး ဒီလို ရတနာတွေရှိနေရတာလဲ။ဒီဟာကို သူက သစ်သားပန်းပုလို့ ခေါ်တာလား”

အကြီးအကဲများသည် သူတို့အရှေ့ရှိ ပန်းပုရုပ်ကို လေ့လာနေကြတော့သည်။သူတို့သည် ထိုအရုပ်ကို ကြည့်ရှုခြင်းမှာ ပန်းချီကို ကြည့်ရှုခြင်းထက် ပိုမို၍ မှင်သက်သွားစေမိတော့၏။ဖြစ်နိုင်တာက လီချန်ချင်းမှာ လျို့ဝှက် ကျွမ်းကျင်မှု ရှိနေတာများလား” ယန်ပါးထောင်သည် လူတိုင်းကို လှမ်းကြည့်လိုက်လေ၏။

သူတို့သည်လည်း တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်ကြသည့်တိုင် တိတိပပ မပြောနိုင်ကြချေ။

ထိုသို့ ဖြစ်ရခြင်းမှာ သူတို့သည်လည်း ပန်းပုရုပ်ထုကို အရင်တုန်းက တခါဖူးမှ မမြင်တွေ့ဖူးသောကြောင့် ဖြစ်လေသည်။ထိုအဆင့်သို့ ရောက်နေသော လက်မှုပညာမှာ သာမန်လူတစ်ယောက် မရောက်ရှိနိုင်လောက်သောအဆင့် ဖြစ်နေခြင်းကြောင့်ပင်။

“ယွီရှစ် မင်းဒီနေ့လုပ်ခဲ့တာ နမော်နမဲ့နိုင်သွားတယ်” ယန်ပါး‌ထောင်သည် ယန်ယွီရှစ်အား ကြည့်ကာ ပြောလိုက်လေသည်။

“ဟုတ်တယ် မင်းက ငွေငါးထောင်ပေးပြီးတာနဲ့ ဒီပစ္စည်းကို တခါထဲ ယူပြေးလာခဲ့တယ်” အခြားအကြီးအကဲကလည်း ဝင်ပြောလိုက်လေသည်။

“မင်းကို မူလအဆင့်ကို ရောက်အောင်ကို လမ်းပြပေးနိုင်မယ့် ရတနာမျိုးကို မင်းက ငွေပြားငါးထောင်ထဲ ပေးခဲ့တယ်ပေါ့ ဟုတ်လား? ငွေပြားငါးထောင်က ပြန်လည်မွေးဖွားခြင်းအဆင့်ကို ရောက်စေမယ့် ပန်းချီကားကိုတောင် ဝယ်လို့မရဖူးကွ။မင်းသိရဲ့လား”

“ဒီပစ္စည်းက လီချန်ချင်းဆီကသာ တကယ်လာတာသာဆိုရင်”

ယန်ပါးထောင်သည် ယန်ယွီရှစ်အား အလွန်တရာ လေးနက်သည့် အကြည့်နှင့်ကြည့်လိုက်လေတော့သည်။

“မနက်ဖန်ကျရင် သူ့ကို သွားတောင်းပန်ရမယ်။ပြီးတော့ ငါတို့ယန်မိသားစုရဲ့ သဘောထားကို လီချန်ချင်းကို ပြသရလိမ့်မယ်။ပြီးတော့ ငါတို့က အဖြစ်မှန်ကို ရှင်းပြဖို့လည်းလိုလိမ့်မယ်”

နောက်တနေ့နံနက်ခင်း

လီချန်ချင်းသည် အိပ်ယာမှ နိုးလာသောအခါတွင် သူက ခေါက်ဆွဲတပွဲကို ချက်လိုက်လေတော့သည်။ထို့နောက်တွင် နေထိုးသော နေရာတနေရာကို ရှာကာ ထိုင်ချလိုက်လေသည်။သူ့လက်ထဲတွင် သစ်သားတပိုင်းရှိနေကာ စတင်၍ ပန်းပုထုတော့လေသည်။

ဆိုင်တွင်ရှိသော တစ်ခုထဲသော ပန်းပုရုပ်ကို ယန်ယွီရှစ်မှ ဝယ်သွားပြီ ဖြစ်သောကြောင့် နောက်ထပ်မံ၍ ထုလုပ်ရန်လိုလာခဲ့ပြီ ဖြစ်လေသည်။

ဆိုင်ခန်းရှိ ပန်းချီကားချပ်များကိုမူ လီချန်ချင်းက ဆွဲဖြုတ်ကာ သိမ်းလိုက်ပြီ ဖြစ်လေသည်။ထိုပန်းချီကားများမှာ သူ၏ စိတ်အခြေအနေကို အဆိုးဘက်သို့ သက်ရောက်စေသောကြောင့် ဖြစ်ပေသည်။

သူ ဘာပုံကို ထုရမလဲဟု တွေးတောနေစဉ်မှာပင် ဆိုင်အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရလေတော့သည်။

သူ မော့ကြည့်လိုက်ရာ ‌ရောက်လာကြသူများမှာ ယန်မိသားစုများ ဖြစ်နေကြတော့လေ၏။

“လူကြီးမင်းခင်ဗျာ ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီ” ယန်ယွီရှစ်သည် အလျင်အမြန်ပင် ဦးညွတ်လိုက်လေတော့သည်။

လီချန်ချင်းကြောင့်သာ မဟုတ်လျှင် သူလည်းပဲ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်ကို ဘယ်ရောက်နိုင်ပါ့မလဲ”

ထို့ကြောင့် ထိုဦးညွတ်မှုမှာ ရင်တွင်းကလာသော အရိုအသေပေးမှုပင် ဖြစ်ပါသည်။

“မင်းလာမယ်ဆိုတာ ငါသိသားပဲ” လီချန်ချင်းသည် အနောက်ရှိ ယန်ပါးထောင်နှင့် ကျန်သူများကို တချက်ကြည့်ကာ ပြောလိုက်လေ၏။

“အထဲကိုလာကြပါ “

ယန်ပါးထောင်နှင့် ကျန်သူများသည် တယောက်မျက်နှာကို တယောက်ကြည့်လိုက်ကြလေတော့သည်။လီချန်ချင်းက သူတို့လာမယ်ဆိုတာကို ကြိုသိနေတယ်တဲ့လား။

ဒီလူက တကယ့်ကို နက်နဲ ဆန်းကြယ်တာပဲ။

All Chapters